ရတနာ တစ်ရာ ဖျက်ဆီး ခံရခြင်း။
Vol. 47 Ch. 646
ဖန်းဝမ် တစ်ယောက် အံ့အားသင့် သွားသည်ထက်၊ လင်းယွန်မှာ ပို၍ပင် အံ့သြ မိ၏။
ဤနေရာ၌ သွေးဝံပုလွေနှင့်၊ သခင် သုံးပါးသာ ရှိသည်ဟု သိရှိ ထားလေရာ၊ သူ့ရှေ့ရှိ လူငယ်ကို မျက်ခုံးပင့် ကြည့်လိုက် သည်။
ဤလူငယ်မှာ သွေးဝံပုလွေနှင့်၊ သခင်လိန်း တို့ထက်ပင် ပို၍ အန္တရာယ် များချေပြီ။
သူ့ အသက် အရွယ်ဖြင့်၊ ကနဦး ယင်-ယန် အဆင့်သို့၊ တက်လှမ်း ထားနိုင်သော အရည် အချင်း မျိုးမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ပါရမီရှင် အားလုံးကို ရှက်ရွံ့ စေပေမည်။
သို့သော် လင်းယွန်၌ စိုးရိမ်ခြင်း မရှိချေ။ သူ့တွင် ဝှက်ဖဲများစွာ ကျန်ရှိ နေဆဲ ဖြစ်ပြီး၊ ဤလူငယ်ကို မနိုင် လျှင်ပင်၊ ထွက်ပြေး နိုင်သည်။
လက်ရှိ အင်အား အရ၊ အလယ်အလတ် ယင်-ယန် အဆင့် ရှိသူ များသာ၊ သူ့ အပေါ် ခြိမ်းခြောက် နိုင်မည် ဖြစ်၏။
လင်းယွန်က နန်းတော်ကို တစ်ချက် ကြည့်လိုက်ပြီး၊ အရာ အားလုံးပေါ် ခြုံငုံ သုံးသပ် လိုက်သည်။
ဤနန်းတော်မှာ ယခင် နန်းတော်နှင့် ဆင်တူ၏။ ၎င်း နံရံတွင် နဂါး၊ ကျားဖြူ၊ မီးငှက် နှင့် လိပ်နက် တို့ပါ ရှိသော၊ ပန်းချီကား လေးချပ် ရှိသည်။
တစ်ခု တည်းသော ခြားနား ချက်မှာ၊ ရတနာများ ပြည့်နှက် နေသည့် ရေကန် တစ်ကန် ရှိနေခြင်း ဖြစ်၏။
“ မင်းက ... ငါ့ကို နည်းနည်းတော့ ကြောက်ရွံ့ သွားစေတယ်၊ အန္တရာယ် ပေးနိုင်တဲ့ တစ်စုံ တစ်ယောက်လို့ ထင်ခဲ့ ပေမဲ့ အမှိုက် တစ်စကိုး၊ ... ”
“ ... မင်းသာ ပါးနပ်ရင် ထွက်သွား နိုင်တယ်၊ မဟုတ်ရင် သေတာထက် ပိုဆိုးတဲ့ ဝေဒနာကို ငါ ပေးမယ်။ ”
တစ်ဖက် လူမှာ အလယ် အလတ် ယန်အဆင့် တွင်သာ ရှိနေ သည်ကို မြင်လိုက် ရသဖြင့်၊ ဖန်းဝမ်က နှာခေါင်းရှုံ့ လိုက်၏။
သူ့ ခွန်အား အရ ယန်အဆင့်၊ ပုရွတ်ဆိတ် များကို စိတ် မဝင်စားချေ။ ဤနေရာသို့ ရောက်ရှိ လာသည့် အတွက်၊ လင်းယွန်တွင် အရည်အချင်း ရှိကောင်း ရှိနိုင်မည်။
သို့သော် သူ တကယ် လှုပ်ရှားချင် ပါက၊ တစ်ဖက် လူအား လက်ညှိုး တစ်ခေျာင်းဖြင့် အလွယ် တကူ နှိပ်စက် နိုင်သည်။
