← Chapters

လင်းယွန် လာပြီ။

Vol. 47 Ch. 647

လင်းယွန် လာပြီ။

Vol. 47 Ch. 647

မဟာလေ ဟုန်ကျမ်းနှင့် မိုးပြာ နဂါး မူလ ပုံစံ တို့၏ ပေါင်းစပ် စွမ်းအား အောက်တွင်၊ ပထမ ဆုံးသော စကြာဝဠာ လက်နက် တစ်ခုမှာ စတင် ပေါက်ကွဲ သွားသည်။

ထို့နောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထတို့ လိုက်ပါ လာ၏။ ကွင်းဆက် ဖြစ်စဉ် များကြောင့်၊ အခြားသော ရတနာ များစွာ သည်လည်း၊ ပေါက်ကွဲ လာကုန် တော့သည်။

ရတနာ တစ်ရာ ရေကန်တွင် ရတနာ တစ်ရာကျော် ရှိပြီး၊ ၎င်းတို့ အားလုံးမှာ၊ လေနှင့် လျှပ်စီး စွမ်းအင် များ၏ ဖျက်ဆီးခြင်း ခံနေ ရလေပြီ။

ပေါက်ကွဲမှု များနှင့် ဝေးရာသို့၊ အချိန်မီ ဆုတ်ခွာ လိုက်ကြ သော်လည်း၊ ဖန်းဝမ်မှာ နောက်ကျ သွားဆဲ ဖြစ်သည်။

ရိုက်ခတ်မှု လှိုင်းများကြောင့်၊ အတွင်း အင်္ဂါများ ပြင်းထန်စွာ နာကျင် လာပြီး၊ ပါးစပ် အပြည့် သွေး တစ်လုတ် ထွေးပစ် လိုက်၏။

ပေါက်ကွဲ သွားသော အပိုင်းအစများ လွင့်စင် လာကာ၊ မူလ စွမ်းအင် အလွှာကို ဖောက်ထွင်း ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။

သွေးဝံပုလွေနှင့် သခင် လိန်းတို့ နှစ်ဦးမှာ၊ ရေကန်နှင့် အလှမ်းကွာ နေသေး သဖြင့် အချိန် အနည်းငယ် ရှိခဲ့ ၏။

ထို့ကြောင့် နံရံထံ လွင့်စင် သွားကာ၊ ကြမ်းပြင်ပေါ် လျောကျ ရုံဖြင့် ရပ်တန့် သွားလေ သည်။

နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို၊ အသီးသီး သုတ်ယူ လိုက်ပြီး၊ အက်ကွဲကြောင်း များ၊ ထင်ဟပ် လာသော နံရံ ကြီးအား၊ ပြန်လှည့် ကြည့်ရန်၊ အာရုံ မရှိ ခဲ့ချေ။

ရေကန်ဖြင့် အဝေးဆုံး နေရာ၌ ရှိနေသော၊ လိန်းရွှမ်းယင်နှင့်၊ ဆရာဂူပင် နောက်သို့ အတင်း အကြပ် တွန်းထုတ် ခံလိုက် ရ၏။

အချိန်အတော် ကြာမှ သာလျှင်၊ တောက်ပသော အလင်းများ မှိန်ဖျော့ သွား သည်။

မရေတွက် နိုင်သော ရတနာ များမှာ၊ ကြမ်းပြင် ပေါ်၌ အစိတ်စိတ် အမွှာမွှာ ကွဲကြေ နေခဲ့ ၏။

“ ခွေးကောင်လေး ...၊ မင်းကို ငါ ... ဖမ်း မမိဖို့ ဆုတောင်း ထားပါ ... အဟွတ်ဟွတ် ။ ”

ချောင်း တဟွတ်ဟွတ် ဆိုးလျက်ဖြင့်၊ ဖန်းဝမ်က ကျိန်ဆဲ လိုက်သည်။ သွေးဝံပုလွေနှင့် သခင်လိန်း သည်လည်း၊ မျက်နှာများ ပျက်ယွင်း သွားပြီး၊ အသံတိတ် ကျိန်ဆဲ မိ၏။

