← Chapters

မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ။

Vol. 49 Ch. 675

မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ။

Vol. 49 Ch. 675

ဝိညာဉ် ရေကန် အနားရှိ ဇရပ်ငယ် တစ်ခု အတွင်း၊ လင်းယွန်နှင့် လုယွီတို့ အရက်သောက် နေကြသည်။

ခဏ အကြာတွင် ဤနေရာကို၊ မိုးရေ တည်းခိုဆောင် အဖြစ် ခေါ်ဆိုကြောင်း သိရှိ လိုက် ရသည်။

ဝိညာဉ် တောင်တန်းကြီး ကိုပင် မိုးရေ တည်းခိုဆောင်မှ ပိုင်ချေေ၏။ ပိုင်ရှင်မှာ ကောင်းကင် တောင်ကုန်း မြို့တွင် သာမက၊ မိုးကြိုး စီရင်စု တစ်ခု လုံး၏ လျှို့ဝှက် လွန်းသော လူ ဖြစ်သည်။

အလင်း အမှောင် လမင်း ကမ္ဘာမှ၊ ၎င်းအား ကြောက်ရွံ့ကြောင်း၊ ကောလာ ဟလ များပင် ထွက်ပေါ် နေခဲ့သည်။

သို့သော် ထိုသတင်း မှန်-မမှန် မည်သူမျှ၊ မဆန်းစစ် ရဲကြချေ။ ထို့ကြောင့် ကောင်းကင် တောင်ကုန်း မြို့၏၊ အင်အားစု များမှာ၊ မိုးရေ တည်းခိုဆောင်ကို ရန်မစ ဝံ့ခြင်း ဖြစ်သည်။

လုယွီ၏ ရှင်းပြချက် အပြီးတွင်၊ သူ့အား မည်သူမျှ လာရောက် လုပ်ကြံရန် မဝံ့ သည်ကို နားလည် သွားမိသည်။

“ မင်းက ... အဲ့ဒီ လူတော့ မဟုတ်ဘူး မလား။ ”

လင်းယွန်က တစ်ငုံ သောက်လျက်ဖြင့် မေးလိုက်သည်။

“ မှန်တယ် ... ငါက ဒီနေရာရဲ့ တာဝန်ခံ တစ်ယောက်ပါ၊ သခင်ကြီး ကတော့ အဲဒီမှာ အမြဲ ရှိနေတယ်။ ”

လုယွီက ပြုံးပြီး အဝေး တစ်နေရာထံ လက်ညိုး ညွှန်ပြ လိုက်သည်။

ထို ဦးတည်ရာ အရပ် ထံမှ၊ အကန့် အသတ်မဲ့ ဖိအားများ ထုတ်လွှတ် နေသည့် တောင်ကြီး တစ်လုံးအား တွေ့မြင် လိုက်ရ သည်။

ဤသည်မှာ ကောင်းကင် တောင်ကုန်း မြို့ထံ ဝိညာဉ် စွမ်းအင်များ ပို့လွှတ် နေသော တောင်ကြီး ဖြစ်၏။

သည့်အပြင် ယင်းတောင်တန်း ကြီးကို ကြည့်လိုက် ခြင်းဖြင့်၊ ‘ပရ ဒိသု’ တစ်ခု ကဲ့သို့၊ ခံစား လာ ရစေသည်။

(ပရဒိသု= ကောင်းကင်ဘုံရှိ သန့်ရှင်းသော နယ်မြေ။ နိဗ္ဗာန်။ )

ဓားဂိုဏ်း မပျက်စီး မီ၌၊ ပိုင်ဆိုင် ခဲ့သော ဝိညာဉ် တောင်တန်း ခုနစ်လုံး အနက်မှ တစ်လုံး ဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ၎င်းကို ကောင်းကင် တောင်ကုန်း မြို့၏၊ အသန်မာဆုံး ဂိုဏ်းဖြစ်သော ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ၊ သိမ်းပိုက် လိုက်ပြီဟု၊ လင်းယွန်က ယူဆ မိခဲ့၏။

