ကလဲ့စား ချေခြင်း မပြုရ ပါက ဓားကို ဘယ်တော့မှ မဆွဲ။
Vol. 49 Ch. 679
လင်းယွန် နှလုံးသား ထဲရှိ ထိတ်လန့် တုန်လှုပ် ခြင်းကို၊ စကားလုံး များဖြင့် ဖော်ပြရန် မတက် နိုင်ချေ။
ဓားရည်ရွယ် ချက်ကို အဆင့် (၉)ဆင့် ခွဲခြားထားပြီး၊ ရှန်ရှင်း ဓားမှာ ပထမ အဆင့်သာ ဖြစ်၏။
၎င်း အထက် တွင်ကား ‘ဝိညာဉ် ရေးဓား’ ရည်ရွယ်ချက် ရှိသည်။ ဝိညာဉ် ရေးဓား အထက်တွင်၊ မည်သည့် ရည်ရွယ်ချက် ရှိမှန်း သူ မသိချေ။
ကောင်းကင်တွင် လွင့်မျော နေသော ဓား တစ်လက် ထံမှ၊ လျှပ်စီးများ ပေါင်းစပ် နေသည့်၊ ဓားရည်ရွယ် ချက်များ ထုတ်လွှတ် ထားသည်။
ယင်းမှာ သန်မာ လွန်း သဖြင့်၊ ဝိညာဉ် ရေးဓား ရည်ရွယ်ချက် မဟုတ်ကြောင်း၊ သူ ပြော နိုင်သည်။
ထိုဓားသည် ဤဒေသ၏ အုပ်စိုးရှင် တစ်ပါး ဖြစ်သည် ဟူသော ခံစား ချက်ကို ‘မြင်’ သူတိုင်း၊ ရရှိမည် ဖြစ်၏။
၎င်းအား မထီ မဲ့မြင်ပြု သူ မည်သူ မဆို၊ အသတ်ခံ ရပေမည်။
ဓားပိုင်ရှင် သေဆုံး သွားသည်မှာ၊ နှစ်တစ်ထောင် ကြာပြီး ဖြစ်သော်လည်း၊ ထိုသို့ ခြိမ်းခြောက် လွှမ်းမိုး နိုင်မြဲ ဖြစ်သည်။
ဓားသမား တစ်ယောက် ဖြစ်သော၊ လင်းယွန်၏ သွေးများ ပွက်ပွက်ဆူ လာသည်။ မီးနဂါးနှင့် တိုက်ပွဲ ဝင်ခဲ့သော ဓားသမား တစ်ယောက်၏ မာနမျိုး ခံစား မိ၏။
( ငါ ... ဘယ်တော့ သန်မာ မလဲ။ )
အနာဂါတ်ကို မှန်းမျှော်ကာ လက်သီးအား တင်းတင်း ဆုပ်ကိုင် မိသည်။ သည့်နောက် ထိုစီနီယာကို ရိုသေ လေးစားစွာ ဦးညွှတ် လိုက်၏။
တစ်ချိန်တွင် ဤဓား ရည်ရွယ်ချက် ကဲ့သို့ အဆုံး မရှိသော ဓား ဆန္ဒမျိုး ပိုင်ဆိုင်ရန်၊ စိတ်ပိုင်း ဖြတ်ထားသည်။
သည့်နောက် လျှပ်တပြက် ရွေ့လျားမှုကို သုံးကာ၊ ရှေ့သို့ တိုးထွက် လိုက်သည်။ နှစ်ပေါင်း သုံးဆယ် တိုင်တိုင်၊ စိုက်ပျိုး ပေးထား ရသော သခင်ငယ် ဆိုသူမှာ၊ မည်သူ မည်ဝါ ဖြစ်သည်ကို သူ သိချင် လာ၏။
သူ့ အနေဖြင့် ကျင့်ကြံမှု သာလွန် မြင့်မားသော သူများကို၊ တိုက်ခိုက် နိုင်သည့် အကြောင်း ရင်းမှာ၊ ဓား ရည်ရွယ် ချက်ကြောင့် ဖြစ်သည်။
ဓားရည်ရွယ်ချက် ဟူသည် ဓား သမားတိုင်း နားလည် နိုင်သော အရာ မဟုတ်ချေ။ ထို့ကြောင့် သူ့ အရည် အချင်းမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ၌ပင်၊ ထိပ်တန်း အဆင့်ထဲ ပါဝင် ပေ၏။
