မာန ဟူသည်။
Vol. 49 Ch. 685
လင်းယွန် ထံမှ သတ်ဖြတ် လိုသော အရိပ် အယောင်ကို မြင်လိုက် ရသဖြင့်၊ ထန်ယောင်း တစ်ယောက်၊ ပို၍ ဒေါသ ထွက်လာ၏။
“ မင်းကို ငါက လွယ်လွယ်နဲ့ မသတ် ချင်လို့ပဲ၊ အလယ် အလတ် ယင်ယန် အဆင့်နဲ့၊ ယန် အဆင့်ကြား၊ ခြားနားချက်က အခု မင်း သိရမယ်။ ”
လက်ရှိ ခွန်အားဖြင့် ယန် အဆင့်ရှိ၊ မည်သို့သော ပါရမီရှင် မျိုးကို မဆို၊ နှိမ်နင်း နိုင်မည်ဟု၊ ထန်ယောင်း ယုံကြည် သည်။
ယင်-ယန် အဆင့် မရောက်သေး သမျှ၊ အားလုံးမှာ ပုရွက်ဆိတ် များသာ ဖြစ်ပေ၏။
ဒေါသဖြင့် ရှေ့ တစ်လှမ်း တိုးကာ၊ မူလ စွမ်းအင်အား လက်ဖဝါး အတွင်း လောင်းထည့် လိုက်သည်။
ပြီးနောက် လင်းယွန် အနား ရိပ်ခနဲ ရောက်ရှိ လာကာ၊ ကြမ်းကြုတ်သော အပြုံးဖြင့်၊ ရိုက်ချ လိုက်၏။
သူ့ ဓားကို မသုံး သော်လည်း လက်ဝါး တစ်ဝိုက်တွင်၊ ကြက်သွေးရောင် ဓားအလင်းများ ပါရှိ နေသည်။
လက်ဖဝါး၌ ဓား ရည်ရွယ်ချက်ကို ပေါင်းထည့် ထား သဖြင့်၊ အရိုက်ခံ ရပါက ဆိုးရွားသော သေခြင်းမျိုး ဖြစ်လာ နိုင်ပေမည်။
ဆိုလို သည်မှာ လင်ယွန်းကို သတ်ရန်၊ ၎င်းထက် ပို၍ပင် ရက်စက်သော နည်းလမ်းအား အသုံးပြု လာခြင်း ဖြစ်ပေသည်။
သို့သော် လင်းယွန်က တည်တည် ငြိမ်ငြိမ်ဖြင့်ပင် လက်သီးကို ထုတ်ဖော်လျက်၊ ရင်ဆိုင် လိုက်၏။
ထိတ်လန့် တုန်လှုပ်ဖွယ် ပေါက်ကွဲမှုကြီး နှင့်အတူ၊ ပတ်ဝန်းကျင်သို့ စွမ်းအင် လှိုင်းများ လွင့်ပျံ့ လာတော့ သည်။
အဆိုပါ ပေါက်ကွဲ မှုကြောင့် မြေပြင်၌၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ သစ်ပင် များကို၊ အမှုန် အဖြစ် ပြောင်းလဲ ပစ်၏။
ထိုမြင်ကွင်းကို ကြည့်ကာ၊ လာရောက် စူးစမ်း နေမိသော လူအုပ်က၊ မျက်လုံးပြူး သွားသည်။ လင်းယွန် မည်သူ ဖြစ်သည်အား၊ ချက်ချင်း သိချင် လာကြ၏။
ထန်ယောင်းမှာ ထိုလူအုပ် ထက်ပင်၊ ပို၍ အံ့သြ သွားမိသည်။ သူ့ လက်ဝါးမှာ ကနဦး ယင်-ယန် အဆင့် ကျင့်ကြံသူ တစ်ယောက်အား၊ အလွယ် တကူ သတ်နိုင်၏။
သို့သော် အလယ် အလတ် ယန် အဆင့် ၌သာ ရှိသော လူငယ်မှ၊ ၎င်းအား ကောင်းစွာ ရင်ဆိုင် နိုင်ခဲ့သည်။