သို့သော် ယင်းအစား လူ တစ်ဦးမှ အမှန် တကယ် သိမ်းပိုက် ထားခဲ့ပြီး၊ ထိုသူ့ အကြောင်း မည်သူမျှပင် မသိရှိ ထားခဲ့ချေ။ အနည်းငယ် ဆန်းကြယ် နေပေပြီ။

ခွက်ကို ချလိုက်ပြီး၊ လုယွီက ပြုံးသည်။

“ ငါ ... ရိုးသားစွာ တောင်းပန်ဖို့ ရောက်လာ တာပါ။ ”

“ တောင်းပန်ဖို့ ဟုတ်လား၊ မင်းဘာ အမှား လုပ်ထား မိလို့လဲ။ ”

လင်းယွန်က လုယွီကို လှောင်ပြောင် လိုသော အပြုံးဖြင့် ပြန်မေးသည်။ လေလံပွဲ စည်းမျဉ်း အရ၊ ဝိညာဉ် ကျောက်စိမ်းများ မပေးဘဲ၊ မည်သူမျှ တိုက်ခိုက်ခွင့် မရှိချေ။

ယင်းကို လုယွီ အပြည့် အဝ တားဆီး နိုင်ချေ သည်။ ယင်းအစား လျစ်လျူရှု ခဲ့ပြီး၊ နောက်မှသာ ငွေကြေးကို လိုက်လံ တောင်းခံ ခဲ့သည်။

တစ်ဖက် လူမှာ သူ့ အပေါ် မကျေ မနပ် ဖြစ်နေကြောင်း၊ လုယွီ သိသည်။ ထို့ကြောင့် ရှက်ရွံ့ စွာဖြင့်၊

“ ဒါက ... ငါတို့ ပွင့်ပွင့် လင်းလင်းပဲ၊ ပြောရအောင်၊ ငါတကယ် မှားခဲ့ ပါတယ်၊ ဒါပေမယ့် မင်း နားလည် နိုင်မယ် လို့လည်း၊ မျှော်လင့်တယ်၊ ... ”

“ ... အဲ့ဒီ အတွက်၊ ငါ မင်းကို ကူညီ နိုင်တယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ သွေးစွန်းသော ဧည့်ခံပွဲ ခြောက်လ အတွင်း စတင် တော့မယ်၊ ... ”

“ ... မင်းက အခု ချိန်မှာ၊ ကောင်းကင် တောင်ကုန်း မြို့က ပါရမီရှင် ခုနစ်ယောက်ထက် အားနည်း နေနိုင် ပေမယ့်၊ ခြောက်လ အတွင်း ဘာဖြစ်မယ် ဆိုတာ ဘယ်သူ သိမှာလဲ။ ”

လေလံပွဲ ပြီးနောက် လင်းယွန်နှင့် ပတ်သက်၍ စိတ်ပြောင်း သွားခြင်း ဖြစ်သည်။ ရှောင်တျဲဟီဖြင့် ယှဉ်ပါက လင်းယွန်တွင်၊ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း များစွာ ရှိ၏။

ထို့အပြင် လင်းယွန်မှာ အသက် (၁၈) နှစ်သာ ရှိချေသည်။

တစ်ဖက်တွင် အကြောင်း ပြချက် မရှိဘဲ၊ မည်သူမျှ အခမဲ့ ကူညီ နိုင်မည် မဟုတ်ကြောင်း၊ လင်းယွန် ပြောနိုင်သည်။ ထို့ကြောင့် လုယွီကို မယုံကြည် နိုင်ခြင်း ဖြစ်၏။

ယင်းကို သတိ ထားမိသော လုယွီက၊ ပြုံးလိုက်ကာ၊

“ ဟီးဟီး ... ၊ အခု ချိန်မှာ မင်း အပြင် ထွက်သွား ဖို့က မလွယ် သေးပါဘူး၊ ဒါပေမယ့် ငါ့ အကူအညီ နဲ့ဆို၊ အနည်းဆုံးတော့ အတား အဆီး မရှိ၊ စိတ်ကြိုက် ဝင်ထွက် သွားလာ နိုင် ပါလိမ့်မယ်၊ ... ”

