ကျင့်ကြံခြင်း။
Vol. 47 Ch. 650
ဒုတိယ အဆင့်ရှိ၊ ရတနာ တစ်ရာ ရေကန် ပေါ်တွင် သစ်ခြောက်ပင် တစ်ပင်လို လျှပ်စီးများ ပြိုးပြက် နေပြီး၊ လင်းယွန် တစ်ယောက် ထိုင်နေ ခဲ့သည်။
လျှပ်စီး အောက်တွင် ပါးလွှာသော အကာကွယ် အလွှာမှာ၊ ခရမ်းရောင် သန်းလျက် ပို၍ ကြီးထွား လာ၏။
လျှပ်စီး ပုတီးစေ့တွင် ပါရှိသော လျှပ်စီး စွမ်းအင်မှာ အလွန် သိပ်သည်း လှသဖြင့်၊ ရုပ်ခန္ဓာ ကိုသာ အုတ်မြစ် ကောင်းကောင်း မချ ထား နိုင်ပါက၊ အန္တရာယ် ရှိနိုင် ပေမည်။
အပ်စိုက်မှတ် များထံမှ၊ နာကျင် ကိုက်ခဲ မှုကို ခံစား နေရဆဲ ဖြစ်သည်။ သို့သော် မိုးပြာ နဂါး သွေးအား၊ သန့်စင် ချိန် ကထက် ပို၍ နာကျင် နိုင်မည် မဟုတ်ချေ။
လျှပ်စီး စွမ်းအင်များ ခန္ဓာကိုယ် ထဲသို့၊ အဆုံးမရှိ စီးဝင် လာသဖြင့်၊ ခရမ်းရောင် ပန်းမှာ ပြောင်းလဲမှု အချို့ ရှိလာ ခဲ့သည်။
၎င်းက မိုးပြာ နဂါး မူလ ပုံစံကို အားကောင်းစေ သည့် အပြင်၊ မူလ စွမ်းအင် များနှင့်လည်း၊ လာရောက် ပေါင်းစပ် နေ၏။
နေ့ တစ်ဝက်ခန့် အကြာ၌ သူ၏ ကျင့်ကြံ မှုမှာ၊ များစွာ မြင့်တက် လာကြောင်း သတိပြု မိလာ သည်။
အလယ် အလတ် ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ဤအချိန် မတိုင်မီ ကျင့်ကြံ မှုတွင် တိုးတက်မှု တစ်စုံ တစ်ရာ မရှိ ဖူးချေ။
ထို့ကြောင့် အထက်ပါ ပြောင်းလဲ မှုများ အပေါ်၊ ဝမ်းမြောက် ခြင်းငှာ မထိန်းချုပ် နိုင်ခဲ့ ဘဲ၊ ပြုံးရယ် လိုက်မိသည်။
လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာ သည်နှင့် အမျှ လင်းယွန်မှာ ပို၍ လေးနက် သွား၏။
တစ်ချိန်တည်း မှာပင်၊ ဓားသုတ္တန်ကို ဖြန့်ဝေပြီး၊ မူလ စွမ်းအင်အား လျှပ်စီး စွမ်းအင် နှင့်၊ အလုံးစုံ ပေါင်းစပ် လိုက်သည်။
ခရမ်းရောင် နန်းတော် တစ်ခုလုံး လျှပ်စီး အမြုတေ တစ်ခုလို ပြောင်းလဲ တောက်ပကာ၊ လှုပ်ခါ ယိမ်းထိုး သွား၏။
၎င်းတို့ နှစ်ခု ပေါင်းစပ် နေချိန်၌ မူလစွမ်းအင် များမှာ၊ မြင်သာသော အဟုန်ဖြင့်၊ သန့်စင် လာကြောင်း ခံစား မိသည်။
“ စိတ်ဝင် စားစရာပဲ ...၊ အရင်က ကျင့်ကြံ မှုကို၊ အမြန် မြှင့်တင် ခဲ့ရလို့၊ ငါ့ရဲ့ အခြေခံ အုတ်မြစ်က မတည် ငြိမ်ဘူး၊ ဒါကို လျှပ်စီး ပုတီးစေ့က ကူညီ ပေးနေတယ်။ ”