မျက်ဝန်းတွင် မီးတောက်များ လင်းလက် လာပြီး၊
“ မင်းမှာ ... ၊ ဝှက်ဖဲတွေ အများကြီး ရှိနေ ပုံပဲ၊ ညှဉ်းပန်း နှိပ်စက်ပြီး၊ အဲ့ဒီ ဝှက်ဖဲ အားလုံး ငါယူ ပြမယ်။ ”
ထန်ယောင်းက ပြုံးကာ ဆို၏။ သူ့ စကား ဆုံးသည်နှင့်၊ ကြက်သွေးရောင် ‘မြူ’များ၊ စုရုန်း လာသည်။ အဆိုပါ ဖြစ်စဉ်မှာ လူတိုင်းကို ထိတ်လန့် လာစေ၏။
ထို့နောက်တွင် လှုပ်ရှား မှုပေါင်း ဆယ်ကြိမ်ခန့်၊ ထပ်မံ တွေ့ဆုံ မိကြသည်။
မူလ စွမ်းအင်မှာ ယင်-ယန် အဆင့်၌၊ အသွင်ပြောင်း သွားသော်လည်း၊ လင်းယွန်အား အသာစီး မရ ခဲ့ချေ။
“ မင်း ... ။ ”
ထန်ယောင်းက လင်းယွန်ကို ဖမ်းမရ နိုင်သောကြောင့်၊ အရှက် ရလာကာ၊ မျက်နှာ တစ်ပြင်လုံး နီရဲ သွားသည်။
ထိပ်တိုက် တွေ့ဆုံမှု များမှ တဆင့်၊ သံသွေး တံခါး ဂိုဏ်း၏၊ ခိုင်မာသော အုတ်မြစ်ကို မြင်နိုင် ခဲ့သည်။
ထန်ယောင်းမှာ သာမာန် ယင်-ယန် အဆင့် ကျင့်ကြံသူ များထက်၊ ပို၍ သန်မာ အားကောင်း လှ၏။
“ ဒါ ပဲ လား ... ။ ”
လင်းယွန်က အထင်အမြင် သေးစွာဖြင့်၊ ပြုံးကာ မေးလိုက်၏။ နဂါး ရူရ် လေးလုံးအား၊ အသက် သွင်းပြီး၊ ရှန်ရှင်း ဓားဖြင့် ပေါင်းစပ်ကာ၊ ရှေ့တွန်းထုတ် လိုက်သည်။
ဓားမဆွဲ ပါက၊ ဤသည်မှာ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု တစ်ခု ပေပင်။ လက်စား ချေခြင်း မပြုနိုင် ပါလျှင်၊ ဓားမဆွဲ တော့ဟု၊ ကျိန်ဆို ခဲ့သည်။
နောက်ထပ် ထိပ်တိုက် တွေ့ဆုံမှု များကြောင့် ပေါက်ကွဲ သံများ၊ ညံလာ ပြန်သည်။
“ ဟိတ် ... ။ ”
ကောင်းကင်မှ ပြန်လည် ဆင်းသက် လာပြီးနောက် တွင်ပင်၊ ရပ်နားခြင်း မရှိဘဲ၊ သားရဲ နှစ်ကောင် ကဲ့သို့၊ ထပ်မံ ပြေးဝင် သွားကြ ၏။
“ ဒီကောင်လေးက ဘယ်သူလဲ၊ သူ့ဓား ရည်ရွယ်ချက်က၊ ထန်ယောင်းရဲ့ ဓား ရည်ရွယ်ချက် ကိုတောင် ဖိနှိပ်ထား နိုင်တယ်။ ”
“ သူ့ကို ရင်းနှီး နေပုံပဲ၊ ဒီဝတ်စုံ၊ ဒီဓား သေတ္တာနဲ့ ဒီအသွင်အပြင် တွေက ...၊ အို့ အဲဒါ သူပဲ၊ ပန်းသင်္ချိုင်း ဓားသမား ။ ”
“ ပန်းသင်္ချိုင်း ဓား သမား လင်းယွန်လား။ ”
