မုဆိုးနှင့် သားကောင်။
Vol. 47 Ch. 657
မြူခိုးများ ထူထပ် နေသော စိမ့်မြေ တစ်နေရာတွင်၊ ငွေရောင် အလင်း များက တိမ်လွှာကို နှစ်ခြမ်း ခွဲလျက်၊ ထိုးဆင်း လာသည်။
အဝေးက လှမ်းကြည့် ခဲ့သော်၊ ကောင်းကင်မှ ကျဆင်း လာသော အလင်း ရေတံခွန် ကြီးနှင့် တူပေ၏။
ထိုအလင်း ကျဆင်းရာ နေရာရှိ၊ နတ်ဆိုး သားရဲ များမှာ အထိတ် တလန့်ဖြင့် ထွက်ပြေး နေကြ သည်။
ဤသည်မှာ စိမ့်မြေ၏၊ ဘုရင် တစ်ပါး ဖြစ်သော ငွေမိုးကြိုး သိမ်းငှက် အမဲလိုက် နေခြင်း ပေပင်။
လပေါင်း များစွာ ကြာမှ တစ်ကြိမ်သာ၊ အမဲ လိုက်ခြင်း ဖြစ်သော်လည်း၊ ထိုအချိန် တိုင်းတွင် သားရဲများ ထိတ်လန့် ရမြဲ ဖြစ်၏။
ဝံပုလွေ တစ်ရာ ကျော်မှာ အမြီး ကုပ်လျက် ခေါင်းပင် မဖော်ဝံ့ ကြချေ။
ရုတ်တရက် ငွေရောင် အလင်းတိုင်ကြီး တစ်တိုင် ကောင်းကင်မှ ဆင်းသက် လာပြန်သည်။
မြေပြင်ပေါ် ရပ်နား လိုက်ချိန်၌၊ ပြင်းထန် လွန်းသော လေ အဟုန်ကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ဟီး သွားပြီး၊ ဖုန်မှုန့်များ ထောင်းထောင်း ‘ထ’ လာ၏။
ဖုန်မှုန့်များ အတွင်းမှ အော်ဟစ် ရုန်းကန် နေသော မီးလျှံ ခြင်္သေ့ တစ်ကောင်ကို မြင်နိုင် သည်။
သိပ် မကြာခင် မှာပင် ခြေသည်း တစ်စုံက သူ့ခန္ဓာ ကိုယ်အား မြေပြင်ပေါ် ဖိလျက် ချုပ်ကိုင် လိုက်၏။
ထိုခြေသည်း များမှာ၊ ကြီးမား သော်လည်း၊ ၎င်းတို့ကို ပိုင်ဆိုင်သည့် ခန္ဓာနှင့် နှိုင်းယှဉ် ပါက၊ သေးသွယ် သည်ဟု ဆိုရ ပေမည်။
ခြင်္သေ့ကို စားနေသော သိမ်းငှက်ကို ကြည့်ပြီး၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲ များက၊ ပုန်းအောင်း နေရာမှ မထွက် ‘ဝံ့’ တော့ချေ။
ကြောက်ရွံ့ မှုကြောင့်၊ တဆက်ဆက် တုန်နေပြီး၊ မြေပြင်ထဲ ခေါင်းထိုး ထားကြ၏။
ခြင်္သေ့ တစ်ကောင်းလုံး၊ အရိုးစု အဖြစ် ပြောင်းလဲ သွားပြီးနောက်၊ သားရဲ အမြုတေကို ကျေနပ် စွာဖြင့်၊ မျိုချ လိုက်သည်။
သည့်နောက် စူးရှသော မျက်ဝန်း များဖြင့်၊ ပတ်ဝန်း ကျင်ရှိ နတ်ဆိုး သားရဲ များထံ ဝေ့ ကြည့် လာသည်။
ရုတ်တရက် လူ တစ်ယောက်နှင့်၊ မြင်း တစ်ကောင်၊ မြူခိုးများ အတွင်းမှ တရွေ့ရွေ့ တိုးထွက် လာ၏။
၎င်းတို့မှာ ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲများ ကဲ့သို့၊ ကြောက်ရွံ့ တုန်လှုပ် နေခြင်း မရှိ ကြပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူ ထံပင် ဦးတည် နေခဲ့သည်။
