ငါ့အတွက် မင်းက ဘာများ အသုံးဝင် မှာလဲ။
Vol. 49 Ch. 686
နာကျင်စွာ အော်ဟစ် သံများ၊ ပျံ့လွင့် လာသည်။ နံရိုး များစွာ ကျိုးကြေ သွားပြီး၊ အတွင်း အင်္ဂါ များပင်၊ မြင်နေ ရ၏။
ကောင်းကင်မှ ဆင်းသက် လာသော လင်းယွန်က၊ ထန်ယောင်းထံ လှမ်းကြည့် လိုက်သည်။
ယန် အဆင့်မှ၊ ယင်-ယန် အဆင့်အား၊ အနိုင်ယူ နိုင်လိမ့် မည်ဟု မယုံ နိုင်သေး သဖြင့်၊ လူတိုင်း မှင်တက် သွားကုန်၏။
ကောင်းကင် တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီရှင် ခုနစ်ဦး သည်သာ ယင်းကို လုပ်နိုင် စွမ်းပေမည်။
သို့သော် ၎င်းတို့ အနေဖြင့်၊ ကနဦး ယင်-ယန် အဆင့်သို့၊ ရောက်ရှိ နေရန် လိုပေသည်။
ထို့ကြောင့်၊ ယန် အဆင့်ဖြင့် အနိုင်ယူ နိုင်သော လင်းယွန်မှာ၊ သူတို့ထက် ပိုစွမ်း သည်ဟု ဆိုနိုင်၏။
ယင်-ယန် အဆင့် ကျွမ်းကျင် သူမှာ၊ တားမြစ် ပစ္စည်းကို အသုံးပြု ပြီးနောက် တွင်ပင်၊ အနိုင် မယူနိုင် ခဲ့ပေ။
လက်ဗလာနှင့် ပြင်းထန်စွာ ဒဏ်ရာရ စေသော ခွန်အား မျိုးမှာ၊ ဖော်ပြ၍ ရနိုင်သော အရာမျိုး မဟုတ်ချေ။
မိုးပြာ နဂါး ချပ်ဝတ်ကို ထုတ်ဖော်ထား သဖြင့်၊ လင်းယွန်အား လျှပ်စီး နတ်ဘုရား တစ်ပါး ကဲ့သို့ ထင်မှား မိစေသည်။
“ သူက ဒီလောက်တောင် သန်မာ တာလား။ ”
“ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ မျိုးနွယ်စုတွေ သူ့ လက်ထဲမှာ၊ ခံစား ခဲ့ရတာ အံ့ဩ စရာ မရှိတော့ ပါဘူး။ ”
ယခု ချိန်၌ လင်းယွန်ကို အမြင် သစ်ဖြင့် ရှုမြင် လာကြသည်။ ထန်ယောင်း မှာမူ နာကျင် မှုကြောင့်၊ မြေပြင်ပေါ် လူးလိမ့် နေ၏။
သူ့၌ အစွမ်း ထက်သော ဆေးဘက်ဝင် အပင်မျိုး သို့မဟုတ်၊ ရှားပါး ရတနာ တစ်ခု ခုသာ မရှိ ပါက၊ သူ သေရ ပေလိမ့်မည်။
မသေဆုံး လျှင်ပင်၊ အသက် တစ်ဝက်ကို နှုတ်ယူ သွားပြီး ဖြစ်၏။ လင်းယွန်အား မော့ကြည့် လိုက်ချိန်တွင်၊ ကြောက်စိတ်များ ဝင်ရောက် လာတော့သည်။
“ ငါ့ဓား ကိုတောင် မဆွဲရ သေးဘဲ၊ မင်းရှုံးသွားပြီ၊ ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်လဲ။ ”
လင်းယွန် စကား များကြောင့်၊ ထန်ယောင်း၏ နှလုံးသား ထဲ၌၊ ဒေါသများ ပေါက်ဖွား လာသည်။
“ မင်း ဒေါသက ... အသုံး မဝင်ဘူး၊ ငါ မင်းကို နောက်ထပ် အခွင့်အရေး ဆယ်ကြိမ် ထက်ပေးမယ် ဆိုရင်တောင်၊ ရလဒ်က အတူတူ ပါပဲ။ ”
လင်းယွန်က ငုံ့ကြည့်ကာ ဆိုသည်။
“ နေပါဦး စောစောက၊ မင်း ငါ့ကို ဒူးထောက် ခိုင်းမယ်ဆို၊ ဒီခွန်အားမျိုး နဲ့လား။ ”
စကားဆုံး သည်နှင့်၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ ထန်ယောင်းအား ကန်ထုတ် ချလိုက်သည်။
“ အား ... ။ ”
