ခေါ်ဆောင် ရာလမ်း။
Vol. 50 Ch. 689
လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးကို၊ ဓားဂိုဏ်းမှ အုပ်စိုး ခဲ့သည်။
ရှည်လျားသော သမိုင်း ကြောင်းကြောင့်၊ ၎င်းနယ်မြေ ထွက်ပေါ် လာတိုင်း၊ မည်မျှ တန်ခိုး ထွားခဲ့ကြောင်း၊ သိရှိ နိုင်ပေ၏။
သို့သော် ထိုမျှ သန်မာသော ဂိုဏ်းကို၊ ‘ပြာ’ အဖြစ် လျော့ကျ သွားစေသည့်၊ အကြောင်းရင်း အပေါ်၊ မည်သူမျှ မသိ သည်မှာ၊ သဘာဝ မကျချေ။
ဓားဂိုဏ်း၏ တစ်စိတ် တစ်ပိုင်း အဖြစ် သတ်မှတ် ထားသော၊ ကောင်းကင် ဓားဂိုဏ်း ပင်လျှင်၊ မသိ ရှိဟု ဆို၏။
ဆိုလို သည်မှာ ဓားဂိုဏ်း ပျက်စီး ရသည့်၊ ဖြစ်စဉ်ကို တင်းတင်း ကျပ်ကျပ် လျှို့ဝှက် ထားကြ ချေပြီ။
ယင်းက ဓားဂိုဏ်း အပေါ်၊ လုပ်ကြံမှု တစ်ခု ရှိခဲ့ကြောင်း ထင်မြင် စေသော်လည်း၊ မည်သူမျှ အကျယ် တဝံ့ မဆွေးနွေး ကြချေ။
မည်သို့ပင် ဆိုစေ ကာမူ၊ ဓား ဂိုဏ်း၏ အပျက် အစီး နယ်မြေများ ပေါ်လာ သည်နှင့်၊ အထက်တန်းစား ဓားသမား များမှာ၊ အာရုံစိုက် ကြမြဲ ဖြစ်သည်။
ဓားဂိုဏ်းရှိ တပည့် တိုင်းမှာ၊ ဓားရေး ထက်ကြပြီး၊ ဓားတာအို၍ တုနှိုင်း မရသော အမွေများ ရရှိထား ကြ၏။
ထို့ကြောင့် ကံကောင်းမှု အနည်းငယ် သည်ပင်၊ ဓားသမားတိုင်း အတွက် ကြီးစွာသော အရင်း အမြစ် ဖြစ်လာ နိုင်ပေမည်။
အပျက်အစီး နယ်မြေ ထွက်ပေါ် လာတိုင်း၊ အနီးဝန်းကျင် မြို့များမှာ၊ စည်ကား သိုက်မြိုက် လာတက်သည်။ ကောင်းကင် တောင်ကုန်း မြို့အတွက်မူ ဆိုဖွယ် မရှိချေ။
ကောင်းကင် တောင်ကုန်းမြို့၊ ချန် စံအိမ်တော်။
လူငယ် နှစ်ဦး ဇရပ် တစ်ခုတွင် ရပ်နေ ကြ၏။ ၎င်းတို့မှာ ချန် မိသားစု၏ အတောက်ပဆုံး ကြယ်ပွင့် လေးများ ဖြစ်သည်။
ဓား အလင်းများ ဖြာထွက် နေသော တောင်တန်း ကြီးအား၊ ချန်စီယု တစ်ယောက် ငြိမ်သက်စွာ ငေးကြည့် နေသည်။
“ အစ်ကိုကြီး ...၊ ကြည့်ရတာ လျှို့ဝှက် နယ်မြေ နှစ်ရက် အတွင်း၊ ပွင့်လာမယ် ထင်တယ်။ ”
ချန်ရှောင်၏ မျက်လုံး များတွင်၊ စိတ်လှုပ်ရှားမှု များဖြင့် တောက်ပ လာပြီး၊ ချန်စီယုကို ကြည့်ကာ ဆိုသည်။