လွန်ခဲ့သော ရက် အနည်းငယ်က၊ သေမင်း လေလံ ပွဲတွင်၊ အဓိက မျိုးနွယ်စု များ၏၊ လူငယ် ပါရမီရှင် အသီးသီးကို၊ အရှက် ရစေခဲ့ သူ ဖြစ်သည်။
ထို့ပြင် မရဏ သမီးတော်နှင့် ယှဉ်ပြိုင်ပြီး၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးအား ရယူ သွားခဲ့၏။
“ ဒါက မဆန်း ပါဘူး … ။ ”
နောက်ဆုံးတွင် လင်းယွန် တစ်ယောက် အဘယ့်ကြောင့်၊ ဤမျှ သန်မာ ရဲဝံ့နေ ရသည်ကို လူတိုင်း နားလည် လာသည်။
“ ဒီကောင်က ...၊ တကယ် မလွယ် ဖူးပဲ။ ”
လင်းယွန့် နှစ်ဦးမှာ သားရဲများ ကဲ့သို့၊ ရက်စက်စွာ တိုက်ခိုက် နေကြစဉ်၊ ပါရမီရှင် ဟူသော အဓိပ္ပါယ်ကို လူတိုင်း သဘောပေါက် သွားသည်။
တစ်ဦးတွင် လျှပ်စီးများ ဖုံးလွှမ်း နေပြီး၊ ကျန်တစ်ဦး၌ ဓားအလင်း များဖြင့်၊ တောက်ပ နေခဲ့၏။
ပြိုင်ဘက်၏ ရုပ်ခန္ဓာမှာ၊ သားရဲ တစ်ကောင် ကဲ့သို့၊ မာကျော သန်စွမ်း နေကြောင်း၊ သိရှိသွား သည်နှင့်၊ ထန်ယောင်း တစ်ယောက် ထိတ်လန့် လာသည်။
တိုက်ခိုက်မှု များကို၊ ဖြေရှင်းနိုင် သည်သာ မက၊ အတွင်း ဒဏ်ရာ ရသည် အထိပင်၊ သူ့အား ဖိအား ပေးနိုင် ခဲ့၏။
ထို့အပြင် ပြီးပြည့် စုံသော ရှန်ရှင်းဓားက၊ သူ၏ ကြက်သွေးရောင် အခိုး အငွေ့ များကို လုံးလုံး လျားလျား နှိမ်နင်း ထားနိုင်သည်။
“ လုံ လောက် ပြီ။ ”
ထို့နောက် နှုတ်ခမ်း ထောင့်စွန်းရှိ သွေး‘စ’များကို သုတ်ကာ၊ ရူရ် များနှင့် ဖုံးလွှမ်း နေသော မြဓားအား၊ ဆွဲထုတ် လိုက်သည်။
ဤအရာက လင်းယွန်ကို နှလုံးခုန် နှုန်းများ မြန်လာ စေ၏။ ယင်းမှာ အဆင့်မြင့် စကြာဝဠာ လက်ရာ တစ်ခု ဖြစ်ပြီး၊ မိစ္ဆာ စွမ်းအင် များဖြင့်၊ သန့်စင် ထားပေသည်။
တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်သောကြောင့်၊ ၎င်းအား အာရုံ ခံနိုင် ချေ၏။
လက်ရှိ အချိန်၌ ပန်းသင်္ချိုင်းဓား မသုံးဟု ခံယူ ထားလေရာ၊ များစွာ သတိထား ရပေ တော့မည်။
“ မင်း ... ထွက်သွားချင် လို့လား၊ နောက်ကျ သွားပြီ၊ ငါ့ဓားကို လွန်ခဲ့တဲ့ ဆယ်နှစ် တည်းက၊ သွေးနဲ့ သန့်စင်ထား ခဲ့တာ၊ ဒီနေ့ သူ့အတွက် မင်းရဲ့ သွေးနဲ့၊ ယဇ်ပူဇော် ရမယ် ... ဟား ဟား ဟား။ ”
