ငါ့ နှလုံးသားကို တန်ဖိုးဖြတ် မရဘူး။
Vol. 48 Ch. 672
“ ငါက ... မဟာချင် အင်ပါယာက၊ ဓားနန်းတော်ရဲ့၊ ပန်းသင်္ချိုင်း ဓားသမား လင်းယွန်ပဲ။ ”
ဤတစ်ကြိမ်၌ လင်းယွန်၏ အဖြေတွင်၊ ပန်းသင်္ချိုင်း ဟူသော အမည် တစ်ခု တိုးလာ ခဲ့သည်။
သို့သော် လူတိုင်းမှာ၊ ပို၍ သံသယ ဝင်လာ ကြ၏။ ကောင်းကင် တောင်ကုန်း မြို့ကို အနိုင် ယူခဲ့သော လူငယ်မှာ၊ ဒုတိယ တန်းစား နယ်မြေမှ ဖြစ်နေ ချေပြီ။
မဟာချင် အင်ပါယာ အနေဖြင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ တစ်ချိန်က ကျော်ကြားမှု အချို့ ရှိခဲ့ သော်လည်း၊ လူတိုင်း အမြင်၌ အရေး မပါသော နေရာ တစ်ခု ဖြစ်နေ မြဲ ပေပင်။
ထို့ကြောင့် ကောင်းကင် တောင်ကုန်း မြို့၏ ပါရမီရှင် များမှာ၊ မဟာချင် အင်ပါယာ မဆိုနှင့်၊ အခြားသော စီရင်စု မြို့တော် များရှိ၊ ပါရမီရှင် များကိုပင် မျက်လုံးထဲ မရှိချေ။
ယခုမူ အတွင်း အဆင့်၊ ပါရမီရှင် တစ်ဦး ဖြစ်သော ရှောင်တျဲဟီ ပင်လျှင်၊ နောက်ဆုံး လက်ဖဝါးဖြင့် အနည်း ငယ်သာ အားသာချက် ရရှိ ခဲ့သည်။
ဤရလဒ်ကို ရှောင်တျဲဟီက လက်မခံ နိုင်သကဲ့သို့၊ အခြား မည်သူ ကမျှလည်း လက် မခံ လိုကြပေ။
အတွင်း အဆင့်တွင် ရှိသော ပါရမီရှင် တစ်ဦးသည် မဟာချင် အင်ပါယာမှ လာသော တစ်စုံ တစ်ဦးကို မနိုင် မယူ နိုင်ကြောင်း၊ ပျံ့နှံ့ ပေတော့မည်။
“ ဘယ်လိုပဲ ကြည့်ကြည့်၊ သူ့ကို 'ချင်' အင်ပါယာက လာတယ် လို့ကို မမြင်ဘူး၊ ... ”
“ ဓားနန်းတော် ... ၊ ဒီနာမည်ကို ငါ တစ်ခါမှ မကြား ဖူးဘူး၊ ဒီကောင်က ဘယ်က လာ တာလဲ။ ”
“ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါးက လွဲရင်၊ သူ့ကို ဘယ်သူမှ အနိုင်ယူ နိုင်မယ် မထင်ဘူး။ ”
“ လေးကြိမ် တိုင်တိုင် လှုပ်ရှားပြီး တာတောင်၊ ရှောင်တျဲဟီက အနိုင် မယူ နိုင်တဲ့ အတွက်၊ ဆက်တိုက်ဖို့ နည်းနည်းတော့ ခက်နေပြီ။ ”
“ ဒါက တကယ် ရှက်စရာ ကောင်းလွန်း တယ် … ။ ”
မြို့ခံ ကျင့်ကြံသူ များမှာ လေးကန်သော သက်ပြင်းများ ပြိုင်တူ ချလိုက် ကြသည်။
