ဓားဂိုဏ်း၏ လျှို့ဝှက်နယ်မြေ။
Vol. 50 Ch. 688
အူယန်ဟောင် ပြန်ရောက် လာသည့် အတွက် ကောင်းကင် တောင်ကုန်း မြို့မှာ၊ လှုပ်လှုပ် ခတ်ခတ် ဖြစ်သွား၏။
ထို့နောက် ဂူ မိသားစုမှ ပါရမီရှင် ဂူယန် ပြန်ရောက် လာပြီး၊ သတင်းကို ကြားသည်နှင့်၊ လင်းယွန်အား သတ်ပစ် မည်ဟု ကြေငြာ ခဲ့သည်။
ဤပါရမီရှင် နှစ်ဦးမှ ၎င်း အမှုကို ပြုမည်ဟု ဆိုပြီး နောက်တွင်၊ အားလုံးက စိတ်လှုပ်ရှား သွား ကြ၏။
ထွက်ပေါ် လာပါက သေရမည် ဖြစ်သဖြင့်၊ ကောင်းကင် တောင်ကုန်း မြို့သို့ လင်းယွန် တစ်ယောက်၊ လာရဲ တော့မည် မဟုတ်ကြောင်း၊ မှတ်ချက်ပြု လာ လေသည်။
ထို့နောက်တွင် ဂျီ မိသားစုမှ ဂျီကျန်းနှင့် ဂျီယီ၊ ချင် မိသားစုမှ ချင်ရှုတို့ ထပ်မံ ရောက်ရှိ လာ၏။
ချက်ချင်းပင် ကောင်းကင် တောင်ကုန်း မြို့၏ လေထုမှာ၊ တက်ကြွမှု များဖြင့်၊ ပြည့်နှက် လာတော့၏။
၎င်းတို့ ခုနစ်ဦးမှာ၊ မိုးကြိုး စီရင်စု တစ်ခုလုံး တွင်ပင် ကျော်ကြား သူများ ဖြစ်ကြပြီး၊ လာမည့် သွေးစွန်းသော ဧည့်ခံပွဲ၌၊ အတွင်း အဆင့်သို့ ဝင်ရောက်ရန်၊ မျှော်မှန်း ထားသူများ ဖြစ်သည်။
ကျင့်ကြံမှု အရ၊ ယင်-ယန် အဆင့်သို့ တက်ရောက် ထားနိုင် သည်မှာ၊ အချိန် ကြာမြင့် ခဲ့ပြီ ဖြစ်၏။
ကောင်းကင် တောင်ကုန်း မြို့မှ ထွက်ခွာကာ၊ ခရီးကြမ်း ထွက်ကြခြင်း ဖြစ်သည်။ ငါးယောက်လုံး ပြန်ရောက်လာ ပြီးနောက်၊ လင်းယွန် အတွက် အခွင့် အရေး မရှိတော့ သည်မှာ သေချာ ပေ၏။
နောက်ဆုံးတွင် လင်းယွန်သည်၊ ထိုပါရမီရှင် များဖြင့် တူညီသော အဆင့်တွင် ရှိနေ သည်ဟု၊ မည်သူမျှ မခံစား ရချေ။
အရည်အချင်း ရှိကောင်း ရှိနိုင် သော်လည်း၊ ကောင်းကင် တောင်တန်း မြို့၏ ပထမတန်းစား ပါရမီရှင် များထက်၊ တစ်ဆင့် နိမ့်ပေသည်။
တစ်လ ကြာ ပြီးနောက်၊ အလင်း အမှောင် လမင်း ကမ္ဘာ၊ မြောက်ပိုင်း နှင်းစံအိမ်နှင့် ကောင်းကင် နတ်ဆိုး ခန်းမ တို့၏ အကြီးအကဲ များက၊ တပည့် သစ်များ စုဆောင်းရန် အတွက် ကောင်းကင် တောင်ကုန်း မြို့သို့ စုရုန်း ရောက်ရှိလာ ကြသည်။
သွေးစွန်းသော ဧည့်ပွဲမှာ စတင် တော့မည် ဖြစ်ပြီး၊ ကောင်းကင် ဝိညာဉ် နယ်ပယ် အကြီး အကဲ တစ်ဦး၏၊ လမ်းညွှန်မှုကို ခံယူနိုင် ပါလျှင်၊ ခွန်အား သိသိ သာသာ တိုးလာ နိုင်ပေမည်။
