← Chapters

ချိုးနှိမ်ခြင်း။

Vol. 48 Ch. 662

ချိုးနှိမ်ခြင်း။

Vol. 48 Ch. 662

လင်းယွန်၏ စိန်ခေါ် မှုမှာ ဂျီယံ သာမက ကောင်းကင် တောင်ကုန်း မြို့တော်ရှိ ပါရမီ ရှင်များ အားလုံး အတွက် ဒေါသ ဖြစ်စေသည်။

“ ဒီကောင်က ဒေါသ တကယ်ကြီး တာပဲ။ ”

အနိုင် အရှုံး သိသာ နေပြီ ဖြစ်သော်လည်း၊ ဂျီယံကို လက်လွှတ် ချင်ပုံ မရချေ။

“ သူက ဂျီယံတင် မဟုတ်ဘူး၊ ငါတို့ အားလုံးရဲ့ မျက်နှာ ကိုပါ တက်နင်း ချင်နေ တယ်။ ”

“ အရည် အချင်း နည်းနည်း ရှိတာနဲ့၊ မာန ကြီးလို့ ရပြီလို့ ထင်နေ တာလား၊ ငါတို့ ဂျီယံက သူ့ ဆီက ဓား တစ်ချက်တောင်၊ မခံယူ နိုင်ဖူးလို့ ထင်နေ ပုံပဲ။ ”

ကောင်းကင် တောင်ကုန်း မြို့၏ လူငယ်များမှာ၊ ဆိုးရွားသော အသွင်များ ပြသ လာသည်။

“ မင်းရဲ့ ဓားကို ... ငါ ယူနိုင်တယ်၊ ဒါပေမယ့် ဒါကို စပြီး တာနဲ့၊ ငါ့ကို ရက်စက် တယ်လို့၊ အပြစ် မတင် ပါနဲ့။ ”

နှုတ်ခမ်းရှိ သွေးများကို သုတ်လိုက်ပြီး၊ ဂျီယံက တုန့်ပြန်သည်။ ကောင်းကင် မီးလျှံ ချပ်ဝတ် သာ မရှိ ပါက၊ လင်းယွန်၏ ထိုးချက်ကြောင့်၊ သူ တကယ် ဒဏ်ရာ ရသွား နိုင်သည်။

လက်ရှိ အခြေ အနေမှာ၊ အနည်းငယ် စိုးရိမ်စရာ ကောင်းသော်လည်း၊ လင်းယွန်၏ ခွန်အားကို ထပ်မံ စမ်းသပ်ရန်၊ အခွင့် အရေး ရှိနေ ပေသည်။

ဤမျှ မောက်မာသော လူကို ချိုးနှိမ် နိုင်ပါက၊ ပျော်စရာ ကောင်းနိုင်၏။

“ ကောင်းကင် မီးလျှံ ချပ်ဝတ်။ ”

သူ့ ခန္ဓာကိုယ် အတွင်းမှ မူလ စွမ်းအင်များ ပြောင်းလဲ သွားပြီး၊ မီးလျှံများ အဖြစ် လွှမ်းခြုံ လာသည်။

“ ဟိတ် ... ။ ”

လက်သီးများ လေထဲ ထုတ်ဖော် လိုက်ချိန်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပေါက်ကွဲ သွား၏။

လက်သီးရေး ပြနေ ချိန်တွင်၊ လွှမ်းခြုံ ထားသော ကောင်းကင် မီးလျှံ ချပ်ဝတ် မှာ၊ ပို၍ သိပ်သည်း လာသည်။

ဤတစ်ကြိမ် သူ့ရင်ဘတ် ဆီ၌ အဖြူရောင် ကောင်းကင် မီးတောက် တစ်ခု ထွက်ပေါ် လာ၏။ ယင်းမှာ အားနည်း သော်လည်း၊ အကန့် အသတ် မရှိသော ဖိအားကို ပေးစွမ်း လေသည်။

“ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ကောင်းကင် မီးလျှံ ချပ်ဝတ်က ပို အစွမ်းထက် လာပြီ။ ”

