← Chapters

သေမင်း လေလံ။

Vol. 48 Ch. 664

သေမင်း လေလံ။

Vol. 48 Ch. 664

ယန်းဖန် စကား များက၊ သူ့ အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။ ကြေး အမြင့်ဆုံး ပေးနိုင်သူ အပေါ် အခြေခံခြင်း မရှိသော လေလံ ပွဲမျိုး မကြုံဖူး သေးချေ။

“ သေမင်း လေလံပွဲ။ ”

လင်းယွန်၏ အမူအရာကို မြင်သည်နှင့်၊ ယန်းဖန် ပြုံးကာ ရှင်းပြ လိုက်သည်။ လေလံပွဲ မှာ အမှန် တကယ်ပင်၊ စိတ်ဝင် စားစရာ ကောင်းကြောင်း၊ ဝန်ခံ ရမည် ဖြစ်၏။

တက်ရောက် သူတိုင်း၊ အသက်-သေခြင်း ဆိုင်ရာ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ထားရန် လိုချေပြီ။

လေလံ ဆွဲရာ၌ ကန့်သတ်ချက် ရှိသော ကြောင့်၊ အသက်-သေခြင်း ဆိုင်ရာ သဘော တူညီချက်ကို၊ လိုအပ် လာခြင်း ဖြစ်သည်။

ကန့်သတ်ချက် ပြည့်ပြီးနောက်၊ လူ တစ်ဦးထက် ပိုပါက၊ ခွန်အားကို အခြေခံ၍ အနိုင်ရ သူအား၊ ဆုံးဖြတ် ပေမည်။

ထို့အပြင်၊ တိုက်ပွဲ၌ စည်းမျဉ်း မရှိ သောကြောင့် အဆိပ်၊ လက်နက်ပုန်း များနှင့် စကြာဝဠာ လက်နက်များ အပါ အ၀င်၊ ရသမျှ နည်းလမ်း ပေါင်းစုံ သုံးနိုင်သည်။

သည့်အတွက် လူတိုင်းက အသက်-သေခြင်း ဆိုင်ရာ၊ သဘော တူညီချက်ကို လက်မှတ် ရေး ထိုးရန် လိုအပ်ခြင်း ဖြစ်သည်။

လေလံပွဲ တစ်လျှောက်၊ အသက်ပေါင်း များစွာ သေဆုံးခဲ့ ရသဖြင့််၊ သေမင်း လေလံ ဟူသော အမည်ကို၊ ပေးအပ် လာကြသည်။

နာမည် သည်သာ ကြောက်စရာ ကောင်းနေမြဲ ဖြစ်သော်လည်း၊ သေရှင် တိုက်ပွဲများ ဖြစ် မလာတော့ သည်မှာ၊ အချိန် ကာလ တစ်ခုတိုင် နေပြီ ဖြစ်သည်။

ရှုံးနိမ့် သူများက လက်နက်ချ ကုန်သော ကြောင့် ပေပင်။ သို့မဟုတ် ပါက မည်သူမျှ လေလံဆွဲ ရဲတော့မည် မဟုတ်ချေ။

တစ်ဖက်တွင် ကန့်သတ်ချက်ကို၊ လေလံ ပစ္စည်း၏၊ တန်းဖိုပေါ် မူတည်ကာ သတ်မှတ် ထားသည်။ ၎င်းအတွက် အမြတ်အစွန်း နည်းသွား ခြင်းမှ ကာကွယ်ရန် နည်းလမ်း တစ်ခု ရှိချေ၏။

သတ်မှတ်ချက် ပြည့်မှီ ပြီးနောက်၊ ယှဉ်ပြိုင်လို သူသည် စျေးနှုန်းကို ပေးဆောင် ရမည် ဖြစ်သည်။

ဆိုလို သည်မှာ လေလံ အိမ် အနေဖြင့်၊ ရှုံးနိမ့်သူ ထံမှ နောက်ထပ် ငွေတစ်စိတ် တစ်ပိုင်း ထပ်မံ ရရှိ ချေမည်။

