← Chapters

သွေး မိစ္ဆာ ကျမ်း။

Vol. 46 Ch. 637

သွေး မိစ္ဆာ ကျမ်း။

Vol. 46 Ch. 637

လဲ့ယန်းဇီ ဆိုသူမှာ၊ အလံငယ် ခရိုင် အတွက်၊ ကျော်ကြားသော နာမည် ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ လင်းယွန်က လုံးဝ မသိ ခဲ့ချေ။

လူတိုင်း၏ မျက်နှာ ပေါ်ရှိ၊ ထိတ်လန့် တုန်လှုပ် နေသော အမူ အရာ များကြောင့်၊ မိုးကြိုး ရတနာ သိုက်မှာ၊ ကြီးမားသော အရင်း အမြစ် တစ်ခု ဖြစ်မှန်း၊ သူ ပြောနိုင်၏။

သခင် လိန်းက လူအုပ်အား လှည့်ပတ် စစ်ဆေး ပြီးနောက်၊ လင်းယွန်ကို တွေ့ရှိ သွား သည်။

ထို့ကြောင့် သံသယ မျက်ဝန်း များဖြင့် မှေးစင်း သွား သော်လည်း၊ လျစ်လျူရှု လိုက်ပြီး၊

“ သွေးဝံပုလွေ မျိုးနွယ်စုက မီးနဂါး ချပ်ဝတ်နဲ့ ငါတို့ သုံးယောက်ကို အငိုက်ဖမ်း နိုင်ခဲ့တယ်၊ နောက်ဆုတ် ချင်ပေမယ့် မိုးကြိုး ရတနာ သိုက်သာ ရသွားရင်၊ ငါတို့မှာ ဆုံးရှုံး မှုတွေ ပိုများ လာလိမ့်မယ်။ ”

မီးနဂါး ချပ်ဝတ် ဆိုသော စကား လုံးကြောင့်၊ လင်းယွန်မှာ အတွေးနက် သွား၏။

သွေးဝံပုလွေ မိသားစု အနေဖြင့်၊ သခင် သုံးပါးကို ရင်ဆိုင်ရန် ရတနာ တစ်ခု အပေါ်၊ အားကိုး ခဲ့ပုံ ရသည်။

သူတို့ မိသားစု ခေါင်းဆောင်မှာ၊ အလယ်အလတ် ယန် အဆင့်၌ ရှိပုံ မရချေ။ သို့မဟုတ် ပါက သခင် သုံးပါး၊ လွတ်မြောက် လာမည် မဟုတ်ကြောင်း၊ သူ ပြောနိုင်၏။

ကနဦး ယင်-ယန် အဆင့် နှင့်၊ အလယ်အလတ် ယင်-ယန် အဆင့်ကြား၊ ကွာဟ ချက်မှာ ကြီးမား ချေပြီ။

ထို့ကြောင့် သွေးဝံပုလွေ ခေါင်းဆောင်သာ အလယ်အလတ် ယင်-ယန် အဆင့်၌ ရှိနေ ပါက၊ ရင်ဆိုင် နိုင်ကြမည် မဟုတ်ချေ။

“ အခု ... ၊ ငါတို့ ဘာလုပ် သင့်လဲ။ ”

သိမ်းငှက် ရဲတိုက်ရှိ၊ အထက် တန်းစား များ၏၊ မျက်လုံး များမှာ မှေးစင်း သွားသည်။ ပြိုင်ဘက်တွင် မီးနဂါး ချပ်ဝတ် ရှိနေ ကြောင်း၊ သိရှိ ထားကြပြီး ဖြစ်ရာ၊ အမှားများ ထပ်မံ ကျူးလွန်ခြင်း ရှိတော့မည် မဟုတ်ချေ။

ထို့အပြင် သိမ်းငှက် ရဲတိုက်တွင်၊ ကျွမ်းကျင်သူ များစွာ ရှိ၏။ သဘောတူ ညီချက် တစ်ခု ရရှိရန်၊ အချိန်သိပ် မပေး လိုက်ရချေ။

