တုန်လှုပ်ခြင်း။
Vol. 46 Ch. 635
“ အကူအညီ ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ ”
လူလတ်ပိုင်း အရွယ် အပြာဝတ် အမျိုးသားက၊ လက်ဝှေ့ ယမ်းကာ ဆိုသည်။
သူ့အတွေ့ အကြုံ အရ ကမ္ဘာ ပေါ်ရှိ၊ သူရဲကောင်း ဆိုသူ များမှာ၊ လူငယ် ထဲမှ လာကြောင်း၊ ပြောနိုင်၏။
ထို့ကြောင့် အံသြခြင်းများ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။
“ သတိထား ... ။ ”
မိန်းကလေး ယွင်က ရုတ်တရက် မျက်နှာပြောင်း သွားကာ၊ အော်ဟစ် သတိပေး လိုက်သည်။
ထိုးနှက်ခံ လိုက်ရသော မိုးကြိုး လျှပ်စီး နွားရိုင်းက၊ ကျယ်လောင်စွာ ဟောက်သံ တစ်သံ ပြုလိုက်ပြီး၊ လျှပ်စီး များဖြင့် ပစ်ထုတ် လာ၏။
လျှပ်စီး သွားရာ လမ်း တစ်လျှောက် သစ်ပင်များ ပေါက်ကွဲ ကုန်ကာ၊ မြေပြင်၌ မီးလောင် ရာများ ဖြစ်ပေါ် လာသည်။
သို့သော် လင်းယွန်က ထိတ်လန့်ဟန် မပြဘဲ၊ လှည့်ကြည့် လျက်၊ ဓားအရှိန် အဝါအား ထုတ်လွှတ် လိုက်သည်။
ထိုအရှိန်အဝါ အောက်တွင် လျှပ်စီးမှာ၊ ရွှံ့ထဲတွင် ပိတ်မိ နေသော ပိုးမွှား ကဲ့သို့ ရှေ့တိုးရန် ရုန်းကန် လာရ၏။
လက်သီး ဆုပ်ပြီး၊ လျှပ်စီးကို ထိုးချ လိုက်သည်။ လက်သီး နောက်ကွယ်ရှိ စွမ်းအင် များက၊ ၎င်းအား ဖြိုခွဲကာ၊ ကပ်ပါ လာသော မိုးကြိုး လျှပ်စီး နွားရိုင်းပေါ်၊ ကျရောက် သွားသည်။
မိုးကြိုး လျှပ်စီး နွားရိုင်းမှာ၊ မြေပြင် ပေါ်၌ လူးလှိမ့် နေစဉ်၊ သေမင်း လက်သီး ခုနစ်ချက်ကို ထပ်မံ ထုတ်ဖော် လိုက်၏။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် - လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”
မိုးကြိုး လျှပ်စီး နွားရိုင်းတွင် မာကျောသော အရေ ပြားများ နှင့်အတူ၊ အထွတ် အထိပ် ယန် အဆင့်၊ ခွန်အားမျိုး ရှိသည်။
ထို့ကြောင့် သာမန် လက်သီး တစ်လုံးမှာ၊ ၎င်း၏ ခုခံရေး အလွှာကို ထိုးဖောက်ရန် ခက်ခဲ နိုင်မည်။
အချိန် မဖြုန်း လိုသောကြောင့်၊ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ ဓားရည်ရွယ် ချက်အား၊ လက်သီးထဲ ပေါင်းထည့် လိုက်၏။
ဓားဆန္ဒ ပါရှိသော ခရမ်းရောင် အလင်း များက၊ မိုးကြိုး လျှပ်စီး နွားရိုင်း၏ အတွင်း အင်္ဂါ များကို ဆုတ်ဖြဲ သွားသည်။
