လျှပ်စီး ငါးပါး သလင်းကျောက်။
Vol. 48 Ch. 665
လူပေါင်း များစွာ၏ အကြည့်ကို တည်ငြိမ်စွာ ခံယူလျက်၊ ဧည့်သည်တော် စင်မြင့် ဆီသို့ ဦးတည် သွားခဲ့ သည်။
စင်မြင့်အား ခမ်းနားစွာ အလှဆင် ထားပြီး၊ ချင်ရို့ယူ အတွက် အထူးတလည် ပြင်ဆင် ထား သည်ဟု၊ လူတိုင်း ပြောနိုင်၏။
သူမ ကဲ့သို့သော အမျိုး သမီး များမှာ၊ ရောက်လေရာ အရပ် ဆီ၌ အာရုံ စူးစိုက်မှု၏ ဗဟိုချက် ဖြစ်လာ ပေ လိမ့်မည်။
လင်းယွန် ဘေးတွင် ရှိသော လူငယ် နှစ်ဦး သည်လည်း၊ ချင်ရို့ယူကို မက်မောစွာ ငေးစိုက် ကြည့် နေလေသည်။
အခြားသော လူငယ်များ ကဲ့သို့ပင်၊ မျက်လုံးများ၌ ဝိညာဉ်များ ထိတိုင်၊ စွဲလမ်း ရိပ်များ စွန်းထင် နေ၏။
လူတိုင်းက အလှ အပကို နှစ်သက် ကြသည်မှာ သဘာဝ ပေပင်။ နှလုံးသား ရင့်ကျက် သူ များမှာ၊ လျင်မြန်စွာ ငြီးငွေ့ ကုန်ကြ၏ ။
လင်းယွန်က တစ်ချက်သာ ကြည့်ပြီး၊ မျက်နှာလွှဲ လိုက်သည်။ သို့သော် ချင်ရို့ယူမှ သူ့ကို မြင်၏။
မိုးပြာရောင် အ၀တ် အစားဖြင့်၊ ဓားသေတ္တာ တစ်လုံးကို ပိုးလွယ် ထားသော လူငယ်၏ အသွင်မှာ၊ ချစ်စရာ ကောင်းခြင်း မရှိ သော်လည်း၊ လူအုပ်ထဲ ထူးခြား နေသည်။
ပြတ်သားသော အသွင်နှင့်၊ စိတ်နေ စိတ်ထား အရ၊ မိန်းကလေး အချို့အား ရူးသွပ် စေမည်မှာ၊ အမှန် ပေပင်။
ချင်ရို့ယူ အတွက်မူ လွန်ခဲ့သော တွေ့ဆုံမှု မှသည်၊ မနှစ် မြို့ဖွယ် ခံစားချက်များ ဝင်ရောက် နေခဲ့သည်။
နဖူး ပေါ်ရှိ အမှတ် အသားက ထင်ရှား လှသဖြင့်၊ သတိပြု မိ လိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် အကြည့် လွှဲကာ၊ ဆက်လျှောက် လာခဲ့သည်။
ဤနေရာရှိ လူတိုင်း နီးပါး ငယ်ရွယ် နေကြပြီး၊ အနည်းဆုံး ယန် အဆင့်တွင် ရှိနေ၏။ အများ စုမှာ ကနဦး ယင်-ယန် အဆင့် ၌ပင်၊ ရောက်ရှိ နေပေသည်။
ချင်ရို့ယူ အပြင် ထူးခြားသော လူငယ် အချို့ ကိုလည်း၊ သတိပြု မိလာသည်။ တူညီ ဝတ်စုံ များဖြင့်၊ စုရုံး လာကြသူ အများ အပြား ပေပင်။
ဘယ်ဘက် အစွန်ဆုံး နေရာတွင်၊ ကနဦး ယင်-ယန် အဆင့်၌ ရှိသော လူငယ် တစ်ဦး ထိုင် နေ၏။
သူ့ထံမှ စိတ်မသက် မသာ ဖြစ်စေသော တုန်လှုပ် ချောက်ချားဖွယ် အငွေ့ အသက်များ ထုတ်လွှတ် ထားသည်။
