← Chapters

အုပ်စိုးရှင် သားရဲ ဟူသည်။

Vol. 49 Ch. 682

အုပ်စိုးရှင် သားရဲ ဟူသည်။

Vol. 49 Ch. 682

“ အခု ... ၊ ဘာ ... ဘာလုပ် သင့်လဲ။ ”

နဂါး လင်းတ၏ ကြက်သွေးရောင် မျက်လုံး များကို ကြည့်ပြီး၊ ထိတ်လန့် စွာဖြင့် မေးလိုက် သည်။

“ ဖြန်း ... ။ ”

သို့သော် ကျယ်လောင်သော ပါးရိုက်သံ နှင့်အတူ ထန်းယောင်း တစ်ယောက် လွင့်စင် သွားတော့ သည်။

အဖြူဝတ် လူငယ်က၊ မည်းမှောင်သော မျက်နှာဖြင့်၊ ထရပ် လာ၏။ ထန်ယောင်းမှာ ကြောက်ရွံ့ တုန်လှုပ် သွားပြီး၊ လူငယ်ကို မော့မကြည့် ရဲခဲ့ချေ။

ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင် သူက၊ ထန်ယောင်းကို တစ်ချက်ကြည့် လိုက်ပြီး၊ ငှက်ဉအား နဂါး လင်းတထံ၊ ပစ်ပေးသည်။

နဂါး လင်းတက အေးစက်သော အမူအရာဖြင့်၊ ငှက်ဥကို ဖမ်းရန် ပါးစပ်ဖွင့် လိုက်သည်။

ယင်းကို ကြည့်ပြီး၊ လူတိုင်း တုန်လှုပ် သွားကြသည်။ ၎င်းပါးစပ် အတွင်းမှ ထွက်ပေါ် လာသော စုပ်ဝဲကြောင့်၊ နှလုံးသားများ ယမ်းခါ သွားလေသည်။

ဤအခိုက် အတန့်တွင် ဓားဧကရာဇ် ဆေးပင်မှ၊ အလင်း တန်းများ ရုတ်တရက် လွှတ်ထုတ် လာတော့သည်။

လေထဲ၌ ယိမ်းနွဲ့ နေစဉ်၊ အဖြူဝတ် လူငယ်၏ မျက်နှာမှာ ရွှင်မြူးလျက်၊ ထက်ရှသော ဓားရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက်သည်။

“ သခင်ငယ်၊ ဓားဧကရာဇ် ဆေးပင် ရင့်မှည့် လာပြီ။ ”

ထန်ယောင်းက ထိုလူငယ်၏ ဒေါသများ လျော့ပါးလို လျော့ပါးငြား၊ မျှော်လင့်လျက် ဆို လိုက်သည်။

“ လူစု ခွဲ လိုက် ... ။ ”

ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ၏ မျက်နှာမှာ၊ ရုတ်တရက် ပျက်ယွင်း သွားပြီး၊ အဖြူဝတ် လူငယ်အား၊ လှမ်းဆွဲကာ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။

မြေပြင် ပေါ်သို့ မဆင်းသက်မီ၊ မိုးကြိုး တိမ်တိုက်များ စုစည်း နေသည်ကို တွေ့လိုက် ရ၏။

ယင်းကြောင့် သံသွေး တံခါးမှ၊ လူတိုင်း ကြောက်လန့် တကြားဖြင့်၊ ထွက်ပြေး ကုန် တော့ သည်။

“ ဂျိန်း ..... ။ ”

ထို့နောက် မိုးကြိုး ကိုးစင်း ဆက်တိုက် ဆင်းသက် လာပြီး၊ နဂါးပျောက် တောင်စောင်း တစ်ခုလုံး ပြင်းစွာ တုန်လှုပ် သွား၏။

သတိပေး သံကြောင့်၊ အများစုက၊ လျင်မြန်စွာ ရှောင်တိမ်း နိုင်ခဲ့ပြီး၊ ကံဆိုးသူ အချို့ အတွက်မူ၊ ‘ပြာ’ကျ သွားလေသည်။

