လျှပ်စီး ပုတီးစေ့ကို သန့်စင်ခြင်း။
Vol. 47 Ch. 649
(Dream catcher) ပန်း၏ ပွင့်ချပ် တစ်ချပ် စီသည် ယင်-ယန် အဆင့် ကျွမ်းကျင် သူများ အတွက်၊ များစွာ အကျိုး ပြုပေ၏။
မွှေးရနံ့ တစ်ခုတည်း ကပင် ကျင့်ကြံ ရာ၌ စိတ်ကို တည်ငြိမ် လာစေသည်။ ၎င်းမှာ ဂိုဏ်းသား တပည့်များ အတွက်၊ အရေး မကြီး သော်လည်း၊ မိစ္ဆာ အရှိန် အဝါကို သန့်စင် ကြသော၊ အမှောင် ကျင့်ကြံ သူများ အတွက် အလွန် အဖိုးတန် လေသည်။
ဤပန်းဖြင့် ကောင်းကင် ဝိညာဉ် နယ်မြေသို့ မရောက် ရှိမီ၊ ဖောက်လွှဲ ဖောက်ပြန် ဖြစ်ခြင်းကို ရှောင်ရှား နိုင်၏။
သွေးမိစ္ဆာ ကျမ်းမှာ မိစ္ဆာ ကျင့်ကြံမှု စနစ် ဖြစ်ပြီး၊ (Dreamcatcher)ပန်း မပါဘဲ လဲ့ယန်းဇီ တစ်ယောက် လျင်မြန်စွာ ကြီးထွား လာ နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဤမျှ တန်ဖိုး ရှိသော ပန်းကို လင်းယွင်ထံ မပေးအပ် လိုကြ သည်မှာ သဘာဝ ပေပင်။
သို့သော် လင်းယွန် မှာမူ ကြာပန်းပေါ် ဆင်းသက် လိုက်ပြီး၊ (Dream catcher ) ပန်း အား၊ လှမ်းယူ လိုက်သည်။
“ တိရစ္ဆာန်ကောင်၊ (Dream catcher) ပန်းကို အခု ချက်ချင်း လက်လွှဲ ပေးစမ်း။ ”
“ တောက် ... ဒီကောင့်ရဲ့ ရွေ့လျားမှု နည်းစနစ်က၊ သရုပ်ဖော် အဆင့်ကို ရောက်နေ တာပဲ၊ ငါတို့ သူ့ကို ဖမ်းလို့ မိမှာ မဟုတ်ဘူး။ ”
အဘိုးအို နှစ်ဦးက ဒေါသ ထွက်နေ ကြသော်လည်း၊ (Dreamcatcher ) ပန်းကို ရယူ သွားသော လင်းယွန်အား၊ အော်ဟစ် ရုံသာ တက်နိုင် ခဲ့သည်၊။
တစ်ဖက်တွင် လင်းယွန်သာ ဆန္ဒ ရှိပါက၊ ဤအဘိုးအို နှစ်ဦး အပေါ် ဖိနှိမ် နိုင်စွမ်း ရှိနေ ချေပြီ ဖြစ်သည်။
ထိုသို့ မလုပ် ရသည့် အကြောင်းရင်းမှာ၊ ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်း တို့၏ အာရုံကို မဆွဲ ဆောင်လို သောကြောင့် ပေပင်။
ရေကန် အနှံ့ လိုက်လံ ပြေးလွှား နေလျက် ဖြင့်၊ ထူးခြားသော ရတနာ များကို ကောက်ယူ နေခဲ့သည် ဖြစ်ရာ၊ ရေကန်ရှိ အလင်း ရောင်များ တဖြည်းဖြည်း မှိန်ကျ လာ၏။