“ အစ်ကိုကြီး ... ၊ မင်း အချိန်မီ ပြန်လာ ခဲ့တာပဲ၊ အဲဒီမှာ ရှိတဲ့ အရာ အားလုံး၊ ငါတို့ သိမ်းပိုက် ပြီးရင်၊ လူတိုင်းကို နင်းဖြတ်ပြီး၊ အုပ်စိုးသူ သုံးဖွဲ့ထဲ၊ ဝင်နိုင်ပြီ။ ”
ကောင်းကင် တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီရှင် ခုနစ်ဦးမှာ၊ လင်းယွန် အပေါ်၊ ရန်ငြိုးထား ကြသော်လည်း၊ အချင်းချင်း ပြိုင်ဆိုင်မှု၊ ပြင်းထန် သည်။
တစ်ဦးထက် တစ်ဦး ကျော်လွန် လိုကြ သည်မှာ၊ သဘာဝ ပေပင်။ ချန်စီယုက ချန်ရှောင်ကို လှည့် မကြည့်ဘဲ၊
“ သေမင်း လေလံ ပွဲမှာ၊ မင်း အဲ့ဒီ လူကို ရှုံးနိမ့် ခဲ့တာ ငါကြားတယ်။ ”
ထိုစကားကြောင့် ချန်ရှောင် မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားပြီး၊ ခေါင်းညိတ်ပြ မိသည်။
သူနှင့် ယန်ပေါင်ဖေးတို့ ဒူးထောက် ခဲ့ရသော အဖြစ် အပျက်မှာ၊ ရှက်စရာ ကောင်း လောက်အောင် လူပြော များ လှချေသည်။
“ သူ့ ခွန်အားက ဘယ်လို ရှိလဲ ... ။ ”
ထိုသတင်း ကြားပြီး ဖြစ်သော်လည်း၊ ချန်ရှောင် ထံမှ အတွင်း စကား အချို့ ကြားချင် နေသေး သည်။
“ သူက ... အလယ်အလတ် ယန်အဆင့် မှာပဲ ရှိပါတယ်၊ ဒါပေမယ့် ရှန်ရှင်းဓားကို အပြည့် အဝ ကျွမ်းကျင် နေပြီ။ ”
သူ့တွင် သန်မာသော ဓား ရည်ရွယ်ချက် ရှိသော်လည်း၊ တစ်ဖက် လူအား ဓားတစ်ချက် တည်းဖြင့် ရှုံးနိမ့် ခဲ့သည်။
“ သူ ... သေရမယ်၊ ဒါကို မဖြေရှင်း နိုင်ရင် မရဏ သမီးတော်က ငါတို့ အပေါ်၊ စိတ်ပျက် သွား နိုင်တယ်။ ”
ချန်စီယုက အေးစက်စွာ ဆိုသည်။
“ အစ်ကိုကြီး တကယ်ပဲ၊ သတင်းတွေ ထွက် နေတာ အမှန်လား။ ”
သူ့ အစ်ကိုကြီးနှင့်၊ ချူမူယန် တို့ကို ချင်ရို့ယူမှ၊ ငြင်းဆို ခံရကြောင်း ကြားသိ ချိန်၌၊ မယုံ နိုင်ခဲ့ချေ။
ချန်စီယုက စကား တစ်ခွန်းမှ မဆိုဘဲ၊ ဆိတ်ဆိတ် နေခြင်းဖြင့်၊ တုန့်ပြန် လိုက်သည်။ ထို့ကြောင့် ချန်ရှောင် လေသံကို တိုးဖေျာ့ သွားစေ၏။
“ ဒါက ဟုတ်နေ လိမ့်မယ်လို့ မထင် ထားဘူး၊ အစ်ကိုကြီးရဲ့ အရည် အချင်းက သူနဲ့ ယှဉ်နိုင် ပါသေးတယ်၊ ဒီလောက် အထိ နှိမ့်ချ နေစရာ မလို ပါဘူး။ ”
ချင်ရို့ယူမှာ အလင်း အမှောင် လမင်း ကမ္ဘာ၏ သမီးတော် အဖြစ်၊ မြင့်မြတ်သော အဆင့် အတန်း တစ်ခု ပိုင်ဆိုင် ထားသည်။