အချိန်တိုလေး အတွင်း မှာပင်၊ မူလ စွမ်းအင်များ ပိုမို သိပ်သည်း လာပြီး၊ လျှပ်စီး စွမ်းအင် များက ခန္ဓာ ကိုယ်အား၊ ခွဲထုတ်ရန် ကြိုးစား လာ၏။
“ ငါ့ရဲ့ ... ၊ မိုးပြာ နဂါး မူလ ပုံစံကို တတိယ အဆင့် အထိ တက်လှမ်း နိုင်ဖို့၊ ဒီအခွင့် အရေး ကို အသုံးချ ရမယ်။ ”
လေးနက်သော အမူ အရာဖြင့် ရေရွတ် လိုက်သည်။ အကယ်၍ ၎င်းကို မလုပ်ဆောင် နိုင်ပါက၊ လျှပ်စီး ပုတီးစေ့ သန့်စင်ခြင်း လုပ်ငန်း စဉ်အား အလုံးစုံ အောင်မြင် သည်ဟု မဆို နိုင်တော့ချေ။
ထို့ကြောင့် မိုးပြာ နဂါး မူလ ပုံစံကို ပြောင်းလဲ လိုက်ကာ၊ လျှပ်စီး စွမ်းအင် များအား အပ်စိုက်မှတ်ထံ အဆက် မပြတ် လမ်းညွှန် လိုက်မိ သည်။
လျှပ်စီး စွမ်းအင် များက ပိတ်ဆို့မှု တစ်ခုကို ဖြတ်ကျော် သွားတိုင်း ခန္ဓာကိုယ်မှာ၊ ပြင်းစွာ တုန်ခါ လာတက်၏။
ကိုးကြိမ် တိုင်တိုင် တုန်ခါ ပြီးနောက်၊ နာကျင် ကိုက်ခဲမှု နှင့်အတူ ပါးစပ် အပြည့် သွေးတစ်လုတ် အန်ချ လိုက်မိသည်။
သို့သော် ပင်မ အပ်စိုက်မှတ် ကိုးခု၏ ပိတ်ဆို့ မှုများ၊ ပြေလျော သွားသည်ကို ခံစားလိုက် ရသဖြင့်၊ မျက်နှာ တစ်ပြင်လုံး ပြုံးရွှင် လာ၏။
သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူပြီး၊ ရက်စက် ကြမ်းကြုတ်သော အမူ အရာအား၊ ဖုံးကွယ် ပစ်လိုက်သည်။
အရူးအမူး စိမ့်ဝင် နေသော စွမ်းအင်ကြောင့်၊ နာကျင်မှု ဝေဒနာကို ခံနေ ရစဉ်၊ မျက်နှာကျက် ကျောက်ပြား များ ပြိုကျ လာပြီး၊ နန်းတော် တစ်ခုလုံး တုန်လှုပ် လာ၏။
လေးနာရီ အကြာ၌ နဂါး ဟိန်းသံများ၊ ထွက်ပေါ် လာကာ၊ ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင် သွားသည်။
နောက်ဆုံး အပ်စိုက်မှတ်ကို အပြီးသတ် ဖြတ်ကျော် နိုင်ချိန်၌၊ မိုးပြာ နဂါး မူလ ပုံစံ၏ တတိယ အဆင့်သို့၊ အောင်မြင်စွာ တက်ရောက် နိုင် ခဲ့သည်။
တစ်ဆက်တည်း မှာပင်၊ သန့်စင်သော လျှပ်စီး စွမ်းအင်ကို ကိုယ်တွင်း အင်္ဂါ များက စုပ်ယူ လိုက်သော ကြောင့်၊ လင်းထိန် သွားပြီး၊ အသွေး၊ အသား၊ အရိုးနှင့် အရွတ်များ ပြောင်းလဲ လာကုန်၏။
