← Chapters

အသူရာ ဝိုင်နှင့်၊ Dream catcher ပန်း။

Vol. 47 Ch. 648

အသူရာ ဝိုင်နှင့်၊ Dream catcher ပန်း။

Vol. 47 Ch. 648

ဆရာဖူ၊ ဆရာ ဂူနှင့်၊ သခင် နှစ်ပါးမှာ၊ လင်းယွန်ကို မြင်ရသည့် အတွက် အံ့ဩ သွားကြ သည်။

သို့သော် လင်းယွန်၏ မောက်မာသော စကားများ ကြားလိုက် ရသော အခါ၊ တုန်လှုပ် သွားပြီး၊ ချက်ချင်း ဒေါသ ထွက်လာ၏။

“ မင်းက... ၊ မင်းရဲ့ သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”

“ ငါတို့ မင်းကို ကြောက်လိမ့် မယ်လို့၊ ထင်နေ တာလား။ ”

သခင် နှစ်ပါးမှာ ယခင် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ သော်လည်း၊ လင်ယွန်အား ကြောက်ရွံ့ခြင်း မရှိချေ။

“ ကောင်းကင် လင်းယုန် လက်သီး။ ”

ညာလက်ဝါးဖြင့်၊ ယင်-ယန် အဆင့် အပြင်းထန် ဆုံးသော ခွန်အားကို ထုတ်ဖော် လျက်၊ လင်းယွန်ထံ ပြေးဝင် လာ၏။

ထိုလက်သီး ချက်ကြောင့်၊ လေထုမှာ တဆတ်ဆတ် တုန်လျက်၊ အသက်ရှူ 'ရ' ကြပ် သွား စေသည်။

“ မိစ္ဆာ သိမ်းငှက် လက်သည်း။ ”

ကျန်သခင် တစ်ပါးမှာ၊ ကြက်သွေးရောင် စွမ်းအင် များကို ဘယ်လက်၌ စုစည်း လိုက်ပြီး၊ သိမ်းငှက် ခြေသည်း အသွင် ပြောင်းလဲ ကုပ်စွဲ လိုက်သည်။

သိမ်းငှက် ခြေသည်းက၊ လေဟာ နယ်ကို စုပ်ဖြဲ ပစ်ပြီး၊ အထွတ် အထိပ် ယန် အဆင့်ရှိ၊ မည်သူ့ကို မဆို ချက်ချင်း သတ်ဖြတ် နိုင်လေ သည်။

သူတို့ နှစ်ဦးမှာ ယခင် အကြိမ် ရှုံးနိမ့် ထားမှုကြောင့်၊ လင်းယွန် အပေါ် နာကြည်းမှု များ ရှိနေ၏။

ထို့ကြောင့် ၎င်းအား သတ်ရန်၊ အပြင်းထန်ဆုံး တိုက်ခိုက်မှု များကို ချက်ချင်း ထုတ်ဖော် လာခြင်း ဖြစ်သည်။

ဆရာဖူနှင့် ဆရာဂူ တို့ နှစ်ဦးက အဆိုပါ၊ မြင်ကွင်းကို ကြည့်ပြီး၊ ပြုံးရယ် မိကြသည်။

“ ဒီလို ... စိတ်ပျက် စရာ ကောင်းတဲ့၊ အကွက်လေး တွေနဲ့၊ ငါ့ ဘဝကို လိုချင် နေတာ လား။ ”

လင်းယွန်က သခင် နှစ်ပါးကို ကြည့်ပြီး၊ မျက်ခုံး ပင့်ကာ လက်သီး ချက်များ ပစ်ထုတ် လိုက်၏။

ထိုလက်သီး ထွက်ပေါ် လာချိန်၌၊ သခင်နှစ်ပါး အမြင်တွင်၊ လင်းယွန်၏ ပုံရိပ်မှာ မှုန်ဝါး သွားသည်။

သူတို့ ရှေ့တွင် ရှိနေ သော်လည်း၊ အာကာပြင် ကွဲလွဲ နေ သကဲ့သို့ ခံစား လာရပြီး၊ ထက်ရှသော ဓား တစ်လက် ထွက်ပေါ် လာ၏။

တိုက်ခိုက်မှု နှစ်ခု တွေ့ဆုံ သွားချိန်တွင်၊ လင်းယွန်၏ ဓားရည်ရွယ်ချက်မှာ၊ ကောင်းကင် ပေါ် ပျံ့တက် သွား၏။

