← Chapters

မိုးပြာနဂါး မူလ ပုံစံ၊ အသွင် ပြောင်းခြင်း။

Vol. 49 Ch. 683

မိုးပြာနဂါး မူလ ပုံစံ၊ အသွင် ပြောင်းခြင်း။

Vol. 49 Ch. 683

မြေပြင်ပေါ် လှိမ့်ချကာ၊ အမြီးကို ရှောင်လိုက် သည်။

နဂါး လင်းတမှာ နက်နက် ရှိုင်းရှိုင်းပင် အိပ်ပျော် နေဆဲ ဖြစ်သဖြင့်၊ သက်ပြင်း ချလျက် သက်သာရာ ရမိ သော်လည်း၊ အနား ယူရန် မဝံ့ချေ။

နဂါး လင်းတ၏ ဒဏ်ရာ များကို ကြည့်ပြီး၊ အသက် ပြင်းပြင်း ရှူ မိသည်။ ဒဏ်ရာ အတွင်းရှိ ဓား ရည်ရွယ်ချက်မှာ၊ ကြောက်မက်ဖွယ် ကောင်းချေသည်။

အတွင်း အင်္ဂါ အစိတ်အပိုင်း များကိုပင် မြင်နိုင်၏။ မျက်လုံးများ မှေးကျဉ်း သွားပြီး၊ ငွေရောင် ရေဝဲ တစ်ခုနှင့် အတူ၊ လက်အား ဆန့်ထုတ် လိုက်သည်။

ဒဏ်ရာထဲ လက်နှိုက် လိုက်ချိန်တွင်၊ စွမ်းအား တစ်ခု ထွက်ပေါ် လာကာ၊ သွေး အဆီ အနှစ်အား စုပ်ယူ တော့၏။

“ တစ် စက် ... ။ ”

လက်ကို ပြန်ဆုတ် လိုက်ပြီး၊ လက်ထဲ ပါလာသော အနက်ရောင်သွေး တစ်စက်အား၊ စိုက်ကြည့် မိသည်။

ကြမ်းကြုတ် ရိုင်းစိုင်းသော ဆန္ဒ များဖြင့် ပြည့်နှက် နေ၏။ ဤအခိုက် အတန့်တွင်၊ နဂါး လင်းတ အမြီးမှာ၊ နောက်တစ်ကြိမ် ကျရောက် လာပြန်သည်။

သို့သော် သတိထား နေသည် ဖြစ်ရာ၊ အလွယ် တကူ ရှောင်တိမ်း နိုင်ခဲ့သည်။ နဂါး လင်းတမှာ သူ့ ဒဏ်ရာများ အပေါ်၊ ပိုးမွှားများ မဝင်စေရန်၊ သုတ်ဖယ် နေခြင်း ဖြစ်၏။

၎င်းကို သိစိတ် ပြင်ပ လှုပ်ရှားမှုများ အဖြစ် သတ်မှတ် နိုင်သည်။ ထို့ကြောင့် ထိတ်လန့်ခြင်း မရှိ တော့ဘဲ၊ ကျောက်စိမ်း ပုလင်းအား ထုတ်ယူလျက်၊ ထည့်သိမ်း လိုက်သည်။

“ .... ၊ နှစ် … ၊ သုံး …၊ ... ၊ ရှစ် … ။ ”

သေွး ရှစ်စက် ထုတ်ယူပြီး သည့်တိုင်၊ ရပ်တန့် သွားမည့် အရိပ် အယောင် မပြဘဲ၊ ထပ်မံ လက်လှမ်း မိ၏။

“ ... ၊ ... ကိုး၊ ... ရပြီ။ ”

ကိုးစက် မြောက်ကို ရယူ ပြီးနောက်၊ ကျေနပ်စွာ ပြုံးလိုက်သည်။

သို့သော် နဂါးလင်းတ အမြီးက၊ ထပ်မံ ကျရောက် လာသဖြင့်၊ အပြုံးများ ပျောက်ကွယ် သွားတော့သည်။

ဤတစ်ကြိမ် ရှောင်တိမ်း ရာ၌ အနည်းငယ် နောက်ကျ သွားပြီး၊ ရင်ဘတ်ပေါ် ထိမှန် ခံရ လိုက်ရ၏။

