← Chapters

အုံကြွမှု။

Vol. 48 Ch. 660

အုံကြွမှု။

Vol. 48 Ch. 660

“ ဂျီဝူယီလား ...၊ ငါ သူ့ကို သိတာပေါ့၊ တိမ်နဂါး ပြင်ပ အဆင့်မှာ၊ သူ့ရဲ့ ဂုဏ်သတင်းက သရဲဓား ရန်ကောင်းထက် မြင့်တယ်၊ ... ”

“ ... သူတို့ကို မိစ္ဆာ နှစ်ဖော်လို့ လူသိ များတယ်၊ ဒါပေမယ့် အတွင်း အဆင့်ကို မဝင် နိုင် သရွေ့ ကတော့ ပုရွက်ဆိတ် တစ်ကောင် ပါပဲ၊ သူ့လို အမှိုက်ကို အနိုင်ယူ နိုင်တာက မထူးဆန်း ပါဘူး။ ”

ထိုင်ခုံသို့ ပြန်သွားပြီး၊ လက်ဖက်ရည် သောက်လျက်ဖြင့်၊ လင်းယွန်ကို ပေါ့ပေါ့ ပါးပါး စိုက်ကြည့်ကာ၊ ဂျီယံက ဆိုသည်။

“ အဲဒီ လူက ... ၊ ငါနဲ့ ရန်ငြိုး ရှိတယ်၊ တချိန်တုန်းက သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ သူ့ ဂျူနီယာ တစ်ယောက် ငါ့ကို ရှုံးခဲ့လို့၊ ရန်ငြိုး ဖွဲ့ ထားတယ်၊ မင်းကို သူ စိတ်ဝင်စား နေပုံပဲ၊ ... ”

“ ... ဒီဂျီယံက အစွမ်း ထက်တယ်၊ လွန်ခဲ့တဲ့ နှစ်က အခွင့်အရေး ရပြီး၊ ယင်-ယန် အဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်၊ ဂျီဝူယီထက် အများကြီး သန်မာလို့၊ မင်း သူ့ကို လျှော့ မတွက် မိစေနဲ့။ ”

ယန်းဖန်က တိုးတိတ် စွာဖြင့်၊ လင်းယွန်ကို သတိပေး လိုက်သည်။ ထို့ကြောင့် အဖြစ်အပျက် များကို လင်းယွန် တစ်ယောက် နားလည် လာ၏။ ဂျီယံ ထံမှ ငြူစူ မှုကို ခံစား ရသည်မှာ အံ့သြစရာ မဟုတ်ပေ။

သူ့ အောက်စည်းအား မကျော် သ၍၊ ပြဿနာ ရှိလာ နိုင်မည် မဟုတ်ဘဲ၊ သည်ရောက် လာရသည့် အကြောင်းရင်းမှာ၊ အတွင်းအဆင့် ပါရမီရှင် တစ်ယောက် မည်မျှ သန်မာ သည်ကို ကြည့်ရန် ဖြစ်သည်။

ဤတွေ့ဆုံ ပွဲ၏ အိမ်ရှင်မှာ၊ အတွင်း အဆင့်တွင် ထူးချွန်သူ၊ တစ်ဦး ဖြစ်သဖြင့်၊ ၎င်းအပေါ်သာ စိတ်ဝင်စား မိသည်။

သူ့ထံမှ သိပ်သည်းသော အရှိန်အဝါကို ခံစား နိုင်သည်။ သည်နေရာရှိ မျိုးဆက်သစ် လူငယ်များ ကြား၌၊ ဤလူငယ်မှာ အသန်မာဆုံး ဖြစ်၏။

သို့သော် ၎င်းနှင့် ရင်ဆိုင် ရပါက၊ အလွယ် တကူ ရှုံးနိုင်မည် မဟုတ်ဟု သူ ယုံကြည်သည်။ ထို့ပြင် ရှောင်တျဲဟီမှာ တစ်စုံ တစ်ရာ လိုအပ်ချက် ရှိနေ သေးသည် ဟုလည်း၊ ခံစား မိ၏။