“ ထွက် သွား ။ ”

ခရမ်းရောင် နန်းတော်တွင် ပွင့်နေသော အိုင်းရစ် ပန်းက၊ မြည်သံ ပြုလာပြီး၊ လက်သီး ထံမှ စူးရှသော အလင်းများ ထုတ်လွှတ် လာသည်။

သခင်(၂) မှာ ဓားဖြင့် ထိုးခံ ရ သကဲ့သို့၊ စူးရှနာကျင် သွားကာ၊ သွေးတစ်လုတ် အန်ချ လိုက် ရသည်။ ချက်ချင်းပင် တစ်ဖက် လူ၏ ဓား အရှိန်အဝါ များက၊ သူ့အား ဖုံးလွှမ်း လာ၏။

“ သေ စမ်း ... ။ ”

တစ်ချိန်တည်း မှာပင် လက်သည်း ကုပ်ချက်နှင့် အတူ ခုန်ဝင် လာသော သခင် (၃)က၊ ကျေနပ်စွာ ပြုံးရယ် လိုက်သည်။

ဤတိုက်ခိုက် မှုကို လင်းယွန် တစ်ယောက် ရှောင်လွှဲရန် နည်းလမ်း မရှိပေ။ အရေး ကြီးသော အစိတ် အပိုင်း များကို ကာကွယ်နိုင် သော်လည်း၊ ရင်ဘတ်ပေါ် ထိုး မိပါက၊ မကြာခင် သတ်နိုင် ပေလိမ့်မည်။

သို့သော် လင်းယွန်၏ ရင်ဘတ်ပေါ် ကျရောက် သွားချိန်၌ အထင်နှင့် အမြင်မှာ လွဲမှား သွားခဲ့သည်။

အထိ အတွေ့ အရ၊ သတ္တု ပြားကို ထိုးမိ သွားသကဲ့သို့၊ ထင်မြင် လာမိ စေ၏။

တစ်ချိန်တည်း မှာပင်၊ လက်သည်း ကုပ်ချပ်မှ တဆင့်၊ လျှပ်စီး စွမ်းအင်များ စီးဝင် လာသော ကြောင့်၊ ထိတ်လန့် သွားမိသည်။

ထို့ကြောင့် အလေးအနက် ပြန်ကြည့် လိုက်ချိန်၌၊ နဂါး အငွေ့ အသက်များ ပါရှိသော၊ လျှပ်စီး အကာ အကွယ် အလွှာအား၊ သတိပြု မိလာသည်။

၎င်းကို ဖြတ်ကျော် နိုင်ခြင်း မရှိ သည်မှာ သေချာ သဖြင့်၊ ကြောက်စိတ်များ ဝင်ရောက် လာကာ၊ နောက်ပြန် ဆုတ်လိုက်၏။

“ ပြေးလို့ လွတ် ... နိုင်မယ် ထင်လား။ ”

လင်းယွန်က သခင်(၃)၏ လက်ကောက် ဝတ်ကို ဖမ်းဆုပ် လိုက်ပြီး၊ ဓား ရည်ရွယ်ချက်ကို ပို့ လွှတ်ကာ၊ အပ်စိုက်မှတ် များကို ထိုးခွဲ ပစ် လိုက်သည်။

သူ့လက်ကို အတတ် နိုင်ဆုံး၊ ရုန်းထွက် နေလျက်ဖြင့်၊ သခင်(၃) မျက်နှာမှာ ချက်ချင်း နီမြန်း သွားသည်။

သို့သော် မည်မျှပင် ရုန်းကန် နေမိ သော်လည်း၊ ချုပ်ကိုင် ခံရ ခြင်းမှ မလွတ်မြောက် နိုင်ခဲ့ပေ။

“ မင်းတို့က တကယ်ပဲ၊ ... သေမင်းနဲ့ ကစားချင် နေကိုး၊ မင်းတို့ ပေါ့လျော့လို့ ငါ့ကို ရှုံးသွား တယ်လို့ ထင်နေ တာလား ဟမ့်၊ ... ”

“ ... ငါက သွေးတောင်ပံ ခန်းမရဲ့ အကြီး အကဲ တွေကိုတောင် သတ်လာ ခဲ့တာ၊ မင်းတို့ ကိုယ် မင်းတို့ ဘာထင် နေကြလဲ။ ”