လက်သီး နောက်ကွယ်ရှိ စွမ်းအားမှာ၊ ဓား ရည်ရွယ်ချက် သာမဟုတ် ပါလျှင်၊ နွားရိုင်း၏ ခံစစ်ကို၊ ဤမျှ လွယ်လွယ် ကူကူ ထိုးဖောက် ဝင်ရောက် နိုင်မည် မဟုတ်ချေ။
လက်သီး တစ်ချက် တည်းဖြင့်၊ ချက်ချင်း သေဆုံး သွားသော မိုးကြိုး လျှပ်စီး နွားရိုင်းကို ကြည့်ပြီး၊ လူလတ်ပိုင်း အရွယ် အမျိုးသားနှင့် ကျန် သူများမှာ အံသြ သွားသည်။
“ ဘယ်လိုတောင် သန်မာ လိုက်လဲ။ ”
“ လက်သီး တစ်ချက်နဲ့၊ သတ်နိုင် ခဲ့ပြီ။ ”
“ သူ့ကြည့် ရတာ မိန်းကလေး ယွင်ထက်၊ နည်းနည်း လောက်ပဲ အသက်ကြီး ပုံရတယ်၊ ဘယ်လိုတောင် သန်မာ လိုက်တာလဲ။ ”
လူ တစ်စုမှာ အံသြ သွား၏။ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီ တခွင်ရှိ၊ ဉာဏ်ကြီးရှင် များမှာ၊ ၎င်းတို့ အတွက် ဒဏ္ဍာရီ များသာ ဖြစ်၏။
ထို့ကြောင့်၊ လင်းယွန်၏ ခွန်အားကို မြင်လိုက် ရချိန်တွင်၊ တုန်လှုပ် သွားမိ ကုန်သည်။
သားရဲ အမြုတေကို ထုတ်ယူ ပြီးနောက်၊ သားရဲ အလောင်းမှာ၊ ရုတ်တရက် ပေါက်ကွဲ သွားသည်။
လင်းယွန်က သူ့ လက်ကို ဝှေ့ယမ်းပြီး၊ သားရဲ အမြုတေအား လှမ်းဆွဲ လိုက်သည်။
မိုးကြိုး လျှပ်စီး နွားရိုင်းမှာ၊ အထက်တန်းစား သားရဲ တစ်ကောင် မျှသာ ဖြစ် သော်လည်း၊ ၎င်း အမြုတေရှိ မိုးကြိုး စွမ်းအင် မှာ၊ အလွန် သန့်စင် ချေပြီ။
“ မင်္ဂလာပါ ...၊ ငါ့ နာမည် လိန်းရွှမ်းယွင်ပါ၊ မင်းကို ဘယ်လို ခေါ်ရ မလဲ။ ”
မိန်းကလေး ယွင်က ရှေ့လှမ်းတက် လာပြီး၊ မိတ်ဆက် လိုက်၏။ သူမ အသက်မှာ (၁၄) နှစ် မျှသာ ရှိပေမည်။ သူ့၌ ဖုံးကွယ် စရာ မရှိ သော ကြောင့်၊ ‘လင်းယွန်’ ဟု ပြန်ဖြေ လိုက်၏။
“ အစ်ကိုကြီး လင်း၊ ကျေးဇူး တင်ပါတယ်၊ မင်း ကြောင့်သာ မဟုတ်ရင် ငါတို့ သေရ လိမ့်မယ်၊ မင်းက ခရီးသွား တစ်ယောက်လား၊ အရေးကြီး ကိစ္စ မရှိရင် ငါတို့နဲ့ လိုက်လာ နိုင်ပါတယ်၊ ငါ့ အဖေက မင်းကို ကျေးဇူးတင် စကား ပြောလိမ့် မယ်လို့ ယုံကြည်တယ်။ ”
လိန်းရွှမ်းယွင်မှ မျှော်လင့်တကြီး ဆိုသည်။ အခြား တစ်ဖက်တွင် လူလတ်ပိုင်း အရွယ် အမျိုးသား၏ မျက်နှာမှာ ပျက်ယွင်း သွားပြီး၊ မျက်ခုံးပင့် လိုက်၏။
ယင်းကို သတိထား မိသော လင်းယွန်က၊ သူမ ဖိတ်ခေါ် မှုအား ငြင်းရန် ပြင်နေစဉ်၊ လူအုပ်ကြီး မျက်နှာမှာ ထူးဆန်းစွာ ပြောင်းလဲ သွားသည်။