သမုဒ္ဒရာထဲ စီးဝင် နေသော မြစ်ရေများ ကဲ့သို့ နှလုံးသားထံ၊ လျှပ်စီး စွမ်းအင်များ စီးဝင် လာသည်။
အဆုံးတွင် တောက်ပသော အလင်းရောင်များ ပျောက်ကွယ် သွားပြီး၊ ရင်ဘတ် ပေါ်၌ မှိန်ဖျော့ဖျော့ နဂါး အမှတ် အသား တစ်ခု၊ ထွက်ပေါ် လာ၏။
နှလုံးသား တစ်ခုလုံး တဆတ်ဆတ် တုန်လျက်၊ ဘဝသစ် တစ်ခု ရရှိလိုက် သကဲ့သို့၊ ရင်ခုန် လာ၏။
မျက်လုံးများ ဖွင့်လိုက် သည်နှင့်၊ ခန္ဓာကိုယ် အတွင်းမှ ကြမ်းကြုတ်သော အငွေ့ အသက်များ ပျံထွက် သွားသည်။
သူ့အရှိန် အဝါမှာ ပုတီးစေ့ကို မသန့်စင်မီ ကထက်၊ အနည်းဆုံး သုံးဆခန့် ပိုမို သိပ်သည်း လာ၏။
“ ဒါက နဂါး အမှတ်အသား လား ... ။ ”
နောက်တစ်ကြိမ် အတွေး ထဲသို့ နစ်မျော သွား ပြန်သည်။ စိတ်ကူး လိုက်ရုံဖြင့် ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသားအား၊ အသက်သွင်း နိုင်ကာ၊ ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ လက်လာစေ၏။
အရေပြား တစ်ခုလုံး ခရမ်းရောင် ပြောင်းလဲ သွားပြီး၊ သတ္တု အလွှာ ကဲ့သို့ ထင်မှား လာမိ သည်။ လျှပ်စီး ချပ်ဝတ် တစ်ခုလုံး၊ ပြောင်းလဲ သွားခြင်း ဖြစ်သည်။
လက်သီးကို ဆုပ်လိုက် သည်နှင့်၊ ခန္ဓာကိုယ် အနှံ့ စီးဆင်း နေသော စွမ်းအား များကို ခံစား မိနိုင် သည်။
“ မိုးပြာ နဂါး မူလ ပုံစံ - ထပ်မံ ပေါင်းစပ်။ ”
ဟိန်းဟောက်သံ တစ်သံနှင့် အတူ၊ မြေပြင်အား ထိုးချ လိုက်၏။ အက်ကွဲ ကြောင်းများ ပင့်ကူအိမ် သဖွယ်၊ ချက်ချင်း ပျံ့နှံ့ သွားသည်။
ယင်-ယန် အဆင့် ကျွမ်းကျင်သူ သုံးဦး၏ စွမ်းအင် ရိုက်ခတ်မှု ဒဏ်ကိုပင် ခံနိုင်ရည် ရှိခဲ့သော ဤကြမ်းပြင်မှာ၊ တုန်လှုပ် လာတော့ ၏။
နန်းတော် တစ်ခုလုံး အချိန် အတော် ကြာအောင် တုန်ခါ နေပြီး နောက်မှသာ၊ ပြန်လည် ငြိမ်သက် သွားသည်။
ယခု အချိန်၌ ဓား မဆွဲဘဲ၊ ကနဦး ယင်-ယန် အဆင့်ရှိ မည်သူ့ကို မဆို ရင်ဆိုင် တိုက်ခိုက် နိုင်ပေ မည်။
“ ဒါ ... မိုးပြာနဂါး မူလ ပုံစံရဲ့၊ ထပ်မံ ပေါင်းစပ် စွမ်းအားပဲ။ ”
လက်ရှိ အချိန်၌ သခင်(၂)နှင့် သခင် (၃)ကို ရင်ဆိုင် ရပါက၊ လက်သီး တစ်ချက် တည်းဖြင့် အနိုင်ယူ နိုင်မည် ဖြစ်သည်။
