မရဏ နယ်မြေကို ဖြတ်ကျော်ခြင်း။
Vol. 49 Ch. 684
လင်းယွန် ခန္ဓာကိုယ် မှ၊ ကြမ်းရှသော ရောင်ဝါ တစ်ခု နှင့်အတူ နဂါး ဟောက်သံများ၊ ကောင်းကင်ပေါ်၊ ပျံတက် သွားသည်။
ထိုရောင်ဝါကို ဖုံးကွယ် ထားရန်၊ စိတ်မ၀င်စား တော့သဖြင့်၊ လူတိုင်း အာရုံက ချက်ချင်း၊ ကျရောက် လာသည်။
ယင်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်သော နတ်ဆိုး သားရဲ တစ်ကောင်၊ အဆင့် ချိုးဖြတ် နေခြင်းဟု ယူဆ မိကုန်၏။
“ ဘယ်လောက်တောင် ပြင်းထန် လိုက်တဲ့ ရောင်ဝါလဲ။ ”
“ ဒီလို ကြောက်စရာ ကောင်းတဲ့ နတ်ဆိုး သားရဲ တစ်ကောင်က၊ မီးနဂါး တောင်ကုန်းရဲ့ နယ်နိမိတ်မှာ ရှိနေ တာလား၊ မဖြစ် နိုင်တာ ... အမှန်ဆို မီးနဂါး တောင်ကုန်း အတွင်း ပိုင်းမှာ ရှိရမှာ။ ”
“ ငါ့ ... အထင်တော့ ... ၊ ဒီနတ်ဆိုး သားရဲကို ဆွဲဆောင် နိုင်တဲ့ ရတနာ တစ်ခုခု၊ သေချာပေါက် ရှိနေ ရမယ်။”
“ လာ ... ၊ သွား ကြည့် ရ အောင်။ ”
လူများ စွာက အာရုံစိုက် လာပြီး၊ မျက်လုံးများ တောက်ပ သွားသည်။ ထိုသို့သော ဖြစ်စဉ် မျိုးနှင့် ကြုံတွေ့ ရပါလျှင်၊ လင်းယွန်ပင် သိချင် စိတ်ကို တားဆီး နိုင်မည် မဟုတ်ပေ။
ထန်ယောင်း နှင့်အတူ၊ သံသွေး တံခါး တပည့် များက၊ တောင်ကုန်း တစ်ခု ပေါ်၌ ရပ်နေ ကြ၏။
ဒဏ်ရာ ပြင်းထန်စွာ ရထားသော လင်းယွန်မှာ၊ မီးနဂါး တောင်ကုန်း တစ်နေရာတွင် ရှိသော်လည်း၊ မည်သည့် နေရာ တွင်မှ ရှာ မတွေ့ချေ။
ယမန်နေ့ ညက နဂါး လင်းတ၏၊ ပြင်းပြင်းထန်ထန် တိုက်ခိုက် လာခြင်းကြောင့်၊ ပင်မ နယ်မြေမှှ၊ ဆုတ်ခွာ ပေး ခဲ့ရသည်။
လက်ရှိတွင် တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော ရောင်ဝါ တစ်ခုက သူတို့ အာရုံကို၊ စွဲဆောင် သွားသည်။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ရောင်ဝါလဲ … ။ ”
တပည့် တစ်ဦးမှ၊ ထိတ်လန့်စွာ ရေရွတ် လိုက်သည်။
“ ဒီကောင် ... ။ ”
သို့သော် အဆိုပါ ဖြစ်စဉ် အတွင်း၊ ရင်းနှီးသော ရောင်ဝါကို ခံစားနိုင် သဖြင့်၊ ထန်ယောင်း၏ မျက်လုံးများ တောက်ပ လာသည်။
ခဏ အကြာတွင် သူ့ မျက်လုံးများ၊ အေးစက်စွာ တောက်ပ လာပြီး၊ “ငါ့နောက် လိုက်ခဲ့ကြ၊ ” ဟု ဆိုမိ၏။