“ သူ့ ရင်ဘတ် ပေါ်က၊ ကောင်းကင် မီးတောက်ပဲ၊ ဒါက ချပ်ဝတ်ရဲ့ စွမ်းအင် အရင်း အမြစ်၊ သူသာ စောစော ထဲက ထုတ်ပြ ခဲ့မယ် ဆိုရင်၊ ဒီလို ဆိုးရွားတဲ့ အခြေ အနေနဲ့ ရှိမှာ၊ မဟုတ် ပါဘူး။ ”

“ ဟမ် ... ၊ ဒီကောင်က ဒါကို ဘယ်လို ဖြေရှင်း မလဲ ကြည့်ရအောင်။ ”

ကောင်းကင် မီးတောက်မှာ၊ ကောင်းကင် မီးလျှံ ချပ်ဝတ်နှင့် အတူ ပေါင်းစပ် သွားသည်။ ထို့ကြောင့် မကြာခင် အရှက်ခွဲ ခံရ တော့မည့် လင်းယွန်ထံ ပြုံရယ်လျက် လှမ်းကြည့် လာ ကြ၏။

သို့သော် လင်းယွန် ခန္ဓာကိုယ်မှ၊ ထက်ရှသော ဓားတစ်လက် ရုတ်တရက် ထွက်ပေါ် လာသည်။

ဂျီယံ၏ မီးလျှံ ရောင်ဝါနှင့်၊ ထိတွေ့ လိုက်သော အခါ၊ မုန်တိုင်း တစ်ခု အသွင် ပေါက်ကွဲ သွား၏။

“ ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင်မှု။ ”

ချင်ရို့ယူက ထိုဓားကို မြင်သည့်နှင့် အံသြ ထိတ်လန့် သွားသည်။

“ သူမှာ ဓား တစ်လက် ရှိတာ ငါ သိတယ်၊ ဒါပေမယ့်၊ ဒီအဆင့်မှာ ရှိနေ လိမ့်မယ်လို့ မထင် ထားမိ တာတော့ အမှန်ပဲ၊ ... ”

“ ... ယန်အဆင့် ကျင့်ကြံမှု လေးနဲ့၊ ဒါကို အောင်မြင် ထားတဲ့၊ ဒီလင်းယွန်က တော်တော် စိတ်ဝင် စားဖို့ ကောင်းတယ်။ ”

ရှောင်တျဲဟီက လင်းယွန်ကို စူးစမ်း လိုစိတ် ပြင်းပြသော မျက်ဝန်း များဖြင့် ပြန်ကြည့်ကာ၊ ဆိုလိုက်သည်။

“ ငါ သိ တယ် …”

ဂျီယံက အနည်းငယ် အံအားသင့် သွားပြီးနောက်၊ လှောင်ပြောင် ရယ်မော လိုက်သည်။

သူ ခန့်မှန်း ထားသည့် အတိုင်း၊ လင်းယွန်၏ ရှန်ရှင်း ဓားမှာ၊ အလယ် အလတ် ကျွမ်းကျင်မှု ၌သာ ဖြစ်ချေပြီ။

“ မင်း ... ဓားက မလာသေး ဖူးလား၊ ငါစောင့်နေ ရတာ ပျင်းလာပြီ။ ”

ထို့ကြောင့် ကောင်းကင် မီးလျှံ ချပ်ဝတ်က၊ ယင်း ရှန်ရှင်းဓားကို ခံနိုင် ရည်ရှိ မည်ဟု ယုံကြည် သဖြင့်၊ ရယ်မောကာ ဆိုလိုက်၏။

“ မင်း ဆန္ဒ အတိုင်း ... ။ ”

လင်းယွန်က လက်ကို ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားအား လက်လှမ်း လိုက်သည်။ သည့်နောက် ရှေ့တစ်လှမ်း တိုးကာ၊ ဓားကို ဆွဲသည်။

ရုတ်တရက် စူးရှသော အလင်းများ၊ ပန်းသင်္ချိုင်း ဓား ထံမှ တိုးထွက် လာသည်။ အဆုံးတွင် ကောင်းကင်၌ ထွန်းလင်း နေသော နေမင်ကြီး တစ်စင်း ကဲ့သို့၊ တောက်ပ သွား၏။

