ပြင်းထန်သော တိုက်ပွဲ။
Vol. 49 Ch. 681
ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူက၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး သူ့ဓားကို ဆွဲထုတ်ကာ၊ နဂါး လင်းတထံ ဓား အလင်းဖြင့်၊ ပစ်လွှတ် လိုက်သည်။
ယင်းက နဂါး လင်းတ၏ ပြင်းထန်သော တိုက်ခိုက်မှု များကို အားပျော့ သွားစေ ၏။
သို့သော် ၎င်း ကျွမ်းကျင်သူမှာ၊ နဂါး လင်းတနှင့် တူညီသော အဆင့်၌ မရှိကြောင်း မည်သူ မဆို ပြောနိုင်သည်။
ဓား အလင်းမှာ မီတာ သုံးရာခန့် ရှိသော်လည်း၊ နဂါး လင်းတထံ တိုးဝင်သွား သည်နှင့်၊ အက်ကြောင်းများ ဖြစ်ပေါ် လာ တော့၏။
သူက နဂါး လင်းတကို လျှော့တွက်မိ ပုံရ လေသည်။
“ သံသွေး ဓား အစီရင်- ကမ္ဘာမြေကို သွေးလွှမ်းခြင်း။ ”
သံသွေး တံခါး ဂိုဏ်းချုပ်က၊ အခြား ဒု-ဂိုဏ်းချုပ် နှစ်ဦး နှင့်အတူ၊ ကောင်းကင်ပေါ် ပျံတက် သွားခဲ့သည်။
ဓား အစီရင် အတွင်းရှိ၊ တပည့် များ၏ ဓားရည်ရွယ် ချက်များ၊ ပေါင်းစပ် သွားကာ၊ ဂိုဏ်းချုပ် သုံးပါးထံ စုရုံး ရောက်ရှိ သွားသည်။
များပြား လွန်းသော ဓား ရည်ရွယ်ချက် များဖြင့်၊ လွှမ်းခြုံ လိုက်ချိန်တွင်၊ ဂိုဏ်းချုပ် သုံးပါး၏၊ ဓား အရှိန်အဝါမှာ ပို၍ တောက်ပ လာ၏။
“ ထွက် သွား စမ်း ... ။ ”
ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူက၊ နောက်ထပ် မီတာ သုံးရာ ရှည်လျားသော ဓားအလင်းကို၊ နဂါး လင်းတ ပေါ်သို့၊ လွှတ်တင် လိုက်ပြန်သည်။
ဓားရည်ရွယ်ချက် တဟုန်ထိုး မြင့်တက် လာသဖြင့်၊ နဂါး လင်းတမှာ သတိ လက်လွတ် မခံ ဝံ့ဘဲ၊ ခရမ်းရောင် လျှပ်စီး များကို ချပ်ဝတ် တစ်ထည် အဖြစ် ဖွဲ့တည်ကာ၊ ခုခံ လိုက်သည်။
ထို့နောက် သံသွေး ဓား အစီရင်မှ ဓားရည်ရွယ်ချက် များနှင့် အတူ၊ မီတာ သုံးရာ ရှည်သော အဆိုပါ ဓားအလင်းမှာ၊ ခရမ်းရောင် လျှပ်စီး ချပ်ဝတ်ပေါ် ကျရောက် သွားသည်။
“ ဖန်း ... ။ ”
အက်ကွဲ သံများ ထွက်ပေါ် လာပြီး၊ နဂါးလင်းတ၏ ကြီးမားသော ခန္ဓာ ကြီးမှာ ကောင်းကင်မှ ပြုတ်ကျ သွား၏။
မြေပြင်ဖြင့် ထိခတ်ခါ နီးတွင်၊ လျှပ်စီး စွမ်းအင်များ ပေါက်ကွဲ လာပြီး၊ ပတ်ဝန်းကျင် တစ်ခု လုံးအား၊ အမှုန် အဖြစ် ပြောင်းလဲ ပစ် လိုက်သည်။
“ ဟေး ... ဒီကောင် ဒဏ်ရာ ရသွားပြီ ... ။ ”
အစီရင် ထဲရှိ သံသွေး တံခါး၏၊ တပည့်များက အော်ဟစ်လိုက် သော်လည်း၊ ကောင်းကင်း ဝိညာဉ် ကျွမ်းကျင်သူမှာ၊ မျက်မှောင်ကြုတ် မိသည်။
တိုက်ခိုက်မှုက၊ ကြောက်စရာ ကောင်းသော်လည်း၊ နဂါး လင်းတ၏ ချပ်ဝတ်အား မချိုးဖျက် နိုင်ခဲ့ခေျ။
ထိုအချိန်တွင် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေ မိသော လင်းယွန်မှာ အံ့အားသင့် သွားသည်။
