← Chapters

လဲ့ယန်းဇီ။

Vol. 46 Ch. 636

လဲ့ယန်းဇီ။

Vol. 46 Ch. 636

ကျွမ်းကျင်သူ ရှစ်ဦးမှာ အတွေ့အကြုံ ရှိပုံ ပေါက်ပြီး၊ လင်းယွန်၏ အရေး ကြီးသော အစိတ် အပိုင်း များကို ရည်မှန်း၍ လှုပ်ရှား လာကြခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကြောင့်၊ လိန်းရွှမ်းယွင်က ထိတ်လန့် သွားကာ၊

“ မလုပ်နဲ့ ... ၊ အစ်ကိုကြီး လင်းက လူကောင်းပါ။ ”

-ဟု ဆိုလိုက်၏။

သို့သော် သူမ ထရပ် ခါနီးတွင်၊ ခရမ်းရောင်ဝတ် လူရွယ်က လှမ်းကြည့် လာ သောကြောင့်၊ အစောင့် အဖြစ် လိုက်ပါ ခဲ့ဖူးသည့်၊ အပြာဝတ် အမျိုးသားမှာ၊ ထိုင်ခုံ ပေါ်သို့ ပြန်ဆွဲ ချလိုက်သည်။

“ ဦးလေး ချန် ... ငါ့ကို မတား ပါနဲ့၊ အစ်ကိုကြီး လင်း အန္တရာယ် ရှိနေပြီ။ ”

လိန်းရွှမ်းယွင်က ဤကဲ့ သို့သော အခြေ အနေမျိုး ဖြစ်လာ လိမ့်မည်ဟု၊ မျှော်လင့် မထား သောကြောင့်၊ အပြစ် ရှိသည်ဟု ခံစား လာ မိသည်။

‘ဦးလေး ချန်’ ဟု ခေါ်သော လူလတ်ပိုင်း အရွယ် အပြာဝတ် အမျိုးသားက ခေါင်းယမ်း လိုက်၏။

လိန်းရွှမ်းယွင် မသိ သေးသော လျှို့ဝှက်ချက် အချို့ကို သူ သိထား သောကြောင့်၊ လင်းယွန် အတွက် စိုးရိမ်ခြင်း မရှိချေ။

ဤရှစ်ယောက်ကို ရင်ဆိုင် ရာ၌ အနိုင် မယူနိုင် လျှင်ပင်၊ လွတ်အောင် ထွက်ပြေး နိုင်သည်။

သိမ်းငှက် သုံးကောင် ရဲတိုက်မှ၊ ကျွမ်းကျင်သူ ရှစ်ဦး ဆင်းသက် လာ ချိန်တွင်၊ လင်းယွန်က ကုလား ထိုင်ကို ညင်သာစွာ နောက်သို့ တွန်းလျက် ရှောင်တိမ်း လိုက်သည်။

တစ်ဖက်လူမှာ ဤသို့ လွယ်လွယ် ကူကူ ရှောင်တိမ်း နိုင်လိမ့် မည်ဟု၊ မမျှော်လင့် ထား သောကြောင့်၊ ရှစ်ဦးသား အံ့သြ သွားသည်။

သို့သော် မဆိုင်း မတွဘဲ ရှေ့သို့ လှမ်းတက်ကာ၊ ထပ်မံ တိုက်ခိုက် လိုက်၏။

လင်းယွန်က ၎င်းတို့အား တစ်ချက်သာ မော့ကြည့်ပြီး၊ ဓားသေတ္တာအား ပုတ်လိုက် သည်။

ထို့နောက် လေထဲ ပျံတက် လာသော ဓားသေတ္တာကို ဖမ်းယူကာ၊ ဝင်ရောက် လာသော ကျွမ်းကျင်သူ ရှစ်ဦးထံ၊ စီးကြို ရိုက်ချ လိုက်၏။

ဓားသေတ္တာ နှင့် အရိုက်ခံ ရ သောကြောင့်၊ ထိုရှစ်ဦးမှာ သွေးအန်လျက် အဝေးသို့ လွင့်စင် သွားသည်။

ထိုမျှဖြင့် မရပ် သေးဘဲ၊ ဓားသေတ္တာက သူတို့ နောက်ကို ဆက်လက် လိုက်ပါလာ ပြီးနောက်၊ အရိုးများကို အကြိမ်ပေါင်း များစွာ ရိုက်ချိုး၏။