၎င်းတို့ အနေဖြင့်၊ မိုးကြိုး ရတနာ သိုက်အား စွန့်လွှတ်ရန်၊ ဆန္ဒ မရှိ သကဲ့သို့ စခန်းချ နေသော၊ လူအုပ်ကြီး ကိုလည်း၊ ခေါင်းထဲ ထည့်ထား ရသည်။

ထို့ကြောင့် ရဲတိုက်ကို စောင့်ရှောက်ရန်၊ တစ်စုံ တစ်ယောက်အား ထားရစ် ခဲ့ခြင်း မှတပါး အခြား မရှိချေ။

မိုးကြိုး ရတနာသိုက် အတွက်မူ၊ ဤနယ်မြေ တစ်ဝိုက်တွင် ရှိနေ သောကြောင့်၊ သွေးဝံပုလွေ ခေါင်းဆောင်မှာ၊ သူတို့အား မျက်ခြေ ဖြတ်နိုင်မည် မဟုတ်ကြောင်း ပြောနိုင်၏။

သိမ်းငှက် ရဲတိုက်မှ ယန် အဆင့် ကျွမ်းကျင်သူများ အားလုံးကို စုရုံး စေခဲ့ပြီး၊ ဖွဲ့စည်း မှုကို ပြင်ဆင် လိုက်သည်။

အထွတ် အထိပ် ယန်အဆင့် သုံးယောက်၊ အလယ် အလတ် ယန်အဆင့် ရှစ်ယောက်နှင့်၊ ကနဦး ယန်အဆင့် ဆယ့်တစ်ယောက် ရှိ၏။

သခင်သုံးပါး အပါအဝင်၊ စုစုပေါင်း နှစ်ဆယ့် ငါးယောက် ဖြစ်ချေပြီ။

“ သခင်လိန်း ...၊ သူ့ကို ငါတို့ ဘာလုပ် သင့်လဲ။ ”

ဂူဖေး အနေဖြင့် လင်းယွန်အား ထိန်းထားရန်၊ ခဏတာ အလျော့ ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရဲတိုက် သခင်များ ပြန်ရောက် လာပြီးနောက်၊ အေးစက်သော ခံစား ချက်များ ပြသ လိုက်ခြင်း ဖြစ်၏။

သခင် သုံးပါး အနက် တစ်ပါး ဖြင့်ပင်၊ လင်းယွန်ကို အလွယ် တကူ ချေမွ နိုင် ပေမည်။

“ သူ့ကိုသတ် ...၊ ဒီကောင်က မလွယ်ဘူး။ ”

“ မဟာချင် အင်ပါယာ လိုမျိုး၊ နုံချာတဲ့ နေရာလေး ကနေ၊ သူ့လို လူကို မွေးဖွားဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ”

အထူး သဖြင့် လင်းယွန်ကြောင့်၊ ဒဏ်ရာ ရရှိခဲ့သော ရှစ်ယောက်မှာ၊ ကောင်းမွန်သော အမြင် မရှိ ခဲ့ပေ။

ထို့ကြောင့် ၎င်းတို့က လင်းယွန်ကို သတ်ရန် အကြံပြု လာကြခြင်း ဖြစ်သည်။

အလံငယ် ခရိုင်သည် တောတွင်း ဥပဒေကို ကျင့်သုံးရာ နေရာ ဖြစ်သောကြောင့်၊ ယင်းမှာ မထူးဆန်းချေ။

“ မဟုတ်ဘူး မလုပ်နဲ့ ... ၊ ဖေဖေ သခင်လေး လင်းက ငါ့ အသက်ကို ကယ်ခဲ့လို့၊ ငါ သူ့ကို ဖိတ်ခေါ် ခဲ့တာပါ။ ”

လိန်းရွှမ်းယင်က စိုးရိမ် တကြီး ဝင်ပြော သည်။

သူမ ဘေးတွင် ရပ်နေသော ဦးလေး ချန်က ခေါင်းယမ်း လိုက်၏။ လိန်းရွှမ်းယင်မှာ အပြစ် ကင်းပြီး နုံအ လွန်းချေပြီ။

