← Chapters

စိမ့်မြေ။

Vol. 47 Ch. 656

စိမ့်မြေ။

Vol. 47 Ch. 656

နေဝင်ရီ တရော အချိန်တွင်၊ တိမ်ညို များက ကောင်းကင် အပြည့် ဖုံးလွှမ်း သွားသည်။

မီးဖို တစ်ဖို ဘေး၌ ထိုင်နေသော လင်းယွန်က၊ သူ့လက် ထဲရှိ၊ လျှပ်စီး ပုတီးစေ့ကို မြောက်ကစား လိုက်ပြီး၊

“ ဒါက ... တကယ်ပဲ အဖိုးတန် ရတနာ တစ်ပါးပဲ၊ လဝက် လုံးလုံး စုပ်ယူ သန့်စင်ခဲ့ တာတောင်၊ လျှပ်စီး စွမ်းအင် သုံးပုံ တစ်ပုံ ကျန်နေ သေးတယ် … ။ ”

မိုးကြိုး ရတနာ သိုက်မှ ထွက်ခွာ လာခဲ့ သည်မှာ၊ ရက်ပေါင်း နှစ်ဆယ် ရှိပြီ ဖြစ်သည်။ ထိုရက်များ အတွင်း တစ်နေ့လျှင်၊ ငါးနာရီမျှ အချိန် ယူပြီး၊ နေ့စဉ် သန့်စင် ခဲ့၏။

အကျိုး သက်ရောက် မှုမှာ၊ များစွာ ကောင်းမွန် ချေသည်။ နောက်ဆုံးတွင် နတ်ဆိုး သားရဲ များ၏ သားရဲ အမြုတေ များထက်၊ များစွာ သာလွန် ချေ၏။

ကျင့်ကြံမှု အုတ်မြစ် ခိုင်မာ လာသည် နှင့်အမျှ၊ မိုးပြာ နဂါး မူလ ပုံစံ၏ လျှို့ဝှက်ချက် များကို၊ တူးဆွ လာနိုင်သည်။

တင်ပျဉ်ခွေ ပြောင်းထိုင် လိုက်ပြီး၊ စတင် ကျင့်ကြံ မိသည်နှင့်၊ ခရမ်းရောင် လျှပ်စီး များက၊ နဂါး အမှတ်အသား တဝိုက် စီးဝင် လာသည်။

ဤတစ်ကြိမ်၌ ယခင် လျှပ်စီး များဖြင့် မတူကြောင်း၊ သူ ပြောနိုင်၏။

ယခု အချိန်၌ သူ၏ ဆေးကြိုအိုး သုံးဆယ် ခွန်အားမှာ၊ လျှပ်စီး ရူရ် ပေါင်း (၁၈) လုံး အဖြစ် ပြောင်းလဲ လာခြင်း ဖြစ်သည်။

လျှပ်စီး ပုတီးစေ့ဖြင့်၊ ကျန်ရှိ နေသော ဆေးကြိုအိုး (၁၂)အား၊ ထပ်မံ ပြောင်းလဲ နိုင် ပါက၊ ရုပ်ခွန် အားမှာ အဆင့် သစ်သို့ ရောက်ရှိ လာမည် ဖြစ်သည်။

များ မကြာခင် လက်သီးကို တင်းတင်း ဆုပ်လျက်၊ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ လက်သီး တစ်ချက် ပစ်ထုတ် လိုက်၏။

နှလုံးသား ထံမှ ခရမ်းရောင် အလင်းများ ထုတ်လွှတ် လာပြီး၊ နဂါး အမှတ် အသားရှိ ရူရ် (၁၈) လုံးမှာ၊ အသက်ဝင် လာသည်။

အလင်းတန်း (၁၈) ခုက လျင်မြန် လွန်သော အဟုန်ဖြင့်၊ သူ့ လက်မောင်း ဆီသို့ ရွေ့လျား သွား၏။

တဟုန်ထိုး မြည်ဟည်း လာသော မိုးခြိမ်း သံများ နှင့်အတူ၊ လက်သီးချက် ကျရောက်ရာ၊ မီတာ သုံးထောင် အတွင်း မီးလောင်ပြင် အဖြစ်၊ ပြောင်းလဲ ပစ် လေသည်။

မြေပြင်၌ လျှပ်စီး တဖျပ်ဖျပ် လက်နေပြီး၊ အချိန် အတော် ကြာသည့်တိုင်၊ ပျောက်ကွယ် သွားခြင်း မရှိ ခဲ့ချေ။

ဤလက်သီးမှာ အလယ် အလတ် ယင်-ယန်အဆင့်ကို ခြေတစ်လှမ်း ရောက်နေသည့်၊ ကျွမ်းကျင် သူ များအား၊ ရင်ဆိုင် နိုင်သော ကြောင့်၊ ကျေနပ် သွားမိသည်။

သို့သော် အတွင်း အဆင့်ရှိ ထိုပါရမီရှင် များနှင့် ယှဉ်ရ ပါလျှင်၊ သူ့၌ အခွင့် အရေး မရှိ နိုင်ကြောင်းကို သူ သိ၏။

နောက်ဆုံးတွင် အတွင်း အဆင့် ပါရမီရှင် များမှာ၊ ၎င်းတို့ထက် ပို၍ သန်မာသော ကျွမ်းကျင်သူ များကို၊ အဆင့်ကျော် သတ်ဖြတ် နိုင်နေပြီ ဖြစ်သည်။

အတွင်း အဆင့်မှာ ကမ္ဘာသစ် တစ်ခု ဖြစ်ပြီး၊ ယခု အချိန်၌ လက်လှမ်း မမှီသေး သော်လည်း၊ လျှပ်စီး ရူရ်များ အားလုံးကို သန့်စင် နိုင်မည် ဆိုပါက၊ ဓားသုတ္တန် အစွမ်းဖြင့်၊ လူတိုင်းကို ရင်ဆိုင် နိုင်မည်ဟု ယုံကြည်သည်။

ရုတ်တရက် ကျယ်လောင်သော ဟောက်သံ တစ်သံ နှင့် အတူ၊ နတ်ဆိုး သားရဲ တစ်ကောင် ထွက်ပေါ် လာသည်။

၎င်းတွင် ထူထဲသော အနက်ရောင် အမွေးများ ဖုံးအုပ် နေပြီး၊ ဦးခေါင်းတွင် ဦးချို ပါသော နွားရိုင်း တစ်ကောင် ဖြစ်၏။

