← Chapters

မင်းရောက် လာပြီး မှတော့ ခဏ နေပါဦး။

Vol. 48 Ch. 670

မင်းရောက် လာပြီး မှတော့ ခဏ နေပါဦး။

Vol. 48 Ch. 670

ယန်ပေါင်ဖေး တစ်ယောက် မြေပြင်ပေါ် ဒူးထောက် နေသည့် မြင်ကွင်းကြောင့်၊ လေလံပွဲ တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။

ဤရလဒ်ကို မည်သူမျှ မမျှော် လင့်ထား သည်မှာ အမှန် ပေပင်။ ဖြစ်ပျက်ခဲ့ သမျှကို မယုံ နိုင်သေး သူများ ထုနှင့်ဒေး ဖြစ်၏။

တစ်ချိန်တည်း မှာပင် လင်းယွန်၏ မောက်မာ လွန်းသော အသံက၊ လူတိုင်း နားထဲသို့ ပဲ့တင် ထပ်လာသည်။

ဤမျှ မာန ကြီးပြီး၊ ရက်စက် ကြမ်းကြုတ်သည့် အသွင် ရှိနေ လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။

ကျန် အင်အားစု အသီးသီး၏ ပါရမီရှင် များမှာ၊ မျက်နှာများ မည်းမှောင် ကုန်၏။ ယန်ပေါင်ဖေး ဒူးထောက် နေခြင်းမှာ၊ သူတို့ကို ပါးရိုက်ခြင်း မည်သည်။

နောက်ဆုံးတွင်၊ လင်းယွန်အား သင်ခန်းစာ ပေးမည်ဟု ကြိမ်းမောင်း ခဲ့သည်မှာ၊ သူတို့ပင် ဖြစ်၏။

ချင်ရို့ယူမှာ အမူအရာ ပြောင်းလဲခြင်း မရှှိဘဲ၊ လင်းယွန်ကို လှမ်းကြည့်သည်။

သို့သော် ဘေးတွင် ရပ်နေသော ရှောင်တျဲဟီက၊ သူမ ခန္ဓာကိုယ် အတွင်းရှိ ကြောက်မက်ဖွယ် အေးစက်မှုကို ခံစားနိုင် သဖြင့်၊ တုန်လှုပ် လာသည်။

ရလာဒ်မှာ ချင်ရို့ယူ မျှော်လင့်ထား သည်ထက် ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။ ဖြစ်တည်မှု အရ၊ လင်းယွန်ကို တိုက်ခိုက်ရန် သူမကိုယ် သူမ နှိမ့်ချ လိုချင်း မရှှိချေ။

ထို့ကြောင့် ကောင်းကင် တောင်တုန်းမှ၊ ပါရမီရှင် များကို အသုံးပြုကာ၊ သင်ခန်းစာ တစ်ခု သင်ပေးရန် ကြိုးစား မိသော်လည်း၊ ယန်ပေါင်ဖေး ကြောင့်၊ ပျက်စီး သွားပြီ ဖြစ်သည်။

သူမ ဘဝ တစ်လျှောက် ရွှေထီး ဆောင်းကာ၊ ရွှေဇွန်း ကိုက် ခဲ့၏။ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ပင်လျှင်၊ သူ့ အပေါ် ဂရုစိုက် ရပေ သည်။

ဤကဲ့သို့ မထီမဲ့မြင် စော်ကား ခြင်းမျိုး၊ မခံစား ခဲ့ ရဖူး သောကြောင့်၊ ဒေသမီးများ အရှိန် အဟုန်ဖြင့် လောင်မြိုက် နေတော့သည်။

သို့သော် ပြောခဲ့ ဖူးသော စကားများ အရ၊ ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှား ရသည် အထိ၊ အရှက် မမဲ့ လိုချေ။

ထို့ကြောင့် လက်သီး များကို၊ တင်းတင်း ဆုပ်ကိုင် ထားပြီး၊ တိုက်ပွဲထံ လှမ်းကြည့် လိုက်ခြင်း ဖြစ်သည်။

စင်မြင့် ပေါ်ရှိ လုယွီက၊ လင်းယွန်အား လေးနက်စွာ တစ်ချက် ကြည့်ပြီး၊ ခေါင်း ခါယမ်း လိုက်၏။ ဤလူငယ်မှာ ရဲဝံ့ လွန်းပြီး၊ သာမန် ပါရမီရှင် တစ်ဦး မဟုတ်ကြောင်း၊ သူ ပြော နိုင်သည်။

ယန်ပေါင်ဖေးအား အနိုင် ယူရန်၊ အပြုအမူ သုံးခု ကိုသာ လုပ်ဆောင် ခဲ့သည်။ ယင်းမှာ လူငယ် ပါရမီရှင်တိုင်း လုပ်ဆောင် နိုင်သော အရာ မဟုတ်ချေ။

