← Chapters

ဘယ်လိုများ အရှက်မဲ့ လိုက်လဲ။

Vol. 50 Ch. 691

ဘယ်လိုများ အရှက်မဲ့ လိုက်လဲ။

Vol. 50 Ch. 691

ချန်ရှောင်၏ ဟောက်သံတွင် ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက် နေပြီး၊ လင်းယွန် ဆီသို့ လူတိုင်း၏ အာရုံကို၊ လွှဲပေး လိုက်သည်။

“ အို ... တကယ် လင်းယွန်ပဲ၊ သူလာ ဝံ့ တယ်။ ”

“ ပါရမီရှင် ခုနစ်ပါး ရှိတာတောင် သူ လာရဲတယ်၊ သူက ငါတို့ ကောင်းကင် တောင်ကုန်း မြို့ကို ငုံ့ကြည့် နေတာပဲ။ ”

“ ဒါက လွန်လွန်းတယ်။ ”

“ အခုချိန် ပါရမီရှင်တွေ ထဲက တစ်ယောက်သာ ရှိခဲ့ရင်၊ သူ့ကို ခွေး တစ်ကောင် လို၊ ရိုက်နှက် ပစ်မှာ အမှန်ပဲ။ ”

“ ဒီကောင်က ပါးနပ်တယ်၊ ပါရမီရှင် ခုနစ်ပါး ထွက်သွား ပြီးမှ၊ လာတာ ကိုပဲ ကြည့်။ ”

ကောင်းကင် တောင်ကုန်း မြို့မှ ကျင့်ကြံသူ များက၊ လင်းယွန်ကို မြင်သော အခါတွင် ဒေါသ တကြီး ဖြစ်ကုန် ကြသည်။

ရှောင်တျဲဟီက ချန်ရှောင် အနား တိုးကပ်သွားပြီး၊ မည်းမှောင်သော မျက်နှာဖြင့်၊ လင်းယွန်ထံ လှမ်းကြည့်သည်။

သေမင်း လေလံတွင် သူ့ ထွက်ပေါ်လာ ချိန်၌၊ လူတိုင်းက မျှော်လင့်သည်။ သို့သော် သုံးကြိမ် တိုင်တိုင် လှုပ်ရှားပြီး နောက်တွင်ပင်၊ လင်းယွန်အား အနိုင် မယူနိုင် ခဲ့ချေ။

ယင်းက ချင်ရို့ယူ ထံမှ လျစ်လျူရှု ခြင်းကို ခံလိုက် ရစေ၏။

“ မင်း ... လာရဲ သေးတယ်လား၊ ညီအစ်ကို စီယုရဲ့ တောင်းဆိုချက် အရ ...၊ ငါ မင်းကို ဒီမှာ စောင့်နေတာ။ ”

သူ့ အသံတွင် သတ်ဖြတ်ခြင်း အငွေ့ အသက်များ ပါဝင်ကာ၊ အေးစက် နေချေသည်။ နောက်ဆုံးတွင် လင်းယွန်မှာ အတွင်း အဆင့်၊ ပါရမီရှင် များနှင့် ပြိုင်နိုင်သော၊ အနေ အထား၌ မရှိပေ။

လျှို့ဝှက် နယ်မြေ ထဲသို့ ဝင်ရောက်ရန် အတင်းအကြပ် ကြိုးစား ပါက၊ သေခြင်း တရား အပေါ်၊ ချစ်မြတ်နိုး ခြင်းသာ ဖြစ်ပေမည်။

“ ဟီး ဟီး ... ၊ အစ်ကိုရှောင် ရောက်လာ မှတော့ ဒီကနေပဲ၊ ပွဲကြည့် လိုက်တော့မယ်။ ”

ကောင်းကင် တိမ်လွှာ ဂိုဏ်း၏၊ ဦးတည်ရာ အရပ် ဆီမှ နေ၍၊ လူငယ် တစ်ယောက် ရှေ့တိုး လာပြီး၊ ရုတ်တရက် စကား ဆိုလိုက်သည်။