အသက်ရှူ ထုတ်လိုက်တိုင်း၊ အနက်ရောင် အခိုး အငွေ့များ ထွက်ပေါ် လာသည်။ ထူးခြား ချက်မှာ ခွာများ၌ ခြေသည်းများ ပါရှိ နေခြင်း ဖြစ်၏။

“ မိစ္ဆာ ဦးချို ကျွဲရိုင်း ... ။ ”

လင်းယွန်က အံ့သြ သွားသည်။ သူ့ လက်သီးမှာ၊ မိစ္ဆာ ဦးချို ကျွဲရိုင်း နယ်မြေ ထဲသို့၊ ကျရောက် သွားလိမ့် မည်ဟု၊ မမျှော်လင့် ထားမိ ချေ။

ဤစိမ့်မြေ အတွင်း၌ မိစ္ဆာ ဦးချို ကျွဲရိုင်းမှာ၊ အလွန် အစွမ်းထက် လှသော၊ အထက် တန်းစား နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်၏။

ကနဦး ယင်-ယန် အဆင့်ရှိ ကျွမ်းကျင်သူ များပင်၊ ၎င်းဖြင့် ရင်ဆိုင် ရာ၌ ခေါင်းကိုက် သွား နိုင်မည်။

ကြောက်စရာ ကောင်းသည်ထက်၊ ထူထဲသော အမွေး များက အစွမ်း ထက်သော သဘာဝ အကာ အကွယ် တစ်ခု ဖြစ်၏။

သို့သော် လင်းယွန်က သူ့ လက်အား ဝှေ့ယမ်း လိုက်ပြီး၊ ငွေရောင် လွန်းပျံ ကိုးစင်းကို ထုတ်ယူကာ၊ လှံတို သဏ္ဍာန် ပေါင်းစပ် လိုက်သည်။

ယင်းမှာ မိုးကြိုး ရတနာ သိုက်၌ ရရှိ ခဲ့သော ရတနာ ဖြစ်သည်။ ၎င်းကို အလွယ် တကူ ထိန်းချုပ် အသုံးပြု နိုင်ချေ၏။

မိစ္ဆာ ဦးချို ကျွဲရိုင်းက၊ သူ့ထံ အားယူ နေသည်ကို ကြည့်ပြီး၊ လှံတိုအား လေထဲ စက်ဝိုင်း အသွင် လှည့်ပတ် လိုက်၏။

ယင်းမှာ ဝိညာဉ် ရူရ် များနှင့်၊ သန့်စင် ထားသော၊ လက်နက် တစ်ခု ဖြစ်လေရာ၊ စိတ်ဝိညာဉ်ဖြင့် ခိုင်းစေ နိုင်သည်။

ထို့ကြောင့် ရှန်ရှင်း ဓားကို လှံတို အတွင်း ပို့လွှတ်ပြီး၊ ပစ်ထုတ် လိုက်၏။

“ သွား ... ။ ”

ပြေးဝင် လာသော မိစ္ဆာ ဦးချို ကျွဲရိုင်းမှာ၊ လမ်းခုလတ် ၌ပင် လျှပ်စီး ကြောင်းများ ဖုံးလွှမ်း လျက်၊ ဖွေးခနဲ ပျောက်ကွယ် သွား၏။

သူ ပြန်ပေါ် လာ ချိန်တွင်၊ လျှပ်စီးများ ထိမှန် ပေါက်ကွဲ မှုကြောင့်၊ သွေးများ ဖြန်းခနဲ ထွက်ကျ လာပြီး၊ အရှိန် အဝါမှာ ကျဆင်း လာသည်။

လင်းယွန်က လက် နှစ်ဖက်ကို ဆန့်ထုတ်လျက်၊ ကောင်းကင်ပေါ် ခုန်တက် လိုက်ကာ၊ လက်သီးဖြင့် ထိုးချ ၏။

လျှပ်စီး ရူရ် (၁၈) လုံးက၊ လက်သီးထဲ စီးဝင်လာ ချိန်တွင်၊ ရင်ဘတ်ရှိ နဂါး အမှတ် အသားမှာ၊ တောက်ပ လာသည်။

လျှပ်စီး များနှင့် အတူ၊ လင်းယွန်၏ လက်သီးက မိစ္ဆာ ဦးချို ကျွဲရိုင်းပေါ် ကျရောက် သွား၏။

မိစ္ဆာ ဦးချို ကျွဲရိုင်းမှာ၊ နောက်သို့ ပျံသန်း လွင့်စင် သွားနေစဉ်၊ လင်းယွန်က နောက်ထပ် လက်သီး ချက်များ၊ ထုတ်လွှတ် လိုက်သည်။

ဆက်တိုက် ပေါက်ကွဲသံ များနှင့် အတူ၊ မိစ္ဆာ ဦးချို ကျွဲရိုင်း မှာ အော်ဟစ် နေခဲ့၏။ သူ့တွင် ထူထဲသော သားမွေးများ ရှိသော်လည်း၊ ဓား ရည်ရွယ် ချက်က၊ ၎င်းအား ထိုးဖောက် နိုင်လေ သည်။

မြေပြင် ပေါ်သို့ ပြုတ်ကျ သွားချိန်၌၊ ကုန်းထကာ ထွက်ပြေး သဖြင့်၊ လင်းယွန်က နောက်မှ လိုက်ရန် ပြင်လိုက် ချိန်တွင်၊ တိမ်လွှာ နှစ်ခြမ်း ပွင့်လာကာ၊ ခရမ်းရောင် လျှပ်စီးများ ရုတ်တရက် လင်းလက် လာသည်။

နှစ်ခြမ်းကွဲ သွားသော တိမ်လွှာ အတွင်းမှ ရေတံခွန်လို စီးကျ လာသည့် အလင်းတန်း များကြောင့်၊ မျက်မှောင် ကြုတ်ကာ ရပ်တန့် လိုက်ရ ၏။

လျှပ်စီး လွန်းပျံကို ပြန်လည် ခေါ်ယူ လိုက်ပြီး၊ သူ့ကိုယ်သူ ကာကွယ် မိသည်။

မိစ္ဆာ ဦးချို ကျွဲရိုင်း ပေါ်သို့ လျှပ်စီး ကြောင်းများ ကျရောက် လာပြီး၊ ကြီးမားသော ခြေသည်းကြီး တစ်စုံက အပိုင်းပိုင်း စုတ်ဖြဲကာ၊ အမြုတေကို ကိုက်ချီ မျိုချ လိုက်၏။

