← Chapters

သဘောထား ကွဲလွဲခြင်း။

Vol. 48 Ch. 663

သဘောထား ကွဲလွဲခြင်း။

Vol. 48 Ch. 663

လူအုပ်မှာ လျင်မြန်စွာ ထွက်ခွာ သွားကြပြီး၊ လင်းယွန်၊ ရှောင်တျဲဟီနှင့် ချင်ရို့ယူတို့ သုံးဦး တည်းသာ ကျန်ရစ် တော့သည်။

ချင်ရို့ယူက တည်ငြိမ်သော အကြည့်ဖြင့် ပြန်ထိုင်ချ လိုက်၏။ သို့သော် ထိုနေရာ၌ သူမ 'မရှိ' သကဲ့သို့၊ ထင်မြင် လာစေသည်။

အငွေ့ အသက် များကို၊ ထူးခြားသော ရောင်ဝါ တစ်မျိုးဖြင့်၊ ဖုံးအုပ် ဖျောက်ဖျက် ထားခြင်း ဖြစ်ချေမည်။

ယန်းဖန်က သူမအား မိုးကြိုး စီရင်စု၏၊ မရဏ သမီးတော် အဖြစ် လူသိ များကြောင်း မိတ်ဆက် ပေး ခဲ့သည်။

ညို့အား ပြင်းစွာ လှပ နေပြီး၊ စိတ်နေ စိတ်ထားမှာ၊ ဆန်းပြားသော အဓိပ္ပါယ် ရှိ ချေ၏။

သို့သော် လင်းယွန် အနေဖြင့်၊ လှပသော မိန်းကလေး များစွာကို မြင်တွေ့ ထားဖူးပြီး ဖြစ်သည်။

ညို့အား ပြင်းသော ရှင်းယန်၊ မှော်ဆန်သော ကောင်မလေး ယွဲ့ဝေဝေ၊ ဝင့်ထည် လွန်းသော ဆုစီယာ စသည် တို့ဖြစ်သည်။

ဤချင်ရို့ယူမှာ ထိုအမျိုးသမီး သုံးဦးအား ကျော်လွန် နိုင်စရာ၊ နည်းလမ်း မရှိချေ။

မည်မျှပင် ညို့အား ပြင်းစေ ကာမူ၊ ဒေါသ ထွက်နေသော စီနီယာ အစ်မ ရှင်းယန် အသွင် မျှပင်၊ မမှီဟု ဆိုနိုင်သည်။

ရှင်းယန်မှာ အေးချမ်း သန့်စင်ပြီး၊ ချင်ရို့ယူမှာ ရမ္မက်များ နှိုးထ စေ၏။ ထို့ကြောင့် လင်းယွန် အာရုံကို မငြိ ခဲ့ဘဲ၊ တည်ငြိမ် စွာဖြင့်၊ မော့ကြည့် လိုက်သည်။

“ မင်းမှာ ပြောစရာ တစ်ခုခု ရှိလို့လား။ ”

လင်းယွန် ထံမှ စိတ်ဝင်စား ဟန် မရှိသော လေသံကြောင့် ရှောင်တျဲဟီ တစ်ယောက်၊ မျက်မှောင် ကြုတ်လျက်၊ လှမ်းကြည့် လာသည်။

ချင်ရို့ယူက အကြမ်းခွက်ကို ပြန်ချ လိုက်ပြီး၊

“ မင်းရဲ့ နဖူး ပေါ်က အမှတ် အသားနဲ့၊ ရင်းနှီး နေသလိုပဲ။ ”

-ဟု ဆို လိုက်၏။

လင်းယွန်က ပြန် မဖြေဘဲ၊ ချင်ရို့ယူထံ၊ စိုက်ကြည့် မိသည်။ ထို့နောက် ချင်ရို့ယူ ကပင် ပြုံးပြီး၊

“ ငါပြော နေတဲ့ အမှတ် အသားက ဓားဂိုဏ်းက လာတာ၊ ဓားဂိုဏ်း ပျက်သုဉ်း သွားပြီး တဲ့နောက်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေမှာ၊ ... ”

