ဓားအလင်း။
Vol. 48 Ch. 666
ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားပြီး၊ အသံ ပိုင်ရှင် ထံသို့၊ လူတိုင်း လှည့်ကြည့် လိုက်မိ သည်။
သူတို့ မျှော်လင့်ချက် များနှင့်၊ ဆန့်ကျင်ဘက် ဖြစ်သော (၁၇-၁၈) အရွယ်၊ လူငယ် တစ်ဦးအား တွေ့လိုက် ရ၏။
ထိုလူငယ်မှာ မိုးပြာရောင် ဝတ်ရုံကို သေသပ်စွာ ဆင်မြန်း ထားပြီး၊ ဓားသေတ္တာ တစ်လုံး ထမ်းပိုး ထားသည်။
၎င်းအသွင်အရ၊ ဓားသမား တစ်ဦး အဖြစ် ယူဆ နိုင်ကာ၊ အထွတ် အထိပ် ယန် အဆင့်သို့ ခြေ တစ်လှမ်း နင်းရုံ မျှသာ ရှိနေ သေး၏။
ဤမျှဖြင့် ကန့်သတ် ချက်ကို ချိုးဖျက်ရန်၊ သတ္တိ ရှိနေ သည်မှာ မယုံဖွယ် ပေပင်။ ထို့ပြင် အပြင်လူ တစ်ဦး အနေဖြင့်၊ ကောင်းကင် တောင်ကုန်း မြို့ အပေါ်၊ အထင် သေး လွန်းရာ ရောက်ပေပြီ။
အတွေး မျိုးစုံ ဖြစ်ပေါ် လာကြပြီး၊ လင်းယွန်၌ ဝိညာဉ် ကျောက်စိမ်းပင်၊ အလုံ အလောက် မရှိဟု၊ သံသယ ဝင်လာ ကြ၏။
အဓိက မျိုးနွယ်စု လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်း တို့မှာ၊ ဤသို့သော သံသယ အတွေးများ၊ အပြင်းထန်ဆုံး ပေပင်။
ရှောင်တျဲဟီ ပင်လျှင် ရယ်မော လိုသော မျက်ဝန်း များဖြင့် လှမ်းကြည့် လာ၏။ ဤလင်းယွန် အနေဖြင့်၊ သေမင်း လေလံကို၊ လွန်ခဲ့သော ရက် အနည်း ငယ်က၊ တွေ့ဆုံပွဲ အဖြစ် ထင်နေပုံ ရသည်။
ချင်ရို့ယူက အံ့သြသွား သော်လည်း၊ စိတ်မဝင်စား ဟန်ဖြင့်၊ ပြန်လည် တည်ငြိမ် သွားခဲ့ သည်။
ဓါးကျွန်မှာ အာရုံ စူးစိုက်မှုကို လိုချင်သော လူပြက် တစ်ယောက် မျှသာ ပေပင်။
အဆုံးတွင် လင်းယွန်ကြောင့်၊ အနှောက် အယှက် မဖြစ် လိုချင် သောကြောင့်၊ လျစ်လျူရှု လိုက်သည်။
လူတိုင်း၏ အကြည့်များ၊ သူ့ အပေါ်၊ ကျဆင်း လာချိန်၌၊ စင်မြင့် ပေါ်ရှိ လုယွီကို လင်းယွန်က တည်ငြိမ်စွာ လှမ်းကြည့် နေသည်။
လျှပ်စီး ငါးပါး သလင်း ကျောက်ကို တွေ့မြင်ပြီး နောက်တွင်၊ ၎င်းအား သဘာဝ အတိုင်း မစွန့်လွှတ် နိုင်ချေ။
သလင်းကျောက် မှာ၊ မိုးပြာ နဂါး မူလ ပုံစံကို၊ အထွတ် အထိပ် တတိယ အဆင့်သို့ တွန်းပို့ နိုင်ကြောင်း၊ ခံစား မိသည်။
“ မင်းက (၃၁၀, ၀၀၀) လို့ ခေါ်နေ တာလား။ ”
လုယွီက မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။ သူတွင် လင်းယွန် အပေါ် အကောင်းမြင် စိတ်မရှိချေ။
ဤမျှသော ဝိညာဉ် ကျောက်စိမ်း ပမာဏအား၊ လင်းယွန် တစ်ယောက် သုံးစွဲ နိုင်မည် မဟုတ်ဟု၊ သံသယ ဝင်မိ၏။
ယင်းကို ဂိုဏ်းကြီး တစ်ဂိုဏ်း၊ သို့မဟုတ် မျိုးနွယ်စု တစ်ခု သည်သာ သုံးစွဲ နိုင်သည်။ ခရီးသွား တစ်ယောက် အနေဖြင့်၊ ကြွယ်ဝ နေလိမ့် မည်ဟု ယုံကြည်ချေ။