အလယ် အလတ် ယင်-ယန် အဆင့်၊ အရှိန်အဝါ လွှတ်ထုတ် လိုက်ပြီး၊ လက်နှစ်ဖက် ဖြန့်ကာ၊ လျှပ်စီးကြောင်း ကဲ့သို့ ပြေးထွက် သွားသည်။
အချိန် အတော်ကြာ ပြီးနောက်၊ မြေကွက်လပ် တစ်ခုတွင် ထိုင်နေသော အပြာရောင် လူရိပ် တစ်ရိပ်ကို မြင်လိုက် ရသည်။
မုန်းတီး မှုများ လှိုက်တက် လာပြီး၊ ထန်ယောင်း မျက်လုံးမှာ ရဲရဲနီ သွား၏။ မုယင်ချင်း ထံမှ သုံးကြိမ် တိုင်တိုင်၊ တက်နင်းခြင်း ခံ ရသည်မှာ၊ ဤတိရစ္ဆာကြောင့် ဖြစ်သည်။
အရှက် တရားမှာ၊ ဖော်ပြ နိုင်ခြင်းထက် ကျော်လွန် ခဲ့သည်။ အိပ်မက် ထဲ၌ပင် လင်းယွန် အပေါ်၊ သတ်ချင် နေပြီ ဖြစ်၏။
“ မင်း ... ။ ”
တောအုပ် အတွင်း၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ပျံ့နှံ့ သွားပြီး၊ ပတ်ဝန်းကျင်ရှိ လမ်းလွဲ ကျင့်ကြံသူ အချို့ကို ဆွဲဆောင် နိုင်ခဲ့သည်။
“ အဲဒါက ... သံသွေး တံခါးရဲ့၊ ဒု-ဂိုဏ်းချုပ် မဟုတ်လား။ ”
“ သူ ... ဒီမှာ ဘာလုပ် နေတာလဲ၊ အဲ့ဒီ ကောင်လေး ကရော ဘယ်သူလဲ၊ သူ့ အရှိန် အဝါက ကြောက်စရာ ကောင်းလိုက် တာလဲ။ ”
လင်းယွန်နှင့် ထန်ယောင်း တို့ကြား အဖြစ်အပျက် များကို သိရှိ ထားခြင်း မရှိ သော်လည်း၊ လာရောက် စူစမ်း လိုသူ များမှာ၊ တစ်စုံ တစ်ရာ ထူးခြား နေကြောင်း သတိ ပြုမိသည်။
သံသွေး တံခါး ဟူသည် မီးနဂါး တောင်ကုန်းကို၊ အုပ်စိုးသော အင်အားစု ဖြစ်သည်။
ကောင်းကင် တောင်ကုန်း မြို့ရှိ၊ အထင်ကရ မျိုးနွယ်စု တစ်ခု မဟုတ် ပါက၊ ဤနေရာတွင် သူတို့အား မည်သူမျှ မစော်ကား ဝံ့ချေ။
သို့သော် ထိုလူငယ်မှာ၊ ၎င်းအမှုကို ကျူးလွန်ရဲ ပေသည်။
“ မင်းက တကယ့်၊ မော်ကြွားတဲ့ ကောင်ပဲ၊ မင်းကို ရှာရတာ ဘယ်လောက် စိတ်ပျက် စရာ ကောင်းလိုက်လဲ မင်းသိလား။ ”
ထန်ယောင်းက လင်းယွန်ကို၊ အပိုင်းပိုင်း စုပ်ဖြဲ ချင်သော သားရဲကြီး တစ်ကောင် ကဲ့သို့၊ စိုက်ကြည့်ကာ ဆိုသည်။
“ ငါ မင်းကို ... ၊ စောင့်နေတာ ကြာပြီ။ ”
လင်းယွန်မှ မျက်လုံးများ ဖွင့်ကာ၊ တုန့်ပြန်လိုက် သော်လည်း၊ ထန်ယောင်းက ထိုစကား အပေါ်၊ လုံးဝ လျစ်လျူရှု ခဲ့သည်။
လင်းယွန်အား ပုရွက်ဆိတ် တစ်ကောင် အဖြစ်သာ ရှုမြင် မိ၏။ သူ ကန်ကြောက် ထားခဲ့ သည်မှာ၊ နှစ်ရက်ပင် မပြည့် သေးချေ။