ယင်းကြောင့်ပင် တိမ်နဂါး အဆင့် (၄၀) ကျော် ၌သာ ရပ်တည် နိုင်ခြင်း ဖြစ်သည်။

သည့်ထက် ပို၍ သေချာ စေရန် ရှောင်တျဲဟီ၏ တိုက်ပွဲအား မြင်တွေ့ လိုသေး သည်။ ယခု အချိန်၌ ကနဦး ကောက်ချက် ကိုသာ ချမိခြင်း ဖြစ်သည်။

“ နောက်ကျတဲ့ အတွက် တောင်းပန် ပါတယ်။ ”

လင်းယွန် တစ်ယောက် အတွေးနက် နေချိန်တွင်၊ ခရမ်းရောင် ဝတ်ဆင် ထားသော အမျိုးသမီး တစ်ဦး၊ ဝင်ရောက် လာသည်။

အသက် နှစ်ဆယ်ကျော် အရွယ် ရှိပြီး၊ တင်းရင်းသော ခန္ဓာ ကိုယ်ဖြင့်၊ ထူးခြားသည့် ရုပ်ရည်ကို ပိုင်ဆိုင် ထားလေသည်။

လျှောက်လှမ်း လာနေစဉ် သင်းပျံ့သော ရနံ့ တစ်ခုနှင့် အတူ၊ ဖွံ့ထွားသော အသားစိုင် များက တုန်ခါ လှုပ်ယမ်း နေချေ၏။

သူမ ထံမှ အန္တရာယ် ပေးနိုင်သော ခံစားချက်များ ရရှိ သဖြင့်၊ လင်းယွန်၏ မျက်လုံးများ မှေးကျဉ်း သွားရသည်။

စိတ်နေ စိတ်ထား အရ၊ လမင်းကြီး တစ်စင်း ကဲ့သို့ အေးစက်သော အသွင်ကို ဆောင်ချေ၏။

ကျင့်ကြံမှုမှာ အလယ် အလတ် ယင်-ယန် အဆင့်သို့ ခြေတစ်လှမ်း ရောက်နေပြီး၊ ရှောင်တျဲဟီထက် များစွာ သန်မာသည်။

ကနဦး ယင်-ယန် အဆင့် တွင်သာ ရှိသော ဂျီယံ အနေဖြင့်၊ သူမ အမြီး ကိုပင် ဆွဲနိုင်စရာ နည်းလမ်း မရှိချေ။

ယန်းဖန်နှင့် ဂိုရှု ပင်၊ ရမ္မက် ကြွစေသော လှုပ်ရှားဟန် များကြောင့်၊ အနည်းငယ် ငေးစိုက် သွား မိသည်။

သို့သော် ယန်းဖန်က ပုံမှန် အခြေ အနေသို့ ချက်ချင်း ပြန်ရောက် လာပြီး၊

“ ချင်ရို့ယူ၊ တိမ်နဂါး အဆင့် (၃၁)၊ အဆင့် နှစ်ဆယ် အတွင်း ဝင်ဖို့၊ လွန်ခဲ့တဲ့ လေးနှစ် လုံးလုံး၊ အလင်းအမှောင် လမင်း သုတ္တန်ကို၊ အလေး အနက် ကျင့်ကြံ ထားတယ်။ ”

“ အလင်း အမှောင် လမင်း သုတ္တန်။ ”

ယန်းဖန် စကားကြောင့်၊ ထိုအမျိုး သမီးကို ပို၍ သေချာစွာ စစ်ဆေး ကြည့်လိုက်သော အခါ၊ လင်းယွန်၏ နှလုံးခုန် သံများ မြန်လာ တော့သည်။

ယခင်က အလင်း အမှောင် လမင်း သုတ္တန်ကို တွေ့ကြုံ ခဲ့ဖူးသည်။ သခင်လိန်း လက်ထဲ၌ ထူးထူး ခြားခြား အစွမ်းထက် သော်လည်း၊ လိုအပ်ချက် ရှိနေဆဲ ဖြစ်သည်။

