← Chapters

အတား အဆီး။

Vol. 50 Ch. 690

အတား အဆီး။

Vol. 50 Ch. 690

ကောင်းကင် တောင်တန်း ကြီးမှ ထွက်လာသော ဓားရောင်ခြည်မှာ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင် ပညာရှင် ကိုပင် သိမ်ငယ် သွားစေသည်။

လွန်ခဲ့သော နှစ်ရက် ကထက်၊ ဓားရောင်ခြည်များ ပို၍ သိပ်သည်း လာသည်။ ပြင်းထန် လွန်းသော ဖိအားကြောင့်၊ လူတိုင်းက အနား မကပ် ရဲဘဲ၊ အဝေးမှ စောင့်မျှော် နေချေ၏။

မိုးကြိုး စီရင်စုတွင် လျှို့ဝှက် နယ်မြေ တစ်ခု ထွက်ပေါ် လာတိုင်း၊ ကျင့်ကြံသူ တိုင်း၏ အာရုံ အား၊ ဆွဲဆောင်မည် ဖြစ်သည်။

ကောင်းကင် တောင်ကုန်း မြို့မှာ၊ မိုးကြိုး စီရင်စုရှိ အဓိက မြို့ကြီး ခုနစ်မြို့ အနက်မှ တစ်မြို့ ဖြစ်ပြီး၊ ကောင်းကင် တောင်တန်းကို အမှီ ပြုကာ တည်ထောင်ထား ပေသည်။

ကောင်းကင်တောင်တန်း ဟူသည်၊ ဓားဂိုဏ်း၏ အခြေခံ အုတ်မြစ်များ အနက်မှ တစ်ခု ဖြစ်သဖြင့်၊ မြို့ကြီးမှာ အခြားသော စီရင်စု မြို့တော် များထက် အားနည်းခြင်း မရှိချေ။

ကြက်ပျံ မကျ စည်ကား နေတက်ပြီး၊ မည်မျှ ခိုင်မာသော အုတ်မြစ် ရှိသည်ကို အဝေး မှပင် မြင် နိုင်သည်။

ဓားရောင်ခြည် အောက်ရှိ လွင်ပြင်၌၊ လူအုပ်ကြီး စုရုံး နေ၏။ သေမင်း လေလံပွဲနှင့် နှိုင်းယှဉ် ရပါလျှင်၊ လျှို့ဝှက် နယ်မြေမှာ၊ ပို၍ ဆွဲဆောင် နိုင်ချေသည်။

အချို့သော အထက် တန်းစား များက၊ ပျံသန်း နိုင်သော သားရဲ များကို စီးနင်းလျက် ဓားရောင်ခြည်အား လေ့လာ နေကြသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ဆွံ့အ သွားမိ၏။ ဓားရောင်ခြည် အတွင်းမှ၊ သိပ်သည်းသော စွမ်းအင် အတက် အကျကို၊ သူ ခံစား နိုင်သည်။

ဓားဂိုဏ်းမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ အုပ်စိုးရှင် ဖြစ်ရန် အမှန် တကယ် ထိုက်တန် ပေ၏။

ဤဓားရောင်ခြည် တစ်စင်း ဖြင့်ပင်၊ သူတို့ မည်မျှ တန်ခိုးထွား ခဲ့သည်အား၊ ခန့်မှန်း ပေးနိုင် သည်။

အဓိက မျိုးနွယ်စု လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းမှာ၊ ဤနေရာ၌ ရှိနေ မည်ကို သိ သောကြောင့်၊ ရူးရူး မိုက်မိုက် မလှုပ်ရှား ရဲချေ။

ကွင်းပြင် အတွင်း၌၊ လှံ ကိုယ်စီ ထမ်းပိုး ထားသော လူငယ် အများက၊ တစ်စုံ တစ်ဦးအား ရှာဖွေ နေပုံဖြင့်၊ လူအုပ်ကို စစ်ဆေး နေသည်။

“ ငါ့ကို ရှာနေ တာလား။ ”

လူအင်အား အရ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှာ၊ မျိုးနွယ်စု လေးစုထက် သာ၏။

ထို့ကြောင့် အင်အားစု အသီးသီးက တစ်စုံတစ်ရာ ရှာလို ပါက၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း အပေါ်၊ အားကိုးမည် ဖြစ်သည်။

သို့သော် ထိုမျိုးနွယ်စုများ သည်လည်း၊ ငြိမ်သက် နေခြင်း မရှိချေ။ အင်အား များစွာ သုံးပြီး၊ ဖြန့်ကျက် ထားပေသည်။