“ လာ ပြီ။ ”

ကောင်းကင် မီးလျှံ ချပ်ဝတ်ဟု ခေါ်သော မီးလျှံ အကာ အကွာမှာ၊ လင်းယွန် ဓားအောက် ချက်ချင်း ပြိုကျ သွားတော့သည်။

ကောင်းကင် မီးလျှံ ချပ်ဝတ် အနှံ့ အက်ကြောင်းများ ထွက်ပေါ် လာပြီး၊ ဂျီယံမှာ သွေးအန်လျက် လွင့်စင် သွား၏။

ကောင်းကင် မီးလျှံ ချပ်ဝတ် ပြိုကျ သွားသဖြင့်၊ မရေ မတွက် နိုင်သော မီးလျှံများ လွင့်ထွက် ကုန်သည်။

မြေပြင်ပေါ် ပြုတ်ကျ ရပ်တန့် သွားချိန်၌၊ ချက်ချင်း မတ်တပ် ထရပ်ရန် ပြင်လိုက် သော်လည်း၊ နှာသီး ဖျားတွင် ရပ်တန့် နေသော ဓား တစ်လက်အား တွေ့လိုက် ရသည်။

“ မင်း ရှုံး ပြီ။ ”

လင်းယွန်က ပြတ်သားစွာ ဆို၏။

“ အိပ်မက်မက် မနေနဲ့။ ”

သို့သော် ဂျီယံက လက်ကို ဝှေ့ယမ်းပြီး ဓားကို ဖယ်ရန် ကြိုးစား လိုက်သည်။ သူ့လက် မမြှောက် နိုင်မီ၊ ဓားရောင်ခြည် တစ်စင်း ပါးပေါ် ထိမှန် သည်။

“ ဖြန်း ... ။ ”

လင်းယွန် အနေဖြင့် ဂျီယံအား တုံ့ပြန်ရန် အခွင့် အရေး မပေး တော့ဘဲ၊ ရှေ့သို့ တိုးလာပြီး ဓားကို နှစ်ကြိမ် လွှဲလျက် ပါးရိုက် ချလိုက်၏။

ပါးရိုက်ချက် တိုင်းတွင်၊ ပေါက်ကွဲ စေတတ်သော စွမ်းအားများ ပါ၀င်သည်။

ရိုက်ချက် နှစ်ချက် အပြီးတွင်၊ ဂျီယံ မျက်နှာမှာ ဝက် တစ်ကောင် ကဲ့သို့၊ ယောင်ရမ်း လာပြီး၊ ယိမ်းထိုး သွားတော့၏။

“ တိမ်မြူ ကင်းသော လမင်း။ ”

သို့သော် လင်းယွန်မှာ ရပ်တန့်ရန် ရည်ရွယ်ချက် မရှိ သေးချေ။ ယင်းအစား ရှန်ရှင်း ဓားကို ပြန်လည် စုစည်းလျက်၊ နောက်ထပ် ဓားတစ်ချက် ထုတ်လွှတ် လိုက်ပြန်သည်။

“ ဒီကောင် ... ။ ”

လူတိုင်းက လင်းယွန်ကို ပြန်ကြည့် မိ၏။

ဓားအလင်း များက လမင်း တစ်စင်း ကဲ့သို့၊ တိမ်ညို များကို ခွဲလျက်၊ ကောင်းကင်ပေါ် ထိုးတက် သွားသည်။

သည့်နောက် ပန်းသင်္ချိုင်း ဓားအား ပင့်မြောက် လိုက်ရာ၊ စူးရှ လွန်းသော ဓား အလင်းများ၊ ဂျီယံကို လွှမ်းခြုံ လာသည်။

ထိုဓားအလင်း အောက်တွင်၊ လှုပ်ရှား ရှောင်တိမ်းချင် မိသော်လည်း၊ ခန္ဓာကိုယ်က ငြင်းဆန် သွားသည်။

ကောင်းကင်မှ လမင်းကြီး၊ ပြိုကျ နီးကပ် လာသည်နှင့် အမျှ၊ ဓား ရည်ရွယ်ချက်မှာ ပို၍ ကြောက်စရာ ကောင်းလာ၏။

