← Chapters

ဝိုင် မပါသော ဝိုင်ခွက်။

Vol. 46 Ch. 644

ဝိုင် မပါသော ဝိုင်ခွက်။

Vol. 46 Ch. 644

သွေးဝံပုလွေနှင့် သခင် လိန်းမှာ၊ သာမာန် ကနဦး ယင်-ယန် အဆင့်၊ ကျွမ်းကျင် သူများ မဟုတ်ချေ။

သွေးဝံပုလွေ၌ မီနဂါး ချပ်ဝတ် ရှိပြီး၊ သခင်လိန်း သည်လည်း သူ့ခွန်အား အပေါ်၊ တစ်ချိန်လုံး ဖုံးကွယ် ထားပေသည်။

ထို့ကြောင့် သွေးတောင်ပံ ခန်းမ အကြီးအကဲ သုံးဦး ထက်ပင် ပို၍ ရင်ဆိုင်ရ ခက်ခဲ နိုင်မည်။

ယင်းအပြင် အနီး ပတ်ဝန်းကျင်၌၊ အခြားသော ယင်-ယန်အဆင့် ကျွမ်းကျင်သူ နှစ်ဦး ရှိနေပြန် သေး၏။

၎င်းအင်အား အရ၊ အလယ် အလတ် ယန် အဆင့်ရှိ ပုရွက်ဆိတ် တစ်ကောင်အား၊ သတ်ရန် လွယ်ကူ သင့်ချေသည်။

သို့သော် လင်းယွန်ရှိ ဝိညာဉ် ရေးရာ တံဆိပ်ကို သိမ်းပိုက် ခြင်းသည်၊ အရာ အားလုံး အတွက် ပို၍ အရေး ကြီးလှ၏။

သွေးဝံပုလွေနှင့် သခင်လိန်းတို့ အားယူ နေသည်ကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။

“ မင်း က ... ၊ သေမင်းကို တောင်းတ နေတာပဲ။ ”

သွေးဝံပုလွေက ရယ်လျက် သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်သည်။ အဆုံး မရှိ မီးလျှံများ၊ ချပ်ဝတ် ထံမှ ထွက်ပေါ် လာ၏။

ရိုးရှင်းသော တိုက်ခိုက်မှု တစ်ခုဟု ထင်ရသော်လည်း၊ စွမ်းအားမှာ ကြောက်စရာ ကောင်းချေ သည်။

လက်ဝါး နည်းစနစ် များမှာ၊ လက်သီး နည်းစနစ် များထက် ပေါက်ကွဲအား နည်းသော ကြောင့်၊ လူကြိုက် နည်းလှ၏။

သို့သော် သွေးဝံပုလွေမှာ လက်သီးနှင့် လက်ဖဝါး နည်းစနစ် များကို အပြည့် အဝ ပေါင်းစပ် ထားသည်။

လက်ဖဝါးကို ဆုပ်ကိုင်လိုက် ချိန်၌၊ မီးလျှံများ ထံမှ၊ ကျယ်လောင်သော ဟောက်သံ နှင့် အတူ၊ နဂါး တစ်ကောင် အဖြစ် ပေါင်းစပ် သွား၏။

“ မ လုပ် နဲ့။ ”

တုန်ယင် လာသော ကြမ်းပြင်ကို ငုံကြည့် လိုက်ပြီး၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက် လိန်းရွှမ်းယင်က အော်ဟစ် သည်။

သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော အသွင် အပြင်ကို လင်းယွန်က လျစ်လျူရှု ထား၏။

ဤလမ်းကို ရွေးချယ် ပြီးနောက်၊ ပြိုင်ဘက်များ အပေါ်၊ ရင်ဆိုင်ရန် သဘာဝ အလျောက် ယုံကြည်မှု ရှိချေသည်။

“ အချိန် ကိုက်ပဲ၊ သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု။ ”

ညာလက်၌ တံဆိပ်ကို ဖန်တီး လိုက်ပြီး၊ သတ်ဖြတ် လိုသော ရောင်ဝါအား ထုတ်ဖော် လိုက်ချိန်တွင်၊ ငရဲ နတ်ဘုရား တပါး ကဲ့သို့ ထင်းမှား မိလာ၏။

မီတာ တစ်ရာ အတွင်း သတ်ဖြတ် လိုသော ရည်ရွယ်ချက် များက၊ သမုဒ္ဒရာ တစ်စင်းလို လှိုင်းထ လာသည်။

သွေးဝံပုလွေ သည်ပင်၊ ထိုနယ်မြေ အတွင်း လှုပ်ရှားမှုများ နှေးကွေး လေးလံ လာ သဖြင့်၊ မျက်မှောင်ကြုတ် လိုက်မိ၏။

“ လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”

လင်းယွန်က သတ်ဖြတ်ခြင်း တံဆိပ်ကို လက်သီးဖြင့် ပေါင်းစပ် ပစ်လိုက်သည်။

ထို့နောက်တွင် လေထု အလယ်၌၊ ထိပ်တိုက်တွေ့ဆုံ သွားပြီး၊ ပြန်လည် တွန်းကန် အားကို အသုံး ချကာ၊ သခင် လိန်း၏ တိုက်ခိုက်မှု အပေါ်၊ ရှောင်တိမ်း နိုင်လိုက်သည်။

၎င်းတို့၏ ပိတ်ဆို့ မှုကို ကျော်ဖြတ် ရာ၌၊ ဒဏ်ရာ အချို့သာ ရရှိ သွားသော လင်းယွန်ထံ အလို မကျစွာ မော့ကြည့် မိ၏။

“ ဒီ ကောင် …။ ”

ထိုမြင်ကွင်းက ကျန်လူ များကို အံ့သြသွား စေသည်။ သွေးဝံပုလွေ၏ လက်ဝါးကို ရင်ဆိုင် ရာ၌၊ ဒဏ်ရာ အနည်း ငယ်သာ ရရှိ ခဲ့ခြင်းမှာ၊ မယုံနိုင် စရာ ပေပင်။

“ သူ့ ကို တား ... ။ ”

သူ၏ ပိတ်ဆို့ မှုအား ဖြတ်ကျော် သွားသည်နှင့်၊ သခင် လိန်းက စိုးရိမ် တကြီး အော်ဟစ် လိုက်သည်။

ကျန် သခင် နှစ်ပါးက ချက်ချင်းပင် လှုပ်ရှား လာပြီး၊ လင်းယွန်ထံ ခုန်ဝင် သွား၏။ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လွတ်မြောက် နိုင်ဖွယ် ရှိသော လမ်းကြောင်း တိုင်းကို ပိတ်ဆို့ ပစ်လိုက် သည်။

သူတို့ နှစ်ဦး အနေဖြင့်၊ ကနဦး ယင်-ယန် အဆင့်တွင် ရှိနေ သော်လည်း၊ သခင် လိန်းနှင့် သွေးဝံပုလွေထက် များစွာ အားနည်း လေသည်။

ထို့ကြောင့် သူ့အား ဟန့်တားနိုင် လိမ့်မည်ဟု၊ မြင့်မြင့် မားမား တွေးယူ နေကြ သည်မှာ၊ ရယ်စရာ ကောင်းလှ ချေပြီ။

“ သတ် ဖြတ် ခြင်း လက်သီး ခုနစ်ချက် — ခိုကိုး ရာမဲ့ စေသော လက်သီး၊ ပဲ့တင် ထပ်ခြင်း။ ”

လင်းယွန်က ကောင်းကင်သို့ ခုန်တက် သွားပြီး၊ လက်သီး နှစ်ချက်ဖြင့် ပြန်လည် ထိုးချ လိုက်သည်။

ထို့နောက်တွင်၊ အဆုံး မရှိသော လှိုင်းလုံးများ ကဲ့သို့၊ သတ်ဖြတ် လိုသည့် ရည်ရွယ် ချက်များ ထွက်ပေါ် လာသည်။

သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု၏ အငွေ့ အသက်ကို အားကိုးပြီး၊ ယင်-ယန် အဆင့် သက်ကျား အိုကြီး နှစ်ဦး အပေါ်၊ အသာစီး ရယူ ထားနိုင်သည်။

နှစ်ဖက် ထိပ်တိုက် တွေ့ဆုံ သွားကြ ပြီးနောက်၊ သခင် နှစ်ပါးမှာ ပြန်လည် လွင့်စင် သွားရ၏။

“ မ ဖြစ် နိုင် ဘူး။ ”

ထိုမြင်ကွင်းကြောင့် သခင် လိန်းနှင့်၊ သွေးဝံပုလွေမှာ၊ သူတို့ နှစ်ဦးကို ဖြတ်ကျော် စဉ်က ထက်ပင်၊ ပို၍ တုန်လှုပ် လာသည်။

အလယ် အလတ် ယန် အဆင့်မှ၊ တစ်စုံ တစ်ဦး အနေဖြင့်၊ ကနဦး ယင်-ယန် အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို၊ အမှန် တကယ် တွန်းထုတ် နိုင်ခဲ့သည်။