မြေပြင် ပေါ်သို့ လဲကျ သွားချိန်၌၊ ပြန်မထ နိုင်တော့ဘဲ၊ နာကျင်စွာ ညည်းတွား ကုန်ကြ သည်။ အဆိုပါ ရလာဒ်ကြောင့်၊ လူတိုင်း အံ့အား သင့်စွာ မတ်တပ် ထရပ် လိုက်၏။

ကုလားထိုင် နှင့် အတူ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ မူလ နေရာ သို့၊ ပြန်လည် ဆင်းသက် လိုက်သည်။

ယင်းကြောင့် သူ့ ထိုင်ခုံအား ဗဟို ပြုလျက်၊ လေးပေ ပတ်လည် အတွင်း၊ အက်ကြောင်းများ ဖြစ်ပေါ် လာ၏။

ထိုင်ခုံ နေရာ ကျချိန်၌၊ လင်းယွန်က ခရမ်းရောင်ဝတ် အမျိုး သားကို ပြန်ကြည့် လိုက်ပြီး၊

“ ငါ့မှာ ဘာ ရည်ရွယ်ချက်မှ မရှိဘူး၊ ဒီမိန်းကလေးက ဖိတ်ခေါ်လို့ ခဏ နေဖို့ လိုက်လာ ခဲ့တာ။ ”

ဤဖြစ်စဉ်မှာ မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပျက် သွားပြီး၊ မြေပြင် ပေါ်တွင် လဲလျောင်း နေသော လူ ရှစ်ဦးသာ မရှိ ပါက၊ လင်းယွင် ရွေ့သွား ခဲ့သည်ဟု၊ ထင်မိမည် မဟုတ်ပေ။

ခရမ်းရောင်ဝတ် ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား မျက်နှာမှာ ပျက်ယွင်း လျက်၊ အချိန် အတော်ကြာ သည့်တိုင် ငြိမ်သက် သွား၏။ ပြီးနောက်၊

“ ဒါက ... နားလည်မှု လွဲသွား တာပါ၊ ငါ့နာမည် ဂူဖေး၊ သိမ်းငှက် ရဲတိုက်ရဲ့ သခင် သုံးယောက်က လောလောဆယ် ခရီးထွက် နေလို့၊ ငါက ယာယီ တာဝန် ယူထား ရတယ်၊ ... ”

“ ... မင်းကို တိုက်ခိုက် ရတဲ့ အကြောင်းရင်းက ငါတို့မှာ ရွေးချယ် စရာ မရှိ လို့ပါ၊ လွန်ခဲ့တဲ့ နှစ်လက နတ်ဆိုး ကျင့်ကြံသူ အဆင့် သတ်မှတ်ချက် (၁၀၀) အတွင်း ဝင်တဲ့ ဖန်းဝမ် ဆိုသူ ... ”

“ ... အလံငယ် ခရိုင်မှာ ပေါ်လာပြီး၊ အင်အားစု များစွာကို ဖယ်ရှား ပစ်ခဲ့တယ်၊ သူက မင်းလိုပဲ လူငယ် တစ်ယောက် ပါ၊ …”

“ ... ဒါကြောင့် မင်းကို၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းတွေရဲ့ အမာခံ တပည့်လား ဆိုတဲ့ မေးခွန်း၊ မေးခဲ့ တာပါ။ ”

ဂူဖေး၏ ရှင်းပြချက်ကို နားထောင် ပြီးနောက်၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။

“ အဲဒီ အတွက် ငါ တောင်းပန် ပါတယ်၊ အလံငယ် ခရိုင်မှာ၊ မငြိမ်သက် မှုတွေ ရှိလာ တာကြောင့်ပါ၊ ... ”

“ ... သွေးဝံပုလွေ မိသားစု ကလည်း၊ ငါတို့ရဲ့ သိမ်းငှက် ရဲတိုက်ကို တိုက်ခိုက်ဖို့ အတွက်၊ အကြိမ်ကြိမ် ကြိုးစား ခဲ့တယ်၊ ဒါကြောင့် သခင် သုံးယောက်က သတင်း အချက်အလတ် ရှာဖို့၊ ဒီနေ့ပဲ အစောကြီး ထွက်သွား ရတယ်၊ နေမ၀င် ခင်တော့ သူတို့ ပြန်လာ မှာပါ။ ”

