ကောင်းကင် တောင်ကုန်း မြို့ကို ထိတ်လန့် စေခြင်း။
Vol. 50 Ch. 687
မီးလျှံ မိုးကြိုး ကြာပွတ်ကြောင့်၊ မီးနဂါး တောင်ကုန်းမှာ ပျက်စီး ယိုယွင်း လာပြီး၊ ကောင်းကင် အပြည့် လျှပ်စီးများ လက်နေ ပေသည်။
ဤစကြာဝဠာ လက်နက်သည်၊ ၎င်း၏ ကြမ်းကြုတ်သော အသွင်ကို ထုတ်ဖော် ထား သောကြောင့်၊ လူတိုင်းကို တုန်လှုပ် စေ၏။
အနည်းငယ် ကြာပြီးနောက်၊ သံသွေး တံခါး ဂိုဏ်းချုပ်မှာ၊ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ သဖြင့်၊ ကြာပွတ်အား ထိတ်လန့် လာသည်။
ဝင်ရောက် လာသော တိုက်ခိုက်မှု များကို အစွမ်းကုန် ခုခံ သော်လည်း၊ သုံးကြိမ် တိုင်တိုင် ရိုက်နှက် ခံ လိုက်ရ၏။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရှိ၊ ထိပ်ဆုံးသော ဖြစ်တည်မှုမျိုး ပေပင်။
ကောင်းကင် တောင်ကုန်း မြို့၏၊ အဓိက မျိုးနွယ်စုကြီး လေးစုမှ လွဲ၍၊ သူ့အား ယှဉ်နိုင်သူ များစွာ မရှိချေ။
သို့သော် ယခုမူ ယန်အဆင့် လူငယ် တစ်ယောက် လက်၌၊ အရှက်ရဖွယ် ကြိမ်ဒဏ် ပေးခံ နေရ၏။
အခြားသော ခံစားချက်များ မဆိုနှင့်၊ မီးလျှံမိုးကြိုး ကြာပွတ် ထံမှ နာကျင်မှု သည်ပင်၊ အသည်း ခိုက်ခေျပြီ။
တစ်ဖက်တွင် ထိုသို့သော လက်နက်ကို အသုံးပြု ရခြင်းမှာ၊ လွယ်ကူမည် မဟုတ်ဘဲ၊ မူလ စွမ်းအင် များစွာ ကုန်ဆုံး သွားနိုင်မည် ဖြစ်သည်။ ယင်းအချိန်၌ လင်းယွန်အား အလွယ် တကူ သတ်နိုင် မည်ဟု၊ မျှော်လင့်မိ ပြန်၏။
“ မင်း ဘယ်လောက် ကြာကြာ၊ ထိန်းထား နိုင်မလဲ ငါ ကြည့်မယ်။ ”
သံသွေး တံခါး ဂိုဏ်းချုပ်က အံကြိတ်လျက်၊ ဂရုတစိုက် ရှောင်တိမ်းကာ ဆိုသည်။ ထိုစဉ် သံသွေး တံခါး ဂိုဏ်း၏ တပည့်များ ရောက်ရှိ လာသဖြင့်၊
“ အခု ချက်ချင်း ဓား အစီရင် ခင်းကျင်းပါ၊ ဒီကောင့်ကို မီးနဂါး တောင်ကုန်း ကနေ မလွတ် စေနဲ့။ ”
“ ဟုတ် ကဲ့ ... ”
ရာနှင့် ချီသော တပည့် များက၊ ဓားများ ဆွဲထုတ်ပြီး၊ ကြက်သွေးရောင် ဓားအလင်းကို၊ ထုတ်လွှတ် လာသည်။
တောအုပ် ထဲ၌ ကြက်သွေးရောင် မြူမှုန်များ ပျံ့နှံ့ လာသည်နှင့် အမျှ၊ မြေပြင် တစ်ခုလုံး တုန်ခါ လာတော့၏။
သံသွေး ဓား အစီရင်ကို မြင်သော အခါ၊ လင်းယွန်၏ မျက်နှာမှာ၊ အေးစက် တင်းမာ သွားသည်။ ၎င်းမှာ မီးလျှံ မိုးကြိုး ကြာပွတ်ကို များစွာ ဒုက္ခ ပေးနိုင်၏။
ထို့ကြောင့် အထဲတွင် ပိတ်မိ ခြင်းမျိုး၊ မဖြစ် စေရန်၊ ကိုင်တွယ် ဖြေရှင်း ရပေမည်။