လင်းယွန်က သူမ အသက်ကို၊ ကယ်တင်ခဲ့ လျှင်ပင်၊ သူ့အဖေ ကဲ့သို့ ရက်စက်သော လူမှာ၊ ဂရု စိုက်မည် မဟုတ်ချေ။

အထူး သဖြင့် မိုးကြိုး ရတနာသိုက် ထွက်ပေါ် လာသော အချိန်တွင်၊ ပို၍ ဆိုးခေျ မည်။

လင်းယွန်၏ အမူ အရာမှာ၊ ပြောင်းလဲခြင်း မရှိပေ။ သခင်သုံးပါး မည်သို့ တုံ့ပြန် လာမည်ကို သူ မျှော်လင့် မိ၏။

အလယ် အလတ် ယန် အဆင့်ရှိ၊ သာမန် ကျင့်ကြံသူ တစ်ဦး မဟုတ် သောကြောင့်၊ လင်းယွန် ထံမှ အန္တရာယ်ပေး နိုင်သော ခံစား ချက်များ၊ ပေးစွမ်း ချေသည်။

အလံငယ် ခရိုင်တွင်သာ မက၊ တိမ် စီရင်စု တွင်ပင်၊ လင်းယွန် ကဲ့သို့သော လူမျိုး တွေ့ရှိရန် မလွယ်ကူ ချေ။

လူတိုင်းက သတ်ချင် နေသော်လည်း၊ ဂရုစိုက်ပုံ မရဘဲ၊ ဤလူငယ်မှာ တည်ငြိမ် နေသည်။

ထို့ကြောင့် သခင် လိန်းက တုံ့ဆိုင်း သွားပြီး၊ လင်းယွန်ထံ အလေးအနက် ပြန် စိုက်ကြည့် လာ၏။

“ မိတ်ဆွေလေး၊ မင်း ... ငါတို့နဲ့ အတူ မိုးကြိုး ရတနာ သိုက်ကို ရှာဖို့ စိတ်ဝင် စားလား။ ”

ဆုံးဖြတ် ချက်ကို အမြန် ချပြီး၊ သခင် လိန်းက ပြုံးကာ ဆိုလိုက်သည်။

လင်းယွန်က သခင် လိန်းအား ကြည့်ပြီး၊ 'ငါ သဘော တူတယ်၊' ဟု တည်ငြိမ်စွာ ပြန်ဖြေ သည်။

ဖိတ်ကြား ခံရခြင်း အပေါ်၊ အနည်းငယ် အံ့သြသွား သော်လည်း၊ နောက်ကွယ်က အဓိပ္ပါယ်ကို သူ နားလည် နိုင်၏။

မည်မျှ သန်မာ သည်ကို မသိ သောကြောင့်၊ သခင် လိန်းက သူ့အား အသုံးပြု လိုခြင်း ဖြစ်သည်။

ထို့ပြင် သခင် သုံးပါး ဆုံပြီ ဖြစ်ရာ၊ လူအင်အား အရ သူ့ခွန်အား အပေါ် စိုးရိမ် စရာ မရှိ တော့ချေ။

အထူး သဖြင့် ကနဦး ယင်-ယန် အဆင့် ကိုပင်၊ မျက်လုံးထဲ မရှိသော သခင် လိန်းမှာ၊ အလယ်အလတ် ယန်အဆင့် ၌သာ ရှိသော လင်းယွန်အား၊ ဂရု စိုက်မည် မဟုတ် သည်မှာ သဘာဝ ပေပင်။

ထို့အပြင် သွေးဝံပုလွေ မိသားစုတွင်၊ မီးနဂါး ချပ်ဝတ် ရှိနေ သောကြောင့်၊ လူများ ခြင်းမှာ ပို၍ ကောင်းမွန်၏။

အခြေအနေ မည်မျှပင် ကသောင်းကနင်း နိုင်သော်လည်း၊ အရာရာ သူ့ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသည်။

“ လဲ့ယန်းဇီက ဘယ်သူလဲ။ ”

လင်းယွန်က ပြန်မေး လိုက်သည်။

“ ဟမ် ... ၊ လဲ့ယန်းဇီ ကိုတောင် မသိ ဖူးလား။ ”