ရဲတိုက် သခင်များ မရှိ ကြောင်းကို၊ ထုတ်ဖော် ပြောဆို ပြီးနောက်၊ ဂူဖေးက လင်းယွန်ထံ စိုက်ကြည့် အကဲခတ် လိုက်သည်။၊

ရဲတိုက် သခင် သုံးပါးမှာ၊ အလံငယ် ခရိုင်၏ အုပ်စိုးရှင်များ ဖြစ်သောကြောင့်၊ ယင်-ယန် အဆင့်တွင် ရှိရ ပေမည်။

သို့သော် ယင်းမှာ လင်းယွန် အတွက် မည်သည့် ခံစား ချက်မှ ဖြစ်မလာ စေပေ။ မြောက်ပင်လယ်ရှိ တိုက်ပွဲ များက သူ့ အမြင်ကို၊ များစွာ ကျယ်ပြန့် စေခဲ့ပြီး ဖြစ်သည်။

သို့သော် အကြောင်းရင်း တစ်စုံ တစ်ရာကြောင့်၊ ဤကိစ္စနှင့် ပတ်သက်၍ လျှို့ဝှက် ချက်များ၊ ရှိနေ သည်ဟု ခံစား မိ၏။

သွေးဝံပုလွေ မိသားစုနှင့် သိမ်းငှက် ရဲတိုက်တို့ ကြားတွင်၊ ပဋိပက္ခများ ရှိနိုင် သော်လည်း၊ သွေးဝံပုလွေ မိသားစု အနေဖြင့်၊ အထက် တန်းစားများ စေလွှတ်ကာ၊ တိုက်ခိုက် ခြင်းသည် အဓိပ္ပါယ် မရှိပေ။

ထို့အပြင် သခင် သုံးပါးမှာ၊ သတင်း အချက် အလက် အချို့ ရယူရန်၊ သူတို့၏ အခြေခံ အုတ်မြစ် ဖြစ်သော ရဲတိုက်အား လျစ်လျူရှုပြီး၊ ထွက်ခွာ သွားခဲ့သည်။ ယင်းက သူ့ သံသယအား ပို၍ နက်ရှိုင်း လာစေ၏။

စကား စမြည် ပြောနေစဉ် ဂူဖေးက လင်းယွန်၏ ဇာစ်မြစ်ကို ထုတ်ဖော် မေးမြန်း လာ၏။

လင်းယွန်က မဟာချင် အင်ပါယာမှ လာခဲ့ခြင်း ဖြစ်ကြောင်း၊ ရှင်းပြ လိုက်သော အခါတွင်၊ ဂူဖေး တစ်ယောက် အံ့သြသွား ခဲ့သည်။

သို့သော် လင်းယွန်က ထပ်မံ ရှင်းပြရန် ပျင်းရိ လာပြီး၊ တိတ်ဆိတ် သွား၏။ အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီးနောက်၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ မှောင်ရိပ် သန်းလာသည်။

သိမ်းငှက် ရဲတိုက်ရှိ အထက်တန်း အစား များမှာ၊ စိုးရိမ် ပူပန်မှုများ စတင် ဝင်ရောက် လာ၏။ ယခင်နေ့ များ၌ နေဝင်ချိန် မရောက်ခင်၊ သခင် သုံးပါးမှာ၊ ပြန်ရောက် လာမြဲ ဖြစ်သည်။

“ သင်းထောက် ဂူ၊ မကောင်း တော့ဘူး။ ”

ရဲတိုက်၏ ကင်းထောက် တစ်ယောက်က၊ စိုးရိမ် တကြီး ပြေးဝင် လာကာ၊

“ သွေးဝံပုလွေတွေ ရောက်လာပြီ၊ ငါတို့ ရဲတိုက်နဲ့ မိုင်တစ်ရာ အကွာမှာ စခန်းချ နေတယ်။ ”

မိုင်တစ်ရာ ဆိုသည်မှာ၊ ကျင့်ကြံ သူများ အတွက်၊ ဝေးကွာ လှသည် မဟုတ်ပေ။ နက်နဲ သိုင်းသမား ပင်လျှင် ထိုအကွာ အဝေးကို နှစ်နာရီ အတွင်း၊ ခရီးနှင် နိုင်သည်။

“ ငါတို့ ဘာလုပ် သင့်လဲ …။ ”

အားလုံးက သခင် သုံးပါး ပြန်ရောက် လာခြင်း မရှိ သေးသည့် အပြင်၊ လင်းယွန်မှ ကျွမ်းကျင်သူ ရှစ်ဦးကို ဒဏ်ရာ ရစေ ခဲ့သော ကြောင့်၊ စိုးရိမ်စ ပြုလာသည်။

