သံချပ်ကာ အလောင်းစား ပိုးကောင်။
Vol. 46 Ch. 641
လင်းယွန်က စိတ်ပျက် လက်ပျက်ဖြင့်၊ ဆရာဖူကို ပြန်ကြည့်ပြီး၊ လက် ဝှေ့ယမ်းကာ ဂူ အတွင်းသို့၊ လှမ်းဝင် လိုက်ရ တော့၏။
သူ့၌ မည်သည့် လှည့်ကွက်မျှ မရှိ သောကြောင့်၊ ဆရာဖူ အနားက အဖြတ်တွင်၊ လေချွန်သံ ပေးကာ၊ ဟန်ပါပါ ဖြတ်ကေျာ် လိုက်သည်။
စိတ်ထဲ တေးမှတ် ထားရုံ မျှသာ ပေပင်။ မကြာခင် ထိုသံသယကို အတည်ပြု နိုင်မည် ဖြစ်သည်။
နှစ်ဖက် စလုံးက ဝိညာဉ် ရေးရာ၊ တက်ကျွမ်းသော သူတို့၏ လူများကို၊ လှိုဏ်ဂူ အတွင်း၊ ဂရု တစိုက် စူးစမ်း လေ့လာရန် ကြိုတင် စေလွှတ်လျက် ခရီးဆက် လာသည်။
လဲ့ယန်းဇီမှာ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်သောကြောင့်၊ အရာရာ တိုင်းကို မပေါ့ဆ ဝံ့ချေ။
အချိန် မရွေး အန္တရာယ် ကျရောက် နိုင်သဖြင့်၊ လင်းယွန်ကို စောင့်ကြည့် နေသော ဆရာ ဖူပင် အလုပ်များ လာတော့သည်။
သွေးဝံပုလွေ မိသားစု၏ လုံခြုံရေး အပေါ် ဦးစား ပေးပြီး၊ အစီရင် များအား ဂရုတစိုက် ဖြတ်ကျော် ပေးခဲ့၏။
သိမ်းငှက် ရဲတိုက် အတွက်မူ၊ လိန်းရွှမ်းယင် ပေါ်သာ အားကိုး နိုင်သည်။ ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး မျှသာ ဖြစ်သောကြောင့်၊ ထင်သလောက် ခရီး မပေါက် ခဲ့ချေ။
ကူကယ် ရာမဲ့ ချိန်တိုင်း၌ လင်းယွန်ထံ ပြန်လှည့်ကြည့် တက်၏။ လင်းယွန် အနေဖြင့် ဝိညာဉ် ရေးရာ ခင်းကျင်းမှု များတွင် မကျွမ်းကျင် သော်လည်း၊ မိုလင်း၏ ရူးမိုက်သော သွန်သင်မှု အောက်တွင်၊ အတွေ့ အကြုံ များစွာ စုဆောင်း ထားနိုင် ခဲ့သည်။
ထို့ကြောင့် ဆရာဖူပင် ရူရ် များနှင့် ပတ်သတ် ပါက၊ သူ့အား ယှဉ်နိုင်ခြင်း မရှိချေ။ သည့်အပြင်၊ သူ၏ စိတ်ဝိညာဉ် အမှတ် အသား ၌လည်း ကနဦး နတ်ဘုရား စွမ်းအားများ ပါရှိသည်။
သဘောထား သေးသိမ်သူ တစ်ဦး မဟုတ် သောကြောင့်၊ သူမ အကူအညီ တောင်းသည့် အခါ တိုင်းတွင်၊ အလွယ် တကူ ဖြေရှင်း ပေးမိ သည်။
ထိုသို့ အကူအညီ ပေးမှု များကြောင့်၊ သိမ်းငှက် ရဲတိုက်မှာ၊ သွေးဝံပုလွေ များထက် ဆုံးရှုံးမှု များစွာ လျော့နည်း လာ၏။