ရတနာ တစ်ပါး လူကြိုက်များ လာပါက၊ လေလံ စေျးမှာ၊ ကန့်သတ် ချက်ကို အလွယ် တကူ ချိုးဖျက် သွားနိုင်၏။

ဤသည်မှာ လေလံ ပွဲတိုင်း၊ အောင်မြင်နေ ရသော အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။ အချိန်ကာလ တစ်ခုအား ဖြတ်သန်း ပြီးနောက်၊ စည်းမျဉ်း များမှာ၊ ပို၍ ပြည့်စုံ လာခဲ့သည်။

ဥပမာ အားဖြင့်၊ ကန့်သတ် ချက်ကို ဖောက်ဖျက်ရန် ရွေးချယ်သူ များ အနေဖြင့်၊ အသက် သုံးဆယ် ကျော်၍ မရချေ။

သို့မဟုတ်ပါက နောက်ခံ အင်အား၊ ကွာဟချက် ကြီးမား နေခဲ့သော် လေလံ ဆွဲကျ တော့မည် မဟုတ်ချေ။

ထို့ပြင် အင်အား စုများ ကိုယ်စား၊ သေရှင် တိုက်ပွဲဝင် ပေးနိုင်သော ကြေးစားများ အမြဲရှိ နေတက်သည်။

ထို့ကြောင့် ရိုးရှင်းသော လေလံ ပွဲမျိုး မဟုတ်တော့ဘဲ၊ ကောင်းကင် တောင်ကုန်း မြို့၏၊ အထင်ကရ ပွဲ ဖြစ်လာ တော့၏။

လေလံ ပွဲသို့ ဤနယ် ‘တစ်ကြော’မှ၊ ထူးချွန် ထက်မြက်သော လူငယ် များစွာ စုရုံး လာတက် လေသည်။

သေမင်း လေလံမှာ၊ သူတို့ အတွက် ကျော်ကြားရန်၊ အခွင့်အရေး တစ်ရပ် ပေပင်။ ထို့ကြောင့် ယန်းဖန်က ပြုံးပြီး၊

“ မင်း ... အခု စိတ်ဝင်စား နေပြီ မဟုတ်လား၊ မင်းမှာ အရေးတကြီး လုပ်စရာ မရှိ သေးရင်၊ အဲဒီကို သွားတာက မင်းရဲ့ အမြင်ကို ပိုကျယ် စေလိမ့်မယ်၊ သေချာတာ ကတော့ ဒီနေ့ ပွဲထက် ပိုကြီး ကျယ်တယ်။ ”

“ ကောင်းပြီ ... ခုနစ်ရက် နေရင် လေလံပွဲမှာ၊ ဆုံကြ ရအောင်။ ”

လင်းယွန်က ခေါင်းညိတ်ကာ သဘော တူလိုက်၏။

ကောင်းကင် တောင်ကုန်း မြို့မှာ၊ ညအချိန် ၌ပင် နေ့ အလား စည်ကား သိုက်မြိုက် နေချေ ပြီ။

ခြံဝင်း တစ်ခု ထဲ၌၊ လင်းယွန်က လျှပ်စီး ပုတီးစေ့ကို သန့်စင် နေသည်။ သူ့ ရှေ့၌ လမင်း တစ်စင်း၊ ထင်ဟပ် နေသော၊ ရေကန်ကြီး တစ်ကန် ရှိ၏။

သိပ်သည်း ဝိညာဉ် စွမ်းအင် များက၊ ရေကန်ကြီး အထက်တွင် မြူခိုးများ သဏ္ဍာန် သိုင်းဖွဲ့ နေချေ သည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီရှိ၊ ဝိညာဉ် ရေကန်နှင့် နှိုင်းယှဉ်၍ မရ သော်လည်း၊ ၎င်းမှာ အသုံးဝင် နေဆဲ ဖြစ်သည်။