ယခု ချိန်၌ သွေးဝံပုလွေများ ရောက်ရှိ လာပါက၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ခံရ မည်မှာ သေချာ၏။

“ စိတ်အေးအေး ထားပါ။ ”

ထိတ်လန့် သွားသော ခံစား ချက်ကို ဖုံးကွယ်လျက်၊ သင်းထောက် ဂူဖေးက နှစ်သိမ့် လိုက်သည်။

“ သူတို့ ဒီကို လာခဲ့ ရင်တောင်၊ သိမ်းငှက် ရဲတိုက် ဆိုတာ နှစ်ပေါင်း များစွာ တည်ရှိ နေခဲ့တဲ့၊ သမိုင်းကြောင်း ရှိပါတယ်၊ ... ”

“ ... သူတို့က ရဲတိုက်ရဲ့၊ ကာကွယ်ရေး အစီရင်ကို ချက်ချင်းတော့ ချိုးဖျက် နိုင်မှာ မဟုတ် သေးပါဘူး၊ သတိနဲ့ နေဖို့ အမိန့် ထုတ်ပြီး၊ ဝင်ပေါက် အားလုံးကို ပိတ်ချ ထားပါ။ ”

လင်းယွန်မှာ ဖြစ်ပျက် လာသော အချင်းအရာများ အပေါ်၊ ပို၍ စိတ်ဝင်စား လာ၏။

ရဲတိုက် သခင်များ မရှိ ချိန်၌၊ ရန်သူများ ရောက်ရှိ လာသည်မှာ တိုက်ဆိုင် လွန်းလှ ချေသည်။

အသွင် အပြင် အရ၊ ဂူဖေး တစ်ယောက် တည်ငြိမ် နေသော်လည်း၊ မည်မျှ စိတ်လှုပ်ရှား နေမည်ကို သူ သိ၏။

ယင်-ယန် အဆင့် ကျွမ်းကျင် သူများ မရှိဘဲ၊ ရန်သူ များကို ခုခံ ကာကွယ်ရန်မှာ၊ အချိန် အနည်း ငယ်သာ၊ ဖြစ်နိုင် ချေမည်။

သို့သော် လင်းယွန်မှာ၊ ဝင်ရောက် စွက်ဖက်ရန် ဆန္ဒ မရှိပေ။ တံတိုင်း ပေါ်သို့ ခုန်တက် လိုက်ပြီး၊ ခပ်လှမ်း လှမ်းတွင် စခန်းချ နေသော လူအုပ် ကြီးကို ကြည့်လိုက်သည်။

ဤအချိန် ထွက်ခွာ မိပါက၊ သွေးဝံပုလွေ မိသား စုမှ၊ ကြားဖြတ် ဟန့်တား လာမည်ကို သူ သိ၏။

၎င်းတို့တွင် ယန် အဆင့် ကျွမ်းကျင်သူ များစွာ ရှိပြီး၊ မိသားစု ခေါင်းဆောင်မှာ၊ အလယ် အလတ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း ကောလာ ဟလ သတင်းများ ထွက်ပေါ် နေချေသည်။

ထို့ကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား နေချိန်မှသာ ထွက်ခွာ ဖို့ရန်၊ ဆုံးဖြတ် လိုက်၏။

ရုတ်တရက် ပုံရိပ် သုံးရိပ် တံတိုင်း ပေါ်သို့၊ ခုန်တက် လာခဲ့ လာရာ၊ လူတိုင်း ဝမ်းသာ သွားကုန် သည်။

“ သခင် သုံးပါး ပြန်လာပြီ။ ”

သခင်သုံးပါး အနက်၊ တစ်ပါးမှာ၊ သွေးတောင်ပံ ခန်းမ အကြီးအကဲထက်၊ များစွာ သန်မာ၏။

တိမ် စီရင်စု၏ ဤမျှ ချောင်ကျသော အရပ် ဆီ၌၊ သန်မာသူ တစ်ဦး ရှိနေ သည်မှာ အံ့ဩ စရာ ပေပင်။

သူ့နောက်တွင် ကျန်သော သခင် နှစ်ပါး ရှိသော်လည်း၊ ၎င်းတို့ နှစ်ဦး၏ ရင်ဘတ်တွင် ဒဏ်ရာများ ရရှိ ထားလေသည်။