လမ်း တစ်လျှောက် အခက်တွေ့ နေသော သွေးဝံပုလွေ များကို ကြိမ်ဖန် များစွာ ကျော်ဖြတ် နိုင်ခဲ့သည်။
ယင်းကြောင့် သွေးဝံပုလွေမှာ၊ လင်းယွန် ထံသို့ မကြာခဏ ဆိုသလို စိုက်ကြည့် လာတက် သည်။
လိန်းရွှမ်းယင်၏ ဝိညာဉ် ရေးရာ အောင်မြင်မှုမှာ၊ ဆရာဖူနှင့် ယှဉ်နိုင် စရာ နည်းလမ်း မရှိကြောင်း သူ သိသည်။
လက်ရှိ အချိန် အတွက်သာ သိမ်းငှက် ရဲတိုက်နှင့်၊ ပူးပေါင်း ဆောင်ရွက် နေကြခြင်း ဖြစ်သည်။
ဤသို့ ဆုံးရှုံးမှု များစွာ ဆက်တိုက် ကြုံတွေ့ လာရ ပါက၊ အဆုံးတွင် အောက်စည်းသို့ ရောက်ရှိ သွားပေ လိမ့်မည်။
“ ရပ် ... ။ ”
လူတိုင်းက ရင်ပြင် တစ်ခု ထံသို့၊ လှမ်းတက် တော့မည့် အချိန်တွင်၊ ဆရာဖူက သွေးဝံပုလွေ မိသား စုအား ရပ်တန့်ရန်၊ အမြန် အချက်ပြ လိုက်၏။
“ အဖေ၊ ရှေ့မှာ ထူးခြားတာ တစ်ခု ရှိတယ်။ သတိ ထားပါ။ ”
လိန်းရွှမ်းယင်က မျက်မှောင် ကြုတ်လျက်၊ သတိပေး လိုက်သည်။ ရင်ပြင် ပေါ်ရှိ ဝိညာဉ် ရေးရာ အတက် အကျ လှိုင်းများကို နားမလည် သော်လည်း၊ ယင်းနှင့် ပတ်သက်ပြီး ပုံမှန် မဟုတ်ကြောင်း၊ သူ ပြောနိုင်သည်။
သို့သော် ဤသည်မှာ လမ်း အဆုံး မဟုတ်သည့် အတွက်၊ အန္တရာယ် ရှိနိုင် သော်လည်း၊ ဆက်လျှောက် ရပေမည်။
ထို့ကြောင့် လူတိုင်း ရင်ပြင်ပေါ်၊ လှမ်းတက် လိုက်ပြီးနောက်၊ လေးနက်သော အမူအရာ များဖြင့်၊ ပတ်ဝန်းကျင် အပေါ် စူးစမ်း လိုက်ကြ သည်။
သို့သော် ၎င်းတို့ မတုံ့ပြန် မီတွင်၊ ရာနှင့် ချီသော သတ္တု ပုတီးစေ့ များက ရင်ပြင် ပေါ်သို့ ရုတ်တရက် ပြုတ်ကျ ပေါက်ကွဲ လာ၏။
ပေါက်ကွဲ မှုကြောင့်၊ စူးရှသော အလင်းများ ထွက်ပေါ် လာသည်။ ထိုအလင်း များမှာ သေးငယ်သည့် ဓါးအလင်း ငယ်များ ဖြစ်ပေ၏။
ဓါး အလင်းငယ် များတွင်၊ အလွန် ထက်ရှပြီး ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲ စွမ်းအားများ ပါရှိ လေသည်။
ထို့ကြောင့် အလယ် အလတ် ယန်အဆင့်ရှိ၊ အထက် တန်းစား များစွာ၏ ဦးခေါင်းကို ဖြတ်တောက် ပစ်လိုက်၏။
“ သ တိ ထား ... ။ ”
သတိ ရှိသူ များက၊ မူလ စွမ်းအင် အလွှာကို ထုတ်ဖော်လျက်၊ လက်နက်များ အသုံး ပြုကာ၊ ထိုဓါး အလင်း များကို ဖယ်ထုတ် ပစ်လိုက်သည်။
