← Chapters

မိုးပြာ နဂါး စွမ်းအင်။

Vol. 47 Ch. 658

မိုးပြာ နဂါး စွမ်းအင်။

Vol. 47 Ch. 658

ငွေမိုးကြိုး သိမ်းငှက် ထံမှ၊ သွေးများ သွန်လာပြီး၊ မျက်စိ တစ်မှိတ် အတွင်း မှာပင် ဝိညာဉ် စွမ်းအင်များ ပြည့်လျှံ နေသော၊ သွေး ကန် အဖြစ် ပြောင်းလဲ လာသည်။

ချိုင့်ဝှမ်း အဝတွင် ရပ်နေသော လင်းယွန်က၊ ကြက်သွေးရောင် သွေးကန် ကြီးကို ကြည့်ကာ၊ အံ့သြ သွားသည်။

သွေးကန် အတွင်းရှိ ဝိညာဉ် စွမ်းအင် များမှာ၊ ငွေမိုးကြိုး သိမ်းငှက် ဘဝ တစ်လျှောက်၊ စုဆောင်း ထားသော စွမ်းအင်များ ဖြစ်၏။

သို့သော် အနက်ရောင် အခိုးအငွေ့များ သိပ်သည်းစွာ ကပ်ညှိ နေသဖြင့်၊ ယင်းကို သန့်စင် နိုင်မည် မဟုတ်ချေ။

အတင်း အကြပ် သန့်စင် ခဲ့သော်၊ ထိရောက်မှု မရှိဘဲ၊ ဆုံးရှုံးမှု များပင် ရှိလာ နိုင် ပေမည်။

သို့သော် နဂါး သွေးမြင်း မှာမူ၊ သွေးကန် ထဲသို့ ခုန်ဆင်းပြီး၊ ဝိညာဉ် စွမ်းအင်များ စတင် ဝါးမျို လိုက်သည်။

နဂါးလေး၏ အထိန်း အကွပ် မဲ့သော လုပ်ရပ်ကြောင့်၊ လင်းယွန်က သဘော ကျစွာ ရယ်မော လိုက်၏။

ဤနဂါးလေးမှာ သန်မာသော ရန်သူနှင့် တွေ့ဆုံ ချိန်တိုင်း၌၊ အမြန် နှုန်းကို အားပြုကာ၊ ထွက်ပြေး တက်ပေသည်။

ယခု တိုက်ပွဲတွင် ကံတရား ကြောင့်သာ အနိုင်ရခြင်း ဖြစ်ကြောင်း လင်းယွန် သိ၏။

ငွေမိုးကြိုး သိမ်းငှက်သာ၊ ကောင်းကင်သို့ ပျံသန်း နိုင်ပါလျှင်၊ တိုက်ပွဲ၌ သူ ရှုံးနိမ့် သွားမည် ဖြစ်သည်။

ကံကောင်း ထောက်မ စွာဖြင့်၊ ပျံသန်းချိန် မရ ခဲ့ချေ။ သွေးကန်ထဲ ခုန်ဆင်း လိုက်ပြီး၊ ငွေမိုးကြိုး သိမ်းငှက် အလောင်းထံ လျှောက်လှမ်း သွားမိ၏။

ပန်းသင်္ချိုင်း ဓားဖြင့် အလောင်းကို ထိုးခွဲကာ၊ သားရဲ အမြုတေအား ထုတ်ယူ လိုက်သည်။

သားရဲ အမြုတေမှာ ငွေရောင် အလင်းများ တောက်ပ နေပြီး၊ ယခင်က မြင်ဖူးသော သားရဲ အမြုတေ များနှင့် မတူပေ။

၎င်းမှာ အညစ် အကြေး ကင်းစင်သော ရတနာ တစ်ပါးနှင့် တူ၏။

“ ဒါ … ။ ”

ဤမျှ သန့်စင်သော သားရဲ အမြုတေကို ပထမဆုံး အကြိမ် တွေ့မြင်ဖူး ခြင်း ဖြစ်လေရာ၊ မအံ့သြဘဲ မနေ နိုင်ချေ။

ငွေမိုးကြိုး သိမ်းငှက်မှာ၊ ‘လ’ အနည်းငယ် ကြာမှသာ အမဲလိုက် တက်၏။ ထို့ကြောင့် ကျန်သည့် အချိန် များတွင်၊ ၎င်း၏ သားရဲ အမြုတေကို သန့်စင် နေခဲ့ပုံ ရသည်။

