← Chapters

နှလုံးသား၊ ဓားနှင့် မာန။

Vol. 47 Ch. 653

နှလုံးသား၊ ဓားနှင့် မာန။

Vol. 47 Ch. 653

ပန်းသင်္ချိုင်း ဓား၏၊ ပြင်းပြသော ဆန္ဒ များကြောင့်၊ သူ့ ကျောပြင်ရှိ အရေပြားမှ၊ သွေးအချို့ စိမ့်ထွက် နေပြီ ဖြစ်၏။

မိုးပြာ နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ်ဖြင့်၊ အားဖြည့်် လိုက်ချိန်၌၊ ရှန်ရှင်း ဓားက ပြီးပြည့် စုံသော ကန့်သတ် ချက်ကို ချိုးဖြတ် တော့မည် ကဲ့သို့၊ တွေ့မြင် ရသည့် အတွက်၊ စိတ်လှုပ်ရှား လာမိ သည်။

“ ကျွတ် ... ကျွတ်၊ ဘယ်လောက်တောင် ထက်မြက် လိုက်တဲ့ လူငယ်လဲ၊ လူ တွေနဲ့ ဆယ်စုနှစ် တစ်ခု လောက်သာ ဝေးခဲ့ ပေမယ့် ဒီကမ္ဘာကြီး ကတော့ အရင် အတိုင်း ပါပဲ၊ ဟား ဟား ဟား ... ။ ”

ဓားဆွဲ တော့မည် အချိန် မှာပင်၊ အေးစက်စက် ရယ်မောသံ တစ်သံ ထွက်ပေါ် လာသောကြောင့်၊ တုန့်ခနဲ ရပ်လိုက် မိသည်။

ရယ်မော သံက ပတ်ဝန်းကျင်၌၊ ပွက်ပွက်ဆူ လာပြီး၊ အပျက်သဘော ဆောင်သော ခံစား ချက်များ ပေးစွမ်း လာ၏။

တစ်ချိန်တည်း မှာပင် ကြီးမားသော ဖိအား တစ်ခုက၊ ကျဆင်း လာကာ၊ လင်းယွန်၊ ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင် လိန်း တို့မှ လွဲ၍ အခြား သူများအား ဒူးထောက် သွားစေ သည်။

“ အဲ့ဒါ သူပဲ ... ။ ”

သခင် လိန်းက ယဇ်ပလ္လင်မှ ထွက်နေသော ကြက်သွေးရောင် အလင်းကို လှည့်ကြည့်ကာ၊ ရေရွတ် လိုက်သည် ။

ကြက်သွေးရောင် အလင်း များက ပတ်ဝန်းကျင်ရှိ မိစ္ဆာ အငွေ့ အသက် များကို စုစည်း လိုက်ကာ၊ လူသား သဏ္ဍာန် ပေါင်းစပ် လာသည်။

“ လဲ့ ယန်း ဇီ ..... ။ ”

ဖန်းဝမ်နှင့် သွေးဝံပုလွေမှာ ထိုရုပ်ပုံအား ကြည့်ပြီး၊ တုန်လှုပ် သွား၏။ လူသေ တစ်ယောက် ရုတ်တရက် ထွက်ပေါ် လာခြင်းကို သူတို့ မယုံ နိုင်ချေ။

လိန်းရွှမ်းယင် မျက်နှာမှာ ကြောက်ရွံ့ မှုကြောင့် ဖြူဖျော့ လာပြီး၊ နှလုံးများ တဆက်ဆက် တုန် လာ၏။

သို့သော် သူ့ ရှေ့တွင် ရပ်နေသော ကျောပြင်ကို မြင်မှသာ၊ အနည်းငယ် စိတ် သက်သာရာ ရသွားသည်။

လဲ့ယန်းဇီက လူအုပ်ကို တစ်ချက် ဝေ့ကြည့်ပြီး၊ သခင်လိန်း ထံ၌ အဆုံးသတ် လိုက်၏။

“ မင်းက ငါ့ကို စိတ် မပျက်စေ ဖူးပဲ၊ တစ်ချိန်မှာ သန့်စင်တဲ့ ယင် သွေးသားကို ပြန်ယူလာ ပေး လိမ့်မယ် ဆိုတဲ့၊ အတွေးနဲ့ မင်းကို ငါ လွှတ်လိုက်တာ။ ”

