အလင်း ကိုးသွယ်၊ ဖြာထွက် နေသော ဓား။
Vol. 49 Ch. 678
ဤနယ်မြေတွင် ထူးဆန်းသော အရိပ် အယောင် များဖြင့် ပြည့်နှက် နေပြီး၊ ဂရု တစိုက် သွားလာရန်၊ သူ့အား သတိပေး နေခဲ့သည်။
တောင်ကုန်း ဆုံးသည်နှင့်၊ လွင်ပြင် တစ်ခု ရှိပြီး၊ မီတာ သုံးရာ နီးပါး ရှိသော နတ်ဆိုး သားရဲကြီး တစ်ကောင် ရှိသည်။
ထိုနတ်ဆိုး သားရဲ ကို ကြည့်ရုံ ဖြင့်ပင်၊ နှလုံးခုန် နှုန်းများ မြန်ဆန် လာသဖြင့်၊ ချက်ချင်း မျက်လုံး မှိတ်ချ လိုက်ရသည်။
၎င်းအနီး တိုးကပ် သွားမိ ပါက၊ မည်မျှ ကြောက်စရာ ကောင်းနိုင် မည်ကို စိတ်ကူး ကြည့် နိုင်၏။
( ဒါက ဘယ်လိုတောင် ကြောက်စရာ ကောင်းနေ ရတာလဲ။ )
ကိုယ်လုံးကြီး သည်ပင်၊ မီတာ သုံးရာခန့် ရှိပြီး၊ မြရောင် အတောင်ပံ တစ်စုံအား၊ ဘေးတစ်ဖက် တစ်ချက် ဆီ၌၊ ရုတ်သိမ်း ထားသည်။
၎င်း၏ အောက်ပိုင်းတွင် မီးခိုးရောင် ခြေထောက် တစ်စုံနှင့် မီတာ ရာဂဏန်း ရှိသော နဂါး အမြီး တစ်ခု ပါရှိသည်။
သူ့အနား တဝိုက်၌ အလင်းများ တောက်ပ နေသည်။ ဤသည်မှာ နဂါးသွေး ပါရှိသော၊ အုပ်စိုးရှင် အဆင့်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ သားရဲကြီး ဖြစ်ပေ၏။
အကြည့် တစ်ချက်ဖြင့်၊ သူ့အား သတ်ပစ် နိုင်သည်ဟု၊ လုယွီ ပြောခဲ့ သည်မှာ လွန်အံ့ မထင် ချေ။
ထိုသို့သော စွမ်းအားရှင် လက်မှ၊ ရှောင်တိမ်းရန် အခွင့်ရေး ရှိ-မရှိ၊ မေးခွန်း ထုတ်စရာ ပေပင်။
တုန်လှုပ် သွားမှုကို ငြိမ်သက် စေရန် အသက် ပြင်းပြင်း ရှူ လိုက်၏။ လှဲလျောင်း အနား ယူချိန် ၌ပင်၊ အုပ်စိုးရှင် တစ်ပါး၏ သင်္ကေတ ဖြစ်သော၊ ရောင်ဝါ အချို့ ယိုစိမ့် ကျနေသည်။
ရှူထုတ် လိုက်သည့် လေ များ၌ လျှပ်စီး စွမ်းအင်များ ပြည့်နှက် နေသဖြင့်၊ မီးပွားများ ပွင့်ထွက် နေချေသည်။
၎င်း အမြင်၌ လင်းယွန်နှင့် နဂါးလေး ဟူသည်၊ ပိုမွှား များသာ ဖြစ်ပေ၏။ သို့သော် ထပ်မံ၍ ရှေ့တိုး လိုက်ပါက၊ သူ့အား အနှောက် အယှက် ဖြစ်စေမည် ဖြစ်သည်။
ရဲရင့် လွန်းသည် ဟူသော လင်းယွန်းပင် လောင်းကြေး မထပ် ဝံ့ချေ။
ထို့ကြောင့် အရှိန်အဝါကို ယာယီ ဖုံးကွယ် ထားနိုင်သည့်၊ ဆေးဖက်ဝင် အမှုန့်များ ပါရှိသော ကျောက်စိမ်း ပုလင်းငယ် တစ်လုံးအား ထုတ်ယူ လိုက်၏။
