ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး။
Vol. 48 Ch. 667
ဓားပင် အကုန် အစင် မဆွဲလိုက် ရဘဲ၊ အနိုင်ယူ သွားသော လင်းယွန်ကို မယုံကြည် နိုင်ကြ သေးချေ။
ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ တပည့် တိုင်းမှာ၊ ၎င်းတို့၏ လှံအရှိန် အဝါကို ဆယ်စုနှစ် တစ်ခုကြာ၊ သိပ်သည်း ထားကြသည်။
ထို့ကြောင့် ထုတ်လွှတ် လိုက်သည်နှင့်၊ ပြိုင်ဘက် အပေါ် အငိုက်ဖမ်း တိုက်ခိုက် နိုင်ချေ ၏။
အဆုံးတွင် တစ်ဖက် လူအား၊ ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေခြင်း သို့မဟုတ် သေဆုံး ခြင်းပင် ဖြစ်စေ နိုင်သည်။
လင်းယွန် ကျင့်ကြံ မှုမှာ၊ ဖိန်းရွှမ်ထက် နိမ့်ကျ သဖြင့်၊ ယုတ္တိဗေဒ နည်းအရ ပြောရ ပါလျှင်၊ ဒဏ်ရာ ရရှိ သင့် လေသည်။
အထူး သဖြင့် ဖိန်းရွှမ် တိုက်ခိုက် မှုမှာ၊ ရင်သပ် ရှုမောဖွယ် ကောင်းလှပြီး၊ အရာ အားလုံး ကို၊ ဖျက်ဆီး ပစ်နိုင်၏။
သို့သော် လင်းယွန် အရှိန်အဝါ ကိုပင်၊ ပြိုကျအောင် မလုပ်နိုင် ခဲ့ချေ။ ယင်းအစား ဓားဆွဲ ရုံဖြင့်၊ ဟန့်တား နိုင်ကာ၊ အပြည့် အဝ ထုတ်ဖော် လိုက်ချိန်၌၊ သူ၏ တိုက်ပွဲဝင် ဆန္ဒများ ပျောက်ကွယ် သွား စေသည်။
သူတို့ နှစ်ဦးမှာ၊ တူညီသော အဆင့် ၌ပင် မရှိကြောင်း ပြသ နေ၏။ ထို့ကြောင့် ကောင်းကင် တိမ်လွှာ ဂိုဏ်း ထံမှ၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ပျံ့လွင့် လာသည်။
ကောင်းကင် တောင်ကုန်း မြို့၏၊ အသန်မာဆုံး ဂိုဏ်း အနေဖြင့် ဤသို့သော အရှက်ရ မှုမျိုး မကြုံ ဖူးချေ။
သူတို့ ပါရမီ ရှင်မှာ၊ ရှုံးနိမ့် ရုံသာ မကဘဲ၊ အရှက် ရဖွယ် အသွင်ဖြင့်၊ အဆုံးသတ် ခဲ့ရ သည်။
“ လေလံပွဲ ပြန်စမယ်။ ”
လုယွီက လင်းယွန်ကို တစ်ချက် လှမ်းကြည့်ပြီး၊ လက် ဝှေ့ယမ်းကာ ရတနာ ပစ္စည်းအား ထပ်မံ ထုတ်ယူ လိုက်သည်။
ကောင်းကင်၌ နဂါး ကိုးကောင် ထွက်ပေါ်လာကာ၊ အေးစက်သော ရောင်ဝါများ ထုတ်လွှတ် လာ၏။
တစ်ချိန်တည်း မှာပင်၊ ရေခဲ အလွှာ တစ်ခုက ကြမ်းပြင်ပေါ် တဖျစ်ဖျစ် ဖုံးလွှမ်း သွားပြီး၊ လေထုကို အေးခဲ ပစ်လိုက် လေသည်။
ကြည့်နေ ဆဲတွင် နဂါးများ ပျောက်ကွယ် ကုန်ကာ၊ ဆေးလုံး တစ်လုံး အဖြစ် ပေါင်းစပ် သွား တော့၏။
“ ဒါက ... ရေခဲ အင်ပါယာ ဆေးလုံးပဲ၊ စတုတ္ထ အဆင့်မှာ ရှိတယ်၊ ဒီဆေးလုံးမှာ နဂါး တစ်ကောင် ရှိရင်၊ အဆင့်မြင့် ဆေးလုံး အဖြစ် သတ်မှတ်တယ်၊ ... ”