ထို့နောက်တွင် ငွေရောင် အလင်းများ၊ ဖြာထွက် နေသော သိမ်းငှက်ကြီး တစ်ကောင် ထွက်ပေါ် လာသည်။

ယင်းမှာ ငွေမိုးကြိုး သိမ်းငှက် ဖြစ်ပြီး၊ ဤစိမ့်မြေ တော၏ စစ်မှန်သော အုပ်စိုးရှင် ဖြစ် ၏။

လေ ကဲ့သို့ လျင်မြန်ပြီး၊ သန်မာ လွန်းသော ခွန်အားကြောင့်၊ လူ သိများ ချေသည်။ ၎င်း အမဲလိုက် နေသည့် မြင်ကွင်းအား၊ အဝေးမှ အကြိမ် အနည်းငယ်၊ မြင်တွေ့ခဲ့ ရဖူး၏။

ယင်-ယန် အဆင့် နတ်ဆိုး သားရဲ များကို အလွယ် တကူ သတ်ဖြတ် နိုင်မည်ဟု၊ သူ ပြော နိုင်သည် ။

ကျွဲရိုင်းကို သတ်ပြီးနောက်၊ သူထံ လှည့်လာ နိုင်မည်ဟု၊ ယူဆ လိုက်မိပြီး များစွာ ထိတ်လန့် သွားသည်။

သို့သော် ယင်းမှာ၊ သူ့ကိုယ်သူ အလွန် အမင်း အထင်ကြီး နေခြင်းသာ ဖြစ်၏။ ငွေမိုးကြိုး သိမ်းငှက်က သူ့အား တစ်ချက်သာ ကြည့်ပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

သူ့ကို စိတ် မဝင်စား သည်မှာ၊ ထင်ရှား ချေသည်။ သိမ်းငှက် အမြင်၌ ယန်အဆင့် ပိုးမွှား တစ်ကောင် မျှသာ ရှိနေ ပုံ ရ၏။

“ တကယ်တော့ ... ၊ ငါက ဘဝင်မြင့် နေတာပဲ။ ”

နှာခေါင်းကို ပွတ်သပ်ပြီး၊ ရှက်ရွံ့စွာ ပြုံး လိုက်သည်။ အကယ်၍ ငွေမိုးကြိုး သိမ်းငှက်၏ သားရဲ အမြုတေအား သန့်စင် နိုင်ပါက၊ ကျန်ရှိသော လျှပ်စီး ရူရ် (၁၂) လုံးကို အပြီးသတ် နိုင်မည် ဖြစ်၏။

ထိုအချိန်တွင် မီးလျှံ မိုးကြိုး ကြာပွတ်၏ စွမ်းအား (၇၀%) ခန့်ကို၊ ထုတ်လွှတ် နိုင်ပေ မည်။

“ သခင်ဓားရဲ့ တတိယ အရွေ့ကို၊ လေ့ကျင့် ပြီးတာနဲ့ ငါတို့ ပြန်ဆုံ ကြမယ်။ ”

အဝေး ဆီ၌ ပျံသန်း နေသော ငွေမိုးကြိုး သိမ်းငှက်ကို ကြည့်ပြီး၊ လင်းယွန်က ရေရွတ် လိုက်သည်။

ဤသားရဲကို မကြောက် သော်လည်း မြန်လွန်းသော အဟုန်က၊ သူ့အား အခက်တွေ့စေမည် ဖြစ်သည်။ ဝှက်ဖဲ မထုတ် နိုင်မီ၊ အလွယ် တကူ လွတ်မြောက် သွားနိုင်၏။

ထို့ကြောင့် ၎င်းသားရဲ၏ အမြန် နှုန်းကို လိုက်မှီ လိုပါက၊ သခင်ဓား အပေါ်သာ အားကိုး ရပေမည်။

***

ခုနစ်ရက် ကြာပြီး နောက်တွင်၊ ထူထပ်သော မြူခိုး များကို စိုက်ကြည့်ကာ၊ လူငယ် နှစ်ဦး ဘေးချင်းကပ် ရပ်နေ ခဲ့၏။

မြူခိုးများ အတွင်းမှ နတ်ဆိုး သားရဲများ ထွက်ပေါ် လာတက်ပြီး၊ လူငယ် နှစ်ဦးထံ ပြေးဝင် တိုက်ခိုက် လာကြ သော်လည်း၊ ချက်ချင်းပင် အသတ်ခံ လိုက်ရသည်။

ကြက်သွေးရောင် ကြာပွတ်ကို ဆုပ်ကိုင် ထားသော လူငယ် ထံမှ၊ မြွေပွေး တစ်ကောင် ကဲ့သို့ အန္တရာယ် အငွေ့ အသက်များ ပေးစွမ်း နေချေပြီ။

“ ဒီနေရာက နတ်ဆိုး သားရဲ တွေက ... ၊ မကုန်နိုင် သေး ဖူးလား။ ”

ကျန်လူငယ် တစ်ဦးက လျှပ်စီး ဝတ်ရုံကို လွှမ်းခြုံ ထား သကဲ့သို့၊ သူ့ခန္ဓာ ကိုယ်၌ လျှပ်စီး များ၊ တဖျပ်ဖျပ် ခတ်နေသည်။

“ မိုးကြိုး စီရင်စုကို မြန်မြန် ရောက်ချင်ရင် တခြားလမ်း မရှိဘူး၊ အမှန်ဆို ဒီလမ်းကို ရွေးတဲ့ သူက မင်းပဲ မဟုတ်လား။ ”

-ဟု ကြာပွတ်ကို အသုံး ပြုသော လူငယ်က ပြုံးကာ ဆိုသည်။

“ ဒီမှာ ... ၊ နတ်ဆိုး သားရဲတွေ ဒီလောက် များလိမ့်မယ် လို့တော့၊ ငါဘယ်လို လုပ် သိမှာ လဲ။ ”

ဂိုရှု အမည်ရှိ လူငယ်က ပြန်ပြော လိုက်သည်။ သို့သော် ငြားလည်း သူတို့ နှစ်ဦးမှာ နတ်ဆိုး သားရဲ များကို အလွယ် တကူ ကိုင်တွယ် နိုင်ကြ၏။