ဤလူငယ်၏ အမည်မှာ၊ တိမ်နဂါး အဆင့်၌ပင် မရှိ ဟူသော သတင်း စကား အပေါ်၊ သံသယ ဝင်တော့၏။

လင်းယွန်က ပြုံးလိုက်သည်။ ‘မီးစာကုန် ဆီခန်း’ နေသည့်၊ ဤအဘိုးကြီး နှစ်ဦးအား၊ ချေမှုန်း နိုင်ခြင်း မရှိ ပါက၊ သူ့ ကြိုးစားမှုများ အားလုံး မြောင်းထဲ ရောက်သွား ပေလိမ့်မည်။

“ ဟိတ် ... ။ ”

မြေပြင် ပေါ်သို့ ဆင်းသက် ပြီးသည်နှင့်၊ ကြမ်းပြင်အား စောင့်နင်းကာ၊ နဂါး ပန်းချီထံ ဦးတည် လိုက်၏။

သခင်လိန်း သို့မဟုတ် သွေးဝံပုလွေ၊ မည်သူပင် မဆို၊ ကိုင်တွယ် ဖြေရှင်းရန် မလွယ်ကူ သဖြင့်၊ (၆၀%)သာ နိုင်ချေ ရှိ၏။

ထို့ကြောင့် အနိုင်ရ ချိန်တွင်၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ နိုင်မည့် အပြင်၊ ဝှက်များစွာ ကိုလည်း ထုတ်ဖော် ရပေမည်။

ပင်မ ခန်းဆောင်သို့ မရောက်ရှိ သေးသောကြောင့်၊ ဝှက်ဖဲ များကို ထုတ် မပြ ချင် သည်မှာ၊ သဘာဝ ပေပင်။

သည့်အတွက် ၎င်းတို့ဖြင့် ထိပ်တိုက် မတွေ့ဆုံ မိရန်၊ ဆုံးဖြတ် ထားပြီး ဖြစ်သည်။ သို့သော် နဂါးပန်းချီ ကားနှင့်၊ နီးကပ် လာချိန်၌၊ သူ့ရှေ့ ပုံရိပ် တစ်ရိပ် ရုတ်တရက် ထွက်ပေါ် လာ၏။

၎င်း လူရိပ်မှာ ဆရာဖူ ဖြစ်သည်။ ဆရာဖူ အနေဖြင့်၊ လမ်းတလျှောက် လင်းယွန် အပေါ် အာရုံစိုက် ခဲ့ပြီး၊ အခွင့်အရေး ရပါက၊ လက်နှေး နေမည် မဟုတ်ချေ။

“ ဟဲ ... ဟဲ၊ မင်း ငါ့ကို မမျှော်လင့် ထားဖူး မဟုတ်လား၊ ဒီကနေ မင်း ထွက်သွားဖို့၊ အိမ်မက် မက်မနေ နဲ့။ ”

စကားဆုံး သည်နှင့်၊ သူ့ ပတ်ဝန်းကျင်၌ ဝိညာဉ် ရေးရာ ရူရ်များ ပျံသန်း လာပြီး၊ သိပ်သည်းသော အရှိန်အဝါများ ထွက်ပေါ် လာသည်။

သို့သော် လင်းယွန်မှာ ရုတ်တရက် တိုး၍ မြန်လာပြီး၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ်အား ချန်ရစ် လိုက်၏။

“ ထွက် သွား ...။ ”

‘ဖြောင်း ခနဲ’ ပါးရိုက် လိုက် သံနှင့်အတူ၊ ဆရာဖူ တစ်ယောက်၊ ချက်ချင်း လွင့်စင် သွားသည်။ ပါးစပ်မှ သွေးနှင့် သွားများ၊ အန်ကျ လာပြီး၊ ဝက်ခေါင်း ကဲ့သို့ ရောင်အန်း လာ၏။

မိုလင်းပင် ရူရ် များဖြင့်၊ သူ့အား အငိုက် မဖမ်း နိုင်လေရာ၊ ဤဆရာဖူ ဆိုသော သူမှာ၊ သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲ နေချေပြီ။

ဒယိမ်းဒယိုင်နှင့်၊ ပြန်ထရပ် လာသော ဆရာဖူကို ကြည့်ပြီး၊ အေးစက်သော လေသံဖြင့်၊

“ မင်းလို အမှိုက် တစ်စကို၊ ငါလည်း ... ပါးရိုက်ချင် နေတာ ကြာပြီ။ ”

“ မင်း ... ။ ”