မီတာ တစ်ထောင် အကွာသို့၊ လွင့်စင် သွားပြီး၊ သွေးတစ်လုတ် အန်ကာ၊ အတွင်း အင်္ဂါများ ကိုက်ခဲ ကုန်လေသည်။

“ အ ... ။ ”

မျက်ခုံး နှစ်ဖက်ကို စုကျုံ့လျက် ညည်းညူ လိုက်သည်။ တစ်ချိန်တည်း မှာပင် တရားထိုင် နံ့သာတိုင် (၃) ချောင်း သည်လည်း၊ ကုန်ဆုံး လာပြီ ဖြစ်၏။

“ သွားဖို့ အချိန် တန်ပြီ။ ”

ထို့ကြောင့် မဆိုင်း မတွဘဲ၊ တောအုပ်ထဲ ပြေးဝင်ရန် ပြင်လိုက်ရာ၊ အဝေး ဆီမှ ဘီလူး တစ်ကောင် ကဲ့သို့၊ ပြေးလွှား လာနေသော နဂါးလေးအား မြင်လိုက် ရသည်။

ကျောပေါ် ခုန်တက် လိုက်သည်နှင့်၊ နဂါးအတောင်ပံ တစ်စုံ ပွင့်ထွက် လာကာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

မီးနဂါး တောင်ကုန်းနှင့် ဝေးလံ ခေါင်သီသော အရပ်သို့ ရောက်မှ သာလျှင်၊ ပျံသန်း ခြင်းအား ရပ်တန့် လိုက်၏။

သိပ်မကြာခင် မှာပင်၊ မီးနဂါး တောင်ကုန်း ဆီမှ ကမ္ဘာပျက် မတက် တုန်ဟည်း စေသော ဟောက်သံကြီး တစ်သံ၊ ထွက်ပေါ် လာသည်။

ယခု အကြိမ်၌ သံသွေး တံခါးကို တိုက်ခိုက်ချိန် ကထက်ပင်၊ ပို၍ ဒေါသ ဖြစ်နေ ခဲ့၏။

သို့သော် ၎င်းမှာ များစွာ အားနည်း သွားကြောင်း သိသာ နေသည်။ နောက်ဆုံးတွင် သွေးအဆီ အနှစ်ကို ထုတ်ယူ ခြင်းဖြင့်၊ နဂါးလင်းတ ဒဏ်ရာများ ပို၍ ပြင်းထန် လာရ၏။

အခြေခံ အုတ်မြစ်ကို ထိခိုက်ကာ၊ ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်ရန် အချိန် ပိုလို အပ်သွားပြီ ဖြစ်သည်။

ထို့ကြောင့် မြင်မြင် သမျှ၊ နတ်ဆိုး သားရဲ တိုင်းကို သတ်ပစ် တော့၏။ မြင့်မားသော သစ်ပင် များနှင့်၊ တောင်များ ပြိုကျ နေသည်ကို အဝေး မှပင် မြင်နိုင်သည်။

အဓိက တရားခံ မတွေ့သည့် နောက်တွင်၊ မျက်စိလည် လမ်းမှား လာသော သံသွေး တံခါး တပည့် လေးယောက် အပေါ်၊ ဒေါသအား ဖြေချ လိုက်တော့၏။

“ ဒီလောက်ထိ လို လို့လား၊ ဒါက သွေးအဆီ အနှစ်လေး ကိုးစက် ထဲပါ။ ”

လင်းယွန်က တီးတိုး ရေရွတ် လိုက်သည်။ ယင်းကို နဂါး လင်းတသာ ကြားခဲ့သော်၊ ဒေါသ ကြောင့် သေဆုံး ရပေမည်။

သာမာန် နတ်ဆိုး သားရဲ တစ်ကောင် အတွက်မူ၊ သွေးအဆီ အနှစ် ကိုးစက် ကိုသာ ထုတ်ယူခြင်း ခံရ ပါက၊ သေဆုံး သွားနိုင်၏။

