အစစ်နှင့် အတု။
Vol. 46 Ch. 642
သံချပ်ကာ အလောင်းစား ပိုးကောင်မှာ၊ ကြောက်စရာ ကောင်းပြီး၊ စိုစွတ်သော ပတ်ဝန်း ကျင်၌၊ ရှင်သန် နေထိုင်ကြ လေသည်။
၎င်းတို့တွင် အနံ့ဆိုး များနှင့် အတူ၊ ထက်ရှသော သွားများ ရှိချေ၏။ ထို့ကြောင့် သာမန် စကြာဝဠာ လက်နက်များ ကိုပင် ကိုက်ဖြတ် နိုင်သည်။
သံချပ်ကာ အလောင်းစား ပိုး၊ တစ်ကောင် တည်း ဆိုပါက၊ ပြဿနာ မဟုတ်ချေ။ သို့သော် ၎င်းတို့မှာ ထောင်သောင်း ချီလျက်၊ အမြဲ လိုလို စုဝေး နေတက်သည်။
ရှေး ပဝေသဏီက မြွေ၊ ကြွက်နှင့် ပိုးမွှား များကို ထိန်းချုပ်ကာ တိုက်ပွဲ ကြသည့် မိစ္ဆာ ကျင့်ကြံ သူများ ရှိချေသည်။
ထိုသို့သော ကျင့်ကြံသူ များကို သားရဲ သခင်များ အဖြစ် လူသိ များ၏။ အသန်မာ ဆုံးသော သားရဲ သခင် များတွင်၊ သန်းပေါင်း ရာနှင့် ချီသော သတ္တဝါများ ပိုင်ဆိုင် ထားပေ သည်။
သားရဲ သခင် များ၏ အမွေ အနှစ် များမှာ၊ ပျောက်ဆုံး သွားသောကြောင့်၊ လဲ့ယန်းဇီ အနေဖြင့် သံချပ်ကာ အလောင်းစား ပိုးကောင် များကို မွေးမြူ နိုင်ဖွယ် မရှိချေ။
ထိုအလောင်းစား ပိုးကောင် များကို၊ အမျိုး အစား ခွဲခြား ထားသည်။ အသန်မာ ဆုံးသော အလောင်းစား ပိုး တစ်ကောင်တွင်၊ ရွှေရောင် ချပ်ဝတ် တစ်ထည် ပါရှိ၏။
ယင်း ချပ်ဝတ်မှာ၊ အင်ပါရီယန် တစ်ဦး ကိုပင် အခက်တွေ့ စေနိုင်သည်။ လက်ရှိ အလောင်းစား ပိုးကောင် များမှာ၊ မီးခိုးရောင် ချပ်ဝတ်များ ဖြင့်သာ ရှိနေ သောကြောင့်၊ အနိမ့်ဆုံး အဆင့် ဖြစ်၏။
သို့သော် ငြားလည်း၊ အရေ အတွက်မှာ၊ ပြဿနာ တစ်ရပ် ဖြစ်နေဆဲ ပေပင်။
“ ဒီမြစ် ထဲမှာ ရေ မရှိဘူး၊ အမှန်တော့ ဒါက သံချပ်ကာ အလောင်းစား ပိုးကောင် တွေရဲ့ တောင်ပံ ခတ်သံ တွေပဲ။ ”
သခင် လိန်းက လေးနက်သော အမူ အရာဖြင့်၊ ရှင်းပြ လိုက်သည်။
“ ကြည့်ရတာ ယင်-ယန် အဆင့် ကျင့်ကြံ သူတွေက လွဲလို့၊ ကျန်တဲ့ အထွတ် အထိပ် ယန် အဆင့် ကျွမ်းကျင် သူတွေတောင်၊ ဒီမြစ်ကို ဖြတ်နိုင်မယ် မထင်ဘူး။ ”
“ သခင်လိန်း ... ငါတို့ သေမယ်လို့ ပြောနေ တာလား။ ”