“ ချင်ရို့ယူက မိုးကြိုး စီရင်စုရဲ့၊ အလှ လေးပါး ထဲက တစ်ပါးပဲ၊ သူမကို အထင်ကြီး လေးစား သူတွေ အများကြီး ရှိတယ်၊ ... ”

“ ... ဘုရင် သုံးပါးနဲ့၊ အထက် တန်းစား ခုနစ်ပါး ကတောင်၊ သူ့အပေါ် လေစား ကြတယ် လို့၊ ကြားသိ ထားတယ်၊ ... ”

“ ... သူ့ရဲ့ ဘွဲ့နာမည်က မရဏ သမီးတော်၊ သူ့ကို ဖိတ်ခေါ် နိုင်တဲ့ ဒီရှောင်တျဲဟီက မရိုးရှင်း ဘူး။ ”

ဂိုရှုက အလေး အနက် ဝင်ရောက် ပြောဆို လာသည်။ သူ့ စကား များမှာ၊ ချဲ့ကား နေခြင်း မဟုတ်ချေ။

ပါရမီရှင် အဖြစ် သတ်မှတ်ခံ ထားရသော ရှောင်တျဲဟီပင်၊ အဆင့် (၄၀) ကျော်ာ် တွင်သာ ရပ်တည် နိုင်သည်။

သူနှင့် ချင်းရိုယု အကြား ကြီးမားသော ကွာဟချက် ရှိနေသေး သောကြောင့်၊ မရဏ သမီးတော်ကို ဖိတ်ကြားနိုင် ခြင်းမှာ၊ ထူးဆန်း လှပေ၏။

ချင်ရို့ယူ ရောက်ရှိ လာခြင်းမှာ၊ လူအုပ် ကြီးကို၊ ချက်ချင်း သတိ အနေအထား ဖြစ်လာ ပြီး၊ လေထုအား အနည်းငယ် တင်းမာ လာစေ သည်။

ရှောင်တျဲဟီက သူမကို ကြိုဆိုရန် မတ်တပ် ထရပ် နေပြီ ဖြစ်၏။ သူက ပြုံးပြီး၊

“ မင်းမှာ ... ၊ ငါ့အတွက် လာချင်တဲ့ ဆန္ဒ ရှိနေတဲ့ အတွက် ဝမ်းသာ ပါတယ်။ ”

“ တစ်ခွက်လောက် ပေးပါ ရစေ။ ”

ချက်ချင်းပင် ဧည့်သည် များက ခွက်ကို မြှောက်လိုက်ပြီး၊ လေးစားသော အသွင် ပြသ လာ ကြသည်။

ချင်ရို့ယူ၏ မျက်လုံး များတွင် မောက်မာ လွန်းသော အသွင်ကို ဖုံးကွယ် မရ ဟန်ဖြင့်၊ ခေါင်းညိတ်ကာ စင်မြင့် ပေါ်ရှိ ပင်မ ထိုင်ခုံ ဆီသို့ ဦးတည် သွားခဲ့သည်။

ထို့နောက် လင်းယွန်၏ နဖူး ပေါ်ရှိ 'ကျွန်' အမှတ် အသားကို တွေ့ရ သဖြင့်၊ သူမ အံ့သြ သွား မိသည်။

သို့သော် အကြည့်ကို ပြန်ရုတ် လိုက် ချိန်၌၊ ၎င်း အံသြမှုများ ပျောက်ကွယ် သွား၏။ လူစုံပြီ ဖြစ်သဖြင့်၊ ရှောင်တျဲဟီက ပြုံးလျက် စကား ဝိုင်းကို၊ စတင် လာသည်။

“ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပါရမီရှင် ခုနစ်ယောက်က လွဲရင်၊ မင်းတို့ အားလုံးဟာ မျိုးဆက် သစ်တွေ ထဲမှာတော့၊ အသန်မာ ဆုံးလို့ သတ်မှတ်နိုင် ပါတယ်။ ”