လှံရှည် တစ်စင်းကို ကိုင်ဆောင်ကာ၊ အလယ် အလတ် ယင်-ယန် အဆင့် အရှိန် အဝါများ ထုတ်လွှတ် ထား၏။

“ အဲဒါ လုတောင်း ပဲ ... ။ ”

ကောင်းကင် တိမ်လွှာ ဂိုဏ်းတွင်၊ တတိယ အဆင့်၌ ရပ်တည် ထားနိုင်သော၊ အမာခံ တပည့် တစ်ဦး ဖြစ်သည်။

သို့သော် အူယန်ဟောင်နှင့် ချူးမူယန် တို့က သူ့အပေါ် လျစ်လျူရှုထား ပေ၏။ ထို့ကြောင့် အခွင့်အရေးကို စောင့်လျက်၊ တစ်ချိန်လုံး ကျင့်ကြံ နေခဲ့သည်။

“ ကောင်းကင် တောင်ကုန်း ဂိုဏ်းက၊ တကယ်ပဲ ပါရမီရှင် တွေနဲ့ ပြည့်နှက် နေတယ်။ ”

“ လုတောင်းက ... ၊ ပထမ တန်းစား ပါရမီရှင် အဆင့်ကို တက်လှမ်းဖို့၊ အချိန်သိပ် မလို တော့ဘူး။ ”

“ လင်းယွန် ... အခု ထွက်ပြေးနိုင် တော့မှာ မဟုတ်ဘူး။ ”

လင်းယွန်နှင့် တိုက်ခိုက်ရန် လုတောင်း သည်လည်း ဆန္ဒ ရှိနေ ခဲ့သောကြောင့်၊ လူအုပ် ကြီးမှာ စိတ်လှုပ်ရှား လာသည်။

“ ဟား ဟား ၊ ဒီမှာ အစ်ကိုရှောင် ရှိနေမှ၊ လင်းယွန်ကို အနိုင် ယူဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ”

“ အမှန်ပဲ ... ဘာပဲ ဖြစ်ဖြစ် လင်းယွန်ကို မသတ်ခင်၊ အစ်ကို ရှောင်က ညှဉ်းပန်း နှိပ်စက် လိမ့်မယ်။ ”

မျိုးနွယ်စု အသီးသီးမှ အထက်တန်းစား များ၏၊ ဆွေးနွေး သံများ ဆူညံ လာလေသည်။

“ ရှောင်တျဲဟီ၊ ငါတို့ ကြားမှာ ရန်ငြိုးတွေ မရှိဘဲ၊ မင်းရဲ့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ပြသ နေတာက၊ လွန်တယ်လို့ မထင်ဖူးလား။ ”

မျိုးနွယ်စု အသီးသီးနှင့် ရန်ငြိုး ရှိနေ သော်လည်း၊ ၎င်းဖြင့် မဆိုင်ချေ။ ထို့ကြောင့် ရှောင်တျဲဟီ၏ သတ်ဖြတ် လိုသည့် ဆန္ဒများ အပေါ်၊ လင်းယွန်မှ နား မလည်ခြင်း ဖြစ်သည်။

အတွင်း အဆင့် ပါရမီရှင် တစ်ဦးမှာ၊ ဤမျှ သဘောထား သိမ်ဖျင်း နေစရာ အကြောင်း မရှိချေ။

တစ်ဖက်တွင် လင်းယွန် တစ်ယောက်၊ ကြောက်လန့် နေသည်ဟု ယူဆ လိုက်သော ရှောင်တျဲဟီက ပြုံးပြီး၊

“ ချင်ရို့ယူကို စော်ကားရုံနဲ့ မင်းကို အကြိမ် တစ်ရာ သတ်ပစ်ဖို့ လုံလောက် နေပါပြီ၊ လေလံ ပွဲမှာ မင်းကို ငါအခွင့် အရေး ပေးခဲ့တယ်၊ ဒါကြောင့် ဒီနေ့ တောင်းပန် ရင်တောင် မင်းကို ခွင့်မလွှတ် နိုင်ဘူး။ ”