သိမ်းငှက် ရဲတိုက်၏ ကျွမ်းကျင် သူများက၊ မျက်နှာများ ဖြူဖျော့ လာကာ၊ ဤအရာကို မေးမြန်း လိုက်သည်။
သည်နေရာ အထိ ရောက်ရှိ ဖို့ရန်၊ အရမ်း ခက်ခဲ ခဲ့သည့် အတွက်၊ အခွင့် အရေးကို လက် မလွှတ် လိုသေးချေ။
“ ငါ တို့တွေ ကံကောင်းတယ်၊ ဟိုမှာ ကြည့် ... ။ ”
ကျောက်စိမ်း တံတား ပေါ်၌၊ အလောင်းစား ပိုးကောင်များ၊ ဝန်းရံ ခံနေ ရသော သွေးဝံပုလွေ မိသား စုထံ၊ သခင် လိန်းက မေးငေါ့ ပြလိုက် သည်။
ထိုမြင်ကွင်းကြောင့် သိမ်းငှက် ရဲတိုက်၏ ကျွမ်းကျင်သူ များမှာ၊ မျက်နှာများ ပြောင်းလဲ သွား၏။
သွေးဝံပုလွေ မိသားစု ထံမှ၊ တစ်ခါ တစ်ရံ ထွက်ပေါ် လာသော အော်ဟစ်သံ များက သူတို့ကို ကျောချမ်း လာစေသည်။
ခဏ အကြာတွင်၊ အလယ် အလတ် ယန်အဆင့် ကျွမ်းကျင်သူ များစွာမှာ၊ အရိုးစုများ အဖြစ် ပြောင်းလဲ ကုန်ကြ၏။
ရတနာများ အတွက် အသက် စွန့်ရန် အဆင်သင့် ဖြစ်နေပြီ ဆိုသော်လည်း၊ ဤ သို့သော သေခြင်း မျိုးမှာ၊ ရက်စက် ကြမ်းကြုတ် လွန်း လေသည်။
ရုတ်တရက်၊ သံချပ်ကာ အလောင်းစား ပိုးများ ထံသို့၊ မီးနဂါး တစ်ကောင်ပြေးဝင် သွားပြီး၊ လောင်ကျွမ်း ပစ်လိုက်သည်။
နောက်ဆုံးတွင် သွေးဝံပုလွေက၊ မီးနဂါး ချပ်ဝတ် စွမ်းအားကို ထုတ်လွှတ်ကာ၊ သူ့မိသားစု ဝင်များအား ကယ်တင် လိုက်ရ၏။
သို့သော် အလောင်းစား ပိုး များ၏၊ အရေအတွက်မှာ အလွန် များပြား သောကြောင့်၊ လူတိုင်းကို မကာကွယ် နိုင်ခဲ့ချေ။
“ ဟား ဟား ဟား ... ၊ အဲဒီ ဝံပုလွေ အိုကြီးက ငါတို့ အတွက် လမ်းရှင်း ပေးလိုက် သလိုပဲ၊ ရွှမ်းယင် ငါနဲ့ လိုက်ခဲ့ မြန်မြန် ...။ ”
သခင်လိန်းက သဘော ကျစွာ ရယ်မောလျက်၊ သူ့ သမီးအား လှမ်းခေါ် လိုက်သည်။
“ ဖေဖေ ၊ အစ်ကိုကြီး လင်းကော ... ”
လိန်းရွှမ်းယင်က လင်းယွန်ကို သတိ တရဖြင့်၊ လှမ်းကြည့် လိုက်သည်။ ယန် အဆင့်ရှိ မည်သူ မဆို၊ ဤကပ်ဘေးမှ လွန်မြောက်မည် မဟုတ်ဟု၊ သူမ အဖေက ဆိုခဲ့၏။
“ မိတ်ဆွေလေး လင်းက ...၊ ဒဏ်ရာ အနည်းငယ်တောင် မရှိ ပါဘူး၊ မင်းကိုယ် မင်းသာ စိတ်ပူ နေသင့်တယ် မဟုတ်လား ယင်အာ။ ”
