← Chapters

မိုးပြာ နဂါး မူလ ပုံစံ- ထပ်မံ ပေါင်းစပ်။

Vol. 47 Ch. 651

မိုးပြာ နဂါး မူလ ပုံစံ- ထပ်မံ ပေါင်းစပ်။

Vol. 47 Ch. 651

အခန်းထဲ လှမ်းဝင် လိုက်သည်နှင့်၊ ယဇ်ပလ္လင် ထံမှ ထွက်လာသော အငွေ့ အသက် များက၊ သူ့ နှလုံးသားကို အုံ့မှိုင်း သွားစေ၏။

ဖန်းဝမ်၊ သခင် လိန်းနှင့်၊ သွေးဝံပုလွေတို့ သုံးဦး ကိုလည်း၊ သတိပြု မိ လိုက်သည်။ သို့သော် ၎င်းတို့ ကြားတွင် တိုက်ပွဲ ဖြစ်မည့် အရိပ် အယောင်များ ရှိ မနေေချ။

လေထုမှာ အနည်းငယ် ထူးဆန်းပြီး၊ တစ်စုံတစ်ရာ ဖြစ်ပျက် နေကြောင်း သူပြော နိုင်၏။

လိန်းရွှမ်းယင်က သူ့ကို မြင်သည်နှင့်၊

“ အကိုကြီး လင်း ... ငါ့ကို ကယ်ပါ၊ သွေးမိစ္ဆာ ကျမ်းအတွက် ငါ့ အသက်ကို သူတို့ စတေး ကြတော့ မယ်။ ”

-ဟု ဆို လာသည်။

“ နေ စမ်း ... ။ ”

သူမ လှုပ်ရှား ခါနီးတွင်၊ သခင်(၂)နှင့် သခင် (၃)က ဖမ်းဆွဲ လိုက်၏။

ဆက်လက် ဖုံးကွယ် နေစရာ မလိုတော့ သဖြင့်၊ သူတို့ နှစ်ဦး၏ လုပ်ရပ် များမှာ လိန်းရွှမ်းယင်ကို ပခုံးမှ သွေးများ စီးကျ လာစေ၏။ ဖန်းဝမ်က ပြုံးရယ် လိုက်ကာ၊

“ ကျွတ် ကျွတ် ..... ၊ အဆုံးသတ်က 'သေခြင်း' ဆိုတာကို၊ ဒီကလေးမ တကယ် နားမလည် သေးဖူးပဲ၊ စိတ်မပူနဲ့ မင်းတို့ နှစ်ယောက် အနားကို၊ တိရစ္ဆာန်လေး မကပ် နိုင်အောင်၊ ငါ တာဝန်ယူတယ် …။ ”

“' မင်းတို့မှာ အပျိုစင် ယင်ခန္ဓာ ရှိပေမယ့်၊ သွေးမိစ္ဆာ ကျမ်းကို၊ ဘယ်သူ ပိုင်ဆိုင် သင့်တယ် ဆိုတာကို နောက်မှ ဆုံးဖြတ်ကြ တာပေါ့။ ”

“ သူက နှောင့်ယှက် လွန်းတယ်၊ သူ နောက်ကျမှ လာရတဲ့ အကြောင်း ရင်းက၊ ငါတို့ကို အချင်းချင်း တိုက်ခိုက် စေချင် လို့ပဲ။ ”

သွေးဝံပုလွေက လင်းယွန်ကို စိုက်ကြည့်ပြီး၊ သူ့ အမြင်အား ထုတ်ဖော် ပြောဆို လိုက်သည်။

“ ဟမ့် ... ၊ ဒီကောင်က ရတနာ တစ်ရာ ရေကန်ကြီး ထဲမှာ၊ အခွင့်ရေး ယူခဲ့ သလိုမျိုး၊ ထပ်ပြီး မျှော်လင့် နေပုံပဲ။ ”

သခင် လိန်းက လင်းယွန်အား တစ်ချက် ကြည့်ကာ ဆိုသည်။

“ အလယ် အလတ် ယန် အဆင့်က၊ ပုရွက်ဆိတ် တစ်ကောင်ကို အလွယ် တကူ သတ်နိုင် ... ”