သို့သော် ဤ ‘သခင်ငယ်’ ဆို သူသည်၊ ဓား ဧကရာဇ် ဆေးပင်ဖြင့်၊ ဓား ရည်ရွယ်ချက်ကို မြှင့်တင်ရန် ကြံရွယ် နေသည်။
ယင်းက လင်းယွန်ကို အနည်းငယ် မကျေမနပ် ဖြစ်စေ၏။ နောက်ဆုံးတွင် ရှန်ရှင်း ဓားကို ရရှိရန်၊ အသက်နှင့် သေခြင်းအား အကြိမ်ကြိမ် ဖြတ်သန်း ခဲ့ရသည်။
သူ့ ရောင်ဝါကို ရုတ်သိမ်းပြီး၊ အချိန် အတော်ကြာ ပျံသန်း ပြီးနောက် မြင်ကွင်း တစ်ခု အား၊ တွေ့မြင် လိုက်၏။
တောင်စောင်း တစ်နေရာ၌ ဓားတစ်လက် ပျံဝဲ နေကာ၊ သံသွေး တံခါး၏ အထက် တန်းစား အများက၊ စောင့်ကြပ် နေချေသည်။
ထို့ကြောင့် သံသွေး တံခါးမှ၊ ကျွမ်းကျင်သူ များကို၊ လမ်းတစ်လျှောက် မတွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း၊ နားလည် လိုက်မိ၏။
မျက်လုံးများ စုံမှိတ်လျက် ထိုင်နေသော အဖြူဝတ် လူငယ် တစ်ဦးကို သူတို့ အားလုံး ဝိုင်းကြည့် နေသည်။
သူ့ ဘေးတွင် နားမလည် နိုင်သော ရောင်ဝါများ ယိုစိမ့် ကျနေသည့် မီးခိုးရောင် ဝတ်ရုံဖြင့်၊ လူလတ်ပိုင်း တစ်ဦး ရှိ၏။
ထိုလူလတ် ပိုင်းမှာ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သောကြောင့်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။
ဤလူငယ်သည် ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ စောင့်ရှောက် မှု ကိုပင် ရရှိထား သဖြင့်၊ ကြီးမားသော နောက်ခံ ရှိိနိုင် ပေမည်။
သူ့နှင့် မလှမ်းမကမ်း အရပ် ဆီ၌၊ သံသွေး တံခါး တံဆိပ်ကို ဝတ်ဆင် ထားသော၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အဘိုးအို တစ်ဦး ရပ်နေ၏။
ထိုအဘိုးအိုမှာ အနက်ရောင် ဝတ်ရုံကို ဆင်မြန်း ထားပြီး၊ သံသွေး တံခါး၏ ဂိုဏ်းချုပ် ဖြစ်သည်။
ဤဖွဲ့စည်းပုံ အရ၊ အဖြူဝတ် လူငယ် အပေါ်၊ ပို၍ စိတ်ဝင်စား မိစေသည်။ သည်လူငယ်မှာ ဓားဂိုဏ်း များဖြင့်၊ ပြည့်နှက် နေသော ဓားနက် မြို့မှ လာကြောင်း၊ သူ သိထားသည်။
ဓားနက်မြို့ ဟူသည်၊ မိုးကြိုး စီရင်စု၏ အဓိက မြို့ကြီး ခုနစ်မြို့ အနက်၊ တစ်မြို့လည်း ဖြစ်သည်။
သို့သော် ဓားသမားများ ရှင်သန်ရာ၊ သန့်ရှင်းသော နယ်မြေဖြစ် သဖြင့်၊ ပို၍ ကျော်ကြား ပေသည်။