“ ... ဒီအတွက် မင်းဘာမှ ပေးစရာ မလိုပါဘူး၊ မိတ်ဖြစ် ဆွေဖြစ် သဘောပါ၊ လေလံ ပွဲမှာ ဖြစ်ပျက် ခဲ့တဲ့ အရာတွေ အတွက်၊ ငါ့ရဲ့ တောင်းပန် မှုလို့၊ သတ်မှတ်လည်း ရပါတယ်။ ”

“ ကောင်းပြီ ထားလိုက်တော့၊ အခု ကောင်းကင် တောင်ကုန်း မြို့ အနီးမှာ၊ နဂါး သွေးပါတဲ့ နတ်ဆိုး သားရဲ တစ်ကောင် ရှိ-မရှိ ငါ သိချင်တယ်။ ”

လင်းယွန်က ခေါင်းညိတ်ကာ မေးလိုက် သည်။

“ နဂါးသွေး ပါတဲ့ ... ၊ နတ်ဆိုး သားရဲလား။ ”

လုယွီက အံ့အားသင့် စွာဖြင့် လင်းယွန်ကို ပြန်ကြည့် လိုက် ပြီးနောက်၊ ချက်ချင်း ပြုံးရယ် သွားကာ၊ ‘ခဏစောင့်’ -ဟု ဆိုလေသည်။

ကျောက်စိမ်းဖြူ တစ်တုံးကို ထုတ်ယူကာ၊ မျက်လုံးများ မှိတ်လျက်၊ အချက် အလက် အချို့ ပေးပို့ တော့၏။

ကျောက်စိမ်းတုံး ထံမှ အလင်း လှိုင်းများ တိုးထွက် လာပြီး၊ ဦးတည်ရာ တစ်ရပ် ထံသို့၊ ပြေးထွက် သွားလေသည်။

(၁၅) မိနစ် အကြာတွင်၊ သိမ်းငှက် တစ်ကောင် ပျံသန်း လာပြီး၊ စားပွဲပေါ် အထုပ် တစ်ထုပ် ပစ်ချ ပေးသွား၏။

ထို့နောက် အထုပ်အား ဖြည်ကြည့် လိုက်ရာ၊ အနက်ရောင် အစက်များ ပါရှိသော မြေပုံ တစ်ချပ်အား တွေ့မြင် လိုက်ရသည်။

“ ဒါက … ”

“ ဒါက ကောင်းကင် တောင်ကုန်း မြို့ရဲ့ မြေပုံပဲ၊ ဒီနေရာမှာ နဂါးသွေး ပါတဲ့ သားရဲတွေ ရှိတယ်၊ ... ”

“ ... သူတို့ရဲ့ ခြေစ လက်စကို တွေ့ထားတယ် ဆိုပေမယ့်၊ တည်နေရာကို အတည် မပြု နိုင်သေးဘူး။ ”

လုယွီက ရှင်းပြ လိုက်သည်။

“ တိမ်မြူ တောင်တန်း၊ အုပ်စိုးရှင် အဆင့် နဂါးသွေး မိစ္ဆာ သိမ်းငှက်၊ ကနဦး ယင်-ယန် အဆင့် သားရဲ။ ”

“ မီးနဂါး လှိုဏ်ဂူ၊ အုပ်စိုးရှင် အဆင့် ကျောက်နဂါး ကျား၊ အလယ် အလတ် ယင်-ယန် အဆင့် သားရဲ။ ”

“ ကျောက်ခွဲ တောင်ထိပ်၊ အုပ်စိုးရှင် အဆင့် ရွှေရောင် နဂါး မြေခွေး၊၊ အလယ် အလတ် ယင်-ယန် အဆင့် သားရဲ။ ”

“ ... ... ... ”

မြေပုံကို ကြည့်ပြီး လင်ယွန် တစ်ယောက် ကျေနပ်စွာ ခေါင်းညိတ် မိသည်။ ဤအချက် အလက် များအရ၊ လုယွီတွင် အမှန် တကယ် အရည် အချင်း ရှိကြောင်း ဝန်ခံ ရပေမည်။

“ အံ့ဩ မနေပါနဲ့၊ ဒါက ငါတို့ အလုပ် ပဲလေ၊ ဒါကြောင့်လည်း ကောင်းကင် တောင်ကုန်း မြို့က၊ ငါ့တို့ကို မလွန်ဆန် ဝံ့တာပါ၊ ”

