← Chapters

ဝင်္ကဘာ အစီရင်။

Vol. 46 Ch. 638

ဝင်္ကဘာ အစီရင်။

Vol. 46 Ch. 638

သိမ်းငှက် ရဲတိုက်ရှိ အထက်တန်းစား များအားလုံး သန်းခေါင်ယံ ချိန်၌၊ ခရီးထွက် လာခဲ့၏။

လမ်းခရီးတွင်၊ သွေးဝံပုလွေ များ၏ ဟန့်တားခြင်း ခံခဲ့ ရသော်လည်း၊ အလွယ် တကူ ဖြေရှင်း နိုင်ကြသည်။

သူတို့ အဖွဲ့၌ အပျော့ ညံ့ဆုံး လိန်းရွှမ်းယင်ပင်၊ အလယ် အလတ် ယန်အဆင့် ဖြစ်၏။

“ တွေ့ ပြီ ။ ”

သခင် သုံးပါးက လူ ဆိတ်ညံသော တောင်ကြီး တစ်လုံးတွင်၊ သွေးဝံပုလွေ မိသားစု ဝင်များကို တွေ့ရှိ ခဲ့သည်။

(ဆိတ်ညံ= တိတ်ဆိတ်)

သိမ်းငှက် ရဲတိုက်၏ အခြေခံ အုတ်မြစ်မှာ၊ သွေးဝံပုလွေ မိသားစုထက်၊ နှစ်ပေါင်း များစွာ ရှည်လျား သောကြောင့်၊ နယ်မြေ ပိုကျွမ်းကျင် ချေ၏။

တောင်ခြေ၌ စခန်း ချနေသော လူတစ်စု ရှိသည်။ ထိုလူစုကို ဦးဆောင် နေသော ခေါင်းဆောင်၏၊ ညာဘက် ပါးပြင်ရှိ၊ အမာရွတ် ကြီးအား၊ အဝေး မှပင် မြင်နိုင်သည်။

သူ့ခန္ဓာ ကိုယ်၌၊ နဂါး တစ်ကောင် သဏ္ဍာန် ရေးထွင်း ထားသော ချပ်ဝတ် တစ်ထည်ကို တင်းကြပ်စွာ ဝတ်ဆင် ထားသည်။

ချပ်ဝတ်တွင် ရူရ် များ၊ တဖျပ်ဖျပ် လက်နေပြီး၊ မီးနဂါးကြီး တစ်ကောင်က ခပ်ရေးရေး ရစ်ခွေ နေ၏။

အလံငယ် ခရိုင်၌ ရက်စက်မှုနှင့် သွေးဆာသော လုပ်ရပ် များကြောင့်၊ သူ့အား သွေးဝံပုလွေ အဖြစ် လူသိများ ချေပြီ။

“ အရှုံး သမား တွေက၊ ပြန်လာဖို့ သတ္တိ ရှိနေ တယ်လား၊ မင်းတို့ကို ဒီထက် ပို လေးနက်တဲ့ သင်ခန်းစာ တစ်ခု ပေးရ တော့မယ် ထင်တယ်။ ”

သခင် သုံးပါးကို မြင်ချိန်၌၊ သွေး ဝံပုလွေက အေးစက်သော အပြုံးဖြင့်၊ ပြက်ရယ် ပြုလိုက် သည်။

ယင်-ယန် အဆင့် အရှိန် အဝါများ၊ ပေါက်ကွဲလာ သောကြောင့်၊ မီးနဂါး ချပ်ဝတ်မှာ တုန်ခါ လာ၏။

“ သိမ်းငှက် သုံးကောင် ဆိုတဲ့ အမှိုက်တွေ၊ ထွက်သွားစမ်း၊ မဟုတ်ရင် မင်းတို့ အားလုံးကို သတ်မိတဲ့ အတွက် ငါတို့ကို အပြစ် မတင်နဲ့။ ”