ယန်းဖန်နှင့် ဂိုရှု သာလျှင် စိတ်လှုပ်ရှားမှု များဖြင့် လှမ်းကြည့် နေ၏။ လင်းယွန် တစ်ယောက် ထိုတွေ့ဆုံ ပွဲတွင်၊ ခွန်အား အစစ် အမှန်ကို ထုတ်ဖော် မပြသ ခဲ့ကြောင်း၊ သူတို့ သိထား သော်လည်း၊ ဤမျှ ခရီးရောက် လိမ့်မည်ဟု မထင် ထားချေ။
“ သူဌေး လု၊ မင်းက ဒီလေလံ ပွဲရဲ့ တာဝန်ခံ တစ်ယောက်လား ဒါမှ မဟုတ်၊ ကောင်းကင် တောင်ကုန်း မြို့ရဲ့ မိသားစုဝင် တစ်ယောက် လား၊ ... ”
“ ... ဒါက စိတ်ရှုပ် စရာပဲ၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို၊ အခုချိန်ထိ ငါ မပိုင် သေးဖူးလား၊ အဖြေ တစ်ခု ပေးပါ၊ ... ”
“ ... မဟုတ်လို့ ဒီလေလံပွဲက ဟာသ တစ်ပုဒ် ဆိုရင်တော့ ငါစွန့်လွှတ် ပေးမယ်။ ”
ဤလူများမှာ ကန့်သတ်ချက်ကို ချိုးဖျက် ပြီးနောက်၊ မည်သူ ကမှ သူ့အား တန်ဖိုး မပေး ‘ချေ’ သဖြင့်၊ စိတ်ဆိုး လာသည်။
လုယွီက သူ့မုတ်ဆိတ် မွေးကို ပွတ်သပ်ပြီး ပြုံးလိုက်ကာ၊
“ ဟဲ ဟဲ ... ၊ ငါက သူတို့ ထဲက တစ်ယောက် မဟုတ် သလို၊ ချင်ရို့ယူရဲ့ အုပ်ထိန်း သူလည်း မဟုတ် ပါဘူး။ ”
လုယွီက ပြန်ဖြေ ပြီးသည်နှင့်၊ မျက်နှာ တင်းမာ သွားပြီး၊
“ စင်မြင့် ပေါ်မှာ၊ ခုန်ပေါက် လာတဲ့ သူတွေ အားလုံး ကန့်သတ်ချက်ကို ချိုးဖျက် ခဲ့တယ်လို့ ငါ ယူဆတယ်၊ ... ”
“ ... မင်းတို့ အားလုံး ရှုံးနိမ့် ခဲ့တဲ့ အတွက်၊ တန်ဖိုးပေး ချေပါ၊ ဒီနေ့ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို လင်းယွန် ပိုင်ပြီ။ ”
ထိုစကားကြောင့်၊ ရှောင်တျဲယီ အပါ အဝင်၊ ချန်ရှောင်တို့ လေးဦးမှာ၊ မျက်နှာများ ပျက်ယွင်း သွား ကြသည်။
သူတို့ကိုယ် သူတို့ အရှက်ခွဲ မိသည်သာ မက၊ မြောက်များ လှသော အဖိုး အခပါ ပေးချေ ရပေ တော့မည်။
အံကြိတ် မိရုံ မှတပါး၊ သူတို့ တက်နိုင်သော အရာ၊ မရှိ တော့ချေ။ ချင်ရို့ယူ မှာမူ မျက်စိ ရှေ့ရှိ မြင်ကွင်း များကို၊ မမြင်လို ဟန်ဖြင့်၊ မျက်လုံး မှိတ်ချ လိုက်၏။
သူ မျက်စိကျ နေသော တစ်စုံ တစ်ရာအား၊ ဓားကျွန် တစ်ယောက်မှ ယူဆောင် ရဲ ချေပြီ။ ဤသည်မှာ မမျှော်လင့် ထားသော ရလာဒ် ဖြစ်ပေ ၏။
ပြီးနောက် မျက်လုံးများ ပြန်ဖွင့် လာကာ၊ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။
“ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး ပိုင်ဆိုင်ခွင့် အတွက်၊ ကန့်ကွက် စရာ မရှိတော့ ပါဘူး၊ ... ”
“ ... ဒါပေမယ့် မင်း ငါ့ကို ရောင်းပေးနိုင် မလား၊ ကျင့်ကြံမှု နည်းစနစ်၊ စကြဝဠာ လက်နက်၊ ချပ်ဝတ်၊ မှော်ဆေးလုံး တစ်ခုပေါ့၊ ... ”
“ ... မင်း လိုချင်တာ မှန်သမျှကို ငါပေး နိုင်တယ်၊ ပြီးတော့ ငါ့နဲ့ တွေ့ဆုံခွင့် တစ်ကြိမ်၊ မင်းကို ပေးနိုင် ပါတယ်။ ”
“ ရို့ ယူ ... ။ ”
ရှောင်တျဲဟီက ထိတ်လန့် စွာဖြင့်၊ တားဆီးရန် ကြိုးစား လိုက်သော်လည်း၊ ပြန်လည် စိုက်ကြည့် လာသော အကြည့် ကြောင့်၊ ခေါင်းငုံ့ သွားမိသည်။
ထိုအခွင့် အရေးကို သူမျှော်လင့် နေခြင်း ဖြစ်ပြီး၊ လင်းယွန် ထံသို့ လွယ်ကူစွာ ရောက်ရှိ သွား ခဲ့သည်။
“ ဒီကောင်က တကယ် ကံကောင်း တာပဲ၊ မင်းသမီး ရို့ယူက ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး အတွက် မျက်နှာသာ ပေးနေတာ။ ”
“ ငါသာ သူ့ နေရာ မှာဆို၊ စားပွဲ တစ်ခုကို ချက်ချင်း ဖိတ်မိမှာ၊ သေချာတယ်။ ”
“ ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ် ပါးတောင်၊ မင်းသမီး ရို့ယူ ဆီက လိုက်လျောမှု တစ်ခု မရ ဖူးဘူး၊ ဒီသတင်းသာ ပျံ့သွား ရင် ..... ”
လူတိုင်းက လင်းယွန် အပေါ် မနာလို စိတ်ဖြင့် လှမ်းကြည့် နေကြသည်။ ထို့ကြောင့် လင်းယွန် တစ်ယောက် ချင်ရို့ယူအား ပြန်လှည့် ကြည့်လာ သည်အား မြင်လိုက် ရ၏။
ချင်ရို့ယူမှာ ဖုံးကွယ်ရန် အတတ် နိုင်ဆုံး ကြိုးစား နေ သော်လည်း၊ ရွံရှာ စက်စုပ်ဖွယ် ခံစားချက် များကို မျက်ဝန်း များ၌ ဖျောက်ဖျက် နိုင်ခြင်း မရှိချေ။
ဤသည်မှာ ဓားကျွန် တစ်ဦး အတွက်၊ သူမ၏ အဆုံးစွန်သော၊ လိုက်လျောမှု တစ်ခု ဖြစ်ပေသည်။
( စိတ်ဝင် စားစရာပဲ ... ။ )
လင်းယွန်က ပြုံးလိုက်သည်။ ပထမဆုံး အကြိမ်တွင် သူမ ဂိုဏ်းထဲ ခေါ်ရန်၊ အထက်စီး ဆန်စွာ ပြုမူ ခဲ့သည်။
ယခု အချိန်၌ အနည်းငယ် မျှပင်၊ နှိမ့်ချဟန် မရှိဘဲ၊ ကတိ တစ်ခု ဖြည့်ဆည်း ပေးမည် ဟုသာ ဆိုပြန်၏။
အခြားသော သူများ ကဲ့သို့၊ တဏှာ ရမ္မက်ဖြင့်၊ မက်မော နေမည်ဟု ထင်ထား ပုံ ရသည်။
ယခု အချိန်၌ စီနီယာ အစ်မ ရှင်းယန်သာ ရှိနေ ပါက၊ ညို့အား ပြင်းသော အလှ တရား ဆိုသည်ကို၊ ချပြ မိပေမည်။