လုယွီက ပြုံးကာ ဆိုလိုက်သည်။ ယင်းကြောင့် လင်းယွန်က ခေါင်းမော့ ကြည့် လိုက်၏။

ဝန်ထမ်း တစ်ဦး ၌ပင်၊ ဤမျှသော အရည်အချင်းမျိုး ရှိနေ ပါက၊ သခင်ကြီး ဆိုသော တည်းခိုဆောင် ပိုင်ရှင်မှာ၊ ဆိုဖွယ် မရှိချေ။

သည်မြေပုံသည် သူ၏ လက်ရှိ အကျပ် အတည်းကို၊ ဖြေရှင်းပေး နိုင်ပြီ ဖြစ်ရာ ၎င်းအား စိတ်မဝင် စားတော့ခေျ။

“ နေဦး … ။ ”

မြေပုံကို ပြန်ကြည့် နေသော လင်းယွန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားပြီး၊

“ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ တွေတောင် ရှိနေ တာလား။ ”

မြေပုံ ပေါ်ရှိ ဦးခေါင်းခွံ နှစ်ခု သဏ္ဍာန်၊ အမှတ် အသားကို သတိထား မိ သွားခြင်း ဖြစ် သည်။

“ အနက်ရောင် ရေကန်၊ သွေးမီးတောက် မိစ္ဆာ နဂါး စပါးအုံး မြွေ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အရွယ်ရောက် သားရဲ။ ”

“ မီးနဂါး တောင်ကုန်း၊ မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အရွယ်ရောက် သားရဲ။ ”

မှတ်ချက် များကို ဖတ်ပြီးနောက်၊ နှလုံးသား တစ်ခုလုံး တုန်လှုပ် သွားသည်။ ထိုကဲ့ သို့သော ဖြစ်တည်မှု မျိုးမှာ၊ သူ ရန်စ နိုင်သော အရာများ မဟုတ်ပေ။

အထူး သဖြင့် ၎င်းတို့အား အရွယ်ရောက် ပြီးဟု ဆိုထား သောကြောင့်၊ ရှည်လျားသည့် သက်တမ်းများ ရှိချေမည်။

နဂါး လေးမှာ နို့စို့ အရွယ် ၌သာ ရှိပြီး၊ ကြောက်စရာ ကောင်းအောင် အစွမ်းထက် နေခဲ့သည်။

ထို့ကြောင့် ဤသားရဲ များမှ သွေး အဆီအနှစ်ကို၊ အမှန် တကယ် သန့်စင် နိုင်ပါက၊ မိုးပြာ နဂါး မူလ ပုံစံအား၊ စတုတ္ထ အဆင့်သို့ ယူဆောင် နိုင်မည်ဟု ယုံကြည်သည်။

ထိုအချိန်တွင် လုယွီ ပြောသော၊ ကောင်းကင်တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီရှင် (၇)ဦး ပင်လျှင်၊ သူ့အား အနိုင်ယူ နိုင်မည် မဟုတ် ချေ။

“ မင်း ... ဒီနတ်ဆိုး သားရဲ တွေရဲ့၊ သွေး အဆီ အနှစ်ကို သန့်စင်ဖို့ ရည်ရွယ် နေတာလို့ ငါ ထင်တယ်၊ တစ်ခု သိထား ရမှာက ... ”

“ ... သွေးအဆီ အနှစ်ကို သန့်စင် တာနဲ့၊ သားရဲ အမြုတေကို သန့်စင် တာခြင်း မတူဘူး၊ သွေး အဆီအနှစ် တွေက မသန့် တာကြောင့် ပိုအစွမ်း ထက်လေ၊ သူတို့ရဲ့ ဆန္ဒက ပိုကြောက် စရာ ကောင်းလေပဲ။ ”

လုယွီက လင်းယွန်အား တစ်ချက် ပြန်ကြည့်ကာ၊

“ သတိ မထား မိရင်၊ မင်းရဲ့ နှလုံးသားကို သိမ်းပိုက် သွားလိမ့်မယ်၊ အန္တရာယ် အရမ်း ရှိတယ်၊ ဒါကြောင့် မလုပ်ဖို့ အကြံပြု ချင် ပါတယ်၊ ... ”