နဂါး လင်းတ၏ ဒေါသမှာ၊ လျော့ပါး သွားခြင်း မရှိသေး သော်လည်း၊ ကောင်းကင်ကို မော့ကြည့် ပြီးနောက်၊ အဆုံးတွင် ထွက်ခွာရန် ရွေးချယ် လိုက်သည်။

“ ငါ့ရဲ့ ... ဓားဧကရာဇ် ဆေးပင်။ ”

အဖြူဝတ် လူငယ်က၊ အခြားလူ များနှင့် အတူ၊ အလျင် အမြန် ပြေးလွှား နေလျက်ဖြင့်၊ မျက်လုံးများ မှေးစင်း သွားသည်။

သို့သော် မိုးကြိုး ကိုးစင်း ကျဆင်းရာ နေရာသို့၊ ရောက်ရှိ လာချိန်တွင်၊ ဓားဧကရာဇ် ဆေးပင်အား၊ မည်သည့် နေရာ တွင်မှ မတွေ့ ရတော့ချေ။

ယင်းကို ကြည့်ပြီး ထန်ယောင်း မျက်နှာမှာ၊ ဖျော့တော့လျက် ဒူးထောက် ကျသွား၏။

“ သခင်ငယ်၊ ငါ့ကို အပြစ် ပေးပါ ...။ ” (ဒုန်း)

“ သခင်ငယ်၊ ငါ့ကို အပြစ် ပေးပါ ...။ ” (ဒုန်း)

“ သခင်ငယ်၊ ငါ့ကို အပြစ် ပေးပါ ...။ ” (ဒုန်း)

သူ့နဖူးကို မြေပြင်တွင် ကြိမ်ဖန် များစွာ စောင့်လျက်၊ တတွတ်တွတ် ရွတ်ဆို နေမိသဖြင့်၊ သွေးများ နီရဲ စွာ စီးကျလာ တော့သည်။

သို့သော် အဖြူဝတ် လူငယ်က၊ မည်သည့် စကားမျှ မဆိုဘဲ၊ တစ်လှမ်းချင်း လျှောက်လှမ်း သွားပြီး၊ ထန်ယောင်း၏ ကျောပြင်အား တက်နင်း ချလိုက်သည်။

“ ဝေါ့ ... ။ ”

ထန်ယောင်း တစ်ယောက် ဝမ်းလျားမှောက် ကျသွားကာ၊ ပါးစပ်မှ သွေးများ အန်ထွက် လာ တော့သည်။

“ သခင်ငယ်၊ ငါ့ကို အပြစ် ပေးပါ ...။ ” (ဒုန်း)

၎င်းမှာ အဆုံးသတ် မဟုတ် ခဲ့ဘဲ၊ အဖြူဝတ် လူငယ် ထံမှ၊ နောက်ထပ် ကန်ချက် နှစ်ချက်ကို လက်ခံ လိုက်ရ၏။

“ စိတ်ပျက် စရာ ကောင်းလောက်အောင်၊ မင်းဘာလို့ အသုံး မကျ ရတာလဲ။ ”

အဖြူဝတ် လူငယ်က၊ ဤမျှနှင့် ကျေနပ်ပုံ မရသေးဘဲ၊ ထန်ယောင်းထံ ဆက်လျှောက် သွား လိုက်သည်။

“ သခင်ငယ်၊ ငါ့ကို အပြစ် ပေးပါ ...။ ” (ဒုန်း)

“ သခင်ငယ် … ။ ”

ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူက၊ အဖြူဝတ် လူငယ်ကို၊ ဒေါသ ထိန်းရန် အတွက်၊ သတိ ပေးလိုက်သည်။

ထို့ကြောင့် အဖြူဝတ် လူငယ်က၊ ခြေလှမ်းများ ရပ်လိုက်ပြီး၊ လက် ဝှေ့ယမ်းကာ သက်ပြင်း ချ၏။

“ အနှစ် သုံးဆယ် ကြိုးစား အားထုတ်မှုက၊ အခု ရေမြောင်းထဲ ကျသွားပြီ၊ ဒါက ငါ့ ကံတရား လား၊ ... ”