ချန်ရှောင် ကဲ့သို့ လူငယ် မျိုးမှာ သူမနှင့်၊ နှိုင်း မယှဉ်နိုင် သော်လည်း၊ သူ့ အစ်ကိုကြီးတွင် ထိုသို့သော အခွင့် အရေး ရှိချေသည်။
ချန်စီယုက ချန်ရှောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး၊
“ မင်း ဘာသိ လို့လဲ၊ အရည်အချင်း အရ နှိုင်းယှဉ်လို့ ရပေမယ့်၊ သူ့ အဖေက အလင်း အမှောင် လမင်း ကမ္ဘာရဲ့ ဂိုဏ်းချုပ်ပဲ၊ ... ”
“ ... သူမရဲ့ အလှကြောင့် မရဏ သမီးတော် ဘွဲ့ရထား တယ်လို့၊ မင်းထင် နေတာလား၊ သူ့ အဖေက လူမြင်ကွင်းထဲ ထွက် မလာတာ ကြာပြီ၊ ... ”
“ ... ကြားထားတဲ့ သတင်း အရဆို အင်ပါရီယန် တစ်ပါး ဖြစ်နေပြီ၊ ဒါကြောင့် ချူးမူယန်နဲ့ ငါက၊ သူနဲ့ ရင်းနှီးဖို့ မျှော်လင့်နေ မိ တာပဲ။ ”
ချင်ရို့ယူ ဖခင်မှာ၊ အင်ပါရီယန် တစ်ပါး ဖြစ်နေ လိမ့်မည်ဟု၊ မတွေးထား မိသောကြောင့် အသက်ရှူ ကြပ်သွားသည်။
ထို့ကြောင့် ချင်ရို့ယူ၏ အသွင်မှာ၊ လူတိုင်း အပေါ်၊ မောက်မာ နေခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး ဆုံးရှုံး သွားချိန် မှာပင်၊ လှုပ်ရှားရန် ဆန္ဒ မရှိ ခဲ့ချေ။
“ ဟမ့် ... ၊ ချင်ရို့ယူကြောင့် မဟုတ် ရင်တောင်၊ မင်းကို ဒူးထောက် ခိုင်းပြီး၊ ငါတို့ မိသားစုရဲ့ နက်နဲ ခေါင်းလောင်းကို ဖျက်ဆီး ပစ်ခဲ့တဲ့ အပေါ်၊ ပေးဆပ် ခိုင်းရ လိမ့်မယ်။ ”
ဤစကားကို ပြောနေစဉ် ချန်စီယု မျက်လုံး များက၊ စူးရှစွာ တောက်ပ လာသည်။ သူ့ ဝန်းကျင်၌ ရေခဲ မြူများ အလွှာ တစ်ခု သဖွယ် သိုင်းဖွဲ့ လာ၏။
ယင်းမှာ ချန် မိသားစု၏ ရေခဲ ကျောက်ဆောင် သုတ္တန်ကို၊ မြင့်မြင့် မားမား ဆုပ်ကိုင် ထားနိုင် ပြီးနောက်၊ ထွက်ပေါ် လာမည့် ဖြစ်စဉ် ဖြစ်သည်။
“ ဒါပေမယ့် ... ပါရမီရှင် ခုနစ်ဦး စလုံး ရှိနေ မှတော့၊ ရှန်ရှင်းဓား ရှိရင်တောင် သူ ပြန်လာ ရဲတော့မယ် မထင် ပါဘူး။ ”
ချန်ရှောင်က သုံသပ် စကား ဆို၏။
“ ရှန်ရှင်းဓားက အစွမ်းထက်ပြီး၊ ဖိနှိပ်ရ ခက်ခဲတယ်၊ ဒီလိုမှ ဟုတ်ရင် နန်းဂွန်းဝမ်းယူက ထိပ်ဆုံး ဆယ်ယောက်ထဲ ရှိနေမှာ မဟုတ်ဘူး။ ”
ချန်စီယုက သူ့ စကားကို ခဏရပ် လိုက်ကာ၊