ဤအခိုက် အတန့် တွင်ပင်၊ ဓား ရည်ရွယ်ချက် ဆိုသည်မှာ၊ သူ ထင်သလောက် မရိုး ရှင်းကြောင်း သဘောပေါက် သွားသည်။

အဆုံးတွင် စင်မြင့် ပေါ်၌ ဒူးထောက် လျက်ဖြင့်၊ လေကို အလု အယက် ရှူပြီး၊ နဖူးမှ စီးကျ လာသော ချွေးများကို၊ သုတ်လိုက် မိ၏။

ဓားမြည် သံမှ လွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ တစ်ဖက် လူမှာ ဓားဆွဲ ပြီးနောက်၊ ဤမျှ အစွမ်းထက် နေလိမ့် မည်ဟု၊ မထင်ထား မိချေ။

ကောင်းကင် မီးလျှံ ချပ်ဝတ်ကို၊ ဖြတ်ကျော်ရန် ဓား တစ်ချက်သာ အသုံးပြု ခဲ့သည်။ ယင်းကို မမျှော်လင့် ထားသော ဂျီယံ အနေဖြင့်၊ အရှုံးကို ငြင်းဆန် မိခြင်း ဖြစ်၏။

သို့သော် ခဏ အကြာတွင်၊ ရှုံးနိမ့်ကြောင်း သေချာ စေမည့်၊ ပတ်ဝန်းကျင်မှ ဝေဖန် သုံးသပ် ချက်များ ဆူညံ လာတော့သည်။

“ ဒါက ရှန်ရှင်း ဓားရဲ့၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု နီးနီး ပါလား။ ”

“ သူ့ ဓားကလည်း မရိုး ရှင်းဘူး၊ အဆင့်နိမ့် စကြာဝဠာ လက်နက် ဆိုပေမယ့်၊ အဆင့်မြင့် စကြာဝဠာ လက်ရာ တွေကို ယှဉ်နိုင်တယ်။ ”

“ ဒီဓားမှာ ခိုင်မာတဲ့ ဇစ်မြစ် ရှိရမယ်၊ ဒါပေမယ့် ကြောက်စရာ ကောင်းတဲ့ အချက်က သူ့ရဲ့ ခွန်အား ပါပဲ၊ ဓားရည်ရွယ်ချက် မပါဘဲ၊ ဒီဓားက 'ထက်' လာမှာ မဟုတ်ဘူး။ ”

“ ဒါတော့ အမှန်ပဲ၊ အလယ် အလတ် ယန် အဆင့် ခွန်အားနဲ့ ဂျီဝူယီကို အနိုင်ယူ နိုင်တာ၊ အံ့သြ စရာ မရှိ ပါဘူး။ ”

လင်းယွန်၏ စွမ်းရည်မှာ သူတို့ကို၊ အရှက် ရစေသည်။ သို့သော် ငြားလည်း အမှန် တကယ် အစွမ်း ထက်ကြောင်း ဝန်ခံ ရမည် ဖြစ်၏။

လူအုပ် ကြားရှိ ယန်ဖန်နှင့် ဂိုရှုမှာ၊ ရှုပ်ထွေး စွာဖြင့်၊ ကြည့်နေ မိသည်။

လင်းယွန်မှာ လွန်ခဲ့သည့် နှစ်လက၊ ယင်-ယန် အဆင့် အကြီးအကဲ သုံးဦးကို သတ်နိုင် ခဲ့သော်လည်း၊ နိမ့်ကျသော အခြေ အနေဖြင့်၊ ရင်ဆိုင် ခဲ့ခြင်း ဖြစ်သည်။

ယခုမူ ကနဦး ယင်-ယန် အဆင့်၊ ဂျီ မျိုးနွယ်စု၏ ပါရမီရှင် တစ်ဦးကို၊ အလွယ် တကူ ကိုင်တွယ် နိုင်နေပြီ ဖြစ်၏။