“ ... ဒီလို အမှတ် အသားကို၊ အမွေ ဆက်ခံ ခဲ့တဲ့ ဂိုဏ်းတွေ အများကြီး ရှိတယ်၊ တိုက်ဆိုင်စွာ နဲ့ပဲ၊ ငါ့ရဲ့ အလင်း အမှောင် လမင်း ကမ္ဘာ ကလည်း၊ ဒီလို လူတွေ ပိုင်ဆိုင် ထားတယ်။ ”

ချင်ရို့ယူ လေသံက၊ လင်းယွန်ကို အနည်းငယ် စိတ်မသက် မသာ ဖြစ်လာ စေသည်။

သူ့ကိုယ်သူ လူတိုင်းထက် သာလွန် သည်ဟု ယူဆ နေပြီး၊ မည်သည့် အရာ ပြောရန် ကြိုးစား နေမှန်း သူ မသိ နိုင်ချေ။

ဓားကျွန် အမှတ် အသားကို သိနေ သော်လည်း၊ 'သူ' မသိ သကဲ့သို့၊ ဝေ့ဝိုက် နေ၏။

ထိုအမှတ် အသား ကြောင့်၊ လင်းယွန်ကို ရင်းနှီး လိုပုံ မရချေ။ တစ်ဖက်တွင် သူ့အား ရှည်လျားစွာ စကားဆို နေပြန်သည်။

“ ကောင်းကင် တောင်ကုန်း မြို့ကို၊ ငါလာတာ တခြား ကိစ္စတွေ ရှိလို့ပါ၊ ဒါပေမယ့် ရှောင်တျဲဟီ ပြောခဲ့ သလိုပဲ၊ ငါ့ အာရုံကို စွဲဆောင် နိုင်တဲ့၊ သူတွေကို ... ”

“ ... ဂိုဏ်းခေါ် သွားဖို့ ဆန္ဒရှိ ပါတယ်၊ ဂိုဏ်းက မဟာ အကြီးအကဲ တစ်ယောက် ယောက်ကို၊ ဆရာ အဖြစ် အသိအမှတ် ပြုနိုင်တယ်။ ”

ထို့နောက် လင်းယွန် ထံမှ ကျေးဇူး တင်ကြောင်း ပြောဆို လာမည့် အချိန်ကို၊ ရေနွေးကြမ်း သောက်လျက် စောင့်မျှော် နေလိုက်သည်။

“ လင်းယွန်၊ မင်း တကယ် ကံကောင်းတယ်၊ အလင်း အမှောင် လမင်း ကမ္ဘာမှာ၊ အကြီးအကဲ ခုနစ်ဦး ရှိတယ်၊ သူတို့ အားလုံးက သတ္တမ ကောင်းကင် ဝိညာဉ် အဆင့်မှာ ချည်ပဲ။ ”

ရှောင်တျဲဟီက မနေနိုင် ဟန်ဖြင့်၊ ပြုံးကာ သတိ ပေးလိုက်သည်။

“ တောင်းပန် ပါတယ်၊ ငါက မဟာချင် အင်ပါယာရဲ့ ဓားနန်းတော် ကနေ လာတာပါ၊ တခြား ဂိုဏ်းတွေကို ဝင်ရောက်ဖို့ ရည်ရွယ်ချက် မရှိ ပါဘူး၊ မင်းရဲ့ စေတနာ အတွက် ကျေးဇူးတင် ပါတယ်။ ”

လင်းယွန်က ပြောကာ လှည့်ထွက် သွားသည်။ ချင်ရို့ယူက မုန်းတီးသော အကြည့်ဖြင့်၊ အကြမ်းခွက်ကို စားပွဲပေါ် ဆောင့်ချ လိုက်၏ ။

ရှောင်တျဲဟီက လင်းယွန် အပေါ်၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်ပြီး၊ ချင်ရို့ယူ ဘက် ပြန်လှည့် သွားကာ၊

“ ဒီကောင်လေးက သူ့အတွက်၊ ဘာကောင်းလဲ ဆိုတာ တကယ် မသိဘူး၊ ရို့ယူ မင်းကိုယ်မင်း ဒီလောက် အထိ နှိမ့်ချ နေစရာ မလိုပါဘူး။ ”