လင်းယွန်အား၊ ချက်ချင်း မှတ်မိ လာသည်။ လွန်ခဲ့သည့် ရက် အနည်းငယ် ကပင်၊ ဤ သူကို မြင်ခဲ့ ဖူးပေ၏။
ထို့ကြောင့် အတောင်ပံ ဖြန့်ပြီး၊ ပျံသန်း ထွက်ခွာသွား ဟန် ပြင်ချိန် မှာပင်၊ ရုတ်တရက် ခေါင်းလှည့်ကာ၊ နဂါးသွေး မြင်းထံ ပြန်ကြည့် လိုက်မိသည်။
နဂါးသွေး မြင်း၏ အသက် ဓာတ်မှာ၊ သူ့အား ဆွဲဆောင် နေပေ၏။
“ အဟက် ... သူ့ အမြင်မှာ၊ ငါက ဒီမြင်းမိုက် နဲ့တောင် မယှဉ်နိုင် သေး ပါလား။ ”
လင်းယွန်က ရယ်ကာ မောကာဖြင့်၊ ညည်းတွား လိုက်သည်။ သို့သော် ၎င်း၏ အာရုံကို စွဲဆောင် နိုင်ပါက၊ သူ့ အတွက် အကျိုးရှိ ချေသည်။
ရုတ်တရက် ပြင်းထန်သော သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်များ၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ အနီရောင် ပြောင်းလဲ လာသည်။
တိုက်ခိုက် မှုများ မထုတ်လွှတ် နိုင်ခင် မှာပင်၊ ငွေမိုးကြိုး သိမ်းငှက်က တောင်ပံ ခတ်ကာ လေဖြင့်၊ နဂါးသွေး မြင်းကို နောက်ပြန် တွန်းပို့ လိုက်၏။
“ အရမ်း မိုက်တယ်။ ”
လင်းယွန်၏ အဝတ် အစားများ လေထဲတွင် တဖျပ်ဖျပ် ခတ် သွားပြီး၊ လက်သီးကို ထုတ်ကာ၊ ကုပ်ဆွဲ လာသော ခြေသည်းနှင့် ထိပ်တိုက် တွေ့ပေး လိုက်သည်။
သို့သော် သွေးတစ်လုတ် အန်လျက်၊ နောက်ပြန် လွင့်စင် လာရ၏။ မြေပြင်ပေါ် ရောက် သည်နှင့်၊ ခြေလှမ်း အနည်းငယ် ထပ်မံ ဆုတ်ခွာ ပေးရသည်။
အရေပြား ပေါ်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာ သဖြင့်၊ မူလ စွမ်းအင်ကို လှည့်ပတ် ကုစား မိ၏။
ရုပ်ခန္ဓာ သည်သာ သန်စွမ်းခြင်း မရှိ ပါက၊ ရိုက်ခတ် လာသော လှိုင်းများက အရေ ပြားကို ဆုတ်ဖြဲပြီး၊ အတွင်း အင်္ဂါ များထံ တိုးဝင် လာမည် ဖြစ်သည်။
လင်းယွန်ကို တွန်းထုတ် ပစ်ပြီး၊ အတောင်ပံများ ခတ်လျက်၊ လေဓား များဖြင့် ပစ်ခတ် လာသည်။
ထို့နောက် လင်းယွန်ထံ လှည့်မကြည့် တော့ဘဲ၊ နဂါးသွေး မြင်းထံ ပြေးဝင် သွားသည်။ ယင်းက နဂါးသွေး မြင်းကို ထိတ်လန့်စွာ ပြန်လှည့် ပြေးစေ၏။
ငွေမိုးကြိုး သိမ်းငှက် အနေဖြင့် နဂါးသွေး မြင်းမှာ၊ သူ၏ သဘာဝ သားကောင် ဖြစ်ပြီး၊ လင်းယွန်အား ပြိုင်ဘက် မဟုတ်ကြောင်း၊ မှတ်ယူ ထားသည်။
ကံကောင်း ထောက်မ စွာဖြင့်၊ နဂါးသွေး မြင်းမှာ၊ ငွေမိုးကြိုး သိမ်းငှက်ကို ရှောင်တိမ်းရန်၊ လုံလောက်အောင် မြန်ဆန် နေခဲ့သည်။
တစ်ဖက်တွင် လေ ဓားများက လင်းယွန်ကို၊ ထိမှန် သွားပြီး၊ သတ္တု သံများ ထွက်ပေါ် လာ သည်။ ထို့ကြောင့် အရေပြား ပြတ်ရှ ရုံမျှသာ ဒဏ်ရာ ရရှိ ခဲ့၏။