“ ဟား ဟား ဟား။ ”

သွေးဝံပုလွေ မိသားစုက၊ သိမ်းငှက် ရဲတိုက်၏ ခြိမ်းခြောက်လာခြင်း အပေါ်၊ သဘော ကျစွာ ရယ်မော လိုက်သည်။

လင်းယွန်က သွေးဝံပုလွေကို လှမ်းကြည့်ကာ၊ စစ်ဆေး လိုက်သည်။ အရှိန်အဝါ အရ ဆိုပါလျှင်၊ သခင် လိန်းထက် အနည်းငယ် သိပ်သည်း ပေ၏။

သို့သော် မီးနဂါး ချပ်ဝတ်ကို ဝတ်ဆင် ထားပြီးနောက်၊ ပို၍ပင် ကြောက်စရာ ကောင်း နိုင်သည်။ ချပ်ဝတ်ကို ဝတ်ဆင်ထား ခြင်းဖြင့်၊ အလယ် အလတ် ယင်-ယန် အဆင့်၊ ခွန်အားမျိုး ရရှိ ချေမည်။

သို့သော် သိမ်းငှက် သုံးကောင်မှာ၊ ယင်းကို ဂရုစိုက်ပုံ မရချေ။ သူတို့ စခန်းချရာ အရပ် ဆီသို့ ချဉ်းကပ် လာနေ ဆဲ ဖြစ်သည်။

“ အပိုတွေ ပြော မနေနဲ့၊ မင်းသာ တကယ် အရည်အချင်း ရှိရင်၊ ငါတို့ကို ဘာလို့ လွှတ်ထား တာလဲ၊ မိုးကြိုး ရတနာ သိုက်က၊ သိမ်းငှက် ရဲတိုက် ပိုင်နက်မှာ ရှိတယ်၊ ဒါကြောင့် ငါတို့ကို ထားခဲ့ နိုင်စရာ နည်းလမ်း မရှိ ပါဘူး၊ ... ”

“ ... ဒီသတင်းသာ ပေါက်ကြား သွားရင်၊ ငါတို့ နှစ်ယောက်လုံး ရတနာတွေ ဆုံးရှုံး သွားရ လိမ့်မယ်။ ”

သခင် လိန်းက အေးစက်စွာ ဆိုသည်။ ယုံကြည်ချက် ရှိသော သူ့ အသွင်ကြောင့်၊ အခြား သခင် နှစ်ပါးမှာ၊ သက်သာရာ ရ သွား၏။

သွေးဝံပုလွေ မိသားစု ခေါင်းဆောင်က၊ သခင်လိန်း၏ စကားကြောင့်၊ မျက်နှာ ပြောင်းလဲ သွားသည်။

သူ့ အနေဖြင့် သိမ်းငှက် သုံးကောင်ကို မကြောက် သော်လည်း၊ တိမ် စီရင်စုရှိ အုပ်စိုးရှင် ဂိုဏ်းများ အပေါ်၊ ဂရုစိုက် ရပေမည်။

ထို့ပြင် သိမ်းငှက် သုံးကောင်မှာ၊ မီးနဂါး ချပ်ဝတ် ရှိကြောင်း မသိ ခဲ့သော ကြောင့်သာ၊ ထွက်ပြေး ရခြင်း ဖြစ်သည်။

သိရှိပြီး နောက်တွင် နောက်တစ်ကြိမ် အနိုင်ယူ ဖို့ရန်၊ သူ့အတွက် လွယ်ကူမည် မဟုတ် ချေ။ ထို့အတူ သိမ်းငှက် သုံးကောင် သည်လည်း၊ သူ့ကို အနိုင်ယူ နိုင်မည် မဟုတ် သည်မှာ၊ သေချာ၏။