“ ... သွေးစွန်းသော ဧည့်ခံပွဲ မတိုင်မီ ရှန်ရှင်းဓားကို ဆုပ်ကိုင် နိုင်ဖို့၊ နောက်ထပ် နည်းလမ်း တစ်ခု ရှာရ တော့မယ့် ပုံပဲ။ ”

ထို့နောက် ထန်ယောင်းကို အေးစက်စွာ လှည့်ကြည့် လိုက်ပြီး၊

“ မင်းကို အခုတော့ အသက်ရှင် ခွင့်ပေး လိုက်မယ်၊ ငှက်ဥ ပေးခဲ့တဲ့ အဲဒီကောင်ရဲ့ ‘ခေါင်း’ ငါ့လို ချင်တယ်။ ”

“ ကျေး ... ကျေးဇူး တင်ပါတယ် စီနီယာ၊ ... သခင်ငယ်၊ ငါ့ အသက်ကို ချမ်းသာ ပေးလို့ အရမ်း ကျေးဇူးတင် ပါတယ်။ ”

ထန်ယောင်က အကြိမ်ကြိမ် ဦးညွှတ်ကာ၊ ပြန်ထ လိုက်ချိန်တွင်၊ မုရင်ဖေးနှင့် အဖြူဝတ် လူငယ်မှာ၊ ကျောခိုင်းလျက် အဝေးရောက် ရှိနေပြီ ဖြစ်သည်။

“ မင်းစ ခဲ့တဲ့ ပြဿနာ ... ၊ မင်းကိုယ်တိုင် ဖြေရှင်းပါ။ ”

သံသွေး တံခါး ဂိုဏ်းချုပ်က အေးစက်စွာ အမိန့်ပေး လိုက်သည်။

“ သွား ... အဲ့ဒီ တိရစ္ဆာန် ကောင်ကို တောနင်း ရှာစမ်း၊ ငါ သူ့ကို အသက် ရှင်လျက် လိုချင်တယ်။ ”

ဂိုဏ်းချုပ် ထွက်ခွာသွား ပြီးနောက် တန်ယောင်းက အမိန့်ပေး လိုက်သည်။ သူ့ ဒေါသကို မထိန်း နိုင်တော့ချေ။

ခန့်မှန်းချက် အရ၊ ထိုတိရစ္ဆာန်မှာ ဒဏ်ရာ ပြင်းထန်စွာ ရနေသေး သောကြောင့်၊ မီးနဂါး တောင်ကုန်း ၌သာ၊ ရှိနေ ရမည် ဖြစ်သည်။

“ ဒါပဲ လား။ ”

လင်းယွန်က စိတ်ပျက် လက်ပျက် ခေါင်းယမ်းကာ၊ ရေရွတ် လိုက်သည်။ သို့သော် ရလာဒ်မှာ အဆိုးကြီး မဟုတ်ချေ။

သံသွေး တံခါး ပျက်စီး သွားခြင်း မရှိ သော်လည်း၊ နဂါး လင်းတ၌ ဒဏ်ရာ ပြင်းထန် ခဲ့သည်။ ထို့ကြောင့် သွေး အဆီအနှစ်ကို ရယူရန်၊ အခွင့် အရေး ပိုရှိ လာပြီ ဖြစ်၏။

နဂါး လင်းတမှာ အမှန်ပင် အားကောင်း လှချေ၏။ ထိုစွမ်းအားရှင်၏ ဓား ရည်ရွယ်ချက် ကြောင့်သာ၊ မဟုတ်ပါက၊ ဤနေရာမှ အသက် ရှင်လျက်၊ မည်သူမျှ လွတ်မြောက် နိုင်မည် မဟုတ်ပေ။

ထွက်ခွာ သွားသော ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူထံ၊ တစ်ချက် လှမ်းကြည့် ပြီးနောက်၊ ထန်ယောင်းအား ပြုံးလျက် ပြန်ကြည့် မိသည်။

“ မင်း ငါ့ကို ရှာချင် နေတာလား၊ စိတ် မပူ ပါနဲ့၊ မင်းမှာ အခွင့် အရေး ရှိပါ သေးတယ်။ ”

ထို့နောက် လင်းယွန်မှာ တောထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။ သူ့၌ လုပ်စရာ များစွာ ရှိချေသည်။