“ ... ပြီးတော့ အရွယ်ရောက်၊ ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲ တွေက၊ အရမ်း အစွမ်း ထက်တယ်၊ မင်း ရင်ဆိုင် နိုင်ရင်တောင် သတ်ဖို့ မလွယ်ဘူး၊ အဲ့ဒီ အစား မင်းကို စိုက်ကြည့် တာနဲ့တင် သတ်လို့ ရတယ်။ ”

-ဟု လေးနက်စွာ သတိ ပေး လာ၏။

သူ့စကားကြောင့်၊ လင်းယွန်မှာ ထိတ်လန့် သွားမိသည်။ ယင်းမှာ ချဲ့ကား နေခြင်း မဟုတ် ခေျ။

အထူးသဖြင့် နဂါးသွေး နိုးထ လာပြီးနောက်၊ မည်မျှ ကြောက်စရာ ကောင်း မည်ကို သူ သိသည်။

“ ဒါပေမယ့် ... ၊ အခွင့်အရေး မရှိ ဖူးလို့ မဆိုလို ပါဘူး။ ”

လုယွီက လျှို့ဝှက်စွာ ပြုံးလိုက်သည်။ ထို့ကြောင့် လင်းယွန်မှာ စိတ်လှုပ်ရှား သွား၏။

သို့သော် သံသယ ဝင်မိဆဲ ဖြစ်သည်။ ကောင်းကင် တိမ်လွှာ ဂိုဏ်း သည်ပင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက် သားရဲ တစ်ကောင်ကို ရန်စ ဝံ့မည် မဟုတ်ခေျ။

နောက်ဆုံးတွင် ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိ သွားပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး တစ်ခုလုံး ကိုပင်၊ မွှေနှောက် နိုင်ပေမည်။

“ တကယ်လား။ ”

လုယွီမှာ တာဝန်များ ရှိသဖြင့်၊ သူ့နောက် လိုက်၍ ကူညီရန်၊ မဖြစ် နိုင်ကြောင်း သူ သိသည်။ သို့သော် အနည်းငယ် သံသယ ဝင်မိ နေပြန်၏။

သူ့အတွေး များကို မြင်မိ သကဲ့သို့၊ လုယွီက ပြုံးလိုက်ပြီး၊

“ မင်း အပေါ် ... ၊ အကောင်းမြင် စိတ် ရှိပေမယ့်၊ ငါ့ အသက်ကို ငါ နှမျောတယ်၊ ပြီးတော့ ငါပါရင် သူတို့ အာရုံကို စွဲဆောင် မိလိမ့်မယ်၊ ... ”

“ ... မင်းကိုယ်တိုင် လှုပ်ရှားတာ ပို အဆင်ပြေ ပါတယ်၊ မင်းက သူ့ရဲ့ သွေးအဆီ အနှစ် ကိုပဲ လိုတာလေ၊ သူ့ကို သတ်တာမှ မဟုတ်တာ။ ”

ထို့နောက် လုယွီက လင်းယွန်ကို နည်းလမ်း အချို့ ပြောပြ လာသည်။ ထို နည်းလမ်းကြောင့် လင်းယွန် မျက်နှာမှာ၊ အနည်းငယ် ပြောင်းလဲ သွား၏။

ယင်းမှာ အလွန် အန္တရာယ် ရှိပြီး၊ နတ်ဆိုး သားရဲ သည်သာ လိုက်ပါ လာခဲ့ ပါက၊ သူ သေ ရမည် ဖြစ်သည်။

“ မင်းကိုယ်တိုင် ဆုံးဖြတ် နိုင်တယ်၊ လုပ်ပါလို့ ငါ မတိုက် တွန်းဘူး၊ မင်းရဲ့ ခွန်အားနဲ့ ကျောက်နဂါး ကျား ဒါမှမဟုတ်၊ နဂါးသွေး မိစ္ဆာ သိမ်းငှက်ကို သတ်လိုက် တာက အန္တရာယ် ကင်းမယ်။ ”