မိုးကြိုး စီရင်စု၌ ရှိသော မျိုးနွယ်စု တစ်ခု အနေဖြင့်၊ အခြေခံ အုတ်မြစ် အရ၊ နယ်ပယ်တူ အတွင်း၊ အခြား သူများထက် အဆပေါင်း များစွာ သာလွန် ချေသည်။

ဤပါရမီရှင် များကို၊ သွေးတောင်ပံ ခန်းမရှိ၊ အမှိုက် သာသာ အကြီးအကဲ များနှင့် ခိုင်းနှိုင်း နိုင်စရာ မရှိချေ။

ထို့ကြောင့် နှစ်လ အတွင်း ဤမျှ ကြံ့ခိုင် လာသော လင်းယွန်ကို၊ မယုံနိုင် လောက်အောင် ဖြစ်လာ မိသည်။

“ တောင်းပန် ပါတယ်၊ ငါ့ဓားက ဒေါသ ကြီးတယ်။ ”

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း လိုက်ပြီး၊ ဂျီယံအား ငုံ့ကြည့်ကာ ဆိုသည်။ ထို့နောက် ထိုင်ခုံ ဆီသို့၊ ပြန်သွား တော့၏။

အနား ပြန်ရောက် လာသော လင်းယွန်ကို လှည့်ကြည့်ပြီး၊ ယန်းဖန်က၊

' ဓားတာအိုမှာ မင်းရဲ့ ထိုးထွင်း သိမြင်မှု တိုးလာတယ်၊' -ဟု ဆိုလိုက်သည်။

“ အင်း ... ။ ”

လင်းယွန်က ခေါင်းညိတ်၏။ ဓားတာအိုတွင် ထိုးထွင်း သိမြင်ခြင်း ဆိုသည်မှာ၊ ဓား ရည်ရွယ် ချက်တင် မကဘဲ၊ ဓားသုတ္တန်နှင့်၊ ဓားရေး နည်းစနစ် များကိုပါ ဆိုလိုသည်။

ရှန်ရှင်းဓား၌ အပြည့် အ၀ ကျွမ်းကျင်ပြီး ဖြစ်သော်လည်း၊ ဓားသုတ္တမှ ကန့်သတ်ထား သောကြောင့်၊ ထပ်မံ မတိုးတက် နိုင်ခဲ့ပေ။

သို့သော် သူ့ ဓားရေးတွင် နားလည် နိုင်စွမ်းများ တိုးလာသည့် အပြင်၊ ရှန်ရှင်းဓားကို ပို၍ ကျွမ်းကျင် လာသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်လနှင့် နှိုင်းယှဉ် ရပါက၊ လုံးဝ ကွဲပြား သွားပြီ ဖြစ်သည်။ ကလေး တစ်ယောက် ဓားကိုင် ခြင်းနှင့်၊ လူကြီး တစ်ယောက် ဓားကိုင်ခြင်း ကဲ့သို့၊ ကွာခြား သွား၏။

“ ဖယ် စမ်း ... ။ ”

ကူညီရန် ကြိုးစားလာ သူများကို ဂျီယံက အော်ငေါက် လိုက်သည်။ သည့်နောက် လင်းယွန်ထံ မုန်တီးစွာ စိုက်ကြည့် ပြီး၊

“ မင်း ... သတ္တိ ရှိရင်၊ ကောင်းကင် တောင်ကုန်း မြို့ကနေ ထွက် မသွားနဲ့၊ ဒီနေ့ ကိစ္စ မပြီး သေးဘူး။ ”

-ဟု ဆိုလိုက်၏။

သို့သော် မည့်သူမျှ သူ့စကား အပေါ်၊ ဂရု မစိုက် ခဲ့ချေ။ ဤနေရာရှိ လူတိုင်းမှာ၊ ထူးချွန်သူ များဖြစ်၏။

ဂျီယံ အနေဖြင့်၊ ယန် အဆင့် ၌သာ ရှိသော လင်းယွန်ကို ရှုံးနိမ့် ထားပြီး ဖြစ်ရာ၊ အနာဂတ် တွင်၊ အမှီ လိုက်ရန်၊ အခွင့် အရေး မရှိ တော့ကြောင်း၊ ပြောနိုင် ကြသည်။