လူတိုင်းမှာ ဤဒေသ၏ ပါရမီရှင် များ ဖြစ်သည်။ ထို့ကြောင့် သူ့ စကားက မမှားချေ။ ရှောင်တျဲဟီက စကား ခဏ ရပ်လိုက်ပြီး၊

“ သွေးစွန်းသော ဧည့်ခံပွဲက မကြာခင် ကျင်းပ တော့မယ်၊ ယနေ့ စုဝေးမှုက လူတိုင်း အတွက် အကျိုး ရှိမှာပါ၊ ... ”

“ ... ကံကောင်း ထောက်မစွာ နဲ့ပဲ၊ ရို့ယူ ကလည်း ဒီမှာ ရှိနေတယ်၊ ဒါကြောင့် မင်းတို့က သူ့ကို ဖမ်းစား နိုင်ရင်၊ အလင်း အမှောင် လမင်း ကမ္ဘာ ထဲကို ဝင်ခွင့် ရသွား မှာပါ။ ”

ထိုစကားကို ကြားသော အခါ၊ ချင်ရို့ယူက ငြင်းဆိုခြင်း မရှိဘဲ ပြုံးပြ လိုက်သည်။ တွေ့ဆုံပွဲ အတွင်း အတူတူ ရှိနေကြ သော်လည်း၊ တက်ရောက်လာ သူတိုင်းနှင့် သူမကြား၊ မမြင် နိုင်သော တံတိုင်း တစ်ခု ရှိနေ သလို၊ ခံစား လာရ၏။

“ အစ်ကို ရှောင်း ပြောတာ မှန်တယ်၊ ကျင့်ကြံခြင်း လမ်းက၊ ခက်ခဲ လွန်းတဲ့ အတွက်၊ တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံ နေလို့ မရဘူး၊ မဟုတ်ရင် ရေတွင်း ထဲက၊ ဖား သူငယ်တွေ ဖြစ်သွား လိမ့်မယ်။ ”

“ မှန်တယ်၊ အပြန် အလှန် ဖလှယ်ခြင်း ကသာ၊ တိုးတက်မှုကို ရရှိစေ လိမ့်မယ်၊ ကျင့်ကြံဖို့ တစ်ခုတည်း အာရုံစိုက် နေရင်၊ အဓိပ္ပာယ် မရှိဘူး။ ”

ရုတ်တရက် လေထုမှာ လှုပ်ခတ် သက်ဝင် လာသည်။ သို့သော် လင်းယွန်က ခွက်ကို မြှောက်လိုက်ပြီး၊ စိတ်ပျက် လက်ပျက်ဖြင့်၊ တစ်ငုံ သောက်လိုက်၏။

ရှောင်တျဲဟီ နှင့် ချင်ရို့ယူ မှလွဲ၍ ဤနေရာတွင် သူ့ အာရုံကို ဆွဲဆောင် နိုင်မည့် သူများ မရှိချေ။ ထို့အပြင် သူတို့ စကား များကို နားထောင် ရသည်မှာ၊ ပျင်းစရာ ကောင်းလှ၏။

ရှောင်တျဲဟီ၏ အဆင့် အတန်းမှာ၊ ကောင်းကင် တောင်ကုန်း မြို့တွင်၊ မြင့်မားပုံ မရချေ။

ကောင်းကင် တောင်ကုန်း မြို့၏ အထင်ကရ ပါရမီရှင် ခုနစ်ဦး အနေဖြင့်၊ ဤပွဲအား တက်ရောက် သင့်လေသည်။

အကယ်၍ ရှောင်တျဲဟီ သည်သာ၊ ဂုဏ်သိက္ခာ ရှိသော၊ အတွင်းအဆင့် ပါရမီရှင် တစ်ဦး ဆိုပါက၊ လူ အများ၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင် နိုင်မည် ဖြစ်သည်။

ထို့နောက် လူငယ်များ ကြား၊ တိုက်ပွဲများ အလျိုလျို ဖြစ်ပေါ် လာတော့၏။

“ အားလုံးပဲ၊ ဘယ်အချိန် ရပ်ရမယ် ဆိုတာ သိမယ် ထင်ပါတယ်။ ”