သူတို့ သုံးဦမှာ တူညီသော နယ်ပယ်တွင် ရှိနေ ကြပြီး၊ ခွန်အား အရာ၌ ကြီးမားသော ကွာဟချက် တစ်ခု ရှိနေ ခဲ့၏။

သခင် လိန်းမှာ ငယ်ရွယ်စဉ် ကပင်၊ ယင်-ယန် အဆင့်ကို ဝင်ရောက် နိုင်ခဲ့ပုံ ရသည်။ သခင်လိန်းက လူအုပ်ထံ ဝေ့ကြည့် လိုက်ပြီး၊

“ မကြောက် ကြနဲ့၊ ငါ စစ်ဆေး ပြီးပြီ၊ သွေးဝံပုလွေ မိသားစုရဲ့ ပစ်မှတ်က ငါတို့ မဟုတ်ဘူး၊ မိုးကြိုး ရတနာ သိုက်ပဲ။ ”

“ မိုးကြိုး ရတနာ သိုက်။ ”

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ လဲ့ယန်းဇီ သင်္ချိုင်းက အလံငယ် ခရိုင်မှာ ရှိလို့လား၊ ဒါက ဒဏ္ဍာရီ မဟုတ် ဘူးလား။ ”

“ အုပ်စိုးရှင် ဂိုဏ်းက ပါရမီရှင် တွေတောင်၊ အလံငယ် ခရိုင်ကို မွှေနှောက် ခဲ့ကြ ပြီးပြီ၊ ဘာမှ မတွေ့ ခဲ့ဖူးလေ။ ”

“ မဟုတ်တာ ...၊ လဲ့ယန်းဇီကို အလံငယ် ခရိုင်မှာ၊ မြှုပ်နှံ ထားတယ် ဆိုရင်တောင်၊ သွေးဝံပုလွေ မိသားစုက တည်နေရာကို ဘယ်လို သိသွား ရတာလဲ။ ”

သခင်လိန်း၏ စကားကြာင့်၊ လူအုပ်ကြီးမှာ တုန်လှုပ် ခြောက်ခြား သွားသည်။

“ ဒါ အမှန် ပါပဲ၊ ငါနဲ့ ဒုတိယ သခင်က၊ သွေးဝံပုလွေ မိသားစုရဲ့ အဲ့ဒီ လူကြောင့်၊ ဒဏ်ရာတွေ ရခဲ့ တာပါ၊ သူမှာ မြေပုံ တစ်ခု ရရှိ နေတယ်။ ”

သခင်လိန်း ဘေးရှိ၊ သခင် နှစ်ပါးက အခြေအနေကို ထပ်လောင်း ရှင်းပြ လာသည်။

သူတို့ နှစ်ယောက် ရင်ဘတ်ရှိ ဒဏ်ရာမှာ၊ အသားစများ လောင်ကျွမ်း နေပြီး၊ ပြင်းထန် ကြောင်း မည်သူ မဆို ပြောနိုင်သည်။

ဒဏ်ရာများ မှတဆင့်၊ အတွင်းအင်္ဂါ များကိုပင်၊ မြင်နိုင်၏။ ထို့ကြောင့် မည်မျှ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲ ဖြစ်မည်ကို တွေးကြည့် နိုင်လေပြီ။

“ ရတနာ မြေပုံ တစ်ခု ရှိတယ် ဆိုတာ၊ ငါသိတယ်၊ ဒါပေမယ့် သွေးဝံပုလွေ မိသားစုရဲ့ လက်ထဲမှာ ဖြစ်လိမ့် မယ်လို့၊ မထင် ထားဘူး။ ”

သခင် လိန်းက အနည်းငယ် ဖြူဖျော့သော မျက်နှာဖြင့်၊ လေးနက်စွာ ဝန်ခံ လိုက်သည်။ ထို့ကြောင့် လင်းယွန်က တစ်စုံ တစ်ရာကို နားလည် သွားမိ၏။

သွေးဝံပုလွေ မိသားစု အနေဖြင့်၊ သင်္ချိုင်း ဂူကို ရှာဖွေ နေချိန်၌၊ ကျွမ်းကျင် သူများ စေလွှတ်ကာ၊ သိမ်းငှက် ရဲတိုက်အား ဟန့်တား ထားခြင်း ဖြစ်ချေပြီ။

သို့သော် လဲ့ယန်းဇီ ဆိုသော လူကို၊ သူ မသိချေ။

***

All Chapters