← Chapters

အရည်အချင်း။

Vol. 48 Ch. 659

အရည်အချင်း။

Vol. 48 Ch. 659

လိပ်ပြာ အဖြစ် ပြောင်းလဲ တော့မည့်၊ ခူကောင် ကဲ့သို့ ကြက်သွေးရောင် ပိုးမျှဉ်ဖြင့်၊ နဂါးလေးအား ထုပ်ပိုး ထားသည်။

ကြက်သွေးရောင် ပိုးအိမ်မှာ၊ ပိန်းပိတ် လွန်းသဖြင့်၊ အရှိန်အဝါ အနည်းငယ် မျှပင် ယိုစိမ့် ကျလာခြင်း မရှိချေ။

ပိုးအိမ် အတွင်းမှ ပြင်းထန်သော နှလုံးခုန် သံကိုသာ ကြားလိုက် ရပြီး၊ အရေးကြီးသည့် ပြောင်းလဲမှု လုပ်ဆောင် နေကြောင်း၊ နားလည် လိုက်သည်။

သိပ်မကြာခင် ကြက်သွေးရောင် ပိုးအိမ်မှာ၊ ရုတ်တရက် ကွဲအက် သွားပြီး ကြမ်းကြုတ်သော ရောင်ဝါ တစ်ခု၊ ကောင်းကင်ပေါ် ပျံတက် သွား၏။

ထိုအရှိန် အဝါကြောင့် တိမ်တိုက်များ ယိမ်းထိုး ကုန်သည်။ နဂါးသွေး မြင်း၏ အမွေး များမှာ၊ ကြက်သွေးရောင် သလင်း ကျောက်များ ကဲ့သို့ ပြောင်းလဲ တောက်ပ လာ၏။

ထို့အပြင်၊ ၎င်းတို့ အတွင်း၌၊ ငွေရောင် ‘အမွေး အမှင်’ အနည်းငယ် ထပ်မံ ပေါက်ရောက် နေပြီး၊ ၎င်းထံမှ ရေှးဟောင်း အငွေ့ အသက်များ ထုတ်လွှတ် လာသည်။

“ ဒီအရူးရဲ့ သွေးက၊ နည်းနည်းတော့ နိုးထ လာပုံပဲ။ ”

နဂါး အရှိန်အဝါ ဖျော့ဖျော့မှာ၊ ပို၍ သန့်စင်လာ သဖြင့်၊ လင်းယွန်က သက်ပြင်းချ လိုက်သည်။

“ ဟစ် ဟစ် ဟစ် ... ။ ”

နဂါးလေးက ရုတ်တရက် ဟစ်အော် လိုက်ရာ၊ ကျောပေါ်ရှိ အသားများ တွန့်လိမ် လာပြီး၊ ကြက်သွေးရောင် အတောင်ပံ တစ်စုံ ထွက်ပေါ် လာခဲ့သည်။

ထိုအတောင်ပံမှာ နဂါးသွေးမြင်း ခန္ဓာကိုယ်ဖြင့် လုံးဝ ပေါင်းစပ် နေပေ၏။ တိမ်ပြာ ရေကန်တွင် နဂါး တစ်ကောင် အဖြစ်၊ ခံစား ချက်များ စတင် ပေးစွမ်း ခဲ့ပြီး၊ ယခု အချိန်၌ ပို၍ ဖွံ့ဖြိုး လာချေပြီ။

ထိုအချိန်က ထုတ်လွှတ်သော ရောင်ဝါမှာ၊ အစွမ်းထက် သော်လည်း၊ လိုအပ်ချက် ရှိနေဆဲ ဖြစ်သည်။

ယခုမူ နဂါး အဖြစ်သို့ မပြောင်းလဲ နိုင်သေး သော်လည်း၊ အတောင်ပံ များက ပို၍ အနုစိတ် လာ ခဲ့သည်။

နဂါးသွေး မြင်းကို စစ်ဆေး နေစဉ်တွင်၊ ကြက်သွေးရောင် အလင်း တစ်ခု လင်းလက် လာပြီး၊ သူ့ရှေ့ ထွက်ပေါ် လာ၏။