“ ငါ့ကို ... ၊ တကယ် အရေး မစိုက် ဖူးပဲ ...။ ”
အကယ် ၍သာ၊ သူ့ အပေါ် အာရုံ စူးစိုက်မှု ရှိနေ ပါလျှင်၊ ငွေမိုးကြိုး သိမ်းငှက်ကို သတ်ဖို့ရန် အခွင့် အရေး ရှိမည် မဟုတ်ချေ။
ဤသားရဲမှာ လျင်မြန် လွန်းသဖြင့်၊ တစ်ကြိမ်မျှသော အခွင့် အရေး သည်ပင်၊ သတ်ရန် မလုံ လောက်ချေ။
လျှပ်စီး လွန်းပျံကို ထုတ်ဖော်လျက်၊ ဓား ရည်ရွယ်ချက် လောင်းထည့်ကာ၊ လေထဲ ပျံဝဲ စေလိုက်၏။ ထိပ်ဖျားရှိ လေဟာနယ်တွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။
“ သွား ... ။ ”
လက်ကို လွှဲယမ်းပြီး၊ အော်ငေါက် ပစ်လိုက် ၏။ လျှပ်စီး တစ်ချက် လက်သွားကာ၊ ထက်ရှသော ဓားသံ တစ်သံ ထွက်ပေါ် လာသည်။
ငွေမိုးကြိုး သိမ်းငှက်မှာ၊ နဂါးသွေး မြင်းကို လိုက်ဖမ်း နေဆဲ ဖြစ်ပြီး၊ လျှပ်စီး လွန်းပျံအား လှည့်ပင် မကြည့် ခဲ့ချေ။
နဂါးသွေး မြင်းကို ဖမ်းမိ တော့မည့် အချိန်၌၊ ရုတ်တရက် တောင်ပံများ ခတ်ကာ၊ လေစုပ်ဝဲ တစ်ခု ဖန်တီး ပစ်လိုက်၏။
လေစုပ်ဝဲ ကြီးက နဂါးသွေး မြင်း အရှိန်ကို၊ နှောင့်နှေး သွား စေသည်။ ဖမ်းမိ ခဲ့ပါက၊ နဂါးသွေး မြင်း၏ ခံစစ် အလွှာမှာ၊ ထက်ရှသော ခြေသည်း များပေါ်၊ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ထိုအချိန် မှာပင် လျှပ်စီး လွန်းပျံက၊ ငွေမိုးကြိုး သိမ်းငှက်ပေါ် ပြုတ်ကျ လာသည်။
ကြီးမား လှသော ခန္ဓာ ကိုယ်ကြီး တစ်ခုလုံး၊ အနည်းငယ် လှုပ်ယမ်း သွားပြီး၊ နဂါးသွေး မြင်းမှာ၊ လွတ်မြောက် သွားခဲ့သည်။
သို့သော် ငွေမိုးကြိုး သိမ်းငှက် အနေဖြင့်၊ ၎င်းကို ဂရု မစိုက် နိုင်သေးဘဲ၊ နဂါးသွေး မြင်း နောက်သို့သာ၊ ထပ်မံ လိုက်ပါ သွားပြန်သည်။
“ ငါ့ကို ... လျစ်လျူရှု နေတုန်း ပဲလား။ ”
လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ပြီးနောက်၊
“ ထပ်စမ်း ကြည့်ရအောင်။ ” -ဟု ဆိုလိုက်၏။
ကျန်ရှိ နေသေးသော လျှပ်စီး လွန်းပျံ ရှစ်စင်းကို တစ်ဆက်တည်း ပစ်လွှတ် လိုက် သည်။
တစ်နေရာ တည်းသို့ ဆက်တိုက် တိုးဝင် လာသော လျှပ်စီး လွန်းပျံ များကြောင့်၊ အမွေး အတောင်များ ကျွတ်ကျလျက်၊ သွေးများ စီးကျ ကုန်၏။
ဤတစ်ကြိမ်တွင် ငွေမိုးကြိုး သိမ်းငှက်မှာ၊ လျှပ်စီး အသွင် ပြောင်းလဲကာ၊ ဒေါသ တကြီး ဖြင့်၊ လင်းယွန်ထံ ပြန်လှည့် လာသည်။
ငွေမိုးကြိုး သိမ်းငှက်၏ နတ်ဆိုး အရှိန် အဝါကြောင့်၊ ကောင်းကင် တစ်ခုလုံး တုန်ယင် သွားပြီး၊ မြေပြင်က ကွဲအက် လာသည်။
အားသွင်း နေသော သိမ်းငှက်ကို ကြည့်ပြီး၊ မီးလျှံ မိုးကြိုး ကြာပွတ်အား ထုတ်ယူ လိုက်ကာ၊ လျှပ်စီး စွမ်းအင်များ လောင်းထည့် လိုက်၏။
လျှပ်စီး ရူရ် (၁၈)ခု ပေါင်းစည်း သွားပြီး၊ မီးလျှံ မိုးကြိုး ကြာပွတ်မှာ၊ စပါးအုံး မြွေ အဖြစ် ပြောင်းလဲ သွားသည်။
၎င်းကို ဆန့်ရိုက်ချ လိုက်သော အခါတွင်၊ ငွေမိုးကြိုး သိမ်းငှက်၏ အငွေ့ အသက် များကို ခွဲလျက် ပြေးဝင် သွား၏။
“ ဂီး ... ။ ”
ဤတိုက်ခိုက်မှုမှာ သူ့အား နာကျင်စေ သောကြောင့်၊ ငွေမိုးကြိုး သိမ်းငှက်မှာ ဒေါသ တကြီး အော်သံ ပြုလိုက် သည်။
အတောင်ပံများ ခတ်လျက်၊ ဒဏ်ရာများ ကြားမှ၊ ချက်ချင်းပင် ကောင်းကင်ပေါ် ပျံတက် သွား၏။
အကယ် ၍သာ တိမ်တိုက်များ နောက်၌၊ ပုန်းကွယ် ချောင်မြောင်း တိုက်ခိုက် လာပါက၊ သူ ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း၊ လင်းယွန် သိသည်။
“ မင်း ... ပြေးချင် လို့လား၊ အိပ်မက် မက် မနေနဲ့။ ”
မီးလျှံ မိုးကြိုး စပါးအုံး မြွေဖြင့်၊ ဤသိမ်းငှက်ကို ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိ စေရန်၊ လွယ်ကူမည် မဟုတ်ချေ။
ထို့ကြောင့် လျှပ်စီး မိုးကြိုး ကြာပွတ်ကို ပစ်ချပြီး၊ ငွေမိုးကြိုး သိမ်းငှက် ထံသို့ ဦးတည် ပြေးဝင် သွားလိုက်သည်။
“ နဂါး လက်သည်း ။ ”
ညာလက်မှာ လျှပ်စီး တစ်စင်းလို၊ ရွေ့လျား သွားပြီး၊ နဂါး တစ်ကောင်၏ ခြေသည်း အသွင် ပြောင်းလဲ သွားကာ၊ ကုပ်စွဲ လိုက်၏။
“ ဝုန်း ... ။ ”
“ ဂီး ... ။ ”
နဂါး လက်သည်းနှင့်၊ ငွေမိုးကြိုး သိမ်းငှက်ကို မြေပြင် ပေါ်သို့ ဆွဲချ နိုင်ခဲ့သည်။ ကြီးမားသော ပေါက်ကွဲ သံကြီး ထွက်ပေါ် လာကာ၊ ဘယ်ဘက် တောင်ပံတွင် သွေးများ ကျဆင်း လာ၏။
ထို့ကြောင့် ဤလူငယ်မှာ လျှော့တွက်၍ မရကြောင်း၊ သဘောပေါက် သွားမိသည်။ သို့သော် များစွာ နောက်ကျ သွားလေပြီ။
“ ကစား ပွဲက အခုမှ စမှာ၊ ... ဓား ။ ”
ပန်းသင်္ချိုင်း ဓားမှာ မြည်သံ ပြုလျက်၊ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ သူ့ လက်ထဲ ဆင်းသက် လာ၏။
“ သခင့်ဓား— မိုးကြိုး ။ ”
“ သခင့်ဓား— အလင်းခွဲ ဖြတ်ခြင်း။ ”
ဓားအလင်း များက၊ မြေပြင် ပေါ်တွင် ပြတ်ရှ ရာများ ဖြစ်ပေါ် စေလျက်၊ ငွေမိုးကြိုး သိမ်းငှက် ကို ထိမှန် သွားသည်။
အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု နှစ်ခု အသုံးပြု ပြီးနောက်၊ နဖူးမှ ချွေးသီးများ စီးကျ လာကာ၊ မောပန်း နွမ်းနယ် လာသည်။
သို့သော် သူ့တွင် ရွေးချယ်ခွင့် မရှိချေ။ ငွေမိုးကြိုး သိမ်းငှက် မသေ ခဲ့သော်၊ သူ သေ ရမည် ဖြစ်သည်။
ထို့ကြောင့် ခေါင်းမော့ကာ နောက်ဆုံး ဓားချက်အား၊ လွှဲထုတ် ပစ်လိုက်၏။
“ သခင့်ဓား — မဟာ ပေါက်ကွဲမှု။ ”
ရုတ်တရက် ကြယ် တစ်စင်း ကဲ့သို့၊ အလင်းစက်လုံးကြီး ပျံသန်း လာပြီး၊ သိမ်းငှက် အား ထိမှန် ပေါက်ကွဲ သွားသည်။
အဆိုပါ ပေါက်ကွဲ မှုကြောင့်၊ စူးရှသော အလင်းများ ပတ်ဝန်းကျင် တစ်ခုလုံး ပြည့်နှက်၊ ဖုံးလွှမ်း လာသည်။
သတ္တ လောကကြီး တစ်ခု ဖြစ်တည်လာ သကဲ့သို့၊ အရာရာ တိုင်း၏ မူလအစကို မွေးဖွား လာတော့မည့် အသွင်၊ ခံစား လာရသည်။
( စကြာဝဠာ အစ၊ Big Bang - မဟာ ပေါက်ကွဲမှုကို ရည်ညွှန်း ခေျသည်။ )
“ ဂီး ... ။ ”
အလင်း စက်လုံး ထိမှန်ခံ ရသော ငွေမိုးကြိုး သိမ်းငှက် ထံမှ၊ ကျယ်လောင်သော ဟစ်ကြွေးသံ တစ်သံ၊ ထွက်ပေါ် လာသည်။
ငွေရောင် အမွေးများ ဖွာခနဲ ပြန့်ကျဲ လာပြီး၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွား၏။ ထိုအရှိန် ကြောင့် မြေပြင်၌ ချိုင့်ဝှမ်းကြီး ဖြစ်ပေါ် လာကာ၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာ၏။
ချိုင့်ဝှမ်း အောက်ခြေ၌၊ အမွေး အတောင်များ မီးကျွမ်း နေသည့် ငွေမိုးကြိုး သိမ်းငှက်မှာ၊ လေကို ခက်ခက် ခဲခဲ ရှူရှိုက် နေရသည်။
ပြီးနောက် စိတ်ပျက် လက်ပျက်ဖြင့်၊ ချိုင့်ဝှမ်းပေါ်၊ စွမ်းအား မဲ့စွာ မျှော်ကြည့်ပြီး၊ ညည်းတွား မြည်တမ်း လိုက်သည်။
ထိုအခိုက် အတန့်တွင် အမွေးများ ပြောင်နေသော သိမ်းငှက် တစ်ကောင် ဖြစ်လာ ခဲ့သည်။ ချိုင့်ဝှမ်းမှ တွားသွား ထွက်ရန် ကြိုးစား လိုက်၏။
“ ဟီး ဟစ် ဟစ် ... ။ ”
ရုတ်တရက် ကျယ်လောင်သော ရယ်မောသံ တစ်သံ ထွက်ပေါ် လာသဖြင့်၊ ပြန်မော့ ကြည့် လိုက်ရာ၊ နဂါးသွေး မြင်းအား မြင်လိုက် ရသည်။
အထင်သေး လှောင်ပြောင် ရိပ်စွန်း နေသော မျက်ဝန်း တစ်စုံကြောင့်၊ ငွေမိုးကြိုး သိမ်းငှက်မှာ ဟန်ချက်ပျက် သွားပြီး၊ အောက်သို့ ပြန်လည် ပြုတ်ကျ သွားသည်။
ယင်းကို ကြည့်ပြီး နဂါးသွေး မြင်းက၊ ရယ်မော ခြင်းကို မထိန်းနိုင် တော့ဘဲ၊ မြေပြင် ပေါ်သို့ ထိုင်ချ လိုက်ရ၏။
ထို့နောက် ဓားအလင်း တစ်ချက် လင်းလက် သွားပြီး၊ ငွေမိုးကြိုး သိမ်းငှက်၏ ခေါင်းပြတ်ကြီး ကောင်းကင်ပေါ် ပျံတက် လာတော့သည်။
***