“ တောင်းပန် ပါတယ် ... ၊ ငါ မင်းရဲ့ ကတိ တေွကို စိတ်မဝင် စားဘူး။ ”
မဆိုင်း မတွပင် ငြင်းဆို လိုက်ပြီး၊ ထိုင်ခုံဆီသို့ ပျံသန်း သွားလိုက်သည်။ မိန်းမ တစ်ယောက်ထံ ခေါင်းငုံ့ ခြင်းသည် သူ့ပုံစံ မဟုတ် ချေ။
သို့သော် ဆုစီယာအား သတိရ သွားပြီး၊ ရှက်ရွံ့စွာ ပြုံးလိုက် မိ၏။
( မင်း မပါဘူး ... ။ )
“ အဟွတ် ... ။ ”
ရုတ်တရက် လက်ပိုက်လျက် စိုက်ကြည့် လာသော ရှင်းယန်နှင့်၊ ယွဲ့ဝေဝေကြောင့်၊ တံတွေး နင်သွား ရပြန်သည်။
ချင်ရို့ယူ မှာမူ ဤမျှ ပြတ်သားစွာ အငြင်းခံ ရလိမ့် မည်ဟု၊ မထင်ထား မိချေ။ ရှောင်တျဲဟီပင် မယုံကြည်နိုင် စွာဖြင့်၊ ပါးစပ် ဟောင်းလောင်း ပွင့်သွား မိ၏။
( ဒီကောင် ... ချင်ရို့ယူကို တကယ်ငြင်း လိုက်တာပဲ၊ ရူးများ ရူးနေလား။ )
လင်းယွန် ထွက်ခွာ သွားချိန်တွင်၊ လူတိုင်းမှာ မှင်တက် နေခြင်းမှ၊ နှိုးထ နိုင်ခြင်း မရှိ သေးချေ။
“ လင်းယွန် ... ၊ မင်းပြန် စဉ်းစား လိမ့်မယ်လို့ ယုံကြည်တယ်၊ ငါက ကတိ တွေကို လွယ်လွယ် မပေး တက်ဘူး။ ”
ချင်ရို့ယူ အော်ဟစ်ကာ၊ ထပ်မံ တောင်းဆို လိုက်သည်။ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို၊ သူမ မည်မျှ လိုချင်ကြောင်း သိသာ နေချေ၏။
တစ်ချိန်တည်း မှာပင်၊ ဓားကျွန် တစ်ယောက် အနေဖြင့်၊ သူမအား အမှန်တကယ် ငြင်းပယ် လိမ့် မည်ဟု၊ မယုံကြည် နိုင်သေးပေ။
“ ငါ့ အချစ်က တန်းဖိုး ဖြတ်လို့ မရတဲ့ အတွက်၊ မင်းကတိ တွေကို ငါ မလို ပါဘူး၊ ဒါကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ”
လင်းယွန်က နောက်ပြန် မလှည့် တော့ဘဲ၊ လေလံပွဲ အတွင်းမှ ထွက်ခွာ သွားတော့သည်။
ထို့ကြောင့် နောက်ကျောကို ကြည့်နေသော ချင်ရို့ယူ မျက်ဝန်း များတွင်၊ သတ်ဖြတ် လိုခြင်း ရယ်ရွယ်ချက် များဖြင့်၊ ပြည့်နှက် လာ၏။
လေလံ ပွဲမှာ ဆက်သွား နေသော်လည်း၊ လူတိုင်းက အဖြစ် အပျက် များကို ဆက်လက် ဆွေးနွေး နေကြ တုန်းပင်။
ယနေ့ ပြီးနောက် ကောင်းကင် တောင်ကုန်းမြို့ တခွင်၊ ပန်းသင်္ချိုင်း ဓားသမား လင်းယွန် ဟူသော အမည်မှာ၊ ပျံ့နှံ့ သွားမည် ဖြစ်သည်။
