ပိတ်ဆို့ခြင်း။
Vol. 49 Ch. 673
လေလံပွဲမှ ထွက်လာပြီး နောက်တွင်၊ သူ့အပေါ် ကျရောက် လာသော သတ်ဖြတ် လိုခြင်း၊ ရည်ရွယ်ချက် များကို ခံစား မိသည်။
ကျွမ်းကျင်သူ များ အနေဖြင့်၊ ထက်ရှသော အာရုံကို ပိုင်ဆိုင် ထားပြီး၊ ဓား ရည်ရွယ်ချက် အပေါ် ဆုပ်ကိုင်ထား နိုင်သူ များမှာ၊ ဆိုဖွယ် မရှိချေ။
၎င်းတို့ အနက်၊ သူ့အား ထူးခြားသော ခံစားချက်များ ပေးစွမ်း နေသည့်၊ အကြည့် တစ်စုံလည်း ရှိနေ သေးပြန်၏။
ထိုအကြည့်မှာ ခေါင်မိုး တစ်ခု ပေါ်တွင် ရပ်နေသော အရိပ် ထံမှ လာခြင်း ဖြစ်သည်။
ထို့ကြောင့် အနည်းငယ် တုန့်ဆိုင်း သွား သော်လည်း၊ ထိုအကြောင်းကို ဆက် မတွေး တော့ရန် ဆုံးဖြတ် လိုက်သည်။
ကောင်းကင် တောင်ကုန်း မြို့၌၊ ပုန်းကွယ်နေသော နဂါး များစွာ ရှိချေပြီ။ ၎င်းတို့ အနေဖြင့်၊ သူ့ အပေါ် အာရုံစိုက် လာသည်မှာ၊ သဘာဝ ပေပင်။
ထိုပုဂ္ဂိုလ်သည် မည်သူ ဖြစ်သည်ကို၊ မသိသည့် နောက်၌၊ ရန်သူလော မိတ်ဆွေလော မကွဲပြား နိုင်ချေ။
နဂါးလေးကို ဆွဲကာ မြို့အတွင်း လမ်းလျှောက် ပြန်လာ ခဲ့၏။ နဂါးလေး၏ အသွင်ကြောင့် မြင် သူတိုင်းမှာ၊ ထိတ်လန့် တုန်လှုပ် နေမြဲ ဖြစ်သည်။
လေလံပွဲ ပြီးနောက် မျိုးနွယ်စုများ ထံမှ ရန်ငြိုးဖွဲ့ မှုများ ရှိလာနိုင် သော်လည်း၊ ချက်ချင်း ထွက်ခွာရန် ဆန္ဒ မရှိချေ။
မီးလျှံ မိုးကြိုး ကြာပွတ်နှင့်၊ နဂါးလေး ရှိနေသဖြင့်၊ အချိန် မရွေး ဆုတ်ခွာ ထွက်ပြေး သွားနိုင်သည်။
ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ အတွက်မူ စိတ် မပူချေ။ သူ့အား သတ်လို ပါက၊ သေပြီး ဖြစ်ပေမည်။
တည်းခိုသော ခြံဝန်းသို့ ပြန်ရောက် ပြီးနောက်၊ ဝိညာဉ် ရေကန် ဘေးတွင် စတင် ကျင့်ကြံရန် ပြင်ဆင် လိုက်သည်။
သိုလှောင်အိတ်ကို အသာ အယာ ပွတ်သပ်ပြီး၊ လေးလံသော ကျောက်စိမ်း သေတ္တာ တစ်လုံးအား ထုတ်ယူ လိုက်၏။
၎င်းအတွင်းမှ လျှပ်စီးများ တောက်ပ နေသော၊ အလင်းတန်း ဆယ်ခု ထွက်ပေါ် လာ၏။ ဤအလင်းရောင် အောက်တွင် ရေကန် တစ်ခုလုံး တောက်ပ လင်းလက် သွားသည်။
လျှပ်စီး ငါးပါး သလင်းကျောက် များကို ကြည့်ပြီး၊ စိတ်လှုပ်ရှား မှုကြောင့်၊ မျက်ဝန်းများ မှေးကျဉ်း လာကုန်၏။
လျှပ်စီး ငါးပါး သလင်းကျောက်၏ တန်ဖိုးမှာ၊ ငွေမိုးကြိုး သိမ်းငှက် အမြုတေထက်၊ ပို၍ မြင့်ချေသည်။
