ရိတ်သိမ်းမှု။
Vol. 47 Ch. 655
လင်းယွန်၏ ရှန်ရှင်း ဓားမှာ၊ အပြည့် အဝ ကျွမ်းကျင်မှုကို ရရှိ ထားလိမ့် မည်ဟု မထင် ခဲ့ချေ။
မုန်းတီးမှု၊ မယုံကြည် နိုင်မှု တို့နှင့် အတူ၊ လဲ့ယန်းဇီ တစ်ယောက် ပျောက်ကွယ် ‘စ’ ပြု လာ၏။ သည်တစ်ကြိမ် သူ တကယ် သေသွား ရလေပြီ။
အချိန် အတော်ကြာ သည်အထိ၊ တောက်ပသော အလင်းရောင် အောက်တွင် နန်းတော် တစ်ခုလုံး ရှန်ရှင်း ဓားဖြင့် ပြည့်နှက် နေ၏။
ဆရာ ဖူနှင့် ဆရာဂူ တို့က၊ ဤမြင်ကွင်းကို မယုံကြည် နိုင်စွာ ကြည့်နေ မိကြသည်။
မိစ္ဆာ ကျင့်ကြံသူ အဖြစ်၊ ရာစုနှစ် တစ်ခု တိုင်တိုင် ကျော်ကြား ခဲ့သော လဲ့ယန်းဇီမှာ၊ လူငယ် တစ်ဦးမှ သတ်ဖြတ်ခြင်း ခံလိုက် ရပြီး ဖြစ်သည်။
လဲ့ယန်းဇီသည် စိတ် ဝိညာဉ် မျှသာ ဖြစ်သော်လည်း၊ ဖန်းဝမ်၊ သခင်လိန်း နှင့် သွေးဝံပုလွေ တို့ကို လွယ်ကူစွာ ကိုင်တွယ် နိုင်သည် အထိ၊ အားကောင်း နေဆဲ ဖြစ်၏။
သို့သော် လင်းယွန်က သူ့ဓားကို ဆွဲလိုက်သည့် အချိန်တွင်၊ ၎င်းခွန်အားမှာ အသုံး မဝင် တော့ပေ။
ဤအရာက ဆရာ ဂူနှင့် ဆရာဖူတို့ နှစ်ဦးကို တုန်လှုပ်သွား စေခဲ့သည်။ ထို့အပြင်၊ ၎င်းမှာ သွေးမိစ္ဆာ ကျမ်းကို ရယူရန် ဆန္ဒ မရှိသည့် အတွက်၊ ပို၍ပင် တုန်လှုပ် သွားမိ သည်။
အမှန်တိုင်း ဆိုရ ပါမူ၊ လင်းယွန် တစ်ယောက် သန်မာ လွန်းသော ကြောင့် မဟုတ်ချေ။ ဖန်းဝမ်၊ သွေးဝံပုလွေနှင့် သခင်လိန်း တို့မှာ၊ လောဘကြောင့် မမြင် နိုင်တော့ခြင်း ဖြစ်သည်။
လင်းယွန် အတွက်မူ၊ ထိုသုံးဦးနှင့် မတူဘဲ၊ တစ်ချိန်လုံး တည်ငြိမ် ခဲ့သည်။ သွေးမိစ္ဆာ ကျမ်း ကို သိချင် ရုံသာ ရှိ၏။
ဤနည်း စနစ်မှာ အခြား သူများ၏ သွေးသားကို ဝါးမြို ခြင်းဖြင့်၊ အစွမ်းထက် သော်လည်း၊ လဲ့ယန်းဇီမှာ အင်ပါရီယန် နယ်ပယ် ကိုပင်၊ ရောက်ရှိ ထားခြင်း မရှိချေ။
ထိုကဲ့ သို့သော သူကို၊ ဓားသူတော်စင်က အကြည့် တစ်ချက် ဖြင့်ပင်၊ သတ်ပစ် နိုင်သည်။ ထို့ကြောင့် လဲ့ယန်းဇီ၏ နည်းစနစ်က၊ သူ့အား သွေးဆောင် နိုင်စရာ နည်းလမ်း မရှိချေ။