-ဟု ဆိုလိုက်၏။

“ သူက ဓားကျွန် တစ်ယောက်ပဲ။ ”

ချင်ရို့ယူက ခေါင်းညိတ်ကာ တုန့်ပြန်သည်။

“ သူလို လူက ငါ့ အာရုံကို၊ ဖမ်းစား နိုင်ခဲ့တယ်၊ ဒါပေမယ့် အလင်း အမှောင် လမင်း ကမ္ဘာကို၊ ဝင်ဖို့ ဆန္ဒ မရှိ မှတော့၊ ပုရွက်ဆိတ် တစ်ကောင်နဲ့ မခြားတော့ ပါဘူး။”

ခံစားချက် မဲ့သော လေသံဖြင့်၊ ဆိုလိုက် သော်လည်း၊ အေးစက်မှုများ အရ၊ မည်မျှ ဒေါသ ထွက်နေ ပြီကို၊ ရှောင်တျဲဟီ သိသည်။

မရဏ သမီးတော် ဆိုသည်မှာ၊ နောက်ခံနှင့် အလှ တရားကြောင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ မြင့်မားစွာ ရပ်တည် ထား နိုင်သည်။

ခွန်အား အရာ ၌လည်း ပြောစရာ မရှိချေ။ ထို့ကြောင့် ဓားကျွန် တစ်ယောက်မှ ငြင်းပယ်ခြင်း အပေါ်၊ အနည်းငယ် ဒေါသ ဖြစ်မိ သည်မှာ သဘာဝ ပေပင်။

တစ်ဖက်တွင် လင်းယွန်ကို ခေါ်ယူရန် ကြိုးစား ရသည့် အကြောင်း ရင်းအား၊ အကြမ်းဖျင်း ခန့်မှန်း နိုင် ပြန်သည်။

သွေးစွန်းသော ဧည့်ခံပွဲသည်၊ သာမန် လူတစ်ဦး အတွက် အံသြဖွယ် မျှသာ ဖြစ်ပြီး၊ နဂါး ကံကြမ္မာနှင့် ပတ်သတ်ကြောင်း မသိနိုင် ကြချေ။

သူမ ကဲ့သို့ အုပ်စိုးရှင် ဂိုဏ်းများ၌၊ အထွတ်အထိပ် ရပ်တည် နိုင်သော ပါရမီရှင် များသာ သိချေပြီ။

သွေးစွန်းသော ဧည့်ခံပွဲမှာ၊ မကြာမီ ကျင်းပ ပေတော့မည်။ ထို့ကြောင့် အုပ်စိုးရှင် ဂိုဏ်းများ မှာ၊ နဂါး ကံကြမ္မာ အတွက် ယှဉ်ပြိုင်ရန် ပါရမီရှင် များကို၊ စတင် စုဆောင်း နေပြီ ဖြစ်၏။

အလင်း အမှောင် လမင်း ကမ္ဘာ အနေဖြင့်၊ မရဏ သမီးတော်ထံ ထိုတာဝန် ပေးခဲ့ သည်မှာ၊ သဘာဝ ပေပင်။

ယင်းကို ထမ်းဆောင် ခြင်းဖြင့်၊ သူမ အတွက်လည်း အကျိုး ကျေးဇူး ရရှိ နိုင်မည် ဖြစ်၏။

သို့သော် သူမ အနေဖြင့်၊ အထက်စီး ဆန်လွန်း ချေပြီ။ လင်းယွန်ကို လိုချင် သော်လည်း၊ ၎င်းအား ဖွင့်ဟ ပြောရန် ဆန္ဒ မရှိချေ။

ယင်းမှာ လွန်အံ့ မထင်ချေ။ နောက်ကွယ်ရှိ သူမ၏ အင်အားစု ကြောင့်၊ မည်သူ မဆို ကျေးဇူးတင် စကား ပြောဆိုကာ၊ ဦးညွှတ် ကြမည် ဖြစ်သည်။

