သွေးမိစ္ဆာ ကျမ်း။
Vol. 47 Ch. 654
ကွဲအက် လာသော နဂါး တံဆိပ်က၊ အနက်ရောင် အခိုး အငွေ့များ အဖြစ် ပြောင်းလဲ သွားကာ၊ လေထဲ ပျော်ဝင် သွားသည်။
“ မင်း ... ဘယ်တုန်းက သိခဲ့ တာလဲ။ ”
လဲ့ယန်းဇီမှာ လွန်ခဲ့သော ဆယ့်ငါးနှစ် ကတည်း ကပင်၊ ဤအစီ အစဉ်ကို အကောင် အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်း တို့သာ မက၊ ဝင်ရောက်လာ သူတိုင်းကို၊ ထိန်းချုပ်ရန် အတွက်၊ တံဆိပ် လေးခုအား ဖန်တီး ခဲ့၏။
သို့သော် လင်းယွန် အပေါ် မအောင်မြင် ခဲ့ချေ။
နန်းတော် အတွင်း ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာ အငွေ့ အသက်များ သိုင်းခြုံ လာပြီး၊ ဒေါသများ ပြည့်နှက် သွား၏။
အေးစက်သော ရောင်ဝါကို ထုတ်ဖော် လိုက်သည်နှင့်၊ လေဟာနယ် တစ်ခုလုံး တုန်ခါ လာသည်။
ဓားသေတ္တာ အတွင်းရှိ၊ ပန်းသင်္ချိုင်း ဓားက၊ ပြင်းစွာ တုန်ခါ နေဆဲ ဖြစ်ပြီး၊ ဓားရည်ရွယ် ချက်အား ဆက်လက် စုဆောင်း နေ၏။
အချိန် အတော် ကြာသည့်တိုင်၊ ရှန်ရှင်း ဓားကို စုဆောင်း နေခြင်းကြောင့်၊ မယုံနိုင် စရာ ကောင်း လောက်အောင် သိပ်သည်း လာသည်။
ထို့ကြောင့် လဲ့ယန်းဇီ ထံမှ ထွက်လာသော ရောင်ဝါမှာ၊ သူ့ကို အနည်းငယ် မျှပင် အန္တရာယ် မပေး နိုင်ခဲ့ချေ။
“ အဲဒါ မင်းနဲ့ ... ၊ ဘာဆိုင် လို့လဲ။ ”
လင်းယွန်က ပြန်ဖြေသည်။ ဤအရာက ဆရာ ဂူနှင့် ဆရာဖူ တို့ကို၊ ကြောက်ရွံ့ သွားစေ ခဲ့၏။
လဲ့ယန်းဇီ ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေတွင်၊ နာမည် ဆိုးဖြင့် ကျော်ကြားသော ဘီလူး တစ်ကောင် ဖြစ်၏။
သူသေဆုံး ခဲ့သည်မှာ၊ ဆယ့်ငါးနှစ် မျှသာ ရှိပေ သေးပြီး၊ ထိုအချိန်ကို ဆရာ ဂူနှင့် ဆရာဖူ တို့ ဖြတ်သန်းဖူး ချေရာ၊ မည်မျှ ထိတ်လန့် စရာ ကောင်းသည်အား၊ သိရှိ ကြသည်။
သို့သော် ယခု အချိန်၌ ဆယ်ကျော်သက်၊ အရွယ် မျှသာ ရှိသော လူငယ် တစ်ယောက်က၊ လဲ့ယန်းဇီကို တကယ် ပြန်ပြော နေခဲ့၏။
သူတို့ မျှော်လင့်ထား သလိုပင်၊ လဲ့ယန်းဇီ ထံမှ ဒေါသ တကြီးနှင့်၊ အရှိန် အဝါများ ပေါက်ကွဲ လာခဲ့၏။
