မင်းနဲ့ မထိုက်တန်ဘူး။
Vol. 48 Ch. 668
သူ့အသံကို လူတိုင်း ရှင်းရှင်း လင်းလင်း ကြားလိုက် ရသည်။ အထူးသဖြင့် နောက်ခံ မရှိသော ပုရွက်ဆိတ် တစ်ကောင်မှ၊ ချင်ရို့ယူ အား၊ စိန်ခေါ် နေသဖြင့်၊ အံ့ဩ မိခြင်း ပေပင်။
လူတိုင်း အမြင်၌ လင်းယွန် ဟူသည်၊ မဟာချင် အင်ပါယာမှ လာသော ဓားသမား တစ်ယောက် သာ ဖြစ်၏။
မရဏ သမီးတော်ဖြင့်၊ ယှဉ်နိုင် စရာ နည်းလမ်း မရှိချေ။ ဖိန်းရွှမ်ကို အနိုင်ယူ ပြခဲ့ သော်လည်း၊ အနည်းငယ် မျှသာ ပို၍ သန်မာ သည်ဟု မြင်သည်။
ကောင်းကင် တောင်ကုန်း မြို့၏၊ အုတ်မြစ်မှာ၊ နက်ရှိုင်း လွန်းသောကြောင့်၊ ဖိန်းရွှမ် ကဲ့သို့သော တစ်စုံ တစ်ယောက်အား၊ မည်သူမျှ အလေးထား နေမည် မဟုတ်ချေ။
လှိုင်းလုံး များထဲမှ၊ လှိုင်း တစ်လုံး မျှသာ ဖြစ်သဖြင့်၊ လျှင်မြန်စွာ မေ့ပျောက် သွားကြ မည်မှာ သဘာဝ ပေပင်။
ဤသည်မှာ ပါရမီရှင်များ မွေးဖွား ရှင်သန်ရာ မိုးကြိုး စီရင်စု၏၊ ဂုဏ်ယူဖွယ် အချင်း အရာ ဖြစ်၏။
လင်းယွန် နေရာ၌ အခြားသူ တစ်ဦး တစ်ယောက်သာ ဆိုပါက၊ သည့်ထက် ပို၍ မြင်မားသော အကဲဖြတ်မှု တစ်ခု ရ နိုင်ပေမည်။
သို့သော် သူတို့ မရဲသော အရာအား၊ လင်းယွန်မှ ရဲဝံ့စွာ လုပ်ဆောင် နေကြောင်း ကိုမူ၊ မေ့နေ ကြသည်။
ချင်ရို့ယူက မျက်မှောင် ကြုတ်ပြီး၊ လင်းယွန်ထံ တစ်ချက် ကြည့် မိသည်။
“ တကယ်ပဲ မင်းမှာ၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း (၈၁၀,၀၀၀) ရှိရဲ့ လားလို့၊ ငါ သံသယ ဝင်မိတယ်။ ” -ဟု ဆိုလာသည်။
ဤသည်မှာ အနည်း ငယ်သော ပမာဏ မဟုတ် သောကြောင့်၊ လုယွီ သည်လည်း သိချင် လာ၏။
ချင်ရို့ယူကို ယုံကြည် သော်လည်း၊ လင်းယွန် အပေါ် မယုံကြည် သည်မှာ၊ သဘာဝ ပေပင်။
“ ငါမှာ မရှိဘဲ၊ လေလံ ဝင်ဆွဲ ရ လောက်အောင်၊ ငါက အရှက် မဲ့တဲ့ သူလို့၊ မင်း ထင်နေ တာလား။ ”
လှောင်ပြောင် တုန့်ပြန် လိုက်ပြီး၊ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း (၈၁၀၀)ကို ထုတ်ပြ လိုက်သည်။
တောင်ကြီး တစ်လုံးလို ပုံနေသော ကျောက်စိမ်းတုံး ပုံကြီးကို ကြည့်ပြီး၊ လူတိုင်း စိတ်လှုပ်ရှား လာ၏။
“ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်းတွေ ပဲလား။ ”