အဖြူဝတ် လူငယ်မှာ ထိုသို့သော မြို့၌ပင်၊ အသန်မာဆုံး (၃) ဦး၊ စာရင်း ဝင်သည်။ သို့မဟုတ် ပါက၊ သံသွေး တံခါး ဂိုဏ်းမှ ဤသို့ ကြိုဆိုမည် မဟုတ်ချေ။
“ လုံလောက်ပြီ။ ”
လင်းယွန်က သူ့ အကြည့်ကို ပြန်ရုတ် လိုက်သည်။ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ မရှိ လျှင်ပင်၊ သံသွေး တံခါး ကြောင့်၊ ဤနေရာ၌ မနေ ဝံ့ချေ။
ထို့အပြင် သူ့၌ အခြားသော လုပ်စရာများ ရှိနေ ပေသေးသည်။ မြေပြင် ပေါ်သို့ ဆင်းသက် လိုက်ချိန်တွင်၊ သူ့ နှလုံးသားများ တုန်လှုပ် သွားသည်။
တောအုပ် အတွင်းမှ ပုံရိပ် လေးရိပ် လှမ်းထွက် လာ၏။ ထိုပုံများက သူ့အား ရုတ်တရက် မြင်လိုက် ရသဖြင့်၊ အံ့သြ နေကြသည်။
၎င်းတို့ လေးဦး အနက်၊ ဆံပင်များ ဆွတ်ဆွတ် ဖြူနေသော အဘိုးအို တစ်ဦးမှာ၊ ကနဦး ယင်-ယန် အဆင့်တွင် ဖြစ်သည်။
ထိုအဘိုးအို ထံမှ အန္တရာယ် ရှိသော ခံစား ချက်များ ပေးစွမ်း နေချေသည်။
“ ဒုဂိုဏ်းချုပ် ... ၊ သူက ငါ့ရဲ့ မီးနဂါး သစ်သီးကို လုယူ သွားတဲ့ လူပဲ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသား၏၊ မျက်ဝန်းများ၌ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ ပြည့်နှက် လာသည်။
လင်းယွန်၏ လက်သီးကြောင့် သူ့ဘဝ တစ်ဝက် နီးပါး ဆုံးရှုံးခဲ့ ရပြီး၊ ယခု အချိန်ထိ နံရိုးတွင်၊ နာကျင် နေရဆဲ ဖြစ်သည်။
တစ်ဖက်တွင် လင်းယွန် သည်လည်း၊ သူ ဒုက္ခနှင့် ရင်ဆိုင်နေ ရပြီ ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
အထူးသဖြင့် ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင် သူသာ၊ လှုပ်ရှား လာပါက၊ ခက်ရ ပေ တော့မည်။
၎င်းတို့ မည်မျှ သန်စွမ်းကြောင်း၊ မြောက်ပင်လယ်၌ သင်ခန်းစာ ရခဲ့၏။ အော်ငေါက် လိုက်ရုံဖြင့်၊ ရှန်းရှင်း ဓားအား ဖျက်ဆီး နိုင်သည်။
“ သံသွေး တံခါးရဲ့ နယ်မြေကို ဘယ်သူမှ မကျူးကျော် ဝံ့ဘူး၊ မင်းကတော့ ... သေမင်းကို ဖိတ်ခေါ် နေမိပြီ။ ”
ဒု-ဂိုဏ်းချုပ် ထန်ယောင်းက ဒေါသတကြီး ဆိုသည်။ မဆိုင်း မတွပင် လက်ဖဝါးဖြင့် လှမ်း ရိုက်လိုက်၏။