သို့သော် ထန်ယောင်းထံ အကြည့် အရောက်တွင်၊ မျက်ဝန်း များက အေးစက် တင်းမာ လာသည်။
“ လာ ဦး မယ်။ ”
သတ်ဖြတ် လိုသော ဆန္ဒ များဖြင့် ရေရွတ် လိုက်သည်။
လျှပ်စီးများ ပေျာက်ကွယ် သွားချိန်၌၊ ကျယ်လောင်သော အော်ဟစ် သံက၊ မုန်တိုင်း အသွင် ပြောင်းလဲ ဝင်ရောက် လာပြန်သည်။
“ သေ စမ်း ... ။ ”
ဤမြင်ကွင်းကို မြင်ချိန်၌၊ သံသွေးတံခါး တပည့်များ မျက်နှာ ပေါ်ရှိ၊ အပြုံးများ ပျောက်ကွယ် သွားတော့ သည်။
သူတို့ မတုံ့ပြန် နိုင်ခင် မှာပင်၊ နဂါးလင်းတ ကြီးက သံသွေး ဓား အစီရင်ထဲ ထိုးဖောက် ဝင်ရောက် လာသည်။
ကြောက်မက်ဖွယ် ကောင်းသော အင်အားဖြင့် ဝင်စောင့် ခံလိုက်ရ သကဲ့သို့၊ အက်ကြောင်းများ ထွက်ပေါ် လာတော့၏။
အစီရင်ကို အသက်သွင်း ထားသော လူတိုင်း၏ မျက်နှာမှာ ပျက်ယွင်း သွားပြီး၊ ပါးစပ်မှ သွေးများ စီးထွက် လာသည်။
နဂါး လင်းတ ကြီးက၊ တစ်စုံ တစ်ရာ ရှာဖွေနေ သကဲ့သို့၊ လူတိုင်းအပေါ် စီးမိုး ကြည့်ရှု လိုက်သည်။
ရုတ်တရက် အစီရင်ဖြင့် ကောင်းစွာ ကာကွယ် ထားသော အဖြူဝတ် လူငယ် ပေါ်သို့ ၎င်း အကြည့် များက၊ ကျဆင်း သွား၏။
“ ..... ”
ကျယ်လောင်သော အော်ဟစ်သံ နှင့်အတူ၊ တောင်ပံ ခတ်လျက် တိုးဝင်ရန် ပြင်နေသော နဂါး လင်းတကြောင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူမှာ၊ ထိတ်လန့် သွား၏။
“ ရပ် ... ။ ”
ဓားရည်ရွယ် ချက်က သူ့ခန္ဓာ ကိုယ်မှ တိုးထွက် လာချိန်တွင်၊ ဓားအား ကောင်းကင် ပေါ်၊ ထိုးချိန် လိုက်သည်။
“ သံသွေးဓား အစီရင် —အားလုံး အတွက်။ ”
သံသွေး တံခါး တပည့် များက၊ ဖွဲ့စည်းပုံ ပြောင်းလဲ လိုက်ပြီး၊ သူတို့၏ ဂိုဏ်းချုပ်ထံ ဓား ရည်ရွယ်ချက်များ ပို့လွှတ် လိုက်သည်။
ထို့နောက်တွင် မရေတွက် နိုင်သော ကြက်သွေးရောင် ဓားဆန္ဒ များက၊ ပျံတက်ကာ၊ နဂါး လင်းတပေါ် ကျရောက် သွားသည်။
“ ... ဂီး ။ ”
ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူနှင့်၊ သံသွေး ဓားအစီရင် တို့၏ တိုက်ခိုက်မှု အောက်တွင်၊ နဂါးလင်းတ တစ်ကိုယ်လုံး၊ သွေးချင်းချင်း ရဲ လာ၏။
သို့သော် ဒဏ်ရာ များကို ဂရု မစိုက်ဘဲ၊ ဝတ်ဖြူဝတ် လူငယ်ထံ ဆက်လက် အားယူ နေခဲ့ သည်။
“ သံသွေး ဓား အစီရင် — ကောင်းကင်ဘုံ နှင်းဓား။ ”
ဂိုဏ်းချုပ် သခင်၏ ကြုံးဝါးသံ ထွက်ပေါ် လာသည်နှင့်၊ မြူ များက ဒေါသထွက် နေသော ကျားကြီး တစ်ကောင် အဖြစ်၊ ဖွဲ့တည် လာ၏။
ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူက ကျား ခေါင်းပေါ် ပျံတက် လိုက်ပြီး၊ နဂါး လင်းတအား ပေါင်းစပ် တိုက်ခိုက် လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် လှည့်ကွက်များ၊ နည်းစနစ်များ မပါဝင်ဘဲ၊ ခွန်အား စင်စစ်ဖြင့် ခုတ်ချ လိုက်ခြင်း ဖြစ်၏။