ဤမျှသော ပမာဏကို အုပ်စိုးရှင် အဆင့်၊ နတ်ဆိုး သားရဲ များသာ၊ ခံနိုင်ရည် ရှိပေသည်။

သို့သော် ၎င်းတို့ သည်ပင်၊ အခြေခံ အုတ်မြစ်ကို ယိုင်နဲ့ စေပြီး၊ နှစ်လမှ သုံးလ အထိ အားနည်းသော အခြေ အနေဖြင့် ရှိနေမည် ဖြစ်သည်။

“ ငါ့ ... ဒဏ်ရာကို အရင် ကုရမယ်။ ”

နောက်ဆုံး အမြီး ရိုက်ချက် ထိမှန် ခြင်းကြောင့်၊ သွေးအဆီ အနှစ် များကို သန့်စင် နိုင်သော၊ အခြေ အနေတွင် မရှိချေ။

တစ်ညတာ ကုန်လွန် ပြီးနောက်၊ နဂါး လင်းတမှာ ငြိမ်သက် သွားတော့သည်။ သူ့တွင် ရွေးချယ်စရာ မရှိချေ။

လက်ရှိ အခြေအနေ အရ၊ အုပ်စိုးရှင် သားရဲ ဖြစ်လျှင်ပင်၊ အင်အား ကြီးသော ရန်သူနှင့် ကြုံတွေ့ ရပါက၊ အသတ်ခံ ရပေမည်။

မနက် မိုးသောက် သည်နှင့်၊ မျက်လုံး ဖွင့်ကာ၊ သွေးအဆီ အနှစ် ပါဝင်သော ကျောက်စိမ်း ပုလင်းအား၊ ထုတ်ယူ လိုက်သည်။

“ ဒါတွေကို သန့်စင်ဖို့ အချိန် တန်ပြီ။ ”

ကျောက်စိမ်းပုလင်း ကွဲကြေ သွားသဖြင့်၊ သွေးအဆီ အနှစ် ကိုးစက်မှာ၊ သက်ရှိ တစ်ကောင် သကဲ့သို့၊ တွန့်လိမ် ပျံဝဲ လာသည်။

ဤအရာက လင်းယွန်ကို တုန်လှုပ် သွားစေ၏။ ၎င်းမှာ မိုးပြာ နဂါးသွေး ကဲ့သို့ မသန့်ရှင်းချေ။

နာကြည်းခြင်း၊ ကြမ်းကြုတ်ခြင်း၊ သတ်ဖြတ် လိုခြင်း၊ စသည့် ရမ္မက် များဖြင့် ပြည့်နေ၏။

၎င်းကို နှိမ်နှင်း နိုင်မှ သာလျှင်၊ သန့်စင် သင့်ပေမည်။ ယင်းကြောင့် လေးနက်သော အမူ အရာဖြင့်၊ စတင် လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသားနှင့် ပေါင်းစပ် နေရ သဖြင့်၊ အဝတ်စားများ ပေါက်ကွဲ သွားသည်။

သွေးအဆီ အနှစ်များ ဆီမှ အဆိုးမြင် စိတ်များ နှလုံးသားထံ တိုးဝင် လာသည်။ နတ်ဆိုး သားရဲ တစ်ကောင်၏ ရန်လိုသော အကြည့်ကို ခံစား နိုင်သည်။

“ စိတ်ဝင်စား စရာပဲ … ။ ”

နှလုံးသား အတွင်း အပျက်သဘော ဆောင်သော၊ အဆိုးမြင် စိတ်များ ပြည့်နှက်လာ ချိန်၌၊ ပြုံးကာ ရေရွတ် လိုက်သည်။

“ မင်းက ငါ့ကို လွှမ်းမိုးချင် နေတာလား၊ အိပ်မက် မက်မနေနဲ့။ ”

ဓား ရည်ရွယ်ချက်အား နှလုံးသားထဲ ပို့လွှတ်လိုက်ပြီး၊ အပျက်သဘော ဆောင်သော ခံစားချက် များကို၊ ဖျက်ဆီး ပစ်၏။

အဆိုးမြင် စိတ်များ ပျောက်ကွယ် သွားသော အခါ၊ နဂါး စွမ်းအင်နှင့်၊ သွေးအဆီ အနှစ်အား ပေါင်းစပ် လိုက်သည်။

မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတမှာ၊ ကြောက်မက်ဖွယ် ကောင်းသည် မှန် သော်လည်း၊ လင်းတ တစ်ကောင်သာ ဖြစ် သဖြင့်၊ နဂါး စွမ်းအင် လက်အောက် ခိုဝင်ရုံ မှတပါး၊ အခြား မရှိခေျ။

အပျက် သဘော ဆောင်သော ခံစားချက် များ မရှိ တော့သည့် အတွက်၊ လုပ်ငန်းစဉ်မှာ ပို၍ ချောမွေ့ လာခဲ့သည်။

မိုပြာ နဂါး သွေးကို သန့်စင် ထားဖူး သောကြောင့်၊ နဂါး လင်းတ သွေးမှာ သူ့အား ထူးထူး ခြားခြား နာကျင်မှု မပေး နိုင်တော့ချေ။

လျှပ်စီး ရေကန် တစ်ကန် ကဲ့သို့၊ သိပ်သည်းသော စွမ်းအင်များ စုပုံ လာ သဖြင့်၊ နဂါး အမှတ် အသားမှာ၊ လျှပ်စီးများ စတင် ထုတ်လွှတ် လာ၏။

သွေးအဆီ အနှစ် ကိုးစက်လုံး၊ အပြည့် အဝ သန့်စင်ပြီးသော အခါတွင်၊ ခန္ဓာကိုယ် အတွင်းမှ နဂါး ဟောက်သံများ၊ ပဲ့တင် ထပ်လာပြီး၊ စုဆောင်း ထားသော စွမ်းအင်များ၊ ပေါက်ကွဲ သွားတော့သည်။

ယင်းမှာ စတုတ္ထ အဆင့်သို့ ဖြတ်ကျော် နေခြင်း ဖြစ်ပြီး၊ နဂါး အမှတ် အသားမှ၊ ရူရ် ပေါင်း (၄၅) လုံးက လင်းလက် လာသည်။

ရူရ် တစ်လုံး စီတွင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စွမ်းအားများ ပါ ရှိ၏။

ဤအခိုက် အတန့်တွင်၊ အရာရာကို ချေမှုန်းပစ် နိုင်သော ခွန်အားမျိုး ရှိနေ သည်ဟု ထင်မှတ် လာစေ၏။

လျှပ်စီး ရူရ် (၄၅) လုံးမှာ၊ ကြမ်းကြုတ်ပြီး ကြီးစိုး နိုင်လွန်းသော နဂါး ရူရ် ငါးလုံး၊ အဖြစ်သို့ ပြောင်းလဲ သွားသည်။

လက်သီး ဆုပ်လိုက် သည်နှင့်၊ လျှပ်စီးများ လင်းလက်လျက်၊ ပေါက်ကွဲ စွမ်းအားများ စုရုန်း လာသည်။

“ ချပ်ဝတ်ကို ကြည့် ရအောင်။ ”

အတွေး တစ်ချက် ဖြင့်ပင်၊ နဂါး ရူရ် ငါးလုံးက၊ အမြှေးပါး တစ်ခု အသွင် ဖြစ်တည် လာသည်။ ထိုအချိန်၌ နဂါး အမှတ် အသားမှာ၊ နဂါး အစစ်နှင့် တူလာ၏။

မတ်တပ် ထရပ် လိုက်သော အခါ၊ ခရမ်းရောင် အလင်းများ သူ့ ခန္ဓာကိုယ် တစ်ဝိုက်တွင်၊ တဖျစ်ဖျစ် တောက်လောင် သွားသည်။

“ ဘယ်လောက်တောင် စိတ်ဝင် စားစရာ ကောင်းလိုက်လဲ။ ”

စိတ်လှုပ်ရှား မှုကြောင့်၊ မျက်လုံးများ တောက်ပ လာကာ၊ ခန္ဓာကိုယ် အနှံ့ စီးဆင်း နေသည့် စွမ်းအင် အပေါ်၊ ကျေနပ် သွားမိသည်။

တစ်ဆက်တည်း မှာပင် အပြုံးများ ပျောက်ကွယ် သွားပြီး၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ဖြင့် တွဲလျက်၊ အရှိန် အဝါအား ထုတ်လွှတ် လိုက်တော့သည်။

***

All Chapters