“ လင်းယွန်က မုန်းစရာ ကောင်းတာ မှန်ပေမယ့်၊ သူက မင်းလောက်တော့ မဆိုးသေး ပါဘူး။ ”

သွေးဝံပုလွေက သရော်ရိပ် စွန်းနေသော အပြုံးဖြင့်၊ ဆိုလိုက်သည်။

“ ပွင့်ပွင့် လင်းလင်း ပြောရရင် ... ၊ သူ့တောင် ကျေးဇူးတင် မိပါတယ်၊ မဟုတ်လို့ ဒါကိုသာ မင်း ... ရသွား ခဲ့ရင်၊ ငါတို့ နှစ်ယောက် စလုံး အသတ်ခံ ရမှာ၊ သေချာတယ်။ ”

“ အမှန်ပဲ ... ၊ မင်းက တကယ့် ကောက်ကျစ် ရက်စက်တဲ့ ကောင်။ ”

သွေးဝံပုလွေ စကားကို သခင် လိန်းက၊ ခေါင်းညိတ်ကာ ထောက်ခံ လိုက်၏။ ထို့ကြောင့် ဖန်းဝမ် တစ်ယောက် ခဏတာ အံ့အားသင့် သွားပြီး၊ နှစ်ယောက် စလုံးကို ပြန်ကြည့် လိုက်သည်။

“ ငါတို့ အားလုံးက အတူတူ တွေပါပဲ၊ အခုမှ သူတော်စင် တစ်ပါးလို ဘာလို့ ဟန်ဆောင် နေရ တာလဲ၊ မင်းမှာသာ အခွင့် အရေး ရှိခဲ့ရင် ရတနာ တွေကို စွန့်လွှတ် နိုင်မှာလား၊ ... ”

“ ... မင်းတို့ နှစ်ယောက်လုံး သွေးမိစ္ဆာ ကျမ်းရဲ့ သွေးဆောင် မှုကို၊ ခံနိုင်ရည် ရှိတယ် လို့တော့ ... ၊ ငါ့ မပြောနဲ့။ ”

လက်ရှိ ရတနာ များမှာ သွေးမိစ္ဆာ ကျမ်းဖြင့်၊ နှိုင်းယှဉ် နိုင်ဖွယ် မရှိချေ။ ၎င်းကို ပိုင်ဆိုင် ထား ပါက၊ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ရောက်ရှိရန် အာမခံချက် ရှိချေ သည်။

ထို့နောက် လဲ့ယန်ဇီ အဆင့်ထက် ကျော်လွန်ကာ၊ အင်ပါရီယန် တစ်ပါး ဖွားမြင် လာနိုင်မည်။

ဤမျှ စိတ် လှုပ်ရှားဖွယ် သွေးဆောင်မှု အပေါ်၊ မည်သူ မဆို လွန်ဆန် ဝံ့မည် မဟုတ် သောကြောင့်၊ စကား ဝိုင်းမှာ ခဏကြာ တိတ်ဆိတ် သွားလေသည်။

“ ကြည့် ရ သေးတာပေါ့။ ”

သွေးဝံပုလွေက ဖန်းဝမ်ကို လှမ်းကြည့် လိုက်ပြီး၊

“ ဒီလောက်လည်း မောက်မာပြ မနေ ပါနဲ့ ... ၊ မင်းက အသန်မာဆုံး ဆိုရင်တောင်၊ နောက်ဆုံး အချိန်ထိ ရပ်တည် နိုင်မလား ဆိုတာ မသေချာ ပါဘူး။ ”

ထို့နောက် ဆရာ ဖူနှင့် အတူ၊ မီးငှက် ပန်းချီကား ဆီသို့ ဦးတည် သွားတော့၏။

တစ်ချိန် တည်းမှာပင် သိမ်းငှက် သုံးကောင် သည်လည်း၊ သက်ဆိုင်ရာ တံခါးထံ လှမ်းဝင် လိုက်သည်။