ပါးလျသော ရောင်ဝါမှာ၊ မိုးကြိုး လျှပ်စီး နွားရိုင်း ထက်ပင်၊ ပို၍ အားကောင်း နေသဖြင့်၊ မိန်းကလေး ယွင်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ထိတ်လန့် သွားခြင်း ဖြစ်သည်။
ရုတ်တရက် ကြက်သွေးရောင် မြင်းတစ်ကောင်၊ တောအုပ် ထဲမှ ပြေးထွက် လာ၏။ လင်းယွန်က ပြုံးရယ် လိုက်ပြီး၊
“ မကြောက်နဲ့ ...၊ သူက ငါ့ မိတ်ဆွေပါ။ ”
နဂါးလေးက နာခံမှု ရှိရှိဖြင့်၊ သူ့ နံဘေးသို့ ရောက်ရှိ လာပြီး၊ သွား ခေါခေါ လေးကို ထုတ်ဖော် ရယ်ပြ လာသည်။
“ ဒီမြင်းက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်၊ ထိကြည့် လို့ ရမလား။ ”
လိန်းရွှမ်းယွင်မှာ ရိုးသားပြီး၊ အပြစ် ကင်းသော မိန်းကလေး တစ်ဦး ဖြစ်နေ လေပြီ။ ထို့ကြောင့် နဂါးသွေး မြင်းကို တွေ့သည့် အခိုက်တွင်၊ မထိ ကိုင်ဘဲ မနေ နိုင်ချေ။
ထုံးစံ အတိုင်း လင်းယွန်က ခေါင်းညိတ် ပြလိုက် သည်နှင့်၊ လိန်းရွှမ်းယွင်က နဂါးလေး အား၊ တို့ထိရန် ချဉ်းကပ် လာခဲ့သည်။
ခဏ အတွင်း မှာပင်၊ ရယ်မော သံများ ညံလာပြီး၊ နဂါးလေးနှင့် အဖွဲ့ကျ သွား၏။
နဂါးလေးက မိန်းကလေး ယွင်ကို 'နမ်း' ချင်ကြောင်း၊ သိလိုက် ရသော အခါ လင်းယွန်က လက်ဖြင့် ပုတ်လိုက်သည်။
ပေါ့ပေါ့ ပါးပါး သတိ ပေးမှု အဖြစ် ယူဆရ သော်လည်း၊ လျှပ်စီးဖြင့် ပစ်ခတ်လိုက် သကဲ့သို့၊ တုန်ယင် သွား၏။
“ ခစ် ခစ် ခစ်၊ ဒီ မြင်းလေးက တကယ် ချစ်ဖို့ ကောင်းတယ်၊ ငါ စီးကြည့်လို့ ရမလား။ "
လန်းရွှမ်းယွင်က သူမ ပါးပြင်ပေါ်၊ လက်နှစ်ဖက်ဖြင့် ပြန်လည် ဖိကပ်ကာ၊ ပြုံးရယ် လိုက်သည်။
“ မိန်းကလေး ယွင် ... ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ 'ဟန့်' လိုက် သောကြောင့်၊ လိန်းရွှမ်ယွင် တစ်ယောက် အနည်းငယ် ရှက်ရွံ့ သွားသည်။ ထို့နောက် လင်းယွန်ထံ လှမ်းကြည့်ကာ၊ ထပ်မံ ကမ်းလှမ်း လိုက်ပြန်၏။
“ သခင်လေး လင်း၊ ငါတို့နဲ့ အတူ လိုက်လာလို့ ရပါတယ်၊ မင်းရဲ့ အကူ အညီ အတွက်လည်း အရမ်း ကျေးဇူးတင် ပါတယ်။ ”
“ ရပါတယ်၊ အရေး မကြီး ပါဘူး။ ”
လင်းယွန်က ပြန်ဖြေသည်။ သို့သော် မိန်းကလေး ယွင်၏ အရည်လဲ့ နေသော မျက်ဝန်း များကို မြင်လိုက် ရသော အခါတွင်၊ အနည်းငယ် စဉ်းစား ပြီးနောက် သဘောတူ လိုက်သည်။
“ မင်း သဘော ပါပဲ၊ ဒါပေမယ့် ... ငါ ကြာကြာ မနေ နိုင်ဘူး၊ ငါ့မှာ ခရီး ဆက်စရာ ရှိသေးလို့၊ မကြာခင် ထွက်သွား ရမယ်။ ”