မီးလျှံ မိုးကြိုး ကြာပွတ် ထံမှ၊ ပေါက်ကွဲစွမ်းအား လျော့နည်း သွားသော အခါတွင်၊ သံသွေး တံခါး ဂိုဏ်းချုပ်က လင်းယွန်ကို ကြည့်ပြီး၊
“ အခု ... ၊ ငါ့ အလှည့် ...။ ” -ဟုဆို လိုက်၏။
“ အဲ့ဒါ အတွက် ... ၊ ငါ အဆင်သင့် မဖြစ် သေးဖူးလို့ မင်း ထင်နေလား။ ”
တစ်ဖက် လူမှာ ထိုအခွင့် အရေးကို အမိ အရယူကာ၊ တိုက်ခိုက် လာလိမ့် မည်ဟု၊ ခန့်မှန်း ထားပြီး ဖြစ်သောကြောင့်၊ လင်းယွန်က လှောင်ပြောင် လိုက်သည်။
လက်ကောက် ဝတ်ကို လွှဲပြီး၊ စပါးအုံး မြွေကြီး၏ မေးရိုးအား ပွင့်စေကာ၊ ရှေ့တိုးဝင် လာသော အဖိုးအိုထံ၊ ကိုက်စေ လိုက်၏။
စပါးအုံး မြွေကြီးက၊ သားကောင်ကို ထောင်ချောက်ဆင် စောင့်မျှော် နေသော မုဆိုး ကဲ့သို့၊ လျင်မြန်စွာ ကျဆင်း သွားသည်။
ဤသည်မှာ သံသွေး တံခါး ဂိုဏ်းချုပ်အား၊ ထိတ်လန့်စွာ ရှောင်တိမ်း သွားစေ၏။ ယင်းကို လင်းယွန်က တွက်ဆ ထားပြီး ဖြစ်သည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် ၎င်းအား လျစ်လျူရှုကာ၊ ဓားအစီရင် ဖွဲ့စည်းရန် ပြင်နေသော တစ်ဘက် လူအုပ်ထံ၊ မီးလျှံ မိုးကြိုး ကြာပွတ်အား၊ သုံးကြိမ် ပစ်ချ လိုက်၏။
လွင့်စင် ကုန်သော တပည့် များကို ကြည့်ကာ၊ သံသွေး တံခါး ဂိုဏ်းချုပ်က ဒေါသ ထွက်သွားသည်။
“ မင်း ... သေချင် နေတာပဲ။ ”
ကြာပွတ်ကို ကြောက်သော်လည်း၊ လင်းယွန် ထံမှ ကြီးစွာသော အဖိုး အခကို ယူရ ပေမည်။
“ နောက်ကျ သွားပြီ။ ”
လင်းယွန်က ရယ်မောပြီး၊ အဖိုးအို၏ တိုက်ခိုက်မှုကို ဒိုင်း တစ်ခု ကဲ့သို့ ကြာပွတ်ဖြင့်၊ လှည့်ပတ် ကာကွယ် လိုက်၏။
ပေတစ်ရာ ရှည်သော ဓားရောင်ခြည် တစ်စင်း၊ စပါးအုံး မြွေပေါ် ပြုတ်ကျ လာ၏။ ပေါက်ကွဲ သံကြီး နှင့်အတူ လင်းယွန် တစ်ယောက် လွင့်စင် သွားရသည်။
ထို့နောက် လျှပ်စီးများ ပျောက်ကွယ် သွားပြီး၊ စပါးအုံး မြွေက ကြာပွတ် အသွင် ပြောင်းသွား တော့၏။
တံဆိပ် တစ်ခု ကျိုးသွား သကဲ့သို့၊ မီးလျှံမိုးကြိုး ကြာပွတ်မှာ၊ တဆက်ဆက် တုန်ခါ လာသည်။
ယင်းမှာ အထွတ် အထိပ် စကြာဝဠာ လက်ရာ တစ်ခု ဖြစ်ပြီး၊ တံဆိပ် ကွဲခြင်းဖြင့်၊ ထို့ထက် ပိုသော အဆင့်သို့ ရောက်ရှိ နိုင်မည် ဖြစ်သည်။
ယင်းကို သတိထား မိသဖြင့်၊ နှုတ်ခမ်းမှ သွေးစ များကို သုတ်လိုက်ပြီး၊
“ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ ဘယ်လောက်တောင် သန်မာ လိုက်လဲ။ ”
-ဟု ပြုံးကာ ဆိုသည်။