လူရိပ်များ ပျောက်ကွယ် သွားချိန်၌၊ ဖန်းဝမ် တစ်ယောက် သွေးတစ်လုတ် အန်ချ လိုက်ကာ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာ၏။

၎င်းကို မြင်လိုက် ရသော ဆရာဂူ တစ်ယောက်၊ အံ့သြ တကြီးဖြင့်၊

“ မင်းရဲ့ ဒဏ်ရာက ... ၊ ဒီလောက်တောင် ပြင်းထန် တာလား။ ”

-ဟု မယုံနိုင် သဖွယ် မေးမြန်း လိုက်မိ လေသည်။ ဖန်းဝမ်၏ မျက်လုံး များတွင်၊ သတ်ပစ် လိုသော ရောင်ဝါများ တောက်ပ လာပြီး၊

“ မင်း ... ဘယ်လို ထင်လို့လဲ၊ ... မဟုတ်ရင် ငါ့ ဒေါသက သူတို့ကို သွားခွင့် ပြုလိမ့်မယ် ထင်လား။ ”

စကားဆုံး သည်နှင့်၊ ပါးစပ် ထဲသို့ ဆေးတစ်လုံး ပစ်ထည့် လိုက်ရာ၊ မျက်နှာ ချက်ချင်း နီမြန်း လာလေသည်။

“ ... မ သား ... ။ ”

ဖန်းဝမ်က အံကြိတ်လျက် ကျိန်ဆဲ လိုက်၏။ လင်းယွန် ကြောင့်သာ မဟုတ် ပါက၊ လျှပ်စီး ပုတီးစေ့ကို ရရှိပြီး ဖြစ်ပေမည်။

လင်းယွန် ခွန်အားဖြင့်၊ စကြာဝဠာ လက်ရာ များကို၊ ဖျက်ဆီး နိုင်လိမ့် မည်ဟု၊ မထင် သည်မှာ အမှန် ပေပင်။

ထို့ကြောင့် သူတို့ နှစ်ဦးကြား၊ ဖြေရှင်းရန် အာဃာတများ ရှိလာ ခဲ့ချေပြီ။ ဆရာ ဂူက ဖန်းဝမ်ကို ပြန်ကြည့် လိုက်ပြီး၊

“ အဲဒါကို စိတ်မပူ ပါနဲ့၊ ဒုတိယ အဆင့်ရဲ့ ယန္တရား တွေက ပိုခက်ခဲ လိမ့်မယ်၊ ငါ့ရဲ့ ဝိညာဉ် ရေးရာ နားလည် မှုတွေ အရ၊ အခန်း ကိုးခန်းကို ပထမဆုံး ဖြတ်ကျော် နိုင်မှာ၊ သေချာတယ်။ ”

သွေးမိစ္ဆာ ကျမ်းမှာ တတိယ အဆင့်တွင် သေချာပေါက် ရှိနေ သဖြင့်၊ မီးလျှံ မိုးကြိုး ကြာပွတ် သည်၊ ဒုတိယ အဆင့်၌ တွေ့ရှိ နိုင်မည်ဟု ယူဆ ထား၏။

“ သွေးမိစ္ဆာ ကျမ်းက အရမ်း စွမ်းအား ကြီးတယ်၊ လဲ့ယန်းဇီက အင်ပါရီယန် နယ်မြေ ကို မရောက် ခဲ့တဲ့တာ နှမျော စရာပဲ၊ ... ”

“ ... ဒါပေမယ့် ငါ့ရဲ့ အရည် အချင်း အရ၊ ဒါကို ကျော်ဖြတ်နိုင် မယ်လို့ ... ၊ (၁၀၀%) ယုံကြည်မှု ရှိတယ်။ ”

ဖန်းဝမ် မျက်လုံး များတွင်၊ တိုက်ပွဲဝင် ဆန္ဒများ တရိပ်ရိပ် တောက်လောင် လာပြီး၊ အေးစက်စွာ ဆိုလိုက်သည်။