( ငါ့ကို လွှတ်လိုက် တာလား။ )
လင်းယွန်က ရယ်မောလို စိတ်ဖြင့် ပြုံး လိုက်၏။ ဖန်းဝမ်သာ မောင်းမထုတ် ခဲ့သော်၊ သည်နေရာမှ ထွက်သွားရန် ရည်ရွယ်ချက် ရှိချေ သည်။
ရေကန် အတွင်းတွင်၊ ရတနာ များစွာ ရှိကောင်း ရှိနိုင် သော်လည်း၊ ၎င်းကို သူ စိတ်မဝင် စားချေ။
တစ်ဖက်တွင် သူ့အား အလွယ် တကူ ရှင်းလင်း နိုင်မည်ဟု၊ ယူဆထား သောကြောင့်၊ ဤလူငယ်က ထွက်သွားရန် ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။
( စိတ်ဝင်စား စရာပဲ ... ။ )
ထို့ကြောင့် ယင်-ယန် အဆင့် ကျွမ်းကျင်သူ တစ်ဦး ကိုပင်၊ စွဲဆောင် ထားနိုင်သော ရတနာ တစ်ခု၊ ရှိနိုင် မည်ဟု သံသယ ဝင်လာ၏။
ယင်းမှာ မသေချာ လှချေ။ ထို့ကြောင့် လင်းယွန် တွေဝေ နေစဉ် မှာပင်၊ ဆိုးရွားသော အသွင် အပြင်ဖြင့်၊ သွေးဝံပုလွေ လှမ်းဝင် လာ ၏။
သူ့ နောက်တွင် ဆရာဖူ တစ်ယောက်၊ ကုပ်ကုပ် ကုပ်ကုပ်နှင့် လိုက်ပါ လာသည်။ သူတို့ နှစ်ဦး၏ လမ်းခရီးမှာ၊ မချောမွေ့ ခဲ့ကြောင်း၊ သိသာ နေပေ၏။
ဖန်းဝမ် အကြည့် များက လင်းယွန် မှတဆင့်၊ သွေးဝံပုလွေ ထံသို့ ချက်ချင်း ကျရောက် သွားသည်။
သွေးဝံပုလွေ၏ အရှိန် အဝါမှာ လင်းယွန်ထက် ပြင်းထန် နေသည်ကို ကောင်းစွာ ခံစား နိုင်၏။
“ ဖန်း ဝမ် ... ။ ”
သွေးဝံပုလွေ မျက်နှာက၊ ချက်ချင်း ပြောင်းလဲ သွား၏။ ၎င်းတို့ နှစ်ဦးမှာ တူညီသော နယ်ပယ်၌ ရှိနေ သော်လည်း၊ ဂုဏ်သတင်း အရ၊ သူ့ထက် ကျော်ကြား လေသည်။
တစ်ဖက် လူ၏ ဆရာ ဖြစ်သော 'မုန်တိုင်းဓား'မှာ၊ လဲ့ယန်းဇီကို ရင်ဆိုင် တိုက်ခိုက် ခဲ့သော၊ ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။
ထို့ကြောင့် သူ့တွင် မီးနဂါး ချပ်ဝတ် မရှိသော်၊ ဖန်းဝမ် ထံမှ လှုပ်ရှားမှု ဆယ်ကြိမ်ပင် ခံယူ နိုင်မည် မဟုတ်ပေ။
“ ဆရာ ဂူ … ။ ”
ရေကန် ဘေး၌၊ အစီရင်ကို ချိုးဖျက်ရန် ကြိုးစား နေသော အဘိုးအို တစ်ဦးအား၊ တွေ့လိုက် ရချိန်တွင်၊ ဆရာဖူ တစ်ယောက် မျက်နှာ ပြောင်းလဲ သွား၏။
“ သေ စမ်း ... ဒီအဘိုးကြီး၊ ငါတို့ ဘာလုပ် သင့်လဲ။ ”