“ ဘာလို့ ငါ့ကို စောင့်နေ တာလဲ၊ မင်းရဲ့ နုံချာတဲ့ ကျင့်ကြံမှုနဲ့၊ ဘာမဆို လုပ်နိုင် တယ်လို့ မင်းထင်လား။ ”
ထန်ယောင်းက လှောင်ပြောင် လိုက်ပြီး၊ အထင် အမြင် သေးသော လေသံဖြင့် ရယ်မော ကာ၊ ဆိုသည်။
“ မင်းကို ... ငါ သေရင်တောင် လွှတ်ပေးမှာ မဟုတ်ဘူး။ ”
သတ်ပစ် လိုသော ရည်ရွယ် ချက်ကို ထုတ်ဖော်ကာ၊ လင်းယွန်က မတ်တပ် ထရပ် လိုက်သည်။
“ ဟား ဟား ဟား ... ။ ”
သို့သော် ထိုလုပ်ရပ် အပေါ်၊ သံသွေး တံခါး၏ တပည့် များက ရယ်မော လိုက်ကြသည်။ လူလတ်ပိုင်း အရွယ် အမျိုးသားက ရှေ့တိုးထွက် လာပြီး၊
“ ဒု-ဂိုဏ်းချုပ်၊ ဒီကောင်ကို ရင်ဆိုင် ပါရစေ၊ အရင်က ငါအငိုက် မိသွားလို့၊ ဒဏ်ရာ ရခဲ့ တာပါ။ ”
“ ခွင့် မပြုဘူး။ ”
ထန်ယောင်းက စိတ်လှုပ်ရှားစွာ ငြင်းဆန် လိုက်သည်။
“ မင်းမှာ ...၊ ငါ့နဲ့ တိုက်ဖို့ အရည် အချင်း မရှိဘူး။ ”
မီးနဂါး သစ်သီး အပေါ် တပ်မက်သော လူလတ်ပိုင်း လူရွယ် အမျိုးသားကို စိုက်ကြည့် ပြီး၊ လင်းယွန်က ဆိုသည်။ သည်လူ ကြောင့်သာ မဟုတ် ပါက၊ ဤမျှ ဒုက္ခ ရောက်မည်၊ မဟုတ်ချေ။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ ကနဦး ယင်-ယန် အဆင့်၌ ရှိပြီး၊ သံသွေး တံခါးတွင်၊ အကြီးအကဲ ဟူသော ရာထူးကို ပိုင်ဆိုင် ထားသည်။
သို့သော် ဤတိရစ္ဆာန် ကောင်မှာ၊ သူ့အား အမှိုက် တစ်စ ကဲ့သို့၊ ဆက်ဆံ လာပေ၏။ ထို့ကြောင့် ရှေ့လှမ်း တက်ကာ၊ လင်းယွန်အား ဒေါသ တကြီး ရိုက်ချ လိုက်သည်။
“ ဖြန်း ... ။ ”
၎င်းကို မြင်သည်နှင့်၊ လင်းယွန်က လူလတ်ပိုင်း အရွယ် အမျိုးသားထံ၊ ပြေးဝင် သွားပြီး၊ လှစ်ခနဲ ပါးရိုက် ချလိုက်သည်။
ကျယ်လောင်သော ပါးရိုက် သံနှင့် အတူ၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှာ အဝေးသို့ လွင့်စင် သွားသည်။
မြေပြင်ပေါ် ပြုတ်ကျ လာသော၊ ထိုလူလတ်ပိုင်း အရွယ် အမျိုးသား နောက်သို့၊ လင်းယွန်က ပျံသန်း လိုက်ပါ သွားပြီး၊
“ မင်းကို ... အရည်အချင်း မရှိ ဖူးလို့၊ ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်း မတိုင်ခင် ထဲက ကနဦး ယင်-ယန် အဆင့် ကျင့်ကြံသူ တွေကို ငါသတ် ခဲ့တာ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ဟမ့်။ ”