အမှိုက် တစ်စ ကဲ့သို့၊ လက်ကောက် ဝတ်မှ ဆွဲယူလျက် နံရံဖြင့် ရိုက်ပစ် ‘ပစ်’ လိုက်သည်။

“ ဖုန်း ... ။ ”

‘ဝင်ဆောင့်သံ’ တစ်သံ နှင့် အတူ၊ ပင့်ကူအိမ် သဏ္ဍာန် အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာပြီး၊ နံရံကြီး ထံမှ ပျိုလဲ တော့မည့် အသံများ ထွက်ပေါ် လာသည်။

တစ်ဖက်တွင် သွေးဝံပုလွေနှင့် သခင်လိန်း တို့မှာ၊ ဖန်းဝမ်၏ မီးလျှံ မိုးကြိုး ကြာပွတ် ကြောင့်၊ အခက်တွေ့ နေသည်။

“ အဘိုးကြီး ...၊ မင်းရဲ့ ဝှက်ဖဲကို အခု မသုံးရင် ငါတို့ သေလိမ့်မယ်။ "

တစ်ဖက် လူ၏ တရစပ် ဖိအားပေး လာခြင်းကို၊ နောက်ဆုတ် ခုခံ လျှက်မှ၊ သွေးဝံပုလွေက မီးနဂါး ချပ်ဝတ်ကို အသက် သွင်းကာ၊ အော်ဟစ် သတိပေး လိုက်သည်။

“ ဟား ဟား ဟား၊ မင်းတို့ရဲ့ ဝှက်ဖဲ ဆိုတဲ့ အရာ တွေကို၊ ငါ ကြည့်ပါ ရစေ။ "

ဖန်းဝမ်က မောက်မာစွာ နှာခေါင်းရှုံ့ လိုက်၏။

“ ဖန်းဝမ်၊ ဒီရတနာတွေ အဲဒီ လူယုတ်မာလေးဆီ ရောက်သွား မှာကို မင်း မကြောက် ဖူးလား။ ”

လင်းယွန်ဖြင့် ဖန်းဝမ်ကို ခြိမ်းခြောက်ကာ၊ တိုက်ခိုက်မှု အဟုန် လျော့ကျ သွားစေရန် သခင် လိန်းက ကြိုးပမ်း ကြည့်လိုက် ၏။

“ ဘာလို့ ... သူ့ကို ဂရုစိုက် နေရဦး မှာလဲ၊ မင်းတို့ နှစ်ယောက်ကို ငါ သတ်နိုင် မှတော့ ရတနာ တွေက၊ ငါ့ အပိုင် ဖြစ်လာ လိမ့်မယ်။ ”

ဖန်းဝမ်က ပြုံးကာ ပြန်ဖြေ လိုက်သည်။ လင်းယွန်မှာ သူ့အား ခြိမ်းခြောက် နိုင်စွမ်း မရှိချေ။

“ အိပ်မက် မက် မနေနဲ့။ ”

သူ့ ရည်ရွယ်ချက် မအောင်မြင် သဖြင့်၊ သခင်လိန်း တစ်ယောက် မျက်ဝန်းများ မှေးစင်း သွားသည်။ နောက်တစက္ကန့်တွင်၊ သူ့ခန္ဓာကိုယ် ထဲမှ ခရမ်းရောင် လမင်း တစ်စင်း ထွက်ပေါ် လာ၏။

ထိတ်လန့်ဖွယ် ကောင်းလွန်းသော သဏ္ဍာန်မဲ့ စွမ်းအား တစ်ခုက ဖန်းဝမ်အား တွန်းထုတ်ပစ် လိုက်သည်။

ခရမ်းရောင် အရှိန်အဝါများ စုရုန်း လာပြီး၊ သခင်လိန်း ဦးခေါင်း ထက်၌ စက်ဝိုင်း အသွင် ဖြစ်တည် လာ၏။

“ အလင်း အမှောင် လမင်း သုတ္တန်။ ”

ဖန်းဝမ်၏ မျက်ဝန်း များ၌ ကြောက်ရွံ့မှု များနှင့် အတူ၊ အံ့သြ စိတ်များ ဝင်ရောက် လာသည်။

မီးနဂါး ချပ်ဝတ် သည်လည်း၊ မီးလျှံများ တိုး၍ တောက်လောင် လာပြီး၊ သုံးမီတာကျော် အထိ၊ သွေးဝံပုလွေကို ဖောင်းကား ကြီးထွား သွားစေ၏။