အချိန် အနည်းငယ်၊ အတူ ခရီးဆက် ခြင်းဖြင့်၊ ပြဿနာ ရှိမည် မထင်။ တောအုပ် ထဲ၌ အချိန် အတော် ကြာအောင် နေခဲ့ ရပြီး ဖြစ်ရာ၊ တစ်စုံ တစ်ဦးမှ သူ့ကို လမ်းပြ နိုင်ပါက၊ အချိန်ကုန် သက်သာ စေမည် ဖြစ်သည်။
လင်းယွန် ထံမှ သဘောတူ ညီချက် ရရှိ သည်နှင့်၊ လိန်းရွှမ်းယွင် တစ်ယောက် ချက်ခြင်း ဝမ်းမြောက် သွား၏။
နှစ်ဦးသား စကား စမြည် ပြောဆို ကြပြီး၊ နဂါးသွေး မြင်းကို တို့ထိကာ၊ ဆက်လျှောက် လာခဲ့သည်။
တောင်တန်း နယ်နိမိတ်မှ ထွက်လာ သည်နှင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသားက လိန်းရွှမ်းယွင် နံဘေးသို့ ရောက်ရှိ လာပြီး၊
“ မိန်ကလေး ယွင်၊ 'အလံငယ် ခရိုင်'က အခု နောက်ပိုင်း မအေးချမ်း တော့တာ မင်း အသိပါ၊ မင်း အတွက် အပြင်ထွက် ဖို့က ရှားရှား ပါးပါး အခွင့်အရေး ဖြစ်ပြီး၊ အခုလို အပြင် လူ တစ်ယောက်ကို ပြန်ခေါ် သွားခဲ့ရင်၊ မင်း ရဲတင်း လွန်းရာ ကျနေပြီ။ ”
“ ဒါ -ဒါပေမယ့် သခင်လေး လင်းက လူဆိုးလို့ ငါ မထင်ဘူး။ ”
ခပ်ခွာခွာ လိုက်ပါ လာသော လင်းယွန်ထံ တစ်ချက် ခိုးကြည့်ပြီး၊ လိန်းရွှမ်းယွင်က ပြန်ဖြေသည်။
“ ပြီးတော့ သူက ငါတို့ရဲ့ အသက်ကို ကယ်တင် ခဲ့တာပါ၊ ဒါကို ငါတို့က ဘာလို့ ကျေးဇူး မတင်နိုင် ရမှာလဲ။ ”
လူ လတ်ပိုင်း အရွယ် အမျိုးသားက၊ လိန်းရွှမ်းယွင် မည်မျှ ခေါင်းမာ သည်ကို သိထား သောကြောင့်၊ သူမ အပေါ် စည်းရုံး ခြင်းအား စွန့်လွှတ် လိုက်၏။
လင်းယွန် ကဲ့သို့သော ပါရမီရှင် တစ်ဦး အနေဖြင့်၊ ကျေးဇူးတင် စကားများ အပေါ်၊ ဂရု စိုက်မည် မဟုတ်ချေ။
ထို့ကြောင့် မည်သို့ပင် ဆိုစေ ကာမူ၊ ဤသည်မှာ ကိစ္စ သေးသေးလေး မျှသာ ဖြစ်၏။
ဘဝ အတွေ့ အကြုံ များစွာ မရှိသော မိန်းကလေး ယွင်၏၊ တစ်ဖက်သတ် ဆွဲဆောင် နေခြင်း များမှာ၊ လင်းယွန် အတွက် အသုံး မဝင်ကြောင်း၊ သူ သိသည်။
( မငြိမ်းချမ်း ဖူးလား။ )
အဖွဲ့ နောက်သို့ ခပ်ခွာခွာ အနေ အထားဖြင့်၊ ပြောင်းရွေ့ သွားမိသော လင်းယွန်မှာ၊ ၎င်းတို့၏ ပြောဆို နေသံ များကို ကြားနေ ရသည်။
သူတို့ စကားများ မှတဆင့်၊ ဤလူတစ်စု မည်သည့် နေရာမှ လာသည်ကို၊ အကြမ်းဖျင်း တွေးကြည့် နိုင်၏။
ဤနယ်မြေကို 'အလံငယ် ခရိုင်' ဟု ခေါ်ဆိုပြီး၊ အင်အား စုကြီး နှစ်စုက အုပ်စိုး ထားသည်။