သို့သော် ယင်း အမှုန့်မှာ ကြာကြာ မဖုံးကွယ်ထား နိုင်ချေ။ ထို့အပြင်၊ စိတ်ဝိညာဉ်၊ ဝင်သက် ထွက်သက်နှင့် ခံစားချက် လှိုင်းများကို နဂို အတိုင်း ရှိစေသည်။
အမှုန့်ကို နဂါးလေးထံ လိမ်းကျံ ပေး ပြီးနောက်၊ တစ်ချက် ပြန်ကြည့် လိုက်သည်။ နဂါးလေး၏ ခြေထောက် များက၊ ကြောက်ရွံ့ မှုကြောင့် တုန်လှုပ် နေပေ၏။
ရှေ့သို့ ခြေလှမ်း သုံးလှမ်း လှမ်းတက် ပြီးတိုင်း၊ နောက်ပြန် လှည့်ကြည့်ကာ တရွေ့ရွေ့ သွားနေ ခဲ့သည်။
ရုတ်တရက် အိပ်ပျော် နေသော မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတမှ၊ မျက်လုံး တစ်ဖက် ပွင့်လာပြီး၊ နဂါးသွေး မြင်းထံ လှမ်းကြည့် သည်။
ထိုအကြည့် ကြောင့် ထိတ်လန့် သွားပြီး၊ နဂါးလေးမှာ မြေပြင်ပေါ် လဲကျ သွား၏။ နဂါး လင်းတက ဂရုမစိုက် ဟန်ဖြင့်၊ မျက်ဝန်းများ ပြန်မှိတ် လိုက်သည်။
သို့သော် ချက်ချင်းပင် မျက်လုံးများ ပြန်ဖွင့် လာသဖြင့်၊ လှည့်ပြေးရန် ပြင်နေသော နဂါးလေးမှာ၊ နောက် တစ်ကြိမ် လဲကျ သွားပြီး မြေပြင်ပေါ် လူးလိမ့် နေခဲ့သည်။
၎င်း အပြု အမူကြောင့် နဂါး လင်းတ ပင်၊ နဝေ တိန်တောင် ဖြစ်သွား ရ၏။ မျက်လုံးများ အတင်း ဖွင့်လိုက်ပြီး၊ စူးစမ်း လိုစိတ်ဖြင့် နဂါးလေးထံ ပြန်ကြည့် သည်။
ရူးသွပ် နေသော ဤမြင်း ထံမှ၊ သူ့အား ရင်နှီးသည့် ခံစား ချက်များ ပေးစွမ်း လာသဖြင့်၊ အံ့သြ သွားမိသည်။
နဂါး လင်းတမှာ စိုက်ကြည့် နေဆဲ ဖြစ်သောကြောင့်၊ အမူအရာ ပိုသွား သည်ကို သတိရ သွားပြီး၊ နဂါးလေးက ပြန်ထကာ၊ ဘေးဘက် အမြန် ရွေ့လိုက်သည်။
သို့သော် မည်သည့် အရပ်သို့ ရွေ့လျား မိသည် ဖြစ်စေ၊ နဂါး လင်းတက စိုက်ကြည့် မြဲ ဖြစ်သဖြင့်၊ အနည်းငယ် တွေးတောကာ ပြေးရန် ပြင်လိုက်သည်။
ယင်းက နဂါ လင်းတကို ပို၍ပင် စိတ်ဝင်စား လာစေ၏။ ဤမြင်းတွင် မည်သည့် အရာများ ဖြစ်ပျက် နေသည်အား၊ သူ သိချင် လာလေ သည်။
( ဒီမြင်း ရူးနေ တာလား... ။ )
ထိုအတွေးဖြင့်် ကြည့်နေမိ ဆဲမှာပင်၊ နဂါးသွေး မြင်းမှ၊ အရှိန် အဝါများ ထုတ်လွှတ် လာပြီး၊ ပျောက်ကွယ် သွားတော့ သည်။
ထို့နောက် သူ့နောက် ကျော၌၊ ရိပ်ခနဲ ပြန်လည် ထွက်ပေါ် လာကာ၊ မယုံ နိုင်စရာ အပြု အမူကို၊ လုပ်ချ လာလေသည်။
အထွတ် အထိပ် ခွန်အား များဖြင့်၊ သူ့ တင်ပါး အပေါ် ခွာနှင့်၊ အားပါးတရ ပေါက်ထုတ် သွားလေသည်။