တစ်နာရီခန့် ကုန်လွန် ပြီးနောက်၊ ဒီရေ လှိုင်းများ ကဲ့သို့ တိုးဝင် လာသည့်၊ နတ်ဆိုး သားရဲ များမှာ၊ အလောင်းချင်း ထပ်ကုန်၏။

ပင်ပန်း လွန်းသဖြင့် ဂိုရှု တစ်ယောက် မြေပြင်ပေါ် ထိုင်ချ လိုက်သော်လည်း၊ ကြာပွတ် အသုံးပြုသော လူငယ်မှာ၊ ရပ်နေမြဲ ဖြစ်သည်။

ယင်းကို ကြည့်ခြင်းဖြင့်၊ ထိုလူငယ်က ဂိုရှုထက် သန်မာကြောင်း ပြောနိုင်သည်။

“ ဘယ် သူ လဲ ... ။ ”

ကြာပွတ်နှင့် လူငယ်က၊ ဂိုရှုကို ငုံကြည့်ကာ၊ စကား ပြောတော့မည့် အချိန်တွင်၊ မျက်လုံးများ မှေးကျဉ်းလျက် အော်ငေါက် လိုက်၏။

ယင်းကြောင့် မြေပြင်ပေါ် ထိုင်နေသော၊ ဂိုရှု တစ်ယောက် သတိဖြင့် ရှေ့ကို မျှော်ကြည့် လိုက် သည်။

မြူများ အတွင်းမှ သားရဲ ပင်လော၊ လူသား ပင်လော မကွဲ ပြားသည့်၊ ပုံရိပ် တစ်ရိပ် ဖြည်းညှင်းစွာ တိုးထွက် လာသည်။

နှစ်ယောက်သား သတိကြီးစွာ စောင့်မျှော် နေစဉ်၊ ထိုပုံရိပ်က လူငယ် တစ်ယောက် ဖြစ်မှန်း သိလိုက် ရ၏။

အနား ရောက်လာ ချိန်၌၊ မှင်တက် နေသော သူတို့ နှစ်ဦးကို ကြည့်ပြီး၊ ထိုလူငယ်က အံ့သြ သွား ဟန်ဖြင့်၊ ပြုံးကာ၊

“ မင်းတို့ကို ... ဒီမှာ တွေ့လိမ့် မယ်လို့ မထင် ထားမိဘူး၊ တိုက်ဆိုင် လိုက်တာ။ ”

-ဟု ဆိုလာ လေသည်။

ဤသည်မှာ လင်းယွန် ဖြစ်၏၊ လူငယ် နှစ်ယောက်သည် ဂိုရှုနှင့် ယန်းဖန် ဖြစ် လေပြီ။

ဂိုရှု အနေဖြင့် မြောက် ပင်လယ်တွင်၊ လင်းယွန် လက်၌ သေလု နီးပါ ခံစား ခဲ့ရ သည်ကို သတိရ သွားပြီး၊ မုန်းတီး မှုကြောင့် အံကြိတ် လိုက်သည်။

ယန်းဖန်မှာ အနည်းငယ် အံသြ သွားသော်လည်း၊ လျင်မြန်စွာ ပြန်လည် ပျောက်ကွယ် သွားသည်။

မြောက်ပင်လယ် ခရီးစဉ်မှာ နှစ်လ ကြာ သွားပြီ ဖြစ်သည်။ သည့်နောက် လင်းယွန် တစ်ယောက်၊ ပို၍ အားကောင်း လာမည်ဟု ထင်၏။

တစ်ဖက်လူ နှစ်ဦး၏ မျက်နှာ ပေါ်ရှိ၊ အပြောင်း အလဲ များကို မြင်လိုက် ရသော အခါတွင်၊ လင်းယွန်က ပြုံးရုံသာ ပြုံးပြီး၊ ဂရုစိုက် ခဲ့ခြင်း မရှိပေ။

“ တကယ် တိုက်ဆိုင် တာပါ၊ ကြည့်ရတာ မင်းလည်း မိုးကြိုး စီရင်စုကို သွား နေပုံ ရတယ်။ ”

ယန်းဖန်က အချိန် အတော်ကြာ စစ်ဆေး ပြီးနောက် ပြောကြား လာသည်။ လင်းယွန်နှင့် ပတ်သက်၍ သူ့၌ အမြင် ကောင်းများ ရှိလာပြီ ဖြစ်သည်။

သူ မုန်းတီး နေသော ချင်းအန်ကို ‘ပြာ’ မှုန်များ ဖြစ်သည် အထိ၊ သတ်ပစ် လိုက်ခြင်း ကြောင့် ဖြစ်သည်။

လင်းယွန်က ခေါင်းညိတ် လိုက်၏။ ဂိုရှုနှင့် ယန်းဖန်မှာ စိမ့်မြေကို ဖြတ်သန်း နေကြောင်း သိရှိ လိုက်သဖြင့်၊ မိုးကြိုး စီရင်စုသို့ သွားရန် ကြံရွယ် နေကြ သည်ဟု၊ သူ ခန့်မှန်းပြီး ဖြစ်သည်။

တစ်ဖက်လူ ခေါင်းညိတ် ပြသည်ကို မြင်ချိန်၌၊ ယန်းဖန် တစ်ယောက် တစ်စုံ တစ်ရာ ပြောချင် သကဲ့သို့၊ နှုတ်ခမ်းများ လှုပ်ရွ လာ သော်လည်း၊ အလိုလို တုံ့ဆိုင်း သွားသည်။

အဆုံးတွင် ဆုံးဖြတ်ချက် ချလိုက် ဟန်ဖြင့်၊

“ လင်းယွန်၊ သွေးတောင်ပံ ခန်းမ ပျက်စီး သွားပြီ ဆိုတာ မင်းသိလား။ ”

-ဟု မေးမြန်း လိုက်တော့၏။

ထိုသတင်းကို ကြားချိန်တွင် လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။

“ တကယ်ပါ ... ၊ သွေးတောင်ပံ ခန်းမ ပျက်စီး သွားပြီ၊ လွန်ခဲ့တဲ့ တစ်လ လောက်က ရုတ်တရက် ပြာပုံ အဖြစ်၊ ပြောင်းလဲ သွားခဲ့ တာပဲ။ ”

