← Chapters

လျှပ်စီး ပုတီးစေ့။

Vol. 47 Ch. 645

လျှပ်စီး ပုတီးစေ့။

Vol. 47 Ch. 645

ဥပမာ အားဖြင့်၊ ဤအခန်းတွင် ဝိုင် ခွက်လွတ် တစ်လုံး သာရှိပြီး၊ ဝိုင်များ မရှိချေ။ ထို့ကြောင့် ဝိုင်အား ရှာရမည် ဖြစ်သည်။

မျက်လုံးများ မှိတ်ချကာ၊ စိတ်ဝိညာဉ် စွမ်းအင်ကို ဖြန့်ထုတ် လိုက်၏။ ခဏ အကြာတွင် မျက်လုံးများ ပြန်ဖွင့် လာပြီး၊ ကျောက်စားပွဲထံ လှည့်ကြည့် သည်။

ကေျာက် စားပွဲခုံ ထောင့်စွန်းအား ညင်သာစွာ ခေါက်လိုက် သည်နှင့်၊ ဆွဲအံ တစ်ခု အန်ကျ လာပြီး၊ အေးစက်သော အငွေ့ အသက်များ ထွက်ပေါ် လာသည်။

အံဆွဲ ထဲ၌ ဝိုင်ပုလင်း တစ်လုံး ရှိနေပြီး၊ ၎င်းအား ဆွဲယူ လိုက်သည့် အခိုက်တွင်၊ အခန်း အတွင်း ရူရ်များ အသက်ဝင် သွားသည်။

တစ်ချိန်တည်း မှာပင် နံရံ အတွင်းမှ၊ သေးငယ်သော အပ်ငယ်များ ပျံသန်း ပြေးဝင် လာ၏။

ထို့ကြောင့် ဓားရောင်ဝါ ထုတ်လွှတ်ကာ၊ ပျံသန်း လာသော အပ်များ အားလုံးကို လေထု အလယ်၌၊ အေးခဲ ပစ်လိုက်သည်။

ထိုနောက် ဝိုင်ပုလင်းအား ဖွင့်ပြီး၊ အဆိပ်ခတ် ထားခြင်း ရှိ မရှိ စစ်ဆေးကာ၊ ဝိုင်ခွက်ထဲ ထည့်သောက် လိုက်သည်။

အတွင်း အင်္ဂါများ တစ်လျှောက် အေးစက်သော အငွေ့ အသက်များ ပျံ့နှံ့ သွား၏။

ထိုခံစားချက် အောက်တွင်၊ ခရမ်းရောင် နန်းတော်ရှိ ခရမ်းရောင် ပန်းမှာ၊ ရွှင်မြူးစွာ ယိမ်းနွဲ့ လာလေသည်။

“ မဆိုး ဘူး။ ”

ဝိုင်ပုလင်းအား သိမ်းယူ လိုက်စဉ်၊ ဆွဲအံ ထဲရှိ ရေခဲ များထံ အကြည့် ရောက်သွား၏။ ဤရေခဲ များမှာ နှစ်ပေါင်း များစွာ ရှိနေခဲ့ သောကြောင့်၊ သာမန် ရေခဲများ မဟုတ် သည်မှာ၊ သေချာ သည်။

ထို့နောက် ၎င်းအား သိမ်းယူကာ၊ ဒုတိယ အခန်း ဆီသို့ ဆက်လက် ထွက်ခွာ သွားတော့ ၏။

သူ ထွက်သွားပြီး မကြာခင် လေထု ထဲရှိ၊ အေးခဲ နေသော အပ်ငယ် များက ကျောက်စားပွဲ ပေါ်သို့ ပြုတ်ကျ သွားသည်။

၎င်း အပ်ငယ် များက၊ မာကျော လှသော ကျောက်စားပွဲ ကြီးအား၊ 'တိုးလျှိုပေါက်' တိုးဝင် သွားတော့သည်။

တစ်ချိန်တည်း မှာပင် ကျားဖြူ ပန်းချီ ကားမှ၊ ဝင်ရောက် လာသော သခင် လိန်းတို့ အဖွဲ့မှာ၊ အခန်း တစ်ခု ထဲသို့ ရောက်ရှိ လာသည်။