“ မိစ္ဆာ အသွင် ပြောင်းလဲခြင်း။ ”

၎င်းကို မြင်လိုက် မိသော ဖန်းဝမ် မျက်နှာမှာ၊ ယခင် ကထက် ပို၍ ပျက်ယွင်း သွားတော့သည်။

“ ဟမ့် ... ခွန်အားလေး နည်းနည်း မြင့်မား နေရုံနဲ့၊ ဒီမှာ ... မင်း ဆန္ဒရှိ သလို လုပ်နိုင် လိမ့် မယ်လို့၊ ထင်နေလား။ ''

သွေးဝံပုလွေက တိုက်တန်ကြီး တစ်ကောင်လို ပြေးဝင် လာလျက်ဖြင့် အော်ဟစ် လိုက်သည်။

သူ့ နောက်တွင် ခရမ်းရောင် လမင်းကြီး တစ်စင်းနှင့် အတူ၊ သခင် လိန်း တစ်ယောက် လိုက်ပါ လာ၏။

ဤသို့ဖြင့် သူတို့ သုံးဦးကြား တိုက်ပွဲမှာ၊ နောက် တဆင့်သို့ ထပ်မံ ရောက်ရှိ သွားလေ သည်။ ထိုတိုက်ပွဲကို လှမ်းကြည့်ပြီး၊ လင်းယွန် တစ်ယောက် အတွေးနက် သွားမိ၏။

သခင်လိန်း ထံမှ အဘယ်ကြောင့်၊ ထူးထူး ခြားခြား ခံစား ချက်များ ပေးစွမ်း နိုင်သည်ကို ယခု သူ နားလည် လာသည်။

သူသာ အမှတ် မမှား ပါက၊ 'အလင်း အမှောင် လမင်း သုတ္တန်'မှာ၊ 'အလင်း အမှောင် လမင်း ကမ္ဘာ' ဂိုဏ်း၏ ထိပ်တန်း ကျင့်ကြံမှု နည်းစနစ် ဖြစ်၏။

ဆိုလို သည်မှာ အုပ်စိုးရှင် တစ်ပါး၏ အထွတ်အမြတ် ထားရာ၊ နည်းစနစ် တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သွေးတောင်ပံ ခန်းမ အကြီး အကဲ များထက်၊ သာလွန် နေခြင်း ဖြစ်၏။

“ အသူရာ ဝိုင်။ ”

အာရုံ အနည်းငယ် ရှုပ်ထွေး သွား ချိန်တွင်၊ သူ့အား တိုက်ခိုက်ရန် ပြေးဝင် လာသော ဆရာ ဂူနှင့် ဆရာဖူ တို့က၊ တူညီသော အရပ် ဆီသို့ ကြည့်ကာ၊ အာမေဋိတ် သံများ ပြုလာ ကြသည်။

( ငါ့ ခန္ဓာကိုယ် ထဲက ခရမ်းရောင် ပန်း ကိုတောင် မငြိမ်မသက် ဖြစ်စေပုံ ထောက်ရင်၊ အဲဒီ ဝိုင်မှာ အလွန် သိပ်သည်းတဲ့ ဝိညာဉ် စွမ်းအင်တွေ ပါရှိ နေရမယ်။ )

၎င်းကို လိုက်ကြည့်ပြီး၊ လင်းယွန် တစ်ယောက် မျက်ဝန်းများ တောက်ပ လာကာ၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းအား ကန့်သတ်ချက် အထိ၊ တွန်းထုတ် လိုက်သည်။

မူလ နေရာမှ ရိပ်ခနဲ ပျောက်ကွယ် သွား ပြီးနောက်၊ အသူရာ ဝိုင် အနားတွင် ပြန်လည် ထွက်ပေါ် လာကာ၊ ကောက်ယူ မြည်းစမ်း လိုက်၏။

ခန္ဓာကိုယ် အနှံ့ ပူပြင်းသော စွမ်းအင် စီးကြောင်း တစ်ခု 'ပျံ့' လာပြီး၊ ချက်ချင်းပင် ပို၍ သန်မာ လာသည်ဟု ခံစား သွားမိသည်။

“ ဘယ်လို ဝိုင် မျိုးလဲ။ ”