ဂိုရှုက ဘေးမှ နေ၍၊ လင်းယွန် အမူ အရာကို ကြည့်ပြီး၊ အံ့အားသင့် သွားကာ၊

“ ဒါက မင်း ... နောက်ကွယ်မှာ ရှိတဲ့၊ အင်အား စုနဲ့ ပတ်သတ် နေတယ်လို့၊ လူ တော်တော် များများက ထင်ကြေးပေး နေကြတယ်။ ”

နေသာ စီရင်စု၏ အမည်ခံ အုပ်စိုးရှင် တစ်ပါး အနေဖြင့်၊ နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်း ရှိချေသည်။

ထို့ကြောင့် ယန် နန်းတော် ကဲ့သို့ အုပ်စိုးရှင် တစ်ပါးပင်၊ သူတို့အား အလွယ် တကူ ချေမှုန်း နိုင်ခြင်း မရှိ သေးချေ။

သွေးတောင်ပံ ခန်းမ၌၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ သုံးဦး ရှိပြီး၊ ထို့ထက် ပိုနိုင် သည်ဟု ယူဆထား ကြ၏။

သို့သော် တစ်ညတည်း မှာပင်၊ ဤအင်အားစုကို အမှန် တကယ် ဖျက်ဆီး ပစ်နိုင် ခဲ့သည်။

ထို သတင်း စကားကို ကြားချိန်၌၊ လင်းယွန်တစ်ယောက် မထိတ် လန့်ဘဲ မနေ နိုင်ချေ။

ဂိုရှု တို့၏ အကြည့်များ ထူးခြား နေကြ သည်မှာ အံ့သြ စရာ မဟုတ်ပေ။ မြောက်ပင်လယ် ခရီးတွင် သွေးတောင်ပံ ခန်းမနှင့်၊ သူ့ကြား မလျော် ညီသော အာဃာတ များရှိ လာခဲ့သည်။

ထို့ကြောင့် ၎င်း ပျက်စီး ခြင်းမှာ၊ သူနှင့် တစ်စုံ တစ်ရာ ပတ်သတ် နေသည်ဟု အဓိပ္ပါယ် ရ၏။

“ အဲဒါက ... မဖြစ် နိုင်ပါဘူး၊ ငါ့နောက်မှာ ဓားနန်းတော်ပဲ ရှိတယ်၊ ဓားနန်းတော်က ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးကို ပိုင်ဆိုင် ထားပေမယ့်၊ ... ”

“ ... တစ်ညတည်း နဲ့တော့၊ သွေးတောင်ပံ ခန်းမလို အမည်ခံ အုပ်စိုးရှင် အင်အားစုကို ဖျက်ဆီးဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ”

ပါးစပ်က ငြင်းဆန် လိုက်သော်လည်း၊ စိတ်ဝိညာဉ် မှာမူ တုန်လှုပ် သွား မိသည်။ သူ့တွင် ထင်ကြေး အချို့ ရှိသော်လည်း၊ ဂိုရှုတို့ နှစ်ဦးထံ၊ မျှဝေရန် ဆန္ဒ မရှိချေ။

ထိုအတွေးသာ မှန်ကန် ခဲ့ပါက၊ သွေးစွန်းသော ဧည့်ခံပွဲ ထက်ပင်၊ ကြီးမားသော ဖိအားမျိုး ရှိလာပြီ ဖြစ်သည်။

တစ်ဖက် လူမှာ လိမ်ညာ နေခြင်း မဟုတ်ကြောင်း၊ သူသိ သဖြင့်၊

“ ဒါဆို ... သွေးတောင်ပံ ခန်းမက၊ သူတို့ မလုပ် သင့်တဲ့ အမှုကို ပြုမူ မိခဲ့ လို့ပဲ ဖြစ်မှာပါ။ ”

-ဟု ကောက်ချက် ချလိုက်၏။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ ကျယ်ပြော လှပြီး၊ ဇာတ်မြုပ် နေသော အင်ပါရီယန် များ ရှိချေသည်။

သွေးတောင်ပံ ခန်းမ ထက်ပင်၊ ပိုမို အားကောင်းသည့် အင်အားစု တစ်စုမှာ၊ ယခင် ကာလ များ၌၊ အလားတူ ဖျက်ဆီး ခံခဲ့ရ ဖူးသည်။

တစ်ဖက်တွင် လင်းယွန် စကား များမှာ အဓိပ္ပါယ် ရှိပေသည်။ သူ့တွင် ဤမျှ သန်မာသော နောက်ခံ ရှိပါက၊ သူ့ဘဝ အတွက် ထွက်ပြေး နေမည် မဟုတ်ချေ။

“ သွေးစွန်းသော ဧည့်ခံပွဲ မတိုင်မီ၊ လေ့ကျင့်ဖို့ အတွက် ဒီကို ရောက်နေ တာလား။ ”

ယန်းဖန်က လင်းယွန်ကို ကြည့်ကာ မေးလိုက်၏။ အင်ပါရီယန် သင်္ချိုင်း ပြီးနောက်၊ လင်းယွန်မှာ နာမည် ကြီးလာ ခဲ့သည်။

ယခု ချိန်၌ လင်းယွန် ထံမှ နားမလည် နိုင်သော အရိပ် အယောင်များ ပေးစွမ်း နေသည်။

ကျင့်ကြံ မှုတွင် ပြောင်းလဲခြင်း မရှိ သော်လည်း၊ ခွန်အား အရာ၌ ပို၍ သန်မာ လာသည်ကို ခံစား နိုင်၏။

“ အဲ့လိုလည်း ပြောလို့ ရပါတယ်။ ”

လင်းယွန်က ငြင်းလည်း မငြင်း၊ ဝန်လည်း မခံချေ။ ဂိုရှုက၊

“ လေ့ကျင့်ဖို့ ဒီကို လာခဲ့တာ ဆိုရင်၊ မင်း နေရာ မှန် ပါပဲ၊ မိုးကြိုး စီရင်စုက စီရင်စု ကိုးခု လုံးမှာ၊ အကြမ်း တမ်းဆုံး နယ်မြေ။ ”

“ အဲဒီလို လား။ ”

ဓား ဂိုဏ်း၏ အပျက် အစီးများ ရှာဖွေရန်၊ ဤနေရာသို့ လာခြင်း ဖြစ်ပြီး၊ ၎င်းအား သူ မသိ ခဲ့ပေ။