လေပြင်း များက လင်းယွန် အဝတ် အစားနှင့်၊ ဆံပင် များကို တဖျပ်ဖျပ် ခတ်သွား စေခဲ့သည်။
“ မင်း ... နောက်က ကောင်မလေးကို လွှဲ ပေးပါ၊ မဟုတ်ရင် မင်းရဲ့ ရလဒ်က ဒီအမှိုက် သုံးကောင်ထက် အဆ တစ်ရာ၊ ပိုနာကျင် ရ လိမ့်မယ်။ ”
လဲ့ယန်ဇီက အေးစက်စွာ ဆိုသည်။ ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်း တို့မှာ ငြိမ်သက် နေသော်လည်း၊ အသက် ရှင်နေ သေး၏။
တစ်ဦးမှာ အရေစုတ် ခံလိုက် ရပြီး၊ နောက်တစ်ဦးမှာ သွေး ကျိန်စာကြောင့်၊ သတိ လစ်နေခြင်း ဖြစ်သည်။
သူတို့ သုံးဦးလုံး ယင်-ယန် အဆင့်၊ ကျွမ်းကျင် သူများ ဖြစ်ကြ သော်လည်း၊ လဲ့ယန်ဇီက လွယ်လွယ် ကူကူ ကိုင်တွယ် ဖြေရှင်း ခဲ့သည်။
“ မင်း ကြိုက်သလို လုပ်နိုင်တယ် ... ၊ သူ့ကိုတော့ ငါ မပေး နိုင်ဘူး။ ”
လင်းယွန်က ဆိုသည်။ အသက် အတွက် အခြားသူ တစ်ဦးကို၊ စတေးရန် စိတ်ကူး မရှိ ချေ။ လဲ့ယန်းဇီ မည်သူ ဖြစ်သည်မှာ၊ အရေး မကြီးဘဲ၊ ယင်းသည် သူ၏ ဗီဇီသာ ဖြစ်၏။
ကြက်သွေးရောင် ယဇ်ပလ္လင် ထံမှ မရဏ ဆန်ဆန် ရောင်ဝါ တစ်ခု တိုးထွက် လာပြီး၊ ဖန်းဝမ်တို့ သုံးယောက်ထံ တိုးဝင် သွားသည်။
“ အား ... ။ ”
နာကျင်စွာ အော်ဟစ် သံနှင့် အတူ၊ နောက်ဆုံး ထွက်သက်ကို ရှူထုတ် လိုက်ပြီး၊ တုန်လှုပ် ချောက်ချားဖွယ် တွန့်လိမ် သွား ကြသည်။
ထိုအချိန် မှာပင် လဲ့ယန်းဇီ ထံမှ၊ နောက်တစ်ကြိမ် ခြိမ်းခြောက်သံ ထွက်ပေါ် လာ၏။
“ အဲဒီ ကောင်မလေးကို လက်လွှဲပြီး၊ ဒီရတနာသိုက် ထဲက ရတနာတွေ အားလုံး ယူသွားပါ၊ ငါက အသက်ရှင် နေတုန်း ကလောက် မသန်မာတော့ ပေမယ့်၊ ငါ့ရဲ့ အောက်စည်းကို မဖြတ်ချင် ပါနဲ့။ ”
“ အောက်စည်း ဟုတ်လား။ ”
လင်းယွန်၏ မျက်လုံး များတွင် လှောင်ပြောင် သရော် ရိပ် များဖြင့်၊ ပြည့်နှက် လာသည်။
လဲ့ယန်းဇီ ကဲ့သို့ လူ တစ်ယောက်တွင်၊ အောက်ခြေ စည်း တစ်ခု ရှိသည်ဟု ဆိုသော ကြောင့်၊ ရယ်ချင် လာခြင်း ဖြစ်၏။
ခေါင်းမော့ပြီး လဲ့ယန်းဇီကို ပြန်ကြည့်ကာ၊