၎င်းဆယ်ခုဖြင့် မိုးပြာ နဂါး မူလ ပုံစံကို၊ ကျင့်ကြံရန် အချိန် အတိုင်း အတာ တစ်ခု အထိ၊ အရင်း အမြစ် ပြတ်လပ်မည့် အရေးအား၊ စိတ်ပူ စရာ မလို တော့ချေ။
မိုးပြာ နဂါး မူလ ပုံစံကို ကျင့်ကြံရန် လိုအပ်သော အရင်း အမြစ်မှာ၊ ကြောက်စရာ ကောင်းအောင် မြင့်မား လှ၏။
တတိယ အဆင့် ရောက်ရန်ပင်၊ နဂါးသွေး တစ်စက်၊ အုပ်စိုးရှင် နတ်ဆိုး သားရဲ အမြုတေ နှင့်၊ လျှပ်စီး ပုတီးစေ့ကို သန့်စင်ခဲ့ ရသည်။
ဓားသမား တစ်ဦး လျှောက်သော လမ်းမှာ၊ လေးညို့မှ ပစ်လွှတ် လိုက်သည့် မြှားတစ်စင်း ကဲ့သို့၊ ပြန်လှည့် မရသော လမ်း ဖြစ်၏။
အစွမ်း ထက်သော ရုပ်ခန္ဓာသာ မပိုင်ဆိုင် ထားပါက၊ ဤမျှ ထက်ရှသော ဓားရေး များကို ထုတ်လွှတ်ရန် မဖြစ် နိုင်ပေ။
ဥပမာ အားဖြင့်၊ မိုးကြိုးကို တစ်ကြိမ်သာ ထုတ်ဖော် နိုင်သော်လည်း၊ ယခု အချိန်၌ (၁၈) ချက်အား၊ အတွေး တစ်ချက် ဖြင့်ပင် ထုတ်လွှတ် နိုင်ပြီ၊ ဖြစ်သည်၊
“ စတုတ္ထ အဆင့်ကို တက်ရောက် နိုင်မလား ကြည့်ရအောင်။ ”
မြေပြင် ပေါ်တွင် ထိုင်ချ လိုက်ကာ၊ လျှပ်စီးငါးပါး သလင်းကျောက် တစ်လုံးကို၊ ထုတ်ယူ သန့်စင် လိုက်တော့သည်။
***
လေလံပွဲ ပြီးသည်နှင့် ချန်ရှောင်တို့ အားလုံးမှာ၊ ရှောင်တျဲဟီ နေအိမ်၌ စုရုံး နေခဲ့ ကြ၏။
“ မင်း ... စုံစမ်းလို့ ရပြီလား။ ”
ချန်ရှောင်က သူ့ ကျွန်အား အေးစက်သော မျက်နှာ အမူအရာဖြင့် မေးလိုက်သည်။
“ ဟုတ်ကဲ့ သူ့ရဲ့ တည်နေရာကို ရှာတွေ့ ထားပါပြီ။ ”
“ မြို့ထဲမှာ ပဲလား။ ”
ချန်ရှောင် မျက်လုံးများ တောက်ပ လာ၏။ ကောင်းကင် တောင်ကုန်း မြို့မှာ၊ သူ၏ နယ်မြေ ဖြစ်သောကြောင့်၊ မြို့၌ ဆက်ရှိ နေပါက၊ များစွာ လွယ်ကူ နိုင်ပေမည်။
“ ဟုတ်ကဲ့ ... ၊ သူ မိုးရေ တည်းခိုဆောင်မှာ ရှိနေ ပါတယ်။ ”
ချန်ရှောင် ကျွန်၏ ပြန်ဖြေ သံကြောင်၊ ချန်ရှောင် သာမက၊ အခြားသူ များပါ မျက်မှောင် ကြုတ် သွားမိသည်။
မိုးရေ တည်းခိုဆောင် ဟူသည် တစ်ဦးချင်း သီးသန့် တည်းခို နိုင်သော၊ သာမာန် ခြံဝင်း တစ်ခု မဟုတ်ပေ။
ခြံဝင်း တစ်ခု စီတွင် ဝိညာဉ် ရေးရာ အစီရင် များဖြင့် ဖုံးကွယ် ထားပြီး၊ အဆင့်မြင့် ဝိညာဉ် ရေကန် တစ်ကန် ပါရှိသည်။
သို့ဖြစ် ပါ၍ ကျူးကျော်ရန် ကြိုးပမ်း သူတိုင်း၏ အဆုံး သတ်မှာ၊ သေခြင်း တရားသာ ဖြစ်ပေ မည်။
အစီရင်များ မရှိ သည့်တိုင်၊ မိုးရေ တည်ခိုဆောင် ပိုင်ရှင်မှာ၊ သူတို့ စော်ကား နိုင်သော လူ တစ်ဦး မဟုတ်ချေ။
“ ဒီကောင်က တကယ် ချမ်းသာ တာပဲ။ ”