ဂိုရှုနှင့် ယန်းဖန် တို့က အကြည့်ချင်း ဖလှယ် မိကြ သည်။ ဤမျှသော အကြောင်း အရာကို မသိသည့် အတွက်၊ သူတို့ နှစ်ယောက်မှာ အံ့သြ သွားခြင်း ဖြစ်သည်။

ထို့ကြောင့် ယန်းဖန် ကပင်၊

“ ငါရှင်း ပြမယ်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေမှာ၊ အုပ်စိုးသူ ကိုးဦး ရှိတာ၊ မင်း အသိပဲ မဟုတ်လား၊ ... ”

“ ... အုပ်စိုးသူ အချင်းချင်း အင်အား ကွာခြား တာကြောင့်၊ အလင်း အမှောင် လမင်း ကမ္ဘာ ရှိတဲ့၊ မိုးကြိုး စီရင်စုက သဘာဝ အတိုင်း၊ မြင့်မားတဲ့ အဆင့်မှာ ရှိတယ်။ ”

မိုးကြိုး စီရင်စု ဆိုသည်မှာ၊ ရှေးရှေး ကပင် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အုပ်စိုးသော၊ ဓားဂိုဏ်း ရှိရာ နယ်မြေ ဖြစ်၏။

ကံကောင်းခြင်း သို့မဟုတ် ရှေးဟောင်း အပျက် အစီးများ၊ မိုးကြိုး စီရင်စုတွင် အများဆုံး ရှိသည်။

ဆိုရိုး စကား အတိုင်း၊ ငါးများက ရေဆင်းရာ လမ်းကို ရှာကြ သကဲ့သို့ လူဆိုသည် မှာလည်း၊ မိမိ တိုးတက်ရာ တိုးတက် လမ်းအား၊ အမြဲ ရှာဖွေ နေတတ်၏။

ထို့ကြောင့် သဘာဝ အတိုင်း နေရာ အနှံ့မှ၊ ကျင့်ကြံ သူများ ရောက်ရှိ လာတက် ကြပေ သည်။ အချိန် ကြာလာ သည်နှင့် အမျှ၊ ပါရမီရှင် အများ စုဝေးရာ၊ စီရင်စု တစ်ခု ဖြစ်လာ ခဲ့၏။

အင်ပါရီယန် သင်္ချိုင်း ကဲ့သို့၊ ထူးခြားသော နယ်မြေများ ထွက်ပေါ် လာခြင်း မရှိ ပါက၊ ထိုနယ်မြေမှ ထွက်ခွာ ကြမည် မဟုတ်ပေ။

သွေးစွန်းသော ဧည့်ခံပွဲ၌၊ အောင်မြင် မှုများ ရယူ လိုပါက၊ ဤနယ်မြေတွင် လာရောက် ကျင်လည် ရပေမည်။

၎င်းအပြင် မိုးကြိုး စီရင်စု အတွင်း၌၊ ရှည်လျားသော သမိုင်း ကြောင်းကို ပိုင်ဆိုင် ထားသည့်၊ မျိုးနွယ်စု များစွာ ရှိ၏။

ထိုမျိုးနွယ်စု များမှာ၊ ယုတ်လျော့ နိမ့်ကျ လာပြီ ဖြစ်သော်လည်း၊ အုပ်စိုးရှင် ကိုးပါးထက် နိမ့်ကျခြင်း မရှိသည့်၊ အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင် ထားလေသည်။

ယန်းဖန်၏ ဝေမျှ ချက်ကို နားထောင် ပြီးနောက်၊ မိုးကြိုး စီရင်စု အပေါ်၊ လင်းယွန် အကြမ်းဖျင်း နားလည် လာခဲ့သည်။

“ ဘုရင် သုံးပါးနဲ့၊ အထက် တန်းစား ခုနစ်ပါးက လွဲပြီး၊ အတွင်း အဆင့် ပါရမီရှင် တွေကို၊ ဆွဲဆောင် နိုင်တဲ့ ကိစ္စ တစ်ခု မကြာ သေးမီက ဖြစ်ပွား လာခဲ့တယ်၊ ... ”

“ ... ဒါက မိုးကြိုး စီရင်စုမှာ ဓား ဂိုဏ်းရဲ့၊ လျှို့ဝှက် နယ်မြေ တစ်ခု ပေါ်လာမယ် ဆိုတဲ့ သတင်းပဲ၊ အခွင့်အရေးတွေ ကတော့ မင်း စိတ်ကူးထား တာထက် ကျော်လွန်တယ်။ ”

“ ဘုရင် သုံးပါးနဲ့၊ အထက် တန်းစား ခုနစ်ပါး အကြောင်း ပြောပြ ပါဦး။ ”

ဤနာမ်စားကို ဒုတိယ အကြိမ် ထပ်မံ ကြားရခြင်း ဖြစ်သဖြင့်၊ လင်းယွန်က မမေးဘဲ၊ မနေ နိုင် ခဲ့ချေ။

“ ဒါက တိမ်နဂါး အဆင့်က၊ ထိပ်ဆုံး ဆယ်ဦးကို ရည်ညွှန်း တာပဲ၊ ပထမ သုံးဦးကို ဘုရင် သုံးပါး အဖြစ် သိကြပြီး၊ ကျန်ခုနစ် ဦးကို အထက် တန်းစား ခုနစ်ပါး အဖြစ်၊ ခေါ်ဆို ကြတယ်၊ သူတို့ ဆယ်ယောက်က တခြား သူတွေထက် အများကြီး သန်မာတယ် ...။ ”

ယန်းဖန်က ဘုရင် သုံးပါးကို ရည်ညွှန်း ချိန်၌၊ လေးစားသော အမူ အရာကို ထုတ်ဖော် ထား၏။

သူတို့မှာ ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ ကျွမ်းကျင်သူ များဖြင့်ပင် တိုက်ခိုက် နိုင်သည်။

“ သူတို့ရဲ့ နှလုံးသားက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ မရှိ တော့ဘူး။ ”

“ သူတို့ တစ်ဦး ချင်းစီက အထွတ် အထိပ် ယင်-ယန် အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင် ထား ကြတယ်။ ”