လင်းယွန် ထံမှ လျှပ်စီး စွမ်းအင် အချို့ကို ခံစား လိုက်ရ သောကြောင့်၊ ဖန်းဝမ် တစ်ယောက် မျက်လုံးပြူး သွားပြီး၊ ပြောလက်စ စကားကို ရပ်လိုက် မိ၏။

“ ဒီကောင် ... လျှပ်စီး ပုတီးစေ့ကို သန့်စင် လိုက်ပြီ။ ”

ဖန်းဝမ်၏ နဖူး ကြောများ 'ရွံ့တွ' လာပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော်ကာ၊ အော်ဟစ် လိုက်သည်။

“ သူ့ကို ငါ ...၊ အသက်ရှင် ခွင့်မပေး နိုင်တော့ ဘူး။ ”

“ သတ် ... ၊ သူ့ရဲ့ ရတနာ တွေကို ငါတို့ ခွဲယူ ရအောင်။ ”

သွေးဝံပုလွေနှင့် သခင် လိန်း၏ မျက်လုံး များတွင်၊ အမုန်း တရားများ ပေါက်ပွား လာပြီး၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွား၏။

“ မင်းတို့က ငါ့နဲ့ ရင်ဆိုင်ဖို့၊ တကယ် သတ္တိ ရှိ လို့လား …။ ”

လင်းယွန်က တစ်ဖက်လူ များကို ပြန်လည် စိုက်ကြည့်ပြီး၊ မျက်ခုံး ပင့်ကာ မေးမြန်း လိုက်၏။ သူအား တကယ်ပင် အနိုင်ယူ နိုင်မည်ဟု၊ ထင်နေ ကြပုံ ရသည်။

“ ဘယ်လိုတောင် ... ၊ မောက်မာ နေရ တာလဲ။ ”

သွေးဝံပုလွေက အော်ဟစ်လျက်၊ ဦးစွာ ပြေးဝင် လာသည်။ မီးနဂါး ချပ်ဝတ် ထံမှ မီးတောက် များ လျှံကျ လာပြီး၊ လက်သီးထံ ဖုံးအုပ် လာချိန်တွင်၊ ကောင်းကင်ပေါ် ခုန်တက် သွားသည်။

နဂါး ဟောက်သံ နှင့်အတူ၊ မီးတောက် များက လှံတစ်စင်း အသွင် လင်းယွန်ထံ တိုးဝင် လာ၏။

နန်းတော် တစ်ဝက်ကို မီးတောက် များဖြင့်၊ ဖုံးလွှမ်း သွားပြီး၊ မြင့်မားသော အပူရှိန် ကြောင့်၊ နံရံမှာ အနီရောင် အဖြစ် ပြောင်းလဲ သွား၏။

ထို့နောက်တွင် နေရာ အနှံ့ အက်ကြောင်းများ ဖြစ်ပေါ် လာတော့သည်။

“ အလင်း အမှောင် လမင်း။ ”

အလင်းအမှောင် လမင်း သုတ္တန်ကို ဖြန့်ကျက် ထားသဖြင့်၊ သခင်လိန်း နောက်၌၊ ခရမ်းရောင် စက်ဝိုင်းကြီး လိုက်ပါ လာသည်။

၎င်းထံမှ ပါးလျသော အအေး လှိုင်းများ ရုတ်တရက် ထုတ်လွှတ် လာပြီး၊ ကန့်သတ် ချက်သို့ ပြည့်သွား သည်နှင့်၊ သူ့ ပတ်ဝန်းကျင်ရှိ အရာ အားလုံးကို၊ အေးခဲ ပစ်လိုက် တော့သည်။

အအေးလှိုင်း များက၊ ချွန်ထက်သော ဓါးများ ကဲ့သို့၊ လင်းယွန်၏ အရှိန် အဝါအား ခွဲထုတ်ရန် ကြိုးစား လာ၏။

အအေး စွမ်းအင်နှင့် အပူ စွမ်းအင်များ ပြည့်နှက် လာချိန်တွင်၊ ကောင်းကင်သို့ ပျံတက် သွားပြီး လက်ဖဝါးအား၊ အောက်သို့ ဖိချ လိုက်သည်။