အစောပိုင်း တိုက်ပွဲ အရ၊ သန်မာ သည်ဟု ထင်ရ သော်လည်း၊ အလွန် အန္တရာယ် များသော ဆုံးဖြတ်ချက် များကို ချမှတ် ခဲ့ရသည်။
အကယ် ၍သာ မိုးပြာ နဂါး မူလ ပုံစံကို ‘ထပ်မံ ပေါင်းစပ်’ အဆင့်သို့ မရောက်ရှိ ခဲ့ပါက၊ ရှန်ရှင်း ဓားကို ဤမျှ အထိ ဖိသိပ် ထားခြင်းအား၊ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ထိုသို့ ဆိုသော် ဖန်းဝမ်တို့ သုံးဦးအား အလွယ်တကူ သတ်နိုင်မည် မဟုတ်ကြောင်း ပြောနိုင်သည်။
ယခု အချိန်၌ ယင်-ယန် အဆင့်၊ ကျွမ်းကျင်သူ နှင့် ရင်ဆိုင် ရလျှင်ပင်၊ မိမိ ကိုယ်ကို ကာကွယ်ရန် ယုံကြည်မှု ရှိ နေပြီ ဖြစ်သည်။
ဒူးထောက် ထားသော သခင် နှစ်ပါး၏ နှလုံးသား များက၊ ဖိအားကို ခံစား လိုက်ရသော ကြောင့်၊ တဆက်ဆက် ခုန်သွားသည်။
လင်းယွန်က ၎င်းတို့အား စိုက်ကြည့်ကာ တစ်စုံ တစ်ရာ ဆုံးဖြတ် နေကြောင်း၊ နားလည် မိသည်။
သူတို့ နှစ်ဦးမှာ၊ လမ်း တစ်လျှောက်တွင်၊ အကြိမ်ကြိမ် တိုက်ခိုက် ခဲ့သည်ကို သတိ ရသွား ပြီး၊ မျက်နှာများ ပျက်ယွင်း လာ၏။
“ သခင်လေး လင်း၊ ငါ ... ။ ”
သို့သော် သူတို့ စကား အဆုံးခင် လင်းယွန်က ဓားကို ဆွဲထုတ်ပြီး၊ ပြန်လည် ရုတ်သိမ်း လိုက်ပြီ ဖြစ်သည်။
သခင် နှစ်ပါး၏ နဖူး ပြင်၌၊ သွေးများ စိမ့်ထွက် လာပြီး၊ သွေးကွက်ကြီး တစ်ခု အဖြစ် လျင်မြန်စွာ ကြီးထွား လာတော့သည်။
ဤမြင်ကွင်းက ဆရာဂူနှင့် ဆရာဖူ မျက်နှာကို ဖြူဖျော့ သွားစေ၏။ သို့သော်။
“ ထွက် သွား။ ”
ကြောက်ရွံ့ တုန်လှုပ် နေသော၊ အဘိုးအို နှစ်ဦးကို တစ်ချက်သာ ကြည့်ပြီး မောင်းထုတ် လိုက်သည်။
သူတို့ နှစ်ဦးမှာ အလွန် စိတ် သက်သာရာ ကုန်လျက်၊ ကျေးဇူး တင်ကြောင်း ပြသ ပြီးနောက် အမြန် ထွက်ခွာ သွားကြ လေသည်။
ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေ မိသော လိန်းရွှမ်းယင်မှာ၊ အနည်းငယ် အံ့အားသင့် သွား သည်။
“ အစ်ကိုကြီး လင်း၊ သူတို့ကို ဘာလို့ လွှတ်လိုက် တာလဲ ။ ”