နတ်ဆိုး သားရဲ များမှာ၊ ရိုင်းစိုင်းပြီး အသိဉာဏ် မရှိ သော်လည်း၊ ဤ သားရဲတွင် ဉာဏ်ရည် ဉာဏ်သွေး အချို့၊ ပိုင်ဆိုင် ထားချေ ပြီ။

အချိန် အလုံ အလောက်သာ ရှိပါက၊ ကောင်းကင် ဝိညာဉ် သားရဲ ဖြစ်လာ နိုင်၏။ ထို့ကြောင့် အနာဂတ် ကောင်းကင် ဝိညာဉ် နတ်ဆိုး သားရဲကို သတ်ပစ် ခဲ့သည်ဟု ဆိုနိုင် သည်။

“ အချိန် တန် ပြီ။ ”

ငွေမိုးကြိုး သိမ်းငှက် အလောင်းကို ကိုက်စား နေသော နဂါးလေးကို ကြည့်ပြီး၊ လင်းယွန်က ပြုံးကာ ကောင်းကင်ပေါ် ခုန်တက် သွားသည်။

သွေစွန်းသော ဧည့်ခံပွဲ အတွက်၊ အချိန် သိပ် မကျန် တော့ချေ။ အထူး သဖြင့် ဆုဇီယာ နောက်ကို လိုက်ရန်၊ ဖိအား များစွာ ရှိချေသည်။

သူမ ဘေးရှိ အဘိုးအို တစ်ဦး ကပင်၊ သွေးတောင်ပံ ခန်းမကို အလွယ် တကူ ဖျက်ဆီး ပစ်နိုင်သည်။

တော်ဝင် ဧကရာဇ် နန်းတော် … ။ ဤကဲ့သို့သော အင်အားစုမျိုး တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ မရှိချေ။

သို့သော် ကောင်းကင်ဘုံ ကိုးပါး၌ ရှိနေ လျှင်ပင်၊ ရအောင် ရှာမည်ဟု ဆိုခဲ့သော သူ့ ကတိကို တည်ရ ပေမည်။

ခိုင်မြဲသော သူ၏ ချစ်ခြင်းကြောင့်၊ ကျင့်ကြံမှု လမ်းတွင် အထွတ် အထိပ်သို့၊ တက်လှမ်း ရပေ တော့မည်။

စိတ်ထဲရှိ အတွေး များစွာကို စုစည်း လိုက်ကာ၊ သားရဲ အမြုတေအား တစ်ချက် ပြန်ကြည့် မိ၏။

“ ဘယ်လောက်တောင် ... ၊ သိပ်သည်း လိုက်တဲ့ လျှပ်စီး စွမ်းအင် တွေလဲ။ ”

လျှပ်စီး ပုတီးစေ့မှာ ကြိမ်ဖန် များစွာ သန့်စင်ခဲ့ ပြီးနောက်၊ အလွန် အားနည်း သွားပြီ ဖြစ်သည်။

ထို့ကြောင့် ငွေမိုးကြိုး သိမ်းငှက် အမြုတေ အတွင်းမှ၊ စွမ်းအင်ကို ခံစား လိုက်ရသော အခါ၊ စိတ်လှုပ်ရှား လာ၏။

မျက်လုံးများ မှိတ်လျက်၊ မိုးပြာနဂါး မူလပုံစံကို ဖြန့်ကျက်ကာ၊ သားရဲ အမြုတေမှ လျှပ်စီး စွမ်းအင်အား စုပ်ယူ လိုက်သည်။

လက်ဖဝါးမှ ပြင်းထန်သော စုပ်ဝဲ တစ်ခု ထွက်ပေါ် လာပြီး၊ အဝတ် အစားများ အပိုင်းပိုင်း ကွဲကြေ ကုန်ကာ၊ မြေပြင်၌ အက်ကြောင်းများ ဖြစ်ပေါ် လာတော့၏။

ခန္ဓာကိုယ် ပေါ်တွင် လျှပ်စီးများ ရောယှက်လာ သည်နှင့် အမျှ၊ နဂါး အမှတ် အသားမှာ၊ ခရမ်းရောင် မှသည် ကြက်သွေး ရောင်သို့ ပြောင်းလဲ သွားသည်။

ထိုအချိန်တွင် မိုးပြာ နဂါး မူလ ပုံစံမှာ၊ တတိယ အဆင့် အထွတ် အထိပ်ထံ ဦးတည် နေပေ သည်။

အချိန်များ ကုန်လွန်လာ သည်နှင့် အမျှ၊ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စွမ်းအင် များကြောင့်၊ နဂါး အမှတ် အသားမှာ ပို၍ တောက်ပ လာသည်။