အတိ အကျ ဆိုရ ပါမူ၊ လှုပ်ရှားမှု သုံးကြိမ် အတွင်း၊ ၎င်းတို့ နှစ်ဦးအား အသက်ခြွေ နိုင်သည်ဟု အာမခံ၏။
ယင်းမှာ ချပ်ဝတ် အသွင် ပြောင်းလဲ သွားခြင်း၏ အကျိုးဆက် ပေပင်။ ပြင်ပ အလွှာ တစ်ခု ကဲ့သို့သော ချပ်ဝတ်မှာ၊ အရေ ပြားနှင့် လုံးဝ ပေါင်းစပ် သွားခြင်း ဖြစ်၏။
အတိ အကျ ဆိုရသော်၊ ၎င်းကို နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ် အဖြစ် ခေါ်ဆို နိုင်သည်။
“ တတိယ အဆင့်ကို သွားဖို့၊ အချိန် တန်ပြီ။ ”
ယခု အချိန်၌ နဂါး အမှတ် အသားကို အသုံးပြု နိုင်ပြီး ဖြစ်ရာ၊ လူတိုင်းအား ကြောက်လန့် နေစရာ မလို တော့ချေ။
သူ စိုးရိမ် ရမည့် အရာမှာ၊ မိုးကြိုး ရတနာ သိုက်၏ အမည်မဲ့ ခံစား ချက်သာ ဖြစ်၏။
ထိုအတော အတွင်း၊ ဖန်းဝမ်နှင့် ဆရာဂူမှာ တတိယ အဆင့်၌၊ စိတ်အား ထက်သန်စွာဖြင့်၊ စောင့်ဆိုင်း နေကြသည်။
သွေးမိစ္ဆာ ကျမ်းမှာ စွဲမက်ဖွယ် ကောင်းသော်လည်း၊ အကျိုးဆက် များကို မြည်းစမ်း ထားပြီ ဖြစ်သော ဖန်းဝမ် တစ်ယောက်၊ ပေါ့ပေါ့ ဆဆ မလုပ်ဆောင် ဝံ့ တော့ချေ။
ကြက်သွေးရောင် မျက်ဝန်း တစ်စုံမှာ၊ သူ့သွေးကို အေးခဲ စေပြီး၊ ငရဲထဲ ထိုးဆင်းသွား သကဲ့သို့ ခံစား လာရ စေ၏။
အကြည့် တစ်ချက် ဖြင့်ပင်၊ သူ့ ဝိညာဉ် ဒဏ်ရာ ရရှိ သွားခဲ့သည်။ သို့သော် မြေပြင် ပေါ်တွင် ထိုင်လျက် အနေ အထားဖြင့်၊ တံခါးထံ လှမ်းကြည့်ကာ၊
“ ... အရမ်း ကြာနေပြီ။ ” -ဟု ဆိုလိုက်သည်။
သိမ်းငှက် သုံးကောင်မှာ လိန်းရွှမ်းယင် ကိုသာ အားကိုး နိုင်သောကြောင့်၊ အားလုံးထက် များစွာ နှေးကွေး နေမည်ကို၊ သိသော်လည်း စိတ်ချ လက်ချ မနေနိုင် သေးချေ။
ရုတ်တရက် ကျောက်တံခါးပွင့် လာပြီး၊ သွေးဝံပုလွေနှင့် ဆရာ ဖူတို့ ဝင်ရောက် လာ သဖြင့်၊ မျှော်လင့်ချက်များ လွင့်စင် သွားကာ၊ စိတ်ပျက် လက်ပျက် ဖြစ်သွား မိသည်။
“ သွေးမိစ္ဆာကျမ်း။ ”
သွေးဝံပုလွေက ပလ္လင် ပေါ်ရှိ ကျမ်းကို လောဘ တကြီး လှမ်းကြည့်ကာ ရေရွတ် လိုက်သည်။ ထို့ကြောင့် ဖန်းဝမ် တစ်ယောက် ဒေါသ ထွက်လာပြီး၊
“ မင်းကို ... မင်းရှိတဲ့ အရပ်မှာ နေဖို့၊ ငါ အကြံ ပေးပါ ရစေ။ ”