“ ငါ့ ဘေးမှာ တခြား တစ်ယောက်၊ ရပ်နေ တာကို မင်းမြင်လား၊ ငါက (၃၁၀,၀၀၀) ဆိုရင် (၃၁၀,၀၀၀) ပေါ့။ ”
လင်းယွန်က ပြတ်သား စွာဖြင့်၊ ပြန်ဖြေ လိုက်သည်။
“ စည်းကမ်း တွေကို မင်း သိလား၊ မင်းစကား တွေကို ရပ်ပြီး၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၃၀၀,၀၀၀) ကို အရင် ထုတ်ပြပါ၊ မဟုတ်ရင် ငါ မင်းကို ချက်ချင်း ဆွဲထုတ် ရလိမ့်မယ်။ ”
လုယွီက အေးစက်စွာ ဆိုသည်။
“ မင်း မှန်တယ် ... ၊ ငါ့မှာ တတိယတန်း ဝိညာဉ် ကျောက်စိမ်း မရှိဘူး … ”
လင်းယွန်၏ တုန့်ပြန် စကားကြောင့်၊ လုယွီ အကြည့်များ အေးစက် သွားကာ၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ထုတ်ဖော် လာသည်။
“ ဒါပေမယ့် ငါ့မှာ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း တွေတော့ ရှိပါတယ်။ ”
သိုလှောင်အိတ်ကို ပုတ်ပြီး ပြုံးကာ ဆိုလိုက်သည်။ နောက် မကြာခင် စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း (၃၁၀၀) တိတိ ထွက်ပေါ် လာ၏။
မြောက်ပင်လယ်၌ အင်ပါရီယန် ပုလဲနှင့်၊ ကြယ်ပုလဲ ငယ်ပေါင်း တစ်သောင်း ရရှိ ခဲ့သည်။ အင်ပါရီယန် ပုလဲမှာ သတ္တမတန်း ဝိညာဉ် ကျောက်စိမ်း ဖြစ်ပြီး၊ သာမန် ကြယ်ပုလဲငယ် များမှာ၊ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်းများ ဖြစ်၏။
စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်းသည်၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ရာနှင့် ညီမျှပြီး၊ လူတိုင်း လဲလှယ် လိုစိတ် ရှိချေသည်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ၌ပင်၊ အမည်ခံ အုပ်စိုးရှင် များ၏ အမာခံ တပည့် များသာ ကိုင်ဆောင် နိုင်၏။
ထို့ကြောင့် စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း (၃,၁၀၀)၊ လူတိုင်းရှေ့ ထွက်ပေါ် လာသော အခါ၊ တုန်လှုပ် ကုန်ကြ သည်။
လုယွီက အပြုံးဖြင့် လျင်မြန်စွာ ပျံသန်း လာပြီး၊ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်းများ အားလုံးကို သိမ်းယူကာ၊
“ ဟား ... ဟား ... ဟား၊ အဲဒီ အတွက် တောင်းပန် ပါတယ်၊ ဒီမှာ လျှပ်စီး ငါးပါး သလင်းကျောက၊ လောလောဆယ် ဒါကို မင်း ပိုင်တယ်။ ”
လုယွီသည် စီးပွားရေး သမား တစ်ဦး ဖြစ်သောကြောင့်၊ ခံစားချက် အတက် အကျမှာ၊ ငွေကြေးပေါ် မူတည် ပြောင်းလဲ ချေသည်။
လျှပ်စီး ငါပါး သလင်းကျောက် အိတ်ကို အပြုံးဖြင့် လွှဲပေး လိုက်၏။