“ ချေး ပဲ ဟေ့ …။ ”

“ ငါတို့ သူ့ကို မတားရင် ကောင်းကင် တောင်ကုန်း မြို့၊ အရှက် ရလိမ့်မယ်။ ”

“ ဒါက တကယ့် ရှက်ဖွယ်ပါ၊ ယန်ပေါင်ဖေးက ဓားကျွန် တစ်ယောက် လက်မှာ၊ လွယ်လွယ်နဲ့ ရှုံးနိမ့် ခဲ့တယ်။ ”

လေလံပွဲ အတွင်း လူအုပ် ကြီးမှာ၊ ရုတ်ရုတ် သဲသဲ ပေါက်ကွဲ ထွက်လာသည်။

“ လင်း ယွန် ... ”

ချန်ရှောင်က သည်းမခံ နိုင်တော့ ဟန်ဖြင့်၊ လင်းယွန်ကို လှမ်းအော်၏။

“ မင်း အရမ်း လွန်တယ်လို့ မထင် ဖူးလား၊ ညီအစ်ကို ယန်က ရှုံးနေ ပြီမို့၊ ဒီလို အရှက်ခွဲဖို့ လိုသေး လို့လား၊ ကောင်းကင် တိမ်လွှာဂိုဏ်းကို လျစ်လျူရှု နေတာလား။ ”

သူ့စကား များက ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ တပည့် များကို၊ မျက်နှာများ မည်းကျ သွားစေသည်။

အားလုံး လင်းယွန်း အပေါ်၊ ဒေါသ တကြီး ကြည့်နေ ကြသော်လည်း၊ ယန်ပေါင်ဖေး ရှုံးပြီး နောက်၊ သူတို့ လုပ်နိုင် စရာ မရှိတော့ ချေ။

“ သူ့ကို ငါက အရှက်ခွဲ နေတာလို့ မင်းပြော ချင်လား ... ။ ”

လင်းယွန်က ရယ်မော လိုက်ပြီး၊

“ ကောင်းပြီ ...၊ သူက ငါ့ကို ဓားကျွန်လို့ ခေါ်တဲ့ အတွက်၊ ဂုဏ်ယူ စရာ လို့ရော မင်း ထင်လား၊ ငါ့ကို အရှက် ခွဲဖို့ သတ္တိ ရှိနေ မှတော့၊ ကိုယ့်ကိုယ် ကိုလည်း ပြင်ဆင်ထား သင့်တယ်၊ ... ”

“ ... တစ်ချိန်က ဓားကျွန် ဖြစ်ခဲ့ ဖူးတာကို မရှက် ပေမယ့်၊ ငါ့မှာ ဒေါသ မရှိ ဖူးလို့ မဆိုလို ပါဘူး၊ ... ”

“ ... အရှုံးကို ၀န်မခံ သေးတဲ့ အတွက်၊ သူ နားလည်အောင် ငါက ဒူးထောက်ခိုင်း ရတာပဲ။ ”

လင်းယွန်၏ တုန့်ပြန် မှုကြောင့်၊ ချန်ရှောင်မှာ ဒေါသ ပိုထွက် သွားသည်။

ယန်ပေါင်ဖေး အနေဖြင့်၊ ရှုံးနိမ့်မှု အပေါ်၊ ဝန်မခံ လိုခြင်း မဟုတ်ဘဲ၊ ဖိအား အောက်တွင် ပါးစပ်ဖွင့် မရ ခြင်းသာ ဖြစ်သည်။

“ သူ့ကို လွှတ် ... ။ ”

ချန်ရှောင်က ကြောက်စရာ ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လိုက်ပြီး၊ အေးစက်စွာ အမိန့်ပေး လိုက်သည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒီကိစ္စမှာ မင်းကိုယ်မင်း ဘယ်သူ ထင်လို့၊ ဝင်စွက်ဖက် နေရ တာလဲ။ ”

လင်းယွန်က ပြန်မေး လိုက်သည်။

“ အစ်ကို ချန်က မင်းကို လွှတ်ပေးဖို့ အမိန့်ပေး တဲ့ အတွက် သူပြောတဲ့ အတိုင်း လုပ်ပါ၊ ကောင်းကင် တောင်ကုန်း မြို့မှာ စကား ပြောဖို့၊ မင်းက အရည် အချင်း မရှိ ပါဘူး။ ”

ချင်စီလျိုက ဓားအရှိန် အဝါကို ထုတ်လွှတ် လိုက်ပြီး၊ အထင် အမြင် သေးဟန်ဖြင့်၊ အော်ငေါက် လိုက်သည်။