“ ဆိုတော့ ... ၊ မင်းက သခင် စွန့်ပစ် ခံရ လိုက်ရတဲ့ ခွေးတစ်ကောင် ပဲပေါ့။ ”

လင်းယွန်က အထင် သေးစွာ တုန့်ပြန် လိုက်သည်။

“ မင်းလို ဓားကျွန် တစ်ယောက်ကို သတ်ဖို့ အကြောင်း ပြချက် မလိုပါဘူး။ ”

မျိုးနွယ်စု အသီးသီးမှ ပထမ တန်းစား ပါရမီရှင်များ ပြန်ရောက် လာပြီးနောက်၊ ချန်ရှောင်၏ ကြောက်စိတ်များ အနည်းငယ် လွင့်ပါး လာသည်။

ထို့ကြောင့် လင်းယွန်ကို အော်ဟစ် လှောင်ပြောင် လိုက်ခြင်း ဖြစ်သည်။

“ ငါ စကားပြော နေတာကို၊ ဘယ်သူက နှောက်ယှက် ရဲတာလဲ။ ”

နဂါး ဟောက်သံ နှင့်အတူ၊ ချန်ရှောင်ထံ ရွှေရောင် အရိပ် တစ်ရိပ် ပြေးဝင် သွားသည်။

မျက်စိ တမှိတ် အတွင်း၊ မီတာ (၁၀၀၀) အကွာတွင် ရပ်နေသော ချန်ရှောင်ကို၊ လှမ်းကုပ် ယူလိုက်၏။

“ သေ စမ်း ... ။ ”

ဤနေရာတွင် လင်းယွန် လှုပ်ရှား ရဲလိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ထားသောကြောင့်၊ ထိတ်လန့် ကုန်သည်။

ချန်ရှောင် အတွက်မူ ဆိုဖွယ် မရှိချေ။ လည်ပင်းကို ဆုပ်ကိုင် ခံလိုက် ရပြီး၊ လင်းယွန် ဆုတ်ခွာရာ လမ်းကြောင်း အတိုင်း၊ လိုက်ပါ သွားရ၏။

“ သခင်လေး ချန်ကို လွှတ်စမ်း။ ”

ချန်မိသားစု ဝင်များနှင့် အတူ၊ ရှောင်တျဲဟီ သည်လည်း၊ ထိတ်လန့်တကြား အော်ဟစ် ဟန့်တား လိုက်သည်။

“ သူ့ကို လွှတ် ... ။ ”

ကြမ်းရှသော စွမ်းအင် များက သူ့ခန္ဓာ အပေါ်၊ လွှမ်းခြုံ လာသဖြင့်၊ ချန်ရှောင် မျက်နှာ တစ်ပြင်လုံး နီရဲ နေပေသည်။

ထို့နောက် သွေးများ စီးကျ လာပြီး၊ တဆက်ဆက် တုန်လာ တော့၏။ ညှဉ်းပန်း နှိပ်စက်ခံ နေရသော ချန်ရှောင်ကို မြင် ပြီးနောက်၊ အသက်ရှူ ကြပ် သွားကုန်သည်။

“ မင်း ဓားကျွန် ... ၊ မင်း ဘာလုပ် နေတယ်ထင်လဲ၊ ငါ့ အစ်ကိုကြီးနဲ့ ချန် မိသားစုက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ ”

နီရဲ နေသော မျက်နှာနှင့်၊ ချန်ရှောင်က ခြိမ်းခြောက် အော်ဟစ် လိုက်သည်။ မည်မျှပင် ရုန်းကန် မိသော်လည်း၊ လင်းယွန် လက်မှ လွတ်မြောက်ခြင်း မရှိ ခဲ့ချေ။