“ သူ ... ဘယ်သူလဲ၊ ဘာလို့ ဒီလောက်တောင် ကြွယ်ဝ နေရတာလဲ။ ”
လုယွီ၏ နှလုံးသားများ ပြင်းထန်စွာ တဆတ်ဆတ် ခုန်လာပြီး၊ ဝိညာဉ် ကျောက်စိမ်း များကို သိမ်းဆည်းရန် တစ်စုံ တစ်ဦးအား အချက် ပြ လိုက်၏။
“ သခင်လေး လင်း ...၊ မင်းက တကယ့်ပဲ ကြွယ်ဝ လွန်းပါတယ်၊ အခု အလင်း အမှောင် ကျောက်တုံးကို၊ ယူထား နိုင်ပါတယ်။ ”
စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း များမှာ၊ လုယွီကို ပို၍ ယဉ်ကျေး လာစေ၏။ သူ့ လက်ကို တွန်းလျက်၊ ဘုံကျောင်း ဆောင်အား လင်းယွန် ထံ၊ ပျံသန်း စေလိုက်သည်။
လေထဲမှ ဖမ်းယူ လိုက်ချိန်တွင်၊ ဘုံကျောင်းဆောင်၏ အလေး ချိန်ကြောင့်၊ လင်းယွန် လက်များ ညွှတ်ကျ သွား၏။
ထို့ကြောင့် လက်တစ်ဖက် တည်းနှင့် သူ့ဆီ ပို့လိုက်သော လုယွီကို ပြန်မော့ မကြည့်ဘဲ မနေ နိုင် ခဲ့ချေ။
ဤလုယွီမှာ မရိုးရှင်းဟု သူ ပြောနိုင်၏။ ထို့နောက် ဂရု တစိုက်ဖြင့်၊ ဘုံကျောင်း ဆောင်ကို သိမ်းဆည်း လိုက်သည်။
အဆိုပါ မြင်ကွင်း များအား၊ မည်သူမျှ အနှောက် အယှက် မပေးဘဲ၊ ရှုပ်ထွေးသော အကြည့် ဖြင့်သာ ကြည့်နေ ကြသည်။
ချင်ရို့ယူကို ပြတ်ပြတ် သားသား ရင်ဆိုင် ရဲသော သတ္တိ မျိုးမှာ၊ ဤနေရာရှိ မည်သူမျှ မဝံ့ သော၊ လုပ်ရပ်မျိုး ပေပင်။
“ လင်းယွန်၊ မင်း ငါ့ဆီ ဘုံကျောင်းဆောင် လွှဲပေး လိုက်ပါ၊ တန်ကြေး နှစ်ဆ ငါ ပြန်ပေး မယ်၊ ဘယ်လိုလဲ ငါ့ကို မျက်နှာသာ ပေးမယ် မဟုတ်လား။ ”
ရှောင်တျဲဟီက အေးစက်စွာ ဆိုသည်။ ချင်ရို့ယူမှာ လင်းယွန်နှင့် ယှဉ်ပြိုင်ရန် အထိ၊ ဤမျှ နှိမ့်ချ လာမည် မဟုတ် ကြောင်း၊ သူ သိ၏။
အတွင်း အဆင့် ထူးချွန်သူ တစ်ဦး အနေဖြင့်၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ သည်သာ၊ သူမ မျက်လုံးထဲ ရှိချေမည်။
ထို့ကြောင့် သူ 'ဝင်ပါ' ခြင်း၊ မှတပါး အခြားမရှိ တော့ချေ။ သည့်အပြင် တစ်ဖက် လူမှာ သူအား ယှဉ်ပြိုင် ဝံ့မည် မဟုတ်ဟု ယုံကြည်သည်။
သို့သော် လင်းယွန်က ချက်ချက်ပင် ပြုံးရယ် လိုက်ပြီး၊
“ တောင်းပန် ပါတယ် ... မင်းနဲ့ ငါက မရင်းနှီးဘူး၊ ဒါဆို ဘာလို့ ငါက မျက်နှာသာ ပေးရ မှာလဲ။ ”
