ကောင်းကင် ဘယ်လောက် မြင့်လဲ ငါ မသိဘူး။
Vol. 48 Ch. 669
ချင်ရို့ယူ စကား များက လေလံပွဲ၏ အငွေ့ အသက်ကို အဆင့်သစ် တစ်ခုသို့ သယ်ဆောင် လာခဲ့သည်။
ယန်ပေါင်ဖေး၊ ချန်ရှောင်၊ ဂူယွင်ဖေး၊ ချင်စီလျိုနှင့် ဂျီလင်း တို့မှာ၊ ကောင်းကင် တောင်ကုန်း မြို့၏ မျိုးဆက်သစ် ပါရမီရှင် လူငယ်များ ဖြစ်၏။
သူတို့ အားလုံးမှာ၊ သွေးစွန်းသော ဧည့်ခံ ပွဲသို့ တက်ရောက်ရန်၊ ရည်ရွယ်ထား သူများ ပေပင်။ ပုံမှန် အချိန်များ၌ အချင်းချင်း ပြိုင်ဆိုင် နေတက် ကြသည်။
သို့သော် ယနေ့တွင်၊ အပြင်လူ တစ်ဦးအား သင်ခန်းစာ ပေးရန်၊ အတူ ထရပ် လာ၏။
တစ်ဖက်တွင် ဖိန်းရွှမ်အား အနိုင်ယူ ပြီးနောက်၊ လင်းယွန်မှာ ပါရမီရှင် တစ်ယောက် အဖြစ်၊ ရှုမြင် နိုင်ပြီ ဖြစ်သည်။
ကောင်းကင် တောင်ကုန်းမြို့၊ ပါရမီရှင် အဆင့် သတ်မှတ်ချက် အတွင်း ၌ပင် နေရာ တစ်နေရာ ရရှိ နိုင်ပေမည်။
သို့သော် ဖိန်းရွှမ်မှာ ဒုတိယ တန်းစား အဆင့် မျှသာ ဖြစ်ပြီး၊ ချင်ရို့ယုနှင့် မယှဉ် နိုင်ချေ။ ချင်ရို့ယူ ဆိုသည်မှာ၊ မိုးကြိုး စီရင်စု၏၊ ဂုဏ်ယူဖွယ် ကောင်းသော နတ်ဘုရားမ ဖြစ်သည်။
သူမ၏ မာနနှင့်၊ ခွန်အား ပေါင်းစပ် ပြီးနောက်၊ လူများစွာ ထံမှ အထင်ကြီး မှုကို ရယူ ထားနိုင် လေသည်။
ထုတ် မပြော လျှင်ပင်၊ သူမ အတွက် တိုက်ပွဲဝင် ချင် သူများ၊ ပြည့်နှက် နေပေမည်။ ဤအခွင့်အရေး အပေါ်၊ မည်သူ မဆို ဆုပ်ကိုင် လိုသည်မှာ သဘာဝ ပေပင်။
သူတို့ အမြင်၌၊ လင်းယွန် တစ်ယောက် လျှပ်စီး ငါးပါး သလင်းကျောက်ကို ရယူ နိုင်ရုံ ဖြင့်၊ အောက်ခြေ လွတ်သွား သည်ဟု မြင်၏။
လင်းယွန် အတွက်မူ၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ဆုစီယာ အတွက် ရည်ရွယ် ထားပြီး ဖြစ်ရာ၊ လက်လျော့ စရာ နည်းလမ်း မရှိချေ။
ချင်ရို့ယူ၏ ခွန်အားမှာ သန်မာပြီး၊ နားမလည် နိုင်သော်လည်း၊ ဤသေမင်း လေလံတွင် ကန့်သတ်ချက် မရှိပေ။
သူ့တွင် ဝှက်ဖဲ အဖြစ်၊ မီးလျှံ မိုးကြိုး ကြာပွတ် ရှိသဖြင့်၊ အနိုင် ရရန် (၃၀%) အခွင့် အရေး ရှိသည်ဟု၊ ယုံကြည်၏။
သည့်နောက် ထိုအခွင့် အရေးကို၊ လောင်းကြေး မထပ် ဝံ့စရာ အကြောင်း မရှိချေ။
လူငယ် များက ချင်ရို့ယူအား၊ စိတ်လှုပ်ရှား စွာဖြင့် ကြည့်လိုက် ကြသည်။ သူတို့ အားလုံး သူမ ကိုယ်စား တိုက်ပွဲဝင် ချင်၏။