ရုတ်တရက် ပြင်းပျသော ဖိအား နှင့်အတူ ပုံရိပ် နှစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။

“ ဂျီညီ အစ်ကို ... ။ ”

၎င်းတို့ နှစ်ဦးမှာ ဂျီကျန်းနှင့် ဂျီယီ ဖြစ်ပြီး၊ ဂျီမိသားစု၏ ကြယ်နှစ်ဖော် အဖြစ်၊ လူ သိများ ချေ၏။

အလယ်အလတ် ကျင့်ကြံမှုကို ပိုင်ဆိုင် ထားပြီး၊ နယ်ပယ် တူ၌ ပြိုင်ဘက် ကင်းသည်ဟု သတင်း ကြီးနေ ပေ၏။

“ အူယန်ဟောင်လည်း လာပြီ။ ”

ထက်ရှသော လှံ တစ်စင်းကို သိုင်းလွယ် ထားသည့် လူငယ် တစ်ဦး၊ ထပ်မံ ရောက်ရှိ လာသည်။

ထိုလူငယ်မှာ ပါရမီရှင် ခုနှစ်ပါး အနက်၊ လင်းယွန်အား သတ်ပစ် မည်ဟု ဦးစွာ ပြောဆို လာသူလည်း ဖြစ်၏။

ထို့နောက်တွင်၊ ချင်ရှုနှင့် ဂူယန် တို့ ထပ်မံ ရောက်ရှိ လာသည်။ သူတို့ ငါးဦးမှာ အဆင့် တူ၌ ဖြစ်ပြီး၊ မတူ ခြားနားသော၊ မှိန်ဖျော့ဖျော့ အလင်းများ၊ ထုတ်ဖော် ထားပေ၏။

၎င်းတို့ ငါးဦးက ရှေ့ဆုံးမှ ရပ်လျက်၊ လျှို့ဝှက် နယ်မြေ ပွင့်ချိန်၌၊ ဦးစွာ ဝင်ရောက်ရန်၊ စောင့်ဆိုင်း နေလေသည်။

တစ်ဖက်တွင် ဓားရောင်ခြည်မှ၊ ကြီးမားသော ဖိအားကို ထုတ်လွှတ် နေသဖြင့်၊ လူတိုင်း အနား မကပ်နိုင် ကြချေ။

ထို့ကြောင့် သူတို့ ဆန္ဒ ရှိလျှင်ပင်၊ ပါရမီရှင်များ နောက်မှသာ ဝင်ရောက် နိုင်မည် ဖြစ်၏။

“ သူတို့က ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ယောက်ပဲ ဖြစ်မယ်။ ”

ထိုငါးဦး ဆီမှ သိပ်သည်းသော ရောင်ဝါကို ခံစား နိုင်သဖြင့်၊ လင်းယွန် တစ်ယောက် အတွေးနက် သွားသည်။

သူတို့ အားလုံးမှာ ဓား ရည်ရွယ်ချက်ကို ဖြေရှင်း နိုင်စွမ်း ရှိကြောင်း၊ ရှင်းရှင်း လင်းလင်း သတိ ထားမိသည်။

“ ငါ့ ... ဓား ရည်ရွယ်ချက်နဲ့ ရင်ဆိုင် ရတဲ့ အချိန်မှာ၊ ဒီလိုပဲ မောက်မာ နိုင်ဦး မလား၊ သိချင် မိတယ်။ ”

ရှန်ရှင်း ဓားကို အပြည့်အ၀ ကျွမ်းကျင် ထားပြီး ဖြစ်သဖြင့်၊ တိုက်ပွဲ ဆန္ဒများ တဖွားဖွား ဖြစ်ပေါ် လာသည်။

ဓားသုတ္တန်၊ သခင့်ဓား တို့ဖြင့် ပံ့ပိုး ထားသော၊ သူ၏ ရှန်ရှင်းဓားမှာ၊ သာမန် ရှန်ရှင်း ဓားများနှင့်၊ တူညီ တော့မည် မဟုတ်ချေ။

ရုတ်တရက် လူအုပ် ကြီးမှာ၊ ‘ကျွက်ကျွက်ညံ’ လာပြန် သဖြင့်၊ အတွေးများ ပြတ်သွား မိသည်။

မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြုလျက်၊ ဥက္ကာပျံ နှစ်စင်း ကဲ့သို့၊ ပုံရိပ် နှစ်ရိပ် ဖြတ်ကျော် ပျံသန်း လာခြင်း ဖြစ်၏။

“ ချူး မူ ယန် ... ။ ”

“ ချန် စီ ယု ... ။ ”