“ ဘယ်လောက်တောင် မြန် လိုက်လဲ။ ”

လင်းယွန်က အော်ပြော လိုက်သည်။ လျင်မြန် မှုခြင်း ယှဉ် ရပါက၊ အမီလိုက် နိုင်မည် မဟုတ်ချေ။

လင်းယွန် မျက်နှာ ပေါ်ရှိ ထိတ်လန့်မှုကို ကြည့်ပြီး၊ နဂါးလေးက ရယ်မော လိုက်သည်။

“ သွား ရအောင်။ ”

မီးလျှံ မိုးကြိုး ကြာပွတ်ကို သိမ်းကာ၊ ကျောပေါ် လွှားခနဲ ခုန်တက် လိုက်ပြီး၊ မိုးကြိုး စီရင်စု ထံသို့ ဦးတည် လိုက်သည်။

အဆိုပါ စီရင်စုသည်၊ မရေတွက် နိုင်သော ပါရမီ ရှင်များ စုဝေးရာ အရပ် ဖြစ်၏။ ထို့ကြောင့် လင်းယွန် မျက်လုံးများ တောက်ပ လာပြီး၊ သူ့ သွေးများ ဆူပွက် လာသည်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ စီရင်စု ကိုးခု ရှိပြီး မိုးကြိုး စီရင်စုမှာ၊ အင်အား အကောင်းဆုံး ဖြစ်သည်။

အုပ်စိုးသူ ကိုးဦး အနက်၊ အသန်မာဆုံး ဖြစ်သော အလင်း အမှောင် လမင်း ကမ္ဘာ ရှိရာ၊ နယ်မြေ ဖြစ်သည့် အပြင်၊ ဓားဂိုဏ်း တည်ရှိရာ အရပ်လည်း ဖြစ်၏။

ကောင်းကင် နတ်ဆိုး ခန်းမနှင့်၊ မြောက်ပိုင်း နှင်းစံအိမ် သည်သာ၊ သူတို့ကို တိုက်ခိုက်ရန် ခွန်အား ရှိချေမည်။

ထို့ကြောင့် ၎င်းမှာ၊ အခြားသော စီရင်စု ရှစ်ခုထက်၊ ပို၍ ခိုင်မာသော အခြေခံ အုတ်မြစ် ရှိမည်မှာ သဘာဝ ပေပင်။

ကျင့်ကြံသူ များ အနေဖြင့်၊ ကြီးထွားရာ လမ်းစကို၊ အမြဲတမ်း ရှာဖွေ နေသည်။

ထို့ကြောင့် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ အထက် တန်းစားများ၊ မိုးကြိုး စီရင်စုတွင်၊ လာရောက် စုရုံး နေခြင်း ဖြစ်၏။

မိုးကြိုး စီရင်စုတွင် မြို့တော် အပြင် အခြားသော မြို့ကြီး ခုနစ်မြို့ ရှိသည်။ အဆိုပါ မြို့ခုနစ် မြို့မှာ၊ အခြားသော စီရင်စု မြို့တော် များထက် မနိမ့် ကျချေ။

မြို့ ခုနစ်မြို့ကို ကြယ်များဖြင့် ခိုင်းနှိုင်း ရသော်၊ မိုးကြိုး စီရင်စု မြို့တော်မှာ၊ လမင်းကြီး အဖြစ်၊ တင်စား ရပေမည်။

‘ကောင်းကင် တောင်ကုန်း’ မြို့သည်၊ မြို့ ခုနစ်မြို့ အနက်မှ တစ်မြို့ ဖြစ်ပြီး၊ ဓားဂိုဏ်း ရှင်သန်ရာ မြို့လည်း ဖြစ်၏။

ထို့ကြောင့် ကောင်းကင် တောင်ကုန်း မြို့မှာ၊ အခြားသော မြို့များထက် နယ်နိမိတ် ကျယ်ပြန့် ချေပြီ။