မီးနဂါး ချပ်ဝတ်ကို အလုံးစုံ သန့်စင် ပြီးနောက်၊ အလယ် အလတ် ယန်အဆင့် ကျွမ်းကျင်သူ တစ်ဦးနှင့် တွေ့ဆုံ ခဲ့လျှင်ပင်၊ မိမိ ကိုယ်ကို ကာကွယ်နိုင် မည်ဟု ယုံကြည် ထားသည်။

“ သိမ်းငှက် သုံးကောင် ဆိုတဲ့၊ ငါတို့က ဒီဒေသကို ကောင်းကောင်း သိတယ်၊ ငါသာ မမှားရင်၊ မင်းမှာ မြေပုံ ရှိတာတောင် ရတနာ သိုက်ကို ရှာတွေ့ဖို့ မလွယ်ဘူး မဟုတ်လား။ ”

သခင် လိန်းက ဆိုသည်။ သူ့ စကားမှာ မှန်သော ကြောင့်၊ သွေးဝံပုလွေ၏ မျက်လုံးများ မှေးစင်း သွားသည်။

မြေပုံ တစ်ခု ရှိသော်လည်း၊ တစ်ညလုံး ရှာဖွေပြီး သည့်တိုင် မတွေ့ရှိ သေးပေ။ မြေပုံ ပေါ်ရှိ သင်္ကေတ များမှာ၊ မြေပြင်၌ အတည် မပြု နိုင်ဘဲ၊ မိုင်တစ်ထောင် ဝန်းကျင် အတွင်း ၌သာ ရှိနေကြောင်း၊ ကောက်ချက်ချ နိုင်ခဲ့သည်။

ခရမ်းရောင် နန်းတော် နယ်ပယ် ကျွမ်းကျင် ပညာ ရှင်များ အတွက်၊ မိုင်တစ်ထောင် အကွာ အဝေးမှာ၊ ဝေးလွန်းခြင်း မရှိ သော်လည်း၊ ရှာဖွေ ရာ၌ အခက် အခဲ ရှိနေမြဲ ပေပင်။

ဘေးနားရှိ လင်းယွန်က အတွေးနက် သွား၏။ သခင် လိန်းမှာ ယုံကြည်ချက် ရှိပုံ ရသော်လည်း၊ သွေးဝံပုလွေနှင့် ထိပ်တိုက် တွေ့ရန်၊ ဆန္ဒ မရှိချေ။

မီးနဂါး ချပ်ဝတ်နှင့် ပတ်သက်၍ စိုးရိမ် သောကြောင့် ဖြစ်သည်။ သွေးဝံပုလွေ သည်လည်း ချီတုံ ချတုံ ဖြစ်နေ၏။ သခင် နှစ်ပါးတွင် ဒဏ်ရာ သက်သာခြင်း မရှိ သေးကြောင်း၊ သူ မသိချေ။

ထို့ကြောင့် အဖြစ် အပျက်မှာ၊ နှစ်ဖက် လက်တွဲ ရန်သာ ရှိချေပြီ။ အငြင်း ပွားမှုကို မရပ်တန့် လိုသော်လည်း၊ အနည်းငယ် ငြိမ်သက် ကုန်၏။

နောက်ဆုံးတွင် နှစ်ဦး နှစ်ဘက် စလုံးမှာ၊ ကာလ အတန်ကြာ ခိုက်ရန် ဖြစ်ပွား နေခဲ့ သော ကြောင့်၊ ဒေါသ များနှင့် ပြည့်နှက် နေကြသည်။

အထူး သဖြင့် သွေးဝံပုလွေ မိသားစုမှာ၊ ရတနာ သိုက်ကို မမျှဝေ ချင်ချေ။ သွေးဝံပုလွေ သာလျှင်၊ မျက်နှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ စိတ်ထဲ၌ လှောင်ပြောင် လိုက်မိ၏။

နောက်ဆုံးတွင် ရတနာသိုက် အတွက်၊ လူအင်အား လိုအပ် နေသေးသည်။ ထို့ကြောင့်၊ လောလောဆယ် အပစ် အခတ် ရပ်စဲရန်၊ ရွေးချယ် လိုက်၏။