ဒုတိယ အဆင့်သို့ သွားရာ လမ်းတွင်၊ မိုးပြာနဂါး၊ မီးငှက်၊ ကျားဖြူနှင့် လိပ်နက် တို့ကို ကိုယ်စား ပြုသော လမ်းကြောင်း များ၌၊ အခက် အခဲများ ပိုမို မြင့်မား လာသည်။

ထို့ကြောင့် လက်ဆောင် အဆင့် ရတနာ များကို စွန့်လွှတ်ပြီး၊ အခန်းများ ဖြတ်ကျော် ရန်သာ အာရုံစိုက် နိုင်ခဲ့သည်။

ဆရာဂူ ခန့်မှန်းထား သလိုပင်၊ သွေးဝံပုလွေနှင့်၊ သခင်လိန်း တို့မှာ ယခင်ထက် ပိုမို နှေးကွေး လာ၏။

ထိုကြောင့် ဆရာ ဂူနှင့် ဖန်းဝမ်မှာ၊ နှစ်နာရီ အတွင်း ဒုတိယ အဆင့်သို့ ချောမွေ့စွာ ရောက်ရှိ လာ ခဲ့သည်။

တံခါးမှ လှမ်းထွက် လိုက်သည်နှင့်၊ နောက်ထပ် ရတနာ တစ်ရာ ရေကန် ကြီးအား တွေ့လိုက် ရ၏။

“ ရုပ်ပျို မှော်ဆေးလုံး။ ”

ဖန်းဝမ် အကြည့်က ကြာပန်း ပေါ်ရှိ၊ ကျောက်စိမ်း ပုလင်း တစ်လုံးထံ စိတ်လှုပ် ရှားစွာ၊ ကျရောက် သွားသည်။

“ အ ဟွတ် ... ။ ”

ဆရာ ဂူက ချောင်းဟန့် လိုက်ပြီး၊ “ မီးလျှံ မိုးကြိုး ကြာပွတ်လည်း ရှိနေတယ်။ ” -ဟု ဝင်ရောက် သတိ ပေးမိ၏။

“ ဘယ်မှာလဲ ... ။ ”

ဖန်းဝမ်က ပြန်မေး လိုက်သည်။ ရုပ်ပျို ဆေးလုံးကို မြင်ရပြီ ဖြစ်သဖြင့်၊ သူ့စိတ် အခြေ အနေမှာ၊ များစွာ ကောင်းမွန် လာ၏။

လွှမ်းမိုး နိုင်လွန်းသော အရှိန် အဝါ များဖြင့်၊ ရေကန်အောက် ခြေတွင် လဲလျောင်း နေသည့်၊ စပါးအုံး မြွေ တစ်ကောင်ထံ၊ ဆရာ ဂူက ညွှန်ပြ လိုက်သည်။

“ ဘယ်လောက်တောင် ... ၊ ကြောက်စရာ ကောင်းလိုက်လဲ။ ”

မီးလျှံများ တောက်လောင် နေသော ကြာပွတ်ကို လှမ်းကြည့် လိုက်ပြီး၊ ဖန်းဝမ် တစ်ယောက် အသက်ရှူ ကြပ် သွားသည်။

မီးလျှံ မိုးကြိုး ကြာပွတ်ကို စကြာဝဠာ လက်ရာ များထက်၊ သာလွန်သော လက်နက် အဖြစ် ဆိုကြ၏။

တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး တွင်ပင်၊ ၎င်းနှင့် နှိုင်းယှဉ် နိုင်သော လက်နက်မျိုး သုံးခုသာ ရှိလေသည်။

“ လျှပ်စီး စွမ်းအင် အပေါ်၊ လက်ရှိ အောင်မြင် မှုတွေ အရ၊ ဒီလက်နက်ကို ငါ ထိန်းချုပ် နိုင်သင့်တယ်၊ ... ”