“ တစ်ချိန်က ဓားကျွန် ဖြစ်ဖူးရင်၊ အမြဲတမ်း ဓားကျွန်ပဲ၊ ဟမ့် ... မင်းမှာ ခွန်အား နည်းနည်းရှိ တာနဲ့၊ မောက်မာလို့ ရပြီ ထင်နေလား ... ။ ”

ဂျီလင်းက နှာခေါင်းရှုံ့ လိုက်၏။ ဓားကျွန် တစ်ယောက် ကောင်းကင် တောင်ကုန်း မြို့တွင်၊ လာရှုပ် နေသည်ကို၊ သူ ကြည့် မရ တော့ချေ။

ထို့ကြောင့် အမှား အမှန်ကို၊ စိတ်မဝင် စားတော့ဘဲ၊ ယန်ပေါင်ဖေးအား လွှတ်ပေးရန် အမိန့်ပေး မိခြင်း ဖြစ်သည်။

ယန်ပေါင်ဖေး တစ်ယောက် လင်းယွန်အား၊ သတ်ပစ်ရန် ကြံစည် ခဲ့သည် ဟူသော အချက် ကိုပင်၊ လျစ်လျူရှု ထားကြသည်။

သူတို့ အမြင် အရ၊ ယန်ပေါင်ဖေး သည်သာ အလေး အနက် ထားပါက၊ လင်းယွန် အပေါ်၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည်၏။

ချင်ရို့ယူ ရှေ့တွင် ဖျော်ဖြေခွင့် ရသည့် အတွက်၊ ကံကောင်း သည်ဟု ထင်ခဲ့မိ သော်လည်း၊ အရှက် ရဖွယ် အခြေ အနေဖြင့် အဆုံးသတ် သွားသည်။

ထိုကြောင့် ဤအခွင့် အရေး ကိုသာ၊ မိမိ ရရ အသုံးချ နိုင်ပါက၊ သူတို့၏ မျိုးနွယ်စု များမှာ၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းထက် ပို၍ ကျော်ကြား လာနိုင်မည်။

ချန်ရှောင်က လက်ဝှေ့ ယမ်းပြီး၊

“ မင်းကို နောက်ဆုံး အခွင့် အရေး တစ်ခု ပေးမယ်၊ သူ့ကို လွှတ်လိုက်ပါ၊ မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး၊ ငါ့ရဲ့ ကျွန် အဖြစ် တစ်သက်လုံး၊ နှိပ်စက် ရလိမ့်မယ်။ ”

“ အိမ်မက် မက် မနေနဲ့၊ ငါ ဆုံးဖြတ် ပြီးတဲ့နောက်၊ သူ့ ခြေထောက်ပေါ် ပြန်တက်ဖို့ အခွင့်ရေး မရှိဘူး၊ ငါ့ကို ကျွန် အဖြစ် နှိပ်စက် မို့လား၊ မင်းမှာ အရည်အချင်း မရှိဘူး။ ”

ဓားသေတ္တာ အတွင်းရှိ ပန်းသင်္ချိုင်း ဓားမှာ၊ စူးရှသော အသံများ မြည်ဟည်း လာသဖြင့်၊ လင်းယွန် မျက်လုံးများ တောက်ပ လာသည်။

ဤအခိုက် အတန့်တွင် ဓား ရည်ရွယ် ချက်ကို၊ ခန္ဓာကိုယ် အတွင်း၌ စုစည်း နေသဖြင့်၊ အရေပြားမှ သွေးများ စီးကျ လာ၏။

“ မင်း ... ငါ့စကား တွေကို အလေး အနက် မထား ဖူးပဲ။ ”

ချန်ရှောင်က ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ ရေခဲ အရှိန် အဝါ များကို ထုတ်လွှတ် ကာ၊ ပြုံးလိုက်သည်။

“ ဒါက ရေခဲ ကျောက်ဆောင် သုတ္တန်ပဲ။ ”

ရေခဲ တောင်ကြီး တစ်လုံး ချန်ရှောင် နောက်၌ ထွက်ပေါ် လာချိန်တွင်၊ လူ အများက အသိ အမှတ်ပြု လာ ကြ၏။

ဤနည်းစနစ် အပေါ်၊ မြင့်မြင့် မားမား ဆုပ်ကိုင်ထား နိုင်သူ များသာ ရေခဲတောင်ကို ဆင့်ခေါ် နိုင်မည် ဖြစ်သည်။

ချန်ရှောင်မှာ ၎င်းကို ဆင့်ခေါ် နိုင်ရုံသာ မက၊ ရေခဲ အငွေ့အသက် ပါသော ရူရ် များ ဖြင့်ပင် ဝိုးတဝါး ပေါင်းစပ် ထားနိုင်သည်။