လင်းယွန်၏ စကား များက ဆရာ ဖူအား၊ ပါးရိုက် ခံရ သည်ထက်၊ ပို၍ နာကျင် သွားစေ၏။

ရုတ်တရက် အန္တရာယ် ရှိသော ခံစားချက်များ ဝင်ရောက် လာသောကြောင့်၊ အချိန်ဖြုန်း မနေ တော့ဘဲ၊ ရိပ်ခနဲ ပြေးထွက် လိုက်၏။

ဤမျှ လွယ်လွယ်ဖြင့်၊ သူ့အား ဟန့်တား နိုင်လိမ့် မည်ဟု၊ ထင်နေ သည်မှာ သနား စရာ ပေပင်။

ရွှေကျီးကန်း တံဆိပ် ပွင့်လာပြီး၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းအား၊ ကန့်သတ်ချက် အထိ တွန်းတင် လိုက်၏။

ထို့ကြောင့် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲလျက်၊ မူလ နေရာမှ ချက်ချင်း ပျောက်ကွယ် သွားသည်။

ထိုနေရာသို့ သခင်လိန်းနှင့် သွေးဝံပုလွေ ရောက်ရှိ လာချိန်၌၊ ပန်းချီ ကားပေါ် လက်တင် ထားသော လင်းယွန်၏ ပုံရိပ် ကိုသာ၊ လှမ်းမြင် လိုက်ရ သည်။

ပန်ချီကား အသက်ဝင် လာပြီး၊ ၎င်းထံမှ အပြာရောင် အလင်းများ၊ လင်းယွန်ပေါ် ပြိုကျ လာလေသည်။

တစ်ချိန်တည်း မှာပင်၊ နောက်မှ လိုက်လာသော သွေးဝံပုလွေနှင့် သခင် လိန်းက၊ ပန်းချီ ကားပေါ် လက်လှမ်း လိုက်၏။

သို့သော် လင်းယွန်အား ဖမ်းဆုပ် နိုင်ခြင်း မရှိ တော့ဘဲ၊ ပေါက်ကွဲသံ များနှင့် အတူ၊ ပန်းချီကား တစ်ချပ်လုံး မှိန်ကျ သွားလေသည်။

“ သေ စမ်း ... ။ ”

ပုရွက်ဆိတ် တစ်ကောင်ကို လက်လွှတ် လိုက်ရ သည့်အတွက်၊ သခင်လိန်း မျက်နှာမှာ မည်းမှောင် လာသည်။

“ မင်း ... ငါနဲ့ ထပ်မတွေ့ မိဖို့ ဆုတောင်း ထားပါ။ ”

သွေးဝံပုလွေမှာ ပန်းချီကား ပေါ်ရှိ၊ လက်ဖဝါးကို ဖယ်လျက်၊ အရှက်ပြေ ကြုံးဝါး ပစ် လိုက်၏။

ပြီးနောက် သူနှင့် သက်ဆိုင်သော ပန်းချီကားချပ် ထဲသို့၊ တိုးဝင် ပျောက်ကွယ် သွားသည်။

“ မြန်မြန် သွားရအောင်၊ ရတနာ တွေကို လက်မလွှတ် စေနဲ့။ ”

သခင်လိန်း သည်လည်း၊ လိန်းရွှမ်းယင်နှင့် သခင် နှစ်ပါးအား ဦးဆောင်ကာ၊ ကျားဖြူ ပန်းချီကား ထဲသို့ လှမ်းဝင် လိုက်သည်။

အားလုံး ပျောက်ကွယ် သွား ပြီးနောက်၊ နန်းတော်မှာ ပြန်လည် တိတ်ဆိတ် သွားတော့ သည်။

သို့သော် အချိန် နည်းငယ် အကြာတွင်၊ နန်းတော် တံခါး ပြန်ပွင့် လာကာ၊ ဖန်းဝမ်နှင့် ဆရာ ဂူတို့ နှစ်ဦး ထပ်မံ လှမ်းဝင် လာ၏။

“ အသူရာ နဂါး၊ ကျားဖြူနဲ့ မီးငှက် … ၊ ကြည့်ရတာ လူ သုံးယောက် ရှိပုံပဲ၊ နောက်တစ်ယောက်က ဘယ်သူ ဖြစ် နိုင်မလဲ။ ”

ဆရာ ဂူက သံသယ မျင်ဝန်း များဖြင့်၊ ရေရွတ် လိုက်၏။ နောက်ဆုံး ရုပ်ထု ထံသို့ အရောက်တွင်၊ တစ်စုံ တစ်ယောက် ယူဆောင် သွားပြီ ဖြစ်ကြောင်း သိရှိ လိုက် ရသည်။