အစီရင်များ ထံမှ လျှပ်စီးများ ထိမှန် ခံလိုက်ရ သောကြောင့်၊ လူတိုင်း တုန်လှုပ် သွား၏။

“ မင်းက ... အမှိုက်ပဲ၊ အသုံးကို မကျဘူး။ ”

သခင်လိန်းက လိန်းရွှမ်းယင်ကို စိုက်ကြည့်ကာ အပစ်တင် ကျိန်ဆဲ လိုက်သည်။

“ မြန်မြန် ... ၊ ဒီအခန်း ထဲက ရတနာကို ရှာပါ။ ”

အခန်း တိုင်းတွင် ရတနာများ သိမ်းဆည်းထား သဖြင့်၊ ပင်မ ခန်းမသို့ သွားရာ၌ နှောက်နှေး နိုင်သည်။

ထို့ကြောင့် လိန်းရွှမ်းယင်၏ အေးစက်စက် အမူအရာကို မြင်သော အခါ၊ ဒေါသ မထွက်ဘဲ မနေနိုင် ဖြစ်ခဲ့ ရသည်။

လိန်းရွှမ်းယင် အတွက်မူ၊ သူမ အပြစ် မဟုတ် သောကြောင့် မှားသည်ဟု မခံစား ရချေ။

သတိပေး စကားများ အပေါ် လျစ်လျူရှုပြီး၊ ရတနာများ ရှာဖွေစဉ်၊ အစီရင်အား မတော်တဆ အသက်သွင်း မိခဲ့ခြင်း ဖြစ်သည်။

မီးငှက် တံခါးမှ ဝင်ရောက် လာသော သွေးဝံပုလွေနှင့် ဆရာဖူမှာ၊ တတိယ အခန်းကို ချောမွေ့စွာ ဖြတ်ကျော် နိုင်ခဲ့၏။

“ ဟဲ ဟဲ ... ၊ အခန်း တိုင်းမှာ အစီရင်တွေ ရှိတယ်၊ လင်းယွန်နဲ့ သိမ်းငှက် သုံးကောင်က ငါတို့နောက် သေချာပေါက် ကျန်ခဲ့ လိမ့်မယ်။ ”

ဆရာဖူ တစ်ယောက် ယုံကြည်ချက် ရှိသော လေသံဖြင့်၊ ပြုံးကာ ဆိုလိုက်သည်။ ထို့ကြောင့် သွေးဝံပုလွေက ကျေနပ်စွာ ခေါင်းညိတ် ပြ၏။

“ ဒါက အကောင်း ဆုံးပဲ၊ ပင်မ ခန်းဆောင်က၊ ရတနာ တွေကို ရယူ နိုင်ရင်၊ ခွန်အားကို သိသာ သာသာ မြှင့်တင် နိုင်လိမ့် မယ်။ ”

သိမ်းငှက် သုံးကောင်ကို နှိမ်နင်းရန်၊ မီးနဂါး ချပ်ဝတ် အပေါ်၊ အားကိုး ခဲ့ရ သဖြင့် ရတနာ များ၏ တန်ဖိုးအား၊ ရှင်းရှင်း လင်းလင်း နားလည် လာခဲ့သည်။

ထို့ကြောင့် သိမ်းငှက် သုံးကောင် သည်သာ၊ ဦးစွာ ရောက်ရှိ သွား ပါက၊ ရခဲသော အခွင့်အရေးများ ဆုံးရှုံး သွားမည် ဖြစ်သည်။

“ စိတ်ချ စမ်းပါ၊ ပထမ အဆင့့် ရတနာတွေ အပြင်၊ အရာ အားလုံးကို ငါတို့ ရိတ်သိမ်းနိုင် လိမ့်မယ်။ ”

သွေးမိစ္ဆာကျမ်းကို မြင်ယောင်လျက် ဆရာ ဖူက ဆိုသည်။ ပြီးနောက် တတိယ အခန်းရှိ ဝိညာဉ် ရေးရာ အခင်း အကျင်းကို ယုံကြည်မှု အပြည့်ဖြင့်၊ စစ်ဆေး လိုက်၏။