ချင်စီလျိုက ဆိုသည်။ သူ့တွင် အစွမ်း ထက်သော ချပ်ဝတ် တစ်ထည် ဝတ်ဆင်ထား သဖြင့်၊ မိုးကြိုး ဓားချက်ကို ခံယူပြီး နောက်တွင်၊ အသက်ရှင် နိုင်ခဲ့သည်။
သို့သော် ဒဏ်ရာများ အကင်း မသေ သေးချေ။ ဤအခြေ အနေ ရောက်ရန် အတွက်ပင်၊ အစွမ်း ထက်သော မှော်ဆေးလုံး တစ်လုံးအား သောက်သုံး ခဲ့ရသည်။
ချန်ရှောင်၏ မျက်လုံးများ မှေးစင် သွား ပြီးနောက်၊
“ သူကို ထောင်ချောက် ဆင်ပြီး၊ အပြင် ခေါ်ထုတ် ရအောင်၊ တည်းခိုဆောင် အတွင်းမှာ တိုက်ရိုက် မသတ် သရွေ့၊ မိုးရေ ပိုင်ရှင်က ဂရု မစိုက် ပါဘူး။”
ထိုလူ အကြောင်း တွေး လိုက်မိ သည်နှင့် မကြောက် ရွံ့ဘဲ၊ မနေ နိုင်ချေ။ အလင်းအမှောင် လမင်း ကမ္ဘာ ကပင်၊ ၎င်းအား အလေး အနက် ထား ရသည်ဟု၊ ကောလ ဟာလများ ထွက်ပေါ် ထားခဲ့သည်။
ထို့ကြောင့် မိုးရေ တည်ခိုခန်း၊ နယ်မြေ အတွင်း၊ သူ့ ဧည့်သည် တစ်ဦးကို မည်သူမျှ သတ်ဝံ့ခြင်း မရှိ ခဲ့ပေ။
“ ငါတို့ရဲ့ အကြီးအကဲ တွေကို၊ အကြောင်း ကြား ကျမလား။ ”
ချင်စီလျိုက မေးလိုက်၏။ ယနေ့ မတိုင်ခင် အထိ၊ အဆိုပါ အချင်း အရာကို စိတ်ကူးထဲ မရှိချေ။
သို့သော် လင်းယွန် ပြသ ခဲ့သော ခွန်အားအရ၊ အလေး အနက် သတိထားရန် ခံစား ချက်များ ဝင်ရောက် လာသည်။
သူ အကြံပေး လိုက်သော အခါတွင်၊ အခြားလူ များက၊ အနည်းငယ် တွေဝေ သွားကုန် ကြ၏။
“ လောလော ဆယ်တော့ မလုပ် နဲ့ဦး၊ ငါတို့က ဒီပြဿနာ အရင်းခံ ဖြစ်တဲ့ အတွက်၊ ကိုယ့်ဘာသာ ဖြေရှင်းတာ အကောင်း ဆုံးပဲ၊ အကြီးအကဲ တွေကို မနှောက်ယှက်နဲ့၊ နောက်ပြီး ငါတို့မှာ အစ်ကိုရှောင် ရှိတယ်။ ”
ချန်ရှောင်က ရှောင်တျဲဟီကို လှည့်ကြည့် လိုက်သည်။ သူတို့အား အရှက်ရ စေသည်သာ မကဘဲ၊ များပြား လှသော တန်ဖိုးကို ပေးချေ ခဲ့ရ သဖြင့်၊ လျစ်လျူရှု ခြင်းငှာ စွမ်းမည် မဟုတ်ချေ။
ထို့ကြောင့် အကြီးအကဲ များကို၊ နှောင့်ယှက်မိ ပါက အသုံး မကျဟု ထင်သွားကြ ပေလိမ့်မည်။ မလိုအပ် ခဲ့သော် ထို အဆင့်သို့၊ မတက်လှမ်း လိုချေ။
ရှောင်တျဲဟီပင် ဤပမာဏကြောင့်၊ နာကျင် ခဲ့ရသည်။
“ သူ့မှာ ဝှက်ဖဲတွေ ရှိတယ်၊ ငါ သူ့ကို အနိုင် ယူနိုင်တယ်လို့ ယုံကြည် ပေမယ့်၊ သူ ထွက်သွား ချင်ရင် တားနိုင်မယ် မထင်ဘူး၊ ဒါပေမယ့် ... ”
“ ... မင်းက လျှို့ဝှက် လက်နက်ကို သုံးချင်တယ် ဆိုရင်တော့၊ အဆင်ပြေ လာမယ် ထင်ပါတယ်။ ”