“ သူတို့က ... ငါ့နောက် လိုက်ဖို့ သတ္တိ မရှိ ကြပါဘူး၊ သခင် နှစ်ပါး ကတော့ မတူဘူး၊ သူတို့ အသက်ရှင် နေသေးရင်၊ မင်းမှာ အန္တရာယ် ရှိ နိုင်တယ်။ ”
လင်းယွန်က နန်းတော် အနှံ့ ဝေ့ကြည့်ကာ ဆိုသည်။ လိန်းရွှမ်းယင်မှာ သူမ အတွက် သခင် နှစ်ပါးကို သတ်လိုက် သည်ဟု ဆိုသဖြင့်၊ ကျေနပ် သွား၏။
ယင်းမှာ တဒင်္ဂ မျှသာ ဖြစ်ပြီး၊ လမ်းတလျှောက် အတွေ့ အကြုံ များက၊ သူ့ မျက်နှာကို၊ နွမ်းလျ လာစေ ပြန်သည်။
သူ့ အရွယ်ဖြင့် မည်သူ မဆို၊ လွယ်လွယ်နှင့် ပုံမှန် ပြန်ဖြစ် လာနိုင်မည် မဟုတ်ချေ။
“ လေး လိုက်တာ ... ။ ”
မီးလျှံ မိုးကြိုး ကြာပွတ်ကို ကောက်ကိုင် လိုက်ပြီး၊ လင်းယွန်က ရေရွတ် မိသည်။ သို့သော် လွင့်ပျံ နေသော လျှပ်စီး စွမ်းအင်ကို ခံစား လိုက်ရသော အခါ၊ စိတ်လှုပ်ရှား သွား ရ၏။
ကြာပွတ်အား လေထဲ ရိုက်ချ လိုက်ပြီး၊ မီးလျှံများ တောက်လောင် နေသည့် စပါးအုံး မြွေကြီးကို ထုတ်လွှတ် လိုက်သည်။
၎င်းတွင် ခရမ်းရောင် ဦးချို ပါရှိကာ၊ ဖန်းဝမ် ကိုင်ဆွဲချိန် ကထက် အနည်းငယ် ထူးခြား နေကြောင်း ခံစား မိသည်။
“ ဟမ် ... (၅၀%) စွမ်းအားလား။ ”
အလောင်းကောင် ရုပ်သေး အဖြစ်သို့၊ ပြောင်းလဲ သွားသော ဖန်းဝမ်ပင် စွမ်းအားကို (၄၀%) သာ ထုတ်လွှတ် နိုင်၏။
ယခုမူ သူ့လက်၌ ( ၅၀ ) ရာခိုင်နှုန်း ထုတ်ပေး နေချေပြီ။ ယင်းမှာ မိုးပြာ နဂါး မူလ ပုံစံနှင့်၊ ပတ်သက်မှု ရှိနိုင်၏။
ကောလာဟလ သတင်းများ ထွက်ပေါ် နေသကဲ့သို့၊ စကြာဝဠာ လက်ရာ များထက် သာလွန် နိုင်သည်။
ချိတ်ပိတ် ခံထားရ သော်လည်း၊ အဆင့်မြင့် စကြာဝဠာ လက်ရာ တစ်ခုဖြစ်၊ နေဆဲ ပေပင်။ ထို့ကြောင့် အစီရင်သာ ပွင့်သွား ပါက၊ မည်မျှ အစွမ်းထက် မည်ကို တွေးကြည့် နိုင်၏။
အကယ် ၍သာ မိုးပြာ နဂါး မူလ ပုံစံနှင့် အမှန် တကယ် ပတ်သက်မှု တစ်စုံတစ်ရာ ရှိနေ ခဲ့ပါက၊ တစ်ချိန်တွင် စွမ်းအား အပြည့်အဝ ထုတ်ပြရန်၊ သူ့၌ အခွင့် အရေး ရှိမည် ဖြစ်သည်။