“ ဒါဆို ... ၊ မင်းရဲ့ ကျော်ကြားမှု တွေကို ငါမြင် ပါရစေ။ ”
သေပြီးသား လူ တစ်ယောက်အား၊ ဦးညွှတ် နေစရာ နည်းလမ်း မရှိချေ။ အထက်စီး ဆန်လာ ပါက၊ အလျှော့ မပေး တက်သော သဘော သဘာဝ အရ၊ ရှေ့တစ်လှမ်း တိုးယူ လိုက်သည်။
ယင်းကြောင့် ဆရာ ဂူနှင့် ဆရာ ဖူကို အံ့အားသင့် စေ၏။ လင်းယွန်က လဲ့ယန်းဇီ အား၊ ဤပုံစံဖြင့် ဆက်ဆံ လိမ့်မည်ဟု၊ မျှော်လင့် မထား မိချေ။
လင်းယွန် အတွက်မူ၊ အထူး တလယ် လုပ်ယူ ထားခြင်းမျိုး မဟုတ်ဘဲ၊ သဘာဝ အတိုင်း၊ ပြုမူ ခြင်းသာ ဖြစ်သည်။
တစ်ဖက် လူ၌ ခွန်အား ရှိပါက၊ ဤမျှ စကားများ နေမည် မဟုတ်ချေ။ ယဇ်ပလ္လင်သို့ ချဉ်းကပ်ကာ၊ သွေးမိစ္ဆာ ကျမ်းအား ရယူရန် ဆန္ဒ မရှိ သ၍၊ သူ လုံခြုံမည် ဖြစ်သည်။
“ ဘယ်လောက်တောင် မောက်မာ လိုက်လဲ။ ”
ရုတ်တရက် လဲ့ယန်းဇီမှာ၊ တံဆိပ် တစ်ခုအား ဖန်တီးပြီး၊ ဒေါသ တကြီးဖြင့် လက် ဝေှ့ယမ်း လိုက်သည်။
တံဆိပ် ပျံလွင့် လာပြီး၊ ဖန်းဝမ်ကို ထိမှန် သွား၏။ ထို့နောက်တွင် နောက်ထပ် တံဆိပ်များ ပျံ့လွင့် လာပြီး၊ ကျန်သူ နှစ်ဦးပေါ် ကျရောက် သွား ပြန်သည်။
တံဆိပ် များမှာ မီးငှက်၊ ကျားဖြူနှင့် လိပ်နက် တို့ကို ကိုယ်စား ပြုသော ဝိညာဉ် ရေးရာ ရူရ်များ ဖြစ်၏။
ခဏ အကြာတွင် အကြောများ တဆက်ဆက် တုန်လာပြီး၊ အနက်ရောင် အခိုး အငွေ့ များအား ပါးစပ်မှ မှုတ်ထုတ် လာကြ၏။
မီးနဂါး ချပ်ဝတ်က သွေးဝံပုလွေ ဆီသို့၊ ပျံသန်းလျက်၊ သွေးကျိန်စာ အမှတ်မှာ၊ သခင်လိန်း နဖူးမှ ပျောက်ကွယ် သွားသည်။
ဖန်းဝမ် မှာမူ ခန္ဓာ၌ လျှပ်စီးများ လင်းလက် လာပြီး၊ မီးလျှံ မိုးကြိုး ကြာပွတ်ကို ကောက်ကိုင် လိုက်သည်။
သူတို့ မျက်လုံး များက၊ နက်မှောင်သော အသွင်းသို့ ပြောင်းလဲ နေကာ၊ လင်းယွန်ထံ လှမ်းကြည့် လာတော့၏။
“ ဒါ ... ဒါ တကယ်ပဲ ရုပ်သေးတွေ ဖြစ်ကုန်ပြီ။ ”
“ သူ့မှာ ဒီလို နည်းလမ်းတွေ ရှိနေ ဦးမယ် မထင် မိဘူး၊ ကျော် သလောက်လည်း တကယ် စွမ်းတဲ့ လဲ့ယန်းဇီပဲ။ ”
ဆရာဖူနှင့် ဆရာဂူက စိတ်ချင်း ဆက်သွယ်ကာ၊ အချင်းချင်း ဝေမျှ လိုက် မိသည်။