မြို့အနှံ့ ခမ်းနားသော အဆောက် အဦး များဖြင့် ပြည့်နှက် နေပြီး၊ ‘ကြက်ပျံ မကျ’ စည်ကား လေသည်။

ထို လူအုပ် ကြားတွင်၊ လူငယ် နှစ်ယောက်က၊ တစ်စုံ တစ်ယောက်ကို ရှာဖွေ နေ သကဲ့သို့၊ ပတ်ဝန်းကျင်အား ဂရု တစိုက် ကြည့်ရှု နေသည်။

၎င်းလူငယ် နှစ်ယောက်မှာ၊ ဂိုရှုနှင့် ယန်းဖန် ဖြစ်၏။ သဘော တူညီထားသည့် အတိုင်း လင်းယွန်ကို ရှာဖွေ နေခြင်း ဖြစ်သည်။

သူတို့ နှစ်ဦးက လွန်ခဲ့သော သုံးရက် ကတည်း ကပင်၊ ကောင်းကင် တောင်ကုန်း မြို့သို့ ရောက်ရှိ လာခဲ့ကြသည်။

ထိုနှစ်ရက် အတွင်း လင်းယွန်ကို အရိပ်အယောင်ပင်၊ မမြင်ခဲ့ ရ သောကြောင့် အနည်းငယ် စိတ်ပျက် လာသည်။

“ အစ်ကို ယန်း၊ သူ တခြား ကိစ္စကြောင့် ထွက်သွားပြီ ထင်တယ်။ ”

ဂိုရှုက မျက်မှောင် ကြုတ်လျက် ဆိုသည်။

“ သူက ငါတို့ကို ကတိပေး ခဲ့တဲ့ အတွက် သေချာပေါက် လာလိမ့်မယ်၊ မလာ ဖြစ် ရင်တောင်၊ တစ်ယောက် ယောက်နဲ့၊ သတင်း စကား ပါးလာမှာ သေချာ ပါတယ်။ ”

ယန်းဖန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။

“ ဟုတ်လား ... စိမ့်မြေ ထဲမှာ၊ ဒုက္ခ ရောက်နေရင် ဘယ်လို လုပ်မလဲ။ ”

ဂိုရှုက မေးခွန်း ထုတ်သည်။

“ ဒါက မဖြစ်နိုင် ဖူးလို့ ငါထင်တယ်၊ လင်းယွန်ရဲ့ ခွန်အားက၊ အုပ်စိုးရှင် သားရဲနဲ ထိပ်တိုက် မတိုး သရွေ့၊ ပြဿနာ ရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့်... ”

“ ... အုပ်စိုးရှင် နတ်ဆိုး သားရဲကို၊ သူ လိုက်ရှာဖို့ အလား အလာက အတော်လေး မြင့်မားတယ်။ ”

ယန်းဖန်၏ မျက်လုံးများ ရုတ်တရက် တောက်ပ လာပြီး၊ ‘ဟိုမှာ’ -ဟုဆိုကာ ပြုံး လိုက်သည်။

“ ဘယ် မှာ လဲ။ ”

နဂါးသွေးမြင်း တစ်ကောင်ကို စီးလျက်၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာသော၊ လူငယ် တစ်ယောက်အား မြင်လိုက် ရသည်။

နဂါးသွေး မြင်းက၊ အတောင်ပံ များကို ရုတ်သိမ်း လိုက်ပြီး ဖြစ်သော်လည်း၊ ၎င်း၏ အဆင်းမှာ မျက်စိ ကျစရာ ဖြစ်နေသည်။

လူများ စွာက လင်းယွန် အပေါ်၊ ဆိုးညစ်သော အကြည့် ဖြင့်ပင် ကြည့်လာ နေ ကြသည်။

“ မင်းတို့ကို ... စောင့်ခိုင်း ထားမိတဲ့ အတွက်၊ တောင်းပန် ပါတယ်။ ”

လင်းယွန်က မြင်းပေါ်မှ ဆင်းပြီး၊ လက်ဝှေ့ ယမ်းကာ နှုတ်ဆက် လိုက်သည်။

“ အဆင်ပြေ ပါတယ်၊ သွားကြစို့။ ”