သူ့ အပြုအမူ များက လင်းယွန် အတွက်၊ အနှောက် အယှက် မဖြစ်ချေ။ လုယွီ မတိုင်မီ၊ သူဌေး တုံကို ကြုံထား ဖူးပြီ ဖြစ်သည်။
“ ဒီရတနာက ကန့်သတ်ချက်ကို ချိုးဖျက် ပြီမို့၊ ပြိုင်ချင်တဲ့ သူတွေ ရှိသေးလား။ ”
လုယွီက သူ့အကြည့် များကို လူအုပ်ထံ ဝေ့လိုက်သည်။ တစ်စုံ တစ်ယောက် စိတ်ဝင်စား လာမည့်ကို သူ သိ၏။
“ ငါ ရှိ တယ် ... ။ ”
ရုတ်တရက် ရှေ့သို့ လူငယ် တစ်ယောက် ဆင်းသက် လာပြီး၊ ပြတ်သားသော အသံဖြင့် ဆိုလာသည်။
ထိုလူငယ်မှာ လှံတစ်စင်းကို နောက်တွင် ပိုးလွယ် ထားပြီး၊ ထူးခြားသော ဝတ်ရုံ ဆင်မြန်း ထား၏။
အထွတ် အထိပ် ယန် အဆင့်တွင် ရှိပြီး၊ မကြာမီ ယင်-ယန် အဆင့်သို့ တက်လှမ်း နိုင် တော့မည့် အသွင် ရှိသည်။
သူ့ အရှိန် အဝါမှာ ဂျီယံထက် အားကောင်း ချေ၏။ တစ်ချက် ကြည့်ရုံဖြင့် ထက်မြက်သော လူငယ် တစ်ဦးမှန်း သိသာ သည်။
“ ဒါ ... ဖိန်းရွှမ် ။ ”
“ ကောင်းကင် တိမ်လွှာ ဂိုဏ်းရဲ့ ဖိန်းရွှမ်ပဲ။ ”
“ ယင်-ယန် အဆင့်က၊ အကြီးအကဲ တွေတောင်၊ သူ့လက်မှာ ဆယ်ကြိမ် ထက် မပို ခဲ့ဘူး။ ”
“ အသက် (၁၉) နှစ်နဲ့၊ ဒီလောက် သန်မာ နေတာ သူ့ အနာဂါတ်က အကန့် အသတ် ရှိမှာ မဟုတ်ဘူး။ ”
ဖိန်းရွှမ်မှာ ကောင်းကင် တောင်ကုန်း မြို့၌၊ ကျော်ကြားသော လူငယ် တစ်ဦး ဖြစ်ပြီး၊ လူအများ၏ အသိ အမှတ် ပြုမှုကို ခံထား ရသည်။
“ ဒီမှာ ... ။ ”
ဖိန်းရွှမ်က သိုလှောင်အိတ် တစ်လုံးအား လုယွီကို ကမ်းပေး လိုက်၏။ အိတ်ကို လက်ခံ ယူပြီး မျက်လုံး ဝေ့ကြည့်ကာ၊
“ ဘယ်သူ ရှိသေးလဲ ။ ”
-ဟု ထပ်မံ မေးမြန်း လိုက်လေသည်။
ဖိန်းရွှမ်ကြောင့် အများ စုမှာ၊ ခေါင်းယမ်း သွားပြီး ငြိမ်သက် ကုန်ကြ၏။ ကောင်းကင် တိမ်လွှာ ဂိုဏ်း ဟူသည်၊ ဒေသခံ မြွေ တစ်ကောင် ဖြစ်သဖြင့်၊ ဖိန်းရွှမ်ကို မျက်နှာသာ ပေးရန်၊ တွန့်ဆုတ်ခြင်း မရှိကြချေ။
“ ကောင်းပြီ၊ မင်းတို့ နှစ်ယောက်က အသက်-သေခြင်း ဆိုင်ရာ သဘော တူညီ ချက်ကို လက်မှတ် ရေးထိုး ထားပြီး ဖြစ်လို့ အရှုံး မပေးမချင်း ကြိုးစားခွင့် ရှိတယ်၊ ... ”
“ ... ဒါပေမယ့် ရတနာ တွေက ဆွဲဆောင်မှု ရှိနေ ရင်တောင်၊ အသက် ရှင်ဖို့ ပို အရေးကြီး တယ်ဆိုတာ သတိရပါ။ ”
လုယွီက လင်းယွန်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူက လင်းယွန်ကို သတိပေး နေကြောင်း၊ သိသာ ချေ၏။
သတိပေး စကား ပြောပြီး သည်နှင့် ကောင်းကင်ပေါ် ခုန်တက် ထွက်ခွာ သွားတော့ သည်။
ထို့နောက် စင်မြင့် ထက်၌ အစီရင် အသက်ဝင် လာပြီး၊ ချက်ချင်း ပြိုင်ပွဲ စင်မြင့် အသွင် ပြောင်းလဲ သွား၏။