ထိုမေးခွန်းကြောင့်၊ လူအုပ် ကြီးမှာ၊ အံဩသွား၏။ သခင် လိန်းက လင်းယွန်ကို တစ်ချက် ကြည့်ပြီး၊

“ မိတ်ဆွေလေး ...၊ မင်းက ဒီနယ်သား မဟုတ်တဲ့ အတွက် သူ့အကြောင်း မသိ တာပါ၊ ငါတို့ရဲ့ တိမ်စီရင်စု မှာတော့ သူ့ အကြောင်း မသိသူ မရှိဘူး၊ ... ”

“ ... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ လောက်က၊ 'အလင်းနဲ့ အမှောင် ကမ္ဘာ' ဂိုဏ်းမှာ၊ ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ရှိခဲ့ ဖူးတယ်၊ ... ”

“ ... သူက အလွန် ထက်မြက်ပြီး၊ တိမ်နဂါး အဆင့်မှာ၊ နှစ်ကြိမ် ဆက်တိုက် ပထမ နေရာ ရယူ နိုင်ခဲ့တယ်၊ ဒါပေမယ့် သိပ်မကြာခင် မှာပဲ သူ့ဂိုဏ်း အပေါ်၊ သစ္စာ ဖောက်သွားတယ်၊ ... ”

“ ... ကောင်းကင် အဆင့် နည်းစနစ်နဲ့ ယှဉ်နိုင်တဲ့၊ ပြိုင်ဘက်ကင်း အမှောင် ကျင့်စဉ် တစ်ခုကို ဖန်တီး ခဲ့တယ်၊ အဲ့ဒီ ကျင့်စဉ်ကို သွေး မိစ္ဆာ ကျမ်းလို့ ခေါ်တယ်၊ ... ”

“ ... ဒီနည်းစနစ်က လူ့ သွေးသားကို ဝါးမြိုပြီး၊ သန့်စင် ရတဲ့ နည်းစနစ် မျိုးဘဲ၊ 'အလင်းနဲ့ အမှောင် ကမ္ဘာ' က သူ့ကို သတ်ဖို့ လူတွေ စေလွှတ်ခဲ့ ပေမယ့် အကုန် အသတ်ခံ လိုက်ရတယ်။ ”

သွေး မိစ္ဆာ ကျမ်း။

ဤမျှ ဆိုးရွားသော ကျင့်စဉ်မျိုး၊ ကမ္ဘာပေါ်တွင် ရှိနေ ခဲ့သည့် အတွက်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။

တစ်ဦး တစ်ယောက် အနေဖြင့်၊ ကျင့်ကြံမှု မြင့်မား လာစေရန်၊ အခြားသော လူများ၏ သွေးသားကို သန့်စင်ခြင်း ဖြစ်သည်။

တိုးတက်မှု မည်မျှ ရှိမည်ကို အသာ ထား၍၊ တွေးကြည့်ရုံ ဖြင့်ပင်၊ သူ့ ကျောရိုး တစ်လျှောက် အေးစက် လာစေ၏။

သွေးမိစ္ဆာ ကျမ်းနှင့် အတူ လဲ့ယန်းဇီမှာ၊ သူ၏ ဂိုဏ်းတူ ညီအစ်ကို များကို သတ်ကာ၊ တိမ် စီရင်စုအား မွှေနှောက် ပစ်ခဲ့သည်။

ဂိုဏ်းကြီး များစွာက၊ သူ့ကို အမဲလိုက် ခဲ့ သော်လည်း၊ အကြိမ်ကြိမ် လွတ်မြောက် သွား သည်။

ထိုပြင် ရန်သူ များကို သတ်ဖြတ် သန့်စင် ခြင်းဖြင့်၊ ပို၍ပင် အားကောင်းလာ ခဲ့၏။

“ ဒါပေမယ့် ... အဲဒီ သွေးမိစ္ဆာ ကျမ်းမှာ၊ ချို့ယွင်းချက် ရှိတယ်၊ ကျင့်ကြံမှု မြင့်မားလာ လေလေ၊ သူ့လိုအပ် ချက်က ပိုများလာ လေလေပဲ၊ ... ”