“ အရမ်း မိုက်တယ်၊ လင်းယွန် ရှုံးတော့မယ်၊ ဒါက အဆင့်တူ ချင်း ဆိုရင်တောင် ဖြေရှင်းဖို့ မလွယ် ဘူး။ ”

“ ဟား ဟား ဟား၊ ဒီတိုက်ခိုက် မှုက မရိုးရှင်းဘူး၊ ဒီကောင်သာ အရှုံး မပေးရင် အသားပြား ဖြစ်သွား လိမ့်မယ်။ ”

“ မဖြစ် နိုင်ဘူး၊ ချန်ရှောင်က သူ့ကို ကျွန် အဖြစ် နှိပ်စက် ဦးမှာ၊ မသတ်လောက် သေးပါ ဘူး။ ”

ဤသည်မှာ ခဲ တစ်လုံးနှင့်၊ ငှက် နှစ်ကောင် ပစ်ခြင်း မည်၏။ သည်နေ့ ပြီးနောက် ချန် မိသားစုမှာ ကောင်းကင် တိမ်လွှာ ဂိုဏ်းထက် ကေျာ်ကြား လာနိုင် ပေမည်။

ထို့ပြင် ချင်ရို့ယူ ထံမှ၊ မျက်နှာသာ ပေးမှု ကိုလည်း ရရှိ နိုင်၏။ ယင်းကို တွေးမိ သွားသော ချန်ရှောင် တစ်ယောက်၊ ကျေနပ်စွာ ပြုံးလိုက် မိသည်။

လင်းယွန်ကို ငုံ့ကြည့်သော အကြည့်တွင်၊ ရက်စက် ကြမ်းကြုတ် ခြင်းများ ထင်ဟပ် လာ တော့၏။

သို့သော် နီးကပ် လာချိန်၌၊ ထက်ရှသော ဓား တစ်လက်အား၊ ရုတ်တရက် ခံစားလိုက် ရသည်။

ဤသည်မှာ ရှန်ရှင်း ဓား ဖြစ်ပြီး၊ တစ်ချိန်လုံး သူ တောင့်တ နေမိသော ကျွမ်းကျင်မှုမျိုး ဖြစ်ချေ ၏။

နောက်ဆုံးတွင် ပြိုင်ဘက်မှာ၊ ၎င်းကို ဆုပ်ကိုင် ထားနိုင် ရုံသာ မက၊ ပို၍ပင် ရင်းနှီး ကျွမ်းဝင် နေပုံ ရသည်။

လင်းယွန် ထံမှ လွှမ်းမိုး ချုပ်ကိုင် လိုသော အရှိန် အဝါများ ပေါက်ကွဲ ထွက်လာပြီး၊ ရေခဲတောင်အား ဖျက်ဆီး လိုက်သဖြင့်၊ သွေး တစ်လုတ် အန်ချ လိုက်မိ၏။

သည့်နောက်တွင် ကြောက်ရွံ့စိတ် များကြောင့်၊ ချန်ရှောင် တစ်ယောက် အမြန် ပြန်ဆုတ် မိသည်။

“ မင်း ... ဒီကို ရောက်လာပြီး မှတော့၊ ခဏတော့ နေပါဦး။ ”

ပန်းသင်္ချိုင်း ဓားကို လွှဲယမ်းကာ၊ ချန်ရှောင် ခေါင်းပေါ် လှမ်းတင် လိုက်၏။

ဓားရည်ရွယ်ချက် များက ကြာပွတ် တစ်ချောင်းလို၊ ပြေးလမ်းအား သိုင်းခြုံလာ သဖြင့်၊ သွေးများ ပို၍ အန်ကျ သွားသည်။

ကံကောင်း သည်မှာ ဓားသွားနှင့် ခုတ်ပိုင်းခြင်း မဟုတ်ဘဲ၊ ဓားပြားဖြင့် ရိုက်နှက် လိုက်ခြင်း ဖြစ်၏။

တစ်ဆက်တည်း မှာပင်၊ ယန်ပေါင်ဖေး အနား တွန်းပို့ခံ လိုက် ရပြီး၊ ဒူးထောက် ကျသွား သည်။

ထရပ်ရန်၊ ရုန်းကန် လိုက်သော်လည်း၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ ခေါင်းပေါ် မိုးထား လေရာ၊ ပြန်ထ မရတော့ ချေ။

“ ဒါ … ။ ”

မျက်စိ တစ်မှိတ် အတွင်း ထိတ်လန့် မှုကြောင့်၊ လူတိုင်း မသံ မထွက်ရဲ တော့ဘဲ၊ အသက်အောင့် ထားမိ လေသည်။

***

All Chapters