ထန်ယောင် ရယ်သံမှာ ခြောက်ခြား စရာ ကောင်းလွန် လေပြီ။ သူ့တွင် ဝှက်ဖဲ များစွာ ရှိပြီး၊ ဤမြဓားသည် ၎င်းတို့ အနက်မှ တစ်ခု ဖြစ်ပေ၏။
သို့သော် ချို့ယွင်းချက် အနေဖြင့်၊ အသုံး ပြုသည့် အချိန်တိုင်း၊ သူ့ ခွန်အားကို ဆုတ်ယုတ် လာစေမည်။
ကြက်သွေးရောင် အခိုး အငွေ့များ ပျံ့နှံ့ လာပြီး၊ ထန်ယောင်း၏ မျက်နှာ၌ အနက်ရောင် အက္ခရာများ ထွက်ပေါ် လာ၏။
မြဓားကို လွှဲခုတ် လိုက်ချိန်တွင်၊ ကောင်းကင် တစ်ခုလုံး မှောင်ကျ သွားသည်။ ဤ ဖြစ်စဉ် ကြောင့်၊ လူတိုင်းကို ကြောက်ရွံ့မှုများ ဖြစ်ပေါ် လာစေ ၏။
အန္တရာယ် ရှိသော ခံစား ချက်များ ဝင်ရောက်လာ သဖြင့်၊ လျှပ်စီး နဂါး ရူရ် ငါး လုံးကို အသက် သွင်းကာ၊ ရှောင်ထွက် ပစ်လိုက်သည်။
မြဓားမှာ လင်းယွန် ယခင်က မတ်တပ် ရပ်နေ ခဲ့သော မြေပြင်သို့ ကျရောက် သွားပြီး၊ ပြတ်ရှ ရာကြီး ဖြစ်ပေါ် လာစေ၏။
“ ဒီနေ့ မင်းသေ ရမယ်လို့ ငါပြော ခဲ့တယ် မဟုတ်လား၊ အလယ် အလတ် ယန် အဆင့်က တစ်စုံ တစ်ယောက်က၊ ငါ့ကို တကယ် ရင်ဆိုင် ‘ဝံ့’ သလား။ ”
ဓားချက် မည်မျှ ပြင်းထန် သည်ကို မြင်လိုက်ရ သဖြင့်၊ ထန်ယောင်း၏ ယုံကြည် ချက်များ၊ တိုးပွား လာသည်။
မြဓားမှာ ထူးခြား လှကြောင်း၊ လူတိုင်း သတိထား မိသည်။ ရှေးဟောင်း လက်နက်ကို တားမြစ် ပစ္စည်း အဖြစ်၊ ပြန်လည် သန့်စင် ထားခြင်း ဖြစ်၏။
တားမြစ် ပစ္စည်း များမှာ၊ ကိုင်ဆွဲသူ ခွန်အားကို များစွာ မြှင့်တင်ပေး နိုင်သည်။ ထို့ကြောင့် လူအုပ်မှာ သက်ပြင်းချ မိ၏။
အလယ် အလတ် ယင်-ယန် အဆင့် ကျင့်ကြံသူကို၊ တားမြစ် ပစ္စည်း ကိုင်ဆွဲ ရသည် အထိ၊ လင်းယွန်မှ ဖိအား ပေးနိုင် ခဲ့ခြင်း အပေါ်၊ မယုံကြည် နိုင်သေးချေ။
တစ်ဖက်တွင် မင်းမဲ့ စရိုက် ဆန်သော သံသွေး တံခါး ဂိုဏ်း၏ အပြုအမူ များကြောင့် တစ်စုံ တစ်ယောက်မှ၊ ထန်ယောင်းအား သတ်ပစ် နိုင်မည် ဆိုပါက၊ ဝမ်းသာ မိပေမည်။
သို့သော် လက်ရှိ အချိန်၌ လင်းယွန်တွင်၊ အားရဖွယ် အခြေ အနေမျိုး မဟုတ်ဘဲ၊ ဓားချက်တိုင်း အပေါ်၊ နောက်ဆုတ် ရှောင်တိမ်း ပေးနေ ရသည်။