-ဟု ဆိုလိုက်သည်။
လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ နာကျင်မှုကြောင့်၊ မူးမေ့လဲ လုနီးပါး ညည်းညူ နေစဉ်၊ လင်းယွန်က အထင်စွာ နှာခေါင်းရှုံ့ လိုက်၏။
“ ရပ် ... ။ ”
ရုတ်တရက် ထန်ယောင်းက ထိတ်လန့်စွာ အော်ဟစ် ဟန့်တား လိုက်သည်။
သို့သော် လင်းယွန်က နဂါး စွမ်းအင်ကို ခြေဖဝါးတွင် စုစည်း လိုက်ပြီး၊ လူလတ်ပိုင်း အရွယ် အမျိုးသား အပေါ် နင်းချ ပစ်၏။
သံသွေး တံခါး တပည့်များ ရှေ့၌ပင်၊ ၎င်းတို့၏ အကြီး အကဲ တစ်ဦးမှာ သားပုံကြီး အဖြစ်သို့၊ ပြောင်းလဲ သွားတော့ သည်။
ယင်းကို မယုံနိုင် သေးသဖြင့်၊ လူတိုင်း အသက် ပြင်းပြင်း ရှူလိုက် မိ၏။ အထူး သဖြင့် ထန်ယောင်း ရှေ့၊ ဤသို့ လုပ်ရဲ လိမ့်မည်ဟု၊ မထင် ထားချေ။
ယခု အချိန်တွင်၊ သူတို့ ရှေ့ရှိ လူငယ်မှာ၊ မည်မျှ ရက်စက် တက်သည်ကို သဘောပေါက် နားလည် လာ၏။
“ မင်း ... သေမင်းကို ဖိတ်ခေါ် မိပြီ။ ”
ထန်ယောင်းက တိုက်ခိုက်ရန်၊ ဒေါသတကြီး ပြေးဝင် လာသည်။
ခန္ဓာကိုယ် အနှံ့ လွှမ်းခြုံ နေသော နဂါး စွမ်းအင်ဖြင့်၊ လင်းယွန် ကလည်း ရှေ့တစ်လှမ်း တိုး လိုက်၏။
လက်သီးကို ဆုပ်ကာ၊ လျှပ်စီး နဂါး ရူရ် တစ်လုံးကို လက်သီးထဲ ထည့်ကာ တုန်ပြန် ထိုး ချလိုက်သည်။
လက်သီးနှင့် လက်ဖဝါးတို့ တိုက်မိ သွားပြီး၊ မီတာ တစ်ထောင် အတွင်း၊ အရာ အားလုံး ‘ပြာ’ အဖြစ်သို့၊ ပြောင်းလဲ ကုန်၏။
လင်းယွန်မှာ ဒု-ဂိုဏ်း ချုပ်ဖြင့်၊ လက်ရည်တူ တိုက်ခိုက်နိုင် လိမ့်မည်ဟု မထင်ထား သောကြောင့်၊ သံသွေး တံခါး တပည့် များမှာ၊ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
ထို့အပြင် လင်းယွန်၏ လက်သီးမှာ၊ ဒုဂိုဏ်းချုပ် ထန်ယောင်းကို နောက်သို့ပင်၊ တွန်းထုတ် နိုင်ခဲ့၏။
“ ဒါ ... မဖြစ်နိုင် ဘူး။ ”
ဒဏ်ရာ မရရှိ ခဲ့သော်လည်း ထန်ယောင်း တစ်ယောက်၊ ထိတ်လန့် သွား၏။ အလယ် အလတ် ယန် အဆင့်မှ တစ်စုံ တစ်ယောက်က၊ သူ့အား ခုခံ နိုင်စရာ အကြောင်း မရှိချေ။
ထိုအချိန်တွင် လင်းယွန်မှာ၊ သွေးများ ပွက်ပွက်ဆူ ကုန်သည်။ မိုးပြာ နဂါး မူလ ပုံစံကို၊ စတုတ္ထ အဆင့်သို့ ရောက်ရှိ သွားသဖြင့်၊ သူ့ ခွန်အားမှာ မယုံနိုင် ဖွယ်ပင်။