“ မင်းကို ... ငါဘာမှ မလုပ်နိုင် ဖူးလို့ ထင်နေတာလား၊ ပေးခဲ့တဲ့ အခွင့် အရေးကို တန်ဖိုး မထားတဲ့ အတွက်၊ ငါ့ အပေါ် အပြစ် မတင် ပါနဲ့၊ ဟား ဟား ဟား ... ။ ”
လဲ့ယန်းဇီက ကျယ်လောင်စွာ ရယ်မော လိုက်သဖြင့်၊ လူတိုင်း၏ ဦးရေပြားများ ထုံကျင် လာ လေသည်၊။
“ တကယ် စကားများ တာပဲ၊ ဒါက မင်းမှာ ရှိတာ အကုန်လား၊ စိတ်ပျက် စရာ ကောင်း လိုက်တာ …။ ”
လင်းယွန်၏ မျက်ဝန်း များက စူးရှစွာ တောက်ပ လာသည်။ သူ မျှော်လင့် ထားသည့် အတိုင်း၊ တစ်ဖက် လူမှာ ဝိညာဉ် အဆင့်ဖြင့်၊ မည်သည့် အရာမျှ မလုပ်ဆောင် နိုင်ချေ။
ထို့ကြောင့် ဖန်းဝမ်တို့ သုံးဦးဖြင့်၊ တိုက်ခိုက် စေလိုပုံ ရသည်။ သို့သော် ၎င်းတို့ သုံးဦးမှာ သူ့အား ရှုံးခဲ့ ဖူးပြီ ဖြစ်၏။
အလောင်း သုံးလောင်းက ကစား ပွဲကို ပြောင်းလဲ ပေးနိုင် မည်ဟု ထင်ထား ပါက၊ လဲ့ယန်းဇီ တစ်ယောက် တစ်ကြိမ် မက သေသင့် ခေျပြီ။
“ အမှိုက် ... ။ ”
လင်းယွန်က ညည်းတွား လိုက်၏။ နှစ်ပေါင်း များစွာ ကျော်ကြား ခဲ့သော လဲ့ယန်းဇီ ဆိုသူမှာ၊ လူပြက် တစ်ယောက်သာ ဖြစ်နေ ချေသည်။
ယခု အချိန်ထိ ဝှက်ဖဲ မဆိုနှင့်၊ သူ့ဓား ကိုပင် မဆွဲ ရသေးကြောင်း၊ မေ့နေပုံ ရ၏။
“ မင်းရဲ့ ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင်မှု လေးနဲ့၊ ဒီလောက်တောင် မောက်မာ နေရလား၊ ငါ့ တစ်သက်မှာ မင်းလို လူမျိုး တွေကို၊ သတ်ခဲ့တာ လက်ချိုး ရေ လို့တောင် မရဘူး၊ ... သွား။ ”
လဲ့ယန်းဇီက ဖန်းဝမ်တို့ သုံးယောက်ကို လက်ဝှေ့ ယမ်းကာ ငေါက်ထုတ် လိုက်၏။ သူတို့ အပေါ်ရှိ မရဏ ရောင်ဝါမှာ၊ အလွန် သိပ်သည်း သွားပြီး၊ လင်းယွန်ထံ လေပြင်းများ အသွင်၊ ပြေးဝင် လာသည်။
“ ငါ့ ဓားက ... ၊ အလယ် အလတ် ကျွမ်းကျင်မှု မှာလို့ မင်းကို ဘယ်သူ ပြောလဲ။ ”
ကျောပြင်ရှိ စီးကျ နေသော သွေး များက၊ အချိန်ကြာ လာ သည်နှင့် အမျှ၊ ပျစ်တွဲ လာခေျ ပြီ။
မိုးပြာ နဂါး မူလ ပုံစံ ဒုတိယ အဆင့် ဖြင့်ပင်၊ ရှန်ရှင်း ဓား၏ ပြီးပြည့် စုံသော ကျွမ်းကျင် မှုအား၊ အချိန် ကြာမြင့်စွာ ဖိသိပ်ထား နိုင်ခြင်း မရှိခေျ။