၎င်းတို့ နှစ်ဦးက မြေပြင်ပေါ် ရောက်သည်နှင့်၊ လူအုပ် ကြီးကို လျစ်လျူရှုပြီး၊ အချင်းချင်း ပြန်ကြည့် လိုက်ကြသည်။

ကောင်းကင် တောင်ကုန်း၏ ပထမ တန်းစား ပါရမီရှင်များ ကြားတွင်၊ ဒဏ္ဍာရီ ဆန်ဆန် ရပ်တည် ထား နိုင်သော ပုဂ္ဂိုလ်များ ပေပင်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးကို ကြည့်ပြီး၊ လူတိုင်း စိတ်လှုပ်ရှား လာတော့၏။

“ သူတို့ တကယ် ပြန်ရောက် နေတာပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်၊ ပိုအားကောင်း လာမှာကို ကြောက်မိတယ်။ ”

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ သူတို့ကို တိုက်ရိုက် ကြည့် ဖို့တောင် မဝံ့ဘူး။ ”

“ သူတို့ လူစုံ နေပြီ၊ ကြည့်ရတာ ... လျှို့ဝှက် နယ်မြေထဲ မ၀င်ခင်မှာ၊ လင်းယွန်ကို သတ်ပစ် ကြမယ် ထင်တယ်။ ”

“ မဟုတ်တာ ... မင်း အတွေး လွန်နေပြီ၊ သူတို့ ခုနစ်ယောက်က လင်းယွန်ကို မျက်လုံးထဲ ဘယ်လိုလုပ် ရှိမှာလဲ၊ ... ”

“ ... သေချာတာ ကတော့ လျှို့ဝှက် နယ်မြေထဲကို သူတို့ အရင်ဝင် ကြလိမ့်မယ်၊ ဒါက လင်းယွန်ထက် ပိုအရေး ကြီးတယ်။ ”

ပါရမီ ခုနစ်ဦးမှ စောင့်မျှော် နေမည် ဟူသော အတွေးမှာ၊ လင်းယွန် အပေါ် အထင်ကြီး လွန်းရာ ကျပေမည်။

ပါရမီရှင် ခုနစ်ပါး အနက်၊ ချန်စီယုနှင့် ချူးမူဟန်ပင်၊ လှုပ်ရှားရန် မလို အပ်ဟု သူတို့ ထင်ခဲ့ ကြသည်။

ထို့ကြောင့် လင်းယွန်သာ ထွက်ပေါ် လာပါက၊ သေရပေ လိမ့်မည်။

လူတိုင်း၏ အကြည့် အောက်တွင် ချူးမူဟန်နှင့် ချန်စီယုတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး၊ ရှေးတိုး သွားသည်။

ချန်စီယု ခန္ဓာတွင် မြူမှုန်များ ဖုံးလွှမ်း နေပြီး၊

“ မင်းတော်တော် မြန်တာပဲ။ ”

-ဟု ဆိုလိုက်ရာ၊

“ မင်းလည်း တူတူပဲ။ ” -ဟု ချူးမူဟန်က ပြုံးလျက် ခေါင်းညိတ် လိုက်သည်။

ခရမ်းရောင် လှံ တစ်စင်းကို ထမ်းပိုးလျက် ကြီးစိုးစွာ လျှောက်လာ ခဲ့သည်။ ထိုလှံမှာ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ၊ အမွေခံ ရတနာ တပါး ဖြစ်၏။

၎င်းကို ‘မရဏ အရိပ်’ အဖြစ် ခေါ်ဆိုပြီး၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ သမိုင်း တစ်လျောက် အထူးချွန်ဆုံး တပည့် များသာ ကိုင်စွဲခွင့် ရှိလေသည်။

ထိုအချိန်က နန်းဂွန်း ဝမ်းယူ၏ တိုက်ခိုက်မှု (၃၂) ကြိမ်ကို ခံနိုင်ရည် ရှိရန်၊ ဤလှံ အပေါ်၊ အားကိုး ခဲ့ရသည်။

အက်ကွဲ ကြောင်းများ၊ စတင် ပျံ့နှံ့ လာသဖြင့်၊ ကောင်းကင်က ဓားရောင်ခြည်ကို လူတိုင်း မော့ကြည့် လာ ကြသည်။

ဤအချိန်မှာ ဝင်ရောက်ရန် အကောင်းဆုံး အချိန် ဖြစ်၏။

“ သွား ရ အောင်။ ”

စကားဆုံး သည်နှင့် ချူမူဟန်က အလင်းတန်း အသွင် ပြောင်းလဲကာ၊ လျှို့ဝှက် ဘုံသို့၊ ပျံသန်း သွားခဲ့သည်။