“ ... နဂါး ကိုးကောင် ပါပြီး နောက်တော့ ပြောစရာ မလို တော့ပါဘူး၊ အထွတ် အထိပ် စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာသခင် တစ်ဦး အနေ နဲ့တောင်၊ ... ”
“ ... သန့်စင်ဖို့ အတွက်၊ (၁၀)နှစ် အနည်းဆုံး အချိန်ပေး ရတယ်၊ သူ့ရဲ့ ကြမ်းခင်း စျေးက တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀,၀၀၀) ကန့်သတ်ချက်က (၁၀၀,၀၀၀) ပဲ။ ”
ထိုစျေးမှာ လျှပ်စီး ငါးပါး သလင်းကျောက် ထက်၊ သက်သာ သော်လည်း လူအများ အမြင်၌ ရတနာ တစ်ပါး ဖြစ်နေမြဲ ဖြစ်သည်။
သို့သော် ချင်ရို့ယူကို လှမ်းကြည့် လိုက်ပြီး၊ မည်သူမျှ စတင် လာခြင်း မရှိ သေးချေ။ အလင်း အမှောင် လမင်း သုတ္တန်မှာ၊ ရေခဲ စွမ်းအင်ကို ကျင့်ကြံခြင်း ဖြစ်ကြောင်း၊ သိရှိ ထား ကြသည်။
ချင်ရို့ယူသာ လိုချင် ပါက၊ ကောင်းကင် တောင်ကုန်း မြို့၏ အဓိက မျိုးနွယ်စု လေးခု အပါအဝင် မည်သူမျှ၊ သူမနှင့် ယှဉ်ပြိုင်မည် မဟုတ်ချေ။
အချိန် အတော် ကြာသည် အထိ၊ ပြောင်းလဲခြင်း၊ မရှိသော အမူ အရာကြောင့်၊ စိတ်မဝင် စားမှန်း သိလာ ကြသည်။
“ ၅၀၀၀၀ ... ”
“ ၇၀၀၀၀ ... ”
“ ၈၀၀၀၀ ... ”
ထို့ကြောင့် အလွန် လျင်မြန် စွာဖြင့်၊ စျေးနှုန်းမှာ မြင်တက် လာခဲ့ပြီး၊ (၈၀,၀၀၀) သို့ အရောက်တွင်၊
“ (၁) သိန်း ... ၊ ငါ ချန်ရှောင် ဒီဆေးလုံးကို လိုချင်တယ်။ ”
-ဟူသော အသံ ထွက်ပေါ် လာတော့သည်။
လူတိုင်း တိတ်ဆိတ် သွားပြီး၊ တွန့်ဆုတ် ကုန်ကြသည်။ ချန် မိသား စုမှာ ကောင်းကင် တောင်ကုန်း မြို့မှ၊ အထင်ကရ မိသားစု တစ်ခု ဖြစ်၏။
၎င်းတို့က 'ရေခဲ ကျောက်ဆောင် သုတ္တန်' ဟု၊ ခေါ်သော ရေခဲ စွမ်းအင်ကို ကျင့်ကြံပြီး၊ အလင်း အမှောင် လမင်း သုတ္တန် ကဲ့သို့ပင်၊ မိုးကြိုး စီရင်စု၌ ကျော်ကြား လှ၏။
ထို့ကြောင့် ချန်ရှောင် ဝင်ရောက် လာသော အခါ၊ လူတိုင်း စိတ်ပျက် လက်ပျက် သက်ပြင်းချ လိုက်ကြသည်။
“ ငါ့ အတွက် ... ၊ သွားယူ လိုက်ပါ။ ”
ချန်ရှောင်က သူ့အစား လူလွှတ် ယူခိုင်း လိုက်သည်။
စင်မြင့် ပေါ်ရှိ လုယွီက ဤဆေးလုံးမှာ ကန့်သတ် ချက်ကို ချိုးဖျက် နိုင်သည်ဟု၊ ယူဆ ထားရာ၊ ခေါင်းယမ်း လိုက်မိ၏။
နောက်ထပ် ရတနာ အချို့ မှာလည်း၊ အလားတူ အဖိုးတန် လှသဖြင့်၊ ရတနာတိုင်း နီးပါး ကန့်သတ်ချက်ကို၊ ချိုးဖြတ် သွားသည်။
ရတနာ ဓား တစ်လက် မှာမူ၊ လူ ငါးဦး ကန့်သတ် ချက်ကို ချိုးဖျက်ပြီး၊ သေမင်း လေလံ ပွဲ၏ အနှစ် သာရအား၊ ပြသ စေခဲ့သည်။