လုယွီက ရိုးသားစွာ အကြံပေး လိုက်သည်။

“ အခု ငါ့မှာ အခွင့် အရေး နှစ်ရပ် ရှိပြီ၊ စောင့်ကြည့် ပြီးမှ ဆုံးဖြတ် တော့မယ်၊ မဖြစ်နိုင် ရင်တော့ အသက်ကို စတေးမှာ မဟုတ်ဘူး။ ”

“ ကောင်းပြီ ... မင်းအတွက် ငါပြင်ဆင် ပေးမယ်။ ”

နောက်ထပ် ရက် အနည်းငယ် ကြာသည် အထိ၊ မိုရေ တည်းခိုဆောင်တွင် ဆက်လက် ကျင့်ကြံ နေခဲ့သည်။

ထိုကြာလ အတွင်း ပြင်ဆင်မှု များစွာ ပြုလုပ်လျက်၊ အချိန် အများစုကို မိုးကြိုး စီရင်စု အပေါ်၊ စူးစမ်း နေခဲ့သည်။

မိုးကြိုး စီရင်စုသည် ဓားဂိုဏ်း၏ နယ်မြေ ဖြစ်ပြီး၊ ကျယ်ပြန့်သော နယ်နိမိတ်ကို ပိုင်ဆိုင် ထားချေ၏။

ထို့ကြောင့် တစ်ခါ တစ်ရံတွင်၊ အမွေ အနှစ်များ ပါရှိသည့် လျှို့ဝှက် နယ်မြေ အချို့ ထွက်ပေါ် လာတက်သည်။

ဤတစ်ခု တည်း ဖြင့်ပင် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို ဆွဲဆောင်ရန် လုံလောက် နေပေသည်။

လျှို့ဝှက် နယ်မြေ တစ်ခု ထွက်ပေါ် လာသည့် အချိန် တိုင်း၌၊ အနက်ရောင် ‘မြူ’ များက စီရင်စု ထဲသို့၊ စိမ့်ဝင် လာတက်၏။

ထို့ကြောင့် မိုးကြိုး စီရင်စုရှိ နတ်ဆိုး သားရဲ များမှာ၊ အနည်းနှင့် အများ ပြောင်းလဲ သွားကုန် ကြသည်။

အကြိမ်ရေ များ လာပါက၊ သားရဲ ဒီရေ ဖြစ်ပေါ် လာကာ၊ ကျင့်ကြံသူ များအတွက်၊ အတွေ့အကြုံ ကောင်းများ ဖြစ်လာ စေ၏။

ထို့ကြောင့် မိုးကြိုး စီရင်စုမှ ပါရမီရှင် များမှာ၊ အခြား စီရင်စု၏ ပါရမီရှင် များထက် ပို၍ သန်မာ နေကြခြင်း ဖြစ်သည်။

လင်းယွန် တစ်ယောက် လုယွီ ထံမှ၊ မိုးကြိုး စီရင်စု အကြောင်း ခွဲခြမ်း စိတ်ဖြာ နေစဉ်၊ သူ့ သတင်း များက၊ ကောင်းကင် တောင်ကုန်း မြို့၌ ပျံ့နှံ့ သွားပြီ ဖြစ်သည်။

နက်နဲ ခေါင်းလောင်းကြီး၊ ဖျက်ဆီးလိုက် ချိန်အား၊ လူအများ မြင်တွေ့ ခဲ့ရ သဖြင့်၊ ရူးသွပ် မတက် ဖြစ်ကုန် ကြသည်။

‘ချန်’ မိသားစု၏ အကြီးအကဲ များပင် အရေးစိုက် လာကြောင်း၊ သတင်းများ ထွက်ပေါ် လာတော့၏။

သုံးရက် အကြာတွင် လုယွီက၊ ‘မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ’ ဟူသော စာလိပ် ကြီးဖြင့်၊ ပြန်လည် ရောက်ရှိ လာသည်။

လင်းယွန်မှာ ၎င်းကို ရွေးချယ် ခဲ့ပြီး၊ မီးနဂါး တောင်ကုန်းနှင့် နတ်ဆိုး သားရဲ၏ အချက်အလက် များကို စုဆောင်း ခိုင်းထားခြင်း ဖြစ်ပေသည်။

***

All Chapters