ဝိညာဉ် ရေကန် တစ်ကန် ပါရှိသည့် ခြံဝင်း မျိုးကို၊ အလွယ်တကူ ငှားရမ်း နိုင်သည့် အတွက် အနည်းငယ် အံဩ နေခဲ့ သေးသည်။

မဟာချင် အင်ပါယာတွင်၊ ထိုသို့သော ဝိညာဉ် ရေကန် တစ်ကန် ပိုင်ဆိုင် ထားပါက၊ ပါရမီရှင်များ မွေးဖွား ပေးနိုင်သော မျိုးနွယ် စုကြီး တစ်စု၊ ဖြစ်လာ နိုင်မည် ဖြစ်သည်။

ကောင်းကင် တောင်ကုန်း မြို့၌မူ၊ ထူးခြားသော အရာများ မဟုတ်ချေ။ ဝိညာဉ် တောင်ကုန်းများ ၊ ဝိညာဉ် ရေကန် များနှင့်၊ ရင်ပြင် များစွာ ရှိကြသည်။

လုံလောက်သော ကြွယ်ဝခြင်း ရှိပါက၊ ဝိညာဉ် တောင်တန်းကြီး တစ်ခု ကိုပင်၊ ငှားရမ်း အသုံးပြု နိုင်၏။

ဤမျှ နက်ရှိုင်းသော အခြေခံ အုတ်မြစ် များဖြင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ အသန်မာဆုံး စီရင်စု ဖြစ်နေ သည်မှာ၊ လွန်အံ့ မထင်ချေ။

ငြိမ်သက်စွာ ထိုင်နေ သော်လည်း၊ လင်းယွန်၏ ခန္ဓာကိုယ် အတွင်း၌ လျှပ်စီးများ လက်နေ သည်။

မိုးပြာ နဂါး စွမ်းအင်မှာ၊ ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်း သွားပြီး၊ လျှပ်စီး စွမ်းအင် များကို စုပ်ယူ ပေါင်းစပ် နေ၏။

တွေ့ဆုံ ပွဲတွင် ရှောင်တျဲဟီ ထံမှ ကြီးမားသော ဖိအားကို ခံစား ခဲ့ရသည်။ ၎င်းမှာ အတွင်း အဆင့်၏၊ နောက်ဆုံး ဖြစ်သော်လည်း၊ သူ့တွင် ဝှက်ဖဲ များစွာ ရှိနေ၏။

ရှောင်တျဲဟီနှင့် တိုက်ခိုက် ရပါက၊ အနိုင်ရရန် (၄၀%) သာ ရှိချေသည်။ သို့သော် လွတ်မြောက်ရန် အတွက်မူ၊ လွယ်လင့် တကူ ထွက်ပြေး နိုင်၏။

ပါရမီရှင် ဟူသည် ယင်-ယန် အဆင့်သို့ ရောက်ရှိ သည်နှင့်၊ မျိုးဆက်ဟောင်း များထက်၊ များစွာ သာလွန် နေပေ လိမ့်မည်။

ချင်ရို့ယူ ကဲ့သို့ လူမျိုးမှာ သာ၍ ဆိုးချေ၏။ ရှောင်တျဲဟီကို မီးတောင်ကြီးနှင့် ခိုင်းနှိုင်းရ ပါက၊ ချင်ရို့ယူအား နက်ရှိုင်းသော ‘လ’ မင်းနှင့် တင်စား ရပေမည်။

သူမ တိုက်ပွဲဝင် ပုံကို မမြင်ဖူး သော်လည်း၊ မည်မျှ ကြောက်စရာ ကောင်းမည်အား၊ မှန်းဆ နိုင်သည်။

သူ၏ လက်ရှိ ခွန်အားဖြင့်၊ သွေးစွန်းသော ဧည့်ခံ ပွဲတွင် ပါဝင် ခဲ့မည် ဆိုသော်၊ ထိပ်ဆုံး (၃၀) စာရင်း ဝင်ရန် ခက်ခဲ ပေမည်။