နှစ်ဦးသား အသိ အမှတ်ပြု လိုက်ပြီး၊ တုန်လှုပ် ခြောက်ခြား စွာဖြင့်၊ နဂါးသွေး မြင်းကို တစ်ချက် ကြည့်မိသည်။

မြောက်ပင်လယ်တွင် ဤမြင်း အပေါ်၊ အလေး အနက် စွဲလန်း ထားမိသည်။ ယင်-ယန် အဆင့် ကျွမ်းကျင်သူ များပင်၊ သူ့အား လိုက်မမှီ ခဲ့ချေ။

(၁၀) မီတာခန့် မြင့်မားသော ခြံဝင်း တစ်ခု ရှေ့တွင်၊ ယန်းဖန်က ရပ်လိုက် ကြ၏။

ဤမျှ ဟိတ်ဟန် ကြီးမားသော စံအိမ်မျိုး၊ ကောင်းကင် တောင်ကုန်း မြို့ ၌ပင် ရှားပါး မည်မှာ သေချာ ပေသည်။

“ ဝင်ကြ ရအောင်။ ”

ယန်းဖန်က ဆိုသည်။ သုံးယောက်သား စင်္ကြံ များစွာကို ဖြတ်၍၊ ကြီးမားသော စံအိမ် တစ်လုံး ဆီသို့ ဦးတည်သွား ကြသည်။

လမ်းတလျှောက် အစောင့် များက ယန်းဖန်ကို မှတ်မိ နေသဖြင့်၊ တစ်ချက်သာ မော့ကြည့် လာကြသည်။

“ ဒီက ... စည်းမျဉ်းတွေ အကြောင်း၊ ပြောပြ ထားပါဦး။ ”

လင်းယွန်က ထုတ်မေး လိုက်သည်။ ထို့ကြောင့် ယန်းဖန်မှ ပြုံးလျက်ဖြင့်၊

“ ဒီတွေ့ဆုံ ပွဲက နည်းနည်းတော့ ထူးခြားတယ်၊ ဖလှယ်မှု တွေက ပုံမှန် ဆိုပေ မယ့်လည်း၊ ... ”

“ သွေးစွန်းသော ဧည့်ခံပွဲ နီးကပ် လာတာ ကြောင့်၊ လူတိုင်းက အချင်းချင်း ခွန်အားကို မြင်လို ကြတယ်၊ ဒါမှသာ ဒီနှစ်ရဲ့ တိမ်နဂါး အဆင့် အပေါ်၊ အကြမ်းဖျင်း ခန့်မှန်းနိုင် မယ် မဟုတ်လား။ ”

ယင်းမှာ လင်းယွန်အား ဆွဲဆောင် နိုင်သော အချက် တစ်ချက်လည်း ဖြစ်သည်။ ထို့ပြင် ဤတွေ့ဆုံ ပွဲ ကျင်းပရာ အိမ်ရှင်သည်၊ အတွင်း အဆင့် ပါရမီရှင် တစ်ဦး ပေပင်။

“ ဒါပေမယ့် …”

ယန်းဖန်က လင်းယွန်ကို ကြည့်ပြီး တုံ့ဆိုင်း သွား၏။

“ အမှန် အတိုင်း ပြောရရင်၊ လင်းယွန် ... ငါတို့က အပြင် လူတွေပါ၊ ဒေသခံ ပါရမီရှင်တွေ ကြား သွားရ မှာမို့၊ နည်းနည်းတော့ သည်းခံတာ အကောင်းဆုံး ပါပဲ။ ”

ယန်းဖန် စကားကြောင့်၊ လင်းယွန်က ပြုံးလိုက် မိသည်။ သူ့အား ရန်မစ ပါက၊ မည်သူ့ ကိုမျှ ပြဿနာ ရှာမည် မဟုတ်ချေ။

ဒေါသ ထွက်လွယ်သူ တစ်ဦး မဟုတ် သော်လည်း၊ သူ့ဓားမှာ ဒေါသ အပေါ်၊ အခြေ တည်သည်။

ဂိုရှု နှင့် ယန်းဖန်က ခါးသက်သော အပြုံး များဖြင့်၊ အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ သူတို့ သတိ ပေးချက်မှာ အသုံးဝင် ပုံ မရချေ။

