ဒုက္ခ။
Vol. 49 Ch. 674
ဟန်မူ ပိုနေသော နဂါးသွေး မြင်းကို ကြည့်ပြီး၊ နှင်းလမင်း ဓားအား ရုတ်သိမ်း လိုက်သည်။
“ သွား အယုတ် တမာကောင် ... ။ ”
ကြမ်းတမ်းသော စကား ဖြစ်သော်လည်း၊ နဂါးလေး အတွက် ပြုံးရွှင် သွားစေ၏။ အမြန် ထရပ် လိုက်ပြီး၊ လှစ်ခနဲ ပြေးထွက် သွားတော့ သည်။
ယင်းကြောင့် လင်းယွန်မှာ ကျိန်ဆဲ လိုက်မိ၏။ နဂါးလေးမှာ အားကိုး၍ မရချေ။ သို့သော် နဂါးလေးမှ ဆန္ဒရှိ လျှင်ပင်၊ သူ ယူမည် မဟုတ်ကြောင်း ပြောနိုင်သည်။
သွေး အဆီ အနှစ်မှာ၊ နတ်ဆိုး သားရဲ များ၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ သွေး တစ်စက်မှာ အသက်ကို မထိခိုက် စေ သော်လည်း၊ တိုးတက် မှုကို များစွာ အဟန့် အတား ဖြစ်စေမည်။
သည်ပတ်ဝန်း ကျင်၌ နဂါးသွေး ပါသော နတ်ဆိုး သားရဲများ ရှိ-မရှိ၊ ရှာဖွေ ရပေမည်၊။ ထို့ကြောင့် အများကြီး မစဉ်းစား တော့ဘဲ၊ မီတာ တစ်ထောင် အကွာသို့ ရိပ်ခနဲ၊ ရွေ့လျား သွားပြီး ခြံတံခါးအား ဆွဲဖွင့် လိုက်သည်။
“ လင်းယွန် ထွက်လာပြီ။ ”
“ သူ ဒီမှာ ... မြန်မြန် သတင်းပို့ … ။ ”
လူများ စွာက လင်းယွန်အား စောင့်ကြည့် နေကြ သဖြင့်၊ ထွက်ပေါ် လာသည်နှင့်၊ လှုပ်ရှား ကုန် တော့သည်။
လေလံပွဲ၏ အဖြစ် အပျက် များမှာ၊ ကောင်းကင် တောင်ကုန်း မြို့သို့၊ ပျံ့နှံ့ ခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် လင်းယွန် ထွက်ပေါ် လာသော အခါ၊ အာရုံစိုက် လာကြခြင်း ဖြစ်သည်။ ၎င်းတို့ အတွင်း၌ သူ့အား စောင့်ဖမ်းရန်၊ တစ်ချိန်လုံး စောင့်ကြည့် နေသူ များလည်း ရှိနေ ချေသည်။
ပတ်ဝန်းကျင်ရှိ သတ်ဖြတ် လိုသော ဆန္ဒ များစွာကို၊ ခံစား မိသော်လည်း၊ လင်းယွန်က စိတ်မဝင် စားခဲ့ချေ။
ကနဦး ယင်-ယန် အဆင့်တွင် ရှိသော၊ အနက်ဝတ် အဖိုးအိုတစ်ဦး သူ့ရှေ့၌ ရုတ်တရက် ထွက်ပေါ် လာ၏။
အဘိုးအို နောက်တွင် လူ ခုနစ်ယောက် ရပ်နေကာ၊ ထိုသူများ အားလုံး အနက်ရောင် ဝတ်ရုံများ ဆင်မြန်း ထားကြ လေသည်။
သူတို့ကို ကြည့်ပြီး လင်းယွန်မှာ၊ ဒေါသ ထွက်လာ၏။ ခုနစ်ရက်ကြာ သည့်တိုင် ထိုလူ များက၊ သူ့အား ချောင်းမြောင်း နေမြဲ ဖြစ်သည်။
“ သတ် ... ။ ”