အလဘ်အလတ် ယင်-ယန် အဆင့် ကျွမ်းကျင်သူအား တွန်းထုတ်ရန်၊ လျှပ်စီး နဂါး ရူရ် သုံးလုံး ကိုသာ အသုံးပြု လိုက်ရသည်။
“ ငါ ... မင်းကို၊ စောင့်နေ တာလို့ ပြောတယ် မဟုတ်လား။ ”
ထို့ကြောင့် လင်းယွန် တစ်ယောက် ယုံကြည်ချက် ပြင်းထန် လာပြီး၊ အေးစက်စွာ ဆိုလိုက် မိသည်။
“ ဒု- ဂိုဏ်းချုပ် ... ။ ”
သံသွေး တံခါး တပည့် များက၊ အော်ဟစ် လိုက်၏။ သူတို့ မျက်လုံးများရှိ အထင် အမြင် သေးသော အရိပ် အယောင်များ ပျောက်ကွယ် သွားကာ၊ ကြောက်ရွံ့ မှုများ အစားထိုး လာ ခဲ့သည်။
လင်းယွန်ကို စိုက်ကြည့် နေသော ထန်ယောင်း မျက်နှာမှာ တင်းမာလျက်၊ ကြက်သွေးရောင် အရှိန် အဝါအား ရုတ်တရက် ထုတ်လွှတ် လိုက်သည်။
သူ အလေး အနက် ထားရ ပေမည်။ မီးနဂါး တောင်ကုန်း မဆိုနှင့်၊ ကောင်းကင် တောင်ကုန်း မြို့၌ပင်၊ သူ့အား ဤမျှ ဖိအား ပေးနိုင်သည့် လူငယ်မျိုး မရှိချေ။
ကနဦး ယင်-ယန် အဆင့်နှင့်၊ အလယ်အလတ် ယင်-ယန် အဆင့် ကြားတွင်၊ မြင့်မားသော ကွာဟချက် တစ်ခု ရှိသည်။
ထို့ကြောင့် သူ့၌၊ ကနဦး ယင်-ယန် အဆင့် ကျင့်ကြံသူ ဆယ်ဦးကို၊ ရင်ဆိုင် နိုင်သော ခွန်အားမျိုး ရှိချေသည်။
“ အလယ် အလတ် ယင်-ယန် အဆင့် ဆိုတာ၊ ဘာလဲ ငါပြမယ်။ ”
ခရမ်းရောင် မီးလျှံများ ခန္ဓာ ကိုယ်ပေါ် လွှမ်းခြုံ သွားပြီး၊ မျက်လုံးများ တလက်လက် တောက်ပ လာသည်။
သို့သော် လင်းယွန် မှာမူ၊ ပထမ တစ်ကြိမ် ရင်ဆိုင် ပြီးနောက်၊ ထိတ်လန့်ခြင်း မရှိ တော့ချေ။
အနိုင်မယူ နိုင်ခဲ့ လျှင်ပင်၊ ထွက်ပြေး လွတ်မြောက်ရန် သူ ယုံကြည်သည်။ သူသာ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူကို မကြောက် ပါက၊ သည်အဖိုးကြီးအား သင်ခန်းစာ ပေးပြီး ဖြစ်ပေမည်။
ယခု အချိန်၌ မိုးပြာ နဂါး မူလ ပုံစံကို၊ စတုတ္ထ အဆင့်သို့ တက်လှမ်း ထားနိုင်ပြီ ဖြစ် သဖြင့်၊ ဆိုဖွယ် မရှိချေ။
သူ့အား သတ်ရန် ရောက်လာ ပြီးနောက်၊ ထိုက်တန်သော အကျိုး ဆက်ကို ခံနိုင်ရည် ရှိရ ပေမည်။
ယန် အဆင့်မှ နေ၍၊ အလယ် အလတ် ယင်ယန် အဆင့် ကျွမ်းကျင် သူအား၊ မသတ် နိုင်ဟု မည်သူမှ အာမ မခံ နိုင်ချေ။
***