မိစ္ဆာ သားရဲ၏ နယ်မြေ။
Vol. 49 Ch. 677
ပုတ်သင်ညိုက ကုန်းထ လိုက်ပြီး၊ သတ်ဖြတ်လိုသော အရှိန် အဝါကို ထုတ်လွှတ် လိုက်သည်။
ဤမျှ အချိန်ယူ အားစိုက် ထားမိသော မီးနဂါး သစ်သီးကို လုယက် လိုသည့် နဂါးသွေး မြင်း အပေါ်၊ ဒေါသများ ပေါက်ကွဲ သွား၏။
ထိုဒေါသကြောင့် ကျိုးကြောင်း ဆီလျော်မှုများ ဆုံးရှုံး သွားကာ၊ တိုက်ခိုက်ရန်၊ မြေပြင်၌ အားယူ တိုးဝင် လာခဲ့ သည်။
သို့သော် နဂါးလေးက အထင်အမြင် သေးစွာဖြင့်၊ ပုတ်သင်ညို၏ တိုက်ခိုက်မှု မရောက်မီ ကပင်၊ ရှောင်တိမ်း လိုက်သည်။
ကြီးမား လှသော ပုတ်သင်ညိုမှာ၊ အရှှိန်ဖြင့် အဝေးသို့ ကျော်လွန် သွား၏။ သို့သော် နဂါးလေးက အလွတ် မပေးဘဲ၊ နောက်က လိုက်လျက်၊ ပုတ်သင်ညိုပေါ် တက်နင်း ချလိုက် ပြန်သည်။
ခွာများ၌ ကြက်သွေးရောင် လျှပ်စီးများ တောက်ပ လာပြီး၊ ပုတ်သင်ညို၏ အရိုး များကို ချက်ချင်း ချိုးပစ် နိုင်၏။
ထို့နောက် တိတ်ဆိတ် နေသော ပတ်ဝန်း ကျင်တွင်၊ ရုန်းရင်း ဆန်ခတ်မှု များဖြင့်၊ ရှုပ်ပွ သွား တော့သည်။
မျိုးဆက်သွေး နိုးထ လာပြီးနောက်၊ နဂါးသွေး မြင်း၏ ခွန်အားမှာ၊ ယင်-ယန် အဆင့် ကျွမ်းကျင် သူနှင့် ယှဉ်နိုင် နေပြီ ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲတွင်၊ အားသာချက်ကို အခိုင်အမာ ဆုပ်ကိုင် ထားနိုင်၏။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် – ဒေါသ တရား။ ”
ရလဒ်ကို အဆုံး အဖြတ် ပေးတော့မည့် အချိန်တွင်၊ လင်းယွန်က လှုပ်ရှား လိုက်သည်။ ဤနတ်ဆိုး သားရဲအား လွတ်မြောက်ရန် အခွင့် အရေး မပေး လိုပေ။
သူ့ခန္ဓာ ကိုယ်၌ လျှပ်စီးများ လင်းလက် လာပြီး၊ သတ်ဖြတ် လိုသော အရှိန် အဝါများ တဟုန်ထိုး မြင့်တက် လာသည်။
လက်သီးက ပုတ်သင်ညို ဦးခေါင်းပေါ် ကျရောက် သွားချိန်တွင်၊ ချက်ချင်း ပေါက်ကွဲ သွားတော့၏။
သားရဲကို သတ်ပစ် ပြီးနောက်၊ မီးနဂါး သစ်သီးနှင့် ပန်းပွင့်အား ဆွတ်ယူ လိုက်သည်။ ၎င်းကို မြင်သွားသော နဂါးသွေး မြင်းမှာ၊ အမြီး တန်းလျက် ပြေးဝင် လာ၏။
“ ရော့ ... မင်း အတွက်။ ”
ပန်းပွင့်ကို ပစ်ပေး လာ သဖြင့်၊ နဂါးလေးက ပြုံးကာ၊ ဖမ်းယူ ဝါးစား လိုက်သည်။ ပြီးနောက်၊ သစ်သီးထံ လှည့်ကြည့် လာပြန်၏။
“ မဟုတ်ဘူး ဒါက ငါ့အတွက် ...။ ”
-ဟု ဆိုကာ၊ လက်ကို အမြန် ရုတ်လိုက် ရ၏။
လင်းယွန် လက်ထဲရှိ သစ်သီးကို ကြည့်ကာ၊ စိတ်မပါ လက် မပါဖြင့်၊ ကျန်ရှိ နေသည့်၊ အရွက် များအား ကိုက်ဝါး လိုက်တော့သည်။