နဂါး လင်းတ၏ ဒဏ်ရာမှာ၊ ပြင်းထန် လှသော်လည်း၊ သူ့အား မြင်ချိန်တွင် နတ်ဆိုး သားရဲ များမှာ၊ ထွက်ပြေး နေဆဲ ဖြစ်သည်။

“ သနားဖို့ ကောင်းလိုက်တာ၊ အဲ့ဒီ ဓားရည်ရွယ်ချက် ကြောင့်သာ မဟုတ်ရင် အကုန် သေမှာ အမှန်ပဲ။ ”

လင်းယွန် မြည်တမ်း မိသည်။ သို့သော် ယင်းသည်ပင် သူ့အတွက် အများကြီး၊ အကူညီ ဖြစ်ချေသည်။ နဂါး လင်းတသာ ဒဏ်ရာ မရခဲ့ ပါက၊ သွေး အဆီ အနှစ်ကို ရယူရန် ခက်ခဲ ရပေမည်။

လေးနာရီကြာ ပြီးနောက်၊ မြေပြင်တွင် ငြိမ်သက်စွာ လဲလျောင်း နေသော နဂါး လင်းတ အား၊ လှမ်းမြင် လိုက်ရ သည်။

၎င်းထံမှ စည်းချက် ညီညီဖြင့်၊ အသက်ရှူ သံများ ထွက်ပေါ် လာသည်။ တိုက်ပွဲမှာ အရမ်း ပြင်းထန် ခဲ့ချေသည်။

သို့သော် လင်းယွန်က ခြေတစ်လှမ်း တိုးခါနီးတွင်၊ ရုတ်တရတ် ခြေထောက်အား အမြန် ဆုတ်ခွာ လိုက်မိသည်။

စိတ်ချ ရသည့် အချိန်ထိ စောင့်ဆိုင်းရန်၊ သတိရ သွားခြင်း ဖြစ်သည်။ ရုတ်တရက် နဂါး လင်းတမှာ၊ မျက်လုံးများ ပွင့်လာပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

၎င်း၏ ခြေသည်းများ ကြား၌ ကောင်းကင် ဝိညာဉ် နယ်မြေ၊ စပါးအုံး မြွေ တစ်ကောင်အား၊ ကုပ်ဆွဲလျက် ပြန်လည် ဆင်းသက် လာ၏။

ပတ်ဝန်း ကျင်ဖြင့် ပေါင်းစပ် ဖုံးကွယ် နေသော စပါးအုံး မြွေကို၊ လင်းယွန်ပင် သတိ မထား မိချေ။

မြေပြင်ပေါ် လွှတ်ချ လိုက်သည်နှင့်၊ စပါးအုံးမြွေက ခုန်ပေါက်လျက် ထွက်ပြေးရန် ပြင်လိုက် သော်လည်း၊ ခြေသည်း တစ်စုံဖြင့် စုပ်ဖြဲခြင်း ခံလိုက် ရ၏။

စပါးအုံး မြွေ၏ အသွေးနှင့် အသားတို့၊ နေရာအနှံ့ ပြန့်ကျဲ သွားပြီး၊ နဂါး လင်းတမှ၊ စားသောက် ခံလိုက် ရသည်။

ယင်းမှာ နဂါး လင်းတ နယ်မြေ၌၊ အရိုးများ ပြည့်နှက် နေရသည့် အကြောင်းရင်း ပေပင်။

၎င်းအား စားသောက် ပြီးနောက်၊ အခြားသော အရပ် ဆီသို့ ကျယ်လောင်စွာ အော်ဟစ်လျက်၊ ထပ်မံ ပျံသန်း သွားပြန် သည်။

သိပ်မကြာခင် မှာပင်၊ နောက်ထပ် ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင်ကို ကုပ်ဆွဲပြီး၊ ပြန်ရောက် လာပြန်၏။

အချိန် အတော်ကြာ စားသောက် ပြီးနောက် ၎င်း၏ နယ်မြေအား လှည့်ပတ် ကြည့်ကာ၊ ဗဟို နယ်မြေ ဆီသို့ ပျံသန်း သွားတော့သည်။