သူ့နောက်တွင် တံဆိပ် တစ်ခုကို ဖန်တီး နေသော လူ ခုနစ်ယောက်အား၊ အနက်ဝတ် အဖိုးအိုက၊ မိန့်ပေး လိုက်သည်။
“ ... ဟမ့် ။ ”
လင်းယွန် မျက်လုံးများ အေးစက်စွာ တောက်ပ လာ၏။ သည်လူများ အနေဖြင့် အသက်ရှင် ရခြင်းကို ငြီးငွေ့ နေပုံ ရသည်။
အနက်ဝတ် အဖိုးအိုပင်၊ သူနှင့် လှုပ်ရှားမှု အနည်း ငယ်မျှသာ ဖလှယ် နိုင်ပြီး၊ ကျန်သူ များမှာ၊ သားပေါက် ကလေး များသာ ဖြစ်၏။
သို့သော် ရုတ်တရက် ကောင်းကင် ပေါ်မှ၊ ကြီးမားသော ဖိအား တစ်ခု ဆင်းသက် လာပြီး၊ သူ့အား ဖုံးအုပ် သွားသည်။
အနက်ရောင် အစက် အပျောက် တစ်ခု၊ ကောင်းကင်မှ ဆင်းသက် လာပြီး တဖြည်းဖြည်း ကျယ်ပြန့် လာ၏။
ထို့နောက်တွင် ကြီးမား လှသော ရှေးဟောင်း ခေါင်းလောင်းကြီး တစ်လုံး၊ လင်းယွန်ပေါ် ပြိုကျ သွားသည်။
“ ဒါက ချန် မိသားစုရဲ့ ...၊ နက်နဲ ခေါင်းလောင်းပဲ ။ ”
“ အစစ် အမှန်၊ နက်နဲ ခေါင်းလောင်းက၊ မိုးကြိုး စီရင်စု မြို့တော်ရဲ့ ပင်မ မိသားစုမှာ ရှိ တယ်လို့ ကြားမိတယ်။ ”
“ မိသားစု အခွဲ တွေမှာ မူပွား တစ်ခုစီ ရှိတယ်၊ အသုံး ပြုမှု တစ်ကြိမ်စီ တိုင်းက သက်တမ်းကို လျော့နည်း လာစေ လိမ့်မယ်၊ ဒါကို လင်းယွန် အတွက် တကယ် သုံးနေ တာပဲ၊ မယုံနိုင် စရာ။ ”
“ ဒီလို အစွမ်းထက်တဲ့ လျှို့ဝှက် လက်နက် ရှိနေ မှတော့၊ လင်းယွန်ဆီ သတ်ဖို့ လာဝံ့ ကြတာ မဆန်း ပါဘူး။ ”
“ ဒီကောင် ထွက် မလာ သင့်ဘူး၊ ပိတ်မိ သွားရင် သူ့အတွက် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မထွက် နိုင်ရင် သေပြီ။ ”
ရှေးဟောင်း ခေါင်းလောင်း ထွက်ပေါ်လာ ချိန်တွင်၊ ‘ချန်’ မိသားစု၏ လျှို့ဝှက် လက်နက် အဖြစ်၊ ချက်ချင်း အသိ အမှတ် ပြုခဲ့ ကြသည်။
ထို့ကြောင့် ဝေဖန် သံများ ဆူညံ လာခြင်း ဖြစ်၏။ လင်းယွန်မှာ ထိုမျိုးနွယ်စု အသီးသီး၏ ပါရမီရှင် များကို အရှက်ရ စေခဲ့ သည်။
နောက်ဆုံးတွင် အသုံးပြုရန် အကြိမ်ရေ ကန့်သတ်ချက် ရှိသော လျှို့ဝှက် လက်နက်ကို ထုတ်သုံးကာ၊ ‘အဖတ်ဆယ်’ ရန် ကြိုးစား လာကြခြင်း ဖြစ်သည်။
ခဏလေး အတွင်း မှာပင်၊ ရှေးဟောင်း ခေါင်းလောင်းကြီး ဆင်းသက် လာပြီး လင်းယွန် အား၊ တောင်ကြီး တစ်လုံး ကဲ့သို့ ဖုံးအုပ် သွား တော့၏။