ယင်းကို ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်း တို့က သတိပြု မိသော်လည်း၊ တိုက်ပွဲ အတွင်း အာရုံ မလစ်ဟင်း ရဲသော ကြောင့်၊ အံကြိတ် ရုံသာ တက်နိုင် တော့သည်။
ပြိုင်ဘက် နှစ်ဦးမှ ဝှက်ဖဲ များကို ထုတ်ဖော် တိုက်ခိုက် လာသဖြင့်၊ ဖန်းဝမ်မှာ အခက်တွေ့ လာရ သည်။
တစ်ချိန်တည်း မှာပင် သူ့ လက်ထဲရှိ၊ မီးလျှံ မိုးကြိုး ကြာပွတ် သည်လည်း၊ ပို၍ ဟောက်သံ ပြု လာ၏။
“ ဟိတ် ... ။ ”
ဤအတိုင်း ဆိုပါက၊ သူ့အား အဆုံးစီရင် ကြမည်ကို သူ သိသည်။ ထို့ကြောင့် မာန်သွင်း လိုက်ပြီး ပြိုင်ဘက် နှစ်ဦးအား၊ အတင်း အကြပ် နောက်ဆုတ် စေလိုက်၏။
၎င်းအချိန်အား အခွင့်ကောင်း ယူပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ လင်းယွန် ရှေ့ ပြန်လည် ဆင်းသက် လိုက်သည်။
ရေကန် အနှံ့ လျင်မြန်စွာ ပြေးလွှား နေစဉ်၊ ရုတ်တရက် မီးလျှံ များနှင့် အတူ လျှပ်စီးများ ကျရောက် လာသောကြောင့်၊ လင်းယွန်မှာ ထိတ်လန့် သွား၏။
နောက်ဆုံးတွင် သွေးဝံပုလွေနှင့် သခင် လိန်းတို့ နှစ်ဦး၊ ဖန်းဝမ် လက်၌ ရုန်းကန် နေရ သည့်၊ အကြောင်းရင်းအား နားလည် လာခဲ့ သည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ လက်နက်လဲ။ "
လင်းယွန်က အော်ဟစ် လိုက်ပြီး၊ တုံ့ဆိုင်း မနေ တော့ဘဲ၊ ရေပြင်ကို ပုတ်ကာ ရတနာ ရေကန် ထဲမှ ပြေးထွက် လိုက်၏။
ရတနာ အများ စုကို ရရှိ ထားပြီး ဖြစ်သောကြောင့်၊ ဖန်းဝမ်ကို ရင်ဆိုင် ခြင်းဖြင့်၊ အချိန်ဖြုန်း နေစရာ မလိုချေ။
“ ငါ ... မင်းကို အခု လွှတ်လိုက်မယ်။ ဒါပေမယ့် သွေးမိစ္ဆာ ကျမ်းကို ရယူ ပြီးရင်၊ အခု မင်းလုပ် ထားတဲ့ အရာ အားလုံး ပြန်ပေးဆပ် ခိုင်းမယ်။ ”
ဖန်းဝမ်က လင်းယွန်ကို မီးတောက် မတက် စိုက်ကြည့်ပြီး၊ ဆရာ ဂူကို ဖမ်းဆွဲကာ၊ တတိယ အဆင့် တံခါးပေါက် ဆီသို့၊ ဦးတည် သွားလိုက်၏။
သွေးဝံပုလွေနှင့် သခင်လိန်း တို့မှာ၊ ရေကန်ပေါ် လိုက်ပါ ဆင်းသက်ပြီး၊ မျက်နှာများ ပြောင်းလဲ သွားသည်။
ကျန်ရှိ နေသော ရတနာ များကို သိမ်းယူ ပြီးနောက်၊ လင်ယွန်ထံ အေးစက်စွာ ပြိုင်တူ လှမ်းကြည့် လိုက်သည်။
သို့သော် လင်းယွန်က သူတို့ကို ဂရု မစိုက်ဘဲ၊ တည်ငြိမ်စွာ ပြန် စိုက်ကြည့် လိုက်၏။