“ မ ဟုတ် ဘူး …။ ”

သခင် လိန်းက ထိတ်လန့် မှုကြောင့် တုန်ခါ သွားကာ၊ ခေါင်းယမ်း ငြင်းဆန် လိုက်မိသည်။

“ မင်း ... အဲဒီ တုန်းက ငါ့ကို လွှတ်ဖို့ ရည်ရွယ်ချက် မရှိ ပါဘူး၊ မင်းရဲ့ သွေးကျိန်စာကို မဖြေရှင်း နိုင်ရင်၊ ငါ သေမှာ။ ”

“ ဟုတ် လား ... ။ ”

သူ့ စကားကြောင့် လဲ့ယန်းဇီ ပုံရိပ်က၊ သဘော ကျစွာ ပြုံးရယ်ပြီး၊

“ တကယ်ပဲ ... သွေးကျိန်စာကို၊ မင်း ဖြေရှင်း နိုင်ခဲ့ တာလား။ ”

-ဟု ပြန်မေး လိုက်၏။

သူ့ မေးခွန်း ဆုံးသည်နှင့် သခင်လိန်း နဖူးတွင်၊ ကြက်သွေးရောင် အမှတ် အသား တစ်ခု၊ ထွက်ပေါ် လာသည်။

အမှတ် အသား ပေါ်လာ ချိန်၌၊ 'မလုပ်နဲ့' ဟု အော်ဟစ် လိုက်သော်လည်း၊ မြေပြင်ပေါ် လဲကျ သွားပြီး၊ လူးလှိမ့် အော်ဟစ် လိုက်ရ၏။

အရေပြား အနှံ့ အရူး တစ်ယောက် ကဲ့သို့ ကုတ်ခြစ် စုပ်ဖြဲ မိသဖြင့်၊ သွေးများ လျင်မြန်စွာ ဖုံးလွှမ်း လာသည်။

သခင်လိန်း အဖြစ်ကို ကြည့်ပြီး၊ ဖန်းဝမ် လက်များ တဆက်ဆက် တုန်လာ သော်လည်း၊ သူ့ကိုယ့်သူ ပြန်လည် အားပေး လိုက်သည်။

သူ့ အနေဖြင့် သခင်လိန်း ကဲ့သို့၊ လဲ့ယန်းဇီနှင့် ထိတွေ့ ဖူးခြင်း မရှိ သောကြောင့်၊ ဤသို့ ဖြစ်လာ နိုင်စရာ အကြောင်း မရှိချေ။

“ အဟက် ... ၊ မင်းက ဘာတွေ တွေးနေ တာလဲ၊ မုန်တိုင်းဓားမှာ ငါထား ခဲ့တဲ့ ‘ပန်း ဝိညာဉ် ကျမ်း’ ကို၊ တကယ်ပဲ မင်း ကျင့်ကြံ ခဲ့တာကိုး၊ ... ”

“ ... မအံ့ဩနဲ့ ၊ မင်း ဆရာက သူ့ရဲ့ ဒေါသကြီးတဲ့ မိန်းမကြီး အတွက်၊ ဒီကျမ်းကို ရည်ရွယ် ခဲ့တာ၊ ဆရာရဲ့ အလောင်း ပေါ်မှာ ရတနာ မြေပုံ တစ်ချပ်လည်း ရှိခဲ့တယ် မဟုတ်လား၊ ဘာလဲ ... မင်းငါ့ကို ယုံဖူးလား။ ”

လဲ့ယန်းဇီက သူ့ လက်ဖြင့်၊ တံဆိပ် တစ်ခုအား ကောက်ကာ ငင်ကာ ဖန်တီး လိုက်၏။

တစ်ဖက်တွင် ဖန်းဝမ်မှာ၊ လျင်မြန်စွာ အိုမင်း သွားပြီး၊ မျက်နှာ ပေါ်၌ အရေး အကြောင်းများ ထွက်ပေါ် လာသည်။

“ အား ..... မ ... မဟုတ်ဘူး၊ ဒါ အမှန် မဟုတ်ဘူး၊ ငါ့ မျက်နှာ ... ။ ”

မယုံ နိုင်ဖွယ်၊ အိုမင်း ရင့်ရော် လာသော ရုပ်သွင်ကို မှန်ဖြင့် ပြန်ကြည့်ပြီး၊ သူ့ လက်များ တုန်ယင် လာ၏။