ရောက်ရှိ နေသော အကြီးအကဲ များမှာ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ တွင်သာ ရှိနေ ကြသည်။
သို့သော် လုံလောက်သော အရည်အချင်း ရှိပါက၊ သတ္တမ ကောင်းကင် ဝိညာဉ် နယ်မြေ အကြီးအကဲ တစ်ဦး၏ အာရုံကို ဆွဲဆောင် နိုင်မည် ဖြစ်၏။
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများကို၊ ‘ငါ့ အသျှင် ’ (ငါ့ရှင်) ဟုလည်း ခေါ်ဆို ကြသည်။
( ငါ့သျှင်= ကြည်ညို လေးစား ထိုက်သောသူ။ )
အများ စုမှာ အောင်မြင်မှု ရရှိရန်၊ မျှော်လင့်ချက်ဖြင့် ကျင့်ကြံ ခြင်းဖြင့်၊ အလုပ်များ နေတက် သောကြောင့်၊ ၎င်းတို့အား မြင်ရ ခဲပေ သည်။
သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ ဂိုဏ်းများ အတွက် အရေးမကြီး ပါက၊ မည်သူမျှ တစ်စုံ တစ်ဦး အပေါ်၊ လမ်းညွှန် ခြင်းဖြင့် အချိန် ဖြုန်းတီး ကြမည် မဟုတ်ချေ။
၎င်းမှာ ကောင်းကင် တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီရှင် ငါးဦး ပြန်ရောက် လာ ရသည့်၊ အကြောင်း ရင်းလည်း ဖြစ်၏။
သူတို့ အားလုံးမှာ အုပ်စိုးရှင် တပ်ဖွဲ့များ၌၊ အမာခံ တပည့်များ ဖြစ်ရန် အရည်အချင်း ပြည့်မှီ ပေသည်။
အုပ်စိုးရှင် ဂိုဏ်းများသို့ ဝင်ရောက် ပြီးနောက်၊ သတ္တမ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ ထံမှ၊ လမ်းညွှန်မှု ရရှိ ခဲ့သော်၊ တိုးတက်မှုမှာ မခန့်မှန်း နိုင်ချေ။
ထို့ထက် ပို၍ ကံကောင်း ပါက၊ လာမည့် ‘လ’ အနည်းငယ် အတွင်း အောင်မြင်မှုများ ထပ်မံ ရရှိ နိုင်သည်။
မိုးကြိုး စီရင်စုမှာ ထူးချွန်သူ အများဆုံး ရှိသော စီရင်စု ဖြစ်ပြီး၊ အခြားသော စီရင်စုများ နှင့်၊ နှိုင်းယှဉ် နိုင်သည့် အရာ မဟုတ်ပေ။
ထို့ကြောင့် မိုးကြိုး စီရင်စု၏၊ မြို့ကြီး ခုနစ် မြို့၌ အသီး သီးသော အုပ်စိုးသူ များက၊ အဖွဲ့ဝင် သစ်များ စုဆောင်း လာကြ မည်ဟု၊ ‘ကောလ ဟလ’ များ ထွက်ပေါ် လာသည်။
သို့သော် ပါမီရှင် များမှာ၊ မောက်မာလွန်း သဖြင့်၊ အားနည်းသော အုပ်စိုးရှင် အင်အားစု များကို၊ စိတ်ဝင် စားမည် မဟုတ်ချေ။