“ မင်းရဲ့ အမြင်က ကျဉ်းလွန်းတဲ့ အတွက် ဒါက ဘယ်လောက် ကြောက်စရာ ကောင်းလဲ မင်း မသိဘူး၊ ဒါပေမယ့် ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ”
သူ့ စကားက ချန်ရှောင်ကို စိတ် သက်သာရာ မရ စေဘဲ၊ သံသယ များသာ ဝင်ရောက် လာစေ တော့သည်။
လင်းယွန် ဓားမှာ၊ သတိရ ချိန်တိုင်း၊ သူ့ ဦးရေပြား တစ်ခု လုံးကို ထုံကျင် သွားစေသည်။ ၎င်းအား ကိုင်တွယ် ဖြေရှင်းရန်၊ အမှန်တကယ် နည်းလမ်း ရှိနေခြင်း ရှိ-မရှိ သူမသိချေ။
သို့သော် သူ့ အစ်ကိုကြီးမှ ဆိုပြီး နောက်တွင်၊ အမှန်ပင် ဖြစ်နိုင် ပေမည်။
“ သူ ... ထွက်ပြေး သွားပြီလား စိတ် မပူနဲ့၊ ငမွဲ တစ်ယောက်က ရတနာ သိုက်ကို လက်မလွှတ် နိုင်ပါဘူး၊ အထူး သဖြင့် ... ”
“ ... သူက ဓားသမား တစ်ယောက် ဖြစ်တဲ့ အတွက်၊ ဓားဂိုဏ်း နယ်မြေကို စွန့်လွှတ် ရတာ ထက်၊ သူ့ အသက် ဆုံးရှုံး ဖို့သာ ရွေးလိမ့်မယ်။ ”
ချန်စီယုက ခရမ်းရောင် ဝတ်ရုံစကို၊ ဟန်ပါပါ ရုတ်သိမ်း လိုက်ပြီး ဆိုသည်။
ချန်ရှောင် အနေ ဖြင့်၊ ချန်စီယု ကဲ့သို့ မထက်မြတ် လှသည် ဖြစ်ရာ၊ ထိုစကား များကို နားမလည် နိုင်ခဲ့ချေ။
“ သူက ဒီအထိ လာနိုင်တဲ့ အတွက်၊ ထက်ရှတဲ့ ဓားသမား တစ်ယောက် ဆိုတာ သေချာ ပါတယ်၊ ဒါပေမယ့် ... ”
“ ... သနား စရာပဲ၊ သူ့ထက် မောက်မာတဲ့ ဓားသမား တွေကို ငါသတ် ခဲ့တာ မနည်း တော့ဘူး၊ သူ့သာ မသေရင် ငါ့ မိသားစုကို အရှက်ရ စေလိမ့်မယ်။ ”
ပေါ့ပေါ့ ပါးပါး အမူ အရာဖြင့်၊ ချန်စီယုက ကောင်းကင်ပေါ် ထိုးတက် နေသော ဓားအလင်း ကြီးထံ၊ ငေးကြည့် လိုက်သည်။
သူ့ ဘေးတွင် ရပ်နေသော ချန်ရှောင်ပင်၊ လင်းယွန်အား အရှက်ခွဲ နေသည့် မြင်ကွင်းမျိုး မြင်ယောင် လာပြီး၊ သွေးများ ပွက်ပွက်ဆူ လာတော့၏။
***
မီးနဂါး တောင်တန်း တစ်နေရာတွင်။
ချိုင့်ဝှမ်း တစ်ခု အတွင်း၌၊ လျှပ်စီးများ ဖုံးလွှမ်းလျက် လင်းယွန် တစ်ယောက် ထိုင်နေ ၏။
ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး၊ အသက် ပြင်းပြင်း ရှူ လိုက်သည်။ မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လျက်၊ သူ့လက် ထဲရှိ ကြေမွှ နေသော၊ လျှပ်စီး ငါးပါး သလင်းကျောက် အမှုန့် များကို ဖြည်ချ လိုက်သည်။