သခင်လိန်းက ဖော်ရေွသော အပြုံးဖြင့်၊ ဆိုလိုက်သည်။ သို့သော် သူ့ စကားများ ကဲ့သို့ လင်းယွန် အပေါ်၊ အထင် ကြီးခြင်း မရှိ သည်မှာ အမှန်ပင်။
ယခု အချိန် အထိ လင်းယွန် ထံမှ၊ အထင်ကြီး စရာ၊ လောက်လောက် လားလား လှုပ်ရှား မှုမျိုး မမြင် ရသေးချေ။
ရူရ် များဖြင့် ပတ်သတ်သော စွမ်းရည် အချို့သာ ထုတ်ပြ နိုင်ပြီး၊ အရည် အတွက်ဖြင့် ဝိုင်းရံ ခံရ ပါက၊ ၎င်းမှာ အသုံး ဝင်မည် မဟုတ်ကြောင်း သူ သိသည်။
လဲ့ယန်းဇီ၏ ရတနာ များကို လင်းယွန်နှင့်၊ မျှဝေရန် စိတ်ကူး မရှိ သည်မှာ သဘာဝ ပေပင်။ ထို့ကြောင့် ဤနေရာ၌ သေဆုံးသွား ပါက၊ ပို၍ပင် အချိန်ကုန် သက်သာ ပေမည်။
“ သွား ရ အောင်။ ”
လင်းယွန် တစ်ယောက် ပြန်မဖြေ နိုင်ခင်၊ လိန်းရွှမ်းယင် လက်ကို ဆွဲလျက်၊ ကျောက်စိမ်း တံတားပေါ် ပြေးတက် လိုက်သည်။
သိမ်းငှက် ရဲတိုက်၏ ကျမ်းကျင် သူများက လင်းယွန်ကို လျစ်လျူ ရှု လိုက်ပြီး၊ သခင်သုံးပါး နောက်သို့ ပြေးလိုက် သွားကြ၏။
လမ်းတစ်လျှောက် လင်းယွန်၏ အကြိမ်ကြိမ် ကယ်တင်ပေး မှုကို ကျေးဇူး တင်လိုခြင်း မရှိ သည်မှာ၊ ထင်ရှား လေသည်။
လိန်းရွှမ်းယင် တစ်ယောက် သာလျှင်၊ စိုးရိမ်သော မျက်ဝန်း များဖြင့် မကြာခဏ ဆိုသလို၊ ပြန်လှည့် ကြည့်လာ တတ်၏။
အလျင် အမြန် ထွက်ခွာ သွားသော လူအုပ်ထံ ကြည့်ပြီး၊ လင်းယွန် တစ်ယောက် သက်ပြင်း ချလိုက်သည်။
အမူ အရာ ပြောင်းလဲခြင်း မရှိ သော်လည်း၊ လိန်းရွှမ်းယင်ထံ အကြည့် အရောက်တွင်၊ အနည်းငယ်သော သံသယများ ဝင်ရောက် လာခဲ့သည်။
ဤခရီးမှာ အန္တရာယ် များလှ ပေ၏၊ ထို့ကြောင့် အသက်ပေါင်း များစွာကို စတေး ခဲ့ရ သည်။
ဖခင် တစ်ဦး အနေဖြင့်၊ ထိုမျှ အန္တရာယ် များသော အရပ် ဆီသို့၊ သမီး တစ်ယောက်အား ဆွဲခေါ် ရက်မည်ဟု မထင်ချေ။
ထူးဆန်း သည်ဟု သူ ထင်၏။ ထို့ကြောင့် သခင် သုံးပါးတွင် ကြီးမားသော လျှို့ဝှက်ချက် အချို့ ရှိနေ ရပေမည်။
တံတား အရှည်မှာ ပေတစ်ရာ မျှသာ ရှိသော်လည်း၊ လူများစွာ၏ အသက်အား နှုတ်ယူ နေသည်။
အချိန် အနည်းငယ် ကြာပြီးနောက်၊ သွေးဝံပုလွေနှင့် ဆရာ ဖူက တံတား အဆုံးသို့၊ ဦးစွာ ရောက်ရှိ သွား၏။