ထိုစကား ကြောင့် သံသွေး တံခါး ဂိုဏ်းချုပ်၏ မျက်နှာ တစ်ပြင်လုံး၊ မည်းမှောင် ကျသွား၏။
မည်းမှောင်သော မျက်နှာဖြင့်၊ ပို၍ သိပ်သည်း လွန်းသည့် ဓားအလင်း များအား၊ ထုတ်လွှတ် လိုက်သည်။
“ မင်း တော့ သေပြီ။ ”
“ အချိန် ကောင်းပဲ။ ”
နဂါး စွမ်းအင်ကို ထုတ်ဖော်လျက်၊ မီးလျှံ မိုးကြိုး ကြာပွတ်ထံ လောင်းထည့် လိုက်သည်။
ကြာပွတ် အဖျားရှိ လေဟာ နယ်မှာ၊ အက်ကွဲလျက် ကြောက်မက်ဖွယ် ကောင်းသော၊ ရောင်ဝါများ စတင်၊ ထွက်ပေါ် လာသည်။
ဦးခေါင်းတွင် နဂါး ဦးချိုများ ပေါက်ထွက် လာပြီး၊ လျှပ်စီး စပါးအုံးမြွေ အဖြစ် ချက်ချင်း ပြောင်းလဲ သွားသည်။
အဖိုးအို၏ ကြက်သွေးရောင် ပိုက်ကွန်ကို ဖျက်ဆီးလျက်၊ နဂါး တစ်ကောင်လို ဆက်လက် တိုးဝင် သွား၏။
ထိုတိုက်ခိုက်မှုကို ပို့လွှတ် ပြီးနောက်၊ လင်းယွန်က ကြာပွတ်ကို ဆုတ်ခွာ လိုက်သည်။
သို့သော် ထပ်မံ ရိုက်နှက် ခါနီးတွင်၊ ကြာပွတ် တစ်ဝိုက်တွင် ကြက်သွေးရောင် အခိုး အငွေ့များ စုစည်း လာသည်။
“ တံဆိပ် ... ၊ ကျိုးတော့ မှာလား။ ”
လင်းယွန်က ပြုံးကာ ရေရွတ် လိုက်သည်။ မီးလျှံ နတ်ဆိုး ကြာပွတ်မှာ၊ အသွင်ကူး ပြောင်းမှု အတွက်၊ နက်ရှိုင်းစွာ ငိုက်မျဉ်း လာခြင်း ဖြစ်သည်။
၎င်းအပေါ် ပို့လွှတ် ထားရသော စွမ်းအင် များကြောင့်၊ သူ သည်လည်း တဟုန်ထိုး မူးဝေ လာခဲ့၏။
တိုက်ပွဲ အတွင်း အုပ်စီး မိထား သော်လည်း၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေကို၊ ဆန့်ကျင် ခြင်းမှာ၊ ပင်ပန်း နွမ်းနယ် စေသည်။
“ ဟား ဟား ဟား ၊ သံသွေး တံခါး၊ ဒါက မပြီး သေးဘူး၊ တစ်နေ့တော့ မင်းရဲ့ ဂိုဏ်းကို ဖျက်ဆီးဖို့ ငါ့ ပြန်လာမယ်။ ”
စကားဆုံး သည်နှင့်၊ နောက်ပြန် ဆုတ်ပြီး၊ ပြုံးကာ အော်ဟစ် လိုက်သည်။ တစ်ချိန်တည်း မှာပင် ကြက်သွေးရောင် အလင်း တစ်စ ပျံသန်း ပြေးဝင် လာ၏။
“ သူ့ကို တား ... ။ ”
သံသွေး တံခါး ဂိုဏ်းချုပ်က ဒေါသတကြီး အမိန့်ပေး လိုက်သည်။ သို့သော် တပည့်ငယ် များမှာ၊ နဂါးလေးကို မှီနိုင်စရာ အကြောင်း မရှိချေ။
ထို့ကြောင့် ပျောက်ကွယ် သွားသော လင်းယွန် နောက်ကျော ကိုသာ အံကြိတ်လျက် စိုက်ကြည့် မိကုန်၏။
“ ချေး ပဲ ... ။ ”
သံသွေး တံခါး ဂိုဏ်းချုပ်က ဒေါသ တကြီးနှင့်၊ ကျိန်ဆဲ လိုက်သည်ကို၊ တောင်တန်း ကြီးက ခံစားမိ သကဲ့သို့၊ ပြင်းစွာ တုန်လှုပ် သွားသည်။
လင်းယွန်မှာ မောက်မာ လွန်းပေ၏။ သံသွေး တံခါး ဂိုဏ်းကို အန်တုရုံ သာမက၊ ဖျက်ဆီး ပစ်မည် ဟုပင်၊ ခြိမ်းခြောက် လာခဲ့သည်။