တစ်ချက် ကြည့်လိုက် ရုံဖြင့် ဤ လူငယ်မှာ၊ ရိုးရှင်းမည် မဟုတ် ကြောင်းနှင့်၊ ရက်စက်သော ကိုယ်ရည် ကိုယ်သွေး ရှိကြောင်း၊ ပြောနိုင်သည်။
ကောင်းကင် တောင်ကုန်း မြို့တွင်၊ မျိုးနွယ်စုကြီး လေးခု ဖြစ်သည့် ဂျီ၊ ချင်၊ ချန်နှင့် ဂူ ဟူသော မျိုးနွယ်စု များ ရှိပြီး၊ ၎င်းတို့မှာ နှစ် (၁၀၀၀)ကျော် သက်တမ်းကို ပိုင်ဆိုင် ထားသည်။
ဤသည်မှာ အခွဲ အင်အားစု များသာ ဖြစ်ပေ၏၊ ပင်မ မျိုးနွယ်စု များသည်၊ မိုးကြိုး စီရင်စု မြို့တော်၌ ရှိချေသည်။
သို့သော် အခွဲ အင်အားစု တိုင်း၏ အခြေခံ အုတ်မြစ်မှာ၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ ထက်ပင်၊ ပို၍ ခိုင်မာသည်။
သို့သော် မိုးကြိုး စီရင်စုတွင်၊ ထင်ပေါ်ခြင်း မရှိချေ။
လင်းယွန် အာရုံကို စွဲဆောင် နိုင်သူမှာ၊ ချန်မိသားစုမှ ချန်ရှောင် ဖြစ်သည်။ အသက် (၂၃) နှစ်သာ ရှိပြီး၊ လွန်ခဲ့သော တစ်နှစ် ခွဲကပင်၊ ယင်-ယန် အဆင့်သို့ တက်ရောက် ထားနိုင် သူ ဖြစ်၏။
မျိုးနွယ်စု လေးခု အပြင်၊ အမည်ခံ အုပ်စိုးရှင် များနှင့် နှိုင်းယှဉ် နိုင်သော ဂိုဏ်း များစွာလည်း ရှိသည်။
ထိုဂိုဏ်းများ အနက်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှာ၊ ဤပွဲသို့ တက်ရောက် လာပြီး၊ စင်မြင့် ညာဘက် ခြမ်း၌ နေရာယူ ထား၏။ တစ်ဦးချင်း စီက လှံများ ကိုင်ဆောင် ထားပေသည်။
၎င်းတို့မှာ လှံ နည်းစနစ်များ အသုံး ပြုရာ၌၊ အသန် မာဆုံး အဖြစ်၊ ကျော်ကြား လှသည်။
ဂျီ၊ ချင်နှင့် ဂူ မိသားစု တို့မှ လူငယ် များစွာလည်း ရှိနေ သေးသည်။ သူတို့ အားလုံး မှာ၊ အခြားသော စီရင်စုရှိ ပါရမီရှင် လူငယ် များထက်၊ နိမ့်ကျခြင်း မရှိချေ။
လေလံပွဲ မစခင် လေထုမှာ၊ သက်တောင့် သက်သာ အနေ အထားဖြင့်၊ စကား စမြည် ပြောဆို လာကြသည်။
ထိုအချိန် မှာပင်၊ ကောင်းကင်မှ လူရိပ် တစ်ရိပ်၊ မြင့်မားသော အဆောက် အဦး ကြီး၏ ခေါင်မိုး ပေါ်သို့၊ ဆင်းသက် လာတော့သည်။
ထိုလူရိပ်သည် အဖြူရောင် ၀တ်ရုံကို၊ ဆင်မြန်း ထားပြီး၊ မျက်နှာအား ဖုံးအုပ်လျက်၊ မျက်လုံး များသာ လှစ်ဟ ထားသည်။
သူ ထွက်ပေါ် လာသော အခါတွင်၊ ကောင်းကင် တစ်ခုလုံး အရောင် ပြောင်းလဲ သွား သလို ပေပင်။