ထိုအရှိန် ကြောင့်၊ ရှေ့သို့ လှိမ့်သွားပြီး၊ အံ့ဩနေ မိစဉ်၊ လှောင်ပြောင် ရယ်မော လိုသော အပြုံးဖြင့်၊ မြင်းရူးက သူ့ရှေ့ ပြန်လည် ရောက်ရှိ လာခဲ့ သည်။
မိုးခြိမ်းသံ တမျှ ကျယ်လောင်သော ဟောက်သံကို ပြုလိုက်ပြီး၊ ကောင်းကင်ယံ တစ်ခုလုံး တုန်ဟည်း သွားစေ တော့သည်။
ကောင်းကင်၌ လျှပ်စီးများ တဟုန်းဟုန်း တောက်လောင် လာကာ၊ ကမ္ဘာပျက် မတက် မိုးကြိုး တိမ်တိုက်များ အုံ့မှိုင်း လာ၏။
သို့သော် နဂါးသွေး မြင်းလေးက၊ ထိတ်လန့်ဟန် မပြဘဲ၊ ရယ်မော အော်ဟစ် လိုက်ပြီး၊ ချက်ချင်းပင် လှည့်ပြေး သွားတော့သည်။
နဂါး လင်းတက အတောင်ပံ များကို ‘ဖြန့်’ ထုတ်လျက်၊ ကောင်းကင်ပေါ် ရုတ်ခနဲ ပျံတက် လိုက်ပါ သွားသည်။
“ ဖရူး ... ၊ ”
တောင်ပံ တစ်ချက် ‘ခတ်’ လိုက်တိုင်း၊ ကြောက်စရာ ကောင်းသော လေပြင်းများ တိုက်ခတ် လာသဖြင့်၊ လင်းယွန် တစ်ယောက် မျက်လုံးများ မှိတ်ချ လိုက်ရသည်။
လေပြင်းများ ငြိမ်သက်ရန် အချိန် အတော်ကြာ စောင့်ဆိုင်း ခဲ့ရ၏။ အဝေးသို့ မျှားခေါ် ခံရသော နဂါး လင်းတထံ၊ တစ်ချက် မော့ကြည့်ပြီး၊ စတင် လှုပ်ရှား လိုက်သည်။
နဂါး လင်းတ နေထိုင်ရာ လွင်ပြင် တစ်ဆုံး အရိုးများဖြင့် ပြည့်နှက် နေ၏။ နတ်ဆိုး သားရဲများ အပြင်၊ လူသား ကျင့်ကြံသူ များ၏ အရိုး များလည်း ရှိနေ ခဲ့သည်။
သတ်ဖြတ် လိုသော ဆန္ဒ များနှင့်၊ မုန်းတီး နေသော အငွေ့ အသက်များ ရောပြွမ်း နေသည့်၊ သွေးညှီနံ့များ လှိုင်လှိုင် ထွက် နေသည်။
ဒေသ တစ်ခုလုံး ပြည့်နှက် နေသော ဒေါသ အငွေ့ အသက် များကို ခက်ခက် ခဲခဲ ဖြတ်ကျော် လာရ သည်။
နဂါး လင်းတ လက်၌ နတ်ဆိုး သားရဲ များနှင့်၊ ကျင့်ကြံသူ မည်မျှ သေဆုံး ခဲ့ရ သည်ကို မမှန်းဆ နိုင်တော့ချေ။
အရိုးစု များကို ကြည့်လိုက်ပြီး၊ ပင်မ နယ်မြေ အတွင်း ခြေတစ်လှမ်း တိုးဝင် လိုက်၏။ ယခု အချိန်၌ နဂါး လင်းတကို မည်သူမျှ ရန်မစ ‘ဝံ့’ သည့် အကြောင်း ရင်းအား၊ နားလည် မိပြီ ဖြစ်သည်။
ဗဟို နယ်မြေ ဆယ်မိုင် အတွင်း ခြေတစ်လှမ်း တိုး လိုက်ရာ၊ အနား တစ်ဝိုက်ရှိ ရှုခင်းများ ပြောင်းလဲ သွားသည်။
ပတ်ဝန်းကျင် အနှံ သဘာဝ အသီးအနှံ များစွာနှင့် ပြည့်နှက် နေပြီး၊ သိပ်သည်းသော ဝိညာဉ် စွမ်းအင်များ ရစ်သိုင်း နေသည်။
အသက် ပြင်းပြင်း ရှူလိုက် ရုံဖြင့်၊ ခန္ဓာကိုယ်ထဲ စီးဆင်း လာသော ဝိညာဉ် စွမ်းအင် များစွာကို ခံစား မိ၏။