မြောက်ပိုင်း နှင်းစံအိမ်နှင့်၊ ကောင်းကင် နတ်ဆိုး ခန်းမ ကဲ့သို့သော ထိပ်တန်း အင်အားစု သည်သာ၊ သူတို့ အာရုံကို ဖမ်းစား နိုင်ပေမည်။
မြောက်ပိုင်း နှင်းစံအိမ်နှင့် ကောင်းကင် နတ်ဆိုး ခန်းမ တို့သည်၊ အလင်း အမှောင် လမင်း ကမ္ဘာထက် အားနည်း နိုင်သော်လည်း၊ ယန် နန်းတော်ထက် ပိုမို အားကောင်း ချေသည်။
ထို့ကြောင့် ထိပ်တန်း အုပ်စိုးရှင် တပ်ဖွဲ့ သုံးခုကို စုရုံး စေရန်၊ ဆွဲဆောင် ထားနိုင်သော ကောင်းကင် တောင်ကုန်း မြို့မှာ၊ မည်မျှ လှုပ်ခတ် နိုင်စွမ်း ရှိသည်အား၊ တွေးကြည့် နိုင်၏။
သည့်အတွက် ချန်စီယု နှင့်၊ ချူးမူယန် အချိန်မီ ပြန်လာ မည်ဟု ယုံကြည် ကြသည်။
ပါရမီ ခုနစ်ပါး အနက်၊ ၎င်းတို့ နှစ်ဦးမှာ၊ အသန်မာ ဆုံးလည်း ဖြစ်သည်။ လွန်ခဲ့သည့် (၂) နှစ် ကပင်၊ ရှောင်တျဲဟီကို အနိုင်ယူ ခဲ့ကြောင်း၊ ကောလာ ဟလများ ထွက်ပေါ် ခဲ့ဖူးသည်။
၎င်း အမှုကို ပြုပြီးနောက်၊ နန်းဂွန်း ဝမ်းယူအား စိန်ခေါ်ရန်၊ ချူးမူယန် တစ်ယောက် ထွက်ခွာ သွားခြင်း ဖြစ်၏။
နန်းဂွန်း ဝမ်းယူမှာ ခရမ်းရောင် နန်းတော် နယ်မြေသို့ မရောက် ရှိမီ၊ ရှန်ရှင်း ဓားအား ဆုပ်ကိုင်နိုင် ခဲ့သူ ဖြစ်သည်။
တိမ်နဂါး အဆင့်တွင် ထိပ်ဆုံး ဆယ်ယောက် သို့ပင် ဝင်ရောက် နိုင်ခဲ့သည်။ လေးနှစ် ကုန်လွန် ပြီးနောက်၊ သဘာဝ အတိုင်း ပို၍ပင် သန်မာ လာနိုင်၏။
အဆုံးတွင် ချူမူယန် တစ်ယောက်၊ နန်းဂွန်းဝမ်းယူ လက်၌ ရှုံးနိမ့် ခဲ့သည်။ သို့သော် လှုပ်ရှားမှု (၃၂) ကြိမ် တိတိ ခံယူ နိုင်ပြီး၊ ယင်းမှာ လေးစားဖွယ် ဖြစ်လာ ပေ၏။
နန်းဂွန်း ဝမ်ယူ၏ ဓားချက် (၁၀) ချက်ကို ခံယူနိုင် သူ ရှားပါး လှသဖြင့်၊ ချူးမူယန် အရည် အချင်းမှာ၊ မညံ့ကြောင်း သက်သေ ပြခဲ့သည်။
ယင်းကြောင့် သူ့ကို ပိုင်ဆိုင် ထားသော ကောင်းကင် တောင်ကုန်း မြို့၏ ဂုဏ် သတင်းမှာ၊ မြင့်တက် သွားတော့သည်။
ချန်စီယု မှာမူ ချူးမူယန်ထက် အားနည်းခြင်း မရှိ သော်လည်း၊ နိမ့်ကျသော ပုံရိပ် ကိုသာ ထိန်းသိမ်း ထားလေသည်။
ချန် မိသားစု၏ တိုက်ရိုက် သခင်လေး ဖြစ်ပြီး၊ ပင်မ မျိုးနွယ်မှ ပါရမီရှင်များ သည်ပင်၊ သူနှင့် နှိုင်းယှဉ်၍ မရ နိုင်ဟု ဆိုကြ၏။