ထိုအမူ အရာကြောင့် လင်းယွန်က ပြုံးမိ၏။ သို့သော် လူတစ်စု ရုတ်တရက် ရောက်ရှိ လာပြီး၊ လင်းယွန် လက်ထဲရှိ သစ်သီးထံ၊ လောဘ တကြီး စိုက်ကြည့် ကုန်ကြသည်။
“ မီးနဂါး သစ်သီး။ ”
“ ကံကောင်းတယ် ... ၊ မီးနဂါး သစ်သီးကို၊ မမြင် ရတာ နှစ်တွေ ကြာ ခဲ့ပြီ။ ”
“ ဟဲဟဲ ... အမှန်ပဲ၊ တောင်ပေါ်ကို အကြိမ်ပေါင်း များစွာ သွားလာ နေပေမယ့်၊ တစ်ခါမှ မတွေ့ ခဲ့ဘူး။ ”
ထိုလူစုမှာ မီးနဂါး သစ်သီးကို၊ ၎င်းတို့ အပိုင်ဟု ယူဆ ထားပြီး၊ လင်းယွန်၏ တည်ရှိမှု အပေါ်၊ လုံးဝ လျစ်လျူရှု ထားသည်။
နီးကပ် လာချိန်၌ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးမှ၊ ဦးဆောင် လာကြောင်း၊ သတိ ပြုမိ၏။
ထို လူလတ်ပိုင်း အရွယ် အမျိုးသား၏ ကျင့်ကြံမှုမှာ၊ ယင်-ယန် အဆင့်၌ ဖြစ်ပြီး၊ သူ့ဘေးရှိ လူများက၊ အထွတ် အထိပ် ယန် အဆင့် တွင်သာ ရှိချေသည်။
ရင်ဘတ် ပေါ်ရှိ တံဆိပ် အရ၊ သံသွေး တံခါးမှ၊ တပည့်များ ဖြစ်ကြောင်း သိရှိ လိုက်၏။
သက်လတ်ပိုင်း အရွယ် အမျိုးသားမှာ၊ အနက်ရောင် ဝတ်ရုံ ဆင်မြန်း ထားကာ၊ ဓား သေတ္တာ တစ်လုံးအား လက်ဖြင့် ကိုင်ဆောင် ထားသည်။
ရှန်ရှင်းဓားအား ဆုပ်ကိုင်ထား နိုင်သဖြင့်၊ ဤလူလတ်ပိုင်း အရွယ် အမျိုးသား မှာ၊ သံသွေး တံခါး၏ အကြီအကဲ တစ်ဦး ဖြစ်ကြောင်း၊ မှန်းဆ နိုင်ပေသည်။
“ ငါ့တို့ သံသွေး တံခါးရဲ့၊ အမိန့် တွေကို မင်းသိ သင့်တယ်၊ မင်းကို တွေ့ပြီး တဲ့နောက် ... မသေချင်ရင် မီးနဂါး သစ်သီးကို လွှဲပေးပါ။ ”
လူငယ် တစ်ဦးက လင်းယွန်အား အေးစက်စွာ အမိန့်ပေး လာချိန်တွင်၊ လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ပုတ်သင်ညို အလောင်းကို လှမ်းကြည့်ပြီး၊
“ ကောင်လေး ... ၊ သံသွေး တံခါးက ဒီတောင်ကို ကန့်သတ် လိုက်ပြီ ဆိုတာ မသိဘဲ၊ မင်း ... ဝင်လာ မိ တာလား။ ”
“ ကြည့်ရတာ မီးနဂါး တောင်ကုန်းမှာ၊ ဒီနဂါးသွေး မြင်းကို ရှာတွေ့ပြီး၊ အနိုင်ယူ နိုင် ခဲ့ပုံပဲ၊ ဒါကြောင့် သူ့ကို သဘာဝ အတိုင်း ငါတို့ ပိုင်တယ်၊ မင်း အသက် ရှင်ချင်တယ် ဆိုရင် ဒီမြင်းနဲ့ သစ်သီးကို ချန်ထား ခဲ့ပါ။ ”
တပည့်ငယ် တစ်ဦးက လောဘများ တောက်လောင် နေသည့် မျက်ဝန်း များဖြင့် နဂါးလေးကို ကြည့်ကာ၊ ဆိုသည်။
ထိုစကား များကြောင့် နဂါးလေးမှာ၊ ဒေါသ ထွက်သွားပြီး၊ ကြမ်းကြုတ်သော ရောင်ဝါအား ထုတ်လွှတ်ကာ၊ ထိုသူထံ စိုက်ကြည့် လိုက်၏။
သို့သော် နဂါးလေး ငြိမ်သက် သွားစေရန်၊ လင်းယွန်က လည်ပင်းအား ပွတ်သပ် ချော့မြူ ပေး လာသည်။