လျှို့ဝှက် လက်နက် ဟူသည် စကြာဝဠာ လက်နက် များနှင့် မတူချေ။ ၎င်းတွင် အသုံးပြု ရန်၊ ကန့်သတ်ချက် ရှိပြီး၊ တစ်ကြိမ် အသုံးပြု ပြီးတိုင်း၊ ပျက်စီး လိုက်လာမည် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ကို လျှို့ဝှက် ပစ္စည်းများ ဟုလည်း ခေါ်ဝေါ် ခဲ့ကြသည်။ ချန်ရှောင်က အံကြိတ် လိုက်ပြီး၊
“ ငါ ... ဆန္ဒ ရှိတယ်၊ မိုးရေ တည်းခိုဆောင်မှာ၊ တစ်သက်လုံး ခိုအောင်း နေလိမ့် မယ်လို့ ငါ မယုံဘူး။ ”
ခုနစ်ရက် ကြာပြီးနောက်၊ ဝိညာဉ် ရေကန် တစ်ကန် ဘေး၌ လျှပ်စီးများ လင်းလက် လာခဲ့ ၏။
ရေကန် ဘေးရှိ လင်းယွန် နောက်တွင် လျှပ်စီး စက်လုံးကြီး တစ်လုံး တည်ရှိ နေကာ၊ ပြင်ပြသော အသက်ရှူ သံများကို ကြားနေ ရသည်။
ယင်းမှာ အိပ်ပျော် နေသော နဂါးကြီး တစ်ကောင်၊ နိုးထလာ သကဲ့သို့ ထင်မှား မိစေ ၏။
အသက်ရှူ ထုတ် လိုက်စဉ်၊ ရှေးဟောင်း အရှိန် အဝါနှင့် မိုးခြိမ်း သံများ တဟုန်ထိုး ‘မြည် ဟည်း’ လာသည်။
လျှပ်စီး များကြောင့် ရေကန်မှာ၊ ခရမ်းရောင် ပြောင်းလဲ သွားပြီး၊ လွမ်းမောဖွယ် အံ့မခန်း မြင်ကွင်းအား ဖန်တီး ပေးနေ ခဲ့၏။
လင်းယွန် ခန္ဓာကိုယ် ပေါ်၌၊ လျှပ်စီး ရူရ်ပေါင်း (၄၅) လုံး အထိ တိုးပွား လာသည်။ လျှပ်စီးများ တဖျပ်ဖျပ် လက်သည်နှင့် အမျှ၊ မြေပြင်ကို တုန်လှုပ် သွားစေသော ရောင်ဝါ တစ်ခု ပေါက်ကွဲ ထွက် လာ၏။
ရုတ်တရက် မျက်လုံးပွင့် လာပြီး ကောင်းကင်ပေါ်၊ ခုန်တက် သွားကာ၊ ရေကန် အလယ်သို့၊ ထိုးချ လိုက်၏။
ရေမျက်နှာ ပြင်မှာ ‘တွင်း’ တစ်ခု အသွင် နိမ့်ဆင်း သွားကာ၊ လှိုင်းလုံး ကြီးများ အရပ် မျက်နှာ အသီးသီးသို့ ပျံ့နှံ့ ကုန်တော့သည်။
ရေစက် များက ဓားများ ကဲ့သို့၊ လေထဲ ပျံတက် သွား၏။ မိုးခြိမ်း သံများ ကင်းစင် သွားသော အခါ၊ ရေမှုန် ရေမွှားများ ပြန်လည် ပျောက်ကွယ် သွားပြီး၊ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံး၊ ဗလာကျင်း နေကာ၊ ဆံပင်များ ဝဲပျံ နေသည့်၊ လင်းယွန် ထွက်ပေါ် လာသည်။
“ နှစ်ရက် အတွင်း၊ လျှပ်စီး ငါးပါး သလင်းကျောက် သုံးလုံးကို သန့်စင် နိုင်ပေမဲ့၊ ရူရ် (၄၅) လုံးပဲ ဖွဲ့တည် နိုင်တယ်၊ နောက် တစ်ဆင့် တက်လှမ်းမဲ့ ပုံ မရှိဘူး။ ”
ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း နေသော စွမ်းအင်ကို ခံစား သိရှိနိုင် သဖြင့်၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လိုက်သည်။