သို့သော် ချက်ချင်းပင် ကြမ်းပြင်မှ၊ ချည်နှောင်ရန် ပိုက်ကွန် တစ်ခု တိုးထွက် လာသည်။

ပိုက်ကွန် ထံမှ အေးစက်သော အငွေ့ အသက် များက၊ အရိုး ထိတိုင် ထိုးဖောက် ဝင်ရောက် လာ၏။

“ မြန်မြန် ...၊ ငါ့ကို ကူညီပါ။ ”

သခင်ဖူက ထိတ်လန့် သွား၏။ ဝိညာဉ် ရေးရာ ရူရ် များတွင်၊ ထက်မြက် သော်လည်း သိုင်းပညာရပ် ၌မူ၊ လောက်လောက် လားလား မရှိချေ။ ထို့ကြောင့် သွေးဝံပုလွေသာ မကူညီ ပါက သေဖွယ် ရှိ၏။

ထိုအချိန်တွင် လင်းယွန်မှာ၊ တရွေ့ရွေ့ လျှောက်လှမ်း နေသည်။ အခန်း တိုင်း၌ ရတနာ ရှိနေ သောကြောင့်၊ စွန့်လွှတ်ရန်၊ ဆန္ဒ မရှိချေ။

ဝိညာဉ် ရေးရာ ရူရ် များနှင့်၊ သိုင်းပညာ၌ ထူးကဲသော အောင်မြင် မှုများ အရ၊ သူ့ ခရီးမှာ ချောမွေ့ ခဲ့သည်။

လျင်မြန် စွာဖြင့် တတိယ အခန်းကို ဖြတ်ကျော် သွားပြီး၊ စတုတ္ထ အခန်းထံ ရောက်ရှိ လာ၏။

အခန်းများ အတွင်းရှိ၊ အခက်အခဲ များက မြင့်မား လာပြီး၊ ယန္တရား အစီရင်များ မှာလည်း၊ ပို၍ အန္တရာယ် များ လာသည်။

ယင်းက ရတနာများ ရယူ ရာတွင်၊ အချိန်ကုန် စေသည် ဖြစ်သော်လည်း၊ စိုးရိမ်ခြင်း မရှိချေ။

ဝိညာဉ် ရေးရာ အစီရင် သုံးခုကို ဖြတ်ကျော်ကာ၊ သတ္တမ အခန်းထဲ လှမ်းဝင် လိုက်ချိန်တွင်၊ ပတ်၀န်းကျင်မှ မီးတောက်များ လျှံတက် လာ၏။

မိုးပြာနဂါး မူလ ပုံစံကို အသက်သွင်း လိုက်သည်နှင့်၊ လျှပ်စီး ချပ်ဝတ် တစ်ထည် ထွက်ပေါ် လာသည်။

အထွတ် အထိပ် ယန် အဆင့်ရှိ တစ်စုံ တစ်ယောက် သည်ပင်၊ သတိ မထား မိပါက၊ ထိုမီးတောက် များကြောင့်၊ ပြာကျ သွားမည်မှာ သေချာ၏။

မီးလျှံ ချပ်ဝတ်ကို ထုတ်ဖော် ထားသော်လည်း၊ လင်းယွန်မှာ လွယ်ကူခြင်း မရှိ ခဲ့ချေ။ ဆယ့်ငါးမိနစ် အကြာ မီးတောက်များ ငြိမ်းသွား မှသာလျှင် ရှေ့ဆက် နိုင်ခဲ့သည်။

အခန်း ထဲရှိ ကျောက်စားပွဲ ပေါ်၌၊ အစိမ်းရောင် မှော်ဆေးလုံး တစ်လုံးအား တွေ့လိုက် ရ၏။

“ ကျောက်စိမ်းရေ ... မှော် ဆေးလုံး။ ”