“ အဲဒါကို စိတ်မပူ ပါနဲ့၊ စည်းမျဉ်း စည်းကမ်း တွေကို၊ နားလည် ပါတယ်။ ”

လူငယ် နှစ်ဦးက၊ တိုက်ပွဲ ဝင်ရန် စိတ်မရှည် တော့ဟန်ဖြင့်၊ ရှောင်တျဲဟီ စကားကို တုံ့ပြန် လာ ခဲ့သည်။

မျိုးဆက် တစ်ဆက် တည်းရှိ၊ ထူးချွန် သူများ ဖြစ်သောကြောင့်၊ သဘာဝ အတိုင်း သူတို့၏ မာန များက၊ ရှုံးနိမ့် မှုကို၊ အလွယ်တကူ ဝန်ခံ ကြမည် မဟုတ် ချေ။

ထို့ကြောင့် ရှောင်တျဲဟီက၊ ထပ်မံ သတိပေး လာခြင်း ဖြစ်သည်။ နားလည် နိုင်စွမ်းကို ဖလှယ်ကြ ခြင်းဖြင့်၊ ကောင်းကင်သို့ ပျံသန်းရန် အခွင့် အရေး၊ ရယူ နိုင် ပေမည်။

နှစ်ဦး စလုံးမှာ၊ အထွတ် အထိပ် ယန် အဆင့်၌ ဖြစ်ပြီး၊ တိုက်ပွဲတွင် လက်သီးများ ကိုသာ၊ အသုံးပြု ခဲ့ကြသည်။

“ မြေကြီး အဆင့်၊ ... လက်သီး နည်းစနစ်။ ”

သူတို့၏ လက်သီး နည်းစနစ် များကို ကြည့်ပြီး၊ လင်းယွန် မျက်လုံးများ တောက်ပ လာသည်။

ကောင်းကင် တောင်ကုန်း မြို့သည်၊ ခိုင်မာသော အုတ်မြစ် ရှိပုံ ရ၏။ နောက်ဆုံးတွင် မြေကြီး အဆင့် နည်းစနစ် များကို၊ ပေါ့ပေါ့ ပါးပါး အသုံးပြု နေကြ ပေသည်။

ထိုလူ နှစ်ဦး၏ ကျင့်ကြံမှုမျိုး ကောင်းကင် ပြည်နယ် အကယ်ဒမီ တွင်ပင် မရှိချေ။

သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်အား တားမြစ် နည်းစနစ် အဖြစ်၊ လူသိများ သော်လည်း၊ ၎င်းမှာ မြေကြီး အဆင့် လက်သီး နည်းစနစ် တစ်ခုသာ ဖြစ်သည်။

သူ့တွင် သခင့်ဓား ရှိနေ ခြင်းမှာ၊ ကံကောင်း ချေ၏။ မြေကြီး အဆင့် နည်းစနစ် များကြား တွင်ပင်၊ အမြင့်ဆုံး အဆင့် ဖြစ်သည်။

သို့သော် ချို့ယွင်းချက် အနည်းငယ်ကို မြင်လာ ရသောကြောင့်၊ စိတ်ဝင်စား မှုမှာ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

လှုပ်ရှားမှု တိုင်းတွင် လွှမ်းမိုး နိုင်စွမ်း ရှိသော်လည်း၊ စစ်မှန်သော ရည်ရွယ်ချက်ကို ဆုပ်ကိုင် မထား နိုင်ခဲ့ပေ။ ယုတ်စွ အဆုံး ကျွမ်းကျင် မှုပင်၊ မရှိဟု ဆိုနိုင် ချေ၏။

အကယ်၍ ၎င်းတို့အား တိုက်ရမည် ဆိုပါက၊ သေမင်း လက်သီး ဖြင့်ပင်၊ အနိုင် ယူနိုင်မည် ဖြစ်သည်။