“ ဝုန်း ... ။ ”
လေဟာနယ် တစ်ခုလုံး အလုံ ပိတ်သွား သဖြင့်၊ လင်းယွန်မှာ တွန်းထုတ် ရုန်းကန် လိုက် မိသည်။
“ မင်းက ... နက်နဲ ခေါင်းလောင်းကို ဖျက်ဆီးချင် နေတာလား၊ ဘယ်လောက်တောင် မိုက်မဲ လိုက်လဲ။ ”
အဘိုးအိုက ရယ်မော လိုက်၏။ သို့သော် သူစကား ဆုံးသည်နှင့် နဂါး ဟောက်သံများ ထွက်ပေါ် လာကာ၊ အက်ကြောင်းများ ထင်ဟပ် လာတော့သည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် ညာလက်သီး၌ လျှပ်စီး ရူရ်ပေါင်း သုံးဆယ် စုရုံး လာခဲ့၏။
“ ဟိတ် ... ။ ”
ထို့နောက် ခေါင်းလောင်းကို ထိုးချ လိုက်ရာ၊ ကျယ်လောင်သော ခေါင်းလောင်း သံများ ထွက်ပေါ် လာတော့သည်။
ထိုအသံလှိုင်း အောက်တွင် ပတ်ဝန်းကျင်ရှိ အဆောက် အဦးများ တုန်ခါ လာပြီး၊ အက်ကြောင်း များပင် ထွက်ပေါ် လာတော့ သည်။
အနက်ဝတ် လူ ခုနစ်ဦးနှင့် အဘိုးအို တို့မှာ၊ မျက်နှာများ ဖြူဖျော့လျက်၊ ညည်းတွား သံများ ပြုလိုက် မိ၏။
“ သူ့ကို ဖိ နှိပ် ထား ... ။ ”
အဘိုးအိုက ပို၍ပင် အားစိုက် လာပြီး၊ နက်နဲ ခေါင်းလောင်းထံ တံဆိပ်များ ထပ်မံ ပို့လွှတ် လိုက်သည်။
အသံလှိုင်း ကြောင့်၊ အနားတွင် ရပ်ကြည့် လေကန် နေသော ကျင့်ကြံ သူများကို မူးဝေ လာ စေသည်။
“ အား စိုက် ထား ... ။ ”
လျှပ်စီး ရူရ် များကို (၄၅)လုံး အထိ တိုးမြှင့် လိုက်သည်နှင့်၊ လင်းယွန် မျက်လုံး များမှာ ပို၍ အေးစက် လာတော့သည်။
“ မိုပြာ နဂါး မူလ ပုံစံ- သုံးကြိမ် ပေါင်းစပ်။ ”
“ ဒေါင် ..... ။ ”
လျှပ်စီး ရူရ် များက ဒီရေ လှိုင်းများ ကဲ့သို့ တဟုန်ထိုး တိုးထွက် လာပြီး၊ ခေါင်းလောင်းမှ ပြန်ကန် လာသော အသံလှိုင်းကို ဖျက်ဆီး ပစ်လိုက်သည်။
“ ချိုး ... ။ ”
ပြာလဲ့သော အရိပ် တစ်ရိပ်က ကောင်းကင်ပေါ် ပျံတက် သွားကာ၊ နက်နဲ ခေါင်းလောင်းပေါ် ထိုးနှက် ပစ်၏။
“ အုန်း ... ။ ”
နက်နဲ ခေါင်းလောင်းမှာ၊ မရေ မတွက် နိုင်သော အပိုင်း အစများ အဖြစ်၊ ရုတ်တရက် ပေါက်ကွဲ သွားသည်။
ထိုပေါက်ကွဲ မှုကြောင့်၊ ဆယ်မိုင် ပတ်လည် အတွင်းရှိ အဆောက် အဦးများ အားလုံး ပြိုကျ လာ၏။