ဤအခိုက် အတန့်တွင် လူတိုင်း၊ ခွန်အားကို ချန် မထားရဲ ခဲ့ချေ။ သွေးဝံပုလွေနှင့် သိမ်းငှက် သုံးကောင်မှာ၊ ယင်-ယန် အဆင့် ကျွမ်းကျင် သူများ ဖြစ်သောကြောင့်၊ အလွယ် တကူ ကာကွယ် နိုင်သည်။
လင်းယွန် အတွက်မူ လျှပ်စီး ချပ်ဝတ်ကို ထုတ်ဖော် လိုက်ရုံဖြင့်၊ ဓား အပိုင်း အစများ အားလုံး၊ ကွဲထွက် သွားစေ၏။
သတ္တု ပုတီးစေ့များ ကုန်ဆုံး သွားချိန် မှသာ၊ ပေါက်ကွဲ သံများ ငြိမ်သက် သွားပြီး၊ အပိုင်းပိုင်း ပြတ်တောက် နေသော အလောင်း များဖြင့် ပြည့်နှက် နေ ခဲ့သည်။
အမှန်တိုင်း ဆိုရ ပါမူ၊ ဓါးအလင်း များမှာ၊ အလယ် အလတ် ယန်အဆင့် ကျွမ်းကျင်သူ များကို၊ အန္တရာယ် မပေး နိုင်ချေ။
ကျယ်လောင်သော ပေါက်ကွဲ သံနှင့် အလင်းများ ကြောင့်သာ၊ အငိုက်ဖမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။
“ ဒီကောင်လေးနဲ့ ပတ်သက်ပြီး၊ ထူးခြားတာ တစ်ခု ရှိတယ်၊ သူ့ကို တတ်နိုင် သမျှ စောစော ရှင်းပစ် တာက အကောင်းဆုံး ပါပဲ။ ”
ဆရာဖူက သွေးဝံပုလွေကို သတိပေး လိုက်သည်။ သူ့ အဆင့် အတန်း အရ၊ ထိုစကား အပေါ် မည်သူမျှ စေဒက မတက်ချေ။
“ ဒါကို စိတ်မပူနဲ့၊ ဒီကောင်လေးကို ငါ သတိထား မိ ပါတယ်၊ သူက အလယ် အလတ် ယန် အဆင့်က အမှိုက် တစ်စပါ၊ ငါတို့ သိမ်းငှက် သုံးကောင်ကို ရင်ဆိုင်တဲ့ အခါ၊ သူ့ကို အရင် သတ်ရအောင်။ ”
အခြား တစ်ဖက်တွင် သခင် သုံးပါး သည်လည်း လင်းယွန် အပေါ်၊ အလို မကျစွာ ကြည့်လိုက် မိသည်။
“ အစ်ကိုကြီး ... ဒီကောင်လေးက၊ ပိုလို့တောင် ထူးဆန်း လာတယ်၊ အခု အချိန်ထိ သူ့စိတ်ကို ထိန်းထား နိုင်သေးတယ်။ ”
သခင် (၂)က လင်းယွန်ကို ခိုးကြည့်ကာ၊ ဆိုလိုက်သည်။ ထို့ကြောင့် အခြားသော သခင် နှစ်ပါး ကပါ၊ လင်းယွန်ထံ မယုံ ကြည်စွာဖြင့် ကြည့်မိ ကြသည်။
သခင် လိန်းက အလေး အနက် ထားဟန်ဖြင့် ခေါင်းညိတ် လိုက်ပြီး၊
“ ငါတို့ ... နောက်မှ ပြောကြ ရအောင်၊ ဝိညာဉ် ရေးရာ ရူရ်တွေ အပေါ်၊ သူရဲ့ နားလည် နိုင်စွမ်းက၊ ရွှမ်းယင်ထက် ပို အားကောင်း ပုံရ တယ်၊ အခု ထိတော့ သူက အသုံးဝင် နေတုန်း ပါပဲ။ ”
ထိုနောက် လူတိုင်း အတွေးစ များကို ဖြတ်ကာ၊ ခရီးဆက် လာကြသည်။ မကြာမီ နောက်ထပ် အဟန့် အတားဖြင့် ကြုံလာ ပြန်၏။