ဤသည်မှာ စတုတ္ထတန်း မှော်ဆေးလုံး တစ်လုံး ဖြစ်ပြီး၊ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် ပင်လျှင်၊ ၎င်းအား သန့်စင် ရာ၌၊ အောင်မြင်မှုနှုန်း မြင့်မားမည် မဟုတ် ချေ။

လမ်း တစ်လျှောက်ရှိ၊ ရတနာ များကို ရိတ်သိမ်း နိုင်ခဲ့ ပြီးနောက်၊ လဲ့ယန်းဇီ အပေါ်၊ ပို၍ နားလည် လာခဲ့သည်။

လက်ဆောင် အဆင့် မျှသာ ရှိသော အရာများ သည်ပင်၊ ရှားပါးသော ရတနာများ ဖြစ်နေ ချေသည်။

တစ်ဖက် တွင်မူ ဆရာဖူ တစ်ယောက် ရှာဖွေရန် မလွယ် ကူသည့် ရတနာ အချို့ကို စွန့်လွှတ် လိုက်ရပြီး၊ ယုံကြည် မှုများ ပျောက်ဆုံး လာတော့၏။

ထို့ကြောင့် ၎င်းအစား အခန်း များကို ဖြတ်ကျော် ရန်သာ အာရုံ စိုက်ခဲ့ သော်လည်း၊ တိုးတက်မှု မရှိခဲ့ ပြန်ချေ။

သိမ်းငှက် သုံးကောင်မှာ ပို၍ပင် နှေးကွေး လာခဲ့သည်။ သို့သော် ၎င်းတို့ သုံးဦး ခွန်အားဖြင့်၊ လိန်းရွှမ်းယင်၏ ဝိညာဉ် ရေးရာ အားနည်း ချက်ကို၊ ဖြည့်ဆည်း ပေးနိုင် ခဲ့သည်။

ယန္တရား အစီရင် များကို ကိုယ်တိုင် တွေ့ကြုံလာ ရ သောကြောင့်၊ မဆင်မခြင် မလှုပ်ရှား ရဲတော့ဘဲ၊ လိန်းရွှမ်းယင် စကား အပေါ် နားထောင် လာမိ ကြသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ သူတို့ နှစ်ဖွဲ့မှာ လင်းယွန်အား အမီ မလိုက် နိုင်သေးချေ။ နဝမမြောက် အခန်းသို့ လှမ်းဝင် ပြီးနောက်၊ လင်းယွန် တစ်ယောက် အချိန် အတော်ကြာ ရှာဖွေ နေမိသည်။

နံရံ ပေါ်ရှိ အချက် အလက်များ အရ၊ ယခင် အခန်း ရှစ်ခန်းမှ လက်ဆောင်များ ရယူ နိုင်သူ များသာ၊ နဝမ မြောက် အခန်း၏ လက်ဆောင် ရရှိရန် အရည် အချင်း ပြည့်မီ ခေျသည်။

အသူရာ နဂါး ပန်းချီကို ရွေးချယ် ခဲ့ခြင်းကြောင့်၊ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်သည့်၊ မိုးပြာ နဂါး လက်သီး နည်းစနစ်ကို ရရှိ နိုင်မည် ဖြစ်၏။

သို့သော် ၎င်းအား ရယူ လိုပါက၊ အခန်း အတွင်းရှိ အစီရင် များကို ဖြေရှင်းရန် လိုအပ် နေသေး သည်။

လင်းယွန် တစ်ယောက် လျင်မြန်စွာ ဖြတ်သန်းနိုင် သည်ဟု ဆို နိုင်သော်လည်း၊ အမြန်ဆုံး မဟုတ် ခဲ့ချေ။ ဆရာဂူနှင့် ဖန်းဝမ်မှာ၊ သူ့ထက် ပို၍ မြန်နေ လေပြီ။

ဆရာ ဂူ အနေဖြင့်၊ လက်တစ်ဖက် ဆုံးရှုံး သွားသော်လည်း၊ ဝိဉာဉ် ရေးရာ ရူရ်များ အပေါ် နားလည် နိုင်စွမ်းမှာ၊ မယုတ်လျော့ ခဲ့ချေ။