မြောက်ပင်လယ်တွင် လင်းယွန်နှင့်၊ ဆက်ဆံခဲ့ ဖူးသည်။ ထို့ကြောင့် သူ့တွင် မာန ရှိကြောင်း သိထား၏။

တစ်ဖက် လူမှာ၊ ဓားဆွဲ ပြီးနောက်၊ မည်သည့် အရာ ကိုမျှ ဂရုမည် မဟုတ်ဘဲ၊ သွေးစွန်း ပြီးမှသာ ရပ်တန့် ပေမည်။

သို့သော် လွန်ခဲ့သည့် ‘လ’ အနည်းငယ် အတွင်း၊ လင်းယွန် မည်မျှ သန်မာ လာခဲ့သည် ကိုလည်း၊ သိချင် နေပြန်သည်။

ခန်းမ တစ်ခု ထဲသို့ လှမ်းဝင် လိုက်သည်နှင့်၊ စားပွဲများ ခင်းကျင်းကာ၊ လူငယ် ပေါင်းများစွာ ထိုင်နေ ကြသည်ကို၊ တွေ့မြင် လိုက်ရသည်။

သူတို့ အားလုံးမှာ၊ အထွတ် အထိပ် ယန်အဆင့်တွင် ရှိနေ ကြပြီး၊ သိပ်သည်းသော အရှိန် အဝါ များကို ထုတ်လွှတ် ထားလေသည်။

၎င်းတို့ အတွင်း၊ ကနဦး ယင်-ယန် အဆင့် လူငယ် နှစ်ဦးပင် ရှိနေ၏။

“ ယန်းဖန် ...၊ မင်း နောက်ကျ နေပြီ။ ”

လူငယ် တစ်ယောက်က ပြုံးကာ နှုတ်ဆက် လာသည်။

“ ဟုတ်တယ် ... ငါနောက်ကျ သွားတယ်။ ”

ယန်းဖန်က လက်ဝှေ့ ယမ်းကာ၊ ပြန်လည် နှုတ်ဆက် လိုက်၏။ တစ်ချိန်တည်း မှာပင် သူ့ အသံကို လင်းယွန်ထံ ပေးပို့လျက်၊

“ သူက ... ဒီနေ့ ပွဲရဲ့၊ အိမ်ရှင် ရှောင်တျဲဟီပဲ၊ တိမ်နဂါး အဆင့် (၄၇)၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ တည်းက ယင်-ယန် အဆင့်ကို တက်လှမ်း ထားခဲ့တယ်။ ”

ယန်းဖန်၏ သတိပေး မိတ်ဆက် လာသည်ကြောင့်၊ ထိုသူကို ပြန်လည် စစ်ဆေး လိုက်မိ သည်။

ပိန်သွယ်သော ကိုယ်ဟန်ဖြင့်၊ နေရောင် ကဲ့သို့ တောက်ပသော ရောင်ဝါ ရှိ၏။ သူ့ အနီးတွင် မတ်တပ်ရပ် ရုံဖြင့်၊ ဖိအား အချို့ကို ခံစား နိုင်သည်။

အသက် အရွယ်မှာ နှစ်ဆယ့်သုံး နှစ်ခန့်သာ ရှိပုံ ရပြီး၊ လွန်ခဲ့သော တစ်နှစ်ခွဲ ကပင် ယင်ယန် အဆင့်ကို တက်လှမ်း ထားနိုင် သောကြောင့်၊ အလယ် အလတ် အဆင့်သို့ ခြေတစ်လှမ်း ဝင်ရောက် နေပြီ ဖြစ်သည်။

ယင်-ယန် အဆင့်တွင်၊ အချိန် တိုတိုနှင့်၊ ထပ်မံ တိုးတက်ရန် မလွယ်ကူ သဖြင့်၊ ဤလူမှာ အရည် အချင်း ရှိသည်ဟု ပြောနိုင်၏။