ဟု တည်ငြိမ်စွာ တုန့်ပြန် ၏။
ထိုစကားကြောင့် ရှောင်တျဲဟီ တစ်ယောက်၊ သွေးအန်လု နီးပါး၊ နာကျင် သွားပြီး၊ သတ်ဖြတ် လိုခြင်း၊ ရည်ရွယ် ချက်များ ထုတ်ဖော် လိုက်မိ လေသည်။
သို့သော် လင်းယွန်မှာ တစ်ချက်ပင် ပြန်မကြည့် မိတော့ချေ။ အတွင်း အဆင့် ပါရမီရှင် တစ်ဦး ဆိုသည်ထက်၊ ခွေးတစ်ကောင် အဖြစ်သာ ရှုမြင် မိလေသည်။
ချင်ရို့ယူ 'ရှူး' တိုက်လျှင် ကိုက်မည်။
“ ရိုင်း လိုက်တာ ... ။ ”
ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ ငေါက်သံ တစ်သံ၊ ထွက်ပေါ် လာ၏။ ဖိန်းရွှမ် ဘေးရှိ လူငယ် တစ်ဦးက၊ လင်းယွန်အား အေးစက်စွာ လှမ်းကြည့် လာသည်။
“ လင်းယွန်၊ မင်းအတွက် ဘာ အကောင်းဆုံး လဲဆိုတာ မင်းသိ သင့်တယ်၊ အဓိက မျိုးနွယ်စု လေးခုနဲ့၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းကို စိန်ခေါ် နေတာလား၊ ... ”
“ ဘယ်သူ ကမှ ငါတို့နဲ့ မပြိုင် ဝံ့ဘူး၊ မင်းအတွက် လျှပ်စီး ငါးပါး သလင်းကျောက်ကို ပေးထား ပြီးပြီ၊ ... ”
“ ... အလင်း အမှောင် ကျောက်တုံးက မင်းပိုင်ဆိုင် နိုင်တဲ့ အရာ မဟုတ်ဘူး၊ ရို့ယူကို အခု ချက်ချင်း လွှဲပေး လိုက်ပါ။ ”
ဤသည်မှာ ဖိန်းရွှမ်၏ စီနီယာ အစ်ကို ဖြစ်သော၊ ယန်ပေါင်ဖေး ဖြစ်သည်။ ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့်များ ထဲ၌၊ အဆင့် (၇) ဖြစ်သည်။
ကျင့်ကြံ မှုမှာ ကနဦး ယင်-ယန် အဆင့်တွင် ဖြစ်ပြီး၊ တိမ်နဂါး အတွင်း အဆင့်သို့ ဝင်ရောက် နိုင်စွမ်း ရှိသည်။
“ အစ်ကို ယန် ပြောတာ မှန်တယ်၊ ရို့ယူက ငါတို့ ကောင်းကင် တောင်ကုန်း မြို့ကို လာခဲ တယ်၊ ဒီလို သာဆို ငါတို့ မျက်နှာ တွေကို ဘယ် သွားထားရ မလဲ၊ ကောင်လေး မင်း အသက်ရှင် ချင်ရင် လက်လွှဲ ပေးပါ။ ”
ဂျီမိသားစုက ဝင်ရောက် ပြောဆို လာသည်။
“ တောင်းပန်ပြီး ပေးလိုက်ပါ၊ အဲဒါ မင်း ပိုင်သင့်တဲ့ ရတနာ မဟုတ်ဘူး။ ”
“ ကောင်လေး၊ အရာရာ တိုင်းမှာ၊ အကန့်အသတ် ဆိုတာ ရှိတယ်၊ မျိုးနွယ်စု လေးခုနဲ့၊ ကောင်းကင် တိမ်လွှာဂိုဏ်း ကတောင် လက်လျှော့ ထား ပြီးပြီ၊ ငါတို့ကို ဆက်သွား ရအောင် မလုပ် ပါနဲ့။ ”
ချန်ရှောင် ကပါ ဝင်ရောက် သတိ ပေးလာ သည်။