နဂါး လင်းတ၏ ဒဏ်ရာများ ပိုမို ပြင်းထန် လာကြောင်း၊ သတိထား မိလိုက်သည်။ သို့သော် လင်းယွန်မှာ မလှုပ်ဝံ့ သေးဘဲ၊ ငြိမ်သက် နေမိ သည်။

နဂါး လင်းတမှာ လှဲလျောင်းလျက် အိပ်မောကျ သွားတော့သည်။ ဤတစ်ကြိမ်တွင် ချောင်းမြောင်း နေသော သားရဲ များကို ကိုင်တွယ် ဖြေရှင်းပြီး သဖြင့်၊ စိတ်ချ လက်ချ အိပ်သွားခြင်း ဖြစ်သည်။

ဆက်တိုက် တိုက်ပွဲများ ဆင်နွှဲ ပြီးနောက်၊ ခွန်အား ပြန်လည် ရရှိရန်၊ အပြည့်အဝ အနား ယူဖို့ လိုအပ် ပေသည်။

လင်းယွန် မှာမူ၊ လေးနာရီ ကြာ ဆက်လက် စောင့်ဆိုင်းခဲ့ ပြီးနောက်၊ ဆေးမှုန့်များ လိမ်းကျံကာ ဂရုတစိုက် ရှေ့သို့ လှမ်းတက် လိုက်၏။

နဂါး လင်းတနှင့် မီတာ (၁၀၀၀) အကွာ၌ ခဏ ရပ်နား လိုက်ပြီး၊ သင်းပျံ့သော အမွှေးတိုင် (၃) တိုင် ထုတ်ယူသည်။

ယင်းမှာ လုယွီမှ၊ သူ့အတွက် ပြင်ဆင်ပေး ထားသော၊ တရားထိုင် နံ့သာတိုင် ဖြစ်၏။ ကျင့်ကြံ ရာတွင် များစွာ ထိရောက်ပြီး၊ ဒဏ်ရာ ရနေသော နတ်ဆိုး သားရဲများ ကိုလည်း၊ ကုသပေး နိုင်သည်။

ဘေးထွက် ဆိုးကျိုး အနေဖြင့်၊ နတ်ဆိုး သားရဲ များကို၊ နှစ်ခြိုက်စွာ ငိုက်မျဉ်း သွားစေ ၏။။

နဂါး လင်းတ၏ ကြီးမား လှသော ခန္ဓာ ကိုယ်ဖြင့် နှိုင်းယှဉ် ရသော်၊ လင်းယွန် ဟူသည် ယင်ကောင်နှင့် တူချေ၏။

လင်းယွန်က စိတ်စောခြင်း မရှိဘဲ၊ တုံ့ပြန်မှု မရှိကြောင်း သေချာ စေရန်၊ ခန္ဓာကိုယ် ကြီးအား ညာခြေဖြင့် အသာ ‘ကန်’ မိသည်။

ရုတ်တရက် ပြင်းထန်သော လေပြင်းများ တိုက်ခတ် လာသဖြင့်၊ ခေါင်းမော့ ကြည့်မိရာ၊ အရိပ် တစ်ရိပ်က သူ့ထံ ဝင်ရောက် လာသည် အား၊ မြင်လိုက် ရသည်။

၎င်းမှာ နဂါး လင်းတ၏ အမြီး ဖြစ်ပြီး၊ ယင်ကောင် များကို ရိုက်နှက်ရန်၊ လွှဲယမ်း လာခြင်း ဖြစ်၏။

ရုတ်ချည်း တိုက်ခိုက်မှု တစ်ခု ကဲ့သို့၊ ခံစား ရပြီး၊ ထိမှန် ခံရပါက၊ သူ့အတွက် သက်သာမည် မဟုတ်ချေ။

( တကယ်ပဲ ... ၊ ငါ့ကို ယင်ကောင် တစ်ကောင်လို့ ထင်နေ တာလား။ )

ပြန်လည် ငြိမ်သက် သွားသော အမြီးကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက်၊ ကူကယ်ရာမဲ့ ဟန်ဖြင့်၊ ညည်းတွား လိုက်မိသည်။

***

All Chapters