ပျက်စီးခြင်း နှင့်အတူ အနက်ဝတ် အဖိုးအို အဖွဲ့မှာ၊ သွေးများ အန်လျက် စက္ကူဖြူ တစ်ရွက် ကဲ့သို့၊ သွေးဆုတ် သွားကုန်သည်။
“ ငါ့ရဲ့ ကောင်းကင် ... ။ ”
“ နက်နဲ ခေါင်းလောင်း ကွဲ သွား ပြီ။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ လက်သီး တစ်ချက် တည်းနဲ့ ဖျက်ဆီး လိုက်တာလား။ ”
ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့် ကုန် ကြသည်။
“ နောက်ဆုတ် ... ။ ”
အနက်ဝတ် အဖိုးအိုနှင့် အဖွဲ့မှာ၊ ထိတ်လန့် တကြားဖြင့်၊ အလျင် အမြန် ထွက်ပြေး ကြတော့ ၏။
“ မင်းတို့ ... လွတ်မြောက်မယ် ထင်လား။ ”
လင်းယွန် မျက်ဝန်း၌၊ အေးစက် မှုများ တောက်ပ လာပြီး၊ ရှန်ရှင်း ဓားအား ထုတ်လွှတ် လိုက်သည်။
လျှပ်စီး တစ်ချက် လက်သွားပြီး၊ ခေါင်းပြတ် နေသော အလောင်း ရှစ်လောင်း မြေပြင်ပေါ် ပြန်လည် ပြုတ်ကျ လာ၏။
လက် ဝှေ့ယမ်းကာ၊ လျှပ်စီး လွန်းပျံကို ပြန်ခေါ် ယူလိုက်သော လင်းယွန်၏ မျက်နှာ၌၊ ကြောက်စရာ ကောင်းအောင် အေးစက် နေခဲ့ သည်။
ကောင်းကင် တောင်ကုန်း မြို့သည်၊ သူ့နောက် လိုက်ဖို့ရန် ဆုံးဖြတ် ထားပုံ ရသည်။ ထို့အတွက် အလောင်း ရှစ်လောင်းဖြင့်၊ ဦးစွာ သတိ ပြန်ပေး ရပေမည်။
တိမ်တိုက်များ ကြားတွင်၊ ပျံသန်း လာသော လူရိပ် အချို့အား လှမ်းမြင် လိုက်သည်။
ယင်းမှာ ရှောင်တျဲဟီနှင့် ချန်ရှောင်တို့ ဖြစ်မှန်း သိလိုက် ရသဖြင့်၊ မျက်လုံးများ မှေးစင်း လျက်၊၊ ခြံဝင်း ဆီသို့ ပြန်လှည့် လိုက်မိသည်။
“ သေ စမ်း ... ။ ”
အလောင်း ရှစ်လောင်းနှင့် အတူ၊ ပေါက်ကွဲ သွားသည့် နက်နဲ ခေါင်းလောင်း အပိုင်းအစ များကို ကြည့်ကာ၊ ကျိန်ဆဲ လိုက်သည်။
ခက်ခက် ခဲခဲဖြင့် ရယူ လာသော လျှို့ဝှက် လက်နက်၊ ပျက်စီး ရသည့် အတွက်၊ ပို၍ပင် ဒေါသ ဖြစ်လာ၏။
“ လျှပ်စီး ငါးပါး သလင်းကျောက် တွေက၊ သူ့ ခွန်အားကို မြှင့်တင် ပေး လိုက်တာပဲ။ ”
ရှောင်တျဲဟီက၊ လေးနက်စွာ ဆိုသည်။ တစ်ဖက် လူ၏ တိုးတက်မှုမှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ သူတို့အား ထိတ်လန့် စေခဲ့သည်။
ခုနစ်ရက် ကြာပြီးနောက်၊ နက်နဲ ခေါင်းလောင်း ကိုပင်၊ လက်သီးဖြင့် ဖျက်ဆီး ပစ်နိုင် လိမ့်မည်ဟု မမျှော် လင့်ထား မိပေ။