သူတို့ နင်းဖြတ် လာသော ကြမ်းပြင်မှာ၊ ရုတ်တရက် လှုပ်ရွ လာပြီး၊ ရူရ် များ လင်းလက် လာသည်။
ဤသည်မှာ အစီရင် တစ်ခု ဖြစ်ပြီး၊ နွယ်ပင်များ၊ ကြိုကြား ကြိုကြား ပေါက်ထွက် လာတတ်၏။
“ ဝိညာဉ် ရေးရာ ပန်းချီကား။ ”
၎င်းတို့၏ ဖမ်းဆီးခြင်း ခံရ သူတိုင်းက၊ သွေးများ ချက်ချင်း ခြောက်ခမ်း သွားလေသည်။
ဤအခြေ အနေကို ကြည့်ပြီး၊ ဆရာ ဖူက လှောင်ပြုံး ပြုံးလိုက်၏။ လက် တစ်ဖက်တွင် ဝိညာဉ် ရေးရာ ပစ္စည်း တစ်ခုနှင့်၊ အခြား တစ်ဖက်တွင် တံဆိပ် တစ်ခုကို ကိုင်ဆောင်လျက်၊ နွယ်ပင်များ အနားမကပ် နိုင်မီ၊ ဖြိုခွဲ ပစ်လိုက်သည်။
ထို့ကြောင့် သွေးဝံပုလွေ မိသားစုမှာ၊ အသေ အပျောက် နည်းလာ၏။
တစ်ဖက်တွင် လိန်းရွှမ်းယင်မှာ၊ သူ၏ နားလည်မှုကို ကျော်လွန်သွား သောကြောင့်၊ သူမကိုယ် သူမသာ ကာကွယ် နိုင်ခဲ့သည်။
လမ်းတစ်လျှောက် သိမ်းငှက် ရဲတိုက် အဖွဲ့ဝင် များသာ၊ နွယ်ပင် များ၏ ဖမ်းဆီးခြင်း ခံနေရ သည်ကို၊ သတိထား မိလာသော၊ သခင် သုံးပါးမှာ၊ မျက်နှာများ ပျက်ယွင်း သွားသည်။
ရုတ်တရက် ခြေလှမ်းများ လေးကန်လာ သဖြင့်၊ လင်းယွန်က လိန်းရွှမ်းယင်ကို ဆွဲယူ လျက်၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
မူလ နေရာ၌ နွယ်ပင် ကိုးပင် ထွက်ပေါ်လာပြီး၊ လင်းယွန်းထံ တဟုန်ထိုး လိုက်ပါ လာတော့၏။
“ ကိုယ့်ကိုယ်ကို အတင်း အကြပ်၊ ... ဖိအား မပေး ပါနဲ့။ ”
လက်ဖဝါးတွင် ရွှေရောင် မီးတောက်များ ထွက်ပေါ် လာလျက်ဖြင့်၊ လင်းယွန်က ဆိုသည်။
၎င်းမှာ သူ၏ ဝိညာဉ် အမှတ် အသား ဖြစ်သော မီးလျှံ ငှက်မွေး ရူရ် ဖြစ်၏။ လက်ကို ဝှေ့ယမ်း လိုက်သည်နှင့်၊ မီးလျှံ ငှက်မွေး ရူရ်က ပျံထွက် သွားပြီး၊ ဖီးနစ်ငှက် အသွင် ပြောင်းလဲ သွားသည်။
မီးငှက်ဖြင့် တိုက်ခိုက်ခံ လိုက်ရသော နွယ်ပင် ကိုးပင်မှာ၊ ချက်ချင်းပင် ပြိုကျ သွားသည်။ လက်အား ထပ်မံ ဝှေ့ယမ်း လိုက် သည်နှင့် ဖီးနစ် ငှက်မှာ၊ ကြမ်းပြင်သို့ ထိုးဆင်း သွား၏။
နောက်တစ် စက္ကန့်တွင် ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ ဝိညာဉ် ရေးရာ ပန်းချီ ကားကို ဖျက်ဆီးပစ် လိုက်သည်။