ထိုကြောင့် ရရှိ ထားသော ရတနာများ အနက်၊ မီးလျှံ မိုးကြိုး ကြာပွတ်မှာ သူ့အား များစွာ စိတ်လှုပ်ရှား စေ၏။
အစွမ်း ထက်သော လက်နက် တစ်ခု ဖြစ်သဖြင့်၊ အနာဂါတ်၌ သူ့ ဝှက်ဖဲ တစ်ချပ် ဖြစ်လာ ချေမည်။
ယင်-ယန် အဆင့် ပါရမီရှင် များအား ရင်ဆိုင် ရာ၌၊ ကျင့်ကြံမှု အားနည်း ချက်ကို ဖြည့်စွက် ပေးနိုင်မည် ဖြစ်၏။
မီးလျှံ မိုးကြိုး ကြာပွတ်ကို သိမ်းဆည်း လိုက်ပြီး၊ ရတနာများ အကြောင်းကို ပြန်လည် တွေးတော မိသည်။
ကောင်းကင် ပိုးမျှဉ် ချပ်ဝတ် ၊ ခရမ်းရောင် ယန် ဆေးလုံးနှင့်၊ အခြားသော ရတနာ များစွာ အပါ အဝင်၊ ဤခရီးမှာ အရှုံး မပေါ် ခဲ့ပေ။
သွေးမိစ္ဆာ ကျမ်းနှင့် ပတ်သက် ၍မူ၊ စိတ်မဝင်စား သောကြောင့်၊ ချက်ချင်း ဖျက်ဆီး ပစ်လိုက်ခြင်း ဖြစ်သည်။
ဓား သေတ္တာကို ဖွင့်ကာ၊ (Dream catcher) ပန်းကို ထည့်ပြီး ပြန်ပိတ် လိုက်၏။
ဤပန်းမှာ လမ်းလွဲ ကျင့်ကြံ သူများ အတွက်၊ ရတနာ တစ်ပါး ဖြစ်သော်လည်း၊ ပန်းသင်္ချိုင်း ဓားကို ကျွေးမွေးရန် ဆုံးဖြတ် လိုက်သည်။
ပန်းသင်္ချိုင်း ဓားအား အတွင်းသို့ ထည့် လိုက်သည်နှင့်၊ ချက်ချင်း ဆို သလိုပင် ပန်းရနံ့ များက၊ ဓား ထံသို့ စီးဝင် လာ သည်ကို ခံစား မိသည်။
ပန်းသင်္ချိုင်း ဓား ထံမှ၊ မကြာခင် အလယ် အလတ် အဆင့်သို့ တက်လှမ်း နိုင်တော့မည် ဖြစ်ကြောင်း၊ အချက်ပြ လာ၏။
ယင်းက သူ့ကို ပျော်ရွှင် လာစေသည်။ မီးလျှံ မိုးကြိုး ကြာပွတ်မှာ၊ အစွမ်းထက် သော်လည်း၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ ယှဉ်နိုင်ဖွယ် မရှိချေ။
အတိတ် ကာလများ ဆီ၌ မီးလျှံ မိုးကြိုး ကြာပွတ်ထက်၊ ပိုမို အားကောင်း နေမည်မှာ သေချာ သည်။
ယင်းကို လိန်းရွှမ်းယင်က ငြိမ်သက်စွာ စောင့်ကြည့် နေခဲ့၏။ သူမ အသက် အရွယ်ဖြင့်၊ ဓား သမား အချို့ကို မြင်ခဲ့ဖူး ချေပြီ။
သို့သော် အစ်ကိုကြီး လင်း ကဲ့သို့၊ သူ့ဓားအပေါ် တန်ဖိုးထား သူ တစ်ယောက်မျှ၊ မမြင်ဖူး ခဲ့သည်မှာ သေချာသည်။
“ အစ်ကိုကြီး လင်း ... ၊ မင်း ဘာလုပ် နေတာလဲ။ ”