သည်နေ့ ပြီးနောက် ဤသတင်းများ ကောင်းကင် တောင်ကုန်း မြို့တွင်၊ သေချာပေါက် ပျံ့နှံ့ သွားမည် ဖြစ် သောကြောင့်၊ မပြီးသေး သည်မှာ၊ အမှန် ပေပင်။

လင်းယွန် သည်သာ ကောင်းကင် တောင်ကုန်း မြို့၏၊ ပါရမီရှင် ခုနစ်ဦးနှင့် ရင်ဆိုင် ရပါက မည်သူ အနိုင်ရ မည်ကို သိချင် ကုန်သည်။

နောက်ထပ် တိုက်ပွဲများ ထပ်မံ ဖြစ်ပွား လာပြီးနောက်၊ ရှောင်တျဲဟီ အလှည့် ကျရောက် လာ၏။

သူ့ထံမှ လမ်းညွှန်မှုကို တောင်းခံခဲ့ သူမှာ ယန်းဖန် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံ မှုကို ဖိနှိပ် ပေးထားပြီး၊ လှုပ်ရှားမှုများ ဖလှယ် ခဲ့ကြ၏။

ဆယ်ကြိမ် တိုင်တိုင် လှုပ်ရှားပြီး နောက်တွင်၊ ယန်းဖန် လက်ထဲရှိ ‘လှံတို’ ကို ပုတ်ထုတ် ပစ် လိုက်သည်။

ထို့နောက် သူ့လက် ဝှေ့ယမ်းကာ၊ ယန်းဖန်အား ခြေလှမ်း များစွာ နောက်ပြန် ဆုတ်စေ လိုက်၏။

ဤတိုက်ပွဲကြောင့် လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ရှောင်တျဲဟီမှာ ကျင့်ကြံမှု အပေါ်၊ ဖိနှိပ် ထားသော်လည်း၊ လှုပ်ရှားမှု များမှာ၊ ပြီးပြည့်စုံ ချေသည်။

ယန်းဖန်နှင့် ရင်ဆိုင် ရာ၌၊ မူလ စွမ်းအင် တစ်စက်ပင်၊ ဖြုန်းတီး မိခြင်း မရှိ ခဲ့ပေ။

“ ကျေးဇူး တင်ပါတယ်။ ”

ရှောင်တျဲဟီက လူတိုင်းကို ပြုံးကာ ဝေ့ကြည့် လိုက်ပြီး၊

“ တစ်နေ့နေ့ ထပ်တွေ့ ကြသေး တာပေါ့၊ နောက်ရက် အနည်းငယ် ကြာရင် ခရီးထွက် တော့မှာ မို့လို့၊ လမ်းညွှန်ချက် တစ်စုံ တစ်ရာ အတွက်၊ ငါ့ကို လာရှာ နိုင် ပါတယ်။ ”

ထို့နောက် တွေ့ဆုံ ပွဲမှာ၊ အဆုံးသတ် သွားပြီး၊ လူတိုင်း ပြန်ရန် ထရပ် လိုက်ကြသည်။ သို့သော် သူတို့ မထွက်ခွာ မီတွင်၊ ရှုပ်ထွေးသော အကြည့်ဖြင့် လင်းယွန် အပေါ်၊ စူးစမ်း သွား၏။

အထူး သဖြင့် ယနေ့ ပွဲတွင်၊ ဓားဆွဲ ပြီးနောက်၊ လေးလေး နက်နက် စွဲမှတ် သွားစေ သည်။

လင်းယွန်၊ ယန်းဖန်နှင့် ဂိုရှုတို့ ထွက်ခွာ တော့မည့် အချိန်၌၊ ချင်ရို့ယူက ထရပ် လာကာ၊ ‘ခဏ နေပါဦး’ ဟု ဆိုလာ ခဲ့သည်။

သူမ အကြည့် များက၊ လင်းယွန် ကိုသာ ဦးတည် သောကြောင့်၊ ယန်းဖန်နှင့် ဂိုရှု တို့မှာ ပါးနပ် စွာဖြင့်၊ ထွက်ခွာ သွားတော့သည်။

***

All Chapters