ပျက်ပြယ် တော့မည့် အစီရင်ကို ကြည့်ကာ၊ ဆရာဖူ တစ်ယောက် စိုးရိမ် လာ၏။
“ ဟမ့် ... သူက ဖန်းဝမ် ဆိုရင်တောင်၊ ရတနာကို သူ လိုချင်တိုင်း ငါ သဘော တူမှာ မဟုတ်ဘူး။ ”
သွေးဝံပုလွေက ရေကန် ဆီသို့ လျှောက်လှမ်း နေလျက်ဖြင့်၊ ဆိုလိုက် သည်။
“ မင်း ... ငါ့နဲ့ ပြိုင်ချင် တာလား။ ”
သူ့ထံ လျှောက်လှမ်း လာသော တစ်ဖက် လူကို ကြည့်ပြီး၊ ဖန်းဝမ် တစ်ယောက် ရယ်မော လိုက် မိ၏။
သူ့ အနေဖြင့် မီးနဂါး ချပ်ဝတ်ကို ဂရုစိုက် ရချေသည်။ သို့သော် လျှပ်စီး ပုတီးစေ့သာ ရရှိခဲ့ ပါက၊ အလွယ် တကူ ချေမှုန်း နိုင်မည် ဖြစ်သည်။
ထိုအချိန် မှာပင် ကျောက် တံခါးကြီး ရုတ်တရက် ပွင့်လာကာ၊ လူလေးယောက် ထပ်မံ ဝင်ရောက် လာ၏။
အဖွဲ့ကို ဦးဆောင် လာ သူမှာ၊ သခင်လိန်း ဖြစ်ပြီး၊ သူ့နောက် ဆီ၌ ကျန်သခင် နှစ်ပါးနှင့် လိန်းရွှမ်းယင်တို့ သုံးဦး လိုက်ပါ လာသည်။
ထပ်မံ ရောက်ရှိ လာသော သိမ်းငှက် သုံးကောင်ထံ လှမ်းကြည့်ပြီး၊ ဖန်းဝမ်၏ အမူ အရာမှာ၊ လေးနက် သွား၏။
“ ဖန်းဝမ် ... မင်းဒီမှာ၊ ဘာလုပ် နေတာလဲ။ ”
သိမ်းငှက် သုံးကောင်က၊ ဖန်းဝမ်ကို မြင်လိုက် ချိန်၌ အံ့ဩ သွားလေသည်။
“ မင်းတောင် ... ၊ ဒီကို ရောက်လာ နိုင် မှတော့၊ ဘာလို့ ငါမလာ နိုင် ရမှာလဲ။ ”
ဖန်းဝမ်က တစ်စုံ တစ်ခုကို ခန့်မှန်းနိုင် ဟန်ဖြင့် ပြုံးကာ၊ သခင်လိန်း အကြည့်အား ရှောင်ထွက် သွားခဲ့၏။
ထိုနှစ်ယောက်၏ အသွင် အပြင်ကြောင့်၊ သွေးဝံပုလွေမှာ၊ ရုတ်တရက် အခြေအနေ အရပ် ရပ်ကို သဘောပေါက် လာသည်။
“ ဒါဆို ... ၊ ငါ့ကို ရတနာ မြေပုံ ပေးခဲ့တဲ့ သူတွေက၊ မင်းတို့ နှစ်ယောက်ပေါ့။ ”
မိုးကြိုး ရတနာ သိုက်တွင် မြေပုံ သုံးချပ် ရှိပြီး၊ သွေးဝံပုလွေက မြေပုံ တစ်ချပ် ရရှိ ခဲ့ သည်။ သို့သော် တိုက်ဆိုင် စွာပင် နောက် ခြောက်လ အတွင်း၊ ကျန် နှစ်ချပ်ကို ထပ်မံ ရရှိ လာ၏။
သခင်လိန်းနှင့် ဖန်းဝမ်မှာ၊ ထိုနေရာကို ထောက်လှမ်းရန် သူ့အား၊ တည်ကျက် အဖြစ် အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
