သံသယ။
Vol. 46 Ch. 639
သွေးဝံပုလွေနှင့် သခင် လိန်းက၊ လင်းယွန်ကို လှည့်ကြည့် လိုက်သည်။ ဤအနေ အထားတွင် အခြားသူ တစ်ဦးသာ ဖြစ်ခဲ့ ပါလျှင်၊ ထိုအကြည့် ကြောင့်၊ ကြီးမားသော ဖိအားကို ခံစားရ ပေလိမ့် မည်။
လင်းယွန် မှာမူ၊ မျက်နှာ အမူ အရာပင် ပြောင်းလဲခြင်း မရှိ ခဲ့ဘဲ၊ မထူးခြား ဟန်ဖြင့်၊
“ ဒီမှာ တကယ်ပဲ ဝိညာဉ် ရေးရာ အစီရင် ခင်းကျင်း ထားတယ် ဆိုရင်၊ ပတ်၀န်းကျင် အပေါ်၊ စူးစမ်း တာက အကောင်းဆုံး ပါပဲ၊ ... ”
“ ... အစွမ်းထက် လွန်းတဲ့ အစီရင် တွေက သဘာဝ တရားကြီးနဲ့ ပေါင်းစပ် နိုင်တာကြောင့်၊ ဖျက်ဆီးခြင်းက အကျိုးမဲ့ စေလိမ့်မယ်။ ”
“ သူ ပြောတာ အမှန်လား။ ”
သွေးဝံပုလွေက ဆရာ ဖူကို၊ သံသယ မျက်လုံး များဖြင့် ပြန်လှည့် မေးလိုက်သည်။ ဆရာကြီး ဖူက ခေါင်းညိတ် ပြပြီး၊
“ တကယ်တော့ ဒီလို ... ယူဆ လို့လည်း ရပါတယ်၊ အခု အချိန် မှာတော့ သူ ပြောတာကို နားထောင် သင့်တယ်။ ”
ဆရာဖူ ဆိုသူမှာ၊ အထွတ် အထိပ် တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်၏။
ထို့ကြောင့် လင်းယွန် ပြောသည့် စကားမှာ၊ အဓိပ္ပါယ် ရှိသော်လည်း၊ အလုံးစုံ မယုံကြည် မိချေ။
အဓိက အချက် အနေဖြင့်၊ လဲ့ယန်းဇီ၏ ဝိညာဉ် ရေးရာ အောင်မြင် မှုမှာ၊ မြင့်မားလိမ့် မည်ဟု၊ မယုံခြင်း ဖြစ်သည်။
ဤနေရာတွင် အစီရင်ဖြင့် ဖုံးကွယ် ထားရိုး မှန်ပါက၊ ချို့ယွင်းချက် တစ်ခုအား မကြာမီ တွေ့ရှိ ရပေမည် ။
နှစ်ဖက် ခေါင်းဆောင် များက၊ ပတ်ဝန်းကျင်ကို ဖျက်ဆီး ခြင်းမှ တားဆီးရန်၊ လက်ဝှေ့ယမ်း ပြလိုက် ကြသည်။
“ တကယ် ... နားမလည် သေးဖူးလား၊ ... ”
လင်းယွန်က လူအုပ်ကို ကြည့်ကာ ခေါင်းယမ်း လိုက်ပြီး၊
“ ... ဒီမှာ သဘာဝနဲ့ ပေါင်းစပ် ထားတဲ့၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခုသာ ရှိနေရင်၊ ငါတို့ အခု အဲ့ဒီ အစီရင် ထဲမှာ ရှိနေပြီ၊ ဒါဆို ဘာကို ထပ်ရှာ နေဦး မှာလဲ။ ”
အခြေ အနေကို ရှင်းရှင်း လင်းလင်း နားလည် လိုက်သောကြောင့်၊ ဆရာ ဖူ၏ မျက်လုံးများ တောက်ပ လာသည်။
လိန်းရွှမ်းယင်က လင်းယွန်ကို ကြည့်ပြီး၊ အနည်းငယ် ငြိမ်သက် သွား၏။