လင်းယွန်က ထိတ်လန့်စွာ အော်ဟစ် လိုက်၏။

“ ခွေး ကောင် လေး၊ အသူရာ ဝိုင်ကို ပြန်ချ ထား လိုက်စမ်း ... ။ ”

ဆရာဂူနှင့် ဆရာ ဖူမှာ လင်းယွန် ထက်ပင် ထိတ်လန့် နေချေပြီ။ အသူရာ ဝိုင်တွင်၊ အလွန် အဖိုးတန်သော မိုးပြာ နဂါး ကြိုးမျှဉ် ပါရှိ၏။

၎င်းအား 'မှီဝဲ' ရပါက၊ ပိတ်ဆို့မှု တိုင်းကို ဖြေရှင်း ပေးနိုင်မည် ဖြစ်သည်။ အထူး သဖြင့် ဝိညာဉ် ရေးရာ ဆရာ သခင် များကို ပို၍ အကျိုး ပြု၏။

ထို့ကြောင့် အသူရာ ဝိုင်အား၊ သိမ်းယူ လိုက်သော လင်းယွန် အပေါ်၊ အမှုန့် ကြိတ်ချင် သည်မှာ၊ လွန်အံ့ မထင်ချေ။

“ ဟား ...ဟား ... ဟား ... ။ ”

အဘိုးကြီး နှစ်ယောက်၏ စိုးရိမ် နေသော အမူ အရာကို ကြည့်ပြီး၊ နောက်ထပ် တစ်ကျိုက် ထပ်မော့လျက် ရယ်မော လိုက်၏။

အဘိုးအို နှစ်ဦးမှာ ဆွေ့ဆွေ့ ခုန်လျက်၊ ရူးသွပ် နေသော တိုက်ခိုက်မှု များကို ပြုလုပ် လာကြ သည်။

သို့သော် ရတနာ တစ်ရာ ရေကန် အနှံ့၊ လျင်မြန်စွာ ရွေ့လျား နေသည့် လင်းယွန်ကို၊ အရိပ်ပင် မနင်း မိခဲ့ချေ။

ကြာပန်းပေါ်တွင် စိတ်ဝင် စားစရာ ကောင်းသော၊ ရတနာကို တွေ့လိုက်တိုင်း၊ ပြုံးကာ ကောက်ယူ သွားလေသည်။

တစ်ခါ တစ်ရံတွင် အဘိုးအို နှစ်ဦး၏၊ ဒေါသအား ပို၍ တိုးလာ စေရန် အတွက် အသူရာ ဝိုင်ကို မော့သောက် ပြသည်။

ထိုသို့ လိုက်တမ်း ပြေးတမ်း ကစား နေကြစဉ်၊ ဓားသေတ္တာ ထဲရှိ ပန်းသင်္ချိုင်း ဓားထံမှ၊ မြည်သံများ ထွက်ပေါ် လာသည်။ ယင်းကြောင့် အဝေးက ကြာပန်း တစ်ပွင့်ကို လှမ်းကြည့်ကာ မျက်ခုံးပင့် လိုက်မိ၏။

“ Dream catcher ပန်း။ ”

ဆရာ ဖူနှင့် ဆရာ ဂူမှာ လင်းယွန် အကြည့်၏ ဦးတည် ရာသို့ လှမ်းကြည့် လိုက်မိ ပြီး၊ အသက် ပြင်းပြင်း ရှူလျက်၊ မျက်နှာများ ပြောင်းလဲ သွားသည်။

“ မင်း ... လိုချင် နေမှတော့ ... ၊ ငါ ယူပေး ရသေး တာပေါ့။ ”

လင်းယွန်က ပြုံးရယ်ကာ၊ (Dream catcher) ပန်း ဆီသို့ ပြေးဝင် သွားမိသည် ။

“ တိရစ္ဆာန်ကောင် ... ရပ်စမ်း။ ”

ရုတ်တရက် ပြေးထွက် သွားသော လင်းယွန်ကို ကြည့်ပြီး၊ အဘိုးအို နှစ်ဦးမှာ အော်ဟစ်လျက်၊ ကတုန်ကယင်ဖြင့် လိုက်ပါ သွားမိသည်။

သဂေါင့်သား (သူကောင်းသား) မှာ၊ လျှပ်စီး ပုတီးစေ့နှင့် အသူရာ ဝိုင် အပြင်၊ (Dream catcher) ပန်း ကိုပါ၊ လက်လှမ်း နေချေပြီ။

***

All Chapters