စိတ်ဝင် စားဖွယ် မရှိဘဲ၊ တိုက်ပွဲမှာ ပြီးဆုံး သွားခဲ့သည်။ ဂျီယံ စင်မြင့်ပေါ် တက်ချိန်၌၊ အနည်းငယ် စိတ်ဝင်စား ခဲ့သော်လည်း၊ မကြာမီ ခေါင်းယမ်း လိုက်မိ ပြန်၏။

“ ဆင်း သွား ... ။ ”

ဂျီယံက ပြိုင်ဘက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး၊ စင်အောက် မောင်းထုတ် လိုက်သည်။

ရိုက်ချက်မှာ ပြင်းထန် လွန်းသည့် အတွက် သူ့ ပြိုင်ဘက်ကို ခန်းမ ထဲမှ၊ လွင့်စင်လု နီးပါး ဖြစ်သွား စေ၏။

“ တောင်းပန် ပါတယ်၊ ဒါက ငါ့ အင်အားရဲ့ (၅၀%)ပဲ သုံးခဲ့ တာပါ၊ မင်းကို ဒဏ်ရာ ရစေဖို့၊ မရည်ရွယ် ပါဘူး။ ”

‘ရိုးသား ဟန်ဆောင်သော’ ဂျီယံ၏ တောင်းပန် မှုကြောင့်၊ ပြိုင်ဘက် မျက်နှာမှာ၊ ပျက်ယွင်း သွားပြီး၊ ထိုင်ခုံ ဆီသို့ ပြန်သွား ခဲ့သည်။

မောက်မာသော သူ့အပြု အမူက၊ လူများစွာကို မကျေမနပ် ဖြစ်စေ သော်လည်း၊ ကနဦး ယင်-ယန် အဆင့် ခွန်အားကြောင့်၊ မည်သူမျှ မပြောဝံ့ ကြချေ။

ချင်ရို့ယူထံ တစ်ချက် ခိုးကြည့် လိုက်ရာ၊ သူ့တိုက်ပွဲကို စိတ်မဝင် စားကြောင်း သိလိုက် ရသဖြင့်၊ စိတ်ပျက် သွား၏။

သို့သော် လင်းယွန်ထံ အကြည့် အရောက်တွင်၊ မျက်လုံးများ ပြန်လည် တောက်ပ လာပြီး၊

“ ဟေး ... လင်း မျိုးရိုးနဲ့၊ ဂျီဝူယီကို အနိုင်ယူ နိုင်ခဲ့တဲ့ ကောင်လေး၊ မင်း သန်မာတယ် ဆိုတာ ငါ သိပါတယ်၊ ဘာလို့ စင်ပေါ် တက်မလာ သေးတာလဲ။ ”

ဂျီယံ၏ စိန်ခေါ် မှုကြောင့် လူအုပ်မှာ၊ ပြုံးရယ် လာကြသည်။ ကောင်းကင် တောင်ကုန်း မြို့၏၊ ဒေသခံ ပါရမီရှင် တစ်ဦး အနေဖြင့်၊ အပြင် လူတစ်ဦး အပေါ် သင်ခန်းစာ ပေးလို ပုံရ နေ၏။

“ သူက အစ်ကို ဂျီယံကို၊ ကြောက်နေပုံ ရတယ်။ ”

“ ဒါပဲ ဖြစ်မှာပေါ့။ ”

“ ဟား ဟား ဟား၊ ကြောက် မနေ ပါနဲ့၊ ဂျီယံက မင်း အပေါ် ခွန်အား အပြည့်၊ အသုံး မချ ပါဘူး။ ”

မိုးကြိုး စီရင်စု ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေတွင်၊ အလှုပ်ခတ်ဆုံး စီရင်စု ဖြစ်၏။

ထို့ကြောင့် မိုးကြိုး စီရင်စုရှိ ကျင့်ကြံသူ များမှာ၊ အခြားသူ များထက် သာလွန် သည်ဟု သဘာဝ ကျကျ ခံယူ ထားကြသည်။

လင်းယွန် ထံမှ တုံ့ပြန်မှုကို မမြင် ရသည့် အတွက်၊ လှောင်ပြောင်ရန် တွန့်ဆုတ်ခြင်း မရှိ ကြချေ။