ယန်းဖန်က ပြုံးပြီး၊ ရုတ်တရက် လက်ရှိ အခြေ အနေကို သတိရ သွားဟန်ဖြင့်၊

“ အခု ပြောနေတာ တွေကို၊ ရပ်လိုက် ရအောင်၊ ဒါက အဓိပ္ပါယ် မရှိဘူး၊ သူတို့က မယုံနိုင် လောက်အောင် သန်မာ ကြတယ်၊ ... ”

“ ... အတွင်း အဆင့် ပါရမီရှင် တွေက၊ ငါတို့လို ပြင်ပ အဆင့်က လူတွေ အပေါ်၊ အမြင် ကောင်းတွေ မရှိဘူး၊ ... ”

“ ... ဒါပေမယ့် ဂိုရှုနဲ့ ငါ့ကို အတွင်း အဆင့် ပါရမီရှင် တစ်ဦးက၊ တွေ့ဆုံပွဲ တစ်ခု အတွက် ဖိတ်ကြား ထားတယ်။ ”

တွေ့ဆုံပွဲ အများမှာ၊ မိတ်ဖွဲ့ခြင်း ဆို သည်ထက်၊ ခွန်အားကို ပြသရန် ရည်ရွယ်သော ပွဲများ ဖြစ်ချေသည်။

ထို့ပြင် အင်အား ပြသ ခြင်းဖြင့်၊ အမြင်ကို ချဲ့ထွင် နိုင်ပြီး၊ ကံကောင်း ခဲ့ပါလျှင် နားလည်မှု အသစ်များ ရရှိကာ၊ အဆင့် ချိုးဖြတ် နိုင်မည် ဖြစ်သည်။

သို့သော် ငယ်ရွယ်သူများ ဖြစ်သောကြောင့်၊ တစ်ဖက် လူထက် အားနည်းကြောင်း၊ မည်သူမျှ ဝန်မခံ လိုကြပေ။

“ ဒီတွေ့ဆုံ ပွဲကို၊ ကောင်းကင် တောင်ကုန်းမြို့မှာ ကျင်းပ လိမ့်မယ်၊ ဒါက မိုးကြိုး စီရင်စုရဲ့ မြို့တော် မဟုတ် ပေမယ့်၊ နေသာ စီရင်စု မြို့တော် ထက်တော့ မနိမ့်ကျ ပါဘူး၊ မင်း စိတ်ဝင် စားလား။ ”

ယန်းဖန်က ပြုံးကာ ဖိတ်ခေါ် လိုက်သည်။

“ ဒါက ... ၊ ငါ့ကို ဖိတ်ကြား ထားတာ မဟုတ်တဲ့ အတွက်၊ မသင့်တော် ဖူး ထင်တယ်။ ”

လင်းယွန်က ငြင်းဆန် လိုက်သည်။ တွေ့ဆုံပွဲ အပေါ် စိတ်ဝင်စား လှပြီး၊ အတွင်း အဆင့် ပါရမီရှင်များ မည်မျှ အားကောင်း သည်ကို၊ သူ သိချင်၏။

“ မင်း ... အရမ်း တွေး နေပြီ၊ မင်းရဲ့ ခွန်အားနဲ့ အရည် အချင်းက အဆင့် မှီပါတယ်၊ ဒီလိုပဲ မဖိတ် ခေါ်ဘဲ၊ လာကြတဲ့ သူတွေ များတယ်။ ”

ယန်းဖန်က ပြုံးကာ ဆိုလိုက် သောကြောင့်၊ လင်းယွန် တစ်ယောက် ခေါင်းညိတ် လိုက်ပြီး၊

“ ငါတို့ အဲ့ဒီမှာ ထပ်တွေ့မယ်၊ အခုတော့ လုပ်စရာ လေးတွေ ရှိသေးတယ်။ ”

“ ကောင်းပြီ၊ ဒါ ... မင်းရဲ့ ကတိပဲ။ ”

မျှော်လင့် ချက်များ ပြည့်နှက် နေသည့် မျက်ဝန်း များဖြင့်၊ ယန်းဖန်က အချိန်နှင့် နေရာကို ထပ်မံ ပြောပြ လိုက်သည်။

ထို့နောက် မြူခိုးများ အတွင်း ပြန်လည် ပျောက်ကွယ် သွားသော လင်းယွန်ကို ကြည့်ပြီး၊ ဂိုရှုက မျက်မှောင်ကြုတ် လိုက်မိ၏။

“ ဒီလူက ... ပိုပိုပြီး နားမလည် နိုင်အောင် ဖြစ်လာတယ်၊ အင်ပါရီယန် သင်္ချိုင်းမှာ တုန်းက၊ ဆယ်ကြိမ် လှုပ်ရှား ပြီးတဲ့နောက် ရှုံးနိမ့် ခဲ့ရ တယ်၊ အခု ကြည့်ရတာ သူ့လက် ထဲမှာ၊ ဆယ်ကြိမ်ထက် မပိုနိုင် တော့မယ့် ပုံပဲ။ ”

ယန်းဖန်က ပြုံးလိုက်ပြီး၊

“ ဒါကြောင့် ငါ သူ့ကို ဖိတ်လိုက် တာ၊ သူဘယ်လောက် အထိ အစွမ်းထက် လာမလဲ ဆိုတာ မြင်ချင် မိတယ်။ ”

“ ဒီစိမ့်မြေ ထဲမှာ၊ သူ ဘာတွေ လုပ်နေမယ် ထင်လဲ။ ”

“ ရှင်းရှင်း လေးပါ၊ ဒီစိမ့်မြေ ထဲမှာ နတ်ဆိုးသားရဲ တွေနဲ့ ပြည့်နေတဲ့ အတွက်၊ သူက သားရဲ အမြုတေကို မျက်စိကျ နေတာ ဖြစ်မယ်။ ”

ဂိုရှု၏ မေးခွန်းကို၊ ယန်းဖန်က ပြန်ဖြေသည်။ ထိုခန့်မှန်း ချက်မှာ၊ မှားသည်ဟု မဆိုသာ။

သို့သော် ငွေမိုးကြိုး သိမ်းငှက် အပေါ်၊ မျက်စိ ကျနေမှန်း သိခဲ့သော်၊ ဤသို့ ပေါ့ပေါ့ ပါးပါး ပြောဆို မိမည် မဟုတ်ချေ။

ယန်းဖန်၊ ဂိုရှု တို့နှင့် တွေ့ဆုံ ပြီးနောက်၊ သွေးတောင်ပံ ခန်းမ ပျက်ဆီးခြင်း သတင်းမှာ၊ သူ့ အပေါ် ဖိအား ဖြစ်လာ စေသည်။