ဤလူ များသည် မီးနဂါး တောင်ကုန်း အပေါ်၊ ၎င်းတို့ ပိုင်ဆိုင်သော သဘာဝ ဥယျာဉ် အဖြစ်၊ မှတ်ယူ ထားပြီး၊ မီးနဂါး သစ်သီး အပြင်၊ နဂါးလေး ကိုပါ၊ မျက်စောင်းထိုး နေ၏။။
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ဖော်ရွေသော အပြုံးကို ထုတ်ဖော် ထားပြီး၊ သူ့လူ များအား တားမြစ်ရန် ရည်ရွယ်ချက် ရှိပုံ မရချေ။
“ ငါက ... ဒီသစ်သီးကို ရှာတွေ့တဲ့ သူ တစ်ယောက်ပဲ၊ နဂါးသွေးမြင်း ကလည်း မီးနဂါး တောင်ကုန်းက မဟုတ်ဘူး။ ”
အေးစက်သော လေသံဖြင့် လင်းယွန်က ပြန်ဖြေ သည်။
“ ဒါဆို ငါတို့က လိုချင်တယ် ဆိုရင် ... ၊ မင်း ဘာပြော ချင်သေးလဲ။ ”
ထိုတပည့်ငယ်က အေးစက်စွာ တုန့်ပြန် လာသည်။
“ ကြည့်ရတာ ... မင်း အသက်ကို မယူဖို့၊ ဆုံးဖြတ်ထား တာကို ... ၊ ပြန်ပြင် ရတော့မယ် ပုံပဲ။ ”
“ ဒီနေရာက ငါတို့ သံသွေး တံခါး ပိုင်နက် ဖြစ်တဲ့ အတွက်၊ မင်း ဆန္ဒ ရှိရှိ မရှိရှိ၊ အမိန့်ကို နာခံဖို့ လိုတယ်။ ”
အခြားသော တပည့် တစ်ဦးက ဝင်ရောက် ပြောဆို လာသည်။ လူလတ်ပိုင်း အရွယ် အမျိုးသားက ပြုံးလိုက်ပြီး၊
“ ကောင်လေး၊ မင်းက ပုတ်သင်ညိုကို သတ်နိုင်တဲ့ အတွက်၊ အားမနည်းတာ အမှန်ပါ၊ ဒါပေမယ့် ... ”
“ ... မီးနဂါး တောင်ကုန်းမှာ၊ မင်းရဲ့ ဒေါသကို သိမ်းထားတာ အကောင်းဆုံး ပါပဲ၊ မဟုတ်ရင် မင်း နောင်တရ လိမ့်မယ်။ ”
“ စိတ်ဝင်စား စရာပဲ … ။ ”
လင်းယွန်က လှောင်ပြောင် ရယ်မော လိုက်သည်။ သည်လူ တစ်စုမှာ သူ့ ဒေါသအား။ အထင်သေး နေ၏။
“ မီးနဂါး အသီးက ... ၊ ငါ့ လက်ထဲမှာ ရှိတယ်၊ သတ္တိ ရှိရင် လာယူပါ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက လင်းယွန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာပြီး၊
“ ဒါဆို ... မင်းဆန္ဒ အတိုင်းပဲ။ ” - ဟု ဆို လိုက်၏။
ထို့နောက် ‘ရိပ်ခနဲ’ ပျောက်ကွယ် သွားကာ၊ လင်းယွန်ရှေ့ ပြန်လည် ထွက်ပေါ် လာလျက်၊ မီးနဂါး သစ်သီးအား လှမ်းယူရန်၊ လက်ကောက် ဝတ်ကို ဆုပ်ကိုင် လိုက်သည်။
“ မင်းက ... ၊ ငါ့နဲ့ တိုက်ဖို့ နုပါ သေးတယ်။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ သတ်ဖြတ် လိုသော ရောင်ဝါဖြင့် မျက်လုံးများ မှေးစင်း သွား၏။
သို့သော် လင်းယွန်က မီးနဂါး သစ်သီးကို ရုတ်ပြီး၊ လက်သီးနှင့် ပြန်လည် ထိုးချ လိုက်သည်။
ယင်းမှာ သူ့ထက် မြန်နေ သဖြင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသား မျက်နှာ၊ ပြောင်းလဲ သွားပြီး၊ ချက်ချင်း နောက်ပြန် ဆုတ်လိုက်သည်။
ပြီးနောက် ကောင်းကင်ပေါ် ပျံတက် သွားကာ၊ ဓားသေတ္တာ ထဲမှ ဓားကို ထုတ်ယူ ခုတ်ချ လိုက်၏။