နာကျင်စွာ အော်ဟစ်သံ နှင့်အတူ၊ ထန်ယောင်း တစ်ယောက်၊ ရှေ့သို့ လှိမ့်ဆင်း သွား၏။
မုရုံချင်း ထံမှ သုံးကြိမ် တိုင်တိုင်၊ နင်းချေခြင်း ခံခဲ့ရပြီး ဖြစ်ရာ၊ လင်းယွန် ကန်ချက်မှာ နာကြည်းမှုများ ပို၍ ဖြစ်ပေါ် လာစေသည်။
သို့သော် အံကြိတ် ရုံ မှတပါး အခြား မရှိချေ။
“ အဲ့ဒါက ငါ့ အတွက်ပဲ ... ။ ”
လင်းယွန်က နောက်တစ်ကြိမ် တက်နင်း လိုက်ပြီး၊
“ ဒါက နဂါးလေး အတွက်။ ” -ဟု ဆိုလိုက်၏။
ဒုတိယ ကန်ချက်ကြောင့်၊ နံရိုးများ ပို၍ ကျိုးသွားကာ၊ ရင်ဘတ်မှ ပေါက်ထွက် လာ တော့သည်။
ဤသည်မှာ အလယ် အလတ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သောကြောင့်၊ လူအုပ်အား တုန်လှုပ် သွားစေ၏။
ထန်ယောင်း မျက်ဝန်း များ၌ အမုန်း မီးလျှံများ တောက်ပ လာပြီး၊
“ အယုတ် တမာလေး၊ မင်း ဘာလုပ် ခဲ့လဲ မင်းသိလား၊ မုရုံချင်းက မင်း နောက်ကို လိုက်လာ လိမ့်မယ်၊ ဒီကမ္ဘာ ပေါ်မှာ မင်းကို ဘယ်သူမှ မကယ် နိုင်တော့ဘူး။ "
“ မုရုံချင်း ... ။ ”
ထိုနာမည်ကို ရေရွတ်ပြီး၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။ ထို့နောက် အဖြူဝတ် လူငယ် ဖြစ်သင့် သည်ဟု ခန့်မှန်း မိ၏။
“ အဟက် ... ၊ မင်း အခု ကြောက်နေပြီ မဟုတ်လား၊ သခင်ငယ် ဆိုတာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့ ပါရမီရှင်ပဲ၊ ... ”
“ ... နန်းဂွန်း ဝမ်းယူ ပြီးရင်၊ ဒုတိယမြောက် အသန်မာဆုံး ဓားသမား တစ်ယောက်၊ သူ့ရဲ့ ကြက်သွေးရောင် သွေးဓားက၊ မင်းကို အလွယ် တကူ ချိုးနှိမ် နိုင်တယ်။ ”
ထန်ယောင်းက လှောင်ပြောင် ရယ်မော လိုက်သည်။ ယင်းမှာ အစောပိုင်း သူ အသုံးပြု ခဲ့သော ကြက်သွေးရောင် မြူများ ဖြစ်၏။
“ သူ ... ဘယ်သူလဲ ဆိုတာ ငါ မသိဘူး၊ အခုမင်း ဘယ်လို သေချင် လဲပြော။ ”
သို့သော် လင်းယွန်က ဂရုမစိုက် ဟန်ဖြင့်၊ မေးမြန်း လိုက်ရာ၊ ထန်ယောင်း တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်။
လင်းယွန် ကဲ့သို့သော အမည်မဲ့ လူတစ်ယောက် လက်၌ သေရ လိမ့် မည်ဟု၊ တစ်ကြိမ်မျှ မတွေး ခဲ့ဖူးပေ။
အဆုံးမဲ့ ဒေါသနှင့် မုန်းတီး မှုများ ရှိနေ သော်လည်း၊ လူသား တစ်ယောက် အနေဖြင့်၊ သေခြင်း အပေါ်၊ ကြောက်ရွံ့ နေမြဲ ဖြစ်၏။
“ သခင်လေး လင်း ... ၊ ငါ ... ငါ မှားသွား ပါတယ်၊ ငါ့ကို ခွင့်လွှတ် နိုင်မလား၊ မင်း နောက်ကို ဘယ်တော့မှ မလိုက် တော့ဖူးလို့၊ ငါ ကတိပေး ပါတယ်။ ”
ရုတ်တရက် ဖြစ်ပေါ် လာသော တုန်လှုပ် ချောက်ချား ခြင်းကြောင့်၊ ချက်ချင်း တောင်းပန် လိုက်သည်။
“ ဟား ... ဟား ဟား ။ ”
သို့သော် လင်းယွန်က ရယ်မောလျက် တုန့်ပြန် လာသဖြင့်၊ တောင်းပန် ခြင်းအား ရပ်လိုက်ပြီး၊