လျှပ်စီး ငါးပါး သလင်းကျောက်ကို ရရှိပြီး နောက်တွင်၊ စိတ်ဝင် စားဖွယ် မရှိတော့ သဖြင့်၊ လင်းယွန် တစ်ယောက် တိတ်ဆိတ်စွာ စောင့်ကြည့် နေမိသည်။
မျိုးနွယ်စုကြီး လေးခုနှင့်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းတို့မှာ၊ အချင်းချင်း ပြိုင်ဆိုင် ဝံ့ခြင်း မရှိ ကြပေ။
ဆိုလို သည်မှာ ၎င်းတို့ အနေဖြင့်၊ အချင်းချင်း သဘော တူညီချက်များ ရရှိ ထားခြင်း ဖြစ်ချေ မည်။
အင်အားစု တစ်ခု အနေဖြင့်၊ ရတနာ တစ်ပါးကို သဘောကျ သွားခဲ့သော်၊ ကျန်သူ များမှာ၊ ပေါ့ပေါ့ ပါးပါးပင် နောက်ဆုတ် ပေးမည် ဖြစ်သည်။
သတိကြီး စွာဖြင့် စျေးမြှင့် ကြပြီး၊ ကန့်သတ်ချက်ကို ချိုးဖျက်ရန် အတွက်မူ၊ မည်သူမျှ မရွေးချယ် ခဲ့ကြပေ။
လေလံပွဲ အရှိန် မြင့်လာ သော်လည်း၊ အများစုမှာ သူ့အတွက် အသုံး မဝင် လှသော ကြောင့်၊ ပျင်းရိ လာမိ၏။
ရုတ်တရက် လုယွီ တစ်ယောက် ရူရ် များဖြင့်၊ ရေးထွင်း ထားသော ရွှေရောင် ဘုံကျောင်းငယ် တစ်ခုအား၊ အားစိုက် ထုတ်ယူ လိုက်သည်။
ထို့ကြောင့် လူတိုင်း၏ အာရုံကို ချက်ခြင်း စွဲဆောင် သွားနိုင် ခဲ့သည်။
“ အဲဒါ ဘာလဲ ... ဘာလို့ ဒီလောက် လေးလံ နေရ တာလဲ။ ”
“ ဒီဘုံကျောင်းက ထူးခြားတဲ့ သမိုင်းကြောင်း ရှိပုံ ရတယ်။ ”
“ မင်း ... အရူးလား၊ ဘုံကျောင်းကို လေလံတင် စရာလား၊ သူ့ အထဲမှာ တစ်ခုခု ရှိလို့ နေမှာပေါ့၊ ဒီလို ဘုံကျောင်း ထဲမှာ ဘယ်လို ရတနာမျိုး ရှိမလဲ စဉ်းစားစမ်း ... ။ ”
စင်မြင့် ပေါ်၌ ဂရု တစိုက် နေရာချ ပြီးနောက် ပြုံးလျက်၊ ဘုံကျောင်း ဆောင်အား ဖွင့်လိုက် ၏။
ရွှေရောင် အဆင်းများ ဖြာထွက် လာပြီး၊ ပတ်ဝန်းကျင် အပူ ချိန်ကို ချက်ချင်း မြင့်တက် သွား စေသည်။
အဆုံးမဲ့ မီးပင်လယ် အတွင်း၊ တိုးဝင် မိသကဲ့သို့၊ လူတိုင်း၏ မျက်လုံးများ ရဲရဲနီ ကုန်သည်။
ဘုံကျောင်း ဆောင်ကို ပြန်ပိတ် လိုက် မှသာလျှင်၊ တောက်လောင် နေသော အပူမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။
“ ကောင်ကင်ဘုံ အလင်း အမှောင် ကျောက်တုံး။ ”
“ တကယ်ပဲ ... ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးပါ၊ ဒီလို 'သေ' မတက် ပူလောင်တဲ့ ခံစား ချက်ကို၊ တခြား ဘယ်လို ကျောက်မျိုး ကမှ မပေး နိုင်ဘူး။ ”
“ မိုင်တစ်ထောင် ပတ်လည် အတွင်း၊ ကောင်းကင်ကို အလင်းပေး နိုင်တဲ့ ရတနာ ကျောက်တုံး၊ ငါ ... ငါ မြင်ဖူးပြီ။ ”