ထိုလက်ဖဝါး နှင့်အတူ သူ့ခေါင်း ပေါ်ရှိ ခရမ်းရောင် လမင်းမှာ၊ အလွန် ကြီးမားသော တောင်ကြီး တစ်လုံး ကဲ့သို့ ပြိုကျ လာ၏။

“ သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု - လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”

၎င်းတို့ လာနေ သည်ကို မြင်သဖြင့်၊ လင်းယွန်က ဘယ်လက်ဖြင့် တံဆိပ် တစ်ခုအား ဖန်တီး လိုက်သည်။

ထို့နောက်တွင် သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ခုနစ်ဆ တိုးလာကာ၊ ပေါက်ကွဲ ထွက်သွား၏။

သတ်ဖြတ်ခြင်း ရည်ရွယ် ချက်များ အထွတ်အထိပ် ရောက်ရှိ လာချိန်၌၊ ဒေါသ အဖြစ် လက်သီးထံ ပြောင်းလဲ ဝင်ရောက် သွားသည်။

ဦးစွာ သွေးဝံပုလွေ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင် လိုက်၏။ ထိုကြောင့် မီးလောင် နေသော လှံပေါ်၌၊ အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာတော့ သည်။

“ မ ဟုတ် ဘူး ... ။ ”

လင်းယွန်နှင့် ရင်ဆိုင် ရချိန်၌ ညံ့ဖျင်းသော အနေ အထားဖြင့်၊ ရှိနေ လိမ့်မည်ဟု မထင် ထားသည့် အတွက်၊ တုန်လှုပ် သွားသည်။

သို့သော် မတုံ့ပြန် နိုင်မီ၊ လှံမှာ ပြိုပျက်သွားပြီး၊ တစ်ဖက် လူ၏ လက်သီးက၊ သူ့ ရင်ဘတ်ပေါ်၊ ကျရောက် လာ၏။

သွေးဝံပုလွေမှာ ညည်းတွားလျက် လွင့်စင် သွားသည်။ မီးနဂါး ချပ်ဝတ်ကြောင့် ဒဏ်ရာ များစွာ မရရှိ ခဲ့သော်လည်း၊ သက်သာ လှသည် တော့ မဟုတ်ချေ။

“ လောင်ကျွမ်း နေသော ကောင်းကင်။ ”

လင်းယွန်က နောက်ပြန် လှည့်ကြည့် လိုက်ပြီး၊ ဒုတိယမြောက် လက်သီး ချက်အား ဖျတ်ခနဲ ထိုးချ လိုက်သည်။

ဒေါသ များက ဓားရည်ရွယ် ချက်နှင့်၊ ပေါင်းစပ် သွားကာ၊ တားမြစ် နည်းစနစ် တစ်ရပ်၏၊ အထွတ် အထိပ် စွမ်းအားကို ထုတ်ဖော် ပြသ လာခဲ့သည်။

သခင် လိန်း၏ အလင်း အမှောင် လမင်း ကြီးက၊ ထိုလက်သီး ချက်ကြောင့်၊ ပြိုပျက် သွား ရ၏။

လရောင် အားနည်း သွားချိန်၌၊ လက်သီးက ဓားတစ်လက် ကဲ့သို့ ဆက်လက် တိုးဝင် လာ သဖြင့်၊ သခင် လိန်းမှာ အလျင် အမြန် ဆုတ်ခွာ လိုက် မိသည်။

သို့သော် လှိုင်းများ ရိုတ်ခတ် မှုကြောင့်၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ မယုံကြည် နိုင်ဟန်ဖြင့်၊ လင်းယွန်အား ပြန်မော့ ကြည့် လိုက်သည်။

“ သေ လိုက် စမ်း ... ။ ”

သို့သော် အသက်ရှု မဝခင် ဖန်းဝမ်၏ မီးလျှံ မိုးကြိုး ကြာပွတ်မှာ၊ မျက်ကွယ် အရပ် ဆီမှ လင်းယွန် ဆီသို့၊ ဝင်ရောက် လာပြန်သည်။