“ လူယုတ်မာလေး ... ၊ မင်းရဲ့ မောက်မာမှုတွေ ဘယ်ရောက် သွားလဲ၊ ငါ့ ဓားကို ယူဝံ့လား၊ မင်းရဲ့ ဓားသေတ္တာ ထဲက ဓားကို ဆွဲပြီး၊ ငါ့ကို တိုက်ပါ။ ”
ထန်ယောင်းက သူ့ ဓားကို ဆုပ်ကိုင်ပြီး၊ ကြမ်းကြုတ်သော အသွင်ဖြင့်၊ ပြုံးကာ ဆိုသည်။
ဤသည်မှာ ပထမ ဦးဆုံး အကြိမ် အဖြစ်၊ လင်းယွန် အပေါ် လုံးလုံး လျားလျား နှိပ်ကွပ် နိုင်ခြင်း ဖြစ်၏။
ယခင်နှင့် ယှဉ်ပါလျှင်၊ မြဓားမှာ ပို၍ အားနည်းသွား သည်ကို၊ လင်းယွန် သတိပြု မိလာ သည်။
ယင်းမှာ ထန်ယောင်းမှ ဖန်တီး ထားသော ထောင်ချောက် တစ်ခု မဟုတ်ကြောင်း၊ သိရှိ လိုက်သည်။
ဤသည်မှာ တားမြစ် ပစ္စည်း တိုင်း၏၊ အားနည်းချက် ဖြစ်၏။ အကြိမ်ရေ များလာ သည်နှင့် အမျှ၊ စွမ်းအားများ ကျဆင်း လာမည် ဖြစ်သည်။
ထို့ကြောင့် မဆိုင်း မတွဘဲ၊ လျှပ်စီး ချပ်ဝတ်ကို ဆင့်ခေါ်ကာ၊ အခွင့် အရေးအား၊ အမိအရ ဆုပ်ကိုင်ရန် ပြင်လိုက် သည်။
နဂါး ရူရ်များ အသက်ဝင် သွားပြီး၊ ကျယ်လောင်သော ဟောက်သံ တစ်သံ မြည်ဟည်း ထွက်ပေါ် လာသည်။
ထို့နောက် ကောင်းကင်မှ လျှပ်စီး စွမ်းအင်များ စီးဝင်လျက်၊ ချပ်ဝတ် အပေါ်၊ အားဖြည့် တော့၏။
စတုတ္ထ အဆင့့် ရောက်ရှိပြီး နောက်တွင်၊ လျှပ်စီး ချပ်ဝတ်မှာ၊ မယုံနိုင် လောက်အောင် အားကောင်း ချေသည်။
ခြေတစ်လှမ်း လှမ်းလိုက် ချိန်တွင်၊ အာကာပြင်ကို ပုံပျက် စေသော အလင်းများ တောက်ပ လာသည်။
ပြီးနောက် မြဓားအား၊ ညာလက်ဖြင့် ကုပ်ဆွဲ ယူလိုက်၏။
လျှပ်စီး များက နဂါး လက်သည်း အဖြစ်၊ ပြောင်းလဲ သွားကာ၊ မြဓားထံ ဆုပ်ကိုင် လာသဖြင့်၊ ထန်ယောင်း တစ်ယောက် သွေး တစ်လုတ် အန်လိုက် ရသည်။
ယင်းမှာ အဆုံး မဟုတ်ချေ။ နဂါး လက်သည်း ထံမှ၊ ပေါက်ကွဲ စွမ်းအားများ စီးဝင် လာပြီး၊ ခန္ဓာကိုယ် အနှံ့ ပေါက်ကွဲမှု အသေး စားများ ဖြစ်ပေါ် လာစေသည်။
အရိုးများ အက်ကွဲ လာသဖြင့်၊ ကြက်သွေးရောင် အခိုးအငွေ့ကို၊ အလျင် အမြန် ဆင့်ခေါ် လိုက်ရသည်။
ထိုမြူများက လျှပ်စီး စွမ်းအင်မှ ကာကွယ်ရန်၊ ရင်ဘတ်အား ဖုံးကွယ်လိုက် တော့၏။
***