နောက်ဆုံးတွင်၊ နည်းစနစ် များနှင့် လှည့်ကွက် များမှာ၊ အစစ်အမှန် ခွန်အား ရှေ့၌၊ မည်သည့် အရာမျှ ဖြစ်လာမည် မဟုတ်ပေ။
ဓားအလင်း များက၊ နဂါး လင်းတအား၊ နောက်သို့ တွန်းထုတ် နိုင်ခဲ့သည်။ ထိုအချိန်တွင် ကြက်သွေးရောင် ကျားမှာ၊ နဂါး လင်းတကို ကြည့်ပြီး၊ ဟိန်းဟောက် လိုက်၏။
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူက၊ တံဆိပ် တစ်ခုကို ဖန်တီးကာ၊ ထိုအသံ လှိုင်းထံ ပေါင်းစပ် အားဖြည့် ပေးလိုက် သည်။
ထိုအသံ လှိုင်းဖြင့် တိုက်ခိုက် မှုကြောင့်၊ နဂါးလင်းတမှာ ဒဏ်ရာများ ထပ်မံ ရရှိလျက်၊ ပြုတ်ကျ လာ၏။
“ အုန်း ... ။ ”
လူတိုင်း အနည်းငယ် စိတ်သက်သာရာ ရသွား ချိန်တွင်၊ နဂါး လင်းတမှာ ချက်ချင်း ပြန် ထရပ် လာပြီး၊ ကြောက်စရာ ကောင်းသော ရောင်ဝါကို၊ ထုတ်လွှတ် လိုက်သည်။
မြစိမ်းရောင် တောင်ပံ တစ်စုံကို ခတ်ကာ၊ မုန်တိုင်း တစ်စင်းအား ဆင့်ခေါ် လိုက်၏။ ထိုမုန်တိုင်း အတွင်း၊ ခရမ်းရောင် လျှပ်စီးများ ပေါင်းစပ် ပါဝင် နေကာ၊ ကျားကြီးပေါ် ထိုးကျ သွားသည်။
“ အုန်း ... ။ ”
ရုတ်တရက် ပြန်လည် တိုက်ခိုက် မှုမှာ၊ သံသွေး တံခါး၏ တပည့် များစွာကို ဒဏ်ရာ အပြင်း အထန် ရစေ ခဲ့သည်။
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူက၊ ရှေ့ဆုံးမှ ခုခံ ကာကွယ်ပေး နေသော်လည်း၊ သံသွေးဓား အစီရင်မှာ ပြိုကျစ ပြုလာသည်။
ထို့နောက် ဓား အစီရင်မှာ၊ ရုတ်တရက် ပေါက်ကွဲသွား သဖြင့်၊ ဓား အလင်းများ ပြန့်ကျဲ ကုန်ကာ၊ လူတိုင်း လွင့်စင် ကုန်တော့၏။
“ အ ဆုံး သတ် ပြီ။ ”
ပျက်စီး သွားသော ဓား အစီရင်ကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ကျေနပ်စွာ ရေရွတ် လိုက် မိသည်။
ဓား အစီရင် မရှိဘဲ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူပင်၊ နဂါး လင်းတအား ရင်ဆိုင် နိုင်ခြင်း မရှိကြောင်း သူ သိသည်။
“ သေ စမ်း ... ။ ”
ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင် ပညာရှင်က၊ ကျိန်ဆဲ လိုက်၏။
ကျယ်လောင်သော ကြုံးဝါးသံနှင့် အတူ၊ အလို ရမ္မက်များ ပါ၀င် နေသော သူ့ သွေးအဆီ အနှစ်ကို ထုတ်ယူ လိုက်သည်။
“ နတ်ဆိုး သားရဲ တစ်ကောင်က၊ အတင်း အကြပ် ဖိအား ပေးလာတဲ့ အတွက်၊ ဓားသမား တစ်ယောက် ဖြစ်တဲ့၊ ငါ မုယင်ဖေးက စီနီယာရဲ့ အကူအညီကို တောင်းခံ ပါတယ်။ ”
“ ငါတို့ အားလုံး ... ၊ စီနီယာရဲ့ အကူ အညီကို တောင်းခံ ပါတယ် ... ။ ”
သံသွေး တံခါး အဖွဲ့ သည်လည်း၊ တစ်ပြိုင်နက်တည်း မြေပြင်ပေါ် ဒူးထောက် လျက်၊ ကျယ်လောင်စွာ ရေရွတ် လိုက်ကြ၏။