“ ... ငါ့ရဲ့ ခွန်အားကို (၃၀%) မြှင့်တင် နိုင်ရုံနဲ့၊ ဒီသက်ကျား အိုကြီး နှစ်ယောက်ကို ဖယ်ရှား နိုင်တယ်၊ ဆရာဂူ ... မင်းကိုပဲ ထပ်ပြီး ဒုက္ခ ပေးရ တော့မယ်။ ”

သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ယူ လိုက်ပြီး၊ ဆရာ ဂူအား လှမ်းကြည့်ကာ ဆို လိုက်သည်။

“ သတင်း ကောင်းကို ... ဒီကနေ စောင့်။ ”

ရေကန် ဘေးသို့ တိုးကပ် သွားသော ဆရာဂူ၏ မျက်ဝန်း များက၊ ယုံကြည်မှု အပြည့် ဖြင့်၊ တောက်ပ လာသည်။

ဖန်းဝမ် အနေနှင့် ပထမ အဆင့် နန်းတော်တွင် သင်ခန်းစာ ရယူ ထား ခဲ့ပြီး ဖြစ်ရာ၊ အချိန် မရွေး တိုက်ခိုက် နိုင်ရန်၊ မူလ စွမ်းအင်များ စုဆောင်း ထားခဲ့သည်။

ကန့်သတ် ချက်ကို ဖယ်ရှားပြီး သည့်တိုင်၊ နောက်ထပ် လူရိပ်များ ဝင်ရောက် လာခြင်း မရှိ သေးသောကြောင့်၊ ကံကောင်း သည်ဟု သူ့ကိုယ်သူ ချီးကျူး လိုက်မိသည်။

ထို့ကြောင့် ရေကန် အစပ်သို့ ဆင်းသက် လိုက်ပြီး၊ လျှပ်စီးတန်း အသွင် ပြောင်းလဲ သွားကာ၊ ရုပ်ပျို ဆေးလုံးကို သိမ်းယူ လိုက်၏။

ပြီးနောက် ရေကန် အောက်ခြေထံ ထပ်မံ ငုံ့ကြည့်ကာ၊ “ ထွက် လာ ခဲ့ ၊ ” ဟု အော်ဟစ် လိုက်၏။

မီးလျှံ မိုးကြိုး ကြာပွတ်က၊ ကြောက်မက်ဖွယ် အရှိန် အဝါများ ပေါက်ကွဲလျက်၊ စပါးအုံး မြွေကြီး တစ်ကောင် ကဲ့သို့ ဝုန်းခနဲ တိုးထွက် လာသည်။

ဖန်းဝမ်က ကြာပွတ်ကို လှမ်းယူ လိုက်ချိန်တွင်၊ လျှပ်စီးများ လင်းလက် လာပြီး၊ ပြန်လည် ညွှတ်ကျ သွား၏။

“ ဒါက ... အရမ်း လေးလွန်းတယ်။ ”

သို့သော် ယင်းမှာ အထွတ် အထိပ် စကြာဝဠာ လက်ရာ တစ်ခု ဖြစ်သောကြောင့်၊ အံသြြခင်း မရှိချေ။

“ အစီရင် တစ်ခု ရှိတယ်။ ”

ဆရာ ဂူက ကြာပွတ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကို ချက်ခြင်း သတိပြု မိသွား သည်။ ကြာပွတ်ကို ရယူရန် အသိမှတ် ပြုမှု တစ်ခု လိုနေ ချေ၏။

“ တံဆိပ် တစ်ခု ရှိပေမယ့်၊ ဒီကြာပွတ်က အဆင့်မြင့် စကြာဝဠာ လက်ရာတွေ ထဲမှာတော့ အသန်မာ ဆုံးပဲ၊ သူ့ရဲ့ စွမ်းအား တစ်ဝက်ကို ထုတ်နိုင်ရင်၊ ဒီက လူတိုင်းကို ဖိနှိပ် နိုင်တယ်။ ”