လွန်ခဲ့သော ဆယ်ရက် အတွင်း၊ လျှပ်စီး ငါးပါး သလင်းကျောက် လက်ကျန် များကို သန့်စင် နေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး သလင်း ကျောက်ကို သန့်စင် ပြီးချိန်၌၊ လျှပ်စီး နဂါး ရူရ်မှာ ကိုးလုံး အထိ တိုးပွား လာသည်။
နဂါး ကိုးကောင်က၊ အရေပြား တစ်လျှောက် ဖြတ်သန်း ပြေးလွှား နေသည်။ ကြွက်သား အမြောင်း မြောင်းဖြင့်၊ ခန္ဓာ ကိုယ်မျိုး မဟုတ် သော်လည်း၊ ပေါက်ကွဲ စွမ်းအားများ ပြည့်လျှံ နေသော၊ နဂါး စွမ်းအင်ကို ပိုင်ဆိုင် ထားချေ သည်။
ရုတ်တရက် ကောင်းကင်နှင့် မြေကြီး လှုပ်ခတ်နေ သကဲ့သို့၊ သိမ့်သိမ့်ခါ သွား၏။ ဤသည်မှာ အထွတ် အထိပ် ယန် အဆင့်သို့ ရောက်ရှိရန်၊ အခွင့် အရေး တစ်ခုသာ လိုအပ်ကြောင်း ပြသ လာခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က ကောင်းကင်သို့၊ ထိုးတက် လာခဲ့သော ဓားအလင်း တိုင်ကြီးကို၊ ထပ်မံ မော့ကြည့် လိုက်မိသည်။
၎င်းမှာ လျှို့ဝှက် နယ်မြေ တစ်ခုထံ၊ ဦးတည် နေသော လမ်းကြောင်း တစ်ခု ဖြစ်၏။ ထိုလမ်းကြောင်း အတွင်းမှ၊ ဆိုးရွားသော ရောင်ဝါ အချို့၊ ထွက်ပေါ် နေသည်ကို သူမြင် နိုင်သည်။
“ ဒါ ... လျှို့ဝှက် နယ်မြေပဲ။ ”
မိုးကြိုး စီရင်စုသို့ ရောက်ရှိ လာသော ရည်ရွယ်ချက်မှာ၊ အောင်မြင်မှု တစ်ခု ရယူရန် ဓားဂိုဏ်းအား လိုက်ရှာ လိုချင်း ဖြစ်သည်။
သခင့်ဓား ဟူသည်၊ ထိုဓားဂိုဏ်းမှ ဆင်းသက် လာခြင်း ဖြစ်၏။ သို့သော် ၎င်း အရပ်၌ ကောင်းကင် တောင်ကုန်းရှိ အင်အားစု တိုင်းက၊ သူ့အား စောင့်မျှော် နေပေမည်။
ကောင်းကင် တောင်ကုန်း မြို့မှာ၊ မြောက်များ စွာသော သွေးဆောင်မှု များဖြင့်၊ ပြည့်နေ သော်လည်း၊ လက်သည်း ဝှက်ထား သည့်၊ ကျားနှင့် တူ၏။
ထိုခရီးတွင် အန္တရာယ်များ စောင့်ကြို နေမည်ကို၊ သူ သိသည်။ သို့သော် အကြီးအကဲ များ မပါဝင် သရွေ့၊ ပြဿနာ မရှိချေ။
ပထမ တန်းစား ပါရမီရှင် ခုနစ် ယောက် ကိုပင်၊ ရင်ဆိုင်နိုင် မည်ဟု ယုံကြည်သည်။
ဓားသမား တစ်ဦး အနေဖြင့်၊ ဓားအား ပို၍ ထက်ရှ စေရန် အတွက်၊ အစွယ်ကို မွေးမြူ ထား ရပေမည်။
***