လေးနှစ် ကုန်လွန် ပြီးနောက်၊ လူတိုင်း မည်မျှ သန်မာ လာမည်ကို နတ်ဘုရား များ သာလျှင် သိနိုင်၏။

အထူး သဖြင့် (၁၆) နှစ်ဖြင့်၊ အတွင်း အဆင့် ဝင်ရောက် ထားနိုင်သော ပါရမီရှင် များစွာ ရှိ လေသည်။

သူ့တွင်သာ အချိန် လေးနှစ် ရှိနေ ပါက၊ ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ် ဦးကို၊ ဂရု စိုက်စရာ မလိုကြောင်း၊ ပြောနိုင်၏။

သို့သော် ဤသို့သော ဖိအားများ ရှိနေခြင်း သည်လည်း တစ်မျိုး ကောင်းချေသည်။ ၎င်းတို့ သည်သာ အလွန် အားနည်း ပါက၊ သွေးစွန်းသော ဧည့်ခံပွဲမှာ ငြီးငွေ့ဖွယ် ကောင်းရ ပေလိမ့်မည်။

မျက်စိ တစ်မှိတ် အတွင်း ခုနစ်ရက် ကုန်ဆုံး သွား၏။ မျက်ဝန်းများ ပြန်ဖွင့် လိုက်သည်နှင့်၊ လျင်မြန်သော အဟုန်ဖြင့်၊ လျှပ်စီး နှစ်စင်း ရေကန်ပေါ်၊ ဖြတ်ပြေး သွားသည်။

လျှပ်စီးကြောင့် ငြိမ်သက် နေသော ရေကန်ကြီး ပေါ်၌ လှိုင်းများ ‘ထ’ လာ၏။ လျှပ်စီး စွမ်းအင် အပေါ်၊ နားလည်မှုမှာ၊ အဆင့် သစ်သို့ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း သိသာ စေသည်။

ပုတီးစေ့ ပေါ်တွင် အက်ကြောင်းများ၊ ပျံ့နှံ့ လာပြီး၊ လျှပ်စီး စွမ်းအင်များ ကုန်ဆုံး တော့မည့် အရိပ် အယောင်၊ ပြသ လာသည်။

ယင်းကို ကြည့်ကာ၊ သက်ပြင်းချ လိုက်မိ၏။ မိုးပြာ နဂါး မူလ ပုံစံမှာ၊ အစွမ်းထက် လွန်းပြီး၊ ပုတီးစေ့၏ စွမ်းအင်ကို အကုန် အစင် ထုတ်ယူ သွားသည်။

ဖန်းဝမ် ကဲ့သို့ သာမန် လူတစ်ယောက် သာဆို ပါလျှင်၊ ၎င်း၏ သုံးပုံ တစ်ပုံကို တစ်နှစ် ခွဲခန့် သန့်စင် ရပေမည်။

သို့သော် မိုးပြာ နဂါး မူလ ပုံစံ အတွက်မူ၊ တတိယ အဆင့် အထွတ် အထိပ် သို့ပင် မရောက် ရှိ ခဲ့ပေ။

“ သေမင်း လေလံပွဲက၊ ဒါကို ဖြည့်ဆည်း ပေးလိမ့်မယ်။ ”

လျှပ်စီး ပုတီးစေ့ကို ချေမွ ပစ်လိုက်ပြီး၊ ဆိုသည်။ ကောင်းကင် တောင်ကုန်း ရင်ပြင်သည်၊ ကောင်းကင် တောင်ကုန်း မြို့၏၊ ဗဟိုတွင် တည်ရှိသည်။