“ အဖေ ... မလုပ် ပါနဲ့ …။ ”
လိန်းရွှမ်းယင်က ၎င်းကို မြင်ပြီး၊ ဝင်ရောက် တောင်းပန် မိသည်။ သခင် လိန်းက သူ့ သမီးကို လှည့်ကြည့်ကာ၊ ကျန်သခင် နှစ်ပါးအား ခေါ်ဆောင် သွားခဲ့သည်။
သိမ်းငှက် သုံးကောင်နှင့် လိန်းရွှမ်းယင်တို့ ထွက်ခွာ သွား သည်နှင့်၊ သွေးဝံပုလွေက ဆရာ ဖူးကို မျက်ရိပ် ပြကာ၊
‘ သွား ရအောင်။ ’ -ဟု ဆိုလိုက်၏။
သွေးမိစ္ဆာ ကျမ်းမှာ လင်းယွန်ထက် အရေးကြီး ပေ၏။။ ထို့အပြင် ဖန်းဝမ်နှင့် သူ့မှာ အမြင်တူ ချေသည်။
သွေးမိစ္ဆာ ကျမ်းကို ရယူ ပြီးနောက်၊ လင်းယွန်အား သတ်ရန် နောက်မကျ နိုင်ချေ။
“ သွေးမိစ္ဆာ ကျမ်းက ...၊ သူတို့ အတွက် တကယ် အရေးကြီး တာပဲ။ ”
ထွက်ခွာ သွားသော ပြိုင်ဘက် များထံ လိုက်ကြည့် မိပြီး၊ လင်းယွန်က သက်ပြင်းချ လိုက်သည်။
သူ့တွင် ရတနာ များစွာ ရှိနေမှန်း သိသော်လည်း၊ လွယ်လွယ်ဖြင့် လွှတ်ပေး ခဲ့ကြ ၏။
ထိုမှ နေ၍ ဤရတနာ များထက် သွေးမိစ္ဆာကျမ်း မည်မျှ ဆွဲဆောင်မှု ရှိနေ သည်ကို မှန်းဆ နိုင်သည်။
ကျင့်ကြံမှု လမ်းတွင် ကောင်းကင်သို့၊ ပျံတက်လို သူတိုင်း၊ ရုန်းကန် ရ မည်မှာ သဘာဝ ပေပင်။ သွေးမိစ္ဆာ ကျမ်းသည် ယင်း အတွက် ဖြတ်လမ်း ဖြစ်၏။
တူညီသော ကျင့်ကြံမှု အဆင့်ရှိ၊ ကျွမ်းကျင်သူ များကို ဝါးမျို နေသရွေ့၊ ပိတ်ဆို့ မှုများ၊ ရှိလာ နိုင်မည် မဟုတ်ချေ။
သို့သော် ဤမျှ မလွယ်ချေ။ အဆုံးတွင် မိစ္ဆာကျင့်ကြံသူ တစ်ဦး အဖြစ်၊ ကျင့်ကြံခြင်း လောက၌၊ နာမည် ပျက်လာ ပေမည်။
“ ငါ့ရဲ့ ... ရိတ်သိမ်းမှု တွေကို အရင် ကြည့် ရအောင်။ ”
ယခု အချိန် အထိ၊ လမ်းတလျှောက် ရရှိခဲ့သော ရတနာ များကို၊ မစစ်ဆေး ရသေး ပေ။
အသူရာ ဝိုင်၊ လျှပ်စီး ပုတီးစေ့နှင့် (Dream catcher) ပန်း တို့အပြင်၊ အကောင်း ဆုံးဟု ယူဆ ရသည့်၊ အခြားသော ရတနာ များစွာလည်း ရှိနေ သေးသည်။
၎င်းတို့ အနက် အလယ် အလတ် အဆင့်၊ စကြာဝဠာ လက်ရာ နှစ်ခုနှင့်၊ ကနဦး အဆင့် လက်ရာ ငါးခု ကိုလည်း ရယူထား နိုင်၏။
“ ကောင်းကင် ပိုးမျှဉ် ချပ်ဝတ်။ ”
ယင်းမှာ ကောင်းကင် ပိုးကောင်၏ (တရုတ် ပိုးဖလံ) ချည်မျှဉ်ဖြင့်၊ ရက်လုပ် ထားသော ချပ်ဝတ် တစ်ထည် ဖြစ်၏။