“ ... ဒါကြောင့် သတ္တမ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ရောက်တဲ့ အချိန်မှာ၊ လဲ့ယန်းဇီက ပိတ်မိ သွားခဲ့တယ်၊ ... ”

“ ... နောက်ဆုံးတော့ 'အလင်းနဲ့ အမှောင် ကမ္ဘာ' က၊ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တွေကို ဝါးမျိုဖို့ ပြန်သွား ခဲ့ပေမဲ့၊ သူ ကံဆိုး သွားတယ်၊ ... ”

“ ... အင်ပါရီယန် တစ်ပါးနဲ့ တိုးပြီး၊ တိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရလာ ခဲ့တယ်၊ ... ”

“ ... လွန်ခဲ့သည့် ဆယ့်ငါးနှစ်က၊ သူ သေဆုံးသွားပြီ ဆိုတဲ့၊ သတင်းတွေ ထွက်ပေါ်

လာဖူးတယ်၊ မသေခင် သူ့ရဲ့ နည်းစနစ်နဲ့ ရတနာတွေ အားလုံးကို၊ သင်္ချိုင်းမှာ မြှုပ်နှံ ခဲ့တယ်။ ”

ထိုစကားကို ကြားလိုက် ရချိန်တွင် လုအုပ်ကြီးမှာ၊ အားကျ ချီးမွမ်း သံများ 'ညံ' လာ သည်။

(ညံ= ဆူညံ)

လဲ့ယန်းဇီ ဆိုသူမှာ အမှောင် ကျင့်စဉ်ကို လိုက်စားသူ ဖြစ်သော်လည်း၊ ခွန်အား အရာ၌ လေစား စရာ ကောင်းချေပြီ။

“ လွန်ခဲ့တဲ့ နှစ်တွေမှာ၊ လဲ့ယန်းဇီ သင်္ချိုင်းကို ရှာဖွေဖို့၊ ဂိုဏ်း ပေါင်းစုံရဲ့ အကြီး အကဲတွေ အလံငယ် ခရိုင်ကို ရောက်ကြတယ်၊ ဒါပေမယ့် အားလုံးက လက်ဗလာနဲ့ ပြန်သွား ရတယ်၊ ... ”

“ ... ငါးနှစ် ကြာပြီးတဲ့ နောက်တော့၊ စိတ် ဝင်စားမှုက ပြန်လျော့ ကျသွားတယ်၊ အချို့က ပုံပြင် တစ်ပုဒ်လို့ ယူဆ လာတယ်၊ ... ”

“ … အခု ဒီပုံပြင်က၊ သွေးဝံပုလွေ မိသားစု လက်ထဲ ရောက်သွားပြီ၊ အဲ့ဒီ ရတနာ သိုက်က ငါတို့ မျှော်လင့်ထား တာတွေထက် ကျော်လွန် နိုင်တယ်၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းတွေ ကိုတောင် တုန်လှုပ်ခါ စေလိမ့်မယ်။ ”

သခင် လိန်းက စကား ခဏ ရပ်ကာ၊ လူအုပ်ထံ ဝေ့ကြည့် လိုက်၏။ အားလုံး စိတ်ဝင်စား သည်ကို မြင်သောကြောင့်၊ ပြုံးကာ စကား ဆက်သည်။

“ ဘာပဲ ဖြစ်ဖြစ် ဒီတိရစ္ဆာန် မိသားစုကို ပိုင်ဆိုင်ခွင့် ပေးလို့ မရဘူး၊ မဟုတ်ရင် သိမ်းငှက် ရဲတိုက်က၊ ဧကန် မုချ ပျက်စီး ခြင်းကို ရောက်ရ လိမ့်မယ်။ ”

“ မှန်တယ်၊ ဒီတိရစ္ဆာန် တွေက အလံငယ် ခရိုင်မှာ၊ တစ်ချိန် တုန်းက ဂိုဏ်းငယ် တွေကို ဖျက်ဆီး ပစ်ခဲ့ ဖူးတယ်၊ သူတို့ ဒါကို ရရင် လဲ့ယန်းဇီထက် ပို ကြောက်စရာ ကောင်းလာ လိမ့်မယ်။ ”