ဤနေရာသည် ကောင်းကင် ဝိညာဉ် နယ်ပယ် နတ်ဆိုး သားရဲကြီး၊ ပင်မ နယ်မြေ ဖြစ်ရန် အမှန် တကယ် ထိုက်တန် ပေသည်။
သို့သော် ထိုအသီးအနှံ များကို တစ်ချက်သာ ကြည့်ပြီး၊ သွေးကန် တစ်ကန်ပေါ် အာရုံ ရောက် သွားသည်။
၎င်းမှ ထွက်သော ရောင်ဝါ အတွင်း၌ နဂါးသွေး မပါ ရှိကြောင်း သူ ခံစား နိုင်၏။ ဤသည်မှာ နတ်ဆိုး သားရဲ သွေးဖြင့် ပြုလုပ် ထားသော သွေးကန်သာ ဖြစ်သည်။
ခန့်မှန်းချက် အရ၊ မွေးကင်းစ နတ်ဆိုး သားရဲများ အတွက်၊ သန်မာအောင် ပြင်ဆင် ပေးထားခြင်း ပေပင်။
မိစ္ဆာ ကျင့်ကြံသူများ ဆိုပါက၊ မဆိုင်းမတွ ခုန်ဆင်း သွားပေ လိမ့်မည်။ သူ့ အတွက်မူ မိစ္ဆာ အငွေ့ အသက်မှာ၊ အလွန် သိပ်သည်း နေသော ကြောင့် ဆွဲဆောင်မှု မရှိပေ။
“ ဒီနားမှာ တစ်ခုခု ရှိသင့်တယ်။ ”
တစ်ကိုယ်တည်း ညည်းတွားကာ လှည့်ပတ် ရှာဖွေ လိုက်သည်။ များမကြာမီ ကျောက်လှိုဏ်ဂူ တစ်လုံးအား တွေ့ရှိ မိ၏။
လှိုဏ်ဂူ ပတ်ဝန်း ကျင်တွင် ထောင်ချောက် များဖြင့်၊ ပြည့်နှက် နေသည်။ ၎င်းတို့အား လျှို့ဝှက် ထား သော်လည်း၊ လင်းယွန် အမြင်မှ သွေဖယ် နိုင်ခြင်း မရှိချေ။
ထောင်ချောက်များ ဖြတ်ကျော် လိုက်ပြီးနောက်၊ လှိုဏ်ဂူ အတွင်း၌ အသက် ဓာတ်များ အပြည့်ဖြင့်၊ တောက်ပ နေသော ‘ကျောက်မျက်’ သုံးလုံးအား လှမ်းမြင် လိုက်ရ သည်။
“ တွေ့ ပြီ။ ”
ပျော်ရွှင်မှုကြောင့် လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ယင်းမှာ ကျောက်မျက် များနှင့် အသွင် တူသော၊ နဂါး လင်းတ ဥများ ဖြစ်ပေ၏။
သို့သော် သူ့ အတွက် သွေးအဆီ အနှစ် ရရှိရန်မှာ၊ အရေးကြီး သဖြင့်၊ ရွေးချယ်စရာ မရှိ ခဲ့ပေ။
မဆိုင်း မတွပင် ‘ဥ’ တစ်လုံးကို ကောက်ယူကာ၊ ဂူထဲမှ ပြန်ထွက် လာခဲ့သည်။
၎င်းအား၊ သတိပြုမိ သွားပါက၊ နဂါး လင်းတမှာ၊ မည်မျှ ဒေါသ ထွက်လာ နိုင်မည်ကို၊ မခန့်မှန်း နိုင်တော့ချေ။
တစ်နာရီကြာ ပြီးနောက် သစ်ပင်ကြီး တစ်ပင် ပေါ်သို့ ဆင်းသက် လိုက်ပြီး၊ အသက်ပြင်းပြင်း ရှုလျက်၊ အမောဖြေ လိုက်သည်။
ထို့နောက် ဆက်လက် ထွက်ခွာ တော့မည့် အချိန် မှာပင်၊ ကောင်းကင်သို့ ပျံတက် နေသော ဓား တစ်လက်အား သတိထား မိ လာသည်။
ရှန်ရှင်း ဓားကို၊ အပြည့် အဝ ကျွမ်းကျင် နေပြီ ဖြစ်ရာ၊ ၎င်းအား ပြတ်ပြတ် သားသားပင် အာရုံခံ မိသည်။