ကြမ်းရှသော စွမ်းအင် များက၊ သူ့ခန္ဓာ ကိုယ်ကို ထုပ်ပိုး ဖျစ်ညှစ်လာ သည်နှင့် အမျှ၊ အရိုးများ ကျိုးကြေ ကုန်တော့သည်။

“ မင်းက ... ၊ ငါ့ကို ဓားကျွန်လို့ ခေါ်ဝံ့ သေးတယ်ပေါ့။ ”

လင်းယွန်က အေးစက်စွာ ဆိုလာသည့် အခိုက်တွင်၊ ကြောက်ရွံ့မှုများ စိမ့်တက် လာပြီး၊ ချန်ရှောင် တစ်ယောက်၊ မျက်နှာ ပျက်ယွင်း သွား၏။

“ လင်းယွန်၊ ကျေးဇူး ပြုပြီး ငါ့ကို သွားခွင့် ပြုပါ၊ ငါ မဝံ့တော့ ပါဘူး၊ အရမ်း နာတယ်။ ”

“ လင်းယွန် ... သူ့ကို လွှတ်လိုက်၊ မင်းကို လွယ်ကူတဲ့ သေခြင်းမျိုးနဲ့ သေခွင့် ပေးမယ်။ ”

အော်ဟစ်ခြင်း မှတပါး ရှောင်တျဲဟီ လုပ်နိုင်စရာ မရှိချေ။ သူ့ ဘေးတွင် ရပ်နေသော ချန်ရှောင်ကို၊ မီတာ တစ်ထောင် အကွာမှ လာရောက် ဖမ်းယူ သွားခဲ့သည်။

ယင်းမှာ သူ့အား ကြီးစွာ အရှက်ရ စေသဖြင့်၊ သတ်ပစ်ချင် ခဲ့သော်လည်း၊ ချန်ရှောင်ကို ဖမ်းဆီး ထားခြင်းကြောင့်၊ သူ့ကိုယ်သူ ထိန်းချုပ် ထားရသည်။

“ ကောင်းပြီ ... ၊ မင်းက အတွင်း အဆင့်က ပါရမီရှင် တစ်ယောက် ဖြစ်လို့ မင်းကို မျက်နှာသာ ပေးလိုက်မယ်။ ”

ထိုစကားကြောင့်၊ ရှောင်တျဲဟီ၏ တင်မာသော အမူအရာများ ပြေလျော့ သွားသည်။

သို့သော် စိတ်ထဲ၌၊ ချန်ရှောင် လွတ်မြောက်လာ သည်နှင့်၊ လင်းယွန်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ် ထားခဲ့သည်။

“ ဖေျာင်း ... ။ ”

ရုတ်တရက် ကြောက်စရာ ကောင်းသော စွမ်းအား တစ်ခုက၊ နဂါး ခြေသည်း ကဲ့သို့ ချန်ရှောင် ပါးပြင်ပေါ် ကျရောက် သွားသည်။

ပြင်းထန်သော ပါးရိုက် ရိုက်ချက်ကြောင့်၊ သွေးများ အန်လျက်၊ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျ လာ၏။

အရိုးများ အားလုံး အကောင်းတိုင်း၊ မကျန်တော့ သဖြင့်၊ ပြန်မထ နိုင်တော့ဘဲ၊ ဘောင်းဘီ အတွင်းမှ အနံ့ဆိုးများ ထွက်လာ တော့သည်။

“ လင်း ယွန် ... ။ ”

ရှောင်တျဲဟီက ထိုအဖြစ်ကို ကြည့်ပြီး၊ ဒေါသကြောင့် မူးမေ့ လဲလု နီးနီး ယိမ်းယိုင် သွားသည်။

လင်းယွန်အား သတ်ရန်၊ ချန်စီယုမှ တာဝန် ပေးအပ် ထားသောကြောင့်၊ သဘာဝ အတိုင်း ချန်ရှောင်ကို ကာကွယ်ရန် ကျန်ရစ် နေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ့မျက်စိ ရှေ့မှာပင်၊ ချန်ရှောင် တစ်ယောက် ဒုက္ခိတ အဖြစ်သို့ ရောက်ရှိ သွားပြီ ဖြစ်၏။