မုန်တိုင်းဓား တပည့် ဖန်းဝမ်မှာ၊ ရှောင်တျဲဟီ နှင့် ရင်ဆိုင် ရပါက၊ ဆယ်ကြိမ်ထက် ပိုနိုင်မည် မဟုတ်ချေ။

“ ယန်းဖန်၊ မင်းက အထွတ် အထိပ် ယန် အဆင့်မှာ ပိတ်မိ နေတုန်း ပါလား၊ ဒါက အချိန် အရမ်းကြာ သွားပြီမို့၊ မင်းရဲ့ လက်ရှိ ခွန်အားနဲ့ တိမ်နဂါး အဆင့်မှာ ဆက်နေ ဖို့က မလွယ် မှာကို ငါ ကြောက်မိတယ်။ ”

ရှောင်တျဲဟီ ဘေးသို့ လူငယ် တစ်ယောက် လှမ်းတက် လာပြီး၊ လှောင်ပြောင် လိုသော အပြုံးဖြင့် နှုတ်ဆက် လာလေသည်။

“ ဟား ဟား ဟား၊ ငါ့ အရည် အချင်းက အစ်ကို ဂျီယံကို ဘယ်လိုလုပ် ယှဉ်နိုင် ပါ့မလဲ၊ အကောင်းဆုံး ကြိုးစား ပါ့မယ်။ ”

ယန်းဖန်က ပြုံးပြီး တည်ငြိမ်စွာ တုန့်ပြန် လိုက်သည်။ ဂျီယံဟု အမည် ရသော လူငယ်က ကျေနပ်သော အပြုံး တစ်ပွင့်ကို ထုတ်ဖော် လျက်၊

“ မင်း ... ဘေးက ဘယ်သူလဲ၊ သူ့ကို ငါမသိ ပါလား၊ အစ်ကိုရှောင် သဘောထား ကြီးတိုင်း၊ ဘယ်သူ့ကို မဆို ခေါ်လာဖို့ မင်းမှာ အရည် အချင်း ရှိတယ် ထင်နေလား၊ ... ”

“ ... ဒီနေရာက ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ အထက် တန်းစားတွေ အတွက်ပဲ၊ တိမ်နဂါး အဆင့် ပါရမီရှင် တွေမှ မဟုတ်ရင် ဘယ်သူမှ တက်ရောက် ခွင့် မရှိဘူး။ ”

“ မင်း ဘယ်သူ့ကို ပြောနေ တာလဲ၊ ဂျီဝူယီတောင် သူ့ လက်မှာ ရှုံးနိမ့် ခဲ့ပြီးပြီ၊ မင်းမှာ သူ့ကို လှောင်ပြောင် နိုင်တဲ့၊ အရည် အချင်း ရှိနေ တယ်လို့ ထင်နေ တာလား။ ”

ဂိုရှုက ဒေါသတကြီး တုန့်ပြန် လိုက်သည်။ သူ့ စကားကြောင့်၊ ခန်းမ တစ်ခုလုံး တိတ်ဆိတ် သွားပြီး၊ လင်းယွန်ကို လူတိုင်း လှည့်ကြည့် လာကြသည်။

ဂျီယံ သည်လည်း ချွင်းချက် မရှိ ခဲ့ချေ။ ရှောင်တျဲဟီက ပြုံးလိုက်ကာ၊

“ ဂျီဝူယီက ပြင်ပ အဆင့်ရဲ့ ဘီလူး တစ်ကောင်ပဲ၊ မင်းသူ့ကို အနိုင်ယူ ပြီးမှတော့ ဒီမှာ ဆက်နေဖို့ အရည်အချင်း ရှိပါတယ်။ ”

ထို့နောက် လင်းယွန် အတွက် ထိုင်ခုံ တစ်လုံးအား စီမံ ပေးလိုက်သည်။ စူးရှသော အကြည့်များ အောက်တွင် အမူ အရာ အပြောင်း အလဲ မရှိဘဲ၊ လင်းယွန်က ထိုင်ချ လိုက်၏။

***

All Chapters