၎င်းမှာ အဖြူရောင် ကျောက်စိမ်း များဖြင့်၊ ပြုလုပ် ထားသော လွင်ပြင်ကြီး ဖြစ်သည်။ ဝေဟင်မှ ငုံ့ကြည့် လိုက်ပါက၊ ကျောက်စိမ်း တုံးကြီး တစ်တုံး အဖြစ်၊ ထင်မြင် ရစေသည်။

ရင်ပြင်သည် ကျယ်ပြန့် လွန်းသဖြင့်၊ လူထောင်ပေါင်း များစွာ စုဝေးရန် လုံလောက် ချေ၏။

လေလံပွဲ မစတင် သေးသည် ဖြစ်ရာ၊ လူများ တဖွဲဖွဲ လာရောက် နေဆဲ ဖြစ်သည်။ အသက်-သေခြင်း ဆိုင်ရာ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ပြီးနောက်၊ ထိုင်ခုံ များပေါ်၊ ထိုင်ချ လိုက်သည်။

ယင်းမှာ တာအို ဟောပြောပွဲ တစ်ခု ကျင်းပရန် ပြင်ဆင် နေခြင်းဖြင့်၊ တူ၏။ လူအုပ်က အချင်းချင်း စကား စမြည် ပြောဆို နေကြပြီး၊ မျိုးနွယ်စု အသီးသီးမှ ထူးချွန် သူများ ဖြစ်သည်။

၎င်းတို့ တစ်ဦး စီတွင် ကြောက်မက်ဖွယ် ကောင်းသော နောက်ခံကို ပိုင်ဆိုင် ထားကြ သဖြင့်၊ ဂုဏ်သရေရှိ ဧည့်သည်များ အဖြစ်၊ သတ်မှတ် နိုင်သည်။

ဤနေရာ၌ သာမန် ပါရမီရှင် များမှာ ပေါ်လွင်ရန်၊ မလွယ် ကူချေ။ အချို့သော လူငယ်များ အနေဖြင့်၊ ယင်-ယန် အဆင့် ၌ပင် ရှိနေ ချေသည်။

လင်းယွန် အနားတွင် ထိုင်နေသော၊ လူငယ် နှစ်ဦးက၊ ဤမရဏ လေလံပွဲ၌၊ လူမည်မျှ ကန့်သတ် ချက်အား၊ ချိုးဖြတ် နိုင်မည်ကို၊ ဆွေးနွေး နေ ကြသည်။

၎င်းကို မတွက်ဆ နိုင်ပါက၊ လေလံပွဲ ကျင်းပ သူများမှာ၊ နောက်ဆုံးတွင် အရှုံးပေါ် မည်မှာ သေချာသည်။

လေလံပွဲရှိ တစ်စုံ တစ်ရာကို ရယူ ရာ၌၊ လွယ်ကူမည် မဟုတ် သဖြင့်၊ လင်းယွန် တစ်ယောက် သက်ပြင်း ချလိုက် မိသည်။

သူ့တွင် စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း အလုံးပေါင်း တစ်သောင်းကျော် ရှိပြီး၊ ၎င်းမှာ ဤနေရာရှိ လူငယ် တိုင်းထက် ကြွယ်ဝ ချေ၏။

ထိုပမာဏမှာ အမည်ခံ အုပ်စိုးရှင် များ၏ အခြေခံ အုတ်မြစ် နှင့်ပင် နှိုင်းယှဉ် နိုင်သည်။

သာမာန် လေလံပွဲ ဆိုပါလျှင်၊ လိုချင်သော ရတနာကို သက်တောင့် သက်သာဖြင့် ရချေ မည်။

သို့သော် သေမင်း လေလံပွဲတွင်၊ ထိုသို့ မရ နိုင်ချေ။ ကန့်သတ် ချက်ကို ချိုးဖောက် ပြီးနောက်၊ ပြိုင်ပွဲများ ရှိလာမည် ဖြစ်သည်။