ထိုပုံရိပ်၏ နွဲ့နှောင်းသော ကိုယ်ဟန် အရ၊ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း၊ ပြောနိုင်သည်။ သူမ မျက်ဝန်း များက အနီးရှိ၊ ရင်ပြင် တစ်ခုထံ ဝေ့ကြည့်ပြီး၊ တဖျပ်ဖျပ် တောက်ပ လာသည်။
ဤနေရာရှိ တစ်စုံ တစ်ရာမှ၊ သူမအား စွဲဆောင် နေပုံ ရ၏။ တစ်ချိန်တည်း မှာပင် နောက်ထပ် လူရိပ် တစ်ရိပ် ဆင်းသက် လာပြန်သည်။
နေရောင် အောက်တွင် ဦးပြည်းမှာ၊ ပြောင်လက် တောက်ပ နေပေ၏။ သူက အမျိုး သမီး ဘေးတွင် ရပ်နား လိုက်ပြီး၊
“ ဒါက ... ကောင်းကင် တောင်ကုန်း မြို့လား၊ ပြီးခဲ့တဲ့ ဆယ့်ငါးရက်က တကယ့်ကို ပင်ပန်းခဲ့ ပေမယ့်၊ ငါတို့ လုပ်နိုင် ခဲ့ပါပြီ။ ”
ဘုန်းကြီးက ခေါင်မိုးပေါ် ထိုင်ချ လိုက်ပြီး၊ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊ ဝိုင်အိုးအား မော့ သောက်လိုက်၏။
အမျိုးသမီး ထံမှ တုန့်ပြန်သံ မကြားရ သဖြင့်၊ ပြန်မော့ ကြည့် လိုက်ရာ၊ ဦးတည်ရာ တစ်ရပ် ဆီသို့၊ ငေးကြည့် နေကြောင်း သတိပြု မိသွားသည်။
“ ဟမ် ... ၊ ဒါက နာမည်ကြီး သေမင်း လေလံ ပွဲ မဟုတ်လား၊ 'စ' တော့မယ် ထင်တယ် အချိန်မှီ လေးပဲ။ ”
ဘုန်းကြီးက ဝိုင်အိုးကို ထပ်မော့ကာ၊ တစ်ကိုယ်တည်း ပြောဟန်ဖြင့် ရေရွတ် လိုက် တော့သည်။
ဤအခိုက်တွင် သာမန်ထက် ထူးခြားသော အသွင်ဖြင့်၊ လူလတ်ပိုင်း တစ်ဦး စင်မြင့်ပေါ် တက်လာပြီး၊ လက် နှစ်ဖက်အား ဝှေ့ရမ်းကာ၊
“ ငါ့ နာမည်က လုယွီပါ၊ ဒီလေလံ ပွဲရဲ့ အိမ်ရှင်ပဲ၊ လူကြီး မင်းတို့ အားလုံး စောင့်နေ ရတာ ကြာပြီလို့ ထင်တယ်၊ စကားတွေ ရပ်ပြီး၊ အခုပဲ ‘စ’ လိုက်ရအောင်။ ”
ထို့နောက်တွင် အစေခံ တစ်ဦးက လျှပ်စီးများ တဖျပ်ဖျပ် လက်နေသော အစိုင်အခဲ တစ်ခုကို စင်မြင့်ပေါ်၊ ယူဆောင် လာခဲ့သည်။
“ လျှပ်စီး ငါးပါး သလင်းကျောက်။ ”
၎င်းကို လူအုပ်ကြီးက ချက်ချင်း သိရှိ သွားကာ၊ စိတ် လှုပ်ရှား နေသော အသံဖြင့် အော်ဟစ် လာသည်။
လျှပ်စီး သလင်းကျောက် များမှာ၊ ထူးခြားသော အသွင် ရှိသည့် ကျောက်တုံး တစ်တုံး ဖြစ်၏။
ကျောက်တုံး၌ အစွန်း ငါးခု ပါရှိပြီး၊ တစ်ခုစီတွင် မတူညီသော အရောင်များ ပါရှိ ချေသည်။ ဤသည်မှာ သဘာဝ အတိုင်း ဖြစ်ပေါ် နေသော သလင်းကျောက် ဖြစ်၏။