“ မင်း ... ငါ့ကို မသတ် ရဲပါဘူး၊ ကာကွယ်ရေး ကျောက်စိမ်း တံဆိပ်ကို၊ ငါ ချေမွှ လိုက်ပြီ၊ ငါ့ရဲ့ စီနီယာ အစ်ကို ဒီကို မကြာခင် ရောက်လာ လိမ့်မယ်၊ ငါ့ အသက်ကို ချမ်းသာ ပေးရင်တော့ မင်းအတွက် အသုံးတည့် မှာပါ။ ”
စီနီယာ အစ်ကိုဟု ရည်ညွှန်းသော သံသွေးတံခါး ဂိုဏ်းချုပ်မှာ၊ တပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။
အမှန်ပင် အဝေး ဆီမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု၊ သူ့ထံ ဦးတည် လာနေ သည်ကို၊ ခံစား မိသည်။
ထို့အပြင် အားနည်းသော ရောင်ဝါများ သည်လည်း၊ နောက်ပါး ဆီမှ ကပ်လျက် လိုက်ပါ လာ ကြ၏။
အကယ် ၍သာ ယခင် ခွန်အားဖြင့် ဆိုပါလျှင်၊ ထန်ယောင်း တစ်ယောက် သူ့အား ခြိမ်းခြောက် နိုင်ကောင်း၊ ခြိမ်းခြောက် နိုင်ပေမည်။
သို့သော် ယခု ချိန်၌ ထန်ယောင်းအား သတ်ပစ်ရန် စိတ်ပိုင်းဖြတ် ပြီး ဖြစ်သည်။ ယင်းကို သတိထား မိသွားသော ထန်ယောင်းက၊
“ ငါ့ အသက်ကို ချမ်းသာ ပေးပါ၊ မီးနဂါး တောင်ကုန်း ကနေ အန္တရာယ် ကင်းကင်းနဲ့ ထွက်ခွာဖို့၊ ငါ့အသက်နဲ့ အလဲ အလှယ် လုပ်လို့ ရပါတယ်။ ”
အဆုံးသတ်ကို မြင်နေရ သဖြင့်၊ ရှင်သန် လိုသော ဆန္ဒများ ပို၍ တိုးလာ ခဲ့သည်။
“ မင်းလို အမှိုက်က၊ ငါ့အတွက် အသုံးတည့် မယ်လို့၊ ထင်နေ တာလား။ ”
စကားဆုံး သည်နှင့် ခြေထောက်ကို မြောက်ကာ၊ ထန်ယောင်း ဦးခေါင်းပေါ် နင်းချ လိုက်၏။
“ ဖောက် ... ။ ”
ပေါက်ကွဲ သွားသော အပိုင်း အစ များကို ကြည့်ပြီး၊ နောက်ဆုံး၌ စိတ် သက်သာရာ ရ သွားသည်။
သားသတ် သမား တစ်ဦး မဟုတ် သောကြောင့်၊ ထန်ယောင်းကို မနာကျင် စေဘဲ၊ ချက်ချင်း သတ်ပစ် လိုက်ခြင်း ဖြစ်သည်။
“ ... လွှတ် လိုက် ။ ”
ထန်ယောင်း သေဆုံး ပြီးနောက်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါနှင့် အတူ၊ ကောင်းကင်မှ အဖိုးအို တစ်ဦး ဆင်းသက်သည်။
ထန်ယောင်း အလောင်းကို ကြည့်ကာ၊ ‘မင်း ... သေမင်းကို ဖိတ်ခေါ် မိပြီ၊’ ဟု ဒေါသ တကြီး အော်ဟစ် လိုက်၏။
ပြတ်ပြတ် သားသားပင်၊ သူ့ဓားကို ဆွဲထုတ်ကာ ခုတ်ချ လာသည်။ ဓား ထံမှ ကောင်းကင် တစ်ခွင် လင်းထိန် သွားစေသော အလင်းများ၊ တောက်ပ လာ၏။
“ ကြောက်စရာ ကောင်းလိုက်တဲ့ ဓားပဲ။ ”
“ အဲဒါ ... တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်က ကျွမ်းကျင်သူ ခွန်အားပဲ၊ ဒီကောင်လေး သေပြီ။ ”
“ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ လာနေပြီ ဆိုတာ သိရက်နဲ့၊ သူက တကယ် သတ်ပစ် ဝံ့တယ်။ ”
အနီး နားတွင် ရပ်ကြည့် နေသူ များမှာ၊ မျက်နှာများ ပြောင်းလဲ သွားပြီး၊ လွတ်ကင်း ရာသို့ လှည့်ပြေး ကုန်သည်။