ယင်းကို တွေးရုံ မျှဖြင့် စိတ်လှုပ်ရှား လာပြန်သည်။ ကောင်းကင် တောင်ကုန်း မြို့၏ ထက်မြက် သူများ၊ မည်မျှ အားကောင်း သည်ကို မြင်ခွင့် ရမည့်၊ အခွင့်အရေး ဖြစ်သည်။

လွန်ခဲ့သော ခုနစ်ရက်က တွေ့ဆုံ ပွဲမှာ၊ လ်ငးယွန် အတွက် အမြည်း သဘော မျှသာ ဖြစ် သဖြင့်၊ ကျေနပ်မှု မရှိ သေးချေ။

“ ဟိုမှာ ချင်ရို့ယူ ... ။ ”

ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ်လာပြီး၊ လူအုပ်ကို ရုတ်ရုတ် သဲသဲ ဖြစ်သွား စေသည်။

ရှောင်တျဲဟီက ချင်ရို့ယူ ဘေးမှ နေ၍၊ တည်ငြိမ်စွာ လျှောက်လှမ်း လာသည်။ သူတို့ နှစ်ဦး အသွင်မှာ၊ ခပ်လျှိုလျှို အနေ အထားသာ၊ ဖြစ်သော်လည်း၊ လူတိုင်း သတိထား မိလာ သည်။

မျိုးနွယ်စု အသီးသီးမှ ပါရမီရှင်များ ပင်လျှင်၊ အလေး အနက် တွေးတော လာကြ တော့၏။ မရဏ သမီးတော် အနေဖြင့်၊ ဤမျှ နိမ့်ကျသော အသွင် မျိုးဖြင့်၊ တက်ရောက် လာစရာ မရှိချေ။

သူမ၏ နောက်ခံနှင့်၊ ညှို့အား ပြင်းသော အလှတရား အရ၊ ယင်းသည်ပင် လူတိုင်း အပေါ် ဆွဲဆောင် နိုင်မြဲ ဖြစ်သည်။

ကွဲပြားသော စိတ်နေ စိတ်ထားကြောင့်၊ ဤနေရာရှိ လူတိုင်းနှင့်၊ တံတိုင်း တစ်ခု ခြားနေ သကဲ့သို့ ခံစား ရစေ၏။

ထို့ကြောင့် သူမ ဘေးရှိ၊ ရှောင်တျဲယီကို မေ့လျော ကုန် ကြသည်။ အတွင်း အဆင့် ပါရမီရှင် တစ်ဦး အနေဖြင့်၊ အံ့ဩဖွယ် ကောင်းသော လျစ်လျူရှုမှု မျိုး ပေပင်။

ဆိုလို သည်မှာ ချင်ရို့ယူ၏ ညှို့ငင်မှု အောက်သို့၊ လူတိုင်း ကျရောက် သွားကုန် ခြင်းဟု အဓိပ္ပါယ် ရ၏။

ရှောင်တျဲဟီမှာ ယင်းကို စိတ်မဝင် စားချေ။ ယင်းအစား ပို၍ ကျေနပ် နေပုံ ရသည်။ ချင်ရို့ယူ ဘေး၌ လူတိုင်း ရပ်ခွင့် ရသည် မဟုတ်ချေ။

ထို့ကြောင့် လူငယ် တိုင်း၏ ငြူစူသော အကြည့် များကို၊ မကြာခင် လက်ခံ ရရှိ လာ တော့သည်။

“ အဲဒီ မိန်းမလည်း လာတာပဲ … ။ ”

လင်းယွန်က သူ့ အကြည့်ကို ပြန်ရုတ် သိမ်းလိုက်သည်။ ချင်ရို့ယူမှာ ဂုဏ် ယူစရာ အရည် အချင်း အချို့ ပိုင်ဆိုင် ထားကြောင်း၊ ဝန်ခံ ရပေမည်။

သူမ၌ နောက်ခံ မရှိ လျှင်ပင်၊ လူအုပ် အလယ် ဒေါင်း တစ်ကောင် ကဲ့သို့ တောက်ပ နေ ချေသည်။

***

All Chapters