“ စပါးစေ့ အရွယ် ဆိုပေမယ့်၊ သာမန် သေတ္တာတွေနဲ့ သာဆို၊ ချက်ချင်း အရည်ပျော် သွားမှာ သေချာတယ်။ ”
စင်အောက်ရှိ လူအုပ်ကြီးမှာ လှုပ်ရွ လာကုန်၏။ အဓိက မျိုးနွယ်စု လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းပင်၊ ထိုင်ခုံ၌ ဆက်မထိုင် နိုင်တော့ချေ။
လူတိုင်း၏ အမူအရာကို ကြည့်ပြီး၊ လုယွီ တစ်ယောက် ပြုံးရယ် လိုက်ကာ၊
“ ဒါက ... ကောင်းကင်ဘုံ အလင်းအမှောင် ကျောက်တုံးပါ၊ ကြမ်းခင်းစျေး တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀၀,၀၀၀)၊ ကန့်သတ်ချက် ကတော့ (၈၀၀,၀၀၀) ပဲ။ ”
“ ၃၀၀,၀၀၀ ... ”
လုယွီ စကားဆုံး သည်နှင့်၊ ဂျီ မိသားစုက လေလံ ကြေးကို စဖွင့်သည်။ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ရရှိ ပါက၊ စကြာဝဠာ လက်ရာ တစ်ခု အဖြစ် သန့်စင်ကာ၊ ခွန်အားကို များစွာ မြှင့်တင် နိုင်၏။
ထို့ပြင် သူတို့၌ မီးစွမ်းအင် ကျင့်ကြံသော ပါရမီရှင် တစ်ဦး ရှိပါက၊ အတွင်း အဆင့် တိမ်နဂါး များဖြင့်၊ ယှဉ်ပြိုင် နိုင်သည့် ပါရမီရှင် တစ်ဦးကို၊ ချက်ချင်း မွေးထုတ် ပေးနိုင်သည်။
“ ၄၀၀,၀၀၀ ... ။ ”
ကောင်းကင် တောင်ကုန်း မြို့၏၊ ပါရမီရှင် တစ်ဦးက၊ ချက်ချင်းပင် လေလံ ပွဲသို့ ဝင်ရောက် လာ ခဲ့သည်။
“ ၅၀၀,၀၀၀ ... ”
“ ၆၀၀,၀၀၀ ... ”
မျိုးနွယ်စု အသီးသီးမှာ၊ ၎င်းတို့တွင် ရှိခဲ့သော အပြန် အလှန် နားလည်မှု အပေါ်၊ လိုက်နာခြင်း မရှိ တော့ချေ။
“ ဟီး ဟီး၊ ဒီကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ငါလည်း စိတ်ဝင် စားတယ်၊ (၇၀၀,၀၀၀)။ ”
ချန်ရှောင်မှာ ရေခဲ စွမ်းအင်ကို ကျင့်ကြံ သောကြောင့်၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး အပေါ်၊ မျက်စိကျ ခြင်းအား နားမလည် နိုင်ကြချေ။
ချန် မိသားစု၏ အခြေခံ အုတ်မြစ် အရ၊ မီးစွမ်းအင် ကျင့်ကြံသူ များကို ကြောက်ရွံ့ နေစရာ မလို သဖြင့်၊ ဤသည်မှာ ဖြုန်းတီးမှု တစ်ခုသာ ဖြစ်ပေမည်။
အဓိက မျိုးနွယ်စု လေးခုနှင့် ကောင်းကင် တိမ်လွှာဂိုဏ်း အကြား၊ ပြင်းထန်သော ပြိုင်ဆိုင် မှုများ၊ ဖြစ်ပေါ် လာတော့သည်။
သို့သော် တစ်စုံ တစ်ယောက်မှ၊ ထပ်မံ စျေးမပေး နိုင်မီ၊ ကြည်လင်သော အသံ တစ်သံ ပျံ့လွင့် လာသည်။
“ ၈၀၀, ၀၀၀ .. ”
ထို့ အသံကြောင့် ချင်ရို့ယူကို ချက်ချင်း သတိရ သွားပြီး၊ လူတိုင်း တိတ်ဆိတ် ကုန်ကြ သည်။ ၎င်းဖြစ်တည်မှု အပေါ်၊ သူတို့ မေ့လျော့ သွားခြင်း ဖြစ်၏။