မိုးကြိုး စီရင်စု၊ - အုပ်စိုးရှင် ဂိုဏ်း၊ - အလင်းအမှောင် လမင်း ကမ္ဘာ၏၊ - မရဏ သမီးတော်။

ယင်းမှာ နေသာ စီရင်စု၊ မဟာချင် အင်ပါယာ၊ ဓားနန်းတော်၏ အဆိပ်ပန်း ရှင်းယန်၊ မဟုတ်ချေ။

ထို့ကြောင့် လင်းယွန်မှာ၊ လှည့်ပင် မကြည့်ဘဲ၊ ထွက်သွား ခဲ့ခြင်း ဖြစ်သည်။

“ လုပ်ငန်း အကြောင်း၊ ပြောရအောင် ရှောင်တျဲဟီ။ ”

ချင်ရို့ယူ အတွက်၊ ဓားကျွန် တစ်ယောက်ကို၊ ခေါင်းထဲ ထည့်ထား နိုင်လောက်အောင် အချိန်များ အားလပ်ခြင်း မရှိချေ။

“ အင်း ... ကောင်းကင် တောင်ကုန်း မြို့ရဲ့ လေလံ ပွဲကို၊ အခုက စပြီး ခုနစ်ရက် အကြာမှာ၊ ကျင်းပ လိမ့်မယ်၊ ဒီတစ်ကြိမ် ... ”

“ ... ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး ပေါ်လာမယ် ဆိုတဲ့ သတင်း၊ အတိ အကျ ရထားတယ်။ ”

ရှောင်တျဲဟီက ချင်ရို့ယူကို တစ်ချက် ကြည့်ကာ ပြောကြား လိုက်သည်။

“ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး ဟုတ်လား။ ”

ချင်ရို့ယူ၏ မျက်လုံးများ မှေးစင်း သွားပြီး၊ အနည်းငယ် တွေးဆ ဟန်ဖြင့်၊

“ မဖြစ် နိုင်ဘူး၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးသာ ပေါ်လာမယ် ဆိုရင်၊ အလင်း အမှောင် လမင်း ကမ္ဘာက သေချာ ပေါက် သိမှာပဲ။ ”

“ ဒါက ငါ့ရဲ့ အရည် အချင်းပဲ၊ ဒါပေမယ့် မင်းက လွဲပြီး၊ မင်းရဲ့ ဂိုဏ်းက ဘယ်သူမှ မသိ နိုင်ပါဘူး။ ”

ရှောင်တျဲဟီက ပြုံးကာ ဆိုသည်။ မည်သည်ကို ဆိုလိုကြောင်း၊ ချင်ရို့ယူက ချက်ချင်း နားလည် လိုက်၏။

ဤလူမှာ သတင်းအား လျို့ဝှက် ထားပြီး၊ သူမ တစ်ယောက်တည်း ကိုသာ၊ ပြောပြခဲ့ သည်မှာ ရှင်းနေ ချေပြီ။

“ ကျေးဇူး တင်ပါတယ်၊ ငါမင်းကို အမှတ်ရ နေမှာပါ။ ”

ထို့ကြောင့် ချင်ရို့ယူက ကျေးဇူးတင် စကား ဆိုမိသည်။ ရှောင်တျဲဟီမှာ အသိမှတ် ပြုခံရ ပြီးနောက် နှလုံး ခုန်နှုန်း မြန် လာကာ၊

“ ဒါက ... အသေးအမွှား လေးပါ။ ” -ဟု ဆို၏။

ဤမျှဖြင့် ချင်ရို့ယူ နှလုံးသားကို အနိုင် ယူမည် မဟုတ်ကြောင်း သူသိ သော်လည်း၊ လိုလို လားလားပင်၊ လုပ်ဆောင် ပေးမိ နေဆဲ ဖြစ်သည်။

“ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ လေလံပွဲ အကြောင်း ငါ ကြားဖူးတယ်၊ ဒီလေလံပွဲက တခြား မြို့တွေနဲ့ မတူဘူး၊ သေမင်း လေလံ လည်း ခေါ်တယ် မဟုတ်လား။ ”