သူတို့ နောက်တွင် သခင် သုံးပါးက၊ တစ်ဦးကို တစ်ဦး အကာ အကွယ် ပေးလျက်၊ ကပ်လိုက် လာသည်။
ကျန်သူ များမှာ၊ အထွတ် အထိပ် ယန် အဆင့်၊ ကျွမ်းကျင် သူများ ဖြစ်ကြ သော်လည်း၊ အလောင်းစား ပိုးများ၏ အဆက် မပြတ် တိုက်ခိုက်မှု များကြောင့်၊ ခရီး မတွင် ကြချေ။
“ ခွေး တိရစ္ဆာန်တွေ ...။ ”
“ အား ... ငါကို ကယ်ပါ။ ”
“ သတ် ... ။ ”
ငရဲပွက် သွား သကဲ့သို့ လူတိုင်း အော်ဟစ်လျက်၊ ပိုးကောင် မြစ်ထဲ ပြုတ်ကျ ကုန်ကာ၊ စားသောက် ခံနေ ရသည်။
အဆုံးတွင် သွေးဝံပုလွေ မိသားစုဝင်၊ ခြောက်ဦးနှင့်၊ သိမ်းငှက် ရဲတိုက်မှ ကျွမ်းကျင်သူ ခုနစ် ဦးသာ၊ တစ်ဖက် ကမ်းသို့ ရောက်ရှိ သွား၏။
လူ ငါးဆယ် နီးပါး ဖြတ်ကူး လာကြ သော်လည်း၊ ယခု အခါ အနည်းငယ် မျှသာ ကျန်ရစ် ခဲ့တော့သည် ။
သူ့ နောက်မှ ကပ်လိုက် လာသော သခင် သုံးပါးကို ကြည့်ပြီး၊ သွေးဝံပုလွေ တစ်ယောက် ဒေါသ ထွက်လာ၏။
လမ်းတစ်လျှောက် ဆရာ ဖူကြောင့်၊ သူ၏ သွေးဝံပုလွေ မိသားစုမှာ၊ အသေ အပေျာက် နည်း ခဲ့သည်။
ယခုမူ ၎င်းတို့ အင်အားမှာ၊ သိမ်းငှက် ရဲတိုက် ထက်ပင်၊ နိမ့်ပါး လာရပြီ ဖြစ်၏။
“ ငါတို့ ထပ်တွေ့မယ်။ ”
မြစ်ထဲမှ တွားသွား တက်လာသော သံချပ်ကာ၊ အလောင်းစား ပိုးကောင် များကြောင့်၊ သွေးဝံပုလွေမှာ၊ ဝေးရာသို့ ပြေးလွှား လိုက်ရသည်။
“ မင်းကို ကြောက်လိမ့် မယ်လို့ ... ၊ ထင်နေ လား။ ”
သခင်လိန်းက နောက်နား ဆီမှ၊ ပြန်လည် အော်ဟစ် လိုက်၏။ လိန်းရွှမ်းယင် မှာမူ၊ စိုးရိမ် ပူပန်သော အမူအရာဖြင့်၊ အကြိမ်ပေါင်း များစွာ နောက်ပြန်၊ ကြည့်နေ မိသည်။
လင်းယွန် အခြေ အနေကို သိချင် ခဲ့သော်လည်း၊ သခင် နှစ်ပါး၏ အတင်း အကြပ် ဆွဲခေါ်ခြင်း ခံလိုက် ရ၏။
နှစ်ဖွဲ့ စလုံးက အလျင်စလို ထွက်ခွာ သွားသောကြောင့်၊ ဥမင် တံခါး ဘေးရှိ ရုပ်တု နှစ်ခုကို သတိ မထားမိ ကြချေ။
အချိန် အတော် ကြာပြီး နောက်တွင်၊ မရေတွက် နိုင်သော သံချပ်ကာ အလောင်းစား ပိုးကောင် များကြား၊ လင်းယွန် တစ်ယောက် ဖြတ်လျှောက် လာ၏။