“ အကိုကြီးလင်း၊ မင်း ... ငါ့ အသက်ကို ကယ်ပြန်ပြီ။ ”
တစ်ဖက် လူသာ မကယ်တင် ခဲ့ပါက၊ သေဆုံး သွားပြီး ဖြစ်ပေမည်။ မြေပြင်ပေါ် ဆင်းသက် ချိန်၌ လိန်းရွှမ်းယင် အပြုံးမှာ၊ ပို၍ တောက်ပ လာ၏။
ဤသို့ အချိန်မှီ ကယ်တင် နိုင်ခြင်းမှာ၊ သူမအပေါ် လင်းယွန်၏ အာရုံများ၊ အချိန်ပြည့် ကျရောက် နေသည်ဟု၊ အဓိပ္ပါယ် ရချေပြီ။
သူမ ကြည်နူး နေသမျှ၊ သခင် လိန်းမှာ၊ ထိတ်လန့် နေချေပြီ။ လင်းယွန်သာ ကယ်တင်ခြင်း မရှိ ပါက၊ ဆုံးရှုံး မှုများ ပို၍ ကြီးမား လာနိုင်၏။
“ ဒီကောင်ပဲ ... ဖြစ်ပြန်ပြီ။ ”
သွေးဝံပုလွေ၏ မျက်ဝန်း များ၌ အေးစက်သော အလင်းနှင့်၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ ဖုံးလွှမ်း သွားသည်။
လူတိုင်း ခေါင်းကိုက် စေသော အစီရင် များကြောင့်၊ ဂူတွင်း ခရီးစဉ်မှာ မချောမွေ့ ခဲ့ပေ။ ရတနာ တစ်ခု တစ်လေ မျှပင်၊ မမြင် ခဲ့ကြ သော်လည်း၊ သေဆုံးသူ စာရင်းမှာ ထက်ဝက်ခန့် မြင့်တက် လာပြီ ဖြစ်သည်။
နှစ်နာရီ အကြာတွင် လမ်းအား ပိတ်ဆို့ နေသော ကျောက်တံခါးကြီး တစ်ချပ်ကြောင့်၊ လူတိုင်း ရပ်လိုက် ရ၏။
ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် နေပြီး၊ တံခါး တစ်ဖက် တစ်ချပ် စီ၌ ကျောက်ရုပ် တုကြီး နှစ်ခု၊ ထွင်းထု ထားသည်။
ရုပ်တု များကို မည်သူမျှ၊ ရှင်းရှင်း လင်းလင်း မမြင် ရချေ။ သခင် လိန်းက တံခါးကို ဦးစွာ တွန်းဖွင့် လိုက်၏။
တံခါး ပွင့် သည်နှင့်၊ သိမ်းငှက် ရဲတိုက်၏ ကျွမ်းကျင် သူများက၊ တွန့်ဆုတ် မနေဘဲ အတွင်းသို့၊ လှမ်းဝင် လိုက်ကြသည်။
ထိုလုပ်ရပ်ကြောင့် သွေးဝံပုလွေ မိသားစုမှာ၊ ကျိန်ဆဲလျက် အလျင် အမြန် ပြေးလိုက် သွား၏။
နောက်ဆုံးမှ လှမ်းဝင် လာသော လင်းယွန်က၊ တစ်စုံ တစ်ရာကို သတိရ သွား ဟန်ဖြင့်၊ တံခါး ‘ဝ’ ထံ ပြန်လှည့် ကြည့် လိုက်သည်။
တံခါးဝရှိ ရုပ်တု များမှာ၊ ကျောတွင် မြွေတစ်ကောင် စီကို ပိုးလွယ် ထားသော လိပ် နှစ်ကောင် ဖြစ်၏။
ထို့ထက် ပို၍ အသေးစိတ် စစ်ဆေးရန် ပြင်လိုက် ချိန်တွင်၊ ကျောက်တံခါး ရွက်ကြီးမှာ ရုတ်တရက် ပိတ်သွား ခဲ့သည်။