“ ဒါပဲ ဖြစ်ရမယ်၊ ဒီလိုမှ မဟုတ်ရင် ဝိညာဉ်ရေးရာ အတက် အကျ လှိုင်းတွေကို၊ ခံစား နိုင်ရ မှာပေါ့၊ ... ”
“ ... အစီရင် ထဲမှာ ရှိနေ လို့သာ၊ မခံစား ရတာ၊ ဒီလို သာဆို ပတ်ဝန်းကျင်ကို သတိ ထားဖို့ လိုပြီ။ ”
ဆရာ ဖူက စိတ်လှုပ်ရှား စွာဖြင့်၊ ခပ်တိုးတိုး ရေရွတ် လိုက်သည်။ သူတို့ အဖြစ်မှာ၊ အလင်းရောင် ရှာရန် မီးရှူး တိုင်ကို ထွန်းညှိ ထားခြင်းနှင့် တူ၏။
လူတိုင်း ဘာလုပ် ရမည်ကို၊ နားလည် သွားပြီးနောက်၊ ပတ်ဝန်း ကျင်ရှိ ပုံမှန် မဟုတ်သော အရာများ အပေါ်၊ အသေးစိတ် ရှာဖွေ လိုက်ကြသည်။
လင်းယွန်ကို မည်သူမှ ဂရု မစိုက် တော့ဘဲ၊ အလုပ်ရှုပ် ကုန်တော့၏။ ထိုသို့သော အခြေ အနေများ အပေါ်၊ လင်းယွန် တစ်ယောက် ကျေနပ် မိသည်။
ချိုင့်ဝှမ်းကို လှည့်ပတ် ကြည့်ရှု လိုက်ပြီးနောက်၊ စိတ်ရှုပ် ထွေးမှုများ ထပ်မံ ဝင်ရောက် လာပြန်သည်။
သွေးဝံပုလွေ မိသားစုနှင့်၊ သိမ်းငှက် ရဲတိုက်မှာ၊ လောလောဆယ် မြေ အနေအထား အပေါ်၊ စစ်ဆေး နေကြ၏။
“ မြေပြင်လား။ ”
ထိုလူအုပ်ကို ကြည့်ကာ၊ လင်းယွန်က ခေါင်းယမ်း လိုက်သည်။ မြေပြင်၌ မည်သည့် အရာမျှ၊ ဝှက်ထား နိုင်မည် မဟုတ်ချေ။
လက်ရှိတွင် နတ်ဘုရား ရူရ်၏၊ စွမ်းအားကြောင့် အခင်း အကျင်းရှိ၊ ဆုံမှတ် အချို့ကို၊ တွေ့ရှိ ထားပြီး ဖြစ်သည်။
ထို့ကြောင့် မည်သည့် နေရာ၌၊ အပြစ်အနာ အဆာများ ရှိမည်အား၊ အကြမ်းဖျင်း တွေးကြည့် နိုင်၏။
သို့သော် ၎င်းကို ထုတ်ဖော် ပြောပြ လိုက်မည် ဆိုပါက၊ သူ့ အပေါ် လူတိုင်း အာရုံ စိုက် လာမည် ဖြစ်သည်။
ဤနည်းဖြင့် လူအုပ် ကြီး၏ ရှာဖွေ မှုမှာ၊ ခရီးမရောက် နိုင်ခဲ့ဘဲ၊ အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာသည်။
သံသယ ဖြစ်ဖွယ် များကို၊ တွေ့ရှိ ခဲ့ကြ သော်လည်း၊ တိကျ သေချာသည့် တစ်စုံ တစ်ရာမျှ မတွေ့နိုင် ကြ သေးပေ။
နဖူးတွင် ချွေးများ ဖုံးလွှမ်း နေကာ၊ မျက်ခုံး နှစ်ဖက်ကို ထိလု မတက် စုကျုံ့ ထားသော လိန်းရွှမ်းယင် ထံသို့၊ လျှောက်လှမ်း လာခဲ့သည်။
သိမ်းငှက် ရဲတိုက်မှ၊ သံသယ ဖြစ်ဖွယ်ဟု ယူဆခဲ့ သမျှ၊ နေရာ တိုင်းကို ချက်ချင်း စစ်ဆေး ပေးသည်။
နောက်ဆုံးတွင် သွေးဝံပုလွေ မိသားစု ဝင်များ နောက်သို့၊ ရောက်သွား မည်ကို သူတို့ စိုးရိမ် ပေ၏။