သံချပ်ကာ အလောင်းစား ပိုးကောင် များက၊ သူ့ခန္ဓာ ကိုယ်နှင့် ထိတွေ့ လိုက်သည့် အခိုက်တွင် မီးပွားများ ပွင့်ကာ၊ လွင့်စင် ကုန်သည်။
ထို့ကြောင့်ပင် လေညှင်းခံ ထွက်နေ သကဲ့သို့၊ လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ကျောက်စိမ်း တံတားအား ဖြတ်လျှောက် လာ၏။
“ ဒီချပ်ဝတ်က ငါ ထင်တာထက် ... ၊ ပို အသုံးဝင် နေပါလား။ ”
လျှပ်စီး ချပ်ဝတ်မှာ ခရီး တစ်လျှောက်လုံး သူ့ အသက်ကို အကြိမ်ကြိမ် ကယ်တင် ပေးနိုင် ခဲ့သည်။
ယင်းမှာ တတိယ အဆင့်ပင်၊ မရောက် သေးပေ။ တတိယ အဆင့် သို့သာ ရောက်ရှိ လာပါက၊ ပို၍ အားကောင်းလာ ပေမည်။
ဥမင်ဝ ရောက်သည်နှင့်၊ ရုပ်တု နှစ်ခုရှေ့ ရပ်ကာ၊ မော့ကြည့် လိုက်၏။ ယခု တစ်ကြိမ်၌ ရုပ်တု များမှာ၊ နဂါး နှစ်ကောင် ဖြစ်လေသည်။
နောက်ပြန် လှည့်ကြည့် လိုက်ချိန်၌၊ သံချပ်ကာ အလောင်းစား ပိုးကောင် များမှာ၊ ရုပ်တု နှစ်ခုထံ မချဉ်းကပ် ဝံ့ဘဲ၊ ကြောက်ရွံ့ နေပုံဖြင့် ရပ်တန့်သွား ကုန်သည်။
ထို့နောက် သခင်လိန်း လက်ဖြင့် ပုတ်ခဲ့သော၊ ကျားရုပ် များကို ပြန်သတိ ရသွားသည်။
တစ်ချိန် တည်းမှာပင်၊ ဖန်းဝမ်နှင့် ဆရာ ဂူတို့ သည်လည်း၊ ဒုတိယ တံခါး ထံသို့ ဖြည်းညှင်းစွာ ရောက်ရှိ လာသည်။
အလံငယ် ခရိုင်၏၊ အသန်မာ ဆုံးသော ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး အနေဖြင့်၊ တံခါးဘေး နှစ်ဖက်ရှိ၊ ရုပ်တု နှစ်ခုအား သတိထား မိသွားသည်။
အချိန် အတော်ကြာ စိုက်ကြည့် လိုက်ပြီးနောက်၊
“ တကယ် ထူးဆန်းတယ်၊ ဒီရုပ်တု နှစ်ခု လုံးမှာ၊ ဝိညာဉ် တံဆိပ် ရိုက်နှိပ် ထားတယ်၊ ကြည့်ရတာ ဒီတံဆိပ် တွေက ...၊ ရတနာ သိုက်နဲ့ ချိတ်ဆက် နေပုံပဲ။ ”
ဝိညာဉ် ရေးရာ တံဆိပ် ဆိုသည်မှာ၊ ဝင်ပေါက် တစ်ခုကို ဖွင့်ရန် 'သော့' ဖြစ်သည်။ ထို့ကြောင့် အစီရင်များ ဖြေရှင်း ရာတွင်၊ ၎င်း 'တံဆိပ်' များကို အသုံးပြု ရခေျမည်။
ဖန်းဝမ်က ရုပ်တု နှစ်ခုကို တစ်ချက်ကြည့် လိုက်ပြီး၊
“ ရုပ်တုက နှစ်ခု၊ တံဆိပ် ကလည်း နှစ်ခု၊ ဒါဆို ... 'တံဆိပ်' မှာ အစစ်နဲ့ အတု ရှိတယ်လို့ မင်း ပြောချင် တာလား ...၊ အတုကို ထိရင် ဘာဖြစ် နိုင်လဲ။ ”