“ ကြောက်စရာ ကောင်းလိုက်တဲ့၊ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပါရမီရှင် တွေပဲ၊ စကားလုံး တွေနဲ့ ငါ့ကို ခြောက်လှန့် နိုင်မယ်လို့ မင်းတို့ ထင်နေလား။ ”
လင်းယွန်က စိတ်ပျက် လက်ပျက် ညည်းတွား လိုက်သည်။ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးမှာ၊ သူ့အတွက် မဟုတ်ဘဲ၊ ဆုစီယာ အတွက်သာ ဖြစ်သည်။
မဟာချင် အင်ပါယာသို့ ပြန်လာ ခဲ့မည်ဟု၊ ကတိပေး ထား သဖြင့်၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးအား ရယူရန် ဆုံးဖြတ် မိခြင်း ဖြစ်သည်။
ထို့ကြောင့် သည်လမ်းကို လျှောက်ရန် ရွေးချယ်လိုက် ပြီးနောက်၊ မည်သည့် အတွက်မျှ တုံ့ဆိုင်း နေမည် မဟုတ်ပေ။
ယင်းမှာ လူအုပ်အား အံဩသွား စေသည်။ ဤသူ များကို ဆန့်ကျင်ခြင်းသည် ကောင်းကင် တောင်ကုန်း မြို့ အပေါ်၊ ဆန့်ကျင်ခြင်း မည်၏။
လင်းယွန် တစ်ယောက် ယင်းသို့၊ ခေါင်းမာ နေလိမ့် မည်ဟု မည်သူမျှ မျှော်လင့် မထားပေ။ သူတို့ အမြင်တွင် ထိုအပြု အမူမှာ၊ မောက်မာ လွန်းရာ ကျသည်။
လေလံပွဲ ဟူသည် လူတိုင်း၌၊ အခွင့် အရေး ရှိသော်လည်း၊ မျိုးနွယ်စု လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းတို့အား၊ ယှဉ်ပြိုင် ရဲမည် မဟုတ်ချေ။ ချင်ရို့ယူ ဖြင့်မူ၊ သာ၍ ဆိုးချေ၏။
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်လဲ ... ဟမ့် ၊ မင်းက ဓားကျွန် တစ်ယောက်ပဲ။ ”
ကောင်းကင်ကို ဖြတ်လိုသော ဓားတစ်လက် ကဲ့သို့၊ ချင်ရို့ယူ၏ နှိမ့်ချ သံက ကျယ်လောင်စွာ ထွက်ပေါ် လာသည်။
“ ဓား ကျွန် ... ။ ”
သူမ စကား များက လူအုပ် ကြီးကို မှင်တက် သွားစေ၏။ ခေါင်းများ ချာခနဲ လှည့်ကာ၊ လင်ယွန်ထံ လှမ်းကြည့် လိုက်ကြသည်။
ယခု အကြိမ်၌၊ နဖူးရှိ အမှတ် အသား အပေါ် နားလည် သွားပြီး၊ ရုတ်တရက် ရယ်မော လာကုန်၏။
လင်းယွန် နောက်ခံ အပေါ် စိတ်ဝင်စား မိသော်လည်း၊ အဆုံးတွင် ဓားကျွန် တစ်ဦးသာ ဖြစ်ကြောင်း၊ သိရှိ လိုက်ရသည်။
ထို့ကြောင့် အပျက် သဘော ဆောင်သော အပြုံး များဖြင့်၊ အထင် အမြင် သေးစွာ ငုံ့ကြည့် လာကြသည်။