“ ရုပ်ပျို ဆေးလုံး။ ”

မှော် ဆေးလုံးကို ထုတ်ယူကာ၊ ချက်ချင်း မျိုချ လိုက်သည်။ သို့မှသာ အိုမင်း ခြင်းက အနည်းငယ် နှေးကွေး သွား၏။

သို့သော် သိပ်မကြာခင် မှာပင်၊ ဆံပင်များ ဖြူလာပြီး၊ အရေး အကြောင်းများ ပြည့်နှက် လာသည့်၊ အဘိုးအို အသွင် ပြောင်းလဲ သွား တော့သည်။

“ မဟုတ်ဘူး ... ။ ”

ရပ်တန့် မရသော အိုမင်း လာသည့် အသွင်ကို မကြည့် ရဲတော့ သဖြင့်၊ မှန်အား ပစ်ချ လိုက်သည်။ သည်အချိန်၌ သူ့ နှလုံးသား တစ်ခုလုံး၊ လုံးဝ သေဆုံး သွားခဲ့၏။

သွေးဝံပုလွေမှာ အဖြစ်အပျက် များကို မယုံနိုင် ဟန်ဖြင့်၊ မှင်တက် နေလေပြီ။ လဲ့ယန်းဇီနှင့် အကြည့်ချင်း ဆုံသွား ချိန်၌၊ အသက်ရှူ ရပ်သွား၏။

“ ပြီးတော့ မင်း ... ၊ မီးနဂါး ချပ်ဝတ်ကို နှစ်တွေ တစ်လျှောက်လုံး ဖြုတ်ဖို့ ကြိုးစားခဲ့ ပေမယ့်၊ မအောင်မြင် ခဲ့ဖူး ဟုတ်တယ် မလား၊ စိတ် မပူနဲ့၊ ငါ ကူညီ ပေးမယ်။ ”

ဆိုးညစ်သော ရယ်သံဖြင့်၊ သွေးဝံပုလွေထံ ဦးတည်ကာ၊ လဲ့ယန်းဇီက လေထဲ လှမ်းကုပ်ဆွဲ လိုက်၏။

“ အား ... ။ ”

မီးနဂါး ချပ်ဝတ် အပြင်၊ အရေပြား ကပ်ပါသွား သဖြင့်၊ လှုပ်ခတ် နေသော ကြွက်သား မျှဉ် များကို ရွံ့ရှာဖွယ်၊ မြင်လိုက် ရသည်။

ယင်းကြောင့် လင်းယွန် နောက်ရှိ၊ လိန်းရွှမ်းယင် တစ်ယောက် ပါးစပ်ကို လက်ဝါးဖြင့်၊ အမြန် ပိတ်ကွယ် လိုက်မိ၏။။

ထိုအချိန်တွင် ဆရာ ဖူနှင့် ဆရာဂူ တို့မှာ ဒူးထောက်လျက် ခေါင်းငိုက်စိုက် ကျသွားသည်။ ကြောက်ရွံ့ မှုကြောင့် ခေါင်းပင် မဖော်ဝံ့ တော့ချေ။

နန်းတော် တစ်ခုလုံး၊ ရုတ်တရက် တိတ်ဆိတ် သွားသည်။ လဲ့ယန်းဇီက သူမည်မျှ ကြောက်စရာ ကောင်းသည်ကို၊ လုပ်ရပ် များဖြင့်၊ သက်သေ ပြလာ၏။

“ မင်းတို့ အမှိုက် သုံးကောင်က၊ ငါ့ရဲ့ သွေးမိစ္ဆာ ကျမ်းကို လိုချင် နေတာလား၊ တကယ်တော့ မင်းတို့ အားလုံး၊ ငါ့ စစ်တုရင်ခုံ ပေါ်က နယ်ရုပ် လေးတွေ ပါပဲ၊ ပြီးတော့ မင်း … ။ ”

လဲ့ယန်းဇီက သူ့ အစီစဉ်များ အောင်မြင်လာ သဖြင့်၊ ကျေနပ်သော အမူအရာနှင့် ပြုံးလျက်မှ၊ လင်းယွန်ထံ စိုက်ကြည့် လိုက်သည်။