“ ဒီဓားကို ပန်းသင်္ချိုင်း ဓားလို့ ခေါ်တယ်၊ သူ့ရဲ့ အထွတ်အထိပ် အချိန်ကို ပြန်ရောက်ရင်၊ ဒီနာမည်က တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခု လုံးမှာ၊ တွင်ကျယ် လာလိမ့်မယ်၊ အခုတော့ သူ့ကို ပန်းရနံ့ တွေနဲ့ အားဖြည့် ပေးဖို့ လို နေသေးတယ်။ ”
လင်းယွန်က ပြုံးကာ ရှင်းပြ နေလျက်ဖြင့်၊ ရုတ်တရက် တွေးမိ သွားကာ၊ လိန်းရွှမ်းယင်ထံ လှည့်ကြည့် လိုက်သည်။
“ ယင်လေး ... ၊ သခင် သုံးပါးက သေပြီ ဆိုတော့ ... ၊ ဘာလုပ်ဖို့ စိတ်ကူး ထားလဲ။ ”
သူ့ မေးခွန်းကြောင့် လိန်းရွှမ်းယင်မှာ၊ သနားစဖွယ် ပြောင်းလဲ သွားသည်။ လင်းယွန် နှင့် ခရီးအတူ ထွက်ရန်၊ ဆန္ဒရှိ သော်လည်း၊ သူမ ခွန်အား အရ၊ ဝန်ထုပ် ဝန်ပိုး ဖြစ်နေ မည်ကို သိ၏။
ထို့ကြောင့် ပြောရန် သတ္တိ မရှိပေ။ ထိတ်လန့် စရာ များစွာကို ကြုံတွေ့ ခဲ့ရ သော်လည်း၊ အခြားသူ များ အပေါ်၊ ဒုက္ခ မပေး လိုသည့်၊ အငုံစိတ် ရှိနေ သေး၏။
“ ကောင်းကင် ပြည်နယ် အကယ်ဒမီ အကြောင်း၊ မင်း ကြားဖူးလား။ ”
လင်းယွန်က မေးလိုက်သည်။
“ အင်း သိတယ်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ဝိညာဉ် ရေးရာ ရူရ် တွေကို သင်ကြား ပေးတဲ့ အကယ်ဒမီ တစ်ခုပဲ။ ”
ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာသခင် တစ်ဦး ဖြစ်သော လိန်းရွှမ်းယင် အနေဖြင့်၊ ၎င်းကို သဘာဝ ကျကျ သိရှိ ထား ပေသည်။
“ သူတို့ ဆီကို သွားပြီး၊ ငါ့ နာမည် ပြောလိုက်ပါ၊ မင်း အဲဒီမှာ နေဖို့ အတွက် ငါ စာတစ်စောင် ရေးပေး လိုက်မယ်။ ”
“ တ ကယ် လား။ ”
လိန်းရွှမ်းယင်၏ မျက်ဝန်း များတွင်၊ စိတ်လှုပ်ရှားမှု များဖြင့် တောက်ပ လာသည်။ ကောင်းကင် ပြည်နယ် အကယ်ဒမီမှာ၊ ဝိညာဉ် ရေးရာ ဆရာ သခင် များအတွက်၊ သန့်ရှင်းသော မြေ ဖြစ်၏။
“ အင်း ... မင်း အဆင်ပြေ မှာပါ။ ”
လင်းယွန်က ပြုံးကာ အာမခံ လိုက်သည်။ ပြီးနောက် ကောင်းကင် ပိုးမျှဉ်နှင့် အသူရာ ဝိုင် ကို ထုတ်ယူပြီး၊