ချင်ရို့ယူက စိတ်ဝင်တစား ပြန်မေး လာသည်။

“ မှန်တယ်၊ လူတိုင်းက အသက်-သေခြင်း ဆိုင်ရာ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ထားဖို့ လိုတယ်၊ ဒါပေမယ့် ... ”

“ ... အဲဒါကို သေမင်း လေလံလို့ ခေါ်တာ ကတော့ နည်းနည်း အံ့သြ စရာ ပါပဲ၊ ဒါက ချဲ့ကား လွန်းတယ်။ ”

ရှောင်တျဲဟီက လေလံပွဲကို အကြမ်းဖျင်း ရှင်းပြ လိုက်ပြီး၊ ချင်ရို့ယူထံ ပြန်မော့ ကြည့်ကာ၊

“ ကောင်းကင် တောင်ကုန်း မြို့မှာတော့၊ ဘယ်သူမှ မင်းနဲ့ ယှဉ်ပြိုင် နိုင်မှာ မဟုတ် ပါဘူး၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးက၊ သေချာပေါက် မင်းအတွက် ဖြစ်လိမ့်မယ်။ ”

ချင်ရို့ယူက သူ့စကား များကို စိတ်မဝင်စား တော့ချေ။ ၎င်းအား ရယူရန် စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်သည်။

အလင်း အမှောင် လမင်း ကမ္ဘာရှိ၊ အလင်းအမှောင် လမင်း သုတ္တန်ကို မြေကြီး အဆင့်၊ နည်းစနစ် တစ်ရပ် အဖြစ်၊ လူသိများ ၏။

ဒဏ္ဍာရီ အရ၊ ၎င်းကို မရဏ လမင်းဟု ခေါ်ဆို ကြပြီး၊ ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ် စွမ်းအင် များကို စုပ်ယူခြင်း ဖြစ်သည်။

အထွတ် အထိပ်သို့ ရောက်ရှိ သွားပါက၊ ကမ္ဘာ တစ်ခု လုံး၏၊ စွမ်းအင် များကို စုပ်ယူကာ၊ ကမ္ဘာ ပျက်ကြီး အဖြစ် ပြောင်းလဲ ပစ်နိုင်သည်။

ထို့ကြောင့် မရဏ လမင်းဟု တင်စားခြင်း ဖြစ်ပြီး၊ ကောင်းကင် အဆင့် နည်းစနစ် များဖြင့်၊ နှိုင်းယှဉ် နိုင်၏။

သို့သော် ဤနည်းစနစ်မှာ၊ အေးစက်သော စွမ်းအင် များကို ကျင့်ကြံ ရခြင်း ဖြစ်ရာ၊ ရေခဲ အဆိပ် သင့်ခြင်းကို ခံရ ပေမည်။

၎င်းကို ချေဖျက်ရန် ရတနာ တစ်ခုကို ရှာဖွေရ သဖြင့်၊ အချိန်များစွာ ဖြုန်းတီး မိပြီး၊ ကျင့်ကြံမှုမှာ နှေးကွေးသွား တက်ကြ၏။

ကောင်းကင် အလင်း အမှောင် ကျောက်တုံးမှာ၊ ထိုရတနာ များထဲမှ ထိပ်တန်း ရတနာ တစ်ပါး ဖြစ်သည်။

ရေခဲ အဆိပ်သင့် မှုကို၊ ချေဖျက် နိုင်ရုံသာ မကဘဲ၊ ထိုအဆိပ် များအား မူလ စွမ်းအင်ဖြင့်၊ ပေါင်စပ်ရန် ကူညီ ပေးနိုင်၏။

ထို့ကြောင့် ကောင်းကင်ဘုံ အလင်းအမှောင် ကျောက်တုံး၏ အစွမ်းမှာ၊ အလင်း အမှောင် လမင်း ကမ္ဘာရှိ ပါရမီရှင် များနှင့်၊ အကြီးအကဲ များကို သေချာပေါက် ဆွဲဆောင် နိုင်မည် ဖြစ်သည်။