“ တကယ်ပဲ ...၊ ငါက မင်းဆီကို ရတနာ မြေပုံ ပို့ပေး ခဲ့တဲ့ သူပါ၊ ဒါပေမယ့် သူလည်း ဒီလို လုပ်လာ လိမ့်မယ်လို့၊ မမျှော်လင့် ထားမိဘူး။ ”
ဤသို့ ဆိုပါက ရတနာ မြေပုံ သုံးချပ်မှာ၊ မည်သူ့ ဆီမှ လာခဲ့ သည်ကို၊ သံသယ ဝင်လာ ပြီး၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွား၏။
“ အဖေ ... သွေးဝံပုလွေ မျိုးနွယ် စုက၊ အစတည်းက သိမ်းငှက် ရဲတိုက်ကို လာခဲ့တာ၊ မဟုတ်ဖူး ဆိုတာ၊ အဖေ သိနေ တယ်ပေါ့။ ”
လိန်းရွှမ်းယင်က ထိတ်လန့် စွာဖြင့်၊ သူ့ အဖေကို ပြန်ကြည့် လိုက်သည်။ ယခု အချိန်၌ သူမ အတွက် သူစိမ်း တစ်ယောက်လို ခံစား လာရ ၏။
“ တိတ်စမ်း ... နင်နဲ့ ဘာဆိုင်လဲ၊ ဒီမှာ နာခံမှု ရှိရှိ နေပါ။ ”
သခင် လိန်းက သူ့ သမီးကို ဂရု မစိုက် တော့ဘဲ၊
“ ဒါက ဖုံးကွယ် နေစရာ ဘာမှ မရှိတော့ ပါဘူး၊ ပထမ အဆင့် ရတနာ လောက်နဲ့၊ ငါတို့ တိုက်ခိုက်ဖို့ မလိုဖူး မဟုတ်လား၊ ... ”
“ ... မင်းတို့သာ သဘော တူရင်၊ ရတနာ တွေကို၊ ခွဲဝေ ယူ ရအောင်။ ”
-ဟု ဆိုလိုက်၏။ ဖန်းဝမ်က ပြုံးကာ၊
“ အဆင်ပြေ ပါတယ်၊ ဒါပေမယ့် ... အရင်ဆုံး ငါ ရွေးမယ်။ ”
“ ငါက ဒုတိယ ... ။ ”
သွေးဝံပုလွေက ဝင်ရောက် ဆန္ဒပြု လိုက်သည်။ သခင်လိန်း တစ်ယောက် ပါးစပ် ဟစိ ဟစိ ဖြစ်သွား သော်လည်း၊ အဆုံးတွင် ခေါင်းညိတ်ကာ သဘောတူ လိုက်ရ၏။
သိမ်းငှက် သုံးကောင်မှာ၊ အရေအတွက် အရ၊ အားသာချက် ရှိပြီး၊ စွမ်းဆောင်ရည် အရ အနိမ့်ဆုံး ဖြစ်သည်။ ထို့ကြောင့် စကား ‘တစ်ခွန်းမျှ မဟ’ နိုင်ခဲ့ချေ။
လင်းယွန်အား လျစ်လျူရှုကာ၊ သုံးဦး သုံးဖက် ယာယီ ငြိမ်းချမ်းရေး ချက်ချင်း ရယူ လိုက်ကြ ၏။
ဖန်းဝမ်နှင့် ဆရာ ဂူမှာ၊ အကြည့်ချင်း ဖလှယ်ကြ ပြီးနောက်၊ စိတ်ထဲ၌ ရယ်မော လိုက်မိ သည်။
လျှပ်စီး ပုတီးစေ့ကို ရယူနိုင် ပါက၊ ဤနေရာရှိ လူတိုင်းအား ချက်ချင်း နှိမ်နင်းကာ၊ ရတနာ အားလုံးကို ရယူ နိုင် ပေမည်။
“ ဒါ ပဲ ... ။ ”
လင်းယွန်က ကြာပန်း ပေါ်ရှိ၊ လျှပ်စီး ပုတီးစေ့ကို လှမ်းကြည့်ပြီး၊ မျက်လုံး မှေးစင်း သွားသည်။