ယန်ပေါင်ဖေးနှင့် ချန်ရှောင် တို့အား၊ ဒူးထောက်စေ ပြီးနောက်၊ ကျန် သုံးယောက်ထံ ကြောက်စရာ ကောင်းသော ဒဏ်ရာများ ပေးအပ် ထားခဲ့သည်။
သူတို့ အားလုံးမှာ မောက်မာ ခဲ့ကြ သော်လည်း၊ အဆုံးတွင် လင်းယွန် နင်းချေခြင်း ခံလိုက် ရ၏။
ရှောင်တျဲဟီ ပင်လျှင် ဟန့်တား နိုင်ခြင်း မရှိ ခဲ့ချေ။ သို့သော် လူအများ စိတ်ဝင်စားဆုံး အချင်း အရာမှာ၊ ချင်ရို့ယူအား ငြင်းပယ်ခြင်း ဖြစ်သည်။
‘ငါ့ နှလုံးသားက တန်ဖိုး သတ်မှတ်လို့ မရဘူး၊’ ဟူသော လင်းယွန်၏ စကားများ အရ၊ မိန်းကလေး တစ်ဦး အပေါ် ရည်ညွှန်း သွားခဲ့သည်။
ထို့ကြောင့် ချင်ရို့ယူ ထက်ပင် ပို၍ လှပသော အမျိုးသမီး တစ်ဦး ရှိနေကြောင်း ဆိုရာ ရောက်ချေ ၏။
မဟုတ် ပါက ပြတ်ပြတ် သားသား ငြင်းဆိုရန်၊ အဓိပ္ပါယ် မရှိချေ။ တစ်ဖန် ယင်းကို လူတိုင်း မယုံကြည် ကြချေ။
အလှ တရားနှင့် ပတ်သတ်ပြီး၊ ချင်ရို့ယူဖြင့် ယှဉ်နိုင်သော အမျိုးသမီးများ ရှိကောင်း ရှိနိုင် သော်လည်း၊ အရည် အချင်း အရ၊ သူမ ထက် သာလွန်သူ မရှိ နိုင်ချေ။
ခေါင်မိုး ပေါ်ရှိ ဘုန်းကြီးက၊ ဝိုင်အိုးကို ပြုံးကာ မော့သောက် လိုက်ပြီး၊
“ အရမ်း မိုက်တယ်၊ ဒီကောင်က သူ သွားလေ ရာမှာ၊ မုန်တိုင်း တစ်စင်းကို ဖန်တီး နိုင်တယ်၊ ဟဲ ဟဲ ... ဒါမှ ငါ့သူငယ်ချင်း။ ”
-ဟု ဆိုလိုက်၏။
ဤသည်မှာ လွင့်မျော နေသော ရေခွက် ဖြစ်ပြီး၊ သူ့ စကားဆုံး သည်နှင့်၊ သူ့ ဘေးတွင် ရပ်နေဆဲ ဖြစ်သော အမျိုး သမီးထံ တစ်ချက် မော့ကြည့် လိုက်သည်။
ထိုအမျိုး သမီး၏ နှုတ်ခမ်း ထောင့်တွင်၊ အပြုံး တစ်ပွင့်ကို မြင်လိုက်ရ သဖြင့်၊ ရုတ်တရက် အံ့ဩ သွား၏။
အမြင် လွဲမှား နေသည်လော ဟုပင်၊ အတွေးဝင် လာမိသည်။ သူသာ အမှတ် မမှား ပါက၊ အပြုံးကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
အချိန် အတော်ကြာ ငေးကြည့် ပြီးနောက် ခါးသီးသော အပြုံးဖြင့် အကြည့်အား ဆုတ်ခွာ လိုက်သည်။
ဤမျှ လှပသော အမျိုးသမီး တစ်ဦးကို မြင်ပြီးနောက်၊ ချင်ရို့ယူအား အပေါ် စိတ်မဝင် စားသည်မှာ၊ သဘာဝ ပေပင်။
( တကယ့် အရူးတွေ ... ။ )
လွင့်မျော နေသော ရေခွက်က ပြုံးကာ အပြစ်တင် ရေရွတ် လိုက်၏။
***