လျှပ်စီး ရူရ် လေးဆယ့် ငါးခုသည် ဆေးကြိုအိုး လေးဆယ့်ငါး အိုး၏ ခွန်အားနှင့် ညီမျှသည်။
လက်သီး တစ်ချက်ဖြင့်၊ ကျွမ်းကျင်သူ များကို သတ်နိုင်ပြီ ဖြစ်၏။ သို့သော် မပျော်ရွှင် ခဲ့ချေ။
မိုးပြာ နဂါး မူလ ပုံစံမှာ၊ တတိယ အဆင့် အထွတ် အထိပ် ၌ပင် ပိတ်မိ နေဆဲ ဖြစ်ပြီး၊ တိုးတက်မှု တစ်စုံ တစ်ရာ မရှိ ခဲ့ချေ။
“ ငါ ... ပြန်ကြည့်ဖို့ လိုတယ်။ ”
နဖူးထံ ကျောက်စိမ်းတုံးကို တင်လိုက်ပြီး၊ မိုးပြာ နဂါး မူလ ပုံစံ၏ အချက် အလက် များအား၊ ပြန်လည် စစ်ဆေး ကြည့်မိသည်။
များပြား လှသော အချက် အလက်များ စီးဝင် လာသဖြင့်၊ အချိန် အတော်ကြာ ငြိမ်သက် သွား၏။
“ နဂါး သွေး ... ။ ”
စကားလုံး နှစ်လုံးကို ရုတ်တရက် ထုတ်ဖော် ရေရွတ် လိုက်ပြီး၊ လွဲမှား နေသည့် အရာ အပေါ်၊ သတိ ထားမိ လာသည်။
နဂါး သွေးကို သုံးကြိမ် တိတိ သန့်စင်ရန် လိုအပ် နေချေ၏။ နဂါးသွေး သန့်စင်ခြင်းမှာ၊ အန္တရာယ် များသော်လည်း၊ အောင်မြင် ပါက အသွင်သစ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။
ယနေ့ ကာလ၌၊ နဂါး သွေးကို ရရှိ ရန်မှာ မလွယ်ကူ တော့ချေ။ သို့သော် နဂါး သွေးကို ပိုင်ဆိုင် ထားသည့်၊ နတ်ဆိုး သားရဲ များ၏ သွေးဖြင့် အစားထိုး နိုင်ပေမည်။
ထိုသို့ ဆိုပါလျှင် နဂါးလေးမှာ၊ နဂါးသွေး ပါသော မြင်းတစ်ကောင် ဖြစ်ပြီး၊ မျိုးဆက် သွေး စတင် နိုးထ လာပြီ ဖြစ်သည်။
“ နဂါးလေး ... ။ ”
မေးစေ့ကို ပွတ်လျက်၊ လှမ်းခေါ် လိုက်၏။ ခေါ်သံကြောင့်၊ အဝေးမှ ပြေးလာ နေသော မြင်း တစ်ကောင်ကို မြင်လိုက် ရသည်။
လင်းယွန်တွင် ရတနာ အမြောက် အမြား ရှိပြီး၊ ဆန္ဒရှိ ပါက သူ့အား ပေးကမ်း လာမည် ဖြစ်သည်။ ထို့ကြောင့် ပြုံးကာ အပြေး လာမိခြင်း ဖြစ်၏။
“ လာ ဦး ... ”
လင်းယွန်က ဖော်ရွေသော အပြုံးဖြင့် လှမ်းခေါ်သည်။ အနား တိုးကပ် သွားချိန်၌ အေးစက်စက် အငွေ့သက်များ ခံစား လိုက်ရ သောကြောင့်၊ သံသယ ဝင်လာ မိသည်။
လင်းယွန် လက်၌ နှင်းလမင်း ဓားမြှောင်ကို ဆုပ်ကိုင် ထားပြီး၊
“ မလှုပ်နဲ့ ... ၊ မင်းရဲ့ နဂါးသွေး နည်းနည်း လိုတယ်။ ” -ဟု ဆိုလိုက်၏။
ထိုစကားကြောင့် နဂါးသွေး မြင်းမှာ၊ မြေပြင်ပေါ် မူးမေ့ လဲကျ သွားသည်။ ပြီးနောက် နာကျင် ဟန်ဖြင့်၊ လူးလိမ့် အော်ဟစ် လာ၏။
၎င်းအော်သံနှင့် အပြု အမူ များကြောင့်၊ လင်းယွန်၏ နှုတ်ခမ်းများ လှုပ်ယမ်း သွားတော့ သည်။
***