စိတ်ဝိညာဉ် စွမ်းအင်ကို ရေကန်ထဲ ပို့လွှတ်ကာ၊ ရတနာများ အပေါ် ထောက်လှမ်း လိုက် မိသည်။
အဆုံးတွင် သူ့ အကြည့် များက၊ လျှပ်စီး ပုတီးစေ့ ထံ၌သာ ပြန်လည် ရပ်တန့် သွား၏။ ဤနေရာရှိ ဖန်းဝမ် အလို ချင်ဆုံး ရတနာမှာ၊ လျှပ်စီး စွမ်းအင်သာ ဖြစ်ရ ပေမည်။
ရေကန်အား ဖုံးအုပ် ထားသည့် အစီရင်၊ ပျက်ပြယ် သွားသည်နှင့်၊ ရတနာ ပေါင်းစုံ ထံမှ စူးရှသော အလင်းများ တောက်ပ လာသည်။
ဤဖြစ်စဉ်မှာ လူတိုင်းကို လောဘ ဇောကြောင့်၊ မျက်လုံးများ ချက်ချင်း ပြူးထွက် လာစေ၏။
“ ဆရာ ကြီးတို့ ... ၊ သဘော တူညီချက် အရ ဒီလူငယ်လေးက ပထမဆုံး ရွေးချယ် ရမှာ မဟုတ် လား။ ”
ဖန်းဝမ်က သွေးဝံပုလွေနှင့် သခင်လိန်း တို့ထံ လှမ်းကြည့်ကာ၊ ရွှင်မြူးသော လေသံဖြင့် သတိပေး မေးမြန်း လိုက်သည်။
ဤနေရာ၌ ရတနာများ မျှဝေရန်၊ ဦးစွာ အကြံပြု သူမှာ၊ သခင်လိန်း ဖြစ် သောကြောင့်၊ သူ့တွင် ငြင်းဆန် စရာ မရှိချေ။
သွေးဝံပုလွေ အတွက်မူ၊ ဒုတိယမြောက် ရွေးချယ် ရမည် ဖြစ်ရာ၊ ကွာဟ ချက်များ ကြီးမား နိုင်မည် မဟုတ်ဟု၊ ယူဆ ထားသည်။
တစ်ဖက် လူ နှစ်ဦးမှာ၊ ပြန်လည် ငြိမ်သက် သွားသောကြောင့်၊ ဖန်းဝမ် တစ်ယောက် ကြီးစွာ စိတ်လှုပ်ရှား လာသည်။ သို့သော် ဟန်မပျက် ခဲ့ဘဲ၊ ရေကန်ထံ လျှောက်လှမ်း သွား လိုက်၏။
ရုတ်တရက် အပြာရောင် ပုံရိပ် တစ်ရိပ်က ရေကန်ပေါ် ဆင်းသက် ထွက်ပေါ် လာပြီး၊
“ ဒါ ... မင်း လိုချင် နေတဲ့ ရတနာလား။ ”
-ဟု မေးမြန်း ခံလိုက် ရလေသည်။
ဤနေရာ၌ ယင်-ယန် အဆင့် ကျွမ်းကျင် သူများ ရှိသော်လည်း၊ ရတနာ များကို ဝံ့ကြွားစွာ လုယူ ရဲချေပြီ။
လက်ထဲရှိ လျှပ်စီး ပုတီးစေ့ကို၊ လင်းယွန်က မြောက်ကစား လိုက်ပြီး၊ ဖန်းဝမ်အား ပြုံးပြ လိုက် လေသည်။
“ အရိုင်း အစိုင်းကောင် ချထားစမ်း ... ။ ”
ဖန်းဝမ် တစ်ယောက် မျက်နှာ မည်းကျ သွားကာ၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်နှင့် အတူ၊ လျှပ်စီး အရှိန် အဝါကို ထုတ်ဖော် လိုက် သည်။
ထိုလျှပ်စီး အရှိန်အဝါ အောက်တွင် ခန်းနားသော နန်းတော် ကြီးမှာ၊ အချိန် မရွေး ပြိုလဲ တော့မည် ကဲ့သို့၊ ပြင်းစွာ တုန်ခါ လာ၏။