လင်းယွန်အား သူ့ရှေ့ ဒူးထောက်ပြီး၊ အသက် အတွက်၊ တောင်းပန် လာသည် အထိ နှိပ်စက် ရပေမည်၊ သို့သော် လင်းယွန်က ထိန်လန့်ခြင်း မရှိချေ။
ဓားသုတ္တန်နှင့် မိုးပြာ နဂါး မူလ ပုံစံကို လျင်မြန်စွာ ဖြန့်ဝေလိုက် သဖြင့်၊ သူ့ခန္ဓာကိုယ်၌ လျှပ်စီးများ တဖျပ်ဖျပ် ခတ်သွားသည်။
အဘိုးအို လက်ဖဝါးနှင့် ထိမှန် ပြီးနောက်၊ ချက်ချင်း လွင့်စင် သွားပြီး၊ နှုတ်ခမ်း ထောင့်စွန်း မှ၊ သွေးများ စီးကျ လာသည်။
“ ဘာလဲ ... ။ ”
လင်းယွန်မှာ ထိတ်လန့် တုန်လှုပ် သွားသည်။ ယင်-ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ မူလ စွမ်းအင်မှာ ယင်၊ ယန် ပေါင်းစည်း သွားကာ၊ အသွင်ပြောင်း သွားမည် ဖြစ်သည်။
သို့သော် ဓားသတ္တန်နှင့် မိုးပြာ နဂါး မူလ ပုံစံကို၊ ပေါင်းစပ် လိုက်ရုံဖြင့်၊ ကနဦး ယင်-ယန် အဆင့်အား ရင်ဆိုင် နိုင်သည်။
အလယ် အလတ် ယင်-ယန် အဆင့် အတွက်မူ၊ ထိုသို့ ဟုတ်ပုံ မရချေ။ အဆင့် နှစ်ဆင့် ကြား ကွာခြား ချက်မှာ၊ စကားလုံး များဖြင့်၊ ဖော်ပြ နိုင်စွမ်း မရှိကြောင်း၊ သိရှိ လိုက်ရသည်။
“ မဆိုး ပါဘူး ... ၊ ငါ့ ဂိုဏ်းရဲ့ အမှိုက်က မင်းထံက တစ်ချက်တောင် မခံယူ နိုင်တာ အံ့သြစရာ မဟုတ် ဖူးပဲ။ ”
ထန်ယောင်းက ခေါင်းညိတ်ကာ၊ လင်းယါန်ကို အသိ အမှတ် ပြုလိုက်သည်။
“ မီးနဂါး သစ်သီးကို လွှဲပေးပါ၊ အသက်ရှင် ခွင့် ငါပေးမယ်၊ မဟုတ်ရင် မင်းကို သတ်မိတဲ့ အတွက် အပြစ် မတင် ပါနဲ့၊ ... ”
“ ... ငါ့ ဆီက လက်ဝါး တစ်ချက်ကို ခံယူ နိုင်ပေမယ့်၊ လက်ဝါး ဆယ်ချက် လုံးတော့ မယူ နိုင်သေး ပါဘူး။ ”
ဤအဘိုးအိုမှာ လွန်လွန်း ချေ၏။ မုန်းတီး မှုကြောင့် ပြန်လည် တိုက်ခိုက်ရန် မီးလျှံ မိုးကြိုး ကြာပွတ်အား ထုတ်ယူချင် သော်လည်း၊ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူမှ၊ အာရုံ စိုက်လာ မည်ကို စိုးရိမ်သည်။
တစ်ဖက်တွင် သူ့၌ ရွေးချယ် စရာ မရှိချေ။ ဤအဘိုးအိုမှာ သန်မာ လှပြီး၊ လွှတ်ထားမည် မဟုတ်ကြောင်း၊ သူ သိသည်။
“ ဟေ့ ... ဒု ဂိုဏ်းချုပ် ပြောနေတာ၊ မင်း မကြား ဖူးလား ... ဟမ်။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ပျက်ယွင်း နေသော လင်းယွန်၏ အမူအရာ ကြောင့်၊ ကျေနပ်စွာ လှမ်းအော် သည်။