ထပ်မံ ကြည့်ရှု လိုသော်၊ တံခါးကို ပြန်ဖွင့် ရမည် ဖြစ်ပြီး၊ လူတိုင်း၏ အာရုံအား စွဲဆောင် မိပေမည်။
“ အဲဒီ ရုပ်တု တွေက၊ ဘာ အတွက် ... ဖြစ်နိုင် မလဲ။ ”
ရုပ်တုများ နောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိနိုင်ကြောင်း၊ သေချာပေါက် ပြောနိုင်သည်။
တံခါး ပြန်ပိတ် သွားချိန်၌ နှစ်ဖက်သော အဖွဲ့မှာ၊ ခြေလှမ်း များကို အရှိန်မြှင့် တင်လိုက် ၏။
များ မကြာမီ ရတနာ သိုက်၏၊ ပင်မ အဆောင်သို့ ရောက်ရှိ တော့မည်ဟု၊ သူတို့ ခံစား လာမိ သည်။
ရုတ်တရက် ရေစီး သံများ ကြားလာ ရသဖြင့်၊ လူတိုင်း တက်ကြွ သွားသည်။ အနည်းငယ် ဆက်လျှောက် လာပြီးနောက်၊ ပေ တစ်ရာခန့် ကျယ်သော မြစ် တစ်စင်းအား မြင်လိုက် ရ၏။
မြစ်တွင် မြူခိုးများ ဖုံးလွှမ်း နေကာ၊ ဆိုးရွားသော အနံ့ အသက် များကြောင့်၊ လူတိုင်း မျက်မှောင်ကြုတ် သွားမိသည်။
“ တံတား တစ်စင်း ... ။ ”
သွေးဝံပုလွေ မိသားစု ထံမှ တစ်စုံ တစ်ဦးက၊ မြူခိုးများ ထဲရှိ ကျောက်စိမ်း တံတား တစ်စင်းကို ညွှန်ပြ လိုက်သည်။
ထိုကျောက်စိမ်း တံတား အဆုံးတွင်၊ တံခါးတစ်ချပ် ပါရှိသော ဥမင် လမ်းကြောင်း တစ်ခု ရှိ၏။
“ သွား ရ အောင်။ ”
သွေးဝံပုလွေက သူ့လူ များကို ဦးဆောင်လျက်၊ စိတ်လှုပ်ရှား နေခဲ့သည်။ ဆရာ ဖူမှာ ကျောက်စိမ်း တံတားနှင့်၊ ပတ်သက်၍ တစ်စုံ တစ်ရာကို ခံစား နေရ သော်လည်း၊ သူ့တွင် ရွေးချယ် စရာ မရှိပေ။
တစ်ဖက်တွင် လင်းယွန် တစ်ယောက် သည်သာ၊ တည်ငြိမ်သော အမူ အရာဖြင့်၊ ရှိရာ အရပ်၌ ရပ်နေ ခဲ့၏။
ထိုသို့သော လင်းယွန်၏ အပြု အမူကို သတိပြုမိ သွားသဖြင့်၊ လူတိုင်းကို ရှေ့ မဆက် တော့ရန်၊ သခင် လိန်းက တားမြစ် လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ မြူခိုးများ အတွင်းမှ ရေစီးသံများ မြန်လာပြီး၊ ထူးခြားသော ပိုးကောင်များ ရွစိ ရွစိ တိုးထွက် လာခဲ့သည်။
ရွံ့စရာ ကောင်းသော ထိုပိုးကောင် များကို ကြည့်ကာ၊ ဦးရေ ပြားများ၊ ယားယံ လာတော့ ၏။
“ သံချပ်ကာ အလောင်းစား ပိုးကောင်။ ”
သခင် လိန်း၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။
***