မည်သို့ပင် ဆိုစေကာမူ၊ မီးနဂါး ချပ်ဝတ် ရှိနေသည် ဖြစ်ရာ၊ အဆုံး၌ သူသာ အနိုင်ရ မည်ဟု ယုံကြည်သည်။

နှစ်ဖက် စလုံးက ယာယီ ငြိမ်းချမ်းရေး ရယူ ပြီးနောက်၊ မြေပုံကို သိမ်းငှက် သုံးကောင်ထံ ကမ်းပေး လိုက်သည်။

“ ကိုယ့်ဘာသာ ကိုယ်ကြည့်၊ မြေပုံ အရဆို မိုင်တစ်ရာ အတွင်း ရှိသင့်တယ်၊ ဒါပေမယ့် ငါတို့ တစ်ညလုံး လိုက်ရှာ ပြီးပြီ၊ တောင်ပူစာ အနည်းငယ်က လွဲလို့၊ ဘာတောင်တန်းမှ မတွေ့ သေးဘူး …။ ”

သိမ်းငှက် သုံးကောင်က မြေပုံကို စစ်ဆေး လိုက်ပြီးနောက်၊ အချင်းချင်း ကြည့်ပြန်ကာ ရယ်မော လိုက်ကြသည်။

“ ဟား ... ဟား ... ဟား။ ”

“ မင်းတို့ ...၊ ဘာတွေ ရယ်နေကြ တာလဲ။ ”

သွေးဝံပုလွေက အလိုမကျ ဟန်ဖြင့်၊ အေးစက်စွာ မေးလိုက်၏။

“ ဘာမှ မဟုတ် ပါဘူး၊ ဒီနေရာကို ငါတို့ သိတယ်၊ အမှန်တော့ ဒီတောင်ကြီးက လွန်ခဲ့တဲ့ ဆယ့်ငါး နှစ်လောက်က ရှိခဲ့ ဖူးတယ်၊ လဲ့ယန်းဇီ ကိုယ်တိုင် လက်ဖဝါးနဲ့ ဖျက်ဆီး ခဲ့တာပဲ။ ”

“ လက်ဖဝါးနဲ့ ဖျက်ဆီး လိုက်တယ်။ ”

ထိုစကားကြောင့် လင်းယွန် တစ်ယောက်၊ ငြိမ်သက် သွား၏။ ယင်းမှာ အနည်းငယ် ချဲ့ကား လွန်းသည်ဟု ထင်ရ သော်လည်း၊ ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူများ အတွက်မူ၊ မဖြစ်နိုင် စရာ မရှိချေ။

“ ငါနဲ့ လိုက်ခဲ့ ... ။ ”

သခင် လိန်းက လူတိုင်းကို ဦးဆောင်ကာ ချိုင့်ဝှမ်း တစ်ခု ဆီသို့ ဦးတည် သွားခဲ့ သည်။

“ အရှေ့ မြောက်ဘက် မိုင်တစ်ရာ ဆိုတာ ဒါပဲ။ ”

“ ဟိုမှာ ကြည့် ... ။ ”

ဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော ချိုင့်ဝှမ်း တစ်ခုသို့ ရောက်ရှိ သည်နှင့်၊ သခင် လိန်းက၊ ရပ်နား လိုက်သည်။

ဤနေရာနှင့် ပတ်သက်၍ အထူး အဆန်း မရှိ သောကြောင့်၊ လူအုပ် ကြီးမှာ ‘နဝေ တိန်တောင်’ ဖြစ်ကုန်သည်။

“ ဒီနေရာ သေချာလား။ ”

မျက်စိ ရှေ့ရှိ ပုံမှန် အတိုင်း ရှိနေသော၊ ခပ်ပြေပြေ ချိုင့်ဝှမ်း ကြီးကို လှမ်းကြည့်ကာ၊ သွေးဝံပုလွေက သေချာအောင် ထပ်မေးသည်။