“ မီးနဂါး သစ်သီးကို ငါ့ရဲ့ နဂါးသွေး မြင်းက စားလိုက်ပြီ။ ”
လင်းယွန်က တည်ငြိမ်မှုကို ပြန်လည် ရယူပြီး၊ အေးစက်စွာ ဆို လိုက်၏။
တစ်ချိန် တည်း မှာပင်၊ ထန်ယောင်း မျက်ဝန်းများ၌၊ ရက်စက် ကြမ်းကြုတ်သော အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာသည်။
သူ့ အပေါ် စူးစိုက် ကျလာသည့် သတ်ဖြတ်ခြင်း၊ ရည်ရွယ်ချက်အား လင်းယွန် ခံစား နိုင်သည်။
“ မိုက်မဲ လှတဲ့ ကောင်လေး၊ အသက် ငယ်ငယ်နဲ့ ... ၊ မင်း သေရ လိမ့်မယ်။ ”
ထန်ယောင်း တစ်ယောက် ထပ်မံ လှုပ်ရှားလာ တော့ မည်ကို၊ သတိထား မိလိုက် သဖြင့်၊ လင်းယွန်က၊
“ ခဏ နေဦး၊ ငါ့မှာ မီးနဂါး သစ်သီး မရှိတော့ ပေမယ့်၊ မင်းစိတ် ဝင်စား နိုင်တဲ့ အခြား ရတနာ တစ်ခု ရှိပါတယ်။ ”
-ဟု ဆိုကာ၊ သိုလှောင်အိတ် အတွင်းမှ မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ ဥအား ဂရု တစိုက် ထုတ်ယူ လိုက်သည်။
နဂါး လင်းတ ‘ဥ’မှာ၊ ကြီးမားသော ကျောက်မျက် တစ်ပါး ကဲ့သို့ အလင်းများ ထုတ်လွှတ် လာ၏။
၎င်းကို ကြည့်လိုက် မိသည့် ထန်ယောင်း တစ်ယောက် လောဘကြောင့်၊ တစ်လှမ်း လှမ်းတက် လိုက်မိသည်။
သို့သော် ချက်ချင်းပင်၊ ဣနြေ္ဒဆည် လိုက်ကာ၊ “ ရှေ့တိုးပြီး မြေပြင်ပေါ် ချထားခဲ့၊ ... ” -ဟု အမိန့်ပေး လိုက်၏။
လင်းယွန်က သတိကြီး စွာဖြင့် ရှေ့သို့ လှမ်းလိုက်ပြီး၊ ငှက်ဥအား မြေပြင်ပေါ် အသာ ချပေး မိသည်။
သို့သော် အင်အား အနည်းငယ် သုံးလျက်၊ မည်သူမျှ သတိ မထား နိုင်ခင်၊ အက်ကွဲကြောင်း များကို၊ ဖန်တီး ယူလိုက်သည်။
တစ်ချိန်တည်း မှာပင်၊ ထန်ယောင်းက ရှေ့တိုး လာပြီး၊ သူ့ ညာလက်အား ခြေဖြင့် တက်နင်း တော့၏။
ခရမ်းရောင် အလင်းများ တောက်ပ လာသော်လည်း၊ အရိုးများ ကျိုးခြင်းမှ မကာကွယ် ပေးနိုင် ခဲ့ချေ။
လက်ကောက်ဝတ် သွေးပြန် ကြောမှာ၊ နှလုံးသားနှင့် တိုက်ရိုက် ချိတ်ဆက် နေသဖြင့်၊ မခံမရပ် နိုင်အောင် နာကျင် ရချေသည်။
“ ဒါက မဆိုး ပါဘူး၊ မီးနဂါး သစ်သီးနဲ့ ယှဉ်နိုင်တယ်၊ ဒါပေမယ့် မင်း ... ငါ့ရဲ့ သံသွေး တံခါးက တစ်ယောက် ယောက်ကို ဒဏ်ရာ ရစေ ပြီးမှတော့၊ အသက်ကို ချမ်းသာ ပေးရင်တောင်၊ အပြစ်ဒဏ် ခံယူ ရဦးမှာ ပါပဲ။ ”