လေထုမှာ ၎င်း ဖိအားကြောင့်၊ စတင် ပေါက်ကွဲ လာပြီး၊ လျှပ်စီးများ လွှမ်းခြုံ သွားလေ သည်။

အဆိပ် ပြင်းသော မြွေ တစ်ကောင် ကဲ့သို့ ပြေးဝင် လာသည့် ကြာပွတ်ကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် အသက်ရှူ ကြပ် သွား၏။

ဖန်းဝမ်က ရက်စက်သော အပြုံး တစ်ပွင့် နှင့် အတူ၊

“ လျှပ်စီး ပုတီးစေ့ကို သန့်စင် ခဲ့ ရင်တောင်၊ မင်းကို သတ်ဖို့ ပုရွက်ဆိတ် တစ်ကောင်လို လွယ်ကူ နေဆဲ ပါပဲ။ ”

“ စိတ်ကူးယဉ် မနေနဲ့။ ”

ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင် မှုကို၊ ထုတ်ဖော်လျက် လင်းယွန်က ပြန်လည် တုန့်ပြန် လိုက်သည်။

“ ခိုကိုး ရာမဲ့ စေသော လက်သီး၊ ပဲ့တင် ထပ်ခြင်း။ ”

ပြီးနောက် လျှပ်စီး စပါးအုံး မြွေကြီးကို မျက်နှာ မူပြီး၊ လက်သီး နှစ်ချက် ပစ်ထုတ် လိုက်၏။

ပထမ လက်သီးမှာ၊ နန်းတော် တစ်ခုလုံး တုန်လှုပ် စေလျက်၊ လျှပ်စီး စပါးအုံး မြွေအား၊ အက်ကြောင်းများ ဖြစ်ပေါ် သွားစေသည်။

ဒုတိယ လက်သီး အနေဖြင့်၊ ထိုအက်ကြောင်း များကို ကြီးမား လာစေပြီး၊ ကြာပွတ် အသွင်သို့ ပြန်လည် ပြောင်းလဲ ပစ်၏။

“ ရှန်ရှင်း ဓား ... ၊ အလယ် အလတ် ကျွမ်းကျင်မှု ။ ”

ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်းမှာ၊ လင်းယွန် ပတ်ဝန်းကျင်ရှိ ဓားဆန္ဒကို ကြည့်ပြီး ထိတ်လန့် သွားကြသည်။

လင်းယွန်၏ ဝှက်ဖဲ များမှာ၊ သူတို့ မျှော်လင့်ထား သည်ထက်၊ ကျော်လွန် နေပေ၏။

“ သူက အရမ်း သန်မာတယ်၊ တိမ်နဂါး အတွင်း အဆင့်က၊ ပါရမီရှင် တွေနဲ့ ယှဉ်နိုင်တဲ့ အစွမ်း ရှိတာ သေချာတယ်။ ”

“ ငါတို့ … အတူတူ ရင်ဆိုင် ရမယ်။ ”

သို့သော် ရှန်ရှင်း ဓားကြောင့်၊ ၎င်းတို့ သုံးဦးဖြင့် ရင်ဆိုင် ရသော်လည်း၊ လင်းယွန်မှာ နိမ့်ကျ သွားခြင်း မရှိ ခဲ့ချေ။

ဤမြင်ကွင်းက ဆရာဂူ၊ ဆရာဖူနှင့် သခင် နှစ်ပါး တို့ကို ထိတ်လန့် သွားစေ၏။ လင်းယွန် တစ်ယောက် ဤမျှ အစွမ်းထက် နေလိမ့် မည်ဟု၊ မတွေးခဲ့ ဖူးသည်မှာ အမှန် ပေပင်။

ဖန်းဝမ်၊ သွေးဝံပုလွေနှင့်၊ သခင် လိန်းမှာ၊ အလယ် အလတ် ယင်-ယန် အဆင့်သို့ ခြေတစ်လှမ်း ရောက်ရှိ နေကြ သော်လည်း၊ လင်ယွန်နှင့် ရင်ဆိုင် ရာ၌၊ သတိထား နေရဆဲ ဖြစ်၏။

“ မဟာ မီးနဂါး လက်ချောင်း။ ”