လင်းယွန် အနေဖြင့်၊ ဤခရီးကို တစ်ယောက်တည်း သွားခြင်းဖြင့်၊ သူ့အတွက် အန္တရာယ် ရှိလာ နိုင်မည်ကို သိသည်။
ထို့ကြောင့် အနည်းငယ် စဉ်းစားကာ၊ လက်ကိုင် ပုဝါ တစ်ထည်ကို ထုတ်ယူပြီး၊ လိန်းရွှမ်းယင်အား ကမ်းပေး လိုက်သည်။
“ ရော့ ... ချွေးသုတ် လိုက်ဦး။ ”
လိန်းရွှမ်းယင်က ဝမ်းသာ အားရဖြင့်၊ လက်ကိုင် ပုဝါကို လှမ်းယူကာ၊ နဖူးမှ ချွေးများ သုတ်ယူ လိုက်သည်။
“ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး လင်း၊ ငါတို့ တိုးတက် လာပါပြီ၊ မင်းရဲ့ အကြံပြုချက် အတွက်လည်း ကျေးဇူး တင်ပါတယ်၊ မဟုတ်ရင် ငါတို့ အခုချိန်ထိ လွယ်ဦးမှာ မဟုတ်ဘူး။ ”
“ ချိုင့်ဝှမ်း ထဲကို ဝင်လာ တည်းက၊ ငါတို့ ချွေးတွေ ပိုထွက် လာတယ်လို့၊ မင်း ... မထင် ဖူးလား။ ”
လင်းယွန်က မေးလိုက်သည်။
“ အင်း ... ဒါက ။ ”
လိန်းရွှမ်းယင်က လင်းယွန်၏ မေးခွန်း အပေါ်၊ အလေး အနက် စဉ်းစား ပြီးနောက်၊
“ လေ ... လေပဲ ဖြစ်မယ်၊ ကျေးဇူး အများကြီး တင်ပါတယ် အစ်ကိုကြီး လင်း။ ”
“ လေ ... ဘာလေလဲ ။ ”
လိန်းရွှမ်းယင်၏ အော်ဟစ် သံကြောင့်၊ လူတိုင် ရှုပ်ထွေး ဟန်ဖြင့်၊ လှည့်ကြည့်လာ ကြသည်။
“ ဟာသပဲ ...၊ လေနဲ့ အစီရင်နဲ့ ဘာဆိုင် လို့လဲ။ ”
“ လေကြောင့် မျက်စိကန်း နေတာလို့ ငါတို့ကို ပြောနေ တာလား။ ”
“ အပြင် ဘက်မှာထက် လေတိုက်အား နည်းနိုင် ပေမယ့်၊ ဒါက ချိုင့်ဝှမ်း မို့လို့ အံ့သြ စရာတော့ မရှိ ပါဘူး။ ”
သွေးဝံပုလွေ မိသားစုမှာ၊ သူမ စကားကြောင့်၊ အထင်သေး ဟန်ဖြင့်၊ ပျက်ရယ် ပြုလာ ကြသည်။
ထို့ကြောင့် လင်းယွန်ထံ ပြန်လှည့် ကြည့် လိုက်မိ၏။ လင်းယွန်က ခေါင်းညိတ်ပြ မှသာလျှင်၊ သတ္တိများ စုစည်းလျက်၊
“ ဒီနေရာရဲ့ အစီရင်ကို၊ ပုံရိပ်ယောင် ဝင်္ကပါ အဖြစ် ခင်းကျင်း ထားတာပဲ၊ ဒါက အစစ်အမှန် ချိုင့်ဝှမ်း မဟုတ်ဘူး၊ ... ”
“ ထူးထူး ခြားခြား ဆိုလို့၊ လေတိုက် နှုန်းမှာပဲ ရှိတယ်၊ ပုံမှန်သာဆို ‘လေ’က ဒီထက် ပို‘တိုက်’ နေရမှာ၊ ငါသာ မမှားရင်၊ အစီရင်ရဲ့ ဗဟို ချက်မှာ၊ လေ ရူရ်တွေ ရှိရမယ်။ ”
“ သူ ... မှန်တယ်။ ”
လူတိုင်း သံသယ စိတ်များ ခံစား နေရ ချိန်တွင်၊ ဆရာ ဖူက သူမကို ထောက်ခံ ပေးခဲ့ သည်။