စကားဆုံး သည်နှင့် လင်းယွန် ရင်ဘတ်ကို ဆောင့်ကန် ထုတ်လိုက် တော့၏။
ကျယ်လောင်သော နံရိုး ကျိုးသံများ ကြားလိုက် ရသဖြင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ကျေနပ်စွာ ပြုံးရယ် လေသည်။
ယင်း ကန်ချက်မှာ မိုးပြာ နဂါး မူလ ပုံစံ ဖြင့်ပင်၊ နံရိုးများ ကျိုးခြင်းမှ မတားဆီး နိုင်ချေ။
အဝေး တစ်နေရာသို့ လွင့်စင် နေစဉ်၊ ဓားရောင်ခြည် ခုနှစ်စင်း လာရောက် ထပ်မံ ထိမှန် သွားပြန်၏။
ထို့ကြောင့် ရင်ဘတ်၌ အပေါက် (၇)ပေါက် ဖြစ်ပေါ် လာပြီး၊ သွေးများ ပန်းထွက် သွားသည်။ ဒဏ်ရာမှာ ပြင်းထန် လွန်းသဖြင့်၊ မျက်နှာ တစ်ပြင်လုံး၊ ဖြူဖျော့ လာတော့သည်။
စုပ်ဝဲ တစ်ခုကြောင့် ငှက်ဥက ပျံတက် သွားပြီး၊ ထန်ယောင်း လက်ထဲ ဖြည်းညှင်းစွာ ရောက်ရှိ သွားသည်။
ထန်ယောင်းက တစ်ချက် စစ်ဆေးပြီး၊ ကျေနပ်သော အမူ အရာဖြင့်၊ လင်းယွန်အား မော့ပင် မကြည့် တော့ဘဲ၊ ‘ထွက် သွား ... ’ -ဟု ငေါက်ထုတ် လိုက် လေသည်။
လင်းယွန်မှာ မတ်တပ် ထရပ် လိုက်ပြီး၊ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်၊ ယိမ်းထိုး သွားကာ၊ မြေပြင်ပေါ် လဲကျ သွားသည်။
ချက်ချင်း ပြန်မထ နိုင်သေးဘဲ၊ အသက်ပြင်းပြင်း ရှူရှိုက် ပြီးမှသာ၊ ထိုနေရာက ထွက်ခွာ သွားနိုင် တော့သည်။
“ ဒု ဂိုဏ်းချုပ် ...၊ သူ့ကို လွှတ်လိုက် တာလား၊ ဒါက သိပ် လွယ်လွန်း နေ သလိုပဲ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ အေးစက်သော အလင်း ရောင်များ တောက်ပ လာလျက်ဖြင့် ဆိုသည်။
“ ငါ့ ... လက်ဖဝါးကို ခံယူ နိုင်တဲ့၊ ယန် အဆင့်က တစ်စုံ တစ်ယောက်ကို မင်း ‘မြင်’ ဖူးလား၊ ဒီကောင်လေးရဲ့ နောက်ခံက မင်းမြင် သလောက် မရိုး ရှင်းဘူး၊ ... ”
“ ... သူ့ကို သတ်လိုက်ရင်၊ သူ့ရဲ့ အကြီး အကဲတွေ သေချာပေါက် ရောက်လာ လိမ့်မယ်၊ ဒါကြောင့် သခင်ငယ်ရဲ့ ကိစ္စ တွေကို မဖျက်ဆီး နိုင်ရင် ကိုပဲ အဆင်ပြေ ပါပြီ။ ”
ထန်ယောင်းက ရှည်လျားစွာ ရှင်းပြ လိုက်သည်။
“ ပြီးတော့ …။ ”
ထန်ယောင်း မျက်နှာမှာ ရွှင်မြူး သွားပြီး ငှက်ဥကို လှည်ပတ် ကြည့်ကာ၊