ရုတ်တရက် ပြောင်းလဲ သွားသော ဖန်းဝမ်ကို ကြည့်ပြီး၊ သွေးဝံပုလွေနှင့် သခင်လိန်းမှာ၊ မျက်မှောင်ကြုတ် သွားသည်။
သူတို့ အမြင်၌ ယင်းမှာ၊ လျှပ်စီး စွမ်းအင် ပါရှိသော ပုတီးစေ့ တစ်စေ့ မျှသာ ဖြစ်ပြီး၊ ဤမျှ ဖြစ်သွား စရာ မလိုချေ။
“ ဒါ ... ငါ့ဆရာရဲ့ လျှပ်စီး ပုတီး စေ့ဟ။ ”
ဖန်းဝမ်က သူတို့ နှစ်ဦးကို ပြန်အော် လိုက်၏။ ထို့ကြောင့် ဖန်းဝမ် အကြံကို ရိပ်မိ လာကာ၊ နှစ်ဦးသား အသက်ရှူ ကြပ်သွား လေသည်။
သို့သော် ခဏ အကြာတွင်၊ လင်းယွန်အား ပြန်မော့ ကြည့်လိုက် မိသည်။ လျှပ်စီး ပုတီးစေ့မှာ ရတနာ ငါးပါး အနက် တစ်ပါး ဖြစ်၏။ လင်းယွန် သို့မဟုတ် ဖန်းဝမ် လက်သို့၊ အသာ တကြည် မပေးအပ် နိုင်ချေ။
“ ကြည့်ရတာ ... ငါ မှန်သွား ပုံပဲ။ ”
အဘိုးအို များ၏ မျက်နှာ အပြောင်း အလဲကြောင့်၊ သူ့ သံသယ မှန်ကြောင်း လင်းယွန် သိလိုက်သည်။
ထို့ပြင် ဘေးကင်းစွာ ထွက်ခွာ နိုင်ရန်၊ အစီ စဉ်များ ချမှတ် ထားပြီး ဖြစ် သဖြင့်၊ ကျေနပ်စွာ ခေါင်းညိတ် မိ၏။
“ လူယုတ်မာလေး ... ၊ မင်း လွတ်နိုင် မလား ကြည့်ရ အောင်။ ”
နုပျိုသော မျက်နှာဖြင့် မလိုက်ဖက် အောင်ပင်၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ် လိုခြင်းများ၊ ဖန်းဝမ် မျက်နှာ၌ ထင်ဟပ် လာသည်။
“ မဟာ လေဟုန်ကျမ်း။ ”
ဓားသုတ္တန်နှင့် မိုးပြာ နဂါး မူလ ပုံစံကို ပေါင်းစပ် အသက်သွင်း လိုက်သည်နှင့်၊ လင်းယွန် အရှိန် အဝါမှာ ထိတ်လန့်ဖွယ် မြင့်တက် သွား၏။
“ မိုးပြာ နဂါး မူလ ပုံစံ - ပေါင်း စပ်။ ”
ရုတ်တရက် လေပြင်း များနှင့် အတူ၊ မိုးခြိမ်းသံများ မြည်ဟည်း လာကာ၊ သူတော်စင် ဂီတ သံများ၊ ပဲ့တင် ထပ် သွားသည်။
ရတနာ များမှာ အဆိုပါ ဖြစ်စဉ်ကြောင့်၊ ပေါက်ကွဲ ကုန်လျက် ကောင်းကင်ပေါ် ပျံတက် သွား၏။
“ နောက် ဆုတ် ... ။ ”
ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်း တို့မှာ၊ ကြောက်လန့် စွာဖြင့်၊ အလျင် အမြန် ဆုတ်ခွာ လိုက် ကြသည်။
***