လှပသော အသွင် အပြင် ရှိရုံသာ မက၊ အစွမ်း ထက်သော အရည် အသွေးလည်း ရှိချေ ပြီ။
၎င်းကို ဝိညာဉ် ရေးရာ ပစ္စည်းများ သန့်စင် ရာ၌ လည်းကောင်း၊ စကြ၀ဠာ လက်နက်များ အဆင့် မြှင့်တင် ရာ၌ လည်းကောင်း၊ အသုံးပြု နိုင်၏။
ဝိညာဉ် ရေးရာ ဆရာ သခင်များ အမြင်တွင်၊ ရှားပါး ရတနာ တစ်ပါး ဖြစ်ပြီး၊ ကျင့်ကြံ သူများ အတွက်မူ၊ လျှပ်စီး စွမ်းအင် ဖြစ်သည်။
သာမန် အားဖြင့် လျှပ်စီး ငါးပါး သလင်းကျောက် များမှာ၊ လက်သည်းခွံ အရွယ် မျှသာ ဖြစ်ပြီး၊ ၎င်းထက် ပိုကြီးသော အရွယ် အစားများ တွေ့ရှိရန် ရှားချေပြီ။
“ ဒါက အဆင့်တန်း မြင့်တဲ့၊ သလင်းကျောက် မျိုးပဲ။ ”
လျှပ်စီး စွမ်းအင်မှာ၊ လူတိုင်း နီးပါး အသုံးဝင်ကြ သဖြင့်၊ ဆွေးနွေး သံများ ချက်ချင်း ညံလာ တော့သည်။
“ ဖျောက် ... ။ ”
တက်ကြွ လာသော အကြည့် များစွာကို အကဲခတ် လိုက်ပြီး၊ လုယွီက လက်ဖြင့် ချေမွ ပစ်၏။
ဤမျှ အဖိုး တန်သော ရတနာအား အမှုန့် အဖြစ်သို့၊ ပြောင်းလဲ လိုက် သဖြင့်၊ နှလုံးသား များ နာကျင် ကုန်သည်။
လင်းယွန်ပင် ပါးစပ် ဟောင်းလောင်း ပွင့်သွား၏။ လျှပ်စီး ငါးပါး သလင်းကျောက်မှာ၊ လျှပ်စီး ပုတီးစေ့နှင့် မယှဉ်နိုင် သော်လည်း၊ ၎င်းတွင် သန့်စင်သော စွမ်းအင်များ ပါရှိသည်။
လုယွီက ရယ်မော လိုက်ပြီး၊ အရောင် အသွေး ငါးမျိုး ရှိသည့်၊ ထိုအမှုန့် များကို၊ ပက်ဖြန်း ပစ်လိုက်သည်။
အမှုန့်များ လွင့်စင် သွားသည်နှင့်၊ လေထဲ၌ ထောင်နှင့် ချီသော လျှပ်စီး မြွေများကို မြင်လိုက် ရသည်။
အမှုန့်များ လွင့်ပါး သွားမှသာ၊ ထိုသို့ ခမ်းနား ထည်ဝါသော မြင်ကွင်းများ၊ ပျောက်ကွယ် သွား တော့၏။
“ ဟား ဟား ဟား၊ ငါတို့ရဲ့ ပထမဆုံး ပစ္စည်းက တကယ်ပဲ လျှပ်စီး ငါးမျိုး သလင်းကျောက်ပါ၊ ဒါပေမယ့် ဒီတစ်ခုတော့ မဟုတ်ဘူး။ ”
လုယွီက မှော်ဆန်သော အဖွင့်ဖြင့် လေလံပွဲကို စတင် လာပြီး၊ ထိတ်လန့် တုန်လှုပ် ကုန်သော မျက်နှာ များကို ကြည့်ကာ၊ ကျေနပ် သွားသည်။
ထို့နောက် လက်ဖျောက် တစ်ချက် တီးလိုက်ကာ၊ တစ်စုံ တစ်ရာအား ထုတ်ယူ လိုက်၏။
စူးရှ တောက်ပသော အလင်း တန်းများ ထွက်ပေါ် လာပြီး၊ ရင်ပြင် တစ်ခုလုံး အပေါ်၊ ဖုံးအုပ် သွားသည်။
ကလေးငယ် တစ်ဦး၏၊ လက်သီးဆုပ် အရွယ်ရှိ၊ လျှပ်စီး ငါးပါး သလင်းကျောက် ဆယ်ခု ဖြစ်လေသည်။