“ ကောင်းကင် တောင်ကုန်း မြို့၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း၊ ဖိန်းရွှမ်။ ”
“ မဟာချင် အင်ပါယာ၊ ဓားနန်းတော်၊ လင်းယွန်။ ”
လင်းယွန်က သူ့ကိုယ်သူ ပြန်လည် မိတ်ဆက် ပေးလိုက်သည်။ ထို့ကြောင့် ဖိန်းရွှမ် မှာ၊ အထင် အမြင် သေးဟန်ဖြင့်၊
“ ငါ ... မင်းကို အနိုင်ကျင့် နေတယ်လို့ မပြော ရအောင်၊ မင်းကို အရင်ဆုံး တိုက်ခွင့် ပြုပါမယ်၊ မဟုတ်ရင် သုံးကြိမ် အတွင်း၊ မင်း ရှုံးနိမ့် ရလိမ့်မယ်။ ”
စကားဆုံး သည်နှင့်၊ ကျောပေါ်ရှိ လှံကို ဖြုတ်ယူ လိုက်ရာ သိပ်သည်းသော အရှိန် အဝါ တစ်ခု ထွက်ပေါ် လာသည်။
လက်ကောက် ဝတ်ကို လွှဲယမ်း လိုက်ချိန်၌၊ ထိုအရှိန် အဝါမှာ လှံဖျားသို့ လာရောက် စုရုံး တော့၏။
“ မင်း အရင် လာပါ၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းရဲ့ ပါရမီရှင်က သုံးကြိမ် အတွင်း၊ ငါ့ကို ဘယ်လို အနိုင်ယူ မလဲ ဆိုတာ မြင်ပါ ရစေ။ ”
ဖိန်းရွှမ်၏ လှံအရှိန် အဝါ အပေါ်၊ တုံ့ပြန်သော အနေဖြင့်၊ ပန်းသင်္ချိုင်း ဓား ထံမှ မြည်သံ ပြု လာစဉ်၊ လင်းယွန်က ပြန်လည် ဖိတ်ခေါ် လိုက်သည်။
“ မင်း ဆန္ဒ အတိုင်း ... ။ ”
လက်ထဲက လှံကို ချိန်ဆလျက်၊ ဖိန်းရွှမ်၏ မျက်လုံးများ အေးစက်စွာ တောက်ပ သွားသည်။
“ ဟိတ် ... ။ ”
ထို့နောက်တွင်၊ လှံ သွားရာ လမ်းကြောင်း တစ်လျှောက်ရှိ၊ အရာ အားလုံး ရပ်တန့်သွား သကဲ့သို့၊ မြင်ကွင်း တစ်ခု ဖြစ်ပေါ် လာ၏။
လင်းယွန်ထံ လှံ မရောက်မီ၊ လေထုက ဦးစွာ ဝင်ရောက် လာသည်။ ထိုလေထုကြောင့် စင်မြင့် တစ်လုံး တုန်လှုပ် သွားပြီး၊ မြင်ကွင်း တစ်ခုလုံး မှုန်ဝါး လာ၏။
လူတိုင်းက သနား စိတ်ဖြင့် ခေါင်းယမ်း လိုက်ကြသည်။ နောက်ဆုံးတွင် စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း (၃၁၀၀)မှာ၊ ရေမြောင်းထဲ ကျသွားပြီ ဖြစ်သည်။
ကောင်းကင် တိမ်းလွှာ ဂိုဏ်း၏၊ လှံနည်း စနစ် များမှာ၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်းသည်။ သူတို့ အရှိန် အဝါ များကို၊ လှံဖြင့် (၁၀) နှစ်ကြာ ပေါင်းစပ် ကျင့်ကြံ ကြသည်ဟု ဆို၏။
ထို့ကြောင့် ဤတိုက်ခိုက် မှုမှာ၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို မှန်းဆ နိုင်သည်။ သို့မဟုတ် ပါက ကောင်းကင် တောင်ကုန်း မြို့ရှိ၊ ၎င်းတို့ ဂိုဏ်းမှာ၊ နှင်ထုတ် ခံရမည် ဖြစ်သည်။
ဖိန်းရွှမ် ဟူသည် တပည့်များ ကြား၌ပင်၊ ထင်ပေါ် ကျော်ကြားသော ပါရမီရှင် တစ်ဦးဟု ဆိုနိုင်၏။ လင်းယွန် မဆိုနှင့် ယင်-ယန် အဆင့် အကြီးအကဲ များပင်၊ သူ့ လှံကို မခံယူ ဝံ့ချေ။