-ဟု ဆိုလိုက်၏။
“ မင်း ... အခု ဘာကို စောင့်နေ တာလဲ။ ”
သွေးဝံပုလွေက စိတ်လှုပ်ရှား ခြင်းမှ ပြန်လည် ငြိမ်သက် သွားပြီး၊ ဖန်းဝမ်ကို သံသယဖြင့် လှည့်ကြည့် လိုက်၏။
“ မင်းကိုယ်တိုင် ကြည့် ... ။ ”
ဖန်းဝမ်က ယဇ်ပလ္လင်ထံ မေးငေါ့ ပြလိုက်၏။ ပလ္လင် အောက်ခြေရှိ ကမ္ပည်း စာကို သတိ ထားမိ သွားပြီး၊
“ ဘာ လဲ ကွာ ... ၊ ဒီလဲ့ယန်းဇီက အရူးပဲ၊ သေပြီး တာတောင်၊ ငါတို့ကို ဒုက္ခ ပေးနေ သေးတယ်၊ အခုချိန် မှတော့ ...၊ သူ့ အတွက် အပျိုစင် ယင် ခန္ဓာကို ဘယ်လိုလုပ် ရှာနိုင် တော့မှာလဲ။ ”
ဤခရီးမှာ မလွယ်ကူ ခဲ့သောကြောင့်၊ မည်သူ မဆို သူ့ကဲ့သို့ ဒေါသ ထွက်မိ မည်မှာ အမှန် ပေပင်။
“ ဒီမှာ ... အပျိုစင် ယင်ခန္ဓာ မရှိ ဖူးလို့၊ ဘယ်သူ ပြောလဲ။ ”
ဖန်းဝမ်က ပြုံးကာ ဆို၏။ သွေးဝံပုလွေ မျက်နှာ ပေါ်ရှိ စူးစမ်းလို စိတ်ကို မြင်လိုက် ရချိန်၌၊
“ သိမ်းငှက် သုံးကောင်ကို စောင့်ရအောင်။ ”
-ဟု ပြုံးကာ ပြောလိုက်သည်။
“ သိမ်းငှက် သုံးကောင်လား၊ ... ”
သွေးဝံပုလွေနှင့် ဆရာဖူ တို့ နှစ်ဦးမှာ၊ အကြည့်ချင်း ဖလှယ် လိုက်ကြ ပြီးနောက်၊ တစ်စုံ တစ်ရာကို သဘောပေါက် သွားပြီး၊
“ အဲ့ဒီ ကောင်မလေး ... ၊ အိုး တကယ်ပဲ ဒီသက်ကျားအို ကြီးက၊ ကြောက်စရာ ကောင်း လိုက်တာ။ ”
-ဟု ကောက်ကျစ်စွာ ရယ်မော လိုက်၏။
ထိုအချိန်တွင် တံခါး ပွင့်လာပြီး၊ သူတို့ စောင့်မျှော် နေသော၊ သိမ်းငှက် သုံးကောင် ဝင်ရောက် လာသည်။
သွေးဝံပုလွေနှင့် ဖန်းဝမ်မှာ၊ သခင် လိန်းကို ကျော်ပြီး၊ လိန်းရွှမ်းယင်အား ထူးခြားသော အပြုံးဖြင့်၊ လှမ်းကြည့် လိုက်ကြသည်။
“ မင်းတို့ နှစ်ယောက် ... ၊ ဒီမှာ ဘာထိုင် လုပ် နေကြ တာလဲ။ ”
သခင် လိန်းက သတိ အနေ အထားဖြင့် အော်ငေါက် လိုက်၏။
“ ငါတို့ ဘာထိုင်လုပ် နေလဲ ဆိုတာ ... ၊ မင်း တကယ် မသိ ဖူးလား။ ”
ဖန်းဝမ်က လှောင်ပြောင် ပြန်ဖြေသည်။ သခင်လိန်း တစ်ယောက် ယောင်ချာ ချာဖြင့် ယဇ်ပလ္လင်ကို လှမ်းကြည့် လိုက်၏။
“ သက်ကျား အိုကြီး၊ မင်းရဲ့ အပျိုစင် သမီးကို ဒီခေါ် လာရတဲ့ အကြောင်း ရင်းက၊ စိတ်ဝင်စား စရာ ပါပဲ၊ ဒီလို တိုက်ဆိုင်မှု မျိုးက ငါ့ကို မျက်စိ ပွင့်စေတယ်။ ”