ရေနှင့် မီးကို ခံနိုင်ရည် ရှိပြီး၊ တိုက်ခိုက်မှု များ၏ ပြင်းအား (၅၀%)ကို စုပ်ယူ လျော့ချ ပေး နိုင်သည်။
သာမာန် အဆင့်နိမ့် စကြာဝဠာ လက်ရာ တစ်ခု အနေဖြင့်၊ ထိုခံစစ်အား ဖြတ်ကျော်ရန် မဖြစ် နိုင်ချေ။
“ လျှပ်စီး လွန်းပျံ ။ ”
ဤသည်မှာ အလယ် အလတ် တန်းစား စကြာဝဠာ လက်ရာ တစ်ခု ဖြစ်၏။ အစွန်း နှစ်ဖက် တွင်၊ ထက်ရှသော အသွား ပါရှိကာ၊ အဆစ် ကိုးဆစ်ဖြင့် သွန်းလုပ် ထားသည်။
အဆစ် များကို ထုတ်လျက်၊ လှံအဖြစ် ပေါင်းစပ် အသုံးပြု နိုင် သကဲ့သို့၊ သီးခြား စီလည်း အသုံးချ နိုင်၏။
“ စတုတ္ထတန်း ‘ခရမ်းရောင် ယန် ဆေးလုံး။ ”
ဤသည်မှာ ယန်အဆင့် ကျင့်ကြံသူ များ၏၊ မူလ စွမ်းအင်ကို သန့်စင်ပေး နိုင်၏။ ရယူ ထားနိုင်သော ရတနာ များမှာ၊ ရှားပါးလှ ချေပြီ။
အသူရာဝိုင် အတွက်မူ ယင်-ယန် အဆင့် ကျွမ်းကျင်သူ များကိုပင်၊ အုတ်မြစ် တည်ငြိမ် စေနိုင်၏။
ထို့ကြောင့် ယန် အဆင့်၌ ရှိနေသော သူ့ အတွက်၊ ၎င်း၏ အကျိုး သက်ရောက် မှုမှာ၊ တွေးတော နေစရာပင် မလိုချေ။
အသူရာ ဝိုင်၏ အစစ် အမှန် တန်ဖိုးမှာ၊ အတွင်း၌ ရှိသော မိုးပြာ နဂါး ကြိုးမျှဉ်များ ဖြစ်၏။
စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ကိုပင်၊ ရူးသွပ် စေနိုင်သော ရတနာ တစ်ပါး ပေပင်။
ကြိုးမျှဉ် များ၌ နဂါး အငွေ့ အသက်များ ပါ၀င်ပြီး၊ ဝိညာဉ် ရေးရာ ပစ္စည်း တစ်ခုကို သန့်စင် နိုင်ပေမည်။
၎င်းကို ပဉ္စမတန်း မှော်ဆေး လုံးများ သန့်စင်ရာ ၌လည်း၊ အကူ ပစ္စည်း အဖြစ် အသုံး ပြုနိုင်၏။
(Dreamcatcher) ပန်းမှာ၊ ခန္ဓာ ကိုယ် အတွင်း ပုန်းကွယ် နေသော၊ ကိုယ်တွင်း မိစ္ဆာ အငွေ့ အသက် များအား သန့်စင်အောင် ကူညီပေး နိုင်သည်။
လမ်းလွဲ ကျင့်ကြံသူ များ အနေဖြင့်၊ ဒေါသ အလျောက် နှလုံးကွဲ ကြေ မည်ကို ကြောက်ကြ ၏။
ထို့ကြောင့် ဤရတနာမှာ၊ ထိုဖြစ်စဉ်မှ အကာ အကွယ် ပေးသော အဆောင် ရတနာ ရှိခြင်း နှင့် အတူတူပင် ဖြစ်၏။
လျှပ်စီး ပုတီးစေ့နှင့် ပတ်သက် ၍မူ၊ အဆိုပါ ရတနာ များ ထက်ပင် အဖိုးတန် လှပေသည်။ ယင်းမှာ မိုးပြာ နဂါး မူလ ပုံစံကို တတိယ အဆင့်သို့ ရောက်ရှိအောင် ကူညီပေး နိုင်မည်။