“ ကြောက်စရာ ကောင်းတဲ့ အရာ တစ်ခု ဖြစ်လာကောင်း ဖြစ်လာ နိုင်ပါတယ်၊ ဒါကို ရှေ့ လူတွေက ပိုသိမယ် ထင်တယ်။ ”
ဆရာ ဂူက ပြုံးကာ ပြန်ဖြေ လိုက်သည်။
“ အစစ်နဲ့ အတုကို ခွဲခြားဖို့၊ မင်း အချိန် ဘယ်လောက် ယူရ မလဲ။ ”
“ နှစ်နာရီ ... ။ ”
ဆရာဂူက ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေ သည်။
“ ငါ တို့မှာ အချိန်သိပ် မရှိဘူး၊ တံဆိပ် နှစ်ခုလုံးကို အတူတူ ထိကြ ရအောင်၊ မင်းက ဘယ်ဘက် နဲ့ ငါက ညာဘက်။ ”
ညာဘက် ရုပ်တု ဆီသို့ လျှောက်လှမ်း လျက်ဖြင့်၊ ဖန်းဝမ်က ဆိုလိုက်သည်။ သို့သော် ဆရာ ဂူ၏ အမူ အရာမှာ တင်းမာ သွားပြီး၊
“ မဟုတ်ဘူး၊ မင်း ဘယ်ဘက်နဲ့ ငါ ညာ။ ”
-ဟု တုန့်ပြန် ရွေးချယ် လိုက်၏။
“ မင်း ... ဆန္ဒ အတိုင်းပဲ။ ”
ဖန်းဝမ်က ပေါ့ပေါ့ ပါးပါးပင်၊ လှမ်းလက်စ ခြေလှမ်း များကို၊ ဦးတည်ချက် ပြောင်းလဲ လိုက်သည်။
နှစ်ဦးသား လက်ဖဝါးဖြင့်၊ တံဆိပ် များထံ ပြိုင်တူ ဖိကပ် လိုက်ပြီး၊ ဝိညာဉ် စွမ်းအင်များ ပို့လွှတ် လိုက်သည်။
နောက် တစက္ကန့်တွင် ဆရာဂူ၏၊ လက်မောင်းမှာ အသားစများ အဖြစ် ချက်ချင်း ပေါက်ကွဲ သွားသည်။
“ ငါ့ လက် ... အား ။ ”
ပျောက်ဆုံး သွားသော လက်မောင်းကို ကြည့်ပြီး၊ နာကျင် မှုကြောင့် ကျယ်လောင်စွာ အော်ဟစ် လိုက်၏။
၎င်းဖြစ်ရပ်ထံ လှမ်းကြည့်ပြီး၊ ဖန်းဝမ် တစ်ယောက် သူကိုယ်သူ ကံကောင်း သွား သည်ဟု တွေးလိုက် မိသည်။
“ ဆရာဂူ ...၊ အချိန်ဖြုန်း မနေ နဲ့တော့၊ သွားကြ ရအောင်၊ လဲ့ယန်းဇီမှာ သွေးသိမ်းငှက် လို့ခေါ်တဲ့၊ ရတနာ တစ်ခုတယ်၊ ... ”
“ ... ငါသာ မမှားရင်၊ ဒါက ယန္တရား လက်တစ်ဖက်ပဲ၊ မင်းရဲ့ ပြတ်သွားတဲ့ လက်မောင်းထက် ပို ကောင်းမှာ သေချာ ပါတယ်၊ ဒါကြောင့် မင်း ကံကောင်း တယ်လို့ မှတ်ယူ လို့ ရတယ်။ ”
ဖန်းဝမ် စကားကြောင့်၊ ဆရာဂူမှာ လည်ချောင်းမှ သွေးများ ပျို့တက် လာသည်။ သို့သော် သူ့၌ ရွေးချယ် စရာ ရှိလျှင်ပင်၊ ယန္တရား လက်ကိုသာ ရွေးချယ်မိ ပေမည်။
***