“ ဒါက ... ခရီး ရှည်ကြီး ဖြစ်တဲ့ အတွက်၊ ဒီချပ်ဝတ်ကို ယူပါ၊ မင်း ဘေးကင်းဖို့ လိုတယ်၊ ပြီးတော့ ... ”
“ ... ဒီဝိုင်ကို မိုလင်းလို့ ခေါ်တဲ့ အမျိုးသမီးထံ ပေးလိုက်ပါ၊ ဒါက ကျေးဇူး တရား အတွက်၊ ငါ့ရဲ့ လက်ဆောင်လို့ သူ့ကို ပြောပေး။ ”
မြောက်ပင်လယ် တိုက်ပွဲ၌ ကောင်းကင် ပြည်နယ် အကယ်ဒမီ သည်သာ၊ ကာကွယ်ရန် ဆန္ဒ မရှိပါက၊ သူ သေရမည် ဖြစ်သည်။
ထို့ကြောင့် အခွင့် အရေး ရှိချိန်တွင်၊ သူတို့ အပေါ်၊ သဘာဝ အတိုင်း ပြန်လည် ပေးဆပ် ရပေမည်။
အသူရာ ဝိုင်တွင် ဝိညာဉ် ရေးရာ ဆရာ သခင်တိုင်း အတွက်၊ အလွန် တန်ဖိုး ရှိသော နဂါး ကြိုးမျှဉ် ပါရှိ သဖြင့်၊ မိုလင်း အတွက် အကျိုးရှိ မည်မှာ၊ သေချာ၏။
“ ဒါ ... ဒါက အရမ်း တန်ဖိုး ရှိတယ်။ ”
လိန်းရွှမ်းယင်က ကောင်းကင် ပိုးမျှဉ် ချပ်ဝတ် ရတနာကို ကြည့်ပြီး မယူ ဝံ့ ခဲ့ချေ။
“ ငါ့ အတွက် လူကြုံ ပါးဖို့၊ မင်းကို လိုအပ်တယ်၊ ဒါကြောင့် မင်း ဘေးကင်းဖို့က ငါ့တာဝန်ပဲ၊ ပြီးတော့ ဒါက အဲ့ဒီ လောက်လည်း တန်ဖိုး ကြီးတာ မဟုတ် ပါဘူး။ ”
နောက်ဆုံးတွင် ရတနာ များကို လက်ခံ ယူ လိုက်ပြီး၊ လင်းယွန်ကို မဝံ့ မရဲ မော့ကြည့်ကာ၊
“ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး လင်း၊ အခု ဘယ်ကို သွားမှာလဲ။ ”
“ မိုးကြိုး စီရင်စု။ ”
လင်းယွန်က ပြန်ဖြေသည်။ ထိုနာမည်ကို စိတ်ထဲ၌ ရေးမှတ် လိုက်သော်လည်း၊ လင်းယွန် တစ်ယောက် မိုးကြိုး စီရင်စုတွင် ကြာကြာ နေမည် မဟုတ်ကြောင်း၊ သူမ သိသည်။
ပြန်ဆုံ ခွင့် ရှိလျှင်ပင်၊ သွေးစွန်းသော ဧည့်ခံ ပွဲသာ ဖြစ်ပေမည်။
“ သွား ရ အောင်၊ မင်းကို ငါ လိုက်ပို့ ပေးမယ်။ ”
လင်းယွန်က လိန်းရွှမ်းယင် နဖူးကို ပုတ်လိုက်ပြီး၊ မိုးကြိုး ရတနာသိုက် ထဲမှ ထွက်လာ ခဲ့သည်။
ယဇ်ပလ္လင် မရှိဘဲ၊ ဝိညာဉ် ရေးရာ အစီရင်မှာ၊ ဆက်လက် တည်ရှိ နေစရာ အကြောင်း မရှိချေ။ ထို့ကြောင့် လွယ်ကူစွာ ပြန်လည် ထွက်ခွာ နိုင်ခဲ့ ကြသည်။
***