လင်းယွန်က သူ့အကြည့် များကို စင်မြင့်ပေါ် ဝေ့ကြည့်ကာ၊ တကယ်ပင် ဝန်ခံ လိုက်၏။

“ တကယ်ပဲ ငါ ကြောက်မိ ပါတယ် … ။ ”

ထိုစကားကြောင့် ဂျီယံက ကျေနပ် စွာဖြင့်၊ ရယ်မော လိုက်သည်။ သို့သော် လင်းယွန် စကားမှာ၊ မဆုံး သေးချေ။

“ ဒီစင်မြင့်က အရမ်း အားနည်းတဲ့ အတွက်၊ ဒီမှာ ရှိနေတဲ့ လူတိုင်းကို ထိခိုက် စေမှာကို၊ ငါ ကြောက်မိတယ်။ ”

လင်းယွန်၏ အဆုံးသတ် စကားကြောင့်၊ စင်ပေါ်တွင် ရှိနေသည့် ရှောင်တျဲဟီ ပင်လျှင်၊ အနည်းငယ် အံ့အားသင့် သွားပြီး၊

“ ဒါက မူလ စွမ်းအင် (၅၀%) ကို စုပ်ယူ နိုင်တဲ့၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခု ခင်းကျင်း ထားတဲ့ စင်မြင့်ပါ၊ ယင်-ယန် အဆင့် ကျွမ်းကျင် သူတွေရဲ့၊ စွမ်းအား ကိုတောင် ခံနိုင်ရည် ရှိတယ် ။ ”

-ဟု ဝင်ရောက် ပြောဆို လိုက်၏။

“ ဒီကောင်လေးက ... ၊ တော်တော် 'လေ' ကြီး တာပဲ။ ”

“ ဟား ... ဟား ... ဟား၊ ဟိုတုန်းက ဂျီဝူယီ လည်း ဒီလို ပါပဲ၊ သူကိုယ့်သူ တိမ်နဂါး ပြင်ပ အဆင့် ပါရမီရှင် ဆိုပြီး၊ မိုးကြိုး စီရင်စုကို လာခဲ့တယ်၊ နောက်ဆုံးတော့ သင်ခန်းစာ ပေးခံလိုက် ရတယ်လေ။ ”

“ ဒီလို တွေ့ဆုံ ပွဲကို၊ အပြင်လူ တစ်ယောက် အနေနဲ့ တက်ရောက်ခွင့် ရတာ ကတင်၊ သူတို့ အတွက် မျက်နှာသာ ပေးထားပြီး သားပါ။ ”

“ ဟဲ ဟဲ၊ စောင့်ကြည့် ကြရအောင်၊ ဂျီယံရဲ့ ဒေါသက နာမည်ကြီးတယ်၊ ဒီကောင်က ဂျီယံ ရှေ့မှာ မာနကြီး ပြတဲ့ အတွက်၊ သေချာပေါက် နောင်တရ လိမ့်မယ်။ ”

“ ဂျီယံက တောင်းပန် လာတဲ့ အထိ ရိုက်နှက်မှာ သေချာတယ်။ ”

လင်းယွန် စကားကြောင့် လူတိုင်း မကျေမနပ် ဖြစ်လာ ကြသည်။ ဂျီယံကို ရှုံးနိမ့် ခဲ့လျှင်ပင်၊ ဤမျှ ရန်လို မိမည် မဟုတ်ချေ။

အပြင် လူ တစ်ဦး အနေဖြင့်၊ ၎င်းတို့ ရှေ့တွင် ဝါကြွား နေခြင်း အပေါ်၊ မည်သူ မဆို မကျေနပ် သည်မှာ၊ သဘာဝ ပေပင်။

နောက်ဆုံးတွင် ဤစင်မြင့်မှာ၊ မိုးကြိုး စီရင်စု၏ မြို့တော် တစ်ခု ဖြစ်သော ကောင်းကင် တောင်ကုန်း မြို့လည်း ဖြစ်ချေ၏။

***

All Chapters