သည့်အပြင် ဖန်းဝမ်၏ ဆုံးဖြတ်ချက် အရ၊ အခန်း ကိုးခန်းရှိ လက်ဆောင် များကို စွန့်လွှတ် လိုက်ကြသည်။

ထို့ကြောင့် အခန်း ကိုးခန်းအား ဖြတ်သန်း သွားချိန်တွင်၊ လင်းယွန် တစ်ယောက် အစီရင်ပေါ်၊ ဖြတ်ကျော်ရန် ကြိုးစား နေသည့် အခိုက် ဖြစ်၏။

ဖန်းဝမ်က သူ့ ရှေ့ရှိ ခမ်းနားသော နန်းတော် ကြီးထံ လှမ်းကြည့် လိုက်သည်။ နန်းတော် အလယ်၌ ကြာပန်း များဖြင့် ပြည့်နေသည့်၊ ရေကန် တစ်ကန် ရှိပြီး ကြာပန်း တစ်ပွင့် စီတွင်၊ ရတနာ တစ်ပါး ပါရှိ နေသည်။

ဤသည်မှာ 'ရတနာ တစ်ရာ ရေကန်' ဖြစ်၏။ သို့သော် ဖန်းဝမ်က ရတနာ များထံ တစ်ချက် ကြည့်ရန်၊ အနည်းငယ် ငြိမ်သက် သွား ပြီးနောက်၊ ခေါင်းယမ်း လိုက်သည်။

“ ပထမ အဆင့်ရဲ့ ... ၊ ရတနာ တွေက အမှိုက်တွေပဲ၊ တတိယ အဆင့်ကို တိုက်ရိုက် သွားရအောင်။ ”

ရည်မှန်းချက် ကြီးမား လှသဖြင့်၊ တော်ရုံ တန်ရုံ ရတနာ များက၊ သူ့အား ဆွဲထား နိုင်မည် မဟုတ် ခေျ။

“ အမှန်ပဲ၊ ဒါတွေက သွေးမိစ္ဆာကျမ်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး၊ ပြီးတော့ သူတို့ အားလုံးကို သတ်ပစ် လိုက်ရင်၊ ဒီရတနာတွေ ငါတို့ ပြန်ရ ပါလိမ့်မယ်။ ”

ဖန်းဝမ် စကားကြောင့်၊ ဆရာဖူ တစ်ယောက် အနည်းငယ် အံ့အားသင့် သွားခဲ့ သော်လည်း၊ အမှန်ကို မြင်နိုင် ခဲ့၏။

သို့သော် ရေကန်ကို ပြန်ကြည့် လိုက်ချိန်၌၊ ရုတ်တရက် မှင်တက် သွားကာ၊

“ လျှပ်စီး ပုတီးစေ့။ ”

-ဟု အော်ဟစ်လျက် မျက်နှာ ပြောင်းလဲ သွားသည်။ ပြီးနောက် ဖန်းဝမ်ကို ပြန်ကြည့်ကာ၊

“ ဒါက မင်းဆရာ ပိုင်တဲ့ ရတနာပဲ။ ”

“ ဘာ ... ဘယ်မှာလဲ။ ”

ဖန်းဝမ် အမူ အရာမှာ၊ ဤခရီးစဉ် တစ်လျှောက် ပထမဆုံး အကြိမ် အဖြစ်၊ စိတ်လှုပ်ရှား လာတော့၏။

ကြာပန်း တစ်ပွင့် ပေါ်တွင်၊ လက်သီးဆုပ် အရွယ်၊ ခရမ်းရောင် ပုတီး စေ့ကို မြင်လိုက် ရမှ သာလျှင်၊ “ တကယ်ပဲ လျှပ်စီး ပုတီး စေ့ပဲ၊ ”-ဟု ဆိုလျက် ပြုံးလိုက် မိ၏။

“ ဆရာဂူ ... မြန်မြန်၊ ဒီ အစီရင်ကို ချိုးဖျက် ပေးပါ၊ ဒါက ... တော်ဝင် လျှပ်စီး ပုတီးစေ့ပဲ၊ ဟား ဟား ဟား ... ငါဒီမှာ လူတိုင်းကို သတ်နိုင် ပြီ။ ”