ရှန်ရှင်း ဓားကို အပြည့်အ၀ ကျွမ်းကျင် ထားလျှင်ပင်၊ ၎င်းအား ချိုးဖျက်ရန် မဖြစ် နိုင် ကြောင်း၊ တွက်ဆ ထားခဲ့သည်။
“ ငါတို့ စောင့်မယ်၊ သူ့ တစ်သက်လုံး၊ မိုးရေ တည်းခိုခန်းမှာ၊ ပုန်းနေ လိမ့်မယ်လို့ ငါ မယုံဘူး။ ”
ချန်ရှောင်က အေးစက်စွာ ဆိုသည်။ သူ့ မျက်နှာမှာ ပျက်ယွင်း နေခဲ့ပြီး၊ မြင်ရ သူတိုင်းကို ထိတ်လန့် သွားစေ၏။
ရုတ်တရက် နောက်ကျောတွင် ပိုးလွယ် ထားသော ဓားသေတ္တာ အတွင်းရှိ၊ ပန်းသင်္ချိုင်း ဓားမှ စူးစူး ရဲရဲ မြည်သံ ပြုလာ သဖြင့်၊ လင်းယွန်က မော့ကြည့် လိုက်သည်။
သူ့အိမ် ရှေ့၌ လူ တစ်ယောက် ရပ်စောင့် နေ၏။ ထိုသူမှာ ခွန်အားကို သိုဝှက် ထားသော လေလံပွဲ တာဝန်ခံ လုယွီ ဖြစ်သည်။
ဤလူနှင့် သူ မရင်း နှီးချေ။ ထို့ကြောင့် မြင်ချိန်၌၊ အနည်းငယ် မျက်မှောင် ကြုတ်မိ သွားသည်။
တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်သော သူ့ အနေဖြင့်၊ ပတ်ဝန်းကျင် အပေါ်၊ ကောင်းကောင်း နားလည် ထားသည်။
ခြံဝန်းအား ဖုံးကွယ် ထားသော အစီရင်မှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် ပညာ ရှင်များ ကိုပင် တားမြစ် နိုင်၏။
ထို့ကြောင့် ရှောင်တျဲဟီတို့ မဝင်ရောက် နိုင်ခြင်း ဖြစ်သည်။ သို့သော်။
“ မင်းက ငါ့ကို ရန်လို နေပုံပဲ။ ”
လုယွီက ပြုံးလျက် နှုတ်ဆက် လိုက်သည်။
“ အံ့သြ မနေပါနဲ့၊ ငါက ဒီခြံဝန်းကို ပိုင်တဲ့ အတွက်၊ ဆန္ဒ ရှိတဲ့ အတိုင်း ဝင်ထွက်လို့ ရပါတယ်၊ လေလံ ပွဲမှာ အင်အားစု အသီးသီးက ရှုပ်ပွ ခဲ့တဲ့ အပေါ်၊ တောင်းပန်ဖို့ လာတာပါ။ ”
“ လိုက်ခဲ့ ... ၊ ဒီနေရာက စကား ပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူး။ ”
လင်းယွန်က လုယွီကို ဖိတ်ခေါ် လိုက်သည်။
“ ဒီကောင် ... ၊ အင်း စိတ်ဝင် စားစရာပဲ … ။ ”
လင်းယွန် နောက်ကျောကို ကြည့်ပြီး၊ လုယွီက ပြုံး လိုက်သည်။ မောက်မာ လွန်းသော အပြု အမူကြောင့်၊ အနည်းငယ် မကျေမနပ် ဖြစ်သွား သည်။
သို့သော် သူ့ ခြေထောက် များက၊ ၎င်းခံစားချက်ကို လျစ်လျူရှုကာ၊ လင်းယွန် နောက်သို့ လိုက်ပါ သွား တော့သည်။
***