ထိုအင်အား စုကြီး နှစ်စုမှာ ၊ လိန်းရွှမ်းယွင် ရှင်သန်ရာ၊ သိန်းငှက် သုံးကောင် ရဲတိုက်နှင့် သွေးဝံပုလွေ မိသားစု တို့ ဖြစ်သည်။
ယင်းမိသားစု နှစ်စုမှာ၊ အလံငယ် ခရိုင်၏ အုပ်စိုးရှင်များ ဖြစ်ပြီး ၎င်းတို့ နှစ်ဖွဲ့ ကြားတွင်၊ ပဋိပက္ခများ ပြင်းထန် လေသည်။
မဟာ ချင် အင်ပါယာ၏ နယ်နိမိတ်တွင် ရှိသော ဂိုဏ်းငယ်များ ကဲ့သို့ပင်၊ အဖြူ အမည်း မခွဲခြား နိုင်သော အင်အား စုများ ဖြစ်၏။
ဤနယ်မြေတွင် ပြိုင်ဆိုင် မှုများ ပြင်းထန် လှပြီး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခြင်းမှာ၊ နေ့စဉ် လိုလို ဖြစ်ပွား နေခဲ့သည်။
သိမ်းငှက် သုံးကောင် ရဲတိုက်နှင့်၊ သွေးဝံပုလွေ မိသားစုမှာ၊ ကောင်းကင် ပြည်နယ် အကယ်ဒမီနှင့် ဓားနန်းတော် တို့ထက် များစွာ၊ အားနည်း ၏။
အလံငယ် ခရိုင်မှာ၊ တိမ် စီရင်စု၏ ဝေးလံ ခေါင်သီသော အရပ်တွင် တည်ရှိ သောကြောင့်၊ လူလတ်ပိုင်း အမျိုးသား၏ ခွန်အားဖြင့်၊ ဂရု စိုက်စရာ ရှိမည် မဟုတ်ချေ။
သို့သော် ထိုသူက မငြိမ်သက်ဟု ဆိုနေ ပြန်၏။ ခေတ္တသာ အနားယူ လိုခြင်း ဖြစ်သောကြောင့်၊ ယင်းကို ထပ်မံ စိတ်ဝင် စားခြင်း မရှိ တော့ချေ။
“ မိန်းကလေး ယွင် ပြန်လာပြီ၊ တံခါးဖွင့်။ ”
“ ဘာလို့ လူစိမ်း တစ်ယောက်ကို ခေါ်လာ ရတာလဲ။ ”
“ ဒီအသက် အရွယ်နဲ့ အလယ် အလတ် ယန်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင် ထားရအောင်၊ သူ ဘယ်က လာတာလဲ။ ”
“ အလံငယ် ခရိုင်မှာ၊ သူနဲ့ တူတဲ့ ပါရမီ ရှင်မျိုး မရှိ ပါဘူး၊ ထူးဆန်း လိုက်တာ …။ ”
လင်းယွန်ကို ကြည့်ပြီး၊ ဝေဖန် သံများ ဆူညံ လာသည်။ ခန်းမ တစ်ခု အတွင်း ရောက်ရှိ သည်နှင့်၊ လိန်းရွှမ်းယွင်က အဖြစ်အပျက် များအား၊ ပြန်လည် ပြောပြ လိုက်၏။
ဇာတ်လမ်း ဆုံးချိန်၌ လူတိုင်း လင်းယွန်ကို ထူးဆန်းသော အကြည့်ဖြင့် ပြန်ကြည့် လာကြ သည်။
အဖွဲ့၏ အာဏာ အရှိဆုံး ပုဂ္ဂိုလ်မှာ၊ ခရမ်းရောင်ဝတ် လူလတ်ပိုင်း တစ်ဦး ဖြစ်ပြီး၊ အတွေ့ အကြုံ ရင့်ကျက် ပုံရ၏။
မျက်ဝန်း များတွင် သတ်ဖြတ် လိုသော ဆန္ဒများ ပြည့်လျှံ နေကာ၊ လိန်းရွှမ်းယွင် ဘေးရှိ အစောင့် အရှောက် အဖြစ် လိုက်ပါ သွားသူ အမျိုးသားထံ စိုက်ကြည့် လိုက်သည်။