အစီရင်နှင့် လေကို ချိတ်ဆက် နိုင်လိမ့် မည်ဟု၊ မယုံ နိုင်သောကြောင့်၊ ဆရာဖူမှာ အံဩ နေဆဲ ဖြစ်၏။
( ဒီကောင်လေး များလား။ )
ထို့ကြောင့် လင်းယွန် အပေါ် သံသယ များဖြင့်၊ လှည့်ကြည့် လိုက်သည်။
လိန်းရွှမ်းယင်မှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေး သောကြောင့်၊ လူတိုင်းက သူမကို သဘာဝ အတိုင်း အထင် မကြီး ကြချေ။
သို့သော် ဆရာဖူ ထောက်ခံ ပြီးနောက်၊ လူတိုင်း လက်ခံ လာ၏။
သွေးဝံပုလွေနှင့် သခင်လိန်း တို့မှာ၊ အကြည့်ချင်း ဖလှယ် လိုက်ကြပြီး မျက်လုံးများ မှိတ်လျက်၊ ချိုင့်ဝှမ်း တစ်လျှောက် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ဖြန့်ကျက် လိုက်သည်။
ယင်-ယန် အဆင့် ကျွမ်းကျင်သူ များမှာ၊ ဤချိုင့်ဝှမ်း အတွင်းရှိ ‘လေ’ များကို ပိတ်ဆို့ ထားနိုင် ပေ၏။
ထို့ကြောင့် လူအုပ် ကြီးမှာ ထိတ်လန့် စွာဖြင့်၊ ကောင်းကင် ပေါ်သို့ အလျင် အမြန် ခုန်တက် လိုက် ကြသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သွေးဝံပုလွေနှင့်၊ သခင် လိန်းသာ ကျန်ရစ် ခဲ့တော့၏။
လင်းယွန်က သခင် လိန်းကို ကြည့်ပြီး၊ အနည်းငယ် တုန်လှုပ် သွားသည်။ တခြား သူများ မမြင်နိုင် သော်လည်း၊ သူ မြင်နိုင်၏။
သခင်လိန်း ခွန်အားမှာ၊ သွေးတောင်ပံ ခန်းမ၏ အဘိုးအို များထက်၊ ပို၍ ကြောက်စရာ ကောင်းလေပြီ။
ဤမျှ ခေါင်ဖျားသော အရပ်ရှိ၊ ကနဦး ယင်-ယန် အဆင့် ကျွမ်းကျင်သူ တစ်ဦး အနေဖြင့််၊ အမည်ခံ အုပ်စိုးရှင် များထက်၊ ပို၍ အစွမ်းထက် နေသည်မှာ၊ အံ့ဩ ဖွယ်ရာ ပေပင်။
သခင်လိန်း ထံမှ သိပ်သည်းသော မူလ စွမ်းအင်ကို ခံစား နိုင်ပြီး၊ ဝှက်ဖဲ များစွာ ရှိနေပုံ ရ၏။
သွေးဝံပုလွေ အတွက်မူ၊ သူ ဝတ်ဆင် ထားသော မီးနဂါး ချပ်ဝတ်ကို၊ အလုံးစုံ သန့်စင် ထားနိုင် ပုံရသည်။
သူတို့ကို စစ်ဆေး နေစဉ် မှာပင်၊ နှစ်ဦးသား မျက်လုံးများ ပြန်ဖွင့် လာပြီး၊ ပြုံးရယ် လိုက် ကြသည်။
“ တွေ့ ပြီ ...။ ”
ရုတ်တရက် ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ မီတာ တစ်ထောင် အကွာ၌ ပြန်လည် ဆင်းသက် လာ၏။
တစ်ချိန်တည်း မှာပင် ကြောက်မက်ဖွယ် ကောင်းသော လက်သီး များကို တစ်ချိန်တည်း ပစ်လွှတ် လိုက်ကြသည်။