ထိုအချိန်က ရှောင်တျဲဟီကို ဆယ်ကြိမ် အတွင်း အနိုင်ယူ နိုင် ခဲ့သည်ဟု သတင်းများ ထွက်ပေါ် လာဖူးသည်။
သို့သော် ယင်းတိုက်ပွဲ အကြောင်း၊ မည်သူမျှ ထပ်မံ ပြောဆို လာခြင်း မရှိ သဖြင့်၊ ပဟေဠိ ဖြစ်ကုန် ကြသည်။
ချူးမူယန်နှင့် ယှဉ်လျှင် ချန်စီယုမှာ၊ ပို၍ ခံစားချက် ပြင်းနိုင်သည်။ သို့သော် ဂျီယံနှင့် ဂျီလင်း တို့ကို အနိုင်ယူ ခဲ့သဖြင့်၊ လင်းယွန် ကိုလည်း လျှော့မတွက် ဝံ့ ကြချေ။
ဤသတင်း ကြားကြားချင်း၊ လူတိုင်းက ချူးမူယန်နှင့် ယှဉ်နိုင်သော အခြားလူ တစ်ဦး ရှိနေကြောင်း၊ သိလိုက် ကြသည်။
ထို့ကြောင့် ချန်စီယုနှင့် ချူးမူယန်တို့၊ ပြန်လာမည့် အချိန်ကို လူအများ စိတ်ဝင်စား သည်မှာ၊ သဘာဝ ပေပင်။
သူတို့ အရည် အချင်းမှာ၊ စမ်းသပ် စရာ မလိုဘဲ၊ ပြန်ရောက်ရုံ ဖြင့်ပင် အုပ်စိုးရှင် ဂိုဏ်း များသို့၊ ဝင်ရောက် နိုင်မည် ဖြစ်သည်။
အထက်ပါ အကြောင်း အရာ များကို ဆွေးနွေး နေကြချိန် မှာပင်၊ ချူးမူယန်နှင့် ချန်စီယု တို့နှစ်ဦး၊ ချင်ရို့ယူထံ လည်ပတ်ရန်၊ ကြိုးစား နေသည်ကို၊ တစ်စုံ တစ်ယောက်မှ၊ မြင်တွေ့ သွားခဲ့သည်။
သို့သော် သူတို့ နှစ်ယောက်လုံး၊ ပျက်ယွင်းသော အမူအရာ များဖြင့်၊ ပြန်လည် ထွက်ခွာ လာကြ၏။
သူတို့ မျက်ဝန်း များ၌ သတ်ဖြတ် လိုသော အရှိန် အဝါ များပင် တောက်လောင် နေခဲ့သည်။
နှစ်ယောက်သား မြို့သို့၊ ပြန်ရောက် နေသည်မှာ ကြာပြီဖြစ် သော်လည်း၊ နိမ့်ကျသော ပုံရိပ်ကို တမင် ဖမ်းယူ ထားခြင်း ဖြစ်သည်။
သို့သော် ချင်ရို့ယူ၏ ငြင်းပယ်မှုကို ခံရ ပြီးနောက်၊ ထိုရည်ရွယ်ချက်မှာ ပျောက်ကွယ် သွားပြီး၊ နှလုံးသားထံ တိမ်မည်းများ အုပ်မိုး လာသည်ဟု၊ ခံစား လိုက်ရသည်။
အကြောင်းပြ ချက်ကို၊ လူတိုင်း သိ၏။ လင်းယွန် ကြောင့် ချင်ရို့ယူမှာ ဒေါသ မပြေ သေးချေ။ ယင်းမှာ ၎င်းတို့အား ငြင်းပယ်လျက်၊ အရှက်ရ စေသည် အထိ ဖြစ်လာ သည်။
***
ရေတံခွန် တောင်တန်းသည် ရေတံခွန် တည်းခိုဆောင်၏၊ ဝိညာဉ် တောင်တန်း ဖြစ်ပြီး၊ ထိုပိုင်ရှင်မှာ တောင်ထိပ်တွင် နေထိုင်သည်။