ကနဦး ရှန်ရှင်းဓားဖြင့် အားဖြည့် ထားသော သူ့ဓားကို၊ တစ်ဖက် လူမှ လက်သီး နှင့်ပင် ပြန်လည် ရင်ဆိုင် လာသဖြင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ပြုံးမိ သွားသည်။
“ မင်း ... သေချင် နေတာပဲ။ ”
သို့သော် သူ မျှော်လင့်ထား သကဲ့သို့ လက်မောင်းမှ သွေးများ စီးကျ လာသည့် မြင်ကွင်းမျိုး မဖြစ်ပေါ် ခဲ့ပေ။
လက်သီးမှာ ရှန်ရှင်း ဓားကို ဖြိုဖျက်ပြီး၊ သူ့ရင်ဘတ်ပေါ် ကျရောက် လာသည်။
“ အုန်း ... ။ ”
သူ့ခန္ဓာကိုယ် ထဲသို့၊ သိပ်သည်းသော စွမ်းအင်များ စိမ့်ဝင် လာ သဖြင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ သွေး တစ်လုတ် အန်လျက်၊ လွင့်စင် သွားတော့ သည်။
“ တိုက် ... ။ ”
လင်းယွန်က ကြုံးဝါးသံ ပြုလိုက်၏။ ဤအခိုက် အတန့်တွင် ဒေါသများ ပွက်ပွက်ဆူ နေသော၊ နဂါးလေးက လျှပ်စီး အသွင် ပြောင်းလဲ ပြေးဝင် သွားတော့သည်။
“ ရွှီး ... ဖောင်း ဖောင်း ဖောင်း။ ”
ထိုတိုက်ခိုက် မှုကြောင့် တပည့် လေးဦး၊ လွင့်စင် သွား၏။ ယင်းအချိန်တွင် လိမ္မော်ရောင် မီးကျည် တစ်ခု၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ကြက်သွေးရောင် အလင်း ပွင့်ကြီး အဖြစ်သို့ ပြောင်းလဲ ပေါက်ကွဲ လာ၏။
၎င်း မီးတောက်မှာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ များ၏ အာရုံကို၊ ချက်ခြင်း စွဲဆောင် သွားခဲ့ သည်။
“ သွား မယ် ။ ”
ကောင်းကင်ကို မော့ကြည့်ပြီး၊ မကြာခင် သံသွေး တံခါး၏ ကျွမ်းကျင် သူများ ရောက်ရှိ လာမည်ဟု မှန်းဆ မိ၏။
ထို့ကြောင့် နဂါးလေးကို အချက် ပြကာ၊ အလျင် အမြန် ဆုတ်ခွာရန် ဆော်ဩ လိုက် တော့သည်။
လူလတ်ပိုင်း အရွယ် အမျိုးသား၊ မတ်တပ် ပြန်ရပ် လာနိုင်သည့် အချိန်၌၊ ကြောက်စိတ် ကြောင့်၊ မျက်နှာ တစ်ခုလုံး ဖြူဖျော့ နေခဲ့သည်။
လင်းယွန် ထွက်သွားပြီး မကြာခင် မှာပင်၊ ဆံပင်များ ဆွတ်ဆွတ် ဖြူနေသော အဖိုးအို တစ်ဦး ရောက်ရှိ လာသည်။
အလယ် အလတ် ယင်-ယန် အဆင့် အငွေ့အသက်များ ထုတ်လွှတ် ထားပြီး၊ တိုက်ပွဲ မြေပြင်ထံ တစ်ချက် လှမ်းကြည့် လိုက်သည်။
“ သခင် ထန်။ ”
ထိုအဖိုးအိုမှာ သံသွေး တံခါးမှ၊ ဒုဂိုဏ်းချုပ် ထန်ယောင်း ဖြစ်၏။ မျက်နှာ၌ အလို မကျသော ခံစား ချက်များ ပြသ ထားပြီး၊ လူလတ်ပိုင်း အရွယ် အမျိုးသားထံ၊ လှမ်းကြည့်ကာ၊
“ ဘာဖြစ် နေတာလဲ။ ”
-ဟု မေးလိုက်၏။
“ ကောင်လေး တစ်ယောက်၊ မီးနဂါး တောင်ကုန်းပေါ် တက်သွားတယ်၊ သူက ငါ့ကို တိုက်ခိုက်ပြီး၊ မီးနဂါး သစ်သီးကို လုယူ သွားတယ်။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက မဝံ့ မရဲဖြင့် ပြန်ဖြေ လိုက်သည်။