ယင်းကြောင့် လူအုပ်မှာ ခေါင်းများ မော့လျက်၊ မတ်တပ် ထရပ်လာ ကြသည်။ လုယွီက ပြုံးလိုက်ပြီး၊
“ အဖွင့် လေလံ စျေးက၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀,၀၀၀) ဖြစ်ပြီး၊ တစ်ကြိမ်ကို (၁၀,၀၀၀) တိုး ရမယ်၊ ကန့်သတ် ချက်က (၃၀၀, ၀၀၀) ဆိုတော့ အခုပဲ စလိုက် ကြရအောင်။ ”
သာမာန် ရတနာ တစ်ပါးမှာ၊ ကြမ်းခင်း စျေးထက် ဆယ်ဆ အထိ မရောက် နိုင်သော် လည်း၊ သလင်းကျောက်၏ ကန့်သတ် ချက်ကို ဆယ်ဆ အထိ သတ်မှတ် ထားခဲ့သည်။
သလင်းကျောက် ပိုင်ရှင်မှာ၊ သူ့ ရတနာ အပေါ်၊ ယုံကြည်မှု မည်မျှ ရှိကြောင်း မည်သူ မဆို ပြောပြ နိုင်သည်။
သူ တွက်ဆ ထားသလိုပင်၊ လျှပ်စီး ငါးပါး သလင်းကျောက် အသွင် အပြင် ကြောင့်၊ လေလံ ပွဲမှာ ချက်ချင်း အသက် ဝင်လာ ၏။
“ ၂၀,၀၀၀ ... ”
“ ၃၀,၀၀၀ ... ”
“ ၅၀, ၀၀၀ ... ”
“ ၁၅၀,၀၀၀ ... ”
“ ၂၀၀၀,၀၀၀ ... ”
မျက်စိတစ်မှိတ် အတွင်း မှာပင်၊ လေထု အတွင်း ယမ်းမှုန့်များ လောင်ကျွမ်း နေသကဲ့သို့၊ ပွက်ပွက်ဆူ လာသည်။
လျင်မြန်သော အဟုန်ဖြင့် မြင့်တက် လာသည့် စျေးနှုန်းကြောင့်၊ လုယွီက ပြုံးရယ် လိုက်၏။
(၂၅၀,၀၀၀)သို့ ရောက်သော အခါ၊ ထိုအဟုန်မှာ အနည်းငယ် လျော့ကျ သွားသည်။
တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၂၅၀,၀၀၀) ဟူသော စျေးနှုန်းမှာ၊ ကောင်းကင် အထိ မြင့်တက် နေပြီ ဖြစ်သည်။
ကန့်သတ်ချက် နီးကပ်လာ သည်နှင့် အမျှ၊ လူအုပ် ကြီးမှာ၊ များစွာ သတိထား လာကြ လေ သည်။
အဆုံးတွင် (၃၀၀,၀၀၀) သို့ ရောက်ရှိ သွားသော အခါ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ကျ သွားတော့၏။
ဤသည်မှာ မျိုးနွယ်စု အသီးသီး၏ ထက်မြက်သူ များပင်၊ အလွယ် တကူ မသုံးစွဲ နိုင်လောက်အောင် မြင့်မားသော စျေးနှုန်း ဖြစ်သည်။
သုံးစွဲခဲ့ လျှင်ပင် တစ်စုံ တစ်ယောက်၏ ကိုယ်စား လေလံ ဆွဲနေ ခြင်းသာ ဖြစ်ချေမည်။
“ ၃၁၀,၀၀၀ ... ”
အားလုံး စောင့်မျှော် နေချိန်တွင်၊ အသံ တစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်၏။ ထို့ ကြောင့် လူအုပ် ကြီးမှာ၊ အသံ အရင်း အမြစ်ထံ ချက်ချင်း လှည့်ကြည့် လာတော့သည်။
***