ချင်ရို့ယူပင် တောင်တန်း ကြီး၏ ခါးလည် ၌သာ နေနိုင် သောကြောင့်၊ ထိုလူ ရှိ-မရှိ မည်သူမျှ အတည် မပြု နိုင်ချေ။
သူမက တံခါးပိတ် ကျင့်ကြံ နေသည်ဟု ဆိုကာ၊ လာရောက် လည်ပတ် သူတိုင်းကို ငြင်းပယ် ခဲ့သည်။
ကောင်းကင် တောင်ကုန်း မြို့ အပေါ်၊ မကျေ မနပ် ဖြစ်နေကြောင်း ကလေးပင် သိလာ စေ၏။
သူမ၏ အရှက် တရား အတွက်၊ ကောင်းကင် တောင်ကုန်း မြို့မှ၊ ဖြေရှင်း ပေးလာမည့် အချိန် ကို၊ စောင့်ဆိုင်း နေခြင်း ဖြစ်သည်။
ဤအခိုက်တွင် ချန်စီယုနှင့် ချူးမူယန်မှာ လင်းယွန်အား သတ်ပစ် မည်ဟု မကြော်ငြာ ခဲ့သော်လည်း၊ မည်သူ မဆို ယင်းသို့ ဖြစ်လာ လိမ့်မည်ဟု၊ နားလည် လိုက်ကြသည်။
နောက်ဆုံးတွင် ပါရမီရှင် ခုနစ်ပါးလုံး လင်းယွန်ပေါ် လက်တင်ရန် ဆန္ဒရှိ နေကြပြီး၊ ကောင်းကင် တောင်ကုန်း မြို့၏ ဂုဏ်သတင်း ကို၊ ပြန်လည် အဖတ်ဆည် ပေးရန်၊ မျှော်လင့် လာကုန်သည်။
လေထု အတွင်း တင်းကြပ်မှု များဖြင့်၊ ကောင်းကင် တောင်ကုန်း မြို့မှာ၊ သုံးရက်ကြာ တိတ်ဆိတ် သွားပြန်သည်။
သုံးရက်ကြာ ပြီးနောက် တိမ်ယံကို ထိုးဖောက် သွားသော ဓားတစ်လက် ရုတ်တရက် ထွက်ပေါ် လာသည်။
ကောင်းကင် တောင်ကုန်း မြို့ရှိ မည်သူ တစ်ဦး တစ်ယောက်မျှ၊ ဤအရာနှင့် ပတ်သက်၍ ထိတ်လန့် သွားခြင်း မရှိ ကြချေ။
ယင်းမှာ ဓားဂိုဏ်း၏ လျှို့ဝှက် နယ်မြေ ပွင့်လာခြင်း ဖြစ်ကြောင်း သိနေ သောကြောင့် ဖြစ်သည်။
မိုးကြိုး စီရင်စု ဟူသည်၊ ဓားဂိုဏ်း၏ နယ်မြေ ပေါ်တွင် ဖွဲ့တည် ထားပြီး၊ ကောင်းကင် တောင်ကုန်း မြို့မှာ၊ ဝိညာဉ် တောင်တန်း ခုနစ်ခု အနက်၊ တစ်ခုကို အမှီသဟဲ ပြုထားခြင်း ဖြစ်သည်။
ထို့ကြောင့် လှို့ဝှက်နယ်မြေ ပွင့်ခြင်းမှာ၊ ၎င်းတို့ အတွက် မဆန်း တော့ခြင်း ပေပင်။ ဤသို့ မကြာ မကြာ ပွင့်လာ ခြင်းဖြင့်၊ အခွင့်ရေး ကောင်းများ ရရှိကြ ပေသည်။
၎င်းဖြစ်စဉ် ကြောင့်ပင်၊ မိုးကြိုး စီရင်စု၌၊ ဝိညာဉ် စွမ်းအင်များ သိပ်သည်း လာပြီး၊ လူတိုင်း သန်မာ လာရ ခြင်းလည်း ဖြစ်လေ သည်။
မီးနဂါး တောင်ကုန်း တစ်ရာ၌ ကျင့်ကြံ နေသော လင်းယွန်၏ မျက်ဝန်း ရုတ်တရက် ပွင့် လာပြီး၊ အဆိုပါ ဖြစ်စဉ်အား ကြည့်ရန်၊ ခေါင်းမော့ လာတော့သည်။
***