“ ဒီလို အသက်ဓာတ် ပြည့်ဝ လွန်းတဲ့၊ ငှက်ဉမျိုး မကြုံ ဖူးဘူး၊ ငါသာ သန့်စင် ပြီးရင် အထွတ်အထိပ် ယင်-ယန် အဆင့်ကို ရောက်နိုင်တယ်။ ”
-ဟု ဆိုလိုက် လေသည်။
***
တစ်ချိန်တည်း မှာပင်၊ လင်းယွန် တစ်ယောက် မြေပြင် ပေါ်၌၊ သွေးစွတ်ကြောင်း ကြီးနှင့် အတူ၊ တောထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း နေမိသည်။
ထန်ယောင်းကြောင့် လက်ကောက်ဝတ် အရိုးနှင့် ရင်ဘတ် ရိုးများ ကျိုးကြေ ကုန်သည်။
ထိုးသွင်းရာ ခုနစ်ချက် ဖြစ်ပေါ် နေပြီး၊ ၎င်ထံမှ သွေးများ စီးထွက်ကုန် ခြင်းကြောင့်၊ သွေး တစ်ဝက်ခန့် ဆုံးရှုံး သွားပြီ ဖြစ်သည်။
အသိ စိတ်များ မှုန်ဝါး လာချိန် မှာပင်၊ နဂါးလေး၏ အော်ဟစ် ပြေးဝင် လာသံကို၊ ကြား လိုက်ရသည်။
မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတမှ၊ လိုက်ဖမ်း ခံရ ခြင်းဖြင့်၊ မည်မျှ ခက်ခဲ ခဲ့မည်ကို နားလည် ချေပြီ။
သို့သော် မြေပြင်ပေါ် လှဲလျောင်း နေသော လင်းယွန်ကို မြင်သော အခါ၊ ၎င်း၏ မျက်နှာက ပြောင်းလဲ သွားသည်။
နှစ်သိမ့်သည့် အနေဖြင့်၊ လင်းယွန် မျက်နှာကို ပွတ်သပ်ရန်၊ ဦးခေါင်းအား ဆန့်ကာ၊ ပွတ်သပ် ပေးလိုက်သည်။
“ ဟန်ဆောင် နေတာကို ရပ်တော့၊ ငါ မသေ ပါဘူး။ ”
ဖျော့တော့သော အပြုံးဖြင့် လင်းယွန်က ဆို၏။ သို့သော် နဂါးလေးမှာ ပေါ့ပါး သွားခြင်း မရှိဘဲ၊ တောအုပ်ထဲ ရုတ်တရက် ပြေးထွက် သွားသည်။
သိပ် မကြာခင် မှာပင် ပွန်းပဲ့ ရှရာ များဖြင့်၊ ပြန်လည် ရောက်ရှိ လာ၏။ သို့သော် သူ့ပါးစပ် ထဲမှ အသီး တစ်လုံးကို၊ ပြုံးကာ ထုတ်ပေး လေသည်။
ထို့နောက် အသီးတွင် ပါသော အရွက် များကို ဝါးပြီး၊ လင်းယွန် ဒဏ်ရာများ အပေါ်၊ ခေါင်းဖြင့် ညင်သာစွာ တွန်းတင် ပေး၏။။
သစ်သီးကို ဆုပ်ကိုင် ထားသော လင်းယွန်မှာ၊ ၎င်းအား စားရန်ပင် အင်အား မရှိချေ။
စောင့်မျှော် နေသော နဂါးသွေး မြင်း၏ မျက်လုံး များကို ကြည့်ပြီး၊ အားတင်းကာ၊ မြိုချ လိုက် တော့သည်။
နာကျင်လွန်း သောကြောင့်၊ ၎င်းကို စားနေသည့် အခိုက်တွင်၊ မျက်ရည်များ စီးကျ လာခဲ့သည်။
“ သံသွေး တံခါး။ ”
သည့်အတွက် လက်စား ချေခြင်း မပြု နိုင်ပါက၊ သူ့ ဓားကို ထပ်ဆွဲ တော့မည် မဟုတ် ကြောင်း၊ ပြတ်သားစွာ ကျိန်ဆို လိုက်တော့၏။
***