“ မင်းကြောင့် ... ငါ့ အစီစဉ်တွေ၊ ပျက်စီး လုနီးနီး ဖြစ်ခဲ့ ရတယ်၊ ဒါပေမယ့် မင်းကိုယ်မင်း သန်မာ တယ်လို့ တကယ် ထင်နေ တာလား၊ အခု ဒူး ထောက် .... ။ "

နန်းတော် ထဲတွင် လျှပ်စီး များနှင့် အတူ၊ လဲ့ယန်းဇီ အသံက ပဲ့တင်ထပ် နေသဖြင့်၊ ဆရာ ဖူနှင့် ဆရာ ဂူမှာ မျက်နှာများ ဖြူဖျော့ လာပြီး၊ သွေးတစ်လုတ် အန်ချ လိုက်ရသည်။

သို့သော် လင်းယွန် မှာမူ၊ ပြောင်းလဲခြင်း မရှိဘဲ၊ ရပ်နေမြဲ ဖြစ်၏။ ဤအရာက ဒူးထောက် နေသော ဆရာဖူနှင့် ဆရာဂူ တို့ကို အံ့အားသင့် သွားစေ ခဲ့သည်။

“ ဘာ လဲ ... ။ ”

ဖန်းဝမ်တို့ သုံးဦးအား၊ မျက်စိ တမှိတ် အတွင်း မှာပင်၊ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်။ သို့သော် ဤလူငယ်မှာ တုပ်တုပ် မျှပင် မလှုပ် ခဲ့ချေ။

“ မင်း … ။ ”

လဲ့ယန်းဇီက ဇဝေဇဝါဖြင့် လင်းယွန်ကို ပြန်ကြည့်ပြီး၊ တံဆိပ် တစ်ခုအား ထုတ်ဖေါ် လိုက်၏။

“ ဒူး ထောက် စမ်း ... ။ ”

( ဒီကောင် မတ်တပ် ကြီးများ၊ သေသွား တာလား။ )

တစ်ဖက် လူမှာ မြဲမြံစွာ ရပ်နေဆဲ ဖြစ်သည်။

“ ဒူး ထောက် ... ။ ”

လဲ့ယန်းဇီက လက်မလျော့ သေးဘဲ၊ တံဆိပ်ကို နောက်တစ်ကြိမ် ထပ်မံ ဖွဲ့စည်း သည်။ သို့သော်၊

“ ဘာဖြစ် တာလဲ၊ မင်းဆီက မိုးပြာ နဂါး တံဆိပ်ကို၊ ငါ ရှင်းရှင်း လင်းလင်း ခံစားမိ နေပါ တယ် … ။ ”

-ဟု ရေရွတ် လိုက်၏။

“ မင်း ... ဒါကို ပြော နေတာလား။ ”

လင်းယွန်က သူ့ လက်ဖဝါးကို ဖွင့်လိုက်ပြီး၊ ငွေရောင် အလင်းဖြင့် ကန့်သတ် ထားသော နဂါး တံဆိပ်အား၊ 'ပြ' လိုက်သည်။ နဂါး တံဆိပ်မှာ ငွေရောင် အလင်း အတွင်း၌ တုန်ယင် နေ၏။

“ ဒီတံဆိပ် လေးနဲ့၊ မင်းက ငါ့ကို ဒူးထောက် စေချင် တာလား ... အရူးပဲ။ ”

လင်းယွန်က နှာခေါင်းရှုံ့ လိုက်ပြီး၊ သူ့လက်ကို ဝှေ့ယမ်းကာ၊ နဂါး တံဆိပ်အား အပိုင်းပိုင်း ခွဲပစ် လိုက်သည်။

လင်းယွန် ဆိုသည်မှာ၊ ဓားသမား တစ်ယောက် ဖြစ်ပြီး၊ ဓားသည် လင်းယွန် ဖြစ်၏။

ထို့ကြောင့် ဓား တစ်လက် အနေဖြင့်၊ ဤကမ္ဘာ ကြီးတွင် မည်သည့် အခါမျှ၊ ဦးညွှတ်မည် မဟုတ်ချေ။

ထက်ရှသော ဓားတစ်လက် ကဲ့သို့ မတ်တပ်ရပ် နေပြီး၊ 'လေ' အဝှေ့တွင် လင်းယွန် ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်မျော လာတော့ သည်။

***

All Chapters