“ ဒါကြောင့် လဲ့ယန်းဇီရဲ့ ရတနာ တွေကို ငါတို့ အသုံးပြုပြီး၊ သွေး မိစ္ဆာကျမ်း ကိုတော့ ဖျက်ဆီး ပစ်ရမယ်။ ”

သခင် သုံးပါး၏ စကား များကြောင့်၊ လူတိုင်း၏ သွေးများ ပွက်ပွက်ဆူ လာသည်။ လင်းယွန် မှာမူ ဘေးမှ တည်ငြိမ်စွာ စောင့်ကြည့် နေ၏။

သိမ်းငှက် ရဲတိုက်မှာ ဖြောင့်မတ်ပုံ ရပြီး၊ သွေးဝံပုလွေ မိသားစုနှင့် မတူချေ။ ကျင့်ကြံသူ များကို အရည်အချင်းနှင့် ထိုးထွင်း နားလည် နိုင်မှု အပေါ် မူတည်ကာ၊ အနာဂါတ်အား ကန့်သတ် ထားသည်။

သို့သော် သွေးမိစ္ဆာ ကျမ်းမှာ၊ လူ့ အသွေးသားကို ဝါးမျို ခြင်းဖြင့်၊ ထိုကန့်သတ် ချက်ကို ချိုးဖောက် နိုင်မည် ဖြစ်သည်။

ဤသို့သော သွေးဆောင်မှုကို လူ များစွာက ခုခံ နိုင်မည် မထင်ချေ။

“ ယင် အာ ... ။ ”

သခင် လိန်းက သူ့ သမီး ထံသို့ လှည့်ကြည့် လိုက်ပြီး၊

“ လဲ့ယန်းဇီက၊ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်ခဲ့ တာကြောင့်၊ သူ့ရတနာ သိုက်မှာ အစီရင်တွေ ပြည့်နှက် နေမယ်လို့ ငါ ယုံကြည်တယ်၊ ... ”

“ ... သမီးက ဝိညာဉ် ရေးရာ ရူရ် တွေကို ကျွမ်းကျင် တဲ့ အတွက်၊ ဒီခရီးကို ငါတို့နဲ့ အတူ လိုက်ခဲ့ပါ။ ”

“ ဟုတ်ကဲ့ ...၊ အဆင်ပြေ ပါတယ်။ ”

လိန်းရွှမ်းယင်က အံ့သြသွား ပြီးနောက်၊ ချက်ချင်း ခေါင်းညိတ် လိုက်သည်။

“ ဝိညာဉ် ရေးရာ ရူရ် တွေကို၊ ကျွမ်းကျင် တယ် …။ ”

လင်းယွန်က လိန်းရွှမ်းယင်ကို ကြည့်ကာ၊ တွေဝေ သွားသည်။ ယင်းကြောင့် လိန်းရွှမ်းယင်က ခေါင်းငုံ့ သွားပြီး၊ ရှက်ရွံ့သော အမူအရာဖြင့်၊

“ ငါ ... ငါက ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးပါ။ ”

ဝိညာဉ် ရေးရာ ဆရာ သခင် များသာ၊ ခံစား ရသော ဖိအားမျိုး လင်းယွန် ထံမှ၊ သူမ ခံစား နိုင်သည်။

အခြား သူများ မမြင်နိုင် သော်လည်း၊ တစ်ဖက် လူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ရှင်းရှင်း လင်းလင်း မြင်နိုင်၏။

ထို့ကြောင့် သူမထက် ပို၍ သန်မာသော လင်းယွန် ရှေ့တွင်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး အဖြစ်၊ ရပ်တည် ရဲခြင်း မရှိချေ။

သခင် နှစ်ပါး၏ ဒဏ်ရာများ၊ သက်သာ လာသော အချိန်တွင်၊ ရဲတိုက်မှ စတင် ထွက်ခွာ လာခဲ့ ကြတော့သည်။

***

All Chapters