ချင်ရို့ယူ မှာမူ၊ လူအုပ်ကြီး ထံမှ ရှုပ်ထွေးသော အကြည့်များအား၊ လျစ်လျူရှုကာ ဘုံကျောင်း တွင်သာ အာရုံစူး စိုက် ထားသည်။
တစ်ချိန်တည်း မှာပင် အထက် တန်းစား များ၏၊ မျက်နှာ ပေါ်ရှိ အပြုံးများ သည်လည်း ပျောက်ကွယ် သွား၏။
“ သူ ဒီအတွက် ... လာပုံ ရတယ်။ ”
“ အလင်း အမှောင် လမင်း ကမ္ဘာက၊ ပါရမီရှင် တွေကို စုဆောင်းဖို့ မိုးကြိုး စီရင်စုရဲ့ မြို့ အသီးသီးမှာ၊ အခမ်း အနား တွေ ကျင်းပ နေတယ်လို့ ငါ ကြားထားတယ်၊ ဒီအတွက် ချင်ရို့ယူ လာတာ လို့ပဲ ထင်မိတာ။ ”
“ လူတိုင်း လိုချင် ပေမယ့်၊ သူ့ကို ဘယ်သူက ပြိုင်ဝံ့ မှာလဲ။ ”
“ ဒါတော့ သေချာတယ်။ ”
ချင်ရို့ယူ ဝင်ရောက် လာခြင်းသည်၊ လေလံပွဲကို ပြောင်းလဲ တိတ်ဆိတ်သွား စေခဲ့ သည်။
အမှန်အတိုင်း ဝန်ခံ ရပါက၊ သူတို့ အားလုံး ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး ကို၊ မလို အပ်ချေ။
အကြောင်း ရင်းမှာ၊ ခွန်အားနှင့် အရည် အချင်းကြောင့်၊ အသုံးပြု နိုင်သည့် အဆင့်၌ မရှိခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ကျင့်ကြံရေး နည်းစနစ် များနှင့် မကိုက်ညီချေ။
အတင်း အကြပ် အသုံး ပြုသော်၊ ဖြုန်းတီး ခြင်းသာ ဖြစ်ပေမည်။ အခြား တစ်ဖက် တွင်မူ၊ စတုတ္တတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးအား၊ ကျောထောက် နောက်ခံ ရရန်မှာ၊ လွယ်ကူသော အရာ မဟုတ်ချေ။
လင်းယွန် အနေ ဖြင့်မူ စိတ် မဝင်စား သောကြောင့်၊ မျက်လုံးများ မှိတ်ထား သော်လည်း၊ ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိ လာပြီး၊ ဘုံကျောင်းဆောင်ထံ ပြန်ကြည့် လိုက်သည်။
မိုးပြာရောင် ကောင်းကင် ဂိုဏ်း၌၊ 'အန်'ချ ခဲ့သော ဆုစီယာ၏ သွေးထဲတွင်၊ ရေခဲ အငွေ့ အသက် အချို့ ရှိနေကြောင်း၊ အမှတ် ရမိခြင်း ဖြစ်သည်။
ရေခဲ အဆိပ်ကြောင့်၊ ထိုမျှ ခေါင်လွန်းသော အရပ်သို့ လာရောက်ပြီး၊ နိမ့်ကျစွာ ရှင်သန် ခဲ့ ရချေသည်။
ထိုအချိန်မှာပင် ချန်ရှောင်က ပြုံးလိုက်ပြီး၊
“ မင်းသမီး ရို့ယူ၊ လိုချင် နေမှတော့ ... ၊ အဲဒါကို စွန့်လွှတ်ဖို့ ဆန္ဒ ရှိပါတယ်။ ”
“ ငါလည်း အတူ တူပဲ ... ။ ”
“ မင်းသမီး ရို့ယူက ကောင်းကင် တောင်ကုန်း မြို့ကို လာလည်တာ ရှားပါတယ်၊ ဒါကြောင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းက၊ သဘာဝ အတိုင်း မျက်နှာ ပေးရမယ်။ ”