အက်ကြောင်းမှာ လုံးလုံး လျားလျား မပွင့်သေးဘဲ၊ ချူမူဟန် တစ်ယောက် စတင် လှုပ်ရှားလာ သဖြင့်၊ လူတိုင်း ထိတ်လန့် ကုန်၏။

လျှို့ဝှက် နယ်မြေ အနား ရောက်သည်နှင့်၊ ဓားရောင်ခြည်ထံ လက်ဖဝါး တစ်ချက် ပစ်လွှတ် လိုက်သည်။ ထို့နောက် ချန်စီယုက ပြုံးလျက် နောက်မှ၊ လိုက်ပါ သွားတော့၏။

“ သွား ရ အောင်။ ”

အခြားသော ပါရမီရှင် ငါးဦး သည်လည်း၊ လောဘ ရောင်များ တဖျပ်ဖျပ် တောက်ပပြီး၊ အလားတူ စတင်လာ ကြသည်။

ချူမူဟန်နှင့် ချန်စီယု တို့လောက် မမြန် သော်လည်း၊ လူတိုင်းထက် များစွာ မြန်နေမြဲ ဖြစ်၏။

“ တကယ်ပဲ ပထမ တန်းစား ပါရမီရှင် ခုနစ်ဦး ဖြစ်ဖို့၊ ထိုက်တန် ပါပေတယ်၊ တစ်ဦး ချင်းစီ ကကို မယုံနိုင် လောက်အောင် ကြောက်စရာ ကောင်းတယ်။ ”

ဤမြင်ကွင်းကြောင့် လူတိုင်း ပျံသန်း လိုက်ကြသည်။ သူတို့ အားလုံးမှာ၊ အလယ် အလတ် ယင်-ယန် အဆင့် ကျွမ်းကျင် သူများ ဖြစ်၏။

သို့သော် ပါရမီရှင်များ နည်းတူ၊ လျှို့ဝှက် နယ်မြေ ထဲသို့ ဝင်ရန် မလွယ် နိုင်သေးချေ။ လှုပ်ရှားသူ အများ အပြားမှာ သွေးအန်လျက်၊ နောက်ပြန် လွင့်စင် ကုန်ကြသည်။

လူ အနည်းငယ် သည်သာ ပါရမီ ခုနစ်ပါး နည်းတူ ဝင်ရောက် သွားနိုင်သည်။ ထိုမြင်ကွင်းက ကျန်ရစ် နေသေးသော လူအုပ်ကို တွန့်ဆုတ် သွားစေ၏။

နောက်ဆုံးတွင် စောင့်ဆိုင်း လျက်၊ ကံကောင်းရန် ကိုသာ ဆုတောင်း နေမိ ကြသည်။

“ ငါ ဝင်သင့်လား ... ဟမ့်၊ စမ်းကြည့်မှ သိမယ် ထင်တယ်။ ”

လင်းယွန်က တောင်ကုန်း ပေါ်မှ နေ၍၊ လူအုပ်ကို ကျော်လွန်ကာ၊ ရွှေရောင် အလင်း အသွင်၊ ဆင်းသက် လိုက်သည်။

ရုတ်တရက် ထွက်ပေါ် လာသော လင်းယွန်ကြောင့်၊ လူအများ စု၏ အာရုံမှာ၊ စုပြုံ လာတော့သည်။

“ မင်း ... ဓားကျွန်ကောင်၊ မင်းဒီမှာ မျက်နှာ လာပြဖို့ သတ္တိ ရှိလား။ ”

ချန်ရှောင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။ သေမင်း လေလံတွင် သူ ခံစားခဲ့ ရသော အရှက် တရားကြောင့်၊ လင်းယွန် အပေါ် မုန်းတီး ခြင်းမှာ၊ အဆုံး မရှိချေ။

အစောပိုင်း အချိန်ထိ လင်းယွန် ပေါ်ထွက်လာ ရဲမည် မဟုတ်ကြောင်း၊ ယူဆ ထားသည်။

သို့သော်၊ သူ့ အစ်ကိုကြီး ဟောကိန်း ထုတ်ထားသည့် အတိုင်း၊ လင်းယွန်မှာ အမှန် တကယ် ရောက်ရှိ လာခဲ့၏။

ကောင်းကင် တောင်ကုန်း မြို့မှ၊ အဆိုပါ နာမည်ကို သိနေ ကြ သော်လည်း၊ လင်းယွန် အား မမြင်ဖူး သူများ ရှိချေသည်။

ထို့ကြောင့် အသစ် ရောက်ရှိ လာသော လူငယ်ထံ၊ ချက်ချင်း စူစမ်း လိုက်တော့ သည်။

***

All Chapters