ရုတ်တရက် ကောင်းကင်၌၊ ပျံဝဲ နေသော ဓားရည်ရွယ် ချက်မှာ၊ ၎င်းကို ကြားသိ သကဲ့သို့ ရုတ်တရက် တုန်လှုပ် သွားသည်။
“ ခုတ် ... ။ ”
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူက အော်ဟစ် လိုက်ချိန်တွင်၊ ထိုပျံဝဲ နေသော ဓားက၊ တောက်ပ နေသော အလင်း ရောင်ကို ထုတ်လွှတ် လိုက်ပြီး၊ နဂါး လင်းတပေါ် ကျရောက် သွားသည်။
ဓား ရည်ရွယ်ချက်မှာ ထက်ရှလွန်း သဖြင့်၊ မီတာ တစ်ရာခန့် ရှည်လျားသော ပြတ်ရှရာ ကြီး ဖြစ်ပေါ် လာတော့သည်။
“ နော် တစ်ကြိမ် ၊ ခုတ် ... ။ ”
ဒုတိယ အကြိမ် အော်ဟစ် ပြီးနောက်တွင်၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ မျက်နှာမှာ၊ အရောင်ဖျော့ သွားခဲ့သည်။
အခြား တစ်ဖက်တွင် နဂါး လင်းတကြီး သည်လည်း၊ မြေပြင်ပေါ် ‘အုန်းခနဲ’ ပြုတ်ကျ လာ၏။
“ ခုတ် ... ။ ”
နှလုံး သားကို ဖျစ်ညှစ်ပြီး နောက်တစ်ကြိမ်၊ အော်ဟစ် လိုက်ပြန်သည်။ နဂါး လင်းတ၏ မြစိမ်းရောင် အတောင်ပံ ပေါ်သို့၊ ကောင်းကင်မှ ဓားတစ်လက် ဆင်းသက် လာတော့၏။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ သည်လည်း၊ ပျော့ခွေလျက်၊ ကောင်းကင်မှ ပြုတ်ကျ သွားခဲ့ သည်။
“ ဒီကောင်ကြီးက ...၊ ဒီလောက် ဒေါသကြီး နေတာ၊ အဓိပ္ပါယ် မရှိဘူး၊ ငါတို့ တစ်ခု ခုတော့ အမှားလုပ် မိ ရမယ်။ ”
အဖြူဝတ် လူငယ်က ရုတ်တရက် ပြောလာ သဖြင့်၊ ထန်ယောင်းမှာ တုန်လှုပ် သွားသည်။ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူက၊ လူတိုင်းကို စစ်ဆေး ကြည့်လိုက်၏။
ထန်ယောင်း မျက်နှာ ပေါ်ရှိ၊ ထူးခြားသော အသွင် အပြင်ကြောင့်၊ ရုတ်တရက် အေးစက် သွားပြီး၊
“ ထုတ် လိုက် ... ။ ”
-ဟု ဆိုလေသည်။
“ ငါ့မှာ လာမှ မရှိဘူး … ။ ”
ထန်ယောင်းက တုန်ရီ နေသော အသံဖြင့် ပြန်ဖြေသည်။
“ မင်း အသက်ရှင် ချင်ရင် ထုတ်လိုက်ပါ။ ”
ထန်ယောင်း တစ်ယောက်၊ အချိန် အတော်ကြာ တွေဝေ တုံ့ဆိုင်း နေခဲ့ ပြီးနောက်၊ ငှက်ဥအား ထုတ်ယူကာ၊
“ ဒါက လွဲပြီး၊ ငါ့မှာ သံသယ ဖြစ်စရာ ဘာမှ မရှိဘူး။ ”
ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူက၊ ထန်ယောင်း လက်ထဲရှိ ငှက်ဥထံ လက်ဝါး ဆန့် ထုတ်ကာ၊ စုပ်ယူ လိုက်သည်။
“ မင်း ... လူမိုက်၊ ဒါ နဂါး လင်းတရဲ့ ဥပဲ၊ ဒါကို ဘယ်က ယူလာ တာလဲ၊ မင်းက ငါတို့ကို သတ်ဖို့ ကြိုးစား နေတာလား။ ”
“ ဒါ ... ဒါ ၊ ဟိုကောင်လေး ပေးတာပါ။ ”
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ထံမှ၊ သတ်ဖြတ် လိုသော ဆန္ဒကို ခံစား မိသဖြင့်၊ ထန်ယောင်း တစ်ယောက် ထိတ်လန့် သွားသည်။
ထိုအချိန် မှာပင်၊ ပြင်းထန်သော ဒဏ်ရာ များနှင့် အတူ၊ နဂါး လင်းတ ကြီးက ကုန်းထပြီး၊ တစ်လှမ်းချင်း၊ တိုးဝင် လာပြန် သည်။
***