“ လေ ရူရ် ... ပေါ်လာပြီ။ ”
လက်သီး များက၊ လေ ရူရ်ကို ဖျက်ဆီးနိုင် လိုက်သဖြင့်၊ မြင်ကွင်းများ ချက်ချင်း ပြောင်းလဲ လာ၏။
ထို့နောက်တွင် ကောင်းကင်၌၊ မိုးတိမ်များ ဖုံးလွှမ်း လာကာ၊ ချိုင့်ဝှမ်း အနှံ့ လျှပ်စီးများ ပြည့်လျှံ သွားသည်။
ပတ်ဝန်း ကျင်ရှိ အိမ်မက် ဆန်သော မြင်ကွင်းများ၊ လျင်မြန်စွာ ပျောက်ကွယ် သွားသဖြင့်၊ လူတိုင်း ထိတ်လန့် ကုန်၏။
ဤသည်မှာ ချိုင့်ဝှမ်း၏ စစ်မှန်သော အသွင်အပြင် ဖြစ်လေပြီ။ ချိုင့်ဝှမ်း အလယ်၌ လျှပ်စီးများ တဖျပ်ဖျပ် လက်နေသော မီးတောင် ဟောင်းကြီး တစ်ခု ရှိသည်။
“ မိုးကြိုး တိမ်လွှာ ရတနာ သိုက်။ ”
“ ဒါ ... ဒါက မိုးကြိုး ရတနာ သိုက်ရဲ့ ဝင်ပေါက်ပဲ။ ”
လူတိုင်းက စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်ကြ သည်။ မိုးကြိုး ရတနာ သိုက်ကို မိုးကြိုး တိမ်လွှာ ရတနာ သိုက် ဟုလည်း ခေါ်တွင်၏။
“ တွေ့ ပြီ။ ”
သွေးဝံပုလွေနှင့် သခင် လိန်း၏ မျက်နှာမှာ၊ ရွှင်မြူး သွားသည်။ နောက်တစက္ကန့်တွင် လူတိုင်း မီးတောင်ဝ ဆီသို့၊ ဦးတည် လိုက်ကြ ၏။
မီးတောင် အတွင်း၌၊ ကြမ်းကြုတ်သော နတ်ဆိုး တစ်ကောင် စောင့်မျှော် နေ သကဲ့သို့၊ ခံစား ရ မိသည်။
အစီရင်မှာ ၎င်းမီးတောင်ကို ဖုံးကွယ်ရန်၊ ရည်ရွယ် ခဲ့သော ပုံရိပ်ယောင် ဝင်္ကပါသာ ဆိုပါက၊ အတွင်း၌ အန္တရာယ်များ လျော့နည်း သွားပေမည်။
ထိုသို့ ဆိုပါက ရတနာ များကို အမွေ ဆက်ခံရန်၊ အရည် အချင်း စမ်းသပ်မှု များသာ၊ ရှိနိုင် ချေမည်။
“ ကောင်လေး၊ မင်း ဘာတွေ တွေးနေ တာလဲ၊ ရတနာ သိုက်ရဲ့ ဝင်ပေါက်နဲ့ ပတ်သက် ပြီး၊ မင်းမှာ တစ်ခုခု သိထားတာ ရှိနေလား။ ”
အတွေးနက် နေသော လင်းယွန် အနားသို့၊ ဆရာဖူ ရောက်လာ၏။
“ မင်းတောင် ... မသိရင်၊ ငါ ဘယ်လိုလုပ် သိနိုင် မှာလဲ။ ”
အဘိုးအို၏ အကျင့် စရိုက်ကို သဘော မကျ သဖြင့်၊ စကား ဖြတ်ကာ မီးတောင်ဝ ဆီသို့ ဦးတည် လိုက်သည်။
( ဒီကောင် တစ်ခုခုတော့ သိရမယ်။ )
ဆရာ ဖူက လင်းယွန် နောက်ကျောကို၊ အေးစက်စွာ စိုက်ကြည့်ပြီး၊ မျက်လုံးများ မှေးစင်း သွားသည်။ သည်ကောင်လေး အပေါ်၊ စောင့်ကြည့် ထားရန် သွေးဝံပုလွေအား၊ သတိပေး ရပေမည်။
***