“ မီးနဂါး သစ်သီး လား ... ။ ”
သူ့ဦးခေါင်းကို လင်းယွန် ဦးတည်ရာ အရပ် ဆီသို့ လှမ်းကြည့် လိုက်ပြီး၊ ထန်ယောင်း၏ မျက်လုံးများ တောက်ပ သွားသည်။
ထိုအရပ် ဆီမှ ကြောက်မက်ဖွယ် အရိပ် အယောင်ကို သူ ခံစားနိုင် သော်လည်း၊ အလွန် အားနည်း လွန်း သဖြင့်၊ လက်လှမ်း မီတော့မည် မဟုတ်ကြောင်း၊ သိလိုက်၏။
“ အမှိုက် ... မင်းက ကောင်လေး တစ်ယောက် ကိုတောင် မဖြေရှင်း နိုင်ဘူး၊ အခု သူ့ကို လိုက်ရှာ၊ နောက်တစ်ခါ ထပ်ရှုပ်ရင် မင်း အသက်ကို ငါ ယူမယ်။ ”
“ ဟုတ် ... ဟုတ်ကဲ့။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ကြောက်ရွံ့ စွာဖြင့် ခေါင်းညိတ် တုန့်ပြန် လိုက်သည်။
တစ်ချိန်တည်း မှာပင် လင်းယွန် တစ်ယောက် မီးနဂါး တောင်ကုန်း အတွင်းသို့၊ နက်ရှိုင်းစွာ တိုးဝင် နေဆဲ ဖြစ်၏။
လမ်း တစ်လျှောက် အားကောင်းသော နတ်ဆိုး သားရဲ များနှင့် တွေ့ဆုံမိ သော်လည်း၊ ရှောင်တိမ်းကာ ခရီးဆက် လာသည်။
ယခု အချိန်၌ ၎င်းတို့ဖြင့် တိုက်ခိုက်ကာ၊ အချိန်ဖြုန်း နေရမည့် အချိန် မဟုတ်ပေ။
ရုတ်တရက် တောအုပ် အတွင်းမှ၊ ဆူညံ သံများ ကြားလိုက် ရသဖြင့်၊ သူ့ကို ရှာဖွေရန် ကြိုးစား နေကြောင်း၊ ခန့်မှန်း လိုက်မိသည်။
တစ်ချိန်တည်း မှာပင်၊ ဒေါသကြောင့် တင်းမာ အေးစက် သွားတော့၏။ သံသွေး တံခါးမှာ ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သော်လည်း၊ ဓားပြ များကဲ့သို့ ပြုမူ နေခဲ့သည်။
သို့သော် နဂါးလေး၏ အရှိန်ကြောင့်၊ သူ့အား လိုက်မှီရန် မဖြစ် နိုင်ချေ။
တောင်တန်း အတွင်း၊ ပိုမို နက်ရှိုင်းစွာ တိုးဝင် လာသည်နှင့် အမျှ၊ လေထုထဲ အေးစက်စက် အငွေ့ အသက် များ ပါရှိ နေကြောင်း၊ သတိထား မိလာသည်။
ယင်းကြောင့် မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ၏ နယ်မြေမှာ၊ ရှေ့တွင် ဖြစ်ရ မည်ဟု၊ နားလည် လိုက်၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
အသက် ပြင်းပြင်း ရှူကာ၊ လေးနက်သော အမူအရာဖြင့်၊ ညည်းတွား ရေရွတ် လိုက်သည်။
သူ့ဘဝ တစ်လျှောက် မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ ကဲ့သို့၊ သန်မာသော ရန်သူအား တစ်ကြိမ်မျှ မကြုံ ဖူးချေ။
ထို့ကြောင့် တုန့်ခနဲ ရပ်လိုက် မိ၏။
သို့သော် မကြာခင် မှာပင် မျက်ဝန်း၌ အလင်းရောင် တစ်ချက် ‘လက်’ သွားပြီး၊ နဂါး လင်းတ၏ နယ်မြေ ထဲသို့၊ ဦးတည် လိုက်တော့ သည်။
***