ရုတ်တရက် လက်ကို ဝေှ့ယမ်းကာ၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ် လိုက်၏။ ၎င်းကို ဆုပ်ကိုင် လိုက်ချိန်၌ ထက်ရှသော ဓား တစ်လက် ကောင်းကင်ပေါ် ထိုးတက် သွားသည်။
ထို့နောက်တွင် ဆိုးရွားသော မရဏ ရောင်ဝါမှာ၊ ဓား အလင်းကြောင့်၊ ဆယ်မီတာ အကွာသို့၊ ပြန်လည် ဆုတ်ခွာ လိုက်ရ၏။
ဓားရောင်ခြည် အောက်တွင်၊ မရဏ ရောင်ဝါမှာ အပိုင်းပိုင်း မပြို ကွဲမီ အပေါက် များနှင့်၊ ချက်ချင်း ပြည့်နှက် လာသည်။
ဓားထံမှ ပန်းရနံ့များ ထုတ်လွှတ် လာပြီး၊ တိုက်ပွဲ ဝင်လိုသော ဆန္ဒ များဖြင့် မြည်ဟည်း တုန်ခါ နေချေပြီ။
ဦးစွာ ပြေးဝင် လာသော သွေးဝံပုလွေကို ပန်းသင်္ချိုင်း ဓားဖြင့်၊ ခုတ်ပိုင်း လိုက်၏။ မီးနဂါး ချပ်ဝတ်မှ နဂါး တစ်ကောင် ထွက်ရန် ပြင် နေစဉ်၊ ခုတ်ပိုင်းခံ လိုက် ရပြီး၊ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျ သွားသည်။
တစ်ချိန်တည်း မှာပင်၊ စပါးအုံးမြွေ တစ်ကောင် ဘေးထံပါး ဆီမှ ဒေါသ တကြီးဖြင့်၊ ပြေးဝင် လာပြန်သည်။
ရုပ်သေး အဖြစ် ပြောင်းလဲ ခံရ ပြီးနောက်၊ မီးလျှံ မိုးကြိုး ကြာပွတ်မှာ၊ ဖန်းဝမ် လက်၌ ပို၍ အားကောင်း လာ၏။
သို့သော် ၎င်းထက် ပိုမြန်သော လျှပ်စီး တစ်ချက် လက်သွားပြီး၊ ကြာပွတ်အား ထိမှန် သွားသည်။
“ ဂျိန်း ... ။ ”
လျှပ်စီး စပါးအုံး မြွေမှာ၊ ဖျက်ဆီး ခံလိုက်ရ ရုံသာ မက၊ ဖန်းဝမ် ခန္ဓာပင် နှစ်ပိုင်း ကွဲထွက် သွားလေသည်။
“ သခင့်ဓား— အလင်းခွဲ ဖြတ်ခြင်း။ ”
ရှန်ရှင်း ဓားမှာ လင်းယွန် နောက်ဆီ၌၊ ငွေရောင် အတောင်ပံ တစ်စုံ ကဲ့သို့ ဖြန့်ကျက် နေ၏။
၎င်း အချိန်တွင် လင်းယွန်မှာ ဓားတစ်လက် ဖြစ်ပြီး၊ ထိုဓားဖြင့် ထိတွေ့ ရုံနှင့်၊ သခင်လိန်း တစ်ယောက်၊ အပိုင်းပိုင်း ကွဲ သွားခဲ့သည်။
ဆိုလို သည်မှာ ဓားနှင့်လူ တသားတည်း ဖြစ်တည် လာပြီး၊ သူ့ အငွေ့ အသက်ကို ရှန်ရှင်း ဓားက၊ ဝါးမျို သွားခြင်း ဖြစ်၏။