ချန်စီယုကို ရှင်းပြရန်၊ စကား လုံးများ မရှိ တော့ချေ။ ထို့ကြောင့် သတ်ဖြတ်ခြင်း ရည်ရွယ် ချက်များ ပေါက်ကွဲ လာပြီး၊ လေပြင်းများ တိုက်ခတ် လာတော့သည်။

ကြောက်စိတ်နှင့် အသည်း ခိုက်အောင် နာကျင် မှုကြောင့်၊ ချန်ရှောင်မှာ ‘ဝမ်း’ မထိန်း နိုင် ခဲ့ခြင်း ဖြစ်သည်။

ယင်းက သူ့ဘဝ တလျှောက်လုံး၊ အရိပ်မည်း တစ်ရိပ်လို လိုက်ပါ နေတော့ ပေမည်။

လင်းယွန် မှာမူ မျက်နှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ ရှောင်တျဲဟီဘက် လှည့်ကြည့် လိုက်သည်။

ဤခရီး၌ အန္တရာယ်များ စောင့်ကြို နေမည်မှန်း သူသိ သော်လည်း၊ အခြေ အနေက ထင်ထား သည်ထက် ပိုမို ဆိုးရွား နေချေသည်။

အတွင်းအဆင့် ပါရမီရှင် တစ်ဦး သည်ပင်၊ မိန်းမ တစ်ယောက် အတွက် ခွေးတစ်ကောင် အဖြစ်၊ ပြောင်းလဲ သွားခဲ့သည်။

လမ်းတစ်လျှောက် လူပေါင်း များစွာကို သတ်ဖြတ် ခဲ့ဖူးသည့် လင်းယွန်ထံ၊ တိုးဝင်သော ရှောင်တျဲဟီမှာ ကံဆိုး သွားပြီ ဖြစ်သည်။

“ အတွင်း အဆင့်က ပါရမီရှင် တစ်ဦး ဆိုပေမယ့်၊ ငါက လူသတ် ခဲတယ်၊ လင်းယွန် ... ဒီနေ့တော့ မင်းကို ငါ တကယ် စိတ်ဆိုး သွားပြီ။ ”

“ မင်းက ငါ့ကို လွှတ်ပေး ထားတဲ့ လေသံမျိုး ဖမ်းနေ တာလား၊ အတွင်း အဆင့်ရဲ့ အဖြည့်ခံ သက်သက်ပဲ ရှိတဲ့၊ မင်းလို လူ တစ်ယောက်က၊ ငါ့ ရှေ့မှာ ဝါကြွား နေရအောင်၊ ဘယ်လိုများ အရှက်မဲ့ လိုက်လဲ ... ဟမ့် ။ ”

လင်းယွန်၏ စကားလုံး တိုင်းက၊ ရက်စက်လွန်း လှပြီး၊ စူးရှသော မြှားများ ကဲ့သို့၊ ရှောင်တျဲဟီ နှလုံးသားထံ တိုးဝင် လာသည်။

တစ်ချိန်တည်း မှာပင် ကောင်းကင်ကြီး တစ်ခုလုံး ချက်ချင်း မှောင်ကျ သွား၏။

ယင်းမှာ ရှောင်တျဲဟီထက် ဆယ်ဆ မက ပြင်းထန်သော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များပင် ဖြစ်လေသည်။

ဤလူမှာ၊ သူ့ကိုယ်သူ အတွင်းအဆင့် ပါရမီရှင် တစ်ဦး အဖြစ်၊ အကြိမ်ကြိမ် နာမ်စား သုံးလွန်း သောကြောင့်၊ ‘နားကြား ပြင်းကတ်’ လာ တော့သည်။

ယနေ့တွင် ထိုအတွင်း အဆင့် ပါရမီရှင် တစ်ဦးအား၊ သတ်ပစ် တော့မည် ဖြစ်သည်။

***

All Chapters