နှစ်ဦးသား စကားမမြည် ပြောဆို နေစဉ်၊ သွေးဝံပုလွေနှင့် သခင် လိန်းတို့ ထပ်မံ လှမ်းဝင် လာသည်။

ဖန်းဝမ် လက်ထဲရှိ ကြာပွတ်ထံ လှမ်းကြည့် မိပြီး၊ “မီးလျှံ မိုးကြိုး” -ဟု ရေရွတ်သံ ပြုကာ၊ အမူ အရာများ ပြောင်းလဲ သွားသည်။

ထို့ကြောင့် ရတနာ တစ်ရာ ရေကန်ကို လှည့်ပင် မကြည့် တော့ဘဲ၊ တတိယ အဆင့် သွားရာ၊ ဝင်ပေါက် တံခါးများ ဆီသို့ ချက်ချင်း ပြေးလွှား လိုက် ကြသည်။

“ မင်းတို့ ... ပြေးလို့ လွတ်မယ် ထင်လား၊ ဟား ဟား ဟား ... ။ ”

ဖန်းဝမ်က ကောင်ကျစ်စွာ ရယ်မော လိုက်ပြီး၊ မီးလျှံ မိုးကြိုး ကြာပွတ်ကို အားယူ လိုက်သည်။ လျှပ်စီးများ လက်လာပြီး၊ မြွေ တစ်ကောင် ကဲ့သို့ ပြေးဝင် သွား၏။

“ ရွှပ် ... ။ ”

သခင် လိန်းနှင့် သွေးဝံပုလွေ တို့အား ထိမှန်သွား ချိန်တွင်၊ သွေးအန်လျက် မီတာ များစွာ လွင့်စင် သွားရသည်။

“ ဝှစ် ... ။ ”

ဤတစ်ကြိမ်တွင် ဖန်းဝမ်က သူတို့ နှစ်ဦးကို လွှတ်ဖို့ရန်၊ ရည်ရွယ်ချက် မရှိချေ။ နှစ်ယောက် စလုံးကို ဤလောက၌ ဖယ်ရှား ပစ်ရန် ဆုံးဖြတ် ထားပြီး ဖြစ်၏။

သုံးယောက်သား တိုက်ခိုက် နေကြစဉ်၊ နဂါး ပန်းချီကား ထံမှ အလင်းများ တောက်ပ လာပြီး၊ လင်းယွန် တစ်ယောက် လှမ်းထွက် လာသည်။

“ ဘယ်လောက်တောင် ... ၊ စိတ်ပျက်စရာ ကောင်းလိုက်လဲ။ ”

လင်းယွန်အား မြင်သည်နှင့်၊ ဆရာဂူ၊ ဆရာဖူနှင့် ကျန်သခင် နှစ်ပါးမှာ ကောင်းကင်သို့ ခုန်တက် သွားကာ၊ ရတနာ ရေကန်ပေါ် ဆင်းသက် လိုက်၏။

လင်းယွန်က ရတနာ တစ်ရာ ရေကန်ကို လှည့်ပတ် ကြည့်ကာ၊ ပြုံးလိုက်သည်။ ဤအခွင့် အရေးအား လက်လွှတ် နိုင်စရာ နည်းလမ်း မရှိချေ။

“ ဝှစ် ... ။ ”

ထို့ကြောင့် ရွှေရောင် အလင်းတန်း အသွင်၊ ပြောင်းလဲ ပြေးထွက် သွားကာ၊ ပြိုင်ဘက် လေးယောက် 'ရှေ့'၊ ကျောခိုင်းလျက် ကျော်လွန် ဆင်းသက် လိုက်၏။

ပြီးနောက် ဖြည်းညှင်းစွာ ပြန်လှည့် ကြည့် လိုက်ပြီး၊

“ ရတနာတွေ အများကြီး ဆိုပေမယ့်၊ ငါ ... ဒီကို ရောက်လာပြီ ဆိုမှတော့ ...၊ မင်းတို့ ရယူ နိုင်ဖို့ မမျှော်လင့် နဲ့တော့။ ”

***

All Chapters