“ မင်းရဲ့ မြေပုံသာ မမှားရင် ... ဒီနေရာ ဆိုတာ သေချာတယ်၊ လဲ့ယန်းဇီ သေဆုံး ပြီးတဲ့ နောက်၊ ဂိုဏ်းတွေရဲ့ ထိပ်တန်း ကျွမ်းကျင်သူ တွေက၊ ဒီနေရာကို လာရှာခဲ့ ဖူးတယ်၊ ... ”

“ ... ဒါပေမယ့် လက်ဗလာနဲ့ ပြန်သွား ကုန်ကြတယ်၊ ကြည့်ရတာ အစီရင် ဝင်္ကပါ တစ်ခုနဲ့ ဖုံးကွယ် ထားပုံပဲ။ ”

သခင် လိန်း၏ မျက်ဝန်း များမှာ၊ စိတ်လှုပ်ရှားမှု များကြောင့်၊ တလက်လက် တောက်ပ လာ၏။

သွေးဝံပုလွေက သူ့ မိသားစု ဝင်များ ထံသို့ ပြန်လာပြီး၊ ခရမ်းရောင် ၀တ်ဆင် ထားသော အဘိုးအိုနှင့် စကား ပြောသည်။

“ ဒီလူက ဆရာ ဖူကို၊ ဖိတ်ခေါ် ခဲ့တာပဲ … ။ ”

သခင် သုံးပါးမှာ ထိုအဘိုးအိုကို မှတ်မိ နေသော ကြောင့်၊ တီးတိုး ဆိုလိုက်သည်။

“ သူက သန်မာလား။ ”

လင်းယွန်က စူးစမ်း ဟန်ဖြင့် မေးလိုက်၏။

“ ဆရာ ဖူက အလံငယ် ခရိုင်ရဲ့၊ အထက်မြက်ဆုံး ဝိညာဉ် ရေးရာ ဆရာသခင် တစ်ဦးပဲ၊ တစ်ချိန်က မိုးသားပြာ အကယ်ဒမီမှာ၊ ဧည့် အကြီးအကဲ တစ်ဦး ဖြစ်ခဲ့ ဖူးတယ်။ ”

သခင် လိန်းက လင်းယွန်ကို ရှင်းပြ ပြီးနောက်၊ အခြားသော သခင် နှစ်ပါး ထံသို့ လှည့်၍၊

“ မိုးကြိုး ရတနာသိုက်က ဒီနေရာမှာ ရှိတာ သေချာတယ်၊ သွားရအောင် ... ယင်အာ ငါတို့ ကံကြမ္မာက မင်း အပေါ် မှာ၊ မူတည် သွားပြီ။ ”

လိန်းရွှမ်းယင်က စိတ်လှုပ်ရှား စွာဖြင့်၊ ခေါင်းညိတ် လိုက်သည်။

ချိုင့်ဝှမ်း အထဲ၌ အလုပ်များ နေသော လူအုပ်ကို ကြည့်ပြီး၊ လင်းယွန်မှာ အတွေးထဲ နစ်မျော သွား၏။

ရတနာသိုက် သည်သာ၊ သည်နေရာ၌ အမှန် တကယ် ရှိနေ ပါက၊ ဤအစီရင် ခင်းကျင်းမှုမှာ၊ အလွန် အားကောင်း နေမည် ဖြစ်သည်။

ထို့ကြောင့် မျက်လုံး များကို မှိတ်ချ လိုက်ပြီး၊ စိတ်ဝိညာဉ် နန်းတော် ထဲရှိ မီးလျှံ ငှက်မွေးကို စတင် အသက်သွင်း လိုက်၏။

ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ကာ၊ ချိုင့်ဝှမ်းထံသို့ အချိန် အတော် ကြာအောင် လှည့်ပတ် ကြည့်နေမိ လေသည်။