မည်သူ မဆို ဓားကျွန် တစ်ဦးအား အနိုင်ယူ နိုင်မည်ဟု ယုံကြည်သည်။ သူတို့ အားလုံးမှာ၊ ယင်-ယန် အဆင့်သို့ ရောက်ရှိ နေပြီး ဖြစ်သဖြင့်၊ ဖိန်းရွှမ် ကဲ့သို့ လူနှင့်၊ နှိုင်းယှဉ် စရာ မလိုချေ။
သူတို့ အားလုံး စောင့်မျှော် နေစဉ်၊ ချင်ရို့ယူက ဝေ့ကြည့် လာပြီး၊ ယန်ပေါင်ဖေး ထံ၌ ရပ်တန့် သွား၏။
ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့်များ ကြားတွင် အဆင့် (၇) နေရာ၌၊ ရပ်တည် ထားနိုင်ပြီး၊ လွန်ခဲ့သော တစ်နှစ်ခန့် ကပင်၊ ယင်-ယန် အဆင့်သို့ ရောက်ရှိ ခဲ့သည်။
ယခု အချိန်၌ ကနဦး ယင်-ယန် အဆင့်ရှိ အကြီးအကဲ များပင်၊ သူ့ ပြိုင်ဘက် မဖြစ်နိုင် တော့ချေ။
“ ယန်ပေါင်ဖေး ... ၊ မင်း နာမည် မှန်တယ် မဟုတ်လား။ ”
ချင်ရို့ယူက အေးစက်စွာ ဆိုလိုက်သည်။ သို့သော် ထိုအေးစက်မှု ကပင်၊ ယန်ပေါင်ဖေး နှလုံးသားအား နွေးထွေး သွားစေ၏။ သူ့ မျက်ဝန်း များရှိ၊ ပျော်ရွှင်မှုကို မဖုံးကွယ် ထား နိုင်ခဲ့ချေ။
လင်းယွန်ကို အနိုင် ယူရန်၊ သူ့ အတွက် လွယ်ပေသည်။ တစ်ချိန်တည်း မှာပင် ကျန်သူ များ၏ မနာ လိုသော အကြည့်များ ကိုလည်း၊ လက်ခံ ရရှိ လိုက်၏။
ထို့ကြောင့် ဂုဏ်ယူ ဝင့်ကြွား စွာဖြင့်၊ လင်းယွန်ထံ ပြန်လှည့် ကြည့်ကာ၊
“ မင်းလို ဓားကျွန်က ... ၊ မင်းသမီး ရို့ယူနဲ့ ပြိုင်ဝံ့ သလား၊ ကောင်းကင်ကြီး ဘယ်လောက် မြင့်လဲ ဆိုတာ ... ၊ ဒီနေ့ ငါ သင်ပေးမယ်။ ”
-ဟု ဆိုလိုက် တော့၏။
“ အို ... ၊ ခွေး တစ်ကောင်လို အမြီးနှံ့ နေတာကို၊ မင်းရဲ့ သခင်က အသိ အမှတ် မပြုတာ ဝမ်းနည်း စရာ ပါပဲ။ ”
“ ဟား ဟား ဟား၊ မင်းနဲ့ အချိန် ဖြုန်းဖို့၊ ငါ့မှာ ဆန္ဒ မရှိဘူး။ ”
ယန်ပေါင်ဖေး၏ မျက်နှာမှာ၊ ပြောင်းလဲ သွားခြင်း မရှိ သော်လည်း၊ ခွေး တစ်ကောင်နှင့် ခိုင်းနှိုင်း ခံရ သဖြင့်၊ နှလုံးသား ထဲ၌ ဒေါသများ တောက်လောင် လာသည်။
ထို့နောက် မူလ စွမ်းအင်ကို ဖြန့်ကျက်ကာ၊ လှံဖျား၌ စုစည်း လိုက်၏။ အရှိန်အဝါများ သိပ်သည်း နေချိန်တွင်၊ ပတ်ဝန်း ကျင်သို့ အပူ လှိုင်းများ ပျံ့နှံ့ သွားသည်။
ယန်ပေါင်ဖေးက ရှေ့တိုး လာပြီး၊ လင်းယွန်ထံ ဖြည်းညှင်းစွာ လျှောက်လှမ်း နေမိ သည်။
တစ်လှမ်းထက် တစ်လှမ်း၊ သူ့ အရှိန် အဝါမှာ ပို၍ တိုးပွား လာ၏။ ခြေလှမ်း သုံးလှမ်း လှမ်းယူ ပြီးနောက်တွင်၊ ပေါက်ကွဲ တော့မည့် မီးတောင် တစ်လုံး ကဲ့သို့၊ ဆူပွက် သွားသည်။
သူ့ လှံကို လေထဲ လွှဲထုတ်လျက်၊ လင်းယွန်အား ထိုးချိန် လိုက်၏။ ယင်းကြောင့် လူတိုင်းက သနားသော မျက်ဝန်း များဖြင့် လင်းယွန်ထံ ကြည့်လာ ကြသည်။