“ အရမ်း မိုက်တယ် …။ ”
ဂိုရှုနှင့် ယန်းဖန်၏ မျက်နှာ များမှာ၊ ဤမြင်ကွင်းကြောင့် ထိတ်လန့်စွာ ပြောင်းလဲ သွားသည်။
သို့သော် လင်းယွန် ထံမှ ဓားမြည်သံ တစ်သံ ထွက်ပေါ် လာပြီး၊ ထူးထူး ဆန်းဆန်း မြင်ကွင်း တစ်ခု ဖြစ်ပွား လာတော့သည်။
အဆုံး မရှိသော ဓား တစ်လက်က၊ အိုင်းရစ်ပန်း ပုံ ကောက်ကြောင်းနှင့် ပေါင်းစပ် သွားပြီး၊ လှံကို ဟန့်တား လိုက်သည်။
၎င်းဟန့်တား မှုကြောင့်၊ ဖိန်းရွှမ်မှာ နောက်ထပ် မရွေ့နိုင် တော့ဘဲ၊ လေထဲ ရပ်တန့် သွားပြီး၊ ပြန်ဆွဲ မရ တော့ချေ။
“ သေ ... စမ်း ။ ”
ထို့ကြောင့် မူလ စွမ်းအင်များ အားလုံး၊ အကုန်အစင် လောင်းထည့်ကာ၊ လှံကို ရှေ့ဆက် တွန်းထည့် လိုက်သည်။
“ ငါ့ ဓားအရှိန်အဝါ ကိုတောင်၊ မင်း မချိုး နိုင်ပဲနဲ့၊ ငါ့ကို သုံးကြိမ် အတွင်း အနိုင်ယူ ‘ချင်’ နေတာ လား၊ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီး၊ အထင်သေး စွာဖြင့်၊ ဆိုလိုက်သည်။ ပန်းသင်္ချိုင်း ဓား ထံမှ၊ စူးရှသော အလင်းတန်း တစ်ခု လျင်မြန်စွာ ပြေးထွက် သွားသည်။
ထိုအလင်းတန်းက တစ်ဖက် လူ၏ လှံကို ဖြတ်ကျော်ကာ၊ ရင်ဘတ်ပေါ် ကျရောက် သွား လေသည်။
“ မင်း … ။ ” ရင်ဘက် ပေါ်ရှိ အခိုး အငွေ့ များကို ငုံကြည့်ပြီး၊ ဖိန်းရွှမ် တစ်ယောက် ဒေါသ ထွက် လာ၏။
ထို့ကြောင့် ရှေ့ တစ်လှမ်း တိုး တော့မည့် အချိန်တွင်၊ လင်းယွန်က ပန်းသင်္ချိုင်းဓားကို ဆွဲထုတ်ပြီး၊ ခုတ်ပိုင်း လာလေသည်။
ဖိန်းရွှမ်၏ ညာဘက် ခြေထောက် ရှေေ့ ကြမ်းပြင်၌၊ ပြတ်ရှရာ တစ်ခု နက်ရှိုင်းစွာ ထွက်ပေါ် လာ ခဲ့သည်။
“ ရတနာ တွေက တန်ဖိုး ရှိပေမယ့်၊ မင်း အသက်ကို မြတ်နိုးတာ ပိုကောင်း ပါတယ်။ ”
လင်းယွန်မှ ပေါ့ပေါ့ ပါးပါးပင်၊ ဆိုလိုက်သည်။ ဖိန်းရွှမ်က လင်းယွန်အား မော့ကြည့် လိုက်ရာ၊ လက်၌ ဓား မရှိတော့ သည်ကို သတိထား မိလိုက်သည်။
ဆိုလို သည်မှာ ပြိုင်ဘက် ဓားကို သူ မမြင်နိုင်ချေ။ ထို့ကြောင့် ကျောရိုး တစ်လျှောက် အေးစက်သော ခံစားချက်များ ဝင်ရောက် လာသည်။
“ အခု ... ငါ ပိုင်ပြီ ထင်တယ်။ ”
လင်းယွန်က လုယွီကို ပြန်လှည့် ကြည့်ကာ၊ ဆိုလိုက်သည်။ မှင်တက် နေရာမှ သတိ ဝင်လာ ဟန်ဖြင့်၊ လုယွီက ခေါင်းညိတ် ပြ၏။
“ မိတ်ဆွေလေး ... မင်း ဘယ်သူလဲ။ ”
“ မဟာချင် အင်ပါယာက၊ အရေး မပါတဲ့ လူ တစ်ယောက်ပါ။ ”
စကားဆုံး သည်နှင့်၊ ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ထိုင်ခုံ ဆီသို့ ပျံသန်း သွား တော့သည်။
***