စက္ကန့်ပိုင်း အတွင်း မှာပင်၊ ဖန်းဝမ်၊ သခင်လိန်းနှင့်၊ သွေးဝံပုလွေတို့ အားလုံးကို သတ်ပစ် လိုက်သည်။
ပန်းသင်္ချိုင်း ဓားမှ သွေးများ စီးကျ လာနေသော အသွင်နှင့်၊ လင်းယွန် တစ်ယောက် ပြန်လည် ထွက်ပေါ် လာသည်။
“ ပတောက် ...၊ ပတောက် ...၊ ပတောက် ... ။ ”
နန်းတော် တစ်ခုလုံး တိတ်ဆိတ် သွားပြီး၊ သွေးစက်များ စီးကျ နေသံ သဲ့သဲ့ ကိုသာ ကြား နေရ တော့သည်။
“ ပြီးပြည့် စုံသော ကျွမ်းကျင်မှု။ ”
သေဆုံး ကုန်သော ရုပ်သေး များကို ကြည့်ကာ၊ လဲ့ယန်းဇီ တစ်ယောက် ထိတ်လန့် သွားသည်။
“ အဲ့ဒါကြောင့် ပြောတာ၊ မင်းက အမှိုက် ပါလို့ ... ။ ”
လင်းယွန်က နှာခေါင်းရှုံ့ လိုက်ပြီး၊ ဆက်လက် လျှောက်လှမ်း လာသဖြင့်၊ အကန့် အသတ်မဲ့ ဓား ဆန္ဒများ လိုက်ပါ လာကာ၊ ယဇ်ပလ္လင်အား အက်ကွဲ သွားစေ၏။
“ မ ... မလာနဲ့၊ ငါ ... ငါ မင်းရဲ့ ကျွန် အဖြစ် နေဖို့ ဆန္ဒ ရှိပါတယ်၊ သွေးမိစ္ဆာကျမ်း ကိုလည်း မင်း ယူနိုင် ပါတယ်။ ”
သူ့ တစ်သက် ကြောက်ရွံ့မှုကို မခံစား ခဲ့ရ ဖူးသော မိစ္ဆာ တစ်ကောင်မှာ၊ အရမ်း ထိတ်လန့် နေပြီး၊ အသံများ တုန်ယင် သွားသည်။
ယဇ်ပလ္လင်နှင့် (၁၀)ပေ အကွာ၌၊ လင်းယွန်က ရုတ်တရက် ရပ်တန့် လိုက် သဖြင့်၊ လဲ့ယန်းဇီမှာ ဝမ်းသာ သွား၏။
“ တကယ့်ကို စိတ်ပျက် စရာ ပါပဲ၊ မင်းက ... မင်းကိုယ်မင်း အထင်ကြီး လွန်းနေပြီ၊ ငါမှာ ဓားသူတော်စင် တစ်ယောက်ရဲ့ အမွေ ရှိတယ်၊ ... ”
“ ... အင်ပါရီ ယန်ရဲ့ အမွေ ကိုတောင် စိတ်မဝင် စားတာ၊ မင်းလို ညစ်ပေ နေတဲ့ ကျမ်း တစ်ဆောင်က ငါ့မျက်စိထဲ ရောက်မယ် ထင်နေ လား ... ဟမ့် ။ ”
စကားဆုံး သည်နှင့်၊ ရှေ့တစ်လှမ်း တိုးကာ၊ ခုတ်ပိုင်း ချ လိုက်၏။
“ မ လုပ် နဲ့ ... ။ ”
ပန်းသင်္ချိုင်း ဓားမှာ ယဇ်ပလ္လင်ကို၊ ပန်း တစ်ပွင့် ကဲ့သို့ ထက်ခြမ်း ခွဲလျက် ကောင်းကင် ပေါ်၊ ပျံတက် သွားစေသည်။
“ အား ... ။ ”
နာကျင်စွာ ညည်းတွား သံနှင့် အတူ၊ ယဇ်ပလ္လင် ပေါ်ရှိ သွေးမိစ္ဆာ ကျမ်းမှာ၊ အမှုန် အဖြစ် ပြောင်းလဲ သွားတော့၏။
***