“ နည်းနည်းတော့ ... ၊ ကျင့်ကြံ သင့်ပြီ။ ”
ဤနေရာတွင် သူ့ကို နှောင့်ယှက်ရန် မည်သူမျှ မရှိတော့ သောကြောင့်၊ စိတ်ချ လက်ချ ကျင့်ကြံ နိုင်၏။
မိုးပြာ နဂါး မူလ ပုံစံကို တတိယ အဆင့်သို့ တက်လှမ်း ခြင်းဖြင့် အန္တရာယ်များ မည်မှာ၊ သေချာ သည်။
သို့သော် ရတနာသိုက် အတွင်းသို့ ဝင်ရောက်စဉ် ကပင်၊ အမည်မဲ့ ခံစား ချက်များ ရရှိ နေသည် ဖြစ်ရာ၊ သူ့ကိုယ်သူ လုံခြုံမှု ရှိစေရန်၊ ခွန်အား ပိုလိုအပ် ၏။
အတွေးများ ပြန် ရုတ်သိမ်း လိုက်ပြီး၊ လက်သီးဆုပ် ထဲရှိ လျှပ်စီး ပုတီးစေ့ကို ဖွင့်ကြည့် မိသည်။
၎င်းအား ဂရု တစိုက် ကြည့်လိုက်ရာ၊ ပုတီးစေ့ မျက်နှာပြင် ပေါ်၌၊ ပြန့်ကျဲ နေသော ရူရ် များ ရှိနေ သည်အား၊ မြင်လာ ရသည်။
ရူရ် တစ်ခု စီတွင် လျှပ်စီး မုန်တိုင်း တစ်ခု ရှိပြီး၊ မိုးခြိမ်းသံ များပင် ဝိုးတဝါး ကြားလာ မိ သည်။
“ ဘယ်လောက်တောင် ... အစွမ်းထက် လိုက်တဲ့၊ လျှပ်စီး စွမ်းအင် တွေလဲ။ ”
လင်းယွန် တစ်ယောက်၊ ထိတ်လန့် တကြားဖြင့်၊ အသက်ရှူ ကြပ် သွား၏။ လျှပ်စီး စွမ်းအင်မှာ သူ သန့်စင် ဖူးသော သားရဲ အမြုတေ များထက်၊ အဆ များစွာ ပြင်းထန် သည်။
မျက်လုံး များကို မှိတ်ချ လိုက်ပြီး၊ ပုတီးစေ့ကို ဆုပ်ကိုင်ကာ၊ မိုးပြာ နဂါး မူလ ပုံစံအား၊ စတင် ဖြန့်ချီ လိုက်၏။
တစ်ချိန်တည်း မှာပင် လျှပ်စီး ပုတီးစေ့ အတွင်းမှ၊ လျှပ်စီး ကြောင်းများ ခန္ဓာကိုယ်ထဲ စီးဝင် လာသည်။
ခန္ဓာ ကိုယ်မှ အငမ်းမရ စုပ်ယူ နေသော အဟုန်ကြောင့်၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်ကာ၊ မိုးခြိမ်း သံများ အဆက် မပြတ် ထွက်ပေါ် လာ၏။
ဤအခြေ အနေ အောက်တွင်၊ ဖုံးလွှမ်းထားသော လျှပ်စီး ချပ်ဝတ် အလွှာမှာ၊ အနည်းငယ် လှုပ်ခတ် လာသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံး သွားသော်လည်း၊ ဆရာ ဂူမှာ ခေါင်းကိုက် နေမြဲ ဖြစ်သည်။ တတိယ အဆင့်ကို တက်လှမ်း လာသည်နှင့် အမျှ၊ ပို၍ ခက်ခဲ လာ၏။
တစ်ဖက်တွင် ဖန်းဝမ်က လက်ထဲရှိ စကြာဝဠာ လက်နက်ကို မျက်မှောင်ကြုတ် ကြည့်ပြီး၊