သွေးဝံပုလွေက အပြင်းထန် ဆုံးသော တိုက်ခိုက်မှု အဖြစ်၊ လက်ညှိုးကို ကောင်းကင်မှ ထိုးစိုက် ချလိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး မီးဖို အတွင်း ကျဆင်း သွား သကဲ့သို့ အနီရောင် ပြောင်းလဲ သွား၏။

“ အလင်း အမှောင် လမင်း - သက်ခြွေ လက်ဝါး။ ”

သခင် လိန်းက ခရမ်းရောင် စွမ်းအင် များကို စုဆောင်း လိုက်ပြီး၊ လင်းယွန်အား ရိုက်ချ လိုက်သည်။

“ မိုးကြိုး မုန်တိုင်း။ ”

ဖန်းဝမ် လက်ထဲရှိ ကြာပွတ်မှာ၊ လေထဲ ဆန့်ထွက် လာပြီး၊ လျှပ်စီးများ ဝင်းလက် နေသော မိုးကြိုး တိမ်တိုက် များကို ဆင့်ခေါ် လိုက်၏။

လင်းယွန် ရှေ့၌ ကြာပွတ်နှင့် ပေါင်းစပ် ထားသော ဖန်းဝမ်၏ ဓားရည်ရွယ် ချက်မှာ၊ သနား စရာ ကောင်းနေ ပေသည်။

တပြိုင် နက်တည်း ဝင်ရောက် လာသော တိုက်ခိုက်မှု သုံးခုက၊ လင်းယွန် အပေါ် ပြိုကျ လာ၏။

အထက်ပါ တိုက်ခိုက် မှုများ၊ ထိမှန် သွားခဲ့ သော်လည်း၊ ၎င်းတို့ သုံးဦး မျှော်လင့် ထားသည့် အတိုင်း၊ ရလာဒ်များ ထွက်ပေါ် မလာ ခဲ့ချေ။

ဆန့်ကျင် ဘက် အနေဖြင့်၊ သတ္တု အချင်းချင်း ပွတ်တိုက် မိသော အသံ များသာ ထွက်ပေါ် လာသည်။

လင်းယွန် ခန္ဓာကိုယ် တစ်ခုလုံး ခရမ်းရောင် အလင်းများ ဖုံးလွှမ်း လာပြီး၊ နဂါး ဟောက်သံ များသာ ကြားလိုက် ရ၏။

မိုးပြာ နဂါး သွေး စွမ်းအင်ကြောင့်၊ လင်းယွန်၏ ရုပ်ခန္ဓာမှာ စကြာဝဠာ ချပ်ဝတ် တစ်ထည် ကဲ့သို့၊ ခံနိုင်ရည် ရှိနေ ချေပြီ။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

ယင်းကို မသိ ခဲ့သော ဖန်းဝမ်တို့ သုံးဦးမှာ၊ တုန်လှုပ် ကုန်ကြသည်။

“ အခု ... ငါ့ အလှည့် လား။ ”

လင်းယွန်က ပြိုင်ဘက် သုံးဦးကို ကြည့်ပြီး ပြုံးကာ ဆိုလိုက်သည်။

“ နောက် ဆုတ် ... ။ ”

သုံးယောက်သား မဆိုင်း မတွဘဲ၊ ပြိုင်တူ နောက်ပြန် ဆုတ်လိုက် ကြ၏။

“ မိုးပြာ နဂါး မူလ ပုံစ- ထပ်မံ ပေါင်းစပ်။ ”

လင်းယွန် ထံမှ ကျယ်လောင်သော နဂါး ဟောက်သံများ ထွက်ပေါ် လာပြီး၊ လက်သီးများ ပြေးထွက် လာသည်။

ရုတ်တရက် လျှပ်စီး များဖြင့် လွှမ်းခြုံ ခံလိုက်ရ သောကြောင့်၊ ဖန်းဝမ်၊ သွေးဝံပုလွေ နှင့် သခင် လိန်းမှာ၊ ထုံကျင် တုန့်ဆိုင်း ကုန်၏။

ပြီးနောက် သွေးအန်လျက် မြေပြင်ပေါ် ပြုတ်ကျ လာ တော့သည်။

***

All Chapters