***

ခြံအပြင်၌ ယန်းဖန်နှင့် ဂိုရှုက စိတ်ရှည် လက်ရှည်ဖြင့်၊ စောင့်ဆိုင်း နေပြီး၊ ချင်ရို့ယူ ဟန့်တား ရသည့် အကြောင်းရင်းကို၊ သိချင် နေကြ လေသည်။

မရဏ သမီးတော် ဆိုသည်မှာ၊ မိုးကြိုး စီရင်စုရှိ အလှ တစ်ပါး ဖြစ်ပြီး၊ အစွမ်း ထက်သော ပါရမီရှင် တစ်ဦးလည်း၊ ဖြစ်၏။

ထို့ကြောင့် ကောင်းကင် တောင်ကုန်း မြို့ထံ၊ သူမ ရောက်ရှိ လာရသည့် အကြောင်းကို မကြာခင် သိရ ပေလိမ့်မည်။

မိန်းမ တစ်ယောက် အနေဖြင့်၊ ငယ်ရွယ်စဉ်၌ အလှ တရားကို ပိုင်ဆိုင် ထား ပါက၊ လူ အများ အာရုံစိုက် ခံရ ပေမည်။

ယင်းနောက် အရည် အချင်းနှင့် နောက်ခံအား၊ ထပ်မံ ပေါင်းထည့် ပြီးသော်၊ ဆိုဖွယ် မရှိ တော့ချေ။

ယန်းဖန်နှင့် ဂိုရှု မျက်နှာ ပေါ်ရှိ၊ စူးစမ်း လိုစိတ် များကို ကြည့်ပြီး၊ လင်းယွန်က ပြုံးလိုက် မိသည်။

ချင်ရို့ယူဖြင့် တွေ့ဆုံမှုမှာ၊ ကောင်းမွန်သော ခံစားချက် မရှိချေ။ အဆင် မပြေသော တွေ့ဆုံမှု အဖြစ် ဆိုရ ချေမည်။

အထူး သဖြင့် သည်နှစ်ယောက်မှာ၊ သူမ အပေါ်၊ အလေးအနက် ထားနေ သောကြောင့် စကား စမြည် ပြောရန်၊ ကောင်းနိုင်မည် မဟုတ်ဟု သူ ထင်သည်။

“ အဟဲ ... ၊ အဲဒါက မင်းရဲ့ လျှို့ဝှက်ချက် မဟုတ်လား၊ မမေးတော့ ပါဘူး၊ ဒါနေ့ ပြီးရင် မင်းဘယ် သွားမလဲ၊ သွားစရာ မရှိ သေးရင် ရက်အနည်းငယ် နေပါဦးလား၊ စိတ်ဝင် စားစရာ ကောင်းတဲ့ လေလံပွဲ တစ်ပွဲ၊ ခုနစ်ရက် နေရင် ကျင်းပ တော့မယ်။ ”

ဂိုရှုက လင်းယွန်၏ ထိုအမူ အယာကို အကဲ ခတ်ပြီး၊ ပြုံးကာ ဆိုလိုက်သည်။

“ ဒီလေလံပွဲက နည်းနည်း ထူးခြားတဲ့ အတွက်၊ ငါတို့လည်း သွားဖို့ ရည်ရွယ် ထားတယ် ။ ”

ယန်းဖန်က ခေါင်းညိတ် ဝင်ရောက် ပြောဆို လာ၏။

“ လေလံ ပွဲလား။ ”

လင်းယွန် တစ်ယောက် အတွေးနက် သွားခဲ့သည်။ လေလံပွဲ များစွာကို ဆင်နွှဲ ဖူးပြီး၊ ၎င်းတို့မှာ သဘာဝ အားဖြင့်၊ တူညီ ကြသည်။

“ မင်းပြော တာက ... ။ ”

ဤလေလံပွဲမှာ မရိုးရှင်းဟု ပြောချင် နေပုံ ရသည်။ သူ့အမူ အရာကို ကြည့်ပြီး ယန်းဖန်က ပြုံးလိုက်ကာ၊

“ ဟုတ်တယ် ... ဒါက သေမင်း လေလံပွဲ။ ”

-ဟု ဆိုလိုက် တော့၏။

***

All Chapters