“ တကယ်လည်း ငါက ဓားကျွန် တစ်ယောက်ပဲ၊ ဒီအတွက် ရှက်လိမ့် မယ်လို့၊ မင်းထင်ရင် စိတ်မကောင်း ပါဘူး။ ”
လင်းယွန်က လူအုပ်ထံ ဝေ့ကြည့်ကာ၊
“ အတိတ်ရဲ့ ဓားကျွန် တစ်ယောက်က၊ လက်ရှိ ခွေးတစ်အုပ် ထက်တော့ သာပါ သေးတယ်။ ”
-ဟု ဆိုပြီး၊ နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် ချင်ရို့ယူကို မော့ကြည့်ကာ၊
“ မင်း လိုချင်ရင် လာတိုက်ပါ၊ ငါရှုံးရင် ပေးလိုက်မယ်၊ မဟုတ်ရင် အဲဒါနဲ့ ပတ်သက်ပြီး စွန့်လွှတ် စရာ နည်းလမ်း မရှိဘူး။ ”
ဤသည်မှာ ဓားသမား တစ်ဦး၏၊ ခံယူချက် ဖြစ်ပြီး၊ မျက်နှာ ချင်းဆိုင် ဖြေရှင်း ခြင်းဖြင့်၊ ရှုံးနိမ့် ခဲ့သော် နောက်ဆုတ် ပေးမည် ဖြစ်သည်။
တစ်စုံ တစ်ဦးထံ ဦးညွှတ် ခြင်းမှာ၊ သူ့ပုံစံ မဟုတ်ချေ။
“ ငါ့ကို စိန်ခေါ် နေတာလား၊ မင်းမှာ ဒီလို အရည် အချင်းတောင် ရှိရဲ့လား၊ ... ဟမ့်။ ”
ချင်ရို့ယူက လှောင်ပြောင် ရယ်မော လိုက်၏။ အဆင့် မရှိသော ဓားကျွန် တစ်ဦးမှ၊ သူ့အား စိန်ခေါ် နေချေပြီ။
“ ရို့ယူ ... ဒါကို ငါ လုပ်ပါရစေ၊ ဒီနေ့ ကိစ္စ တွေက ငါ့ အမှားပါ၊ ဒီဓားကျွန်ရဲ့ တောင်းပန်မှု ကို၊ ရ ယူပေးမယ်။ ”
ရှောင်တျဲဟီက ဒေါသတကြီး ဆိုလိုက်၏။
“ မင်း ... သူ့ကို အနိုင် ရတော့ရော ဘာများ ထူးလို့လဲ၊ သူက ဓားကျွန် တစ်ယောက်လေ။ ”
ချင်ရို့ယူက ရှောင်တျဲဟီကို ငြင်းပယ်ကာ၊ လင်းယွန်ထံ စိုက်ကြည့်ပြီး၊
“ မင်းရဲ့ မာနက ငါ့ရှေ့မှာ၊ တန်ဖိုး မရှိကြောင်း ငါပြမယ်၊ ဒီနေ့ ငါ့ကိုယ်စား တိုက်ပွဲ ဝင်ချင် တဲ့သူ ရှိလား။ ”
“ ကောင်းကင် တိမ်လွှာ ဂိုဏ်းရဲ့ ... ၊ ငါယန်ပေါင်ဖေးက ဒီအတွက် ဆန္ဒရှိ ပါတယ်။ ”
“ ချန် မိသားစုရဲ့ ... ငါ ချန်ရှောင်လည်း၊ တိုက်ပွဲ ဝင်ဖို့ ဆန္ဒ ရှိပါတယ်။ ”
“ ချင်မိသား စုရဲ့ ချင်ဇီလျိုက၊ မင်းအတွက် တိုက်ပွဲ ဝင်ပေး ချင်ပါတယ်။ ”
“ ဂူ မိသားစုရဲ့၊ ငါဂူယွင်ဖိန် ... ။ ”
“ ဂျီမိသား စုရဲ့၊ ငါ ဂျီလင်း ... ။ ”
ချက်ချင်းပင် ကောင်းကင် တောင်ကုန်း မြို့၏၊ ကျော်ကြားသော လူငယ် များက ရယ်ကာ ရယ်မောဖြင့်၊ အလျှိုလျှို ထရပ် လာကြသည်။
သည်တစ်ကြိမ် သေမင်း လေလံမှာ၊ မကြုံဖူးသော ရန်လိုမှု များကြောင့်၊ လေထု အတွင်း ပွက်ပွက်ဆူ လာ တော့၏။
***