ဖန်းဝမ်က သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့် စိတ်လှုပ် ရှားစွာ ဆိုသည်။

“ မ ပူ နဲ့ ... ဟား ဟား ဟား ။ ”

ရေကန် အစပ်သို့ တိုးရပ် လိုက်ပြီး၊ ဆရာဂူ တစ်ယောက် သဘော ကျစွာ ရယ်မော လိုက် သည်။

ဖန်းဝမ်၏ ဆရာမှာ ထိုစဉ်က 'မုန်တိုင်းဓား' အဖြစ် လူသိများ ခဲ့ပြီး၊ သူ့တွင် လျှပ်စီး စွမ်းအင်များ ပါရှိသော ပုတီးစေ့ တစ်စေ့ ရှိချေ သည်။

လျှပ်စီး စွမ်းအင် ကျင့်ကြံ သူများ အတွက်၊ တိုက်ပွဲဝင် စွမ်းရည်ကို နှစ်ဆ တိုးပေး နိုင်သော ရတနာ ဖြစ်၏။

ထို့ကြောင့် လဲ့ယန်းဇီမှာ လျှပ်စီး ပုတီးစေ့ကို ခိုးယူရန်၊ 'မုန်တိုင်းဓား' နောက်သို့ အမဲလိုက် ခဲ့ခြင်း ဖြစ်သည်။

မုန်းတိုင်းဓား ထံမှ သိုင်းပညာ အမွေကို ရရှိထားသော ဖန်းဝမ်မှာ၊ ၎င်းကို သန့်စင် စရာ မလိုဘဲ၊ ချက်ချင်းပင် အသုံးပြု နိုင် သဖြင့်၊ များစွာ အကျိုး ရှိချေသည်။

ထိုအချိန်၌ သွေးဝံပုလွေနှင့် သခင်လိန်းတို့ နှစ်ဦးကို လျစ်လျူရှု နိုင်ပေမည်။

လဲ့ယန်းဇီ၏ ထိပ်တန်း ရတနာ ငါးပါး အဖြစ်၊ အဆင့် သတ်မှတ် ထားသော အဆိုပါ လျှပ်စီး ပုတီးစေ့ကို၊ ပထမ အဆင့်၌ တွေ့ရှိ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိချေ။

“ ဒါက နည်းနည်းတော့ ... ဒုက္ခ ဖြစ်လိမ့်မယ်၊ ဒီနေရာရဲ့ အစီရင်က စတုတ္ထတန်း အခင်း အကျင်းနဲ့ နှိုင်းယှဉ် နိုင်တယ်။ ”

ဆရာ ဂူက မျက်မှောင် ကြုတ်လျက်၊ ရေကန်ပေါ် ဝေ့ကြည့် လိုက်သည်။

“ အလျင် မလိုနဲ့၊ ငါတို့မှာ အချိန် ရှိတယ်၊ အခန်း ကိုးခန်းကို ဖြတ်ကျော်ဖို့ ဆိုတာ သူတို့ အတွက်၊ လွယ်မှာ မဟုတ် ပါဘူး။ ”

ဖန်းဝမ်က ပြုံးကာ နှစ်သိမ့် လိုက်သည်။ သို့သော် သူ့စကား ဆုံး သည်နှင့်၊ ကျောက်တံခါး တစ်ချပ် ပွင့်လာပြီး၊ အပြာရောင်ဝတ် လူငယ် တစ်ဦး ဖြည်းညှင်းစွာ လှမ်းဝင် လာ၏။

၎င်းလူရိပ်ကို မျက်ဝန်း ထောင့်မှ၊ မြင်လိုက် ရသောကြောင့်၊ ဖန်းဝမ် မျက်နှာ ပေါ်ရှိ အပြုံး များ၊ ပျောက်ကွယ် သွားပြီး၊ ချက်ချင်း ပြန်လှည့် ကြည့်လိုက် လေသည်။

***

All Chapters