“ ဒါက ... အစီရင် တစ်ခုနဲ့ ပိတ်ထား ခဲ့ရင်တောင်၊ သူ့ရဲ့ စွမ်းအား (၃၀%)ကို ထုတ်နိုင် သင့်တယ် မဟုတ်လား။ ”
-ဟု ညည်းတွား လိုက်၏။
“ ငါ့ကို ကြည့်ခွင့် ပြုပါ။ ”
ဆရာ ဂူက မီးလျှံ မိုးကြိုး ကြာပွတ်ကို တောင်းယူ လိုက်ပြီး၊ ၎င်းအား ဖမ်းကိုင် လိုက် သည်နှင့်၊
“ အရမ်း ... လေးတာပဲ။ ”
-ဟု ရွံ့တွကာ ဆိုမိသည်။
“ ဒီကြာပွတ်ကို ထိန်းချုပ်ဖို့၊ မင်းမှာ လျှပ်စီး စွမ်းအင် အပြင်၊ သန်မာတဲ့ ရုပ်ခန္ဓာ ရှိဖို့လည်း လိုသေးတယ်။ ”
ဖန်းဝမ်က လှမ်းပြော လိုက်သည်။ ဤလက်နက် ပိုင်ရှင် လဲ့ယန်းဇီမှာ၊ အမှန် တကယ်ပင် အရည် အချင်း ပြည့်မီ သူ ဖြစ်၏။
ဝိညာဉ် ရေးရာ ရူရ် များ အပေါ်၊ ကျွမ်းကျင် ရုံသာ မက သန်မာသော ရုပ်ခန္ဓာမျိုး ရှိနေ ချေသည်။
“ သူ ... သန်မာတာ သွေးမိစ္ဆာကျမ်း ကြောင့်ပဲ၊ သွေးသားကို ဝါးမျိုတဲ့ အပြင်၊ တစ်ဖက် လူရဲ့ ကျင့်ကြံမှု ကိုလည်း၊ စုပ်ယူ နိုင်လိမ့်မယ်။ ”
ဖန်းဝမ်က လဲ့ယန်းဇီ အပေါ်၊ သုံးသပ် နေစဉ် သူ့ မျက်ဝန်း များ၌၊ အလင်းများ ပို၍ တောက်ပ လာပြီး၊
“ မြန်မြန် လုပ်၊ သူတို့ အရင် သွေးမိစ္ဆာကျမ်းကို ရယူ နိုင်မှ ဖြစ်မယ်။ ”
“ စိတ် မပူနဲ့၊ ငါတို့ ပထမဆုံး ဖြစ်မှာ သေချာ တယ်။ ”
ဆရာဂူ အနေဖြင့်၊ ဝိညာဉ် ရေးရာ နားလည် မှုတွင်၊ အလံငယ် ခရိုင်၌ အကျွမ်း ကျင်ဆုံး ပုဂ္ဂိုလ် တစ်ဦး ဖြစ်လေရာ၊ သူ့ အရည် အချင်း ပေါ်၊ အလွန် ယုံကြည်သည်။
နှစ်ရက် အကြာတွင် တတိယ အဆင့် ကျောက်တံခါး တစ်ချပ် ပွင့်လာပြီး၊ မောပန်း နွမ်းနယ် နေသော လူ နှစ်ဦး လှမ်းထွက် လာ၏။
ဘေး ပတ်ဝန်း ကျင်၌၊ မည်သူမျှ မရှိမှန်း သေချာ သည်နှင့်၊ နှစ်ဦးသား စိတ်လှုပ်ရှား သွား လေသည်။
တတိယ အဆင့်မှာ ရတနာ သိုက်၏ အဓိက နယ်မြေ ဖြစ်ပြီး၊ ရတနာ တစ်ရာ ရေကန် ရှိမနေ တော့ချေ။
ယင်း အစား နီညိုရောင် အဆင်းဖြင့်၊ ထိတ်လန့်ဖွယ် အရှိန် အဝါများ ထုတ်လွှတ် နေ သည့်၊ ယဇ်ပလ္လင် တစ်လုံးပေါ် တင်ထားသော ကျမ်းတစ်စောင်သာ ရှိလေသည်။
ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်သော ဆရာ ဂူပင်၊ ဤနေရာနှင့် ပတ်သက်ပြီး ထူးခြားသော တစ်စုံ တစ်ရာ ရှိနေ သည်ဟုသာ ပြောနိုင်၏။
ထို့ထက် ပို၍ မမြင် နိုင်ချေ။ အထူး သဖြင့် ယဇ်ပလ္လင် ထံမှ လာသော အရှိန် အဝါ များက သူ့ နှလုံးသားအား လာရောက် ဆုပ်ကိုင် သကဲ့သို့၊ ခံစား နေရ၏။
“ သွေးမိစ္ဆာ ကျမ်း ။ ”
သို့သော် ဖန်းဝမ်မှာ ကြက်သွေးရောင် ကျမ်းကို မြင်သော အခါ ဝမ်းမြောက် သွားပြီး၊ ဆရာဂူ မဟန့်တား နိုင်ခင်၊ ယဇ်ပလ္လင်ထံ လှမ်းသွား လိုက်မိသည်။
နီးကပ်လာ ချိန်၌ အကန့် အသတ်မဲ့ ကြက်သွေးရောင် အရှိန် အဝါများ သူ့ပေါ် ပြိုကျ လာ၏။
လေထု အလယ်၌ ရဲရဲ နီနေသော မျက်ဝန်း တစ်စုံ ထွက်ပေါ် လာပြီး၊ ဖန်းဝမ်အား နောက်သို့ အလိုလို ဆုတ်ခွာ သွားစေသည်။
ဒယိမ်း ဒယိုင်ဖြင့်၊ မြေပြင် ပေါ်သို့ လဲကျ သွားကာ၊ ပါးစပ်မှ သွေးများ စီးကျ လာလျက်၊ ကြောက်ရွံ့ တုန်ယင် နေတော့၏။
မျက်ဝန်း များက သွေးနီရောင် မျက်ဝန်း တစ်စုံထံ လှမ်းကြည့် မိချိန်တွင်၊ နောက်ထပ် သွေးများ စီးကျ လာပြန်သည်။
“ ဘာ ကြီး လဲ ... ။ ”
ဖန်းဝမ် နှလုံးသားမှာ၊ မကြုံ စဖူး ကြောက်ရွံ့စိတ်နှင့် ရှုပ်ထွေးမှု များ ဝင်ရောက် လာ တော့သည်။
“ သွေးမိစ္ဆာ ကျမ်းကို ယူချင်ရင်၊ သန့်စင်တဲ့ ယင် သွေးသားကို ယဇ်ပူဇော်ဖို့ လိုတယ်၊ မဟုတ်ရင် အဲ့ဒါကို ကြိုးစား သူတိုင်း သေရ လိမ့်မယ်။ ”
ယဇ်ပလ္လင် အောက်ခြေတွင်၊ ရူရ် များဖြင့် ရေးထွင်း ထားသော စကားလုံး များကို၊ ဆရာ ဂူက အဓိပ္ပါယ် ဖွင့်ဆို ပြ လိုက်သည်။
“ သန့်စင်တဲ့ ယင် ခန္ဓာလား၊ သောက် ပဲ ... ဒါကို ခုချိန်မှ ဘယ်လိုလုပ် ရှာရ မှာလဲ။ ”
သွေးမိစ္ဆာ ကျမ်းကို လှမ်းကြည့်ပြီး၊ ဖန်းဝမ်က ဒေါသတကြီး ကျိန်ဆဲ လိုက်၏။ နောက်ဆုံးတွင် ကြိုးစား လာခဲ့ သမျှ၊ အရာ အားလုံး မြောင်းထဲ ရောက်ရ ပေတော့မည်။
သို့သော် ဆရာ ဂူ၏ မျက်ဝန်းများ ရုတ်တရက် လင်းလက် လာပြီး၊ “ သိမ်းငှက် သုံးကောင် ... ” -ဟု အော်ဟစ် လိုက်၏။
ထိုစကားကြောင့် ဖန်းဝမ် တစ်ယောက် အနည်းငယ် မှင်တက် သွား၏။ သည့်နောက်၊ ချက်ချင်း ရွှင်မြူး လာကာ၊
“ ဒီသက်ကျား အိုကြီး တွေက ... ၊ အရမ်း ကောက်ကျစ်တယ်။ ”
-ဟု မှတ်ချက် ပြုလိုက် တော့၏။
***