သူတို့ နှစ်ဦး စဆုံးမှာ၊ အထွတ်အထိပ် ယန် အဆင့်၌ ရှိနေ သော်လည်း၊ ခရမ်းရောင် ၀တ်ထားသော အမျိုးသားက၊ ပို၍ အားကောင်းလေသည်။
“ သခင်လေး လင်း၊ မင်းက အုပ်စိုးရှင် အင်အား စုက တပည့် တစ်ယောက်လား။ ”
ခရမ်း ရောင်ဝတ် အမျိုးသားက၊ သူ့ အကြည့်ကို လင်းယွန်ထံ ပို့ကာ၊ မေးသည်။
“ မဟုတ်ဘူး။ ”
လင်းယွန်က ပြန်ဖြေ၏။
“ ဒါဆို အမည်ခံ အုပ်စိုးရှင် ဂိုဏ်းတွေရဲ့၊ အမာခံ တပည့် လား။ ”
“ မဟုတ်ဘူး။ ”
“ တိမ်နဂါး အဆင့် သတ်မှတ်ချက် ထဲက၊ ပါရမီ ရှင်လား။ ”
ခရမ်းရောင် ဝတ် အမျိုးသားက၊ အနည်းငယ် စိတ်မရှည် တော့ဟန်ဖြင့် လင်းယွန်ထံ ပြုံးလျက် စိုက်ကြည့် လိုက်သည်။
လင်းယွန်က မေးခွန်းကို ပြန်မဖြေဘဲ၊ ခေါင်းယမ်းလျက် ဓားသေတ္တာအား ဘေးတွင် ချကာ၊ လက်ဖက်ရည် သောက်ရန် ကုလားထိုင် တစ်လုံးပေါ် ထိုင်ချ ၏။
“ မင်းရဲ့ ဇာစ်မြစ်ကို ပြောပြဖို့ ဆန္ဒ မရှိ ဖူးဆိုတော့ ...၊ သိမ်းငှက် သုံးကောင် ရဲတိုက်ကို၊ ဘာရည်ရွယ် ချက်နဲ့ မင်း လာတာလဲ၊ ... ”
“ ... မင်းရဲ့ နာမည်က တိမ်နဂါး အဆင့် မှာတောင် မပါဘဲ၊ မိုးကြိုး လျှပ်စီး နွားရိုင်းကို မင်းဘယ်လို ထိုးသတ်လိုက် တာလဲ ... ဟမ့်။ ”
ခရမ်းရောင် ၀တ် အမျိုးသား၏ အပြုံးမှာ၊ ပျောက်ကွယ် သွားပြီးနောက် လင်းယွန်ထံ အေးစက်စွာ စိုက်ကြည့် လာသည်။
သူ့ နောက်တွင် ထိုင်နေသော၊ အလယ်အလတ် ယန် အဆင့်၊ ကျွမ်းကျင်သူ (၈) ယောက်က၊ မှိတ်ထားသည့် မျက်လုံး များကို ဖွင့်ကာ၊ ကြည့်လိုက် ကြသည်။
လင်းယွန်က သူ့ထံ ဝိုင်းကြည့် လာသော လူအုပ်ထံ၊ ပေါ့ပေါ့ ပါးပါး တစ်ချက် ဝေ့ကြည့် လိုက်ပြီး၊ သက်ပြင်း ချလိုက်၏။
အဆင်ပြေသော လေထုကြောင့်၊ လိန်းရွှမ်းယွင်ပင် စကား မပြောဝံ့ တော့ချေ။
ဤနေရာရှိ မည်သူမျှ သူ့အား မကြိုဆို ကြသောကြောင့်၊ လက်ဖက်ရည် ခွက်ကို ချပြီး ထွက်သွားရန်၊ ထရပ် လိုက်သည်။
“ မင်း ...၊ ဆက်ပြီး ထိုင်နေ သင့်တယ်။ ”
ခရမ်း ရောင်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားက၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို ထုတ်ဖော် ပြသကာ၊ အော် ငေါက် လိုက်သည်။
တစ်ချိန်တည်း မှာပင် သူ့နောက်ရှိ၊ ကျွမ်းကျင်သူ ရှစ်ဦးက ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ လင်းယွန်ထံ ဝင်ရောက် လာသည်။
***