“ ဘာမှ မတွေ့ ပါလား။ ”

အံ့အား သင့်စွာဖြင့် ခေါင်းယမ်း ရေရွတ် လိုက်သည်။

ချိုင့်ဝှမ်း အတွင်းရှိ ဝိညာဉ် ရေးရာ၊ လှိုင်း များကို မဖမ်း မိခဲ့ချေ။ ဤနေရာတွင် အစီရင် တစ်ခုသာ အမှန် တကယ် ရှိနေမည် ဆိုပါက၊ ၎င်းမှာ များစွာ အစွမ်းထက် ပေလိမ့်မည်။

မျက်လုံး များကို ထပ်မံ မှိတ်ချ လိုက်ပြီး၊ စိတ်ဝိညာဉ် နန်းတော်ရှိ နတ်ဘုရား စွမ်းအား အနည်းငယ်ကို နှိုးဆွ လိုက်သည်။

စိတ်ဝိညာဉ် စွမ်းအင် တစ်ဝက် တိတိ ကုန်ဆုံး သွားပြီး နောက်တွင်၊ ဘာလုပ် ရမည်ကို အကြမ်းဖျင်း တွေးဆ လာနိုင်၏။

တစ်ဖက်တွင် ဆရာဖူ ဆိုသူမှာ၊ မျက်မှောင်ကြုတ်လျက် ချိုင်းဝှမ်း အနှံ့၊ သူ့ အာရုံများ ဖြန့်ကျက် ထားလေသည်။

“ ဒီမှာ ရှိတယ် ဆိုတာ ... သေချာလား။ ”

“ ဘာမှလည်း မရှိ ပါဘူး …။ ”

“ ရတနာ မြေပုံက၊ အတုပဲ ဖြစ်ရမယ်။ ”

နာရီဝက် အကြာတွင် နှစ်ဖက် လူအုပ် ကြီးမှာ၊ ဒေါသကြောင့် ဆူညံ ပွက်လောရိုက် လာ၏။

“ ချိုင့်ဝှမ်းကို မြေလှန်ပစ်၊ တစ်လက်မတောင် မကျန် ခဲ့ စေနဲ့။ ”

သွေးဝံပုလွေ၏ အမိန့် အောက်တွင်၊ ချိုင့်ဝှမ်းကို ဖျက်ဆီးရန် လူအုပ်ကြီးက စတင် လှုပ်ရှား လာတော့သည်။

ယင်းမှာ အချည်း နှီးသာ ဖြစ်မှန်း သိသောကြောင့်၊ လင်းယွန်က ခေါင်းယမ်း လိုက်သည်။

စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး အနေဖြင့်၊ အစီရင်များ ခင်းကျင်း ရာတွင်၊ ကောင်းကင်နှင့် မြေကြီးကြား ဝှက်ထား နိုင်၏။

ထို့ကြောင့် အစီရင် ရှိနေ ခဲ့လျှင်ပင်၊ ဖျက်ဆီး ခြင်းဖြင့်၊ မည်သို့မျှ ရှာတွေ့ နိုင်မည် မဟုတ်ချေ။

( ငါ ကူညီရမယ် ထင်တယ်။)

လင်းယွန်က ညည်းတွား လိုက်ပြီးနောက်၊

“ မိုးကြိုး ရတနာ သိုက်ကို ...၊ ဒီလို နည်းလမ်း မျိုးနဲ့ ရှာရင်၊ တွေ့ နိုင်စရာ အကြောင်း မရှိဘူး။ ”

-ဟု ဆိုလိုက် မိ၏။

ရုတ်တရက် အပျက်သဘော ဆောင်သည့် သူ့ စကား သံကြောင့်၊ လူအုပ်ကြီးမှာ ချက်ချင်း ပြန်လှည့် ကြည့်လာ လေသည်။

***

All Chapters