ဝိညာဉ် ရေးရာ တံဆိပ် များမှာ၊ လျှို့ဝှက် လွန်းသောကြောင့်၊ မည်သူမျှ အလွယ် တကူ ရှာဖွေတွေ့ ရှိနိုင်မည် မဟုတ်ပေ။

“ ငါ ထင်ထားတာ ထက်တောင်၊ ပိုပြီး စိတ်ဝင် စားစရာ၊ ကောင်းလာပြီ။ ”

ဖန်းဝမ်က ပြုံးလိုက်၏။ သွေးဝံပုလွေကို ရတနာ မြေပုံ တစ်ချပ် ပေးအပ်ခဲ့ သူမှာ၊ သူကိုယ်တိုင် ဖြစ်သည်။

ထို့ကြောင့် ဤခရီးစဉ်အား သူ့ အစီစဉ် များအတိုင်း၊ လုံး၀ ထိန်းချုပ် နိုင်ပြီဟု၊ သူ ထင်မိ ခဲ့သည်။

သို့သော် လက်ရှိ အချိန်၌၊ လမ်းကြောင်းမှ သွေဖယ် လာပုံ ရ၏။ ထိုလူစိမ်းမှာ၊ သွေးမိစ္ဆာ ကျမ်း အတွက်၊ ယှဉ်ပြိုင် ချင် ပုံရသည်။

ဖန်းဝမ်၏ နုပျို လွန်းသော မျက်နှာနှင့် မလိုက် ဖက်သည့်၊ ရက်စက် ကြမ်းကြုတ် မှုများ ဖြစ်ပေါ် လာခဲ့သည်။

တစ်ဖက်တွင် ကျောက်စားပွဲ တစ်လုံးသာ၊ ထားရှိ ထားသည့်၊ အခန်းလွတ် တစ်ခန်း ထဲသို့၊ လင်းယွန် တစ်ယောက် ရောက်ရှိ လာ၏။

ကျောက်စားပွဲ ပေါ်ရှိ သေသပ် လွန်းသော ကျောက်စိမ်းခွက်ကို ကောက်ယူ လိုက်ပြီး နောက်၊

‘ ဒါက ... ၊ ဝိုင်ခွက် တစ်ခွက်ပဲ၊ ’ ဟု ဆိုလိုက် သည်။

ထို့နောက် အခန်း အတွင်း လှည့်ပတ် ကြည့်ရှု မိရာ၊ နံရံတွင် ရေးထွင်း ထားသော မြေပုံ တစ်ချပ်အား၊ သတိထား မိသွားသည်။

၎င်းမှာ ပင်မ ခန်းဆောင်ကို၊ အသေးစိတ် ပြသ ထားသော မြေပုံ ဖြစ်ချေသည်။

ပင်မ ခန်းဆောင်ကို အဆင့် သုံးဆင့် ခွဲခြား ထားပြီး၊ သွေးမိစ္ဆာ ကျမ်းမှာ၊ တတိယ အဆင့်၌၊ ရှိနေ သည်။

သို့သော် ထိုမတိုင်မီ၊ အခန်း ကိုးခန်း ရှိ၏။ အခန်းများ အတွင်း၌ လဲ့ယန်းဇီ ကျန်ရစ် ခဲ့သော ရတနာများ ရှိပေမည်။

၎င်းကို ရယူရန်၊ လွယ်မည် မဟုတ်ချေ။ အခန်း တိုင်း၌ ယန္တရားများ၊ အစီရင်များ ထားရှိ နိုင်သည်။

ဥပမာ အားဖြင့်၊ ဤအခန်းတွင် ဝိုင် ခွက်လွတ် တစ်လုံး သာရှိပြီး၊ ဝိုင်များ မရှိချေ။ ထို့ကြောင့် ဝိုင်အား ရှာရမည် ဖြစ်သည်။

“ ဒါက ... မိစ္ဆာ သိုင်းသမားတွေ လုပ်နေကျ လုပ်ရပ်မျိုး မဟုတ်ဘူး၊ ကြည့်ရတာ ... ဒီခွက်က ဝိုင်အတွက် လက်ဆောင် ပေးတာ ဖြစ်မယ်။ ”

ခွက်ကို စစ်ဆေး ပြီးနောက် ပြုံးကာ၊ မှတ်ချက်ပြု လိုက်သည်။ ယင်းမှာ လက်ဆောင် တစ်ခု မျှသာ ဖြစ်ပြီး၊ တကယ့် ရတနာကို ဝှက်ထား ချေပြီ။

မည်သို့ပင် ဆိုစေ ကာမူ၊ လူသေ တစ်ယောက်အား၊ အရှုံးပေး နိုင်စရာ နည်းလမ်း မရှိချေ။

***

All Chapters