“ ဟား ဟား ဟား၊ ကြည့်ရတာ အောင်မြင် သွားပုံပဲ။ ”
“ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်က၊ ဓား ဧကရာဇ် ဆေးပင် အစေ့ကို စိုက်ခဲ့တာ၊ အခု ပေါက်ချိန် တန်ပြီ။ ”
“ အဲဒီ တုန်းက မီးနဂါးနဲ့၊ တိုက်ခိုက် ခဲ့တဲ့ ပညာရှင်က တကယ့်ကို ကြောက်စရာ၊ ထောင်စုနှစ် တစ်ခု ကျော်လွန်ပြီး တာတောင်၊ သူ့ ဓား ရည်ရွယ်ချက်က တည်ရှိ နိုင်တုန်းပဲ။ ”
“ သခင် ငယ်သာ ...၊ ဒီဓားဧကရာဇ် ဆေးပင်ကို သန့်စင် နိုင်ရင်၊ သူ့ရဲ့ ဓားရည်ရွယ် ချက်က ပိုသန့်စင် လာမှာ၊ ... ”
“ ... အနည်း ဆုံးတော့၊ ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှု ဆီကို ရောက်နိုင်မယ် ထင်တယ်၊ ဒါဆို သွေးစွန်းသော ဧည့်ခံပွဲမှာ၊ သူ သေချာပေါက် တောက်ပြောင် နေလိမ့်မယ်။ ”
“ ဒီဆေးပင်က သခင်ငယ်ရဲ့ ဓားကို ရှန်ရှင်းဓား အဖြစ် ပြောင်းလဲ ပေးလိမ့်မယ်။ ”
လင်းယွန် ရပ်နေသော သစ်ပင် ဘေးမှ၊ ဖြတ်သွားသော သံသွေး တံခါး၏ တပည့် တစ်စု ထံမှ၊ အချင်းချင်း ပြောသံများ ကြားလိုက် ရသည်။
အငွေ့အသက် များကို ဖုံးကွယ် လိုက်ပြီး၊ ထိုလူရိပ်များ လုံးဝ ပျောက်ကွယ် သွားချိန် မှသာ၊ စိတ်သက် သာရာ ရဟန်ဖြင့်၊ အသက်ရှူ ထုတ်လိုက်သည်။
၎င်းတို့၏ စကားများ အရ၊ မီးနဂါးနှင့် တိုက်ခိုက် ခဲ့သော ကျွမ်းကျင် သူမှာ၊ ပြိုင်ဘက်ကင်း ဓားသမား ဖြစ်ကြောင်း၊ သိရှိ လိုက်ရသည်။
ထောင်စုနှစ် တစ်ခု ကြာပြီး သည့်တိုင်၊ ဆက်လက် ရှင်သန် နိုင်သော ၎င်း၏ ဓားရည်ရွယ် ချက်မှာ၊ မည်သို့သော ရည်ရွယ်ချက်မျိုး ဖြစ်မည်ကို စူးစမ်း လိုစိတ်များ၊ ဖြစ်ပေါ် လာသည်။
ထို့ကြောင့် အနည်းငယ် တွက်ဆ လိုက်ပြီး၊ သွားကြည့်သင့် သည်ဟု ယူဆ လိုက်၏။
ဆယ်မိနစ် အကြာတွင် နာကျင် ကိုက်ခဲမှုကို ရုတ်တရက် ခံစားလိုက် ရသဖြင့်၊ လက်ဖြင့် ကွယ်ကာ၊ မျက်ဝန်းများ အမြန် မှိတ်ချ လိုက်ရ သည်။
ကောင်းကင်၌ လျှပ်စီးများ လက်ပြီး၊ အဆုံးမဲ့ ဆန္ဒများ ဖြာထွက် နေသော ဓား တစ်လက်ကို လက်ချောင်းများ ကြားမှ မြင်လိုက် မိ၏။
ဤသည်မှာ အစစ် မှန်သော ဓား တစ်လက် ဖြစ်သောကြောင့်၊ လင်းယွန်၏ နှလုံးသား ပြင်းစွာ တုန်လှုပ် သွားသည်။
ထိုဓားသည် နှစ်ထောင်ပေါင်း များစွာက ပြိုင်ဘက်ကင်း ဓားသမား တစ်ဦး၏ မပျက်စီး နိုင်သော ဓားဆန္ဒ ဖြစ်ပေသည်။
***