နောက်ဆုံးတွင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ သည်သာ၊ တိုက်ပွဲ အတွင်း ပါဝင် လာခဲ့ ပါက၊ ရိုက်ခတ် လာမည့် လှိုင်း များမှာ၊ ကြောက်မက်ဖွယ် ကောင်းပေမည်။
“ ငါ့ကို ... ၊ ဒီလို လွယ်လွယ်နဲ့ သတ်လို့ ရမယ်၊ မင်း ထင်နေလား။ ”
မီးလျှံ မိုးကြိုး ကြာပွတ်ကို ထုတ်ယူပြီး၊ အင်ပါရီယန် တစ်ပါး ကဲ့သို့သော ခမ်းနားဖွယ် ရောင်ဝါအား ထုတ်လွှတ် ပေးလိုက်သည်။
ကြာပွတ် အတွင်း၊ နဂါး ရုရ် ငါးလုံး လောင်းထည့် လိုက်ချိန်၌၊ လျှပ်စီးများ ရုတ်တရက် ပေါက်ကွဲ လာတော့၏။
“ သွား ... ။ ”
မီးလျှံ မိုးကြိုး ကြာပွတ်ကို အော်ဟစ်ကာ၊ တွန်းထုတ် လိုက်သည်။ ထို့နောက်တွင် လျှပ်စီး စပါးအုံး မြွေကြီးမှာ၊ နဂါး ရောင်ဝါ နှင့်အတူ၊ ကောင်းကင်မှ ဆင်းသက် လာတော့၏။
၇၀ % ...၊ ၈၀ % ...၊ ၉၀ % ...၊ ၁၀၀% ...၊ ဝုန်း။ နဂါး ရူရ် များကြောင့် ကြာပွတ်မှာ၊ စွမ်းအား (၁၀၀%) ကို ထုတ်လွှတ် ပေးလာ ခဲ့သည်။
၎င်းက ဓားအလင်းကို ဖျက်ဆီးလျက်၊ အဖိုးအိုထံ ဆက်လက် တိုးဝင် သွား၏။
“ သေ စမ်း ... ။ ”
သံသွေး တံခါး ဂိုဏ်းချုပ်က၊ လင်းယွန်မှ ပြန်လည် တိုက်ခိုက် လာလိမ့် မည်ဟု၊ မထင် ထားသဖြင့်၊ အံ့အားသင့် သွားသည်။
ရှောင်ရှားရန် အတတ် နိုင်ဆုံး ကြိုးစားခဲ့ သော်လည်း၊ မအောင်မြင်ခေျ။ ကောင်းကင်မှ ပြုတ်ကျ လာသည့် အရှိန်ကြောင့်၊ မြေပြင်၌ ချိုင့်ဝှမ်းကြီး တစ်ခု၊ ဖြစ်ပေါ် လာတော့သည်။
“ ဒါက ... ၊ ကြောက်စရာ ကောင်းလိုက်တာ။ ”
ရလာဒ်ကို မယုံနိုင် သဖြင့်၊ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။
သူ့ရိုက်ချက်က အဘိုးအိုအား အငိုက်မိ စေသည်မှာ မှန် သော်လည်း၊ ဤသို့သော ရလာဒ်မျိုး မမျှော်လင့် ထားသည်မှာ အမှန် ပေပင်။
တစ်ချိန်က ခွန်အား (၇၀%) ခန့်သာ ထုတ်နိုင် ခဲ့ပြီး၊ ယခု အချိန်၌ (၁၀၀%) အပြည့် ထုတ်ဖော် နိုင်ပြီ ဖြစ်သည်။
ဤသည်မှာ လဲ့ယန်းဇီ အသုံးပြု ခဲ့သော လက်နက် ဖြစ်၏။ ၎င်းကို အစီရင်နှင့် ချိပ်ပိတ် ထားလေရာ၊ မူလအား ခန့်မှန်း နိုင်ခြင်း မရှိချေ။
“ လာ ဦး မယ် ... ။ ”
လင်းယွန်က ပြုံးကာ ဆိုသည်။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူကို ကောင်းကင်မှ၊ ပြုတ်ကျအောင် စွမ်းဆောင်နိုင် သဖြင့်၊ သူ့သွေးများ ပွက်ပွက်ဆူ လာသည်။
“ ရွှပ် ... ။ ”
ကြာပွတ်အား လေထဲ အားကုန် ရိုက်ချ လိုက်၏။ ရိုက်ချက် တိုင်းက ကြောက်မက်ဖွယ် ကောင်းသော၊ လေပြင်းများ ထွက်ပေါ်လာ စေသည်။
များမကြာမီ သံသွေး တံခါး ဂိုဏ်းချုပ်အား အုပ်စီး မိလာ၏။ ဤမြင်ကွင်းက ရပ်ကြည့်နေ မိသော လူအုပ်ကို၊ အံ့အားသင့် သွား စေသည်။
***