မိုးကြိုး စီရင်စု အတွင်း၊ ဤမျှ မောက်မာ လွန်းသော သူမျိုး မမြင်ဖူး ခဲ့သည်မှာ၊ ကြာပြီ ဖြစ်၏။
“ ကြောက်စရာ ကောင်းလိုက်တာ၊ ဒီသတင်းက ကောင်းကင် တောင်ကုန်း မြို့ကို ရောက်သွားရင်၊ တုန်လှုပ် သွားမှာ သေချာတယ်။ ”
ကျင့်ကြံသူ တစ်ဦး၏ မှတ်ချက်ကို လူအုပ်ကြီးက ခေါင်းညိတ် သဘောတူ ကြချေ သည်။
သူတို့ မျှော်လင့်ထား သကဲ့ သို့ပင်၊ နှစ်ရက်ကြာ ပြီးနောက် ကောင်းကင် တောင်ကုန်း မြို့အား လှုပ်ခတ် သွားတော့၏။
လင်းယွန်က ထန်ယောင်းကို သတ်ကာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူနှင့်၊ တိုက်ခိုက် ခဲ့သည် ဟူသော သတင်း ကြားချိန်၌၊ မည်သူမျှ မယုံကြည် နိုင် ကြချေ။
“ မဖြစ် နိုင်ဘူး။ ”
မျိုးနွယ်စု အသီးသီးရှိ ပါရမီရှင် များမှာ၊ ဤသတင်းကြောင့် ပို၍ပင် တုန်လှုပ်သွား ကုန်၏။
သေခြင်း တရားကို ကြောက်ရွံ့ သဖြင့်၊ ရေတံခွန် တည်ခိုဆောင် အတွင်း၌၊ လင်းယွန် တစ်ယောက် ပုန်းအောင်း နေကြောင်း၊ သတင်း ဖြန့်ထားသည်။
ထွက်ပေါ် လာပါက၊ သေမင်း လေလံတွင် ခံစားခဲ့ ရသော အရှက် တရား များအတွက်၊ လင်းယွန်အား သင်ခန်းစာ တစ်ခု သင်ပေး မည်ဟု ဆိုခဲ့၏။
သို့သော် လင်းယွန်မှာ၊ သူတို့ မျက်စိ ရှေ့မှ ထွက်ခွာ သွားပြီး၊ သံသွေး တံခါး ဂိုဏ်းနှင့် တိုက်ပွဲ ဆင်နွှဲ လေသည်။
ယင်းမှာ သူတို့ မျက်နှာအား၊ ဖြတ်ရိုက်ခြင်း မည်ပေ၏။ ရက်အနည်းငယ် ကြာသည် အထိ၊ ထိုပါရမီရှင် များမှာ လမ်းမပေါ် မထွက် ဝံ့ကြ တော့ချေ။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင် တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီ ရှင်များ၊ ပြန်လည် ရောက်ရှိ လာသည်။
ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ ပါရမီရှင် တစ်ဦး ဖြစ်သော အူယန်ဟောင်က၊ ဦးစွာ ရောက်ရှိ လာ၏။
အူယန်ဟောင်မှာ အသန်မာဆုံး ပါရမီရှင် ခုနစ်ဦး အနက် တစ်ဦး ဖြစ်ပြီး၊ လင်းယွန်အား သတ်ပစ် မည်ဟု၊ လူသိ ရှင်ကြား ကြေငြာ ခဲ့သည်။
ယန်ပေါင်ဖေးကို ဒူးထောက် ခိုင်း သကဲ့သို့၊ လင်းယွန်အား ချင်ရို့ယူ ရှေ့၌ အဆ တစ်ရာ ပြန်လည် ပေးဆပ်ခိုင်း မည်ဟု ဆို၏။
သူ့ စကားက ကောင်းကင် တောင်ကုန်း မြို့၏၊ ငြိမ်သက် နေသော လေထုကို ပြန်လည် မြူးကြွ လာစေ သည်။
နောက်ဆုံးတွင် လင်းယွန်အား ကိုင်တွယ်ရန် တစ်စုံ တစ်ဦး ရှိလာပြီ ဖြစ်သဖြင့်၊ ကျေနပ်သွား ကုန်ကြ၏။
***