ထို့ပြင် ကောင်းကင်ကို အံတု နိုင်သော ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါးကို ဓားဆွဲ လျှင်ပင်၊ အံတု နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။

သည့်အတွက် ယင်-ယန် အဆင့်ကို ရောက်ရှိရန် လို၏။ ဓားရည်ရွယ်ချက် အပေါ်၊ နောက်တစ်လှမ်း တိုးကာ၊ သခင့်ဓားအား ပုံစံ (၆) မျိုးထက် မနည်း၊ ဆုပ်ကိုင် ထားနိုင်ရ ပေမည်။

မိုးပြာ နဂါး မူလ ပုံစံ အတွက်မူ၊ အဆင့် လေး သို့မဟုတ် အဆင့် ငါး အထိ၊ ရောက်ရှိ ထားသင့် သည်။

သွားရမည့် ခရီးမှာ၊ ဝေးသေး သော်လည်း၊ မျှော်လင့်ချက် အနည်းငယ် ရှိ၏။

ဦးစွာ ကောင်းကင် တောင်ကုန်း မြို့သို့ သွားရောက်ပြီး၊ အတွင်း အဆင့် ပါရမီရှင်များ မည်မျှ အားကောင်း သည်ကို၊ လေ့လာ ရပေမည်။

ထို့ကြောင့် ကျင့်ကြံရန် အတွက် စိမ့်မြေ ပေါ်တွင်၊ ထိုင်ချ လိုက်၏။ သခင့်ဓား တတိယ ပုံစံမှာ၊ ‘မဟာ ပေါက်ကွဲမှု’ ဖြစ်ပြီး၊ ၎င်းကို နားလည် ဖို့ရန်၊ ရက် အနည်းငယ် ပေးဆပ် လိုက်ရသည်။

၎င်းအပေါ် ထိုးထွင်း သိမြင်မှု အချို့ ရရှိခဲ့ သောကြောင့်၊ ကနဦး ကျွမ်းကျင် မှုကို လျင်မြန်စွာ ရရှိ ခဲ့သည်။

သို့သော် ထို့ထက် ပို၍ မြင့်မားစွာ မျှော်လင့် ထားသဖြင့်၊ ၎င်း နောက်ကွယ်ရှိ စစ်မှန်သော ရည်ရွယ်ချက်ကို နားမလည် ပါက၊ အသုံးပြု ဦးမည် မဟုတ်ပေ။

မိုးကြိုး ရည်ရွယ် ချက်မှာ၊ အဟုန်ကို ရည်ညွှန်းပြီး၊ အလင်းခွဲ ဖြတ်ခြင်းမှာ၊ နေရောင် ခြည်အား ဖြတ်တောက်ရန် ဖြစ်၏။

မဟာ ပေါက်ကွဲမှု အတွက်မူ ... ။

လင်းယွန် ထံမှ ထွက်လာသော ဓား ရည်ရွယ်ချက်မှာ၊ ကောင်းကင် သို့တိုင် တလူလူ လွင့်နေ သည်။

အလေး အနက်ထား ကြည့်မည် ဆိုပါက၊ ပတ်ဝန်းကျင် မြူခိုးများ အပေါ်၊ ဓား ရည်ရွယ်ချက်က လွှမ်းမိုး ကြီးစိုး နေသည်ကို မြင်ရမည် ဖြစ်၏။

ဤသည်မှာ သခင့်ဓား၏၊ ဘုရင် တပါး ကဲ့သို့ အုပ်စိုး ချယ်လှယ် ချင်သော နောက်ကွယ် ရှိ၊ ရည်ရွယ်ချက် ပေပင်။

ရုတ်တရက် ကောင်းကင်မှ မိုးများ ရွာချ လာသည်။ သို့သော် မိုးရေစက်များ မဟုတ်ဘဲ၊ ခရမ်းရောင် မီးတောက် ငယ်များ ဖြစ်နေ ခေျပြီ။

ထိုမီးတောက် တိုင်း၌ လွှမ်းမိုး ချုပ်ကိုင် လိုသော အရှိန် အဝါများ ပါရှိ၏။

ခရမ်းရောင် မီးမိုး များက၊ မြေပြင်ပေါ် ဆင်းသက်ခြင်း မရှိဘဲ၊ လင်းယွန် နောက်တွင် စက်လုံး အသွင်၊ စုဝေး ပေါင်းစည်း နေသည်။

သုံးရက် အကြာ၌၊ ထိုစက်လုံးမှာ မီတာ တစ်ရာကျော် အထိ ကြီးထွား လာပြီး၊ အဝေးမှ လှမ်းကြည့် ပါက၊ ခရမ်းရောင် နေလုံးကြီး ပျံဝဲ နေသည်ဟု၊ ထင်မြင် လာမိ စေ၏။

လင်းယွန်၏ မျက်ဝန်းများ တဖျပ်ဖျပ် တောက်ပ လာပြီး၊ မျက်ဝန်းများ ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ့ နောက်ရှိ ခရမ်းရောင် စက်လုံး ကြီးက၊ ရုတ်တရက် ပေါက်ကွဲကာ၊ ဓားဆန္ဒများ မြေပြင် ပေါ် အရှိန်ဖြင့်၊ ထိုးကျ သွား၏။

မြေပြင်၌ အက်ကွဲ ကြောင်းများ ထင်ဟပ် လာသည်။ ခရမ်းရောင် စက်လုံးမှာ အစ ပျိုးခြင်း ဖြစ်ပြီး၊ ပေါက်ကွဲမှု တစ်ခုကို စတင် တော့မည့်၊ မြင်ကွင်းကို ပြသ လိုခြင်း ဖြစ်သည်။

“ ငါ သိပြီ ... ၊ ဒါက အရင် ကထက် ပိုအား ကောင်းတဲ့ ပေါက်ကွဲ စွမ်းအား တစ်ခုပဲ။ ”

အဝေးမှ ပြေးလွှား လာနေသော နဂါးလေးကို မြင်လိုက် ရသဖြင့်၊ အတွေးများ ပြတ်တောက် သွားကာ၊ ထရပ် လိုက်မိသည်။

( ဒီကောင်... ငွေမိုးကြိုး သိမ်းငှက်ကို တွေ့ပြီ ထင်တယ်။ )

***

All Chapters