ယန်ပေါင်ဖေးမှာ ပြိုင်ဘက်ကို တစ်ချက် တည်းဖြင့်၊ သတ်ပစ် နိုင်ရန်၊ မူလ စွမ်းအင်အား စုဆောင်း နေခြင်း ဖြစ်သည်။
“ မင်းရဲ့ ဓားကို ဆွဲပါ။ ”
ယန်ပေါင်ဖေးက လင်းယွန်နှင့်၊ ခြေလှမ်း သုံးလှမ်း အကွာ၌ ရပ်ပြီး၊ ဆို၏။
“ မင်းကို ငါ သတ်ဖို့၊ နောက်ထပ် ခြေတစ်လှမ်းပဲ လိုတော့တယ်၊ အဲဒီ အချိန်မှာ ဘယ်သူမှ ကယ်နိုင် တော့မယ် မထင်ဘူး။ ”
“ ဟုတ်လား ... ဒါဆို ကြည့်ရအောင်။ ”
လင်ယွန်က ပြုံးရွှင်စွာ ဖိတ်ခေါ် လိုက်၏။
“ မင်း ... သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”
သူ့ လက်ထဲရှိ လှံမှ၊ မြည်သံ ပြုချိန်၌ အော်ငေါက်လျက်၊ ယန်ပေါင်ဖေး တစ်ယောက် ရှေ့တိုး သွားမိသည်။ တစ်ချိန် တည်းမှာပင် လင်းယွန် သည်လည်း၊ ရှေ့တစ်လှမ်း လှမ်းတက် လာ၏။
“ ဓားသုတ္တန် - လျှပ်တပြက် လှုပ်ရှားမှု။ ”
ထက်ရှသော ဓား တစ်လက်၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ပန်း တစ်ပွင့် အသွင် ဖြည်းညှင်းစွာ ဖွဲ့တည် လာသည်။
ထိုစက္ကန့်ပိုင်း အတွင်း လူအုပ် ကြီးမှာ၊ ကြီးမားသော ဖိအားကို ခံစား မိ သဖြင့်၊ မျက်နှာများ ပြောင်းလဲ သွားသည်။
ယန်ပေါင်ဖေး အတွက်မူ၊ ရှေ့တွင် မမြင် နိုင်သော တံတိုင်း တစ်ခု ရှိနေ သည်ဟု ခံစား လာရ၏။ ထို့ကြောင့် တုန်လှုပ် သွားကာ၊ နောက်တစ်လှမ်း မလှမ်း ရဲတော့ပေ။
လင်းယွန် ထံမှ၊ အဆုံး မရှိသော ဓားအရှိန် အဝါများ ပေါက်ကွဲ လာကာ၊ ကောင်းကင်ပေါ်၊ ပျံတက် နေမြဲ ဖြစ်သည်။
ယင်ကြောင့် ယန်ပေါင်ဖေးက ထိတ်လန့် သွားပြီး၊ သူ့ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် အားလုံးကို၊ ထပ်မံ တွန်းထုတ် ပစ်၏။
အပူ ရှိန်များ မြင့်တက် လာပြီး၊ သူ့နောက်တွင် ရွှေထီး တစ်လက် ထွက်ပေါ် လာကာ၊ ဖြည်းညှင်းစွာ လှည့်ပတ် နေလေ သည်။
ထို့နောက် ပြုံးကာ၊ ဓားအရှိန်အဝါကို ဖြိုချရန်၊ တွေးလိုက် မိသည်။ လင်းယွန်၌ ထက်ရှသော ဓား တစ်လက် ရှိခဲ့ လျှင်ပင်၊ နိမ့်ကျသည့် အခြေခံ အုတ်မြစ် အရ၊ မည်မျှ စွမ်းဆောင် နိုင်မည် မဟုတ်ချေ။
“ မိုးပြာနဂါး မူလပုံစံ- သုံးကြိမ် ပေါင်းစပ်။ ”
နောက်ထပ် ခြေတစ်လှမ်းကို လှမ်းလိုက် ချိန်၌၊ လင်းယွန် ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံ တစ်သံ၊ ပဲ့တင်ထပ် သွားသည်။