အခြားသော အင်အားစု များ သည်လည်း၊ မဆိုင်း မတွဘဲ၊ လေလံ ပွဲမှ နောက်ဆုတ် ကုန် ကြ၏။
ချင်ရို့ယူ၏ ကျင့်ကြံမှုမှာ၊ နက်ရှိုင်းပြီး နားမလည် နိုင်သော အဆင့်၌ ရှိကာ၊ လာမည့် သွေးစွန်းသော ဧည့်ခံပွဲတွင်၊ ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်ရန် မျှော်မှန်း ထားချေမည်။
ထို့ပြင် အလင်း အမှောင် လမင်း ကမ္ဘာကို မည်သူမျှ အပြစ် မပြု ဝံ့ချေ။ ယင်းအစား မျက်နှာသာ ပေးခြင်းဖြင့်၊ ကောင်းမွန်သော ဆက်ဆံရေးမျိုး ထားရှိ လိုကြ၏။
ချင်ရို့ယူက စင်မြင့် ပေါ်ရှိ၊ လုယွီကို လှမ်းကြည့်ပြီး၊
“ အလျင် စလို ထွက်လာ မိတဲ့ အတွက်၊ ငါ့မှာ ဝိညာဉ် ကျောက်စိမ်းတွေ 'ပါ' မလာဘူး၊ ဆယ်ရက် အတွင်း တစ်ယောက် ယောက် လာပို့ ပေးလိမ့်မယ်၊ ဘာပြော စရာ ရှိလဲ။ ”
သူ့ လေသံ အရ၊ တောင်ပန်ခြင်း မဟုတ်သော၊ တောင်းဆိုချက် တစ်ခုအား ထုတ်ဖော် နေကြောင်း ပြောနိုင်၏။
လုယွီက အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ ပြုံးလိုက်ကာ၊
“ အဆင် ပြေ ပါတယ်။ ” -ဟု ဆိုလိုက်၏။
တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၈၀၀,၀၀၀) ဟူသည်၊ မိုးထိ မြင့်သော ဈေးနှုန်း ဖြစ် သော်လည်း၊ ဤနေရာရှိ အထက်တန်းစား များပင်၊ တက်နိုင် ချေသည်။
ထို့ကြောင့် ချင်ရို့ယူ၌ ပါ မလာ ခဲ့ လျှင်ပင်၊ စိတ်ပူ နေစရာ မရှိချေ။ အလင်းအမှောင် လမင်း ကမ္ဘာမှ၊ ပေးချေ မည်မှာ သေချာ၏။
သို့သော်၊ ကန့်သတ်ချက်ကို မချိုးဖျက် နိုင်ခဲ့သည့် အတွက်မူ၊ အနည်းငယ် စိတ်ပျက် နေမိ သည်မှာ အမှန် ပေပင်။
“ ဂုဏ်ယူ ပါတယ်၊ ဒါက မင်းကို နောက်ထပ် တစ်ဆင့် လှမ်းတက် နိုင်ပြီး၊ ထိပ်ဆုံး ဆယ်ဦး အထိ ခေါ်ဆောင် သွားပါ လိမ့်မယ်။ ”
ရှောင်တျဲဟီ တစ်ယောက် များစွာ ကျေနပ် နေမိ၏။ မည်သို့ပင် ဆိုစေ ကာမူ၊ သူ့ စွမ်းဆောင်ရည် အရ၊ သည်အခွင့် အရေးကို ချင်ရို့ယူ၊ ရရှိ သွားခြင်း ဖြစ်သည်။
ချင်ရို့ယူ အတွက်မူ၊ အနည်းငယ် မျှပင် စိတ်လှုပ်ရှား ခြင်းမျိုး မရှိဘဲ၊ တည်ငြိမ် နေခဲ့ သည်။
မိုးကြိုး စီရင်စုရှိ ဤလူ များမှာ၊ သူ့အား ယှဉ်ပြိုင်ရဲ လိမ့်မည်ဟု၊ မယူဆ ထားပြီး ဖြစ် လေသည်။
“ ၈၁၀, ၀၀၀ ”
သို့သော် မည်သူမျှ၊ မမျှော်လင့် ထားသော ကန့်သတ် ချက်ကို ချိုးဖြတ် လိုက်သည့် အသံ တစ်သံ ထွက်ပေါ် လာသည်။
“ ဘာလဲ ... ငါ့မှာ၊ ဝိညာဉ် ကျောက်စိမ်း မရှိ ဖူးလို့၊ ထင်နေ ပြန်ပြီလား။ ”
လင်းယွန်က မျက်ဝန်းများ ဖွင့်ကာ၊ မေးမြန်း လိုက်လေသည်။
***