တစ်နာရီ အကြာ၌ လျှပ်စီး ရူရ် တစ်လုံး ထပ်မံ ဖြစ်ပေါ် လာသည်။ ဆိုလို သည်မှာ အိုးတစ်လုံး ခွန်အားကို လျှပ်စီး ရူရ် အဖြစ်သို့၊ ပြောင်းလဲ နိုင်လိုက်ပြီ ဖြစ်၏။

“ ဒါက ... အရမ်း မြန်နေတယ်။ ”

ဤအရှိန်မှာ ပုံမှန်ထက် ဆယ်ဆ ပိုမြန် လွန်း သောကြောင့်၊ ရွှင်မြူး သွားမိသည်။

လျှပ်စီးများ ဆက်လက် စီးဝင် နေပြီး၊ ခန္ဓာကိုယ် အတွင်း၌ တဟုန်ထိုး နာကျင် မှုများ၊ ဖြစ်ပေါ် နေြမဲ ဖြစ်၏။

ကံကောင်း ထောက်မ စွာဖြင့်၊ သူ့ရုပ် ခန္ဓာမှာ သန်စွမ်း လွန်းပြီး၊ တိုးလာသော ဝေဒနာကို ခံနိုင်ရည် ရှိခဲ့သည်။

တစ်၊ နှစ်၊ သုံး၊ လေး ... ။

စသည်ဖြင့်၊ လျှပ်စီး ရူရ် များ ထပ်မံ ထွက်ပေါ် လာပြီး၊ (၁၂) လုံးသို့ အရောက်တွင်၊ ခန္ဓာကိုယ်မှ ဖျက်ဆီး စွမ်းအားကို ထုတ်လွှတ် လာသည်။

ရုပ်ခန္ဓာ တစ်ခုလုံး အသက် ဓာတ်များ ပြည့်လျှံ တက်ကြွ နေ၏။

မိုးပြာ နဂါး မူလ ပုံစံသည်၊ ဖျက်ဆီး စွမ်းအားနှင့် အသက်ဓာတ် တို့ကို မျှတစွာ ဖြစ်ပေါ် လာစေ ပုံရသည်။

နောက်ဆုံးတွင် မိုးပြာ နဂါး ဆို သည်မှာ၊ ကောင်းကင်တွင် စိုးစံ နေစဉ် လေနှင့် လျှပ်စီး စွမ်းအင်ကို ထိန်းချုပ်ကာ၊ ဖျက်ဆီးအား ပြင်းသော သားရဲ တစ်ကောင် ဖြစ်ခဲ့၏။

တစ်ချိန်တည်း မှာပင် ခန္ဓာကိုယ်ဖြင့် ပေါင်းစပ် ပြီးနောက်၊ ပိုလျှံ လာသော လျှပ်စီး စွမ်းအင် များကို၊ ခရမ်းရောင် ပန်းက ဝါးမြို သွားခဲ့သည်။

ယင်းကြောင့် မူလ စွမ်းအင် များက၊ အရှိန်အဟုန်ဖြင့် ဆက်လက် ကြီးထွား နေ၏။ လေးရက် အကြာ၌၊ အထွတ် အထိပ် ယန် အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။

ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ လာသော၊ ပီတိ အဟုန်ကို ခံစား လိုက်ရသည်။ ဤအခိုက်တွင်၊ နဂါး အမှတ် အသားမှ၊ နဂါး အငွေ့ အသက် များနှင့်၊ ငွေရောင် အလင်းများ ရုတ်တရက် ထုတ်လွှတ် လာ၏။

ယင်းမှာ မိုးပြာ နဂါး၏ စွမ်းအင် ဖြစ်သည်။ ရုတ်တရက် ရုပ်ခွန်အားမှာ၊ အသွင် ကူးပြောင်း သွားခြင်း ဖြစ်သောကြောင့်၊ ချက်ချင်း စိတ်လှုပ်ရှား လာသည်။

၎င်းသည် ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်ကို ကျင့်ကြံ ရာ၌၊ ကြမ်းရှသော စွမ်းအင် ရရှိ ပုံနှင့် တူ၏။

သို့သော် မိုပြာ နဂါး စွမ်းအင်မှာ၊ ဒရာကိုဖီ စွမ်းအင်ထက် များစွာ အားကောင်း ချေသည်။

ထို့ကြောင့် မျက်လုံး ဖွင့်ပြီး၊ လက်ဝှေ့ ယမ်းကာ၊ မီးလျှံ မိုးကြိုး ကြာပွတ်အား ထုတ်ယူ လိုက်သည်။

၎င်းကို ဆုပ်ကိုင် လိုက်ချိန်၌၊ မီးလျှံများ ‘ဟုတ်ခနဲ’ တောက်လောင် လာပြီး၊ ပို၍ အသက် ဝင်လာ၏။