ရှေးဟောင်း အရှိန်အဝါနှင့်၊ ပြင်းထန်သော လျှပ်စီး ရူရ် (၃၀)က၊ နဂါး အမှတ် အသား တွင်၊ တောက်ပ လာသည်။
ကောင်းကင်ကြီး တစ်ခုလုံး၊ ချက်ချင်း မည်းမှောင် လာကာ၊၊ ယန်ပေါင်ဖေးအား သွေးအန်လျက် လွှင့်စင် သွားစေ၏။
သူ့အား ဒဏ်ရာရ စေရန်၊ အပြုမူ နှစ်ခုသာ လုပ်ဆောင် ခဲ့သဖြင့်၊ မယုံ ကြည်နိုင် ဖြစ်သွား မိသည်။
“ ဘာဖြစ် တာလဲ။ ”
ရှောင်တျဲဟီက အော်ဟစ် လိုက်သည်။
တဆက်တည်း မှာပင် ထိတ်လန့် ဖွယ်ရာ အတွေး တစ်ခု ဝင်ရောက် လာ၏။ ဓားကျွန် တစ်ဦးကို အမှန်ပင် ရှုံးရပေ တော့မည်။
ယန်ပေါင်ဖေး မှာမူ ထိတ်လန့် သွားပြီး၊ ရှုံး၍ မဖြစ်ကြောင်း သူကိုယ်သူ သတိ ပေးနေ မိ၏။ သို့သော် တံဆိပ် တစ်ခု နှင့်အတူ၊ လင်းယွန်မှာ ရှေ့သို့ ခြေတစ်လှမ်း တိုးလာ နေပြန်သည်။
သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခုဖြင့် ရင်ဆိုင်ရ ချိန်၌၊ ယန်ပေါင်ဖေး တစ်ယောက် စိမ့်တွင်းထဲ ကျရောက်သွား သကဲ့သို့၊ ခံစား လာရသည်။
ထို ဖိအား အောက်တွင်၊ အမှန် တကယ် မလှုပ်ရှား နိုင်တော့ သည်ကို၊ တွေ့ရှိ လိုက်ရ သဖြင့်၊ တုန်လှုပ် သွားလေသည်။
သူ့နောက် ကျောရှိ လည်ပတ် နေသော ရွှေရောင် ထီးကြီးမှာ၊ ရုတ်တရက် ကွဲအက် သွားသည်။
ပထမ အဆင့် - လျှပ်တပြက် ရွေ့လျားမှု၊ ဒုတိယ အဆင့် - သုံးကြိမ် ပေါင်းစပ်၊ တတိယ အဆင့် - သတ်ဖြတ်ခြင်း အရှိန် အဝါ တို့အား၊ ဆက်တိုက် ထုတ်ဖော် ရုံဖြင့်ပင်၊ တိုက်ပွဲမှာ ပြီးဆုံး သွားပြီ ဖြစ်သည်။
သတ်ဖြတ်ခြင်း ရည်ရွယ်ချက် အတွင်း၌၊ ဓား ရည်ရွယ် ချက်နှင့် မိုးပြာ နဂါး စွမ်းအင်ကို၊ ပေါင်းစပ် ထားသည်။
ထို့ကြောင့် ယန်ပေါင်ဖေး ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းမှာ၊ ပိုးမွှားများ ကိုက်ခဲနေ သကဲ့သို့၊ နာကျင် လာ၏။
“ မင်းက အမှိုက် တစ်စပဲ၊ မင်းကို အနိုင်ယူဖို့ ငါ့ဓား မလိုပါဘူး၊ ငါပြောတာ မင်း သဘော ပေါက်လား၊ ဒီနေ့ ကောင်းကင်ကြီး ဘယ်လောက် မြင့်လဲ သိပြီ ထင်တယ်၊ ဒူး ထောက် ပါ ... ။ ”
လင်းယွန်က သတ်ဖြတ်ခြင်း တံဆိပ် ပါရှိသော သူ့ညာဘက် လက်ကို၊ အောက်သို့ ဖိချ လိုက်သည်။
လက်ဖဝါးက ခေါင်းပေါ် ရောက်လာ ချိန်တွင်၊ ယန်ပေါင်ဖေး တစ်ယောက် သွေး အန်ကာ၊ ဒူးထောက် ကျသွား၏။
ဒူး ဆစ်မှ သွေးများ စီးထွက် ကုန်ပြီး၊ ပြင်းထန် လွန်းသော ဖိအားကြောင့်၊ စင်မြင် ပေါ်တွင် အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာ တော့သည်။
***