သွေးဝံပုလွေက အေးစက်စွာ ပြန်ဖြေ သည်။
“ ဖေဖေ... ၊ သူတို့ ပြောတာ အမှန်လား။ ”
ယစ်ပလ္လင် အောက်ခြေရှိ စာကို ဖတ်ကြည့်ပြီး၊ လိန်းရွှမ်းယင် မျက်နှာမှာ ဖြူဖျော့ လာသည်။
“ ရွှမ်းယင်၊ ငါ မင်းကို ဆယ်နှစ်ကျော် စောင့်ရှောက် လာခဲ့တဲ့ အတွက်၊ သံယောဇဉ် တကယ် ရှိပါတယ်၊ ဒါပေမယ့် ဒါက မင်းရဲ့ ကံကြမ္မာ ပဲလေ။ ”
သခင် လိန်းက သက်ပြင်း ချကာ၊ ပြန်ဖြေ သည်။ ထိုစကားကို ကြားသော အခါ လိန်းရွှမ်းယင် တစ်ယောက် တုန်ယင် လာ၏။ ဤသည်မှာ သူမ အတွက် အဆုံးသတ် ဖြစ်ချေပြီ။
“ ဒါဆို တကယ် ပဲပေါ့ ... ဟား ဟား ဟား ။ ”
“ သမီး အရင်း ကိုတောင် ယဇ် ပူဇော်ဖို့ ကြံစည် ထားတဲ့ မင်းရဲ့ ပြတ်သားမှု အပေါ်၊ ချီးကျူး ပါတယ်။ ”
သွေးဝံပုလွေနှင့် ဖန်းဝမ်က သားကောင်ကို မြင်လိုက် ရပြီ ဖြစ်သဖြင့်၊ မျက်ဝန်းများ တောက်ပ လာသည်။
ထိုအချင်း အရာကြောင့် ခိုကိုးရာ မဲ့သော၊ သိုး သူငယ်လေး တစ်ကောင် ကဲ့သို့၊ လိန်းရွှမ်းယင် တစ်ယောက် ခံစား လာရ၏။
“ မိုးကြိုး ရတနာ သိုက်ကို၊ တည်ဆောက်စဉ် တုန်းက ထွက်ပြေး လွတ်မြောက် သွားခဲ့တဲ့၊ လက်သမား အချို့ ရှိတယ်၊ မင်းက သူတို့ ထဲက တစ်ယောက် မဟုတ်လား။ "
ဖန်းဝမ်က သခင် လိန်းကို စိုက်ကြည့်ကာ၊ မေးလိုက်သည်။
“ မဟုတ် ပါဘူး၊ ဒီလူတွေ အကုန် သေကုန်တယ်၊ ဘာလို့လဲ ဆိုတော့ ငါက သူတို့ကို သတ်ခဲ့ လို့ပဲ၊ ... ”
“ ... ဒါပေမယ့် အဲ့ဒီ မိစ္ဆာကောင်က ငါ့ကို သတ်လိမ့် မယ်လို့ မထင် ထားတာတော့ အမှန်ပဲ၊ ငါ သူ့ဆီမှာ တစ်သက်လုံး ထမ်းဆောင် ပေးခဲ့ ပေမယ့်၊ သူ မသေခင် သွေးကျိန်စာနဲ့ ငါ့ကို သတ်ဖို့ ကြိုးစား ခဲ့တယ်။ ”
သခင် လိန်း၏ မျက်နှာတွင် နာကျင်ဖွယ်၊ အမှတ် တရ များဖြင့်၊ ပြည့်နှက် လာပြီး။
“ ဒါပေမယ့် သွေးကျိန်စာ ကနေ၊ လွတ်မြောက် နိုင်တဲ့ နည်းလမ်း ရှိလိမ့် မယ်လို့၊ သူ ... မျှော်လင့် ထားပုံ မရဘူး။ ”
သခင် လိန်း၏ မုန်တီး ရိပ် စွန်းသော လေသံကြောင့်၊ လူတိုင်း ရုတ်တရက် အံ့အား သင့် သွား ကုန်သည်။
ထိုအချိန် မှာပင် နဂါး တံခါး ထံမှ အလင်းရောင်များ တောက်ပ လာပြီး၊ လင်းယွန် လှမ်းဝင် လာ၏။
***