“ မင်း ... သဘောပေါက် လာပြီ။ ”

လင်းယွန်က ပြုံးလိုက်သည်။ အဆင့်မြင့် စကြာဝဠာ လက်ရာ တစ်ခု အနေဖြင့်၊ ၎င်းတွင် ကိုယ်ပိုင် ဝိညာဉ် ရှိချေပြီ။

“ တစ်နေ့ ...၊ မင်းငါ့ကို လိုက်လျော လာမှာပါ။ ”

လင်းယွန်က ပြုံးကာ ဆိုမိသည်။

“ ဟိတ် ... ။ ”

လျှပ်စီး ရူရ် ပေါင်း (၃၀) တောက်ပ လာပြီး၊ အကန့်အသတ်မဲ့ ဖိအားများ ပေါက်ကွဲ လာချိန်တွင်၊ ကျယ်လောင်စွာ ဟစ်အော် လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ၊ သူ့ခန္ဓာကိုယ် မှတဆင့်၊ မြေပြင် ပေါ် ပြုတ်ကျ သွား၏။

“ ဝှစ် ... ။ ”

ညင်သာသော ညည်းတွား သံနှင့် အတူ၊ ကြာပွတ်က အသက် ဝင်လာပြီး၊ ကောင်းကင် တစ်ခုလုံး ယိမ်းထိုး နေသည်။

“ ဘယ်လောက်တောင် လေးလိုက်လဲ။ ”

မီးလျှံ မိုးကြိုး ကြာပွတ်၏ အလေး ချိန်ကြောင့်၊ လင်းယွန် မျက်နှာမှာ လေးနက် သွားခဲ့သည်။

“ ဒါပေမယ့် ... အဆင်ပြေတယ်။ ”

အသိမှတ် ပြုမှုကို အဆက်မပြတ် ကြိုးစားနေ မိပြီး၊ ကြာပွတ် စွမ်းအားကို ဆက်လက် ထုတ်ဖော် လိုက်သည်။

“ သွား ... ”

ချွေးများရွဲ လာ ချိန်၌၊ ကြာပွတ်အား လေထဲ အားကုန် ရိုက်ချကာ၊ စွမ်းအား (၈၀%)ကို ထုတ်ဖော် မိသည်။

အဆုံးမရှိ လွှမ်းမိုး ချုပ်ကိုင် လိုသော အရှိန် အဝါ တစ်ခု ကောင်းကင်ပေါ် ပျံတက် သွား၏။

ဆန့်ထွက် သွားသော ကြာပွတ် အဖျားမှာ၊ ရေမျက်နှာ ပြင်မှ ခွဲထွက် လာသော နဂါးကြီး တစ်ကောင် နှင့် တူသည်။

သည့်နောက် ရွှေရောင် နဂါးကြီး တစ်ကောင် အဖြစ်၊ မြေပြင်ပေါ် ပြန်လည် ဆင်းသက် လာတော့ သည်။

မြေပြင်နှင့် ထိသွား ချိန်၌ ဆူညံသော ပေါက်ကွဲသံ တစ်သံ နှင့်အတူ၊ အက်ကွဲ ရာကြီး ထွက်ပေါ် လာသည်။

“ ဒါ … ။ ”

ဝမ်းသာ အားရဖြင့် လေကို ရှူရှိုက် လိုက်သည်။ ဤတိုက်ခိုက်မှု သည်သာ ငွေမိုးကြိုး သိမ်းငှက်ပေါ် ကျရောက် ခဲ့ပါက၊ ကစား ပွဲကို လှည့်ရန် အခွင့် အရေး ရှိမည် မဟုတ်ချေ။

ထိုအခိုက် အတန့်တွင်၊ သွေးရေကန် အတွင်း၌၊ ရေဝဲတစ်ခု ဖြစ်ပေါ် လာပြီး၊ နဂါးလေး ထံမှ ကြမ်းရှသော အရှိန်အဝါများ ထွက်ပေါ် လာသည်။

“ ဒုတိယ အကြိမ်မြောက် ... ၊ ဆင့်ကဲ ဖြစ်စဉ်။ ”

မျှော်လင့် ချက်များဖြင့် တောက်ပစွာ ပြုံးရယ် လိုက် မိသည်။

နဂါးလေး အပေါ်၊ မိတ်ဆေွကောင်း တစ်ဦး အဖြစ် သတ်မှတ်ထား သောကြောင့်